菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ခရစ်တော်၏ ပြောကြားချက်များ. Show all posts
Showing posts with label ခရစ်တော်၏ ပြောကြားချက်များ. Show all posts

1/19/2020

ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း

အသင်းတော်, အသက်, သမ္မာတရား, ဝိညာဉ်တော်, ယုံကြည်ခြင်း,

ဘုရားသခင်ကို ယုံကြည်ရာတွင် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကိစ္စကို အနည်းဆုံး ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှု ပျောက်ဆုံးသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်းအားဖြင့် အလုံးစုံရရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဆိုသည်မှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယဝင်ခြင်းမျိုး သို့မဟုတ် ငြင်းပယ်မှုတို့ မရှိနိုင်ဘဲ ယင်းကို ဆက်ကပ်ခြင်း ဖြစ်သည်သာမက ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သော ရည်မှန်းချက်များ ရှိခြင်း၊ သင့်ကိုသင် မစဉ်းစားခြင်း၊ သင်မည်သည့်အရာပင် ပြုနေသည်ဖြစ်စေ ဘုရားသခင်၏ မိသားစု အကျိုးစီးပွားများကို အရေးအကြီးဆုံးအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို လိုက်နာခြင်းတို့ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စွာထားနိုင်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သည့်တိုင်အောင် သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးနေရမည်။ ဘုရားသခင်၏ အလိုတော်ကို သင့်အား ပြသခြင်းကို စောင့်စားရန် အချိန်နှောင်းလွန်းခြင်းမရှိသောကြောင့် ယင်းကို လက်တွေ့ လုပ်ဆောင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိလာလိမ့်မည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြုပြီး တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်လျက် သင်၏အမြင်ကို မှန်ကန်စွာထားကာ ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်နှင့်။ ညီအစ်ကို မောင်နှမများ၏ ဘဝအသက်တာများအတွက် အကျိုးမရှိသော အရာများကို မလုပ်နှင့်၊ အခြားသူများအတွက် အကျိုးမရှိသော အရာများကို မပြောနှင့်။ ရှက်ဖွက်ကောင်းသော အရာများကို မလုပ်နှင့်။ အရာရာကို မျှမျှတတနှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းတို့ကို တင့်တယ်စေလော့။ တစ်ခါတစ်ရံတွင် လူ့ဇာတိသည် အားနည်းတတ်သော်လည်း၊ သင်သည် ဘုရားသခင်၏ မိသားစု အကျိုးဖြစ်ထွန်းစေရေးကို အရေးအကြီးဆုံးအရာအဖြစ် အလေးထားနိုင်ကာ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို မမျှော်ကိုးဘဲ ဖြောင့်မတ်ခြင်းတရားကို လုပ်ဆောင်နိုင်၏။ ဤနည်းလမ်းအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။

1/18/2020

စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ

အသက်, သမ္မာတရား,ကယ်သင်ခြင်း,ဝိညာဉ်တော်, အသင်းတော်

လူတစ်ဦးတစ်ယောက်စီသည် ဘုရားသခင်မှ စုံလင်အောင်ပြုလုပ်ခြင်းကိုခံရရန် အခွင့်အလမ်းရှိသည်။ ထို့ကြောင့် ဘုရားသခင်အတွက် မည့်သည့် အစေခံမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်ကို လူတိုင်းနားလည်သင့်ပါသည်။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုမသိကြ၊ သူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သင့်သည်နှင့်ပတ်သတ်၍ သဘောပေါက်နားလည်မှု မရှိကြပေ။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင့်အမှုတော် သို့မဟုတ် ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သတ်၍ နားလည်မှု လုံးဝမရှိကြပေ။ လူအများစုသည် ယခုပစ္စုပ္ပန်ကာလအထိ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့သွားခြင်းနှင့် သူတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းအကြောင်းဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ သီးသန့်ထူးခြားမှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက် မရှိကြသေးပေ။ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် ဘုရားသခင်၏အရေးအကြီးဆုံးအမှုတော် မည်သည့်အရာကိုမဆို နားလည်နိုင်မှု လုံးဝမရှိကြပေ။ သူတို့၏ကိုယ်ပိုင်အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် လူတို့သည် ဘုရားသခင်၏အမှုတော်တွင် စိတ်ဝင်စားမှုမရှိပဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် နှင့်ပတ်သတ်၍ စဉ်းစားခြင်းမရှိကြပေ။ ဤအုပ်စုတွင်ပါဝင်သော လူတစ်ဦးစီသည် ဘုရားသခင်၏ အလုံးစုံသောစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင် ဖြည့်ဆည်းခဲ့ပြီးဖြစ်သောအမှန်တရားများ၊ ဤလူတစ်စုကို ဘုရားသခင်အဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ ယင်း၏ပန်းတိုင်များ၊ ထူးခြားချက်မှာ မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်သည် ဤအုပ်စုမှ မည်သည့်အရာကို ရလိုသည်တို့ကို သိထားသင့်ပါသည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေထဲတွင် ဘုရားသခင်သည် ထိုသို့မထင်ရှားသည့် လူတစ်စုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ သူသည် ယနေ့ထိတိုင်အောင် အမှုတော်ကို ဆက်လက်လုပ်ဆောင်ကာ၊ အားလုံးသောနည်းလမ်းများဖြင့် ကြိုးစား၍ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးနေပြီး၊ မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောကြားကာ၊ အမှုများစွာကို လုပ်ဆောင်၍ အသုံးတော်ခံများစွာကို စေလွှတ်ပေးလျှက်ရှိပါသည်။ ထိုမျှ အလွန်ကြီးမားသောအမှုကို ဘုရားသခင် အထမြောက်စေတော်မူခြင်းမှ ဘုရားအမှုတော်၏ အရေးပါမှုမှာ အလွန်ကြီးမြတ်လှသည်ကို တွေ့မြင်နိုင်ပေသည်။ သို့သော် သင်က လုံးလုံးမမြင်နိုင်သေးပေ။ ထို့ကြောင့် ဘုရားသခင် သင့်အပေါ် ပြုလုပ်ခဲ့သော အမှုတော်ကို သာမာန်ကိစ္စတစ်ရပ်အနေဖြင့် မကြည့်မြင်နှင့်။ ဤအရာသည် ပါမွှားမဟုတ်ပေ။ ယနေ့ ဘုရားသခင် သင့်ကို ပြသနေသောအရာလေးသည်ပင်လျှင် သင်တွေးဆချင့်ချိန်ကာ နားလည်ရန်အတွက် လုံလောက်ပါသည်။ သင်သည် ဤအချက်ကို စစ်မှန်စွာနှင့် နှံ့နှံ့စပ်စပ် နားလည်မှသာ သင့်အသက်တာတွင် ပို၍နက်ရှိုင်းစွာ တွေ့ကြုံခံစားရကာ တိုးတက်မှုရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်လူတို့ နားလည်ကာ ပြုလုပ်သောအရာသည် အမှန်ပင်သေးငယ်လွန်းလှပြီး၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ဤအရာသည် လူသား၏ မပြည့်စုံခြင်းဖြစ်ပြီး၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ကျရှုံးခြင်းဖြစ်သည်။ ဤသည်မှာ ရရှိသင့်ခဲ့သော ရလဒ်များကိုမရခဲ့သည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏အမှုတော်အပေါ်တွင် နားလည်မှု မလေးနက်ကြ၊ ယင်းကို သူတို့ လုပ်ဆောင်ကြသည့်အခါ ဘုရားသခင့် အိမ်တော်နှင့်ဆိုင်သော အမှုတော်ကို တန်ဖိုးရှိသည့်အရာဟု မှတ်ယူရန် စိတ်ဆန္ဒမရှိကြသဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူများစွာတို့တွင် အမှုတော်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သူတို့သည် ပြီးမြောက်ရန်အတွက်သာ လှုပ်ရှားမှုအတိုင်း မပြောင်းမလဲစီးမြောနေသည် သို့တည်းမဟုတ် လူအများစုနောက်ကို လိုက်ကြသည် သို့မဟုတ် ပြရုပ်သက်သက်သာ အလုပ်လုပ်ကြသည်။ ယနေ့ ဤရေစီးကြောင်းအတွင်းမှ လူတစ်ဦးစီတို့ သင်တို့ပြုလုပ်ခဲ့သည့်အရာသည် သင်တို့ရခဲ့ရမည့်အရာအားလုံး ဟုတ်မဟုတ် နှင့် သင်တို့၏လုံ့လအားလုံးကို ထည့်သွင်းခဲ့ခြင်းရှိမရှိတို့ကို ပြန်စဉ်းစားကြည့်ပါစို့။ လူတို့သည် သူတို့၏တာဝန်များကို လုံးဝဖြည့်ဆည်းခဲ့ခြင်းမရှိသေးပေ။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အမှုတော်ကို မလုပ်ဆောင်ခြင်းကြောင့်မဟုတ်ပဲ၊ လူတို့ကသာ သူတို့အမှုကို သူတို့မလုပ်ခြင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော် သည် အမှုတော်ကိုလုပ်ဆောင်ရန် မဖြစ်နိုင်တော့ခြင်းဖြစ်သည်။ ဘုရားသခင်သည်သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် လူတို့သည် အမှီလိုက်နိုင်ခြင်း လုံးဝမရှိပဲ၊ အနောက်လှမ်းလှမ်းတွင် ကျန်ရစ်ပြီး၊ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာနေနိုင်စွမ်းမရှိ၊ သိုးသူငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်းမရှိကြပေ။ သူတို့လိုက်နာသင့်သည်တို့ကို လိုက်နာခဲ့ခြင်းမရှိပေ။ သူတို့ကျင့်သုံးသင့်ခဲ့သည်တို့ကို လိုက်လျှောက်ကျင့်သုံးခဲ့ခြင်းမရှိပေ။ သူတို့ ဆုတောင်းသင့်ခဲ့သည့်အရာတို့ကို သူတို့ ဆုတောင်းခဲ့ခြင်းမရှိပေ။ သူတို့စွန့်ပစ်သင့်သောအရာကို စွန့်ပစ်ခဲ့ခြင်းမရှိပေ။ ဤအရာ တစ်စုံတစ်ခုကိုမျှ သူတို့လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့သွားရန် ဤသို့ပြောဆိုနေခြင်းသည် အလဟဿသာဖြစ်ပြီး၊ စစ်မှန်သောအဓိပ္ပါယ်လုံးဝမရှိပေ။ ယင်းသည် လူတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်မှုထဲတွင်သာရှိပါသည်။ ယနေ့လူသားတို့သည် သူတို့၏တာဝန်များကို ဖြည့်ဆည်းခဲ့ခြင်းမရှိ ဟုပြောနိုင်ပါသည်။ လူသားတို့၏လုပ်ဆောင်မှုက အမှန်တကယ် လုံးဝသေးငယ်လွန်းလှစဉ်၊ အရာအားလုံးသည် ဘုရားသခင်၏လုပ်ဆောင်မှုနှင့် ကိုယ်တိုင်မြွက်ဆိုခဲ့သော အရာများပေါ်တွင်သာ မှီတည်နေပေသည်။ သူတို့အားလုံးသည် ဘုရားသခင်နှင့် မည်သို့ပူးပေါင်း ရမည်ကို မသိသော အသုံးမကျသည့် အမှိုက်များပင်ဖြစ်သည်။ ဘုရားသခင်သည် ထောင်ပေါင်းရာချီသော နှုတ်ထွက်စကားတော်များကို မြွက်ဆိုခဲ့စေကာမူ လူတို့သည် ဇာတိပကတိကို စွန့်ခွာခြင်း၊ အယူအဆများကိုစွန့်ပစ်ခြင်း၊ အရာအားလုံးတွင် ဘုရားသခင်အား နာခံမှုကိုကျင့်သုံးခြင်း၊ ချင့်ချိန်မြော်မြင်မှုကို တိုးပွားလာစေခြင်းနှင့် အချိန်တိုင်းတွင် ထိုးထွင်းသိမြင်နိုင်စွမ်းသောဉာဏ်ကို ရရှိခြင်းမှစ၍ လူတို့ကို မိမိတို့၏ နှလုံးသားများထဲတွင် နေရာမပေးခြင်း၊ သူတို့၏နှလုံးသားကို ကြီးစိုးထားသောသူတို့ မြတ်နိုးထားသည့် အရာများကိုဖယ်ထုတ်ခြင်း၊ မမှန်ကန်သော လူတစ်ဦးစီ၏ရည်ရွယ်ချက်များကို တွန်းလှန် တိုက်ထုတ်ခြင်း၊ မိမိတို့၏စိတ်ခံစားမှုပေါ်မူတည်၍ မပြုမူခြင်း၊ မျက်နှာလိုက်ခြင်းမရှိပဲ အရာရာတိုင်းကို တရားမျှတစွာဆောင်ရွက်ခြင်း၊ ဘုရားသခင်၏စိတ်ဝင်စားသည့် အရာများ၊ အခြားသူများနှင့်စကားပြောရာတွင် သူတို့၏လွှမ်းမိုးမှုများနှင့်ပတ်သတ်၍ ပိုမိုစဉ်းစားခြင်း၊ ဘုရားသခင်၏အမှုတော်ကို အကျိုးပြုစေမည့်အရာများကို ပို၍လုပ်ဆောင်ခြင်း၊ သူတို့လုပ်ဆောင်သည့် အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုရမည်ဆိုသည်ကို စိတ်ထဲတွင်ထည့်ထားခြင်း၊ သူတို့၏စိတ်ခံစားချက်များက သူတို့၏ အပြုအမူကို ဆုံးဖြတ်ခွင့်မပေးခြင်း၊ သူတို့၏ အသွေးအသားကို ကျေနပ်စေမည့်အရာတို့ကို ဖယ်ရှားခြင်း၊ တကိုယ်ကောင်းဆန်သော အတွေးအထင်ဟောင်းများကို စွန့်လွှတ်ခြင်း အစရှိသည်တို့အထိ လူတို့သည် ထိုနှုတ်ကပတ်တော်အတိုင်း အဘယ်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ အမှန်စင်စစ် လူတို့သည် ဘုရားသခင် သူတို့ကိုလုပ်စေလိုသော ဤနှုတ်ကပတ်တော်အားလုံးထဲမှ အချို့ကို နားလည်သော်လည်း သူတို့သည် ယင်းကို လက်တွေ့လိုက်လျှောက်လိုသည့် ဆန္ဒသာမရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သို့အမှုကို ဆောင်ရွက်ကာ သူတို့စိတ်ကို လှုပ်ရှားစေနိုင်မည်နည်း။ ဘုရားသခင်အမြင်တွင် ပုန်ကန်သူများဖြစ်နေသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေးစားရန်အတွက် ရွေးချယ်ရန် ရဲတင်းမှု မည်သို့ရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်၏ခဲဖွယ်တို့ကို စားရန်သတ္တိ အဘယ်ကြောင့်ရှိသနည်း။ လူသားမျိုးနွယ်၏ အသိစိတ်မှာ အဘယ်နည်း။ သူတို့ပြုလုပ်သင့်ခဲ့သော တာဝန်များကို အနှိမ့်ဆုံးအဆင့်ပင်လျှင် ဖြည့်ဆည်းခဲ့ခြင်းမရှိပဲ၊ သူတို့လုပ်နိုင်သမျှအားလုံးနှင့် ပတ်သတ်၍ ပြောခြင်းသည် အဓိပ္ပါယ်မရှိပေ။ သူတို့သည် စိတ်ကူးယဉ်နေသူများ မဟုတ်ပါလား။ လိုက်လျှောက်မှုမရှိပဲ အမှန်တရားနှင့်ပတ်သတ်၍ပြောဆိုခြင်းမရှိနိုင်ပါ။ ဤသည်မှာ ပေါ်လွင်သောအချက်ပင်ဖြစ်ပါသည်။

1/04/2020

ဘုရားသခင်သည် ဣဇက်ကို ပူဇော်ရန် အာဗြဟံကို အမိန့်ပေးတော်မူသည်


အာဗြဟံကို ဘုရားသခင် သားပေးသောအခါ အာဗြဟံကို ဘုရားသခင် ပြောသော နှုတ်ကပတ်တော်များ ပြည့်စုံသွားသည်။ ဘုရားသခင်၏ အစီအစဉ်သည် ဤမှာရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့်ပြောရပါက ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားကို ကယ်တင်ခြင်းသည် စခါစပင် ရှိသေးပြီး အာဗြဟံကို သားတစ်ဦး ကောင်းချီးပေးသည်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းသာ ရှိပါသေးသည်။ ထိုအချိန်မှာ အာဗြဟံက ဣဇာတ်ကို ပေးလှူသောအခါ ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်လိုက်ပြီကို မည်သူသိခဲ့သနည်း။

1/03/2020

ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်

အသက်, ယုံကြည်ခြင်း, ဆုတောင်း, နာခံခြင်း, ဘုရားသခင်ကို ချစ်ခြင်း,

ကမ္ဘာ ၁၇:၁၅-၁၇ တဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။

12/09/2019

လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

ဝိညာဉ်တော်, အသက်, ဘုရားသခင်, ဆုတောင်း, ကယ်တင်ခြင်း,

အကယ်၍ လူများသည် လူ့အသက်တာ၏ လမ်းကြောင်းမှန် သာမက ဘုရားသခင်၏ လူသားမျိုးနွယ် ကို စီမံခန့်ခွဲသည့် ရည်ရွယ်ချက်ကိုပါ အမှန်တကယ် အပြည့်အဝ နားလည်ပါက၊ ၄င်းတို့အနေဖြင့် တစ်သီး ပုဂ္ဂလအနာဂတ်နှင့် ကံကြမ္မာကို ၄င်းတို့၏ နှလုံးသားတွင် ရတနာတစ်ပါးအဖြစ် ကိုင်စွဲထားမည် မဟုတ်ပေ။ ၄င်းတို့သည် ဝက်များနှင့် ခွေးများထက် ဆိုးဝါးသည့် ၄င်းတို့၏ မိဘများကို ဆက်လက်၍ အစေကျွန်ခံရန် ဆန္ဒရှိမည် မဟုတ်တော့ပါ။ လူသား၏ အနာဂတ်နှင့် ကံကြမ္မာသည် လက်ရှိကာလတွင် ခေါ်တွင်သည့် ပေတရု ၏ “မိဘများ” အတိအကျပင် မဟုတ်လော။ ယင်းတို့က လူသား၏ ကိုယ်ပိုင်အသွေးနှင့် အသားနှင့် အလားတူ သာ ဖြစ်ပါသည်။ ဇာတိပကတိ၏ အနာဂတ်ဖြစ်သည့် ခရီးဆုံးပန်းတိုင်က အသက်ရှင်နေစဉ် ဘုရားသခင်ကို မြင်လိမ့်မည်လော၊ သို့မဟုတ် သေဆုံးပြီးချိန်တွင် ဝိညာဉ်က ဘုရားသခင်နှင့် ဆုံဆည်းလိမ့်မည်လော။ နက်ဖြန်နေ့တွင် ဇာတိပကတိသည် ကြီးစွာသော ဘေးဒုက္ခများကဲ့သို့ ကြီးမားသော မီးဖိုကြီးထဲတွင် အဆုံး သတ်လိမ့်မည်လော၊ သို့တည်းမဟုတ် ယင်းသည် လောင်သောမီးအတွင်းတွင် ရှိလိမ့်မည်လော။ ဤကဲ့သို့ သော မေးခွန်းများမှာ လူသား၏ ဇာတိပကတိသည် ကံမကောင်း အကြောင်းမလှမှုများကို ကြံ့ကြံ့ခံနိုင်၊ မခံနိုင် သို့မဟုတ် ယခုရေစီးကြောင်းတွင် ရှိနေသော ဦးနှောက်ရှိပြီး စိတ်မှန်သည့် မည်သူမဆို အများဆုံး စိုးရိမ်နေကြ သည့် သတင်းကြီးကို ခံယူနိုင်၊ မခံယူနိုင်နှင့် ပတ်သက်နေသည် မဟုတ်လော။ (ဤနေရာတွင် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်း ဆိုသည်မှာ ကောင်းချီးများ လက်ခံရရှိခြင်းကို ရည်ညွှန်းပါသည်၊ ဆင်းရဲဒုက္ခ ဆိုသည်မှာ လူသားတို့၏ ခရီးဆုံးပန်းတိုင်အတွက် အကျိုးရှိမည့် အနာဂတ် စမ်းသပ် စစ်ဆေးမှုများကို ဆိုလိုပါသည်။ ကံမကောင်း အကြောင်းမလှမှုက မြဲမြံစွာ မရပ်တည်နိုင်မှု သို့မဟုတ် လှည့်ဖျားခံရမှုကို ရည်ညွှန်းပါသည်၊ သို့မဟုတ် တစ်စုံတစ်ဦးက ကံမကောင်းအကြောင်းမလှသည့် အခြေအနေများနှင့် ရင်ဆိုင်ရပြီး ဘေးဒုက္ခကြားတွင် မိမိ၏ အသက်တာကို ဆုံးရှုံးရလိမ့်မည်ဟု ယင်းက ဆိုလိုပါသည်၊ ထို့အပြင် စိတ်ဝိညာဉ်အတွက် ဆီလျော်သည့် ခရီးဆုံးပန်းတိုင် မရှိပါ။) လူသားများကို ခိုင်လုံသော ဆင်ခြင် တုံတရား ပံ့ပိုးထားပါသော်လည်း ၄င်းတို့၏ တွေးတောမှုက ၄င်းတို့ကို ပံ့ပိုးထားသည့် ဆင်ခြင်တုံတရားနှင့် အပြည့်အဝ မကိုက်ညီပါ။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းတို့အားလုံးသည် ဇဝေဇဝါဖြစ်ပြီး အမှုအရာများနောက်သို့ မျက်စိစုံမှိတ် လိုက်သောကြောင့် ဖြစ်သည်။ ၄င်းတို့အနေဖြင့် မည်သည့်အရာအထဲသို့ ဝင်ရောက်သင့် ကြောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခ ကျရောက်ချိန်တွင် (မီးဖိုကြီး၏ စစ်းဆေးပြုပြင်ခြင်း အတောအတွင်းကို ဆိုလိုသည်) မည်သည့်အရာအထဲသို့ ဝင်ရောက်သင့်သည်ကို အထူးသဖြင့် ဝေခွဲသင့်ကြောင်းနှင့် မီးဖြင့် စမ်းသပ်စစ်ဆေးမှုတွင် မည်သည့်အရာကို ယူတင်ဝတ်ဆင် ထားသင့်ကြောင်း စသည်တို့နှင့် ပတ်သက်သော စေ့စပ်သေချာသည့် နားလည်မှုကို ၎င်းတို့အားလုံး၌ ရှိသင့်သည်။ ဝက်များနှင့် ခွေးများပမာ သို့မဟုတ် ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက် ဆိုးဝါးသည့် သင်၏ မိဘများ (ဇာတိပကတိကို ဆိုလိုပါသည်) ကိုသာ အစဥ်တစိုက် အစေကျွန် ခံမနေပါနှင့်။ ယင်းအပေါ်ကို သောကပွားပြီး ပြင်းပြင်းထန်ထန် စဉ်းစားကာ သင်၏ ဦးနှောက်ကို ခြောက်အောက်လုပ်နေခြင်းမှာ အဘယ်ကျေးဇူး ရှိသနည်း။ ဇာတိပကတိသည် သင်နှင့် မသက် ဆိုင်သော်လည်း၊ ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်ကိုပင် အမိန့်ပေးသော ဘုရားသခင်၏ လက်၌ ရှိသည်။ (ဇာတိပကတိကို စာတန်မှ ပိုင်သည်ဟု နဂိုကဆိုလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာတန် သည်လည်း ဘုရားသခင်၏ လက်၌ ရှိသည့်အတွက်ကြောင့် ဤကဲ့သို့သာ ဆိုနိုင်ပါသည်။ ယင်းကို ဤသို့သော နည်းလမ်းနှင့် ပိုဆွဲဆောင်အောင် ပြောနိုင်သည့်အတွက် ဖြစ်သည်- ယင်းက လူများသည် စာတန်၏ အုပ်စိုးမှု အောက်တွင် လုံးဝရှိနေခြင်း မဟုတ်ပဲ၊ ဘုရားသခင်၏ လက်၌ရှိသည်ဟု ဆိုလိုပါသည်။) သင်သည် ဇာတိ ပကတိ၏ နှိပ်စက်မှု အောက်၌ အသက်ရှင်နေသော်လည်း၊ ဇာတိပကတိသည် သင်နှင့် သက်ဆိုင်ပါ၏လော။ ယင်းသည် သင်၏ ထိန်းချုပ်မှု အောက်၌ ရှိပါ၏လော။ အဘယ့်ကြောင့် ထိုအပေါ်တွင် သင်၏ ဦးနှောက်ကို အခြောက်ခံ နေရသနည်း။ ကြာမြင့်စွာ ကတည်းမှ ရှုတ်ချခြင်း ခံထားရကာ ကျိန်ခြင်းခံထားရသော မသန့်ရှင်း သည့် ဝိညာဉ်များကြာင့် ညစ်ညမ်းနေသော သင်၏ ပုပ်ပျက်နေသည့် ဇာတိပကတိအတွက် ဘုရားသခင်ထံမှာ အဘယ်ကြောင့် လွန်လွန်ကဲကဲ အသနားခံနေရသနည်း။ စာတန်၏ အပေါင်းအပါများကို သင်၏ နှလုံးသား အနီး၌ အမြဲထားဖို့ အဘယ့်ကြောင့် အပင်ပန်းခံ နေမည်နည်း။ ဇာတိပကတိက သင်၏ စစ်မှန်သော အနာဂတ်၊ အံ့သြဖွယ် မျှော်လင့်ချက်များနှင့် သင့်ဘဝ၏ ခရီးပန်းတိုင် အစစ်အမှန်အား ဖျက်ဆီးမည်ကို သင်မစိုးရိမ် သလော။

12/07/2019

ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း

ယေရှု, ဘုရားသခင်၏ နှုတ်ကပတ်တော်, ကောင်းကင်နိုင်ငံတော်, ဘုရားသခင်, အသက်,

ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အမှုကိုလုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အမှုပြုခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီးဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဉာဏ်အလင်းရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာပြုသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှုလောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်အောင်ပြုရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် အမှုအဆင့် မဟုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများကို များစွာပြုခဲ့သည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှုကြွလာခဲ့သောအခါက သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အတွေးများထဲ၌ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ပုံရိပ် မရှိတော့စေရန် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အစစ်များနှင့် အမှုအစစ်အားဖြင့်၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအမှုသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အမှုဖြစ်သည်။

11/21/2019

အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်

အသက်, ယေရှု, ဘုရားသခင်၏ နှုတ်ကပတ်တော်,ခရစ်တော်၏ ပြောကြားချက်များ, သမ္မာတရား,

လူတို့သည် သူတို့၏ အသင်းတော် အသက်တာအတွင်းတွင်သာ ပြောင်းလဲနိုင်သည်ဟုခံစားကြရသည်၊သူတိုသည် အသင်းတော်အတွင်းတွင် နေထိုင်နေခြင်း မဟုတ်ပါက ပြောင်းလဲခြင်းမဖြစ်နိုင်၊ သူတို့၏ တကယ့်အသက်တာတွင် ပြောင်းလဲမှု မရနိုင်ဟု ခံစားကြသည်။ သင်တို့သည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သင်တို့မှတ်မိနိုင်ကြပါသလား။ ကျွနုပ်သည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို ခေါ်ဆောင်လာခြင်းအကြောင်း ပြောနေပြီး၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိ သော လမ်းကြောင်းတစ်ခုသာဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ကျွနုပ်ပြောဆိုသော အမှန်တကယ် လေ့ကျင့်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင် ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ နှင့် နားလည်နိုင်စွမ်းရရှိရန်အတွက် ပညာတတ်ရန် လိုအပ်သည်။ အခြား ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အမြင်ရရှိစေရန် နှင့် ပုံမှန်လူသားသဘာဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံ ဗဟုသုတများ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းခြင်း အမှန်တရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။

10/28/2019

ပေတရု၏ အသက်တာ

ဘုရားသခင်, ကောင်းကင်နိုင်ငံတော်, သမ္မာတရား, အသင်းတော်, ကယ်တင်ခြင်း,

ပေတရုဟာ ဘုရားသခင် လူသားတွေကို ထိတွေ့ မိတ်ဆက်ပေးခဲ့တဲ့ စံနမူနာတစ်ခုဖြစ်ပြီး၊ သူဟာ လူသိများတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလို နှိမ့်နှိမ့်ချချ နေတတ်တဲ့ လူတစ်ယောက်က ဘုရားသခင်ရဲ့ စံနမူနာတစ်ခု ဖြစ်စေခဲ့ပြီး၊ နောက်ပိုင်းမျိုးဆက်တွေရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့ရတာလဲ။ ဒီအချက်က ဘုရားသခင်အပေါ်မှာ သူ့ရဲ့ စိတ်ဖွင့်ဟချက်နဲ့ ဘုရားသခင်အပေါ် ထားရှိတဲ့ ချစ်ခြင်း မေတ္တာအတွက် ခံယူချက်တို့ကို ထားထားလို့မရဘူးဆိုတာ ပြောပြစရာ မလိုပါဘူး။ ဘုရားအတွက် ပေတရုရဲ့ နှလုံးသားက ချစ်ခြင်းမေတ္တာကို ဘယ်နေရာမှာ ဖော်ပြသလဲဆိုတာနဲ့ သူ့ဘဝ အတွေ့အကြုံက ဘယ်လိုမျိုးလဲ ဆိုတာကို သိဖို့အတွက်ကတော့ အဲဒီခေတ်က ပေတရုကို မြင်ဖို့အတွက်၊ အဲဒီအချိန်ကာလရဲ့ ဓလေ့တွေကို ကြည့်ရှုဖို့အတွက် ကျေးဇူးတော်ကာလကို ပြန်သွားရပါမယ်။

10/27/2019

ဘုရားသခင်၏ စကားတော် | ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း

ကယ်တင်ခြင်း, အသင်းတော်, သမ္မာတရား, ကောင်းကင်နိုင်ငံတော်, ဘုရားသခင်,

လူတို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်ကို မည်ကဲ့သို့ အစေခံသင့်သည်၊ မည်သည့်အခြေအနေများကို ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်ကို အစေခံသူများ မည်သည့်သမ္မာတရားအား နားလည်သင့်သည်နှင့် သင်တို့အစေခံရာတွင် မည်သည့်သွေဖည်မှုများရှိသည်တို့ကို ယနေ့ ငါ အဓိကအားဖြင့် ဆွေးနွေးသွားမည်။ ဤအရာတို့ကို သင်တို့နားလည်သင့်ပေသည်။ ၎င်းကိစ္စရပ်များမှာ သင်တို့သည် ဘုရားသခင်ကို မည်ကဲ့သို့ယုံကြည်သည်၊ သန့်ရှင်းသော ဝိညာဉ်တော် ပြသောလမ်းတွင် သင်တို့ မည်ကဲ့သို့လျှောက်လှမ်းသည်နှင့် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း၌ သင် အဘယ်သို့ ဆက်ကပ်အပ်နှံသည်နှင့် သက်ဆိုင်ပြီး၊ သင်တို့၌ပြုသော ဘုရားသခင်၏အမှုတော် အဆင့်တိုင်းကို ၎င်းတို့က သင်တို့အား သိမြင်စေမည်။ သင်တို့သည် ထိုအဆင့်သို့ရောက်သောအခါ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်၊ ဘုရားသခင်ကို မည်ကဲ့သို့ သင့်တင့်လျောက်ပတ်စွာ ယုံကြည်ရမည်နှင့် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်ရန် အဘယ်အရာကို ပြုသင့်သည်ကို ကောင်းစွာသဘောပေါက်လာပေမည်။ ဤအရာသည် သင်တို့အား ဘုရားသခင်၏အမှုတော်ကို အပြည့်အဝ လုံးလုံးလျားလျား နာခံစေမည်ဖြစ်ပြီး၊ သင်တို့၌ ညည်းညူခြင်းများ ရှိတော့မည် မဟုတ်၊ သင်တို့သည် အကဲဖြတ်ခြင်း၊ သို့မဟုတ် စိစစ်ဆုံးဖြတ်ခြင်းများကို ပြုလုပ်လိမ့်မည်မဟုတ်၊ သုတေသနပြုဖို့ဆိုလျှင် ဝေးပေစွ။ ထို့ပြင် သင်တို့အားလုံးသည် သိုးကဲ့သို့ သင်တို့ကို ထိန်းကျောင်းရန်နှင့် အသေသတ်ဖို့ရန် ဘုရားသခင်ကို အခွင့်ပေးပြီး၊ သေသည့်တိုင်အောင် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိမည်ဖြစ်သည်။ ထိုသို့အားဖြင့် သင်တို့အားလုံး ၁၉၉၀ ခုနှစ်များ၏ ပေတရုများဖြစ်လာနိုင်ကာ အနည်းငယ်မျှ ညည်းညူခြင်းမရှိဘဲ ကားတိုင်ပေါ်တွင်ပင်လျှင် ဘုရားသခင်ကို အဆုံးစွန် ချစ်နိုင်မည်ဖြစ်သည်။ ထိုမှသာ သင်တို့သည် ၁၉၉၀ ခုနှစ်များ၏ ပေတရုများကဲ့သို့ အသက်ရှင်နိုင်မည် ဖြစ်သည်။

9/24/2019

လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ခရစ်တော်, ကောင်းကင်နိုင်ငံတော်, သမ္မာတရား, ကယ်တင်ခြင်း, ဝိညာဉ်တော်,

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် "သား" ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်နိုင်သည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ ယုံကြည်ထားကြသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ သူတို့ထင်မြင်ယူဆထားကြသည်။ ထိုမျှသာမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ကာ သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ အတိတ်ကာလများက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို ရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါဖန်ဆင်းခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါချမှတ်ထားသော စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို "ကိုယ်ခင်ပွန်းအလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်" ဟုပြောခဲ့သည်။ ထိုကဲ့သို့ သူပြောဆိုခဲ့သည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် သာမန်အသက်တာဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ အသက်တာများသည် ဖွဲ့စည်းတည်ဆောက်မှု ရှိနေရန်နှင့် သူတို့၏ သင့်လျော်ကောင်းမွန်သည့် စနစ်ကျနမှုမှ မကျဆင်းသွားရန်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သင့်လျော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ပေးခဲ့သည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာဖြစ်ပြီး ဘုရားသခင်ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းခဲ့သည့် လူသတ္တဝါများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်၊ လူသားမျိုးနွယ်တို့အနေဖြင့် ပုံမှန်အသက်တာများကို ရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ ယောက်ျားမိန်းမတို့အတွက် စည်းမျဉ်းများကို ဘုရားသခင်ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝတို့ကို ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်ထိုက်သည့်အတိုင်း သူ၏ဇနီးမယားကို ချစ်ခဲ့ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည်ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် အမျိုးသမီးဖြစ်နေသည်မှာ မှားယွင်းသည်ဆိုလျှင် ဘုရားသခင်က လူမိန်းမကို ဖန်ဆင်းခဲ့ခြင်းမှာ အကြီးမားဆုံးသော မဟာအမှားကြီး ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းမှာ မှားယွင်းသည်ဟု ယုံကြည်နေဆဲဖြစ်လျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သမ္မာတရားကို တိုင်းထွာသည့်အတွက် ကျေးဇူးတော်ကာလတွင် လူ့ဇာတိခံယူခဲ့သည့် သခင်ယေရှုကို အာဒံအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ သင်သည် ဝေဖန်မည်ပင်ဖြစ်သည်။ ယင်းတို့မှာ တစ်ခုတည်းဖြစ်ပြီး တူညီကြသည် မဟုတ်လော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် သင့်အနေဖြင့် ယနေ့ကာလ လူ့ဇာတိကိုခံယူခြင်း၏ သမ္မာတရားကို မြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် တရားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ထိုနည်းလမ်းဖြင့် တိုင်းတာခြင်းက သင်၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း သက်သေပြသည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့်အညီ နှစ်ကြိမ်တိုင် သူလူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ ယေရှုနှင့် အာဒံတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် လုံးဝခြားနားသည့် သဘာဝဗီဇနှစ်ခုရှိသည့် အမျိုးသားများဖြစ်ကြသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းဖြစ်သော်လည်း အမျိုးသားများအားလုံး၏ ဦးခေါင်းမဟုတ်သည်ကို သက်သေပြခြင်းမျိုး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သူသည် ယုဒလူမျိုးအားလုံးတို့၏ (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်) ရှင်ဘုရင်မဟုတ်လော။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခံသတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများအားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် ဖြစ်မည်မဟုတ်လော။ ယေရှုသည် ဖောက်ပြန်ဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင်ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်သနည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းနေလိမ့်မည် မဟုတ်လော။ ယေဟောဝါသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံ၏ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လော။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် လိင်အမျိုးအစားကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့်တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံခဲ့ရသည့်သူဖြစ်သောကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ "မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်းနာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း၊ သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ" ဟု သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားနိုင်မည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိခန္ဓာကို ပြစ်မှားနိုင်မည်လော။ အကယ်၍ သင်သည် ဤအချက်ကို မရှင်းလင်းပါက၊ သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏မိုက်မဲမှုနှင့် မသိနားမလည်မှုသည် ထုတ်ဖော်ခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျည်းတန်မှုသည်လည်း ဖော်ထုတ်ခြင်းခံရလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လက်ဟန်ခြေဟန်ပါပါနှင့် ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ ငါလူ့ဇာတိခံယူခဲ့ကြောင်းကို သင်တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်၌ အယူအဆများစွာ ရှိနေသည်၊ ယင်းမှထွက်လာသည့် အယူအဆများမှာ အဆုံးမရှိပေ။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမူ၊ သင်၌ အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အယူအဆများ ထွက်ပေါ်လာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် ထိုပထမအကြိမ်တွင် လူ့ဇာတိမခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ဝေဖန်ရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင်၌ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းက သင့်ကို အသိပညာများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက်ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ သူ့ကိုသုတေသနပြုဖို့ရန် သူသည်သင့်ကို အခွင့်ပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်ကို သုတေသနပြုနိုင်သည်၊ သို့သော်လည်း သင့်အနေဖြင့် ဘုရားသခင်၏ "မိသားစုရာဇဝင်" ကို သုတေသနပြုရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ကာလ၏ ဘုရားသခင်သည် ထိုကဲ့သို့သော လေ့လာမှုကိုပြုရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင်သည် မိမိကိုယ်မိမိ အထင်အမြင်သေးခံရအောင် လုပ်ဆောင်နေသည် မဟုတ်လော။

9/02/2019

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ကယ်တင်ခြင်း, အသင်းတော်, သမ္မာတရား, ဘုရားသခင်, ဝိညာဉ်တော်,

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုကို လူသားအား အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကိုသိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်ဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားသည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အမှုအလုံးစုံကို နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသားသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော်တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် ဘုရားသခင်တည်ရှိကြောင်းကို သူယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို သူယုံသည်၊ လူသားအပေါ်ထားသော ဘုရားသခင်၏မေတ္တာနှင့် လူကိုကယ်တင်လိုသည့် ဆန္ဒကိုလည်း သူယုံသည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရိုးသာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်တော်မှထွက်လာသော နှုတ်ကပတ်တော်သည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသား၏နှလုံးသား၊ အယူအဆ၊ စိတ်သဘောထားအဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုကဲ့သို့ စကားပြော၍ လူသားကို ထိုကဲ့သို့ကယ်တင်ရန် ကြွလာသည်။ ထိုအချိန်မှစ၍ လူသားသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ လူအားလုံးတို့သည် နှုတ်ကပတ်တော်၏ကမ္ဘာ၌ ရှင်သန်နေထိုင်လာကြသည်၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများအတွင်း၌ ရှင်သန်နေထိုင်လာကြသည်။ ထို့အပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် ရှင်သန်နေထိုင်လာကြသောသူများမှာ သာ၍ပင်များသေးသည်။ ဤနှုတ်ကပတ်တော်များနှင့် အမှုသည် လူသားကို ကယ်တင်ခြင်းအလို့ငှာ၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းခြင်းအလို့ငှာ၊ ဖန်ဆင်းခြင်းအဟောင်းဆိုင်ရာ လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့မှ လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် လောကဟောင်းတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့နောက်တွင်မှ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည်ဖြစ်သည်။ နိုင်ငံတော်ခေတ်တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အမှုကို လုပ်ရန်နှင့် သူ့အမှု၏ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့သြဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ တန်ခိုးများကိုလည်း ပြသခြင်းမရှိပါ။ သူ့အမှုကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်ခြင်းဖြစ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသားသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသားသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌ လူသည် တစ်မူထူးခြားသော ကောင်းချီးမင်္ဂလာများကို အမှန်တကယ် ရရှိခဲ့သည်။ လူသည် ဇာတိပကတိ၏ ဒုက္ခကို မခံရဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အလျှံအပယ် ထောက်ပံ့ကူညီမှု၌ အကယ်ပင် မွေ့လျော်နေသည်။ သူတို့သည် ဆက်ရှာဖို့ သို့မဟုတ် ခရီးဆက်သွားဖို့ မလိုတော့၊ သက်တောင့်သက်သာဖြင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ကြသည်၊ ဘုရားသခင် ကိုယ်တိုင် စကားပြောသည်ကို ကြားကြသည်၊ ဘုရားသခင်၏ ထောက်ပံ့ကူညီမှုကို လက်ခံရရှိကြသည်၊ ဘုရားသခင်က သူ့အလုပ်ကို ကိုယ်တိုင်လုပ်သည်ကို မြင်ကြသည်။ လွန်ခဲ့သော ခေတ်ကာလများတွင် လူသည် ထိုသို့သော အရာများ၌ မမွေ့လျော်နိုင်ပေ၊ ထိုအရာများသည် သူတို့ တစ်ခါမျှ မရဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်သည်။

7/25/2019

လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ယေရှု, အသင်းတော်, ဘုရားသခင်, နောက်ဆုံးသောကာလ,သမ္မာတရား,

လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်သည်၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အမှုအရာများကို ကိုင်တွယ်စီမံရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များအတွင်း၌ ဆုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ပေးခြင်းဖြင့် ရရှိသည်မဟုတ်ပေ။ သို့သော် လူသား၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှား၍ သူ၏အလားအလာများကို ပပျောက်စေခြင်းမှတစ်ဆင့် သူ၏သစ္စာစောင့်သိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ထို့နောက်တွင်မှ ပြုလုပ်ပါက၊ လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့် ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသော နာခံမှုနှင့် ကိုးကွယ်မှုတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ မျက်ကန်းတောတိုး၊ အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် အသိဉာဏ်ကင်းမဲ့သည့် တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်သောကြောင့် လူသား၏နှလုံးသားကို အပြည့်အဝသိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်အပေါ် သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည် သူတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲ ဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။ လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍ မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့် ၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ ဘုရားသခင်ကိုချစ်၍ သူ့ကိုကိုးကွယ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် လူသားကိုသိမ်းပိုက်ရာတွင် လူသား၏အတ္တဆန်မှု၊ လောဘနှင့် ဘုရားသခင်ကို သူကိုးကွယ်ရာတွင် အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏ သက်ရောက်မှုများကို ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင် လူသား၏ ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်တို့ကို ဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသပြီး၊ လူ့ဘဝအကြောင်း သူ၏အသိကို ပြောင်းလဲရန်၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ့ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။ သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင် ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်သည်မဟုတ်ဘဲ၊ သူ၏ဘုန်းတော်အတွက်နှင့် ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက် သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ပါက၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည် လူသားကို စွန့်လွှတ်၍ လူသား၏သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ၊ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားကို သူသိမ်းပိုက်ပြီးနောက်ပိုင်းတွင် သူ့ကိုရယူခြင်းနှင့် အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌ လူသားရောက်ရှိခြင်းသည်သာလျှင် ကယ်တင်ခြင်းအမှုအားလုံး၏ အချက်အချာတွင်ရှိကာ၊ ဤသည်သာလျှင် လူသားကိုကယ်တင်ခြင်း၏ ရည်မှန်းချက်ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လှပသည့်ခရီးပန်းတိုင်သို့ လူသားရောက်ရှိခြင်းနှင့် နားနေခြင်းသို့ သူ၏ဝင်ရောက်ခြင်းသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများဖြစ်ပြီး ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။ အကယ်၍ လူသားက ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ၊ ထို့အပြင် လူသားသည် မိမိ၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ လူသားကို သူကယ်တင်သဖြင့် လူသားကို လုံးလုံးလျားလျား သူကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်ပေးလိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် ဆောင်ရွက်သည့်အမှုဖြစ်သည်။ လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့် သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်း အဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့် သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုဆောင်သည့်အတွက် လူသားတွင် ခရီးပန်းတိုင်ရှိ၍ ၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည် အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပါ။ ၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။ လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည် ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ် တမ်းတခြင်းများဖြစ်ကာ လူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ ထိုအတောအတွင်း လူသားအတွက် ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာ လူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။ ၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍ လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။

7/14/2019

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်

 အသက်, သမ္မာတရား, ဘုရားသခင်, ခရစ်တော် , ဝိညာဉ်တော်,

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့်စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့်အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု အဖို့အလို့ငှာ ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံးတွင် အလုပ်အားလုံး၏ အဓိကအချက်အချာ၌ ခရစ်တော်၏အလုပ် ရှိပေသည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့်အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူ့ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ လူ့ဇာတိကို သူခံယူသည့်အတွက် သူလုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော်ကိုလည်း သူဖော်ဆောင်သည်။

7/13/2019

ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

အသက်, သမ္မာတရား, ဘုရားသခင်, ယုံကြည်ခြင်း, ယေရှု,

ဘုရားသခင် အပေါ်၌ ထားသော လူအများစု၏ ယုံကြည်ခြင်းသည် ဘာသာရေးဆိုင်ရာ ခံယူချက်တစ်ခုသာ ဖြစ်သည်- သူတို့သည် ဘုရားသခင်ကို ချစ်နိုင်စွမ်း မရှိကြပေ။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် တောင့်တခြင်း သို့မဟုတ် မြတ်နိုးခြင်း မရှိဘဲ ဘုရားသခင် နောက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့သာ လိုက်နိုင်ကြသည်။ သူတို့သည် ဘုရားသခင်၏ နောက်သို့ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ကြသည်။ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ချစ်သောသူ အနည်းငယ်သာ ရှိသည်။ သူတို့သည် ကပ်ဘေးဒုက္ခကို “ကြောက်လန့်” ကြသောကြောင့်သာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်သည် မြင့်မြတ်ပြီးတန်ခိုးကြီးသောကြောင့် ဘုရားသခင်ကို “လေးစား” ကြခြင်း ဖြစ်သည်။ သူတို့၏ ရိုသေလေးစားမှုနှင့် နှစ်သက်သဘောကျမှုတွင် ချစ်ခြင်းမေတ္တာနှင့် စစ်မှန်သော တောင့်တမှု မပါပေ။ သူတို့သည် သမ္မာတရား၏ အရေးမပါသော အစိတ်အပိုင်းလေးများ သို့မဟုတ် အရေးမပါသည့် လျို့ဝှက်ဆန်းကြယ်မှုများကို သူတို့၏ အတွေ့အကြုံများ၌ ရှာဖွေကြသည်။ လူအများစုသည် ဘုရားသခင် နောက်သို့ လိုက်သည် ဆိုရုံသာ လိုက်ကြသည်။ သူတို့သည် ကောင်းကြီမင်္ဂလာများ ရရန် အတွက်သာ ရေနောက်နေစဉ် အခွင့်ကောင်းယူကာ ငါးဖမ်းသကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရန်အတွက် သမ္မာတရားကိုလည်း မရှာဖွေကြ၊ ဘုရားသခင်ကိုလည်း အမှန်တကယ် မနာခံကြ။ ဘုရားသခင်ကို ယုံကြည်ကြသောသူအားလုံးတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်မဲ့ကြသည်။ တန်ဖိုးလည်း မရှိပေ။ သူတို့၏ ယုံကြည်ခြင်း၌ သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့် သူတို့ လိုချင်သော အရာများကို ရှာဖွေခြင်းတို့သာ ရှိသည်၊ ဘုရားသခင်ကို ချစ်ရန်အတွက် ယုံကြည်ကြခြင်း မဟုတ်ဘဲ ကောင်းကြီးမင်္ဂလာ ခံစားရရန်အတွက်သာ ယုံကြည်ကြသည်။ များစွာသောသူတို့သည် သူတို့ စိတ်တိုင်းကျ ပြုမူ လုပ်ဆောင်ကြသည်။ သူတို့ လုပ်ချင်သည့် အရာကို လုပ်ကြသည်။ သို့ရာတွင် ဘုရားသခင်၏ အကျိုးအတွက် မည်သည့်အခါမျှ စဉ်းစားခြင်း မရှိ၊ သို့မဟုတ် သူတို့လုပ်သည့် အရာများသည် ဘုရားသခင်၏ အလိုနှင့် ညီ၊ မညီကို တစ်ခါမျှ စဉ်းစားခြင်း မရှိပေ။ ထိုသို့သောသူများသည် ဘုရားသခင်ကိုချစ်ရန် မဆိုနှင့် စစ်မှန်သော ယုံကြည်ခြင်းကိုပင် ရရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူသားတို့ ယုံကြည်ရုံအတွက်သာ မဟုတ်၊ လူသားတို့ ချစ်ခင်ရန်အတွက်လည်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ”လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အား မချစ်ရဲကြ၊ ဘုရားသခင်အား ချစ်ရန် အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ ရှာဖွေတွေ့ ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် လူသားတို့ကို ချစ်သောဘုရား ဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားတို့ ချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့ တစ်ခါမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။

7/06/2019

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

ခရစ်တော်, ဆုတောင်း, အသက်, သမ္မာတရား, ဘုရားသခင်၏ နှုတ်ကပတ်တော်

သင်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဆုတောင်းခြင်းကို သင်တို့ အရေးမစိုက်ဘူး။ လူတွေက ဆုတောင်းခြင်းကို အမြဲတမ်းပဲ လျစ်လျူရှုထားကြတယ်။ အရင်က ဆုတောင်းတဲ့အခါ သူတို့က စိတ်ဝင်စားမှု မရှိဘဲနဲ့ ဆုတောင်းကြတယ်၊ ဆုတောင်းတာကို အပျော်လုပ်ကြတယ်။ ပြီးတော့ ဘယ်သူကမှ သူတို့ရဲ့ နှလုံးသားကို ဘုရားထံ အပြည့်အဝ မပေးကြဘူး၊ ဘုရားထံ အမှန်တကယ် ဆုမတောင်းကြဘူး။ လူတွေက သူတို့ တစ်ခုခုဖြစ်မှ ဘုရားကို ဆုတောင်းကြတယ်။ ဒီအချိန်တစ်လျှာက်လုံးမှာ သင်ဘုရားကို အမှန်တကယ် ဆုတောင်းဖူးသလား။ ဘုရားရှေ့မှာ နာကျင်မှု မျက်ရည်တွေနဲ့ ငိုကြွေးဖူးသလား။ ဘုရားရှေ့မှာ သင့်ကိုယ်သင် သိမြင်လာခဲ့ဖူးသလား။ ဘုရားနဲ့ နှလုံးသားချင်း ဆက်သွယ်ကာ ဆုတောင်းဖူးသလား။ ဆုတောင်းခြင်းဟာ တဖြည်းဖြည်း လေ့ကျင့်ရပါတယ်။ သင်အိမ်မှာ ပုံမှန် ဆုတောင်းလေ့ မရှိဘူးဆိုရင် ဘုရားကျောင်းမှာလည်း ဆုတောင်းမှာ မဟုတ်ဘူး။ အစည်းအဝေး အသေးစားတွေမှာ ဆုတောင်းလေ့ မရှိရင် အကြီးစား အစည်းဝေးပွဲတွေမှာ ဆုတောင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ သင်ဟာ ဘုရားထံ ပုံမှန်ချဉ်းကပ်လေ့မရှိဘူး (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဆင်ခြင်သုံးသပ်လေ့ မရှိဘူးဆိုရင် ဆုတောင်းတဲ့ အချိန်ရောက်တဲ့အခါ သင့်မှာ ဘာမှ ပြောစရာရှိမှာ မဟုတ်ဘူး။ ဆုတောင်းဖြစ်ရင်တောင်မှ သင့်ရဲ့ နှုတ်ခမ်းတွေပဲ လှုပ်နေမှာ၊ စစ်မှန်သော နည်းလမ်းနဲ့ ဆုတောင်းဖြစ်မှာ မဟုတ်ဘူး။

6/30/2019

ဖောက်ပြန်ပျက်ဆီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

သမ္မာတရား, အသက်, ဝိညာဉ်တော်, ဘုရားသခင်, ယုံကြည်ခြင်း,

လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက လူသား၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်၏ ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်က လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ချိုးဖဲ့ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စစ်ဆေးခြင်း မရှိဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က သန့်စင်ခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပါ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု ဆိုလျှင် သင်သည် ဝင့်ဝါစိတ်ဖြင့် ပြောဆိုသူဖြစ်ပြီး ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူသားများသည် ကောင်းကင်တမန်မင်း ဖြစ်၏။ လူသား၏ မွေးရာပါ သဘောသဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ ဘုရားသခင်က စုံလင်စေခြင်း အားဖြင့် လူသားသည် ၎င်း၏မွေးရာပါ သဘောသဘာဝ စိတ်ကို စွန့်ပစ်ရမည်။ ထို့နောက် ဘုရားသခင်၏ အလိုကို ဂရုပြုခြင်းအားဖြင့်သာ ဘုရားသခင် အလိုကို ဖြည့်ဆည်းသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံယူမှသာ ဘုရားသခင်သည် ထိုသူ၏ အသက်တာကို လက်ခံနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

6/29/2019

သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည်

ယုံကြည်ခြင်း, အသက်, ဘုရားသခင်, သမ္မာတရား, အသင်းတော်,

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့် ကောင်းကင်ဘုံတွင်ရှိသော ဘုရားနှင့် ပတ်သက်ပြီး၊ ထိုသူတို့တွင် လုံးဝမတူညီသည့် အမြင်နှစ်မျိုး အစဉ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကိုနာခံ ရန်မဟုတ်ဘဲ၊ ၎င်းတို့ အတွက် အကျိုးအမြတ်အချို့ရရှိရန် သို့မဟုတ် ဘေးဒုက္ခ ခံစားရခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ သို့မှသာ နာခံမှုအနည်းငယ် ရှိကြသည်။ သို့သော် ထိုသူတို့၏ နာခံမှု မှာ၊ အခြေအနေအရသာ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူး အတွက်ဖြစ်ပြီး၊ ၎င်းတို့ကို အတင်းအကျပ် လုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သင်၏ အကျိုးအမြတ်များနှင့် သင်၏ကံကြမ္မာတို့အတွက် သက်သက်ဆိုလျှင် သင်မယုံကြည်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ယုံကြည်ခြင်းသည်၊ ကိုယ့်ကိုယ်ကို လှည့်ဖြားခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ချမှုရှိစေခြင်းနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းအုတ်မြစ်အပေါ် တည်ဆောက် မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရပါမည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်းခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။

6/20/2019

အခန်း ၃


အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနှုတ်ခြင်းကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းသို့ ဆောင်ယူခဲ့လေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ဆုပ်ကိုင်၍၊ သူ၏ ဘုရားဖြစ်ခြင်း ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲမှ သက်ရှိအပေါင်းကိုသာမက၊ မှောက်မှားခြင်း စပျစ်ရည်၌ ယစ်မူးနေကြသူများကိုလည်း တရားစီရင်လေ၏။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်၊ ထို့ပြင် သူသည် ၎င်းတို့ကို မုချ အမျက်ထွက်မည်ဖြစ်၍၊ ယင်း၌ ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်လိမ့်မည်။ ယင်းကဲ့သို့ တရားစီရင်ခြင်းသည် ချက်ချင်းပင် ဖြစ်ကာ၊ နှောင့်နှေးခြင်းအလျှင်းမရှိ ချမှတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို မီးရှို့ဖျက်ဆီးမည် ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် အံကို ခဲကြိတ်ကာ ငိုကြွေး ကြလေမည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေလိမ့်မည်။

6/16/2019

အခန်း ၂


ဖီလာဒဲဖီးယားအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့်လုံးလုံးဖြစ်၏။ သန့်ရှင်းသူတို့မှာ ဘုရားသခင်အတွက် ၎င်းတို့၏မေတ္တာကို ရှေ့တော်သို့ဆောင်ယူခဲ့ကြပြီး ၎င်းတို့၏ ဝိညာဉ်ရေးလမ်းကြောင်းမှ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ကြ။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်မှ လူသားအဖြစ်ကို ခံယူခဲ့သည့်အကြောင်းကို ခိုင်မြဲစွာယုံကြည်ကြကာ ကိုယ်တော်သည် စကြဝဠာ၏ ဦးဆောင်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို အုပ်ချုပ် လျက်ရှိ၏။ ယင်းအကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကလည်း အတည်ပြု၍ ယင်းအတွက် အလွန်တရာခိုင်မာသော သက်သေပြချက်၏ ပံ့ပိုးမှု လည်းရှိပေ၏။ ၎င်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။

6/13/2019

လမ်းကြောင်း… (၆)

သမ္မာတရား, အသက်, ဘုရားသခင်, ဆုတောင်း, ယုံကြည်ခြင်း,

မျက်မှောက်ခေတ်သို့ ငါတို့ရောက်ရှိလာခြင်းသည် ဘုရားသခင်၏ အမှုကြောင့်ဖြစ်သည်။ ထိုကြောင့် ငါတို့အားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုတွင် အသက်ရှင်ကျန်ရှိနေသူများဖြစ်ကြ၍ ယနေ့တိုင်အောင် ငါတို့ အသက်ရှင်ရပ်တည်လာနိုင်ခြင်းသည် ဘုရားသခင်၏ ကြီးမားသော မြှင့်တင်ပျိုးထောင်ပေးခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်အရ အဆင်းနီသော နဂါးကြီး၏နိုင်ငံသည် ဖျက်ဆီးခြင်းကို ခံရသင့်သည်။ သို့ရာတွင် သူသည် အစီအစဉ်နောက်တစ်ခု တည်ထောင်ထားပြီးဖြစ်သည်ဟု ငါထင်သည်၊ သို့မဟုတ် သူ့အမှု၏ နောက်တစ်ပိုင်းကို ဆောင်ရွက်လိုသည်ဟု ငါထင်သည်။ ထိုကြောင့် ထိုအကြောင်းအရာကို ငါသည် ယနေ့ထက်ထိ ရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်ခြင်း မရှိသေးသဖြင့် ၎င်းသည် အဖြေရှာ၍မရနိုင်သော ပဟေဠိကဲ့သို့ ဖြစ်နေပေသည်။ သို့ရာတွင် အားလုံးကို ခြုံငုံ၍ပြောရသော် ငါတို့အုပ်စုကို ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး၊ ဘုရားသခင်သည် ငါတို့အထဲ၌ အခြားလုပ်စရာရှိဦးမည်ဟု ငါဆက်လက်၍ ယုံကြည်သည်။ သို့ဖြစ်၍ ငါတို့အားလုံး ကောင်းကင်ဘုံထံ ဤကဲ့သို့ အသနားခံရမည်။ "ကိုယ်တော်၏အလိုတော် ပြည့်စုံပါစေ။ ကိုယ်တော်၏ ဘုန်းတန်ခိုးနှင့် မျက်နှာတော်ကို ပို၍ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ ကိုယ်တော်ဖုံးကွယ်မထားဘဲ ကိုယ်တော် ကျွန်ုပ်တို့ထံသို့ နောက်တစ်ဖန် ပေါ်ထွန်းတော်မူပါ။" ဘုရားသခင် ငါတို့ကို ဦးဆောင်သောလမ်းသည် ဖြောင့်ဖြူးသောလမ်း မဟုတ်ဘဲ ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကွေ့ကောက်သောလမ်းဖြစ်သည်ဟု ငါအမြဲခံစားရသည်။ လမ်းခရီးသည် ကြမ်းတမ်လေလေ ငါတို့၏ နှလုံးသားမှ မေတ္တာကို ဖော်ပြခွင့်ရလေလေ ဖြစ်သည်ဟု ဘုရားသခင်မိန့််တော်မူသည်။ သို့ရာတွင် ငါတို့အထဲမှ မည်သူမျှ ထိုလမ်းမျိုးကို မဖောက်နိုင်ပေ။ ငါ့ဘ၀အတွေ့အကြုံတွင် ကြမ်းတမ်းပြီး အန္တရာယ်များသော ခရီးလမ်းများစွာကို လျှောက်လှမ်းခဲ့ဖူးပြီး ကြီးစွာသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရဖူးသည်။ ငါသည် တစ်ခါတစ်ရံ ဟစ်အော်ပစ်လိုက်ချင်သည်အထိ ကြီးစွာပင် သောကရောက်ခဲ့သည်။ သို့ရာတွင် ငါသည် ဤခရီးလမ်းကို ယနေ့ထိတိုင် လျှောက်လှမ်းခဲ့သည်။ ဤခရီးလမ်းသည် ဘုရားသခင်ဦးဆောင်လမ်းပြသောလမ်းဖြစ်သည်ဟု ငါယုံကြည်သောကြောင့် ဆင်းရဲဒုက္ခအားလုံးကို ငါကြံ့ကြံ့ခံ၍ ခရီးဆက်သည်။ ဤအရာကို ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည်ဖြစ်၍ မည်သူလွဲရှောင်နိုင်အံ့နည်း။ မည်သည့်ကောင်းချီးများကိုမျှ ရရှိရန် ငါမတောင်းဆိုပါ။ ဘုရားသခင်၏ အလိုတော်အတိုင်း ငါလျှောက်လှမ်းရမည့်လမ်းကို ငါလျှောက်လှမ်းနိုင်ရန်အတွက်သာ ငါတောင်းဆိုသည်။ သူတစ်ပါးကို အတုခိုးရန် သို့မဟုတ် သူတို့လျှောက်သောလမ်းကို လျှောက်လှမ်းရန် ငါမကြိုးပမ်း။ ငါ့အတွက် သတ်မှတ်ထားသောလမ်းကို အဆုံးတိုင်အောင် လျှောက်လှမ်းရန်ဖြစ်သည့် ငါ၏ဆပ်ကပ်မြှုပ်နှံမှုကို ဖြည့်ဆည်းရန်အတွက်သာ ငါကြိုးစားအားထုတ်သည်။ သူတစ်ပါး၏ အကူအညီကို ငါမမျှော်ကိုးပါ။ ပွင့်လင်းစွာ ပြောရလျှင် အခြားသူများကိုလည်း ငါမကူညီနိုင်ပါ။ ဤကိစ္စတွင် ငါသည် အလွန်စိတ်ဆတ်သောသူ ဖြစ်ဟန်တူသည်။ သူတစ်ပါး မည်သို့ထင်မြင်သည်ကို ငါမသိပေ။ ထိုသို့ဖြစ်ရခြင်းမှာ လူတစ်ဦးတစ်ယောက်သည် ဒုက္ခဆင်းရဲကို မည်သည့်အတိုင်းအတာအထိခံရမည်နှင့် သူတို၏လမ်းခရီးကို မည်မျှဝေးလံသည်အထိ လျှောက်လှမ်းရမည်တို့ကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်ထားခြင်းဖြစ်၍ မည်သူမျှ အခြားသူကို မကူညီနိုင်ဟု ငါအမြဲတမ်း ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ စိတ်အားထက်သန်သော ငါတို့၏ ညီအစ်ကိုမောင်နှမအချို့က ငါ၌ ချစ်ခြင်းမေတ္တာခေါင်းပါးသည်ဟု ပြောကောင်းပြောပေမည်။ သို့သော်ငြားလည်း ငါသည် ထိုသို့သာ ယုံကြည်သည်။ လူတို့သည် ဘုရားသခင်၏ လမ်းပြပို့ဆောင်မှုကို အမှီပြု၍ မိမိလမ်းခရီးကို လျှောက်ကြခြင်းဖြစ်ပြီး၊ ငါ၏ညီအစ်ကိုမောင်နှမအများစုသည် ငါ့နှလုံးသားကို နားလည်ကြမည်ဟု ငါယုံကြည်သည်။ ငါတို့၏မေတ္တာသည် ပိုမိုစင်ကြယ်လာကာ ငါတို့၏ခင်မင်မှုသည် ပိုမိုတန်ဖိုးရှိလာစေရေးအတွက် ဘုရားသခင်က ငါတို့ကို ဤကိစ္စနှင့်ပတ်သက်၍ သာ၍ကြီးသော ဉာဏ်အလင်း ထောက်ပံ့ပေးရန်ကိုလည်း ငါမျှော်လင့်သည်။ ဘုရားသခင်၏ ဦးဆောင်မှုကို အခြေခံ၍ ငါတို့၏အချင်းချင်းဆက်ဆံမှုကို တည်ဆောက်နိုင်ရန်အတွက် ဤအကြောင်းအရာအပေါ် စိတ်ရှုပ်ထွေးမှုမရှိဘဲ ပို၍ရှင်းလင်းစွာ မြင်သာနိုင်စေပါ။