菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

7/31/2018

သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည်

ဘုရားသခင်, သက်သေခံချက်, အသက်, နောက်ဆုံးသောကာလ

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့် ကောင်းကင်ဘုံတွင်ရှိသော ဘုရားနှင့် ပတ်သက်ပြီး၊ ထိုသူတို့တွင် လုံးဝမတူညီသည့် အမြင်နှစ်မျိုး အစဉ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကိုနာခံ ရန်မဟုတ်ဘဲ၊ ၎င်းတို့ အတွက် အကျိုးအမြတ်အချို့ရရှိရန် သို့မဟုတ် ဘေးဒုက္ခ ခံစားရခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ သို့မှသာ နာခံမှုအနည်းငယ် ရှိကြသည်။ သို့သော် ထိုသူတို့၏ နာခံမှု မှာ၊ အခြေအနေအရသာ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူး အတွက်ဖြစ်ပြီး၊ ၎င်းတို့ကို အတင်းအကျပ် လုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သင်၏ အကျိုးအမြတ်များနှင့် သင်၏ကံကြမ္မာတို့အတွက် သက်သက်ဆိုလျှင် သင်မယုံကြည်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ယုံကြည်ခြင်းသည်၊ ကိုယ့်ကိုယ်ကို လှည့်ဖြားခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ချမှုရှိစေခြင်းနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းအုတ်မြစ်အပေါ် တည်ဆောက် မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရပါမည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်းခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။

သင်သည် ဘုရားသခင်၏ အလင်းအသစ်ကို လက်မခံနိုင်ဘဲ၊ ဘုရားသခင်ယနေ့လုပ်သည့် အရာအားလုံးကို နားမလည် နိုင်ဘဲ၊ ရှာလည်းမရှာပါက သို့မဟုတ် သံသယဖြစ်ပါက၊ ဝေဖန်ဆုံးဖြတ်ပါက သို့မဟုတ် စေ့စပ်စွာ ကြည့်ရှုစစ်ဆေး၍ ပိုင်းခြားစိတ်ဖြာပါက၊ သင်သည် ဘုရားသခင်ကို နာခံရန် စိတ်မရှိပါ။ အကယ်၍ လက်ရှိအချိန်၏အလင်းပေါ်လာ သောအခါ၊ သင်သည် ယမန် နေ့က အလင်းကို တန်ဖိုးထားပြီး၊ ဘုရားသခင်၏ အလုပ်အသစ်ကို ဆန့်ကျင်နေသေးပါက သင်သည် ရယ်ရွှင်ဖွယ်တစ်ခုသာ ဖြစ်ကာ ဘုရားသခင်ကို တမင်ဆန့်ကျင်သည့် သူများထဲကတဦး ဖြစ်သည်။ ဘုရားသခင်ကို နာခံခြင်း၏ အဓိကသော့ချက်မှာ အလင်းသစ်ကို အသိအမှတ်ပြုခြင်း၊ ၎င်းကို လက်ခံနိုင်ခြင်းနှင့် ၎င်းကို လက်တွေ့ကျင့်သုံးနိုင်ခြင်းဖြစ်သည်။ ဤသည်သာလျှင် စစ်မှန်သည့် နာခံခြင်း ဖြစ်သည်။ ဘုရားသခင်အား ဆာလောင်မွတ်သိပ်ခြင်းရှိရန် ဆန္ဒမရှိသူများသည် ဘုရားသခင်ကို နာခံရန် စိတ်ဆန္ဒ မရှိနိုင်ကြပေ။ ထိုသူတို့သည် ၎င်းတို့ ၏ လက်ရှိအခြေအနေကို ကျေနပ်နှစ်သိမ့်နေခြင်းကြောင့်၊ ဘုရားသခင်ကို ဆန့်ကျင်နိုင်ခြင်းသာ ရှိသည်။ လူသားသည် ဘုရားသခင်ကို နာခံမှု မရှိခြင်းမှာ ၎င်းသည် ယခင်က လာခဲ့သည့်အရာ၏ ပိုင်ဆိုင်ခြင်းကို ခံနေရသောကြောင့် ဖြစ်သည်။ ယခင်က ရောက်ရှိခဲ့သည့် အရာများသည် ဘုရားသခင်အကြောင်းကို လူများအား စိတ်ကူးများနှင့် လွဲမှားသည့် အယူ အဆများပေးခဲ့ပြီး ၎င်းတို့၏ စိတ်များထဲတွင် ဘုရားသခင်၏ ပုံရိပ် သဏ္ဌာန် ဤကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့်၊ ၎င်းတို့ ယုံကြည်သည့် အရာများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများဖြစ်ပြီး၊ ၎င်းတို့စိတ်ထဲတွင် စံအဖြစ် သတ်မှတ်သည့် အရာများ ဖြစ်သည်။ ယနေ့အချိန်တွင် အမှန်တကယ် အလုပ်လုပ်သည့်ဘုရားသခင်နှင့် သင်၏စိတ်ကူးထဲတွင်ရှိသည့်ဘုရားသခင်ကို တိုင်းတာကြည့်ပါက၊ သင်၏ယုံကြည်ခြင်းသည် စာတန်ထံမှလာပြီး၊ သင်၏လိုလားချက်များအတိုင်း ဖြစ်ကာ ဘုရားသခင်သည် ဤသို့သော ယုံကြည်ခြင်းကို မလိုလားပေ။ ထိုသူတို့၏ အရည်အချင်းများ မည်မျှမြင့်မားပါစေ၊ ထိုသူတို့၏ ဆက်ကပ်မှုများ မည်မျှကြီးမားပါစေ၊ သူ၏အလုပ်တွင် တသက်လုံး အားထုတ်လုပ်ဆောင်ရန် ဆက်ကပ်ထားပါစေ၊ အသက်စတေးထားပါစေ၊ ဘုရားသခင်သည် ဤကဲ့သို့သော ယုံကြည်ခြင်းဖြင့် ၎င်းတို့ကို အသိအမှတ်မပြုပါ။ ဘုရားသခင်က ၎င်းတို့ကို သနားကြင်နာမှု အနည်းငယ်ပြရုံပြကာ ခေတ္တ ခဏပျော်ရွှင်ခွင့်ပြုသည်။ ဤကဲ့သို့သော လူများသည် အမှန်တရားကို လက်တွေ့ ကျင့်သုံးနိုင်ခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အတွင်း အလုပ်မလုပ်ပေ။ ထို့အပြင် ဘုရားသခင်က ၎င်းတို့ကို အလှည့်ကျ ဖယ်ရှားပါ လိမ့်မည်။ ထိုသူတို့သည် အသက်ကြီးသောသူများဖြစ်စေ၊ အသက်ငယ်သောသူများ ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းတွင် နာခံခြင်း မရှိသောသူများနှင့် အရင်းခံအကြောင်းမှားယွင်းနေသူများသည် ဘုရားအမှုတော်ကို ဆန့်ကျင်သူများနှင့် ကြားဖြတ်နှောင့်ယှက်သူများဖြစ်ကာ ထိုကဲ့သို့သောသူတို့ကို ဘုရားသခင်က မလွဲမသွေဖယ်ရှားလိမ့်မည်။ ဘုရားသခင်ကို အနည်းငယ်မျှပင် နာခံခြင်း မရှိသူများ၊ ဘုရားသခင်၏ အမည်ကို အသိအမှတ်ပြုရုံပြုသူများနှင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ ခြေလှမ်းများအမီ မလိုက်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိအလုပ်များနှင့် နှုတ်ကပတ်တော်ကို နာခံခြင်း မပြုသူတို့သည် ဘုရားသခင်၏ ကရုဏာမေတ္တာအကြားတွင် အသက်ရှင်လျက်ရှိကြကာ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်း နှင့် စုံလင်စေခြင်းကို ခံရမည်မဟုတ်ပေ။ ဘုရားသခင်က လူများကို နှုတ်ကပတ်တော်အပေါ် ၎င်းတို့၏ နာခံစားသောက်ခြင်းနှင့် မွေ့လျော်ခြင်း၊ ၎င်းတို့၏ အသက်တာတွင် ဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့အားဖြင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းအားဖြင့်သာ လူတို့၏ ပင်ကိုယ်စိတ် ပြောင်းလဲနိုင်သည်။ ထိုမှသာ ၎င်းတို့ သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိကို ပိုင်ဆိုင်နိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များအကြား နေထိုင် နေရခြင်းကို ကျေနပ်မနေဘဲ သမ္မာတရား ကို တက်ကြွစွာ ဆာလောင်မွတ်သိပ်ခြင်း၊ သမ္မာတရား ကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ပိုင်ဆိုင်ခံရခြင်း နောက်သို့ လိုက်ခြင်းသည် ဘုရားသခင်ကို သတိရှိ နာခံခြင်းဟု အဓိပ္ပါယ်သက်ရောက်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်း အတိအကျကို ဘုရားသခင်က လိုချင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို ခံစားနေခြင်းမှအပ ဘာမျှမလုပ်သည့် လူများကို စုံလင်အောင် ပြုလုပ်၍မရပေ။ သို့မဟုတ် ပြောင်းလဲ၍မရပေ။ ၎င်းတို့၏နာခံမှု၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်း များသည် အားလုံး အပေါ်ယံသာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များတွင်သာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်ပါ။ ဘုရားသခင်ကို ထိုသူတို့သိသော်မှ ထိုသူတို့၏သိခြင်းသည် အပေါ်ယံသာဖြစ်၍ ဘုရားသခင်က လူသားများကို ချစ်သည် သို့မဟုတ် ဘုရားသခင်သည် လူသားများအပေါ် ကရုဏာသက်သည်ဆိုသည့် စကားများကို ထိုသူတို့ပြောကြ၏။ ဤသည်မှာ လူသား၏ဘဝကို ကိုယ်စားမပြုပေ။ လူတို့က ဘုရားသခင်ကို အမှန်တကယ်သိကြောင်းကိုလည်း မပြပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်က ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စုံစမ်းစစ်ဆေးခြင်းသည် ၎င်းတို့အပေါ် ကျရောက်သောအခါ၊ လူများသည် ဘုရားသခင်ကို မရိုသေ မလေးစားနိုင်ပါက၊ လေးစားမည့် အစား ၎င်းတို့သည် သံသယဖြစ်လာ၍ လဲကျပါက၊ ထိုသူတို့သည် ဘုရားကို နည်းနည်းလေးမှ မနာခံကြပေ။ ၎င်းတို့အတွင်းတွင် ဘုရားအားယုံခြင်းနှင့်ပတ်သက်ပြီး စည်းမျဉ်းများနှင့် ကန့်သတ်ချက်များ၊ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်လာ သည့် အတွေ့အကြုံများ သို့မဟုတ် ကျမ်းစာကို အခြေခံသည့် အမျိုးစုံသော အယူဝါဒများရှိကြသည်။ ၎င်းကဲ့သို့သော လူများက ဘုရားသခင်ကို နာခံနိုင်မည်လော။ ဤလူများသည် လူသားနှင့်ပတ်သက်သည့် အရာများနှင့်ပြည့်နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးစာပေးမှုများအရ နာခံကြသည်။ ဘုရားသခင်က ဤသို့သော နာခံမှုမျိုးကို လိုလားပါမည်လော။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ဘဲ အယူဝါဒကို လိုက်နာခြင်းဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် ကျေနပ်အောင် နှင့် နှစ်သိမ့် အောင် ပြုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤသည်ကို ဘုရားသခင်ကို နာခံခြင်းဟု ပြောပါက၊ သင်သည် ဘုရားသခင်၏ နာမကို စော်ကားခြင်းဖြစ်သည် မဟုတ်လော။ သင်သည် အဲဂုတ္တုပြည်မှ ဖာရောဘုရင်တစ်ပါးဖြစ်သည်။ သင်သည် မကောင်းမှု ကျူးလွန်၍ ဘုရားသခင်ကို ဆန့်ကျင်သည့်အလုပ်တွင် အသေအချာ ပါဝင်လုပ်ဆောင်သည်။ ဘုရားသခင်က ဤသို့သော အစေခံမှုကို လိုချင်နိုင်ပါမည်လော။ သင်သည် အမြန်နောင်တရလျက် သင့်ကိုယ်သင် သိမြင်လာအောင် လုပ်သင့်သည်။ သို့မဟုတ်ပါက သင်အိမ်ပြန်သွားခြင်းက သာ၍ကောင်းလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် သင့်အတွက် ဘုရားသခင်ကို အစေခံခြင်းထက် သာ၍ကောင်းသည်။ သင်သည် အနှောင့်အယှက်ပေးခြင်း၊ အဆက်ပြတ်ခြင်းမဖြစ်စေဘဲ၊ သင့်နေရာသင်သိ၍ ကောင်းစွာနေလိမ့်မည်။ ဤသည်က သာ၍မကောင်းပေဘူးလော။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် အပြစ်ပေးခံရခြင်းတို့မှ ရှောင်ရှားလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဆောင်းပါး မူလရင်းမြစ်နေရာ သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည်။

No comments:

Post a Comment