菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label သတင်းအချက်အလက်. Show all posts
Showing posts with label သတင်းအချက်အလက်. Show all posts

2/05/2020

Myanmar Gospel Crosstalk 2020 (သမ္မာကျမ်းအပြင်ဘက် ထွက်ခြင်း)


ရှန့်ယန်သည် အိမ်တွင်းအသင်းတော်တစ်ခုတွင် အလုပ်လုပ်ပြီး တခြားသော ယုံကြည်သူများစွာကဲ့သို့ သူကလည်း ဘုရား၏ နှုတ်ကပတ်တော်များနှင့် အမှုတော် အားလုံးမှာ သမ္မာကျမ်းထဲတွင် ရှိသည်၊ သခင့်ကို ယုံကြည်ခြင်းမှာ သမ္မာကျမ်းကို ယုံကြည်ခြင်းဖြစ်သည်၊ သမ္မာကျမ်းက သခင့်ကို ကိုယ်စားပြုသည်၊ ထို့ပြင် သမ္မာကျမ်းအား လိုက်နာကျင့်သုံးလျှင် သူ့အနေဖြင့် ကောင်းကင်နိုင်ငံသို့ ဝင်ရပြီး ထာဝရအသက်ကို ရလိမ့်မည် ဟုထင်လေသည်။ သို့သော် ညီအစ်ကိုကျန်ယီက ဤအမြင်ကို သံသယရှိ၍၊ ၎င်းတို့နှစ်ယောက်သား ဟာသမြောက်စွာ ဆွေးနွေးငြင်းခုံတော့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော် အားလုံးသည် သမ္မာကျမ်းတွင် အမှန်ပင် ရှိသလော၊ သမ္မာကျမ်းသည် သခင့်အား အမှန်ပင် ကိုယ်စားပြုသလော၊ သမ္မာကျမ်းကို ကိုင်စွဲခြင်းအားဖြင့် ကျွနု်ပ်တို့သည် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်၍ ထာဝရအသက်ကို ရနိုင်သလော။ ယင်းအဖြေတို့ကို ရှာဖွေလိုလျှင် ယခု ဟာသပြဇာတ်တို 'သမ္မာကျမ်းအပြင်ဘက် ထွက်ခြင်း' ကို ကျေးဇူးပြု၍ ကြည့်ရှုပါ။

ဧဝံဂေလိတရားရုပ်ရှင်ကိုဝေမျှခြင်း

Myanmar new Movie | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

1/17/2020

Myanmar Gospel Crosstalk (သခင်ကအမှန်တကယ် ဘယ်လို ကြွလာသလဲ)

  

နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်လည်ကြွလာခြင်းအား စောင့်ဆိုင်းနေကြသည့် ခရစ်ယာန်များ၏ စိတ်ခံစားချက်မှာ ပို၍ ပြင်းထန်လာနေသည်။ သို့သော် သခင်သည် မည်ကဲ့သို့သော ပုံစံဖြင့် ပြန်လာမည်နည်း။ အချို့က ပြောသည်၊ "သခင်ယေရှုက မိုးတိမ်ကို စီးပြီး ကြွလာလိမ့်မယ်။" တခြားလူတွေက ဤသို့ ပြောပြန်သည်၊ "ကိုယ်တော် ကြွလာခြင်းကို ဟောကိန်းထုတ်ထားတဲ့ ပရောဖက်ပြုချက်တွေမှာ ဒီလို ဖော်ပြထားတယ်၊ ‘သူခိုးကဲ့သို့ ငါလာ၏’ (ဗျာဒိတ်ကျမ်း ၁၆:၁၅)၊ ‘ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ (ရှင်လုကာခရစ်ဝင်ကျမ်း ၁၇:၂၅) ‘သန်းခေါင်ယံ၌ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၆)။ လူအားလုံး မြင်စေဖို့အတွက် မိုးတိမ်စီးပြီး ကြွလာမယ်ဆိုရင်၊ ကိုယ်တော်က တိတ်တဆိတ် ကြွလာမယ်ဆိုတာတွေ၊ ဒုက္ခတွေ ခံစားပြီး ငြင်းပယ်ခြင်း ခံရမယ်ဆိုတာတွေအပြင်၊ တခြားလူတွေက ကိုယ်တော် ပြန်လည်ကြွလာခြင်းကို သက်သေခံကြလိမ့်မယ်ဆိုတဲ့ လျှို့ဝှက်နက်နဲမှုကို ဘယ်လိုရှင်းပြကြမလဲ။" သခင်သည် ကျွန်ုပ်တို့ထံ မည်သို့ ပေါ်ထွန်းလာမည်နည်း။ 'သခင်က အမှန်တကယ် ဘယ်လို ကြွလာသလဲ' ဟူသော ဟာသစကားပြောပွဲသည် ဤပြဿနာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ သံသယတို့ကို ဖြေရှင်းပေးရန် ကြိုးစားထားပါသည်။

ရုပ်ရှင်ဝေဌာမယ်

Myanmar new Movieသီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

1/10/2020

Myanmar Gospel Crosstalk (တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်)

 

နှစ်ပေါင်း ၂ဝဝဝ လုံးလုံးတွင် သုံးပါးတစ်ဆူဟူသော ဘာသာရေးဆိုင်ရာ အယူအဆကို ခရစ်ယာန်ယုံကြည်မှု၏ အခြေခံရေသောက်မြစ်တစ်ခုအဖြစ် မြင်လာခဲ့ကြသည်။ သို့သော် ဘုရားသခင်သည် အမှန်တကယ်ပင် သုံးပါးတစ်ဆူ ဖြစ်သလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ကြား ဆက်နွှယ်မှုမှာ အတိအကျဆိုသော် မည်သို့နည်း။ ဤမေးခွန်းတို့ကို မည်သူမျှ ရှင်းလင်းစွာ အဖြေပေးနိုင်ခြင်း မရှိသေးပါ။ တစ်ရက်တွင် ညီအစ်ကိုကျန်းက "သုံးပါးတစ်ဆူဆိုတာ တကယ် ရှိသလား" ဟူသော မေးခွန်းတစ်ခုကို သူ့အသင်းတော်၏ အွန်လိုင်းဂရုထဲတွင် တင်ပါသည်။ ဤမေးခွန်းမှာ ယုံကြည်သူများကြားတွင် အပြင်းအထန် ဆွေးနွေးစရာ ဖြစ်လာပြီးနောက်၊ ကျန့်ရွှန်နှင့် လီရွေးတို့က ဤမေးခွန်းနှင့်ပတ်သက်ပြီး ဆက်၍ ဆွေးနွေး မိတ်သဟာယ ပြုကြသည်။ ၎င်းတို့နှစ်ယောက်၏ သုံးသပ်ချက်က မည်သို့ဖြစ်မည်နည်း။ 'တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်' ဟု အမည်ပေးထားသည့် အလွတ်ဆွေးနွေးမှုတိုကို ကျေးဇူးပြု၍ ခံစားကြည့်ပါ။

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

1/06/2020

Myanmar Worship 2020 (လူသားအတွက်ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခြင်းဖြစ်၏)

 

Myanmar Worship Song (လူသားအတွက်ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခြင်းဖြစ်၏)


ဘုရားသခင်လုပ်ဆောင်သမျှတိုင်းသည်လက်တွေ့ကျပြီးသူလုပ်ဆောင်သည့်

မည်သည့်အရာမျှအနှစ်မမဲ့ပါ။

မိမိကိုယ်ကိုယ်သာမန်လူတစ်ဦးအဖြစ်နှိမ့်ချရင်း၊

လူသားတို့ကြားဘုရားသခင်ကြွလာသည်။

အမှုအနည်းကိုလုပ်ဆောင်ပြီးစကားအနည်းငယ်ပြောပြီးနောက်သူမစွန့်ခွာပါ၊

ထို့ထက်၊ လောက၏ဆင်းရဲဒုက္ခကိုတွေ့ကြုံဖို့လူသားများကြားသူအမှန်တကယ်ကြွလာသည်။

လူသားမျိုးနွယ်အတွက်ခရီးပန်းတိုင်တစ်ခုအတွက်ဖလှယ်ရာတွင်သူကိုယ်တိုင်၏

ဆင်းရဲဒုက္ခအတွေ့အကြုံနှင့်ဆိုင်သည့်အဖိုးအခကိုသူပေးလေသည်။

ဤသည်မှာလက်တွေ့ကျသောအမှုဖြစ်သည်မဟုတ်သလော။

မိဘများသည်၎င်းတို့သားသမီးများဖို့အလို့ငှာလေးနက်သောအဖိုးအခတစ်ခုကိုပေးနိုင်ကြပြီး၊

ဤအရာက၎င်းတို့၏စိတ်ရင်းမှန်ဖြင့် လုပ်ဆောင်ခြင်းကိုကိုယ်စားပြုသည်။

12/21/2019

Myanmar Gospel Skit (အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ) How to Discern the True Christ and False Christs


 

သခင်ယေရှုက “ငါသည် အလျင်အမြန် လာမည်” (ဗျာဒိတ် ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစာၦပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းအား စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။

ဘုရားသခင်ဘုန်းတန်းခိုးရရှိခြင်းကို ချီးမွမ်းခြင်း

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

6/27/2019

ဧဝံဂေလိရုပ်ရှင် | သခင်တံခါးခေါက်နေသည်

Understanding:

 "Behold, I stand at the door, and knock: if any man hear my voice, and open the door, I will come in to him, and will sup with him, and he with me" (Rev 3:20). Knock, knock, knock. Is the Lord knocking at our home door or is He expressing words to knock our heart door? 




Myanmar Gospel Movie | (သခင်တံခါးခေါက်နေသည်) | Have You Heard the Voice of the Lord?

4/08/2019

ခရစ်ယာန်ကဗီဒီယို | နှစ်သစ်ကူးမှာ ရဲ လာလည်သည်


ဇန်ရှင်မင်သည် အသက် ၇၀ နီးပါးရှိသည့် အဘိုးတစ်ယောက်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသည့် ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ သူသည် သခင်အား ယုံကြည်သောကြောင့် ဖမ်းဆီးခံရပြီး ထောင်ရှစ်နှစ်ကျခံခဲ့ရသည်။ ထောင်မှလွတ်လာသည့်အခါတွင် သူသည် တရုတ်ကွန်မြူနစ်ပါတီ၏ အာရုံစိုက်စောင့်ကြည့်မှုစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။ အထူးသဖြင့် အဘိုးသည် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်အား လက်ခံပြီးနောက်တွင် ရဲတို့သည် သူ့အား အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းတို့ပြုရန်အတွက် နေ့စဉ် လာသည်။ ဇန်ရှင်မင်သည် အိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်ဖတ်ရှုရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူ၏ မိသားစုပင်လျှင် သူ၏ စိုးရိမ်သောကကို မျှဝေခံစားရသည်။ ယခုအချိန်အခါသည် နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး အဘိုးသည် မည်သို့ဖြစ်ပျက်လာမည်ကို မသိရှိလျှက် အိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလျှက်နေလေသည်။

အကြံပြုစာမျာ: ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

3/20/2019

ခရစ်ယာန်ကဗီဒီယို | ရဲ၏ လှည့်ကွက်များ


ဘာသာရေးယုံကြည်မှုများအား ချေမှုန်းပစ်ရန် ဘုရားမဲ့ဝါဒီ တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ခရစ်ယာန်များအား စောင့်ကြည့်ရန်အတွက် တစ်ခါတည်းအပိုင်မိဖို့ ကြိုးစားရန် အနီးကပ်စောင့်ကြည့်ခြင်းနှင့် နောက်ယောင်ခံလိုက်ခြင်းတို့ကဲ့သို့သော နည်းလမ်းတို့ကို အသုံးပြုခဲ့သည်။ ရဲ၏ လှည့်ကွက်များဆိုသည့် ဇာတ်လမ်းတိုသည် ဇောင်ယူဇီ၏ အိမ်တွင် စုဝေးသည့် ခရစ်ယာန်များအား ဖမ်းဆီးရန်အတွက် အနီးကပ်စောင့်ကြည့်သော ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အသွင်ယူရဲများ၊အကူအရာရှိတစ်ဦး၊ ခြင်္သေ့အရေခြုံထားသော မြည်းတစ်ကောင်တို့၏ ပူးပေါင်းလုပ်ကြံမှုအကြောင်းဖြစ်သည်။ ဇောင်ယူဇီနှင့် သူမ၏ မိသားစုသည် တရုတ်ရဲတို့၏ အန္တရာယ်ကြီးသည့် လှည့်စားမှုအား မည်သို့ ရင်ဆိုင်မည်နည်း။ မည်သို့သော ဒုက္ခသည် သူတို့အပေါ်သို့ ကျရောက်မည်နည်း။

အသိပညာမျာ: ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

2/14/2019

ခရစ်ယာန်ကဗီဒီယို (သခင်တံခါးခေါက်နေသည်)


"သခင် တံခါးခေါက်နေသည်" တင်ဆက်မှုအတိုသည် နောက်ဆုံးသောကာလတွင် သခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွနု်ပ်တို့၏ နှလုံးသားတံခါးခေါက်ပုံ၊ ဉာဏ်ပညာရှိသော အပျိုစင်တို့သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ပြီး သိုးသငယ်နှင့်အတူ စားသောက်ပွဲကျင်းပနိုင်ပုံတို့ကို ရှင်းပြထားသည်။ သင်းအုပ်ဆရာချန်ရှောင်ဒုံသည် သခင်ပြန်ကြွလာခြင်းကို အစဉ်စောင့်လျက်ရှိသည်။ သို့ရာတွင် အစ်ကိုဇန်သည် သူ့အား သခင် ပြန်လာနှင့်ပြီဟု သက်သေခံသည့်အခါတွင် သူသည် သခင်ကတိမ်စီးလျက်ပြန်လည်ကြွလာမည်ဟုယုံကြည်လျက်၊ စစ်မှန်သည့်လမ်းအဖို့ သူ၏နှလုံးသားတံခါးကိုပိတ်လျက် သူ၏ ကိုယ်ပိုင်အယူအဆနှင့်စိတ်ကူးစိတ်သန်းများကို ခေါင်းမာစွာ စွဲကိုင်ထားသည်။ သို့သော် ဤတစ်ခါတွင်မူ အစ်ကိုဇန်သည် သူနှင့်အတူ သခင်ပြန်ကြွလာခြင်းနှင့် ဆက်စပ်သည့် ကျမ်းပိုဒ်တို့ကို ဆွေးနွေးပြီး နောက်ဆုံးသောကာလတွင် သခင်သည် နှုတ်ကပတ်တော်အသစ်တို့ကိုပြောကြားပြီး လူကို သန့်စင်ဖို့ရန်အတွက် လူ့ဇာတိခံယူပြီး လျှို့ဝှက်စွာပြန်ကြွလာမည်ဖြစ်ပြီး ထို့နောက်တွင်မှ ကောင်းသူအား ဆုလာဘ်ချီးမြှင့်၍ မကောင်းသူအား ဒဏ်ခတ်ရန်အတွက် လူအများရှေ့တွင် ပေါ်ထွန်းလိမ့်မည်ဆိုသည့် ပရောဖက်ပြုချက်များ သမ္မာကျမ်းစာတွင် ပါဝင်ကြောင်းကို သူ တွေ့ရှိခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ကျွနု်ပ်တို့၏တံခါးကိုခေါက်လျက်ရှိသည့်သခင်၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်လာပြီး သခင်၏ပြန်လည်ကြွလာခြင်းကို ကြိုဆိုရာ၌ အဓိကအချက်သည် ဘုရားသခင်၏အသံတော်ကိုကြားနိုင်ဖို့ရန်ဖြစ်ကြောင်းကို နားလည်လာသည်။ သူသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏ အသံကို သူကြားရသည့်အခါ နောက်ဆုံးတွင် သူ၏နှလုံးသားတံခါးကိုဖွင့်ပြီး သခင်ပြန်လည်ကြွလာခြင်းကို ကြိုဆိုလေသည်။

အသိပညာမျာ: Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသောမျှော်လင့်ခြင်းအိပ်မက်)

1/22/2019

2019 Myanmar Christian Crosstalk | (ရွာကိုပိတ်ဆို့ထားခြင်း) | The Status Quo of Christians in China


The crosstalk Village Lockdown tells the harrowing tale of Christian Yang Ming being tracked by the CCP government's eyes and nearly being arrested while sharing the gospel with her aunt. The two actors provide a vivid, humorous performance showing the hardships suffered by Christians in China who preach the gospel. The CCP government's tactics for striking at and suppressing religious beliefs are sinister; their tricks are myriad and surveillance is everywhere. Even tiny villages are on high alert now, and the government's eyes watch outsiders like hawks. They conduct thorough investigations and Christians' gatherings and preaching are severely limited. But no matter how madly the CCP government suppresses them, Christians are still spreading the gospel of God's kingdom by relying on the wisdom and faith given to them by God.

အသိပညာမျာ: ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

1/19/2019

Myanmar Christian (တရုတ်ရိုးရာ ကွက်စိပ်ဟောပွဲ - ဟန်ဆောင်သူများ)


The CCP, an atheist ruling regime, in order to completely ban religious beliefs and make China a godless country, tries every scheme, trick, and trap and uses a variety of despicable methods to arrest and persecute Christians. The crosstalk Pretenders exposes yet another means the CCP uses to arrest Christians—hiding their identity to get inside The Church of Almighty God, shows you the tactics the CCP uses to trap Christians, and rips off the mask of China's "religious freedom."

ဆက်လက်ကြည့်ရှုရန် အသင်းတော်

1/13/2019

Myanmar Christian Movie (လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်ခြင်း) A Christian's Testimony of Faith


Myanmar Christian Movie  (လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်ခြင်း) A Christian's Testimony of Faith

The crosstalk Escaping the Cage tells the story of how Christian Xiaolan was persecuted and locked in her home for a month by her Communist Party official father, where she was unable to take part in church life, and her experience of escaping her home and running away. A once-happy family was split apart, a daughter left her mother, and her father held a deep grudge against her. Who was the chief architect? And who gave Xiaolan faith and strength, and led her to escape her cage and walk the correct path in life?

မြင်ကွင်းများ တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

12/13/2018

တရုတ်ရိုးရာ ကွက်စိပ်ဟောပွဲ - ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာ | God Is My Salvation


ရှေ့လည်းမတိုးသာ၊ နောက်လည်းမဆုတ်သာဆိုသည့် ဤစကားပြောပွဲတွင် နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံယုံကြည်ထားသော တရုတ်ကွန်မြူနစ်အရာရှိတစ်ယောက်ဖြစ်သည့် ဂန်ရှင်း၏ အဖြစ်အပျက်ကို ဖော်ပြထားသည်။ သူ၏ အလုပ်ကို ဆုံးရံှုးသွားရခြင်း၊ အဖမ်းခံရခြင်းအတွေ့အကြုံများ၊ သူ၏ ယုံကြည်ကိုးကွယ်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ကြမ်းတမ်းစွာနှိပ်စက်ခြင်းကို ခံရပုံနှင့် နောက်ဆုံးတွင် သူသည် ဘုရားသခင်အတွက် သက်သေခံရပ်တည်သွားပုံတို့ကို ဖော်ပြထားသည်။ ဤအဖြစ်အပျက်သည် တရုတ်ပြည်တွင်ရှိသည့် ခရစ်ယာန်များ၏ ဆင်းရဲဒုက္ခကို ထင်ဟပ်စေပြီး စာတန်အား အောင်နိုင်ဖို့အတွက် ဘုရားသခင်အား အမှီပြုရန်၊ သက်သေခံရန် ခရစ်ယာန်များ၏ ယုံကြည်ခြင်းနှင့် စိတ်ပိုင်းဖြတ်မှုတို့ကို ပုံဖော်သည်။

မြင်ကွင်းများ Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

12/12/2018

Myanmar Gospel Music Video (ဘုရား၏မေတ္တာ ကျွန်ပ်နှလုံးသားကို ဝန်းရံ)



ဖြောင့်မတ်ခြင်းနေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်
အို ဘုရား…
ကိုယ်တော့်ဘုန်းတော် ကောင်းကင်နှင့်မြေကြီးတွင် ပြည့်လျှံ
နှစ်သက်ဖွယ်သော ကျွန်ပ်ချစ်ရသူ…
ကိုယ်တော့်ချစ်ခြင်းမေတ္တာ ကျွန်ပ်နှလုံးသားကို ဝန်းရံ
သမ္မာတရား ရှာဖွေသူများ… ဘုရားကို ချစ်ခင်မြတ်နိုးကြ
မနက်စောစော တစ်ကိုယ်တည်း နိုးထရလည်း
နှုတ်ကပတ်တော်ကို အောက်မေ့သောကြောင့်
ကျွန်ပ်နှလုံးသားထဲ ဝမ်းမြောက်ခြင်းရှိ
ကြင်နာသော မိခင်၏ စကားများကဲ့သို့ ဘုရား၏နူးညံ့သော စကားများ
ဖခင်၏ဆူပူကြိမ်းမောင်းခြင်းကဲ့သို့ ခက်ထန်သော
ဘုရား၏စစ်ကြောသောစကားများ

12/11/2018

Myanmar Praise and Worship Song (ဘဝ သက်သေ) Christians Love God Unswervingly


ဟုတ် ဆရာ။
မင်းတို့ ဘာလုပ်နေတာလဲ။
အစည်းအဝေးထိုင်နေတယ်ပေါ့။
လူ နှစ်ယောက် သုံးယောက် စုဝေးတာ မှန်သမျှ တရားမဝင်ဘူး၊
လူထု ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့
နိုင်ငံတော်က အမိန့်ထုတ်ထားတယ်။
သူတို့ကို ခေါ်သွားစမ်း။
လာခဲ့ကြစမ်း။

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍
အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော
သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။
ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍
လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့်
ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မလှုပ်နဲ့။ ရဲတပ်ဖွဲ့။
သေစမ်း မသာ။
ဒီတစ်ကြိမ်တော့ မင်းကို ရှစ်နှစ် ဒါမှမဟုတ်
ဆယ်နှစ် အထဲ ထည့်ပစ်ရမယ်။
မင်း အဲ့ဒီ ဘုရားကို ဆက်ယုံကြည်ဦးမလားဆိုတာ
ငါတို့ ကြည့်ရသေးတာပေါ့။
CCP အစိုးရ၏ ဖမ်းဆီးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုကို
တစ်နေ့တစ်ချိန်တွင် ကျွန်ုပ် ခံရကောင်းခံရနိုင်ပါသည်၊
ဤ ဒုက္ခဆင်းရဲမှာ ကျွန်ုပ်၏ စိတ်နှလုံးထဲမှ ကျွန်ုပ်သိသော
ဖြောင့်မတ်ခြင်းတရားအတွက် ဖြစ်ပါသည်။
အကယ်၍ ကျွန်ုပ်၏ဘဝသည် မီးစတစ်စကဲ့သို့
မျက်စိတစ်မှိတ်အတွင်းကွယ်ပျောက်ခဲ့လျှင်လည်း၊
ကျွန်ုပ်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အား
လက်ခံခဲ့ပြီးကြောင်း ကျွန်ုပ် ဝင့်ကြွားစွာ ဆက်၍ဆိုပါမည်။
အကယ်၍ ကျွန်ုပ်သည် ကြီးမားသောဖြစ်ရပ် ဖြစ်သော နိုင်ငံတော်
ဧဝံဂလိတရားတော် ပြန့်ပွားမှုကို မမြင်နိုင်လျှင်လည်း၊
နှစ်သက်ဖွယ်အကောင်းဆုံး ဆုတောင်းချက်များကို
ကျွန်ုပ် ဆက်၍ ဆက်ကပ်ပါမည်။
အကယ်၍ ကျွန်ုပ်သည် နိုင်ငံတော်
တည်သည့် နေ့ကို မမြင်နိုင်ခဲ့လျှင်လည်း၊
စာတန်ကို ယနေ့ ကျွန်ုပ် အရှက်ရစေနိုင်ပြီး၊
ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်း နှင့်
ငြိမ်သက်ခြင်းဖြင့် ပြည့်ဝပါလိမ့်မည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကမ်ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိပြီး
လူတို့အကြားတွင် အလင်း ပေါ်ပေါက်ခဲ့ပါပြီ။
ခရစ်တော်၏ နိုင်ငံတော် ပေါ်ပေါက်ပြီး
အခက်အခဲဘေးဒုက္ခအတွင်း တည်ထောင်ခဲ့ပါပြီ။
မှောက်မိုက်သည် ကုန်လွန်လုပြီး ဖြောင့်မတ်ခြင်း
မိုးသောက်အလင်း ရောက်လာခဲ့ပါပြီ။
ကာလအချိန်အခါ နှင့် လက်တွေ့ဘဝသည်
ဘုရားသခင်အား သက်သေခံခဲ့ပါသည်။

12/02/2018

Myanmar Gospel Crosstalk 2018 (စကားစမြည်ပြောဆိုခြင်း − "ငါးဖမ်း"သွားရန်အစီအစ) မြန်မာ အပြန်အလှန်


ကျိုးကျိယုန်သည် ဧဝံဂေလိတရားကို ဝေမျှသည့်အတွက် တရုတ်ကူမြူနစ်ပါတီရဲဌာနမှ ဖမ်းဆီးခြင်းခံရသည့် ခရစ်ယာန်ဘာသာဝင်တစ်ဉီးဖြစ်သည်။ လဝက်နီးပါးခန့် ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်းခံရပြီးနောက်၊ ၎င်းတို့၏ စစ်ကြောမေးမြန်းမှုများမှ ၊ မည့်သည့်ရလဒ်မျှ မရရှိခဲ့သောအခါ ၊ တရုတ်ကူမြူနစ်ပါတီအစိုးရက သူ့အားရုတ်တရက်လွှတ်ပေးလိုက်သည်။ ထိုနေရာဆိုးမှ ထွက်ခွာရသည်ကို ကျိုးကျိယုန် တိတ်တဆိတ် ဝမ်းမြောက်နေခဲ့သည်။ သို့သော်လည်း၊ သူ၏ ညီအစ်ကို ညီအစ်များနှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်နေစဉ် အခိုက်မှာပင် ၊ ထူးဆန်းသောအဖြစ်အပျက် တစ်ခုပြီးတစ်ခုဖြစ်လာခဲ့သည်… နောက်ဆုံးတစ်နေ့၌၊ သူ့အားရဲဌာနမှ ထပ်မံဖမ်းဆီးခဲ့သည့်အခါမှသာ၊ အဖြစ်မှန်ကို အပြည့်အစုံ သိရှိသွားတော့သည်။ ထိုကာလအတောအတွင်း တရုတ်ကူမြူနစ်ပါတီရဲဌာနက၊ ငါးကြီးတစ်ကောင်ကို ဖမ်းရန်အတွက် ၊ သူ့အားငါးစာအဖြစ်သုံး၍ ငါးမျှားတံရှည်ဖြင့် တစ်ချိန်လုံးမျှားခေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်ကူမြူနစ်ပါတီ၏ ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်သည့် ဆိုးယုတ်သော သဘောသဘာဝကို ကျိုးကျိယုန်သည် ထောင်သုံးနှစ်စီရင်ချက်ကျခဲ့ခြင်းဖြင့် ပိုမိုနက်နဲစွာသဘောပေါက်သွားခဲ့သည့်အပြင်၊ ၎င်းတို့အား လွန်စွာမုန်းတီးစပြုလာခဲ့သည်။ သမ္မာတရားကိုဆာလောင်မွတ်သိပ်လျက် အလင်းရောင်ကိုပို၍ပင် တမ်းတလာခဲ့ပြီး၊ ရှေ့လမ်းခရီးတွင် အခက်အခဲမည်မျှရှိစေကာမူ ၊ ဘုရားသခင်နောက်သို့လမ်းဆုံးတိုင်လိုက်သွားမည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

များပြားသောအကြံပြုချက်များ

Myanmar Christian Music (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Power of God [Documentary]


11/05/2018

ဘုရားသခင်၏ ပြောဆိုသံ-သင်တို့၏ခရီးလမ်းဆုံးအတွက် သင်သည် ကောင်းမှုများ အလုံအလောက် ပြင်ဆင်ထားသင့်သည်

ယေရှု, ဆုတောင်း, ဘုရားသခင်, အသက်, ဧဝံဂေလိ


သင်တို့အကြား ငါသည် များစွာလုပ်ကိုင်ခဲ့ပြီးဖြစ်၍ ပြောဆိုမှုအချို့လည်း လုပ်ခဲ့ပြီးပြီ မှန်၏။ သို့သော် နောက်ဆုံးသောနေ့များတွင် ငါ၏စကားများ၊ ငါ၏အလုပ်တို့ဖြင့် ငါ့အမှု၏ ရည်ရွယ်ချက်ကို လုံးဝဖြည့်ဆည်းခဲ့ပြီးခြင်း မရှိဟု ငါမထင်ဘဲမနေနိုင်။ အကြောင်းမူကား နောက်ဆုံးသောကာလတွင် ငါ၏အမှုသည် လူတစ်ဦး သို့မဟုတ် လူအချို့အတွက် မဟုတ်ဘဲ ငါ၏အရင်းခံ စိတ်သဘောထားကို ပြသရန်အတွက် ဖြစ်သည်။ သို့ရာတွင် အချိန်ရှားပါးခြင်း သို့မဟုတ် မနေမနား အလုပ်လုပ်ရခြင်းတို့ ပါဝင်နိုင်သည့် များပြားလှသော အကြောင်းရင်းများကြောင့် ငါ၏စိတ်နေ သဘောထားသည် လူသားကို ငါ့အားနားလည်စေရန် အနည်းငယ်မျှ အထောက်အကူ မပြုခဲ့။ သို့ဖြစ်၍ ငါရှိနေသည့်အတွက် ငါ့ကိုတွေ့သူခပ်သိမ်းသည် ၎င်းတို့၏ရင်ဘတ်ကိုထု၍ မရပ်မနားငိုစေရန် ငါ၏အမှု လုပ်ငန်းသစ်များတွင် စာမျက်နှာသစ် ဖွင့်လှစ်ရေးအတွက် ငါသည် ငါ၏အစီအစဉ်သစ်၊ ငါ၏နောက်ဆုံး အမှုထဲ ရှေ့သို့ခြေလှမ်းသည်။ ဤသည်မှာ ငါသည် လူသား၏အဆုံးကို လောကသို့ ယူဆောင်လာ၍ ဤနေရာမှ စ၍ ငါသည် အမှန်တကယ်ပင် လူ့လောကသို့ လာခဲ့ကြောင်း၊ အရာခပ်သိမ်းပွားသည့် ကမ္ဘာမြေပေါ်သို့လာခဲ့ကြောင်း ငါ့ကိုသိသူခပ်သိမ်းနှင့် မသိသူများ ကြာရှည်စွာကြည့်နိုင်ရန် ငါသည် လူသားရှေ့တွင် ငါ၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အဖုံးအကွယ်မရှိ ထုတ်ဖော်ပြသည်။ ဤသည်မှာ ငါ၏အစီအစဉ်၊ လူသားမျိုးနွယ်ကို ငါဖန်ဆင်းသည့်အချိန်က စ၍ ငါ၏တစ်ခုတည်းသော "ဝန်ခံချက်" ဖြစ်၏။ ငါ၏လှံတံတော်သည် လူသားအနီး၊ ငါ့ကိုဆန့်ကျင်သူ အားလုံးအနီး၊ တစ်ဖန်ပြန်၍ ချဉ်းကပ် လာသည်ဖြစ်၍ သင်တို့သည် ငါ၏လှုပ်ရှားမှုအားလုံးကိုသာ အာရုံစိုက်ရန် ငါလိုလားသည်။

10/14/2018

Myanmar Gospel Music Video (ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်)


ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်
ထိုအိမ်တော်သည် ဘုရားသခင်၏ လူတိုင်းအတွက် ဖြစ်သည်။
ခရစ်တော်သည် အသင်းတော်အတွင်း လျှောက်လှမ်း၊ စကားပြောကာ
ဘုရား၏ လူများနှင့်အတူ နေထိုင် လူပ်ရှား အသက်ရှင်သည်။
သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မူသည် နူတ်ကပတ်တော်၏
စစ်ကြောစီရင်ခြင်းနှင့် ဆုံးမခြင်းနှင့်အတူ ဤနေရာတွင် ရှိနေသည်။
ဘုရားသခင်၏ စကားတော်များသည် ကျွန်ုပ်တို့အား ရေလောင်း၊ ပံ့ပိုး၊
လမ်းပြပေးပြီးကျွန်ုပ်တို့ ဘ၀များအား ရှင်သန် ကြီးထွားလာစေသည်။
ဤနိုင်ငံတော်သည် ခရစ်တော် အုပ်စိုးသော နိုင်ငံဖြစ်ပြီး
တရားမျှတသော ကမ်ဘာ ဖြစ်သည်။

10/08/2018

ခရစ်ယာန် အတွေ့အကြုံ ဓမ္မတေး (ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ) Myanmar Subtitles


မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊
ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊
အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ
ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်
ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။


မရေမတွက်နိုင်သော ပင်လယ်များနှင့် တောင်များ ခြားပါစေ၊
ကျွန်ုပ်တို့အကြားတွင် နယ်နိမိတ်များ မရှိ၊
အသားအရောင် ကွဲပြားပါစေ မတူညီသော ဘာသာစကားကို ပြောပါစေ
ကျွန်ုပ်တို့သည် လူမျိုးတော် တစ်မျိုးတည်း ဖြစ်ကြပါသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်သည်
ကျွန်ုပ်တို့အား ခေါ်တော်မူခြင်းကြောင့်၊
ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပလ္လင်တော်
ရှေ့သို့ ချီးမြှောက်ခြင်းကို ခံရပါပြီ။
ဦးခေါင်းတစ်ခုလုံး ဖြူသော ဆံပင် ရှိသည့် အသက်ကြီးသူ တစ်ဦးနှင့်
ရောင်ခြည် တောက်ပ ဖြာထွက်သော
အသက်ငယ်ရွယ်သူ တစ်ဦး ရှိပါသည်။
လက်ချင်းတွဲ၊ ပုခုံးချင်းယှဉ်လျက်
အခက်အခဲဘေးဒုက္ခအကြား၌ တစ်ဦးနှင့်တစ်ဦး အားပေးကာ
မိုးထဲလေထဲတွင် ကျွန်ုပ်တို့ အတူတကွ လျှောက်ကြမည်။
တစ်စိတ်တစ်ဝမ်းတည်း ကျွန်ုပ်တို့၏
တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ကြမည်။
ကျွန်ုပ်တို့၏ စိတ်နှလုံး အချင်းချင်း ဆက်လျက်
ဘဝထဲတွင် ကျွန်ုပ်တို့ အဆွေခင်ပွန်း ဖြစ်လာပါပြီ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အား နီးစေပြီ။

9/28/2018

Myanmar Praise and Worship Song (ဘဝ သက်သေ) Christians Love God Unswervingly



ဟုတ် ဆရာ။
မင်းတို့ ဘာလုပ်နေတာလဲ။
အစည်းအဝေးထိုင်နေတယ်ပေါ့။
လူ နှစ်ယောက် သုံးယောက် စုဝေးတာ မှန်သမျှ တရားမဝင်ဘူး၊
လူထု ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့
နိုင်ငံတော်က အမိန့်ထုတ်ထားတယ်။
သူတို့ကို ခေါ်သွားစမ်း။
လာခဲ့ကြစမ်း။

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍
အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော
သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။
ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍
လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့်
ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မလှုပ်နဲ့။ ရဲတပ်ဖွဲ့။
သေစမ်း မသာ။
ဒီတစ်ကြိမ်တော့ မင်းကို ရှစ်နှစ် ဒါမှမဟုတ်
ဆယ်နှစ် အထဲ ထည့်ပစ်ရမယ်။
မင်း အဲ့ဒီ ဘုရားကို ဆက်ယုံကြည်ဦးမလားဆိုတာ
ငါတို့ ကြည့်ရသေးတာပေါ့။
CCP အစိုးရ၏ ဖမ်းဆီးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုကို
တစ်နေ့တစ်ချိန်တွင် ကျွန်ုပ် ခံရကောင်းခံရနိုင်ပါသည်၊
ဤ ဒုက္ခဆင်းရဲမှာ ကျွန်ုပ်၏ စိတ်နှလုံးထဲမှ ကျွန်ုပ်သိသော
ဖြောင့်မတ်ခြင်းတရားအတွက် ဖြစ်ပါသည်။
အကယ်၍ ကျွန်ုပ်၏ဘဝသည် မီးစတစ်စကဲ့သို့
မျက်စိတစ်မှိတ်အတွင်းကွယ်ပျောက်ခဲ့လျှင်လည်း၊
ကျွန်ုပ်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အား
လက်ခံခဲ့ပြီးကြောင်း ကျွန်ုပ် ဝင့်ကြွားစွာ ဆက်၍ဆိုပါမည်။
အကယ်၍ ကျွန်ုပ်သည် ကြီးမားသောဖြစ်ရပ် ဖြစ်သော နိုင်ငံတော်
ဧဝံဂလိတရားတော် ပြန့်ပွားမှုကို မမြင်နိုင်လျှင်လည်း၊
နှစ်သက်ဖွယ်အကောင်းဆုံး ဆုတောင်းချက်များကို
ကျွန်ုပ် ဆက်၍ ဆက်ကပ်ပါမည်။
အကယ်၍ ကျွန်ုပ်သည် နိုင်ငံတော်
တည်သည့် နေ့ကို မမြင်နိုင်ခဲ့လျှင်လည်း၊
စာတန်ကို ယနေ့ ကျွန်ုပ် အရှက်ရစေနိုင်ပြီး၊
ကျွန်ုပ်၏ စိတ်နှလုံးသည် ဝမ်းမြောက်ခြင်း နှင့်
ငြိမ်သက်ခြင်းဖြင့် ပြည့်ဝပါလိမ့်မည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကမ်ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိပြီး
လူတို့အကြားတွင် အလင်း ပေါ်ပေါက်ခဲ့ပါပြီ။
ခရစ်တော်၏ နိုင်ငံတော် ပေါ်ပေါက်ပြီး
အခက်အခဲဘေးဒုက္ခအတွင်း တည်ထောင်ခဲ့ပါပြီ။
မှောက်မိုက်သည် ကုန်လွန်လုပြီး ဖြောင့်မတ်ခြင်း
မိုးသောက်အလင်း ရောက်လာခဲ့ပါပြီ။
ကာလအချိန်အခါ နှင့် လက်တွေ့ဘဝသည်
ဘုရားသခင်အား သက်သေခံခဲ့ပါသည်။