菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ဝိညာဉ်တော်. Show all posts
Showing posts with label ဝိညာဉ်တော်. Show all posts

1/02/2020

တံခါးကိုခေါက်နေခြင်း - ကိုယ်တော်ရှင် ကြွချီလာခြင်းကို ကြိုဆိုဖို့ အရေးကြီးဆုံးလက်တွေ့လုပ်ဆောင်ရမှာက ဘာလဲ (အပိုင်း၁/၅)

 

"ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။" (ရှင်ယောဟန် ၁၀:၂၇) လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။ ဗျာဒိတ်ကျမ်းမှာလည်း ကြိမ်ဖန်များစွာ ယခုလို ပရောဖက်ပြုထားပါတယ်။ "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။" ဝိညာဉ်တော်ရဲ့အသံနဲ့နှုတ်ကပတ်တော်တွေဟာ ကိုယ်တော်ရှင်ရဲ့အသံတော်ဖြစ်ပြီး၊ ဘုရားသခင်ရဲ့သိုးတွေကသာ ဘုရားသခင်ရဲ့အသံတော်ကို နားထောင်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ခြင်းကို ကြိုဆိုဖို့၊ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလက်တွေ့လုပ်ဆောင်ရမှာက ဘာလဲ။

အကြံပြုစာမျာ:

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

12/09/2019

လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

ဝိညာဉ်တော်, အသက်, ဘုရားသခင်, ဆုတောင်း, ကယ်တင်ခြင်း,

အကယ်၍ လူများသည် လူ့အသက်တာ၏ လမ်းကြောင်းမှန် သာမက ဘုရားသခင်၏ လူသားမျိုးနွယ် ကို စီမံခန့်ခွဲသည့် ရည်ရွယ်ချက်ကိုပါ အမှန်တကယ် အပြည့်အဝ နားလည်ပါက၊ ၄င်းတို့အနေဖြင့် တစ်သီး ပုဂ္ဂလအနာဂတ်နှင့် ကံကြမ္မာကို ၄င်းတို့၏ နှလုံးသားတွင် ရတနာတစ်ပါးအဖြစ် ကိုင်စွဲထားမည် မဟုတ်ပေ။ ၄င်းတို့သည် ဝက်များနှင့် ခွေးများထက် ဆိုးဝါးသည့် ၄င်းတို့၏ မိဘများကို ဆက်လက်၍ အစေကျွန်ခံရန် ဆန္ဒရှိမည် မဟုတ်တော့ပါ။ လူသား၏ အနာဂတ်နှင့် ကံကြမ္မာသည် လက်ရှိကာလတွင် ခေါ်တွင်သည့် ပေတရု ၏ “မိဘများ” အတိအကျပင် မဟုတ်လော။ ယင်းတို့က လူသား၏ ကိုယ်ပိုင်အသွေးနှင့် အသားနှင့် အလားတူ သာ ဖြစ်ပါသည်။ ဇာတိပကတိ၏ အနာဂတ်ဖြစ်သည့် ခရီးဆုံးပန်းတိုင်က အသက်ရှင်နေစဉ် ဘုရားသခင်ကို မြင်လိမ့်မည်လော၊ သို့မဟုတ် သေဆုံးပြီးချိန်တွင် ဝိညာဉ်က ဘုရားသခင်နှင့် ဆုံဆည်းလိမ့်မည်လော။ နက်ဖြန်နေ့တွင် ဇာတိပကတိသည် ကြီးစွာသော ဘေးဒုက္ခများကဲ့သို့ ကြီးမားသော မီးဖိုကြီးထဲတွင် အဆုံး သတ်လိမ့်မည်လော၊ သို့တည်းမဟုတ် ယင်းသည် လောင်သောမီးအတွင်းတွင် ရှိလိမ့်မည်လော။ ဤကဲ့သို့ သော မေးခွန်းများမှာ လူသား၏ ဇာတိပကတိသည် ကံမကောင်း အကြောင်းမလှမှုများကို ကြံ့ကြံ့ခံနိုင်၊ မခံနိုင် သို့မဟုတ် ယခုရေစီးကြောင်းတွင် ရှိနေသော ဦးနှောက်ရှိပြီး စိတ်မှန်သည့် မည်သူမဆို အများဆုံး စိုးရိမ်နေကြ သည့် သတင်းကြီးကို ခံယူနိုင်၊ မခံယူနိုင်နှင့် ပတ်သက်နေသည် မဟုတ်လော။ (ဤနေရာတွင် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်း ဆိုသည်မှာ ကောင်းချီးများ လက်ခံရရှိခြင်းကို ရည်ညွှန်းပါသည်၊ ဆင်းရဲဒုက္ခ ဆိုသည်မှာ လူသားတို့၏ ခရီးဆုံးပန်းတိုင်အတွက် အကျိုးရှိမည့် အနာဂတ် စမ်းသပ် စစ်ဆေးမှုများကို ဆိုလိုပါသည်။ ကံမကောင်း အကြောင်းမလှမှုက မြဲမြံစွာ မရပ်တည်နိုင်မှု သို့မဟုတ် လှည့်ဖျားခံရမှုကို ရည်ညွှန်းပါသည်၊ သို့မဟုတ် တစ်စုံတစ်ဦးက ကံမကောင်းအကြောင်းမလှသည့် အခြေအနေများနှင့် ရင်ဆိုင်ရပြီး ဘေးဒုက္ခကြားတွင် မိမိ၏ အသက်တာကို ဆုံးရှုံးရလိမ့်မည်ဟု ယင်းက ဆိုလိုပါသည်၊ ထို့အပြင် စိတ်ဝိညာဉ်အတွက် ဆီလျော်သည့် ခရီးဆုံးပန်းတိုင် မရှိပါ။) လူသားများကို ခိုင်လုံသော ဆင်ခြင် တုံတရား ပံ့ပိုးထားပါသော်လည်း ၄င်းတို့၏ တွေးတောမှုက ၄င်းတို့ကို ပံ့ပိုးထားသည့် ဆင်ခြင်တုံတရားနှင့် အပြည့်အဝ မကိုက်ညီပါ။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းတို့အားလုံးသည် ဇဝေဇဝါဖြစ်ပြီး အမှုအရာများနောက်သို့ မျက်စိစုံမှိတ် လိုက်သောကြောင့် ဖြစ်သည်။ ၄င်းတို့အနေဖြင့် မည်သည့်အရာအထဲသို့ ဝင်ရောက်သင့် ကြောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခ ကျရောက်ချိန်တွင် (မီးဖိုကြီး၏ စစ်းဆေးပြုပြင်ခြင်း အတောအတွင်းကို ဆိုလိုသည်) မည်သည့်အရာအထဲသို့ ဝင်ရောက်သင့်သည်ကို အထူးသဖြင့် ဝေခွဲသင့်ကြောင်းနှင့် မီးဖြင့် စမ်းသပ်စစ်ဆေးမှုတွင် မည်သည့်အရာကို ယူတင်ဝတ်ဆင် ထားသင့်ကြောင်း စသည်တို့နှင့် ပတ်သက်သော စေ့စပ်သေချာသည့် နားလည်မှုကို ၎င်းတို့အားလုံး၌ ရှိသင့်သည်။ ဝက်များနှင့် ခွေးများပမာ သို့မဟုတ် ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက် ဆိုးဝါးသည့် သင်၏ မိဘများ (ဇာတိပကတိကို ဆိုလိုပါသည်) ကိုသာ အစဥ်တစိုက် အစေကျွန် ခံမနေပါနှင့်။ ယင်းအပေါ်ကို သောကပွားပြီး ပြင်းပြင်းထန်ထန် စဉ်းစားကာ သင်၏ ဦးနှောက်ကို ခြောက်အောက်လုပ်နေခြင်းမှာ အဘယ်ကျေးဇူး ရှိသနည်း။ ဇာတိပကတိသည် သင်နှင့် မသက် ဆိုင်သော်လည်း၊ ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်ကိုပင် အမိန့်ပေးသော ဘုရားသခင်၏ လက်၌ ရှိသည်။ (ဇာတိပကတိကို စာတန်မှ ပိုင်သည်ဟု နဂိုကဆိုလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာတန် သည်လည်း ဘုရားသခင်၏ လက်၌ ရှိသည့်အတွက်ကြောင့် ဤကဲ့သို့သာ ဆိုနိုင်ပါသည်။ ယင်းကို ဤသို့သော နည်းလမ်းနှင့် ပိုဆွဲဆောင်အောင် ပြောနိုင်သည့်အတွက် ဖြစ်သည်- ယင်းက လူများသည် စာတန်၏ အုပ်စိုးမှု အောက်တွင် လုံးဝရှိနေခြင်း မဟုတ်ပဲ၊ ဘုရားသခင်၏ လက်၌ရှိသည်ဟု ဆိုလိုပါသည်။) သင်သည် ဇာတိ ပကတိ၏ နှိပ်စက်မှု အောက်၌ အသက်ရှင်နေသော်လည်း၊ ဇာတိပကတိသည် သင်နှင့် သက်ဆိုင်ပါ၏လော။ ယင်းသည် သင်၏ ထိန်းချုပ်မှု အောက်၌ ရှိပါ၏လော။ အဘယ့်ကြောင့် ထိုအပေါ်တွင် သင်၏ ဦးနှောက်ကို အခြောက်ခံ နေရသနည်း။ ကြာမြင့်စွာ ကတည်းမှ ရှုတ်ချခြင်း ခံထားရကာ ကျိန်ခြင်းခံထားရသော မသန့်ရှင်း သည့် ဝိညာဉ်များကြာင့် ညစ်ညမ်းနေသော သင်၏ ပုပ်ပျက်နေသည့် ဇာတိပကတိအတွက် ဘုရားသခင်ထံမှာ အဘယ်ကြောင့် လွန်လွန်ကဲကဲ အသနားခံနေရသနည်း။ စာတန်၏ အပေါင်းအပါများကို သင်၏ နှလုံးသား အနီး၌ အမြဲထားဖို့ အဘယ့်ကြောင့် အပင်ပန်းခံ နေမည်နည်း။ ဇာတိပကတိက သင်၏ စစ်မှန်သော အနာဂတ်၊ အံ့သြဖွယ် မျှော်လင့်ချက်များနှင့် သင့်ဘဝ၏ ခရီးပန်းတိုင် အစစ်အမှန်အား ဖျက်ဆီးမည်ကို သင်မစိုးရိမ် သလော။

11/08/2019

ထာဝရအသက်လမ်းခရီးဆိုသည်မှာ အဘယ်နည်း

ယေရှု, ပရောဖက်ပြုချက်, ဝိညာဉ်တော်, ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်,

ယောင်ချင်း

သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား။

သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။

11/06/2019

အရှေ့ရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အဘယ်နည်း

ဝိညာဉ်တော်, သမ္မာတရား, သခင်ယေရှု, ကယ်တင်ခြင်း,ပရောဖက်ပြုချက်,

ယခု ကျွန်ုပ်တို့ နောက်ဆုံးသော ကာလတွင် ရောက်ရှိနေပြီဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သည့် ပရောဖက်ပြုချက်များ အခြေခံကျကျ ပြည့်စုံပြီဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသော အထောင်အသောင်း ယုံကြည်သူများသည် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ပြင်းပြစွာ မျှော်လင့်နေကြ၏။ သို့သော် တစ်ချိန်တည်းတွင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု ပြန်ကြွလာနှင့်ပြီ၊ ယင်းမှာ နောက်ဆုံးသော ကာလ လူ့ဇာတိခံယူခြင်းဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ ဘုရားအိမ်တော်မှ အစပြုသည့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်ပြီးနှင့်ပြီဟု ပွင့်ပွင့်လင်းလင်း သက်သေခံလေသည်။ အရှေ့ရပ်မှ လျှက်ပြက်ခြင်း ပေါ်ထွက်ခြင်းသည် ဘာသာရေးလောကတစ်ခုလုံးအပြင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ဆာငတ်သူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းမှတဆင့်၊ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု အတည်ပြုခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက်သို့ လာကြလေသည်။ ဤအရာက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအပြင်၊ စီစီပီအစိုးရကို ချောက်ချားသွားစေခဲ့သည်။ သူတို့သည် ကောလဟလများစွာကို လုပ်ကြံဖန်တီးရင်းနှင့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မိစ္ဆာအယူဝါဒအဖြစ် ရက်ရက်စက်စက် ရှုတ်ချကာ သွားပုပ်လေလွင့်ပြောဆိုရင်း၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ဖိနှိပ်ဖို့ရန်နှင့် တရားမဝင်ကြောင်းကြေငြာဖို့ရန် အတူတကွ ပေါင်းကြံခဲ့ကြသည်။ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေပြီး လေ့လာဆန်းစစ်လိုသည့် စစ်မှန်သည့် ယုံကြည်သူများကို တားဆီးဖို့နှင့် နှောင့်ယှက်ဖို့ရန် သူတို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ သခင်ယေရှုကို ရက်စက်စွာ ဖိနှိပ်ဖို့ ဂျူးဘာသာရေးလောကကိုယ်၌က ရောမအစိုးရနှင့် ပူးပေါင်းခြင်းတည်းဟူသော သမိုင်းဆိုင်ရာ အဖြစ်ဆိုးက တစ်ဖန် ဖြစ်ပျက်လျက်ရှိသည်။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု၏ ပြန်ကြွလာခြင်း ဟုတ် မဟုတ်၊ ဘုရားသခင်၏ အမှုတော် ဟုတ် မဟုတ်နှင့်ပတ်သက်ပြီး အမြင်များက ခြားနားကြသည်။ လူအချို့က ၎င်းတို့၏ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့တွင် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများနှင့်အတူ လိုက်သွားကြသော်လည်း၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းသည် “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟူသည့် သမ္မာကျမ်းစာထဲက သခင်ယေရှု၏ ပရောဖက်ပြုချက်နှင့် ဆက်စပ်သလို ယင်းမှာ နောက်ဆုံးသောကာလ လူသား၏ ကြွလာခြင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်ကြသူအချို့လည်း ရှိလေသည်။ သို့ဆိုလျှင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အမှန်တကယ် မည်သည့်အရာနည်း။ ထိုအရာက ဘုရားသခင်၏ အမှုတော်ဖြစ်ပါသလား၊ မည်သို့သော နက်နဲမှုများကို ထိုအရာက ကိုင်စွဲထားပါသနည်း။

11/05/2019

【Live】 Popular Christian Movies Myanmar (ဒီလောကျသာယာလိုကျတဲ့ အသံ) ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို သင် ကြားဖူးပါသလား။

My understanding: How to Make Sure That the Lord Jesus Has Come

Many Christians are desperately yearning for the Lord Jesus’ return. Now there are some people who testify that the Lord Jesus has come back and He is the incarnated Almighty God. But how to make sure it is true? The Bible says, “My sheep hear My voice, and I know them and they follow Me.” (John 10:27). “Jesus said unto him, “I am the Way, the Truth, and the Life; no man cometh unto the Father, but by Me.” (John 14:6). From these verses, we know that the key point of welcoming the Lord is to listen to God’s voice. The one who can express the truth is God. Looking back to the time when the Lord Jesus came to work, the Samaritan woman recognized that the Lord Jesus was the coming Messiah, Christ, just from what the Lord Jesus said because only God can express the truth and His disposition. So, If we wan to make sure Almighty God is the Lord’s return, we should listen to His voice. If we see what He speaks is the truth and the expression of His disposition, we should accept it. Only in this way can we attend the feast of the Lamb with God. Share with you the live broadcast "What a Beautiful Voice"


သင်သည် သခင်ပြန်ကြွလာမည်ဟု စောင့်ဆိုင်းရင်း ကောင်းကင်ထက်သို့ မျှော်ကြည့်နေဆဲဲလား။ သခင်ယေရှု ပြောခဲ့သည်မှာ - “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊“ - (ရှင်မဿဲခရစ်ဝင် ၂၅:၆)၊

10/11/2019

Best Myanmar Gospel Song 2019 (သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား)

 

Best Myanmar Gospel Song 2019 (သင်ဟာဘုရားရဲ့ လက်ရှိအမှုတော်အနောက်ကို လိုက်ပါသလား)


သင်ဟာဒီနေ့ရဲ့ အလင်းရောင်အနောက်ကို မလိုက်နိုင်ရင်

သင်ဟာဘုရားနဲ့ အလှမ်းဝေးသွားပြီ

အဲဒီ့နှောင်ကြိုးဟာပြတ်နေပြီး ပုံမှန်ဝိညာဉ်အသက်တာ မရှိတော့

ဘုရားနဲ့ စစ်မှန်တဲ့ရင်းနှီးမှုဆိုတာ

ဒီနေ့ဘုရားရဲ့စကားကို လက်ခံတဲ့အပေါ်မှာ တည်ဆောက်တယ်။

သင့်မှာ ပုံမှန်ဝိညာဉ်အသက်တာနှင့် ဘုရားနှင့် ကျွမ်းဝင်မှုရှိလား။

ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းအတိုင်း လိုက်ပါသလား

နိုးကြားမှုမရှိတဲ့ အဖြစ်ကနေ ထွက်လာပြီလား

ဘုရားစကားကို ယုံကြည်သူ

အမှုတော်ကို အခြေပြုပြီး

ဝိညာဉ်တော်ရဲ့ အလင်းရောင်နောက်လိုက်သူတို့ဟာ

ဝိညာဉ်တော်ရဲ့ ရေစီးကြောင်းထဲမှာပါ။

10/06/2019

ကမ္ဘာဦးကျမ်း - ကမ္ဘာမြေကြီးကို ဘုရားသခင် ရေလွှမ်းဖျက်ဆီးခြင်း


ဘုရားသခင်သည် ကမ္ဘာမြေကြီးအား ရေဖြင့် ဖျက်ဆီးခြင်း အကြောင်း ပြသည့် အံ့မခန်းဖွယ် ခရစ်ယာန် ရုပ်ရှင် အပိုင်းကို သင် ကြည့်သည့်အခါ သင်သည် ဘုရားသခင်၏ သန့်ရှင်း၊ ဖြောင့်မတ်သော စိတ်သဘောထား နှင့် လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ မေတ္တာကရုဏာ နှင့် စောင့်မမှုတို့ကို ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်ပြီး ဘေးအန္တရာယ်များ အကြားထဲ၌ ဘုရားသခင်၏ ကယ်တင်ခြင်း လမ်းကြောင်းကို ရှာတွေ့လိမ့်မည် ဖြစ်သည်။

များပြားသောအကြံပြုချက်များ

Myanmar Hymn Music Videoနားခိုရာအိမ် ဘယ်မှာလဲ

9/24/2019

လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

ခရစ်တော်, ကောင်းကင်နိုင်ငံတော်, သမ္မာတရား, ကယ်တင်ခြင်း, ဝိညာဉ်တော်,

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် "သား" ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်နိုင်သည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ ယုံကြည်ထားကြသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ သူတို့ထင်မြင်ယူဆထားကြသည်။ ထိုမျှသာမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ကာ သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ အတိတ်ကာလများက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို ရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါဖန်ဆင်းခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါချမှတ်ထားသော စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို "ကိုယ်ခင်ပွန်းအလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်" ဟုပြောခဲ့သည်။ ထိုကဲ့သို့ သူပြောဆိုခဲ့သည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် သာမန်အသက်တာဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ အသက်တာများသည် ဖွဲ့စည်းတည်ဆောက်မှု ရှိနေရန်နှင့် သူတို့၏ သင့်လျော်ကောင်းမွန်သည့် စနစ်ကျနမှုမှ မကျဆင်းသွားရန်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သင့်လျော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ပေးခဲ့သည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာဖြစ်ပြီး ဘုရားသခင်ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းခဲ့သည့် လူသတ္တဝါများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်၊ လူသားမျိုးနွယ်တို့အနေဖြင့် ပုံမှန်အသက်တာများကို ရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ ယောက်ျားမိန်းမတို့အတွက် စည်းမျဉ်းများကို ဘုရားသခင်ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝတို့ကို ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်ထိုက်သည့်အတိုင်း သူ၏ဇနီးမယားကို ချစ်ခဲ့ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည်ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် အမျိုးသမီးဖြစ်နေသည်မှာ မှားယွင်းသည်ဆိုလျှင် ဘုရားသခင်က လူမိန်းမကို ဖန်ဆင်းခဲ့ခြင်းမှာ အကြီးမားဆုံးသော မဟာအမှားကြီး ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းမှာ မှားယွင်းသည်ဟု ယုံကြည်နေဆဲဖြစ်လျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သမ္မာတရားကို တိုင်းထွာသည့်အတွက် ကျေးဇူးတော်ကာလတွင် လူ့ဇာတိခံယူခဲ့သည့် သခင်ယေရှုကို အာဒံအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ သင်သည် ဝေဖန်မည်ပင်ဖြစ်သည်။ ယင်းတို့မှာ တစ်ခုတည်းဖြစ်ပြီး တူညီကြသည် မဟုတ်လော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် သင့်အနေဖြင့် ယနေ့ကာလ လူ့ဇာတိကိုခံယူခြင်း၏ သမ္မာတရားကို မြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် တရားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ထိုနည်းလမ်းဖြင့် တိုင်းတာခြင်းက သင်၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း သက်သေပြသည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့်အညီ နှစ်ကြိမ်တိုင် သူလူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ ယေရှုနှင့် အာဒံတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် လုံးဝခြားနားသည့် သဘာဝဗီဇနှစ်ခုရှိသည့် အမျိုးသားများဖြစ်ကြသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းဖြစ်သော်လည်း အမျိုးသားများအားလုံး၏ ဦးခေါင်းမဟုတ်သည်ကို သက်သေပြခြင်းမျိုး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သူသည် ယုဒလူမျိုးအားလုံးတို့၏ (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်) ရှင်ဘုရင်မဟုတ်လော။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခံသတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများအားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် ဖြစ်မည်မဟုတ်လော။ ယေရှုသည် ဖောက်ပြန်ဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင်ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်သနည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းနေလိမ့်မည် မဟုတ်လော။ ယေဟောဝါသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံ၏ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လော။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် လိင်အမျိုးအစားကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့်တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံခဲ့ရသည့်သူဖြစ်သောကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ "မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်းနာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း၊ သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ" ဟု သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားနိုင်မည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိခန္ဓာကို ပြစ်မှားနိုင်မည်လော။ အကယ်၍ သင်သည် ဤအချက်ကို မရှင်းလင်းပါက၊ သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏မိုက်မဲမှုနှင့် မသိနားမလည်မှုသည် ထုတ်ဖော်ခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျည်းတန်မှုသည်လည်း ဖော်ထုတ်ခြင်းခံရလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လက်ဟန်ခြေဟန်ပါပါနှင့် ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ ငါလူ့ဇာတိခံယူခဲ့ကြောင်းကို သင်တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်၌ အယူအဆများစွာ ရှိနေသည်၊ ယင်းမှထွက်လာသည့် အယူအဆများမှာ အဆုံးမရှိပေ။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမူ၊ သင်၌ အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အယူအဆများ ထွက်ပေါ်လာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် ထိုပထမအကြိမ်တွင် လူ့ဇာတိမခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ဝေဖန်ရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင်၌ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းက သင့်ကို အသိပညာများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက်ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ သူ့ကိုသုတေသနပြုဖို့ရန် သူသည်သင့်ကို အခွင့်ပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်ကို သုတေသနပြုနိုင်သည်၊ သို့သော်လည်း သင့်အနေဖြင့် ဘုရားသခင်၏ "မိသားစုရာဇဝင်" ကို သုတေသနပြုရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ကာလ၏ ဘုရားသခင်သည် ထိုကဲ့သို့သော လေ့လာမှုကိုပြုရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင်သည် မိမိကိုယ်မိမိ အထင်အမြင်သေးခံရအောင် လုပ်ဆောင်နေသည် မဟုတ်လော။

9/07/2019

ဘုရားသခင် ပြောသော မည်သည့်အရာမဆို လူသား၏ တရားစီရင်မှုစင်စစ်ဖြစ်သည်

ကယ်တင်ခြင်း, သမ္မာတရား, အသင်းတော်, ဘုရားသခင်, ဝိညာဉ်တော်,


ရှင်ချို နန်ယန်းမြို့၊ ဟီနန် စီရင်စု

ကျွန်မ တွေးလေ့ရှိတာက ဘုရားသခင်က လူသားရဲ့ပင်ကိုယ် ဖောက်ပြန်ပျက်ဆီးမှုကို ပြသတဲ့အခါ ဒါမှမဟုတ် လူသားရဲ့နောက်ဆုံးခရီးပန်းတိုင်ကို တရားစီရင်တဲ့ ပြင်းထန်တဲ့နူတ်ကပတ်တော်တွေကို သိရှိစေတဲ့အခါမှသာ လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတတ်တာလို့ပေါ့။ နောက်ပိုင်း တော်တော်ကြာမှ မတော်မဆမှုတစ်ခုကြောင့် ကျွန်မ သဘောပေါက်လာရတာက ဘုရားသခင်ရဲ့ နူးညံ့တဲ့ နူတ်ကပတ်တော်တွေကလည်း သူ့ရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေပဲဆိုတာကိုပါ။ ကျွန်မ သဘောပေါက်ခဲ့တာက ဘုရားသခင်မိန့်မြွက်တဲ့ နူတ်ကပတ်တော်တိုင်းက သူရဲ့လူသားကို တရားစီရင်ခြင်း ဖြစ်တယ် ဆိုတာကိုပါ။

8/30/2019

【Live】Myanmar Subtitle movie | သခင် ပြန်ကြွလာပြီး စာစောင်ကို ဖွင့်လေပြီ


မိတ်ဆွေများ၊ ကြည့်ရှုသူများ ခင်ဗျာ မင်္ဂလာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့@တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုကြတဲ့အတွက်@ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမအားလုံးက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားတဲ့@ စာစောင်ငယ်အကြောင်းကို သိကြပါတယ်။ ဒါပေမယ့် စာစောင်က ဘာကို ရည်ညွှန်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အယူအဆရှိကြပါတယ်။ လူတစ်ချို့က စာစောင်ဟာ သမ္မာကျမ်းစာကို@ရည်ညွှန်းတာဖြစ်တယ်လို့ ယုံကြတယ်။ ဒါပေမဲ့ တချို့ကလည်း ကျမ်းစာထဲမှာ ဒီလိုပြောထားတဲ့အတိုင်း ယုံကြည်ကြတယ်။ “ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။... ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ... အဘယ်သူမျှမတတ်နိုင်။...တယောက်ကိုမျှ ရှာ၍မတွေ့...” (ဗျာဒိတ်ကျမ်း ၅:၁-၃) “ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှါ အောင်မြင်လေပြီ” (ဗျာဒိတ်ကျမ်း ၅:၄-၅) စာစောင်ငယ်ကို တံဆိပ်ခုနှစ်ခုနဲ့ ခတ်ထားတယ်၊ စာစောင်ပါ အကြောင်းအရာကို ဗျာဒိတ်ကျမ်းထဲမှာ@မရေးမှတ်ထားဘူးဆိုတာနဲ့ ပြန်ကြွလာတဲ့ သခင်ကလွဲလို့@ဘယ်သူမှ ဒါကို မဖွင့်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ နေ့တိုင်း ကျမ်းစာကို ကျွန်တော်တို့ ဖတ်မှတော့ အဲဒါက ဘယ်လိုလုပ်ပြီးစာစောင်ငယ် ဖြစ်နိုင်မှာလဲ ဒီတော့ စာစောင်ငယ်က ဘာကို တကယ်ရည်ညွှန်းတာလဲ အဲဒါက ဘယ်လိုပွင့်မှာလဲ သခင်ယေရှု ပြောခဲ့တာက၊ “သင်တိုအား ငါပြောစရာစကားအများရှိသော်လည်း၊
သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား@အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန် ၁၆:၁၂-၁၃) သခင်က သူနောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ကျွန်တော်တို့ကို သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြပြီး@သမ္မာတရားအားလုံးဆီ လမ်းပြမယ်လို့@ပရောဖက်ပြုခဲ့တယ်။ အခုက နောက်ဆုံးသော ကာလရဲ့ အဆုံးသတ်ဖြစ်နေပါပြီသခင် ပြန်ကြွလာနှင့်ပြီးပြီဖြစ်သလို စာစောင်နဲ့ တံဆိပ်ခုနှစ်ခုကို ဖွင့်ပြီးပါပြီ။ ဒီတော့ ဖွင့်ထားပြီးဖြစ်တဲ့ ဒီစာစောင်က နောက်ဆုံးသော ကာလမှာ ပြန်ကြွလာတဲ့ သခင် ဖော်ပြတဲ့ သမ္မာတရားနဲ့ ဘာများပတ်သက်မှုရှိပါသလဲ ဒီအရာအားလုံးအပြင် နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြတဲ့ ဒီအစီအစဉ်အတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ပါ။

များပြားသောအကြံပြုချက်များ

ရုပ်ရှင်ဇာတ်လမ်းတိုး (၁) သခင်သည် ကားစင်အတင်ခံရသည့်အခါတွင် ကယ်တင်ခြင်းအမှု ပြီးဆုံးသွားပါသလား

8/24/2019

Myanmar Gospel Song | ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

 

  Myanmar Gospel Song | ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကို

သင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊

နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့် မတိုင်း တာနဲ့

သို့ပြုလျှင် သင်၌ အနာဂတ်ရှိလိမ့်မည်။

ဒါပေမယ့် အဟောင်းများကိုဖက်တွယ်ပြီး တန်ဖိုးထားနေ လျှင်

သင်၌ ကယ်တင်ခြင်းလမ်းမရှိ။ ဘုရားသင့်ကို လျစ်လျူရှ လိမ့်မယ်

ဘုရားအမှုတော်၊ နှုတ်ကပတ်တော်တွင် ရှေးအရာများနှင့်

အတိတ်သမိုင်း၏ လမ်းစဉ်ဟောင်းများကို သူရည်ညွှန်းမထား

သင်သည် စုံလင်သောသူ ဖြစ်လိုလျှင်

အတိတ်အရာများကို စွန့်လွှတ်ရမည်

ဘုရားပြုခဲ့သော အမှု့ အရာများ မှန်သောအရာများလည်း ဘေးချထား

ဝိညာဉ်တော်၏ အလုပ်ဖြစ်ခဲ့သည့်တိုင်အောင်

သင်သည် ဘေးချ ထားရမည်။

အရာရာ အားလုံး အသစ်ဖြစ်ရမည်

ဒါဟာဘုရားတောင်းဆိုသည့်အရာ ဖြစ်သည်

8/10/2019

လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင်အသုံးပြုခဲ့သည့် လူတို့အကြား ပဓာနကျသောံကွဲပြားမှုများမှာ အဘယ်နည်း။

ဝိညာဉ်တော်, အသက်, ခရစ်တော်, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဆုတောင်း,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။" (ရှင်မဿဲခရစ်ဝင် ၃:၁၁)

7/01/2019

ခရစ်ယာန်သီချင်း | ဘုရားသခင်ကျွန်ုပ်တို့ကြားတွင် တိတ်တဆိတ်ရောက်ရှိလာ

 

ဓမ္မသီချင်းဘုရားသခင်ကျွန်ုပ်တို့ကြားတွင် တိတ်တဆိတ်ရောက်ရှိလာ

ဘုရားသခင်ဟာ တိတ်ဆိတ်ကာနေသည်

ဘုရားသခင်သည် ကျွန်ုပ်တို့ဆီကို ဘယ်တော့အခါမှ

မပေါ်လာခဲ့ဖူးပါဘူး

သို့သော်လည်း ဘုရားသခင် ရဲ့အမှုတော် ဟာဘယ်တော့မှ မရပ်နား

ဘုရားသခင်ဟာ ဒီကမ္ဘာမြေကြီး အားလုံးကို ကြည့် ကာ

ဘုရားသခင်ဟာ အရာအားလုံးကို အမိန့်တော်တွေပေး ကာ

လူသားတွေရဲ့ စကားတွေနှင့် အမူအကျင့်တွေ အကုန်လုံးကို

ဘုရားသခင် သည် မြင်တွေ့ လျက်နေ တာ

ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုကို

သူ့ရဲ့အစီအစဉ်အတိုင်းလိုက်၍ တစ်ဆင့်ပြီးတစ်ဆင့်

ပြူလုပ်ခဲ့တာ ဖြစ် ပြီး

အဲ့ဒီအရာတွေဟာ ဟိတ်ဟန်ကင်းမဲ့စွာ

တိတ်တဆိတ်ဆက်လက် ၍

အကောင်အထည်ပေါ်လာ ပါ သော်လည်း

( အကောင်အထည် ပေါ် ပေမည့်လည်း )

ဘုရားသခင်ရဲ့ ခြေလှမ်းများဟာ

လူသားတို့ရှိရာနှင့် ပိုမိုနီး ကပ်လာတော့ တာ။

ဘုရားသခင်ရဲ့ တရားပလ္လင် တော် ဟာ

အလင်းအလျှင်ဖြင့် စကြဝဠာထဲ၌ ရောက်ရှိလို့လာ သည်

ရုတ်တရက်တစ်ခဏခြင်းပင် ဘုရားသခင်ရဲ့ ရာဇပလ္လင် တော် ဟာ

အကျွန်ုပ်တို့ကြား ၌ ရောက်ရှိလာတာ

ဘယ်လောက် ကြီးကျယ် ၍ ခမ်းနား လှပတဲ့ ပြကွက် တစ်ခုပါလိမ့်၊

ဘယ်လောက် ခန့်ညားပြီး တည်ကြည်တဲ့ ပြကွက် တစ်ခုဖြစ်ပါလိမ့်။

ဂျိုး ငှက်တစ်ကောင်..ကဲ့သို့ အတိုင်း

ဟိန်းဟောက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ အတိုင်း

ဝိညာဉ်တော်ဟာ ကျွန်ုပ်တို့အားလုံးကြားထဲသို့ ရောက်လာ

ဘုရားသခင် သည် ပညာရှိ၏

ဘုရားသခင်ဟာ ဖြောင့်မတ်ပြီး ဘုန်းသရေကြီးပါ၏

အခွင့်အာဏာ တော် ရှိပြီး၊ မေတ္တာတော်ကရုဏာတိုဖြင့် ပြည့်စုံသော

ဘုရားသခင်သည် ကျွန်ုပ်တို့ကြားတွင် ( ကျွန်ုပ်တို့၏အကြားတွင် )

တိတ်တဆိတ်ရောက်ရှိလို့ ပင် လာသည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အကြံပြုစာမျာ: Myanmar music song | ဘုရား၏စစ်မှန်သောမေတ္တ

6/30/2019

ဖောက်ပြန်ပျက်ဆီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

သမ္မာတရား, အသက်, ဝိညာဉ်တော်, ဘုရားသခင်, ယုံကြည်ခြင်း,

လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက လူသား၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်၏ ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်က လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ချိုးဖဲ့ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စစ်ဆေးခြင်း မရှိဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က သန့်စင်ခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပါ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု ဆိုလျှင် သင်သည် ဝင့်ဝါစိတ်ဖြင့် ပြောဆိုသူဖြစ်ပြီး ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူသားများသည် ကောင်းကင်တမန်မင်း ဖြစ်၏။ လူသား၏ မွေးရာပါ သဘောသဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ ဘုရားသခင်က စုံလင်စေခြင်း အားဖြင့် လူသားသည် ၎င်း၏မွေးရာပါ သဘောသဘာဝ စိတ်ကို စွန့်ပစ်ရမည်။ ထို့နောက် ဘုရားသခင်၏ အလိုကို ဂရုပြုခြင်းအားဖြင့်သာ ဘုရားသခင် အလိုကို ဖြည့်ဆည်းသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံယူမှသာ ဘုရားသခင်သည် ထိုသူ၏ အသက်တာကို လက်ခံနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

5/06/2019

ဘုရားသခင်၏အသံတော် (လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်)


အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင် ပေါ်လာမှု၏ ပိုမို၍ပင် လက်တွေ့ကျသော အရေးပါမှုဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။"

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

4/12/2019

ဘုရားသခင်၏ စကားတော် | ဣသရေလအမျိုးသားတို့ကဲ့သို့ အစေခံခြင်း

ဝိညာဉ်တော်, ယေဟောဝါ,ဘုရားသခင်, ခရစ်တော်၏ ပြောကြားချက်များ,
ယနေ့ခေတ်တွင် လူအများစုသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာဝယ် မည်သည့် သင်ခန်းစာများ သင်ယူသင့်သည်ကို အလေးမထားကြတော့ပေ။ ကျွန်ုပ်သိရသလောက် သင်တို့ အများစုသည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ချိန်အားလုံးအတွင်း သင်ခန်းစာများ ကို လေ့လာသင်ယူနိုင်မှု မရှိကြပေ။ သင်တို့အများစုသည် မိမိကိုယ်ပိုင်အမြင်များကိုသာ တရားသေစွဲကိုင်ပြီး ဘုရားကျောင်းထဲတွင် လုပ်ကိုင်ကြချိန်တွင် အခြားသူများ၏ အမြင်နှင့် ဆက်နွယ်ခြင်း မရှိ၊ ပူးပေါင်းဆောင်ရွက်မှုလည်း နတ္ထိဖြင့် သင်က သင့်အမြင်၊ သူက သူ့အမြင်ကို ပြောကြသည်။ သင်သည် သင့်ကိုယ်ပိုင် အတွင်းစိတ် သိမြင်မှုများနှင့် ဆက်သွယ်မှုတွင်သာ စိတ်ခံစားပြီး၊ သင့်စိတ်ထဲရှိ "ဝန်ထုပ်ဝန်ပိုး" များကို ပြန်ဖြန့်ဝေရန်၌သာ စိတ်ခံစားပြီး၊ အသက်တာအား လုံးဝရှာဖွေခြင်း အလျှင်းမရှိပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သင်၏လုပ်ဆောင်ချက်သည် ဝတ်ကျေတန်းကျေသာဖြစ်ပြီး အခြားသူများထက် မိမိကိုယ်ကိုသာ ဗဟိုပြုထားပြီး အခြားသူများကို ဂရုမစိုက်ဘဲ သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်သည့်အတိုင်း လိုက်နာသင့်သည်ဟု မှတ်ယူထားပုံပေါ်သည်။ သင်တို့သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းငှာမစွမ်းသာသကဲ့သို့ တစ်ပါးသူတို့၏စွမ်းအားတို့ကို ရှာဖွေခြင်း၌လည်းမစွမ်းသာချေ။ အကြောင်းအရာတို့ကို သင်တို့လက်ခံသည့်နည်းလမ်းမှာ အမှန်တကယ်ကို မှားယွင်းနေပေသည်။ မိမိကိုယ်ကိုယ် ကိန်းကြီးခန်းကြီးနိုင်သကဲ့သို့ပြုမူနေသော်လည်း ဒုံရင်းဆိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သင်တို့သည် ဘုရားကျောင်းသို့သွားရောက်ကာ အချင်းချင်း နှီးနှောဖလှယ်ခြင်းဖြင့် စိတ်တံခါးကိုဖွင့်ပြီး ဆက်သွယ်ခြင်းမပြုကြပေ။ သို့မဟုတ် မကြာသေးမီအချိန်အတွင်းရှိသာ သင်၏အတွင်းအခြေအနေသည် မကြာသေးမီအချိန်အတွင်း ရှိသည့်အတိုင်းရှိနေပါက သင့်အနေဖြင့် ယင်းသို့ ရိုးရှင်းစွာပင် ဆက်သွယ်ခြင်းမျိုးမလုပ်ပါနှင့်။ အခြေခံအားဖြင့် သင်တို့၌ ကိုယ်ပိုင်အယူအဆ များ ကိုပစ်ပယ်ခြင်းနှင့် မိမိကိုယ်ကိုကျောခိုင်းခြင်းစသည့်အလေ့အကျင့်များ မရှိကြပေ။ ယင်းကဲ့သို့သော ဦးဆောင်မှုတွင် ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းနည်းလမ်းဖြင့် ဘုရားကျောင်းများတွင် ညီအစ်ကိုနှင့် ညီအစ်မများကို သက်ဝင်လာစေရန်သာ တွေးခေါ်ကြပြီး ၎င်းတို့၏ နောက်လိုက်များကလည်း ၎င်းတို့ဘာသာ ကြိုးစားအားထုတ်ရန်သာ သိကြသည်။ အလုပ်အကျွေးပြုခြင်းဆိုသည်က ဘာဖြစ်သည် သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်မှုဆိုသည်က ဘာဆိုသည်ကို အခြေခံအားဖြင့် သင်တို့ နားမလည်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့ကိုယ်တိုင် ပြန်ပေးရန် စိတ်ဆန္ဒရှိခြင်း၊ ပေတရု၏ ပုံစံကဲ့သို့ အသက်ရှင်နေထိုင်ရန် သင်တို့ကိုယ်တိုင် စိတ်ဆန္ဒရှိခြင်းတို့လောက်သာ တွေးတောမှုရှိပြီး အခြားဘာမျှ မပါပေ။ အခြားလူများ မည်သို့ ဖြစ်ဖြစ်၊ သင်သည် မျက်ကန်းကဲ့သို့ပင် မည်သည့်နည်းဖြင့်ဖြစ်စေ ဆက်ကပ်မည်မဟုတ်၊ အခြားသော လူများ ဘာနှင့်ပင်တူတူ၊ သင်တို့က သင်တို့ကိုယ်တိုင်အတွက် ပြီးပြည့်စုံမှုကို ဘုရားသခင်အား အားကိုး၍ ရှာဖွေပြီး ယင်း စိတ်ဆန္ဒဖြင့် လုံလောက်ပြီဟုပင် သင်တို့က ပြောနိုင်ပေသည်။ အမှန်စင်စစ်အားဖြင့် သင့်ဆန္ဒသည် အတူဖြစ်ထွန်းသော ဖော်ပြချက်ကို တကယ့်လက်တွေ့တွင် သင် လုံးဝမတွေ့ပေ။ ဒါကယခုအချိန်တွင် သင်တို့ဖော်ပြသည် အပြုအမူပုံစံအားလုံးဘဲ မဟုတ်ဘူးလား။သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်ပိုင် အသိအမြင်ကိုသာ ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားပြီး သင်တို့အားလုံးက ပြီးပြည့်စုံလိုကြသည်။ သင်သည် ကာလရှည်ကြာ အလုပ်အကျွေးပြုခဲ့ပြီး တိုးတက်မှု များစွာ မလုပ်ခဲ့သည်ကို ကျွန်ုပ် သိပါသည်။ အထူးသဖြင့် ဟန်ချက်ညီညီ အတူတကွ လုပ်ကိုင်ခြင်းဆိုသည့် ဤသင်ခန်းစာတွင် သင် လုံးဝ တိုးတက်မှု မရှိပေ။သင် ဘုရားကျောင်းသို့ သွားပြီး သင့်နည်းသင့်ဟန်ဖြင့် ဆက်သွယ်ခြင်းသည် မိမိနည်းဖြင့် မိမိ မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲရှားပါးလှပေသည်။ နောက်လိုက်တို့သည်လည်း ထို့အတူပင်ဖြစ်ပြီး သာ၍ပင်ဆိုးသေးသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို မည်ကဲ့သို့အလုပ်အကျွေးပြုရမည်ကို အမှန်တကယ်သိသောသူမှာ ရှားပါးလွန်းလှသည်။ သင်သည် မရေမရာနှင့် ဤကိစ္စမျိုးကို အသေးအဖွဲဟုသတ်မှတ်ပါက အကျိုးဆက်အားဖြင့် လူအများစုမှာ အမှန်ကို မသိရှိကြတော့ဘဲမှားယွင်းစွာပင် လုပ်ဆောင်လာနိုင်ကြသည်။ နှစ်ရှည်လများ "အငြင်းပွားကာခိုက်ရန်ဖြစ်ပွားရသည်။" ဤသည်မှာ သင်၏ကြီးထွားမှုမှ တကယ့်အဖြစ်မှန်တွေချည်း မဟုတ်ပါလား။ သင်တို့လူအများသည် ဘုရားကျောင်းတွင် နေ့စဉ် ဘုရားသခင်အား တိုက်ရိုက် အလုပ်အကျွေးပြုသော ဣသရေလလူမျိုးများကဲ့သို့ အတူတကွ အလုပ်အကျွေးပြုလျက်ရှိကြသည်။ ဘုန်းတော်ကြီးများနှင့်အလားတူသော သင်တို့လူအများက မည်ကဲ့သို့ညှိနှိုင်းဆောင်ရွက်ရန်နှင့် အလုပ်အကျွေးပြုရန်ကို အဘယ်ကြောင့်မသိနိုင်ကြပါသနည်း။

4/03/2019

ဓမ္မသီချင်း(စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်)

ဓမ္မသီချင်း (စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်)


သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းက
သင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာ
အခြားသူများကို စီရင်ခြင်းမဟုတ်… သူတို့ အမြင်တွေ လည်း မဟုတ်
အဲဒါထက် သင့်ရိုးဖြောင့်မှုကို ဆုံးဖြတ်တာ
အချိန်နှင့်အမျှ…ဝိညာဉ်တော်ရဲ့အလုပ်
သင့်ကိုပြောင်း လဲ စေတယ်…ဘုရားကိုလည်းသိစေတယ်
သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ဖြင့်
သင့်စိတ်ထားပြောင်းလဲ လိမ့်မယ်
ယုံကြည်ခြင်းအ ပေါ် သင့်အမြင် ရှင်းလာလိမ့်မယ်
ဘုရားနောက် ဘယ်လောက်ကြာကြာ သင်လိုက်ခဲ့ပါစေ၊
ထိုသို့သော ပြောင်းလဲခြင်းက
သန့်ရှင်းသော ဝိညာဉ်တော်လုပ်ဆောင်နေကြောင်း ပြသ

4/01/2019

ဘုရားသခင်၏ နှုတ်ကပတ်တော် (ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) အပိုင်း နှစ်


"ဘုရားသခင်အလုပ်၏ ဖြစ်စဉ်တိုင်းသည် လူသားသိသင့်သော ရူပါရုံများဖြစ်သည်၊ လူအပေါ်ထားသော သင့်တင့်လျောက်ပတ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များ ဆက်လိုက်လာသော ရူပါရုံများဖြစ်သည်။ ယင်းရူပါရုံများကို အခြေခံအဖြစ်မပါရှိဘဲ လူသည် လက်တွေ့လုပ်ဆောင်မှုကို ဧကန်စင်စစ် မတတ်နိုင်သကဲ့သို့၊ လူသည် ဘုရားသခင်ကို မဆုတ်မနစ် လိုက်လျှောက်နိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ လူသည် ဘုရားသခင်ကို မသိပါက၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားမလည်ပါက လူသား လုပ်ဆောင်သမျှ အလုံးစုံသည် အချည်းနှီးသာဖြစ်ပြီး ဘုရားသခင်၏ အတည်ပြုမှုကို ရနိုင်မည် မဟုတ်ပေ။ လူသား၏ ဆုကျေးဇူးများသည် မည်မျှပင် များပြားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြမှုမှ ခွဲမရနိုင်ဘဲ ရှိသေးသည်။ လူ၏ လုပ်ဆောင်မှုများသည် မည်မျှကောင်းသည်ဖြစ်စေ၊ မည်မျှ များပြားသည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားသခင်၏ အလုပ်ကို အစားထိုးနိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ရာ မည်သည့် အခြေအနေအောက်တွင်မျှ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် ရူပါရုံများမှ ခွဲထွက်၍မရနိုင်ပေ။ ရူပါရုံအသစ်များကို လက်မခံသူသည် လက်တွေ့ လုပ်ဆောင်မှုအသစ်များ ရှိမည်မဟုတ်ပေ။ ထိုသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ဆက်နွယ်မှု မရှိ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် အယူဝါဒများကို လိုက်နာပြီး အသက်မရှင်သော ပညတ်တော်များကိုသာ ထိန်းသိမ်းထား၍ ဖြစ်သည်။ သူတို့တွင် ရူပါရုံသစ်များ လုံးဝမရှိ၊ ရလဒ်အဖြစ် သူတို့သည် ခေတ်သစ်တွင် မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့သည် ရူပါရုံများ ပျောက်ဆုံးနေခဲ့ပြီး၊ ထိုသို့ဖြစ်သည့်အတွက် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးကာ၊ သမ္မာတရားကိုလည်း ဆုံးရှုံးရသည်။"

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

3/30/2019

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သုံးပါးတစ်ဆူ တည်ရှိပါသလော) အပိုင်း နှစ်

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သုံးပါးတစ်ဆူ တည်ရှိပါသလော) အပိုင်း နှစ်


အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။"

မြင်ကွင်းများ Myanmar Gospel Movie (ကျွန်တော့်သခင် ဘယ်သူလဲ) | Clarifying the Connection Between the Bible and God

3/23/2019

ဘုရားသခင်၏ စကားတော် | လက်တွေ့လုပ်ဆောင်ခြင်း (၇)

ဘုရားသခင်, သမ္မာတရား, အသင်းတော်, ဝိညာဉ်တော်, ခရစ်တော်၏ ပြောကြားချက်များ,
သင်တို့၏ လူ့သဘာဝသည် အလွန်ချို့တဲ့နေ၏၊ သင်တို့၏ အသက်ရှင်မှုပုံစံသည်လည်း နိမ့်ကျပြီး အလွန်အရှက်ရစရာ ဖြစ်နေသည်၊ သင်တို့၌ လူ့သဘာဝ လုံးဝ မရှိပေ၊ ထိုးထွင်းနားလည်နိုင်စွမ်းလည်း မရှိ။ ထို့ကြောင့် သင်တို့သည် လူ့သဘာဝ၌ ရှိသောအရာများနှင့်အတူ မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုသည်။ အသိစိတ်ရှိခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ ထိုးထွင်းနားလည်နိုင်စွမ်းရှိခြင်း၊ မည်သို့ ပြောဆိုပြီး မည်သို့ ရှုမြင်ရမည်ကို သိခြင်း၊ သန့်ရှင်းခြင်းကို အလေးထားခြင်း၊ သာမန်လူတစ်ဦးကဲ့သို့ ပြုမူခြင်းစသည့် အရာများအားလုံးသည် ပုံမှန်လူ့သဘာဝအတိုင်း မည်သို့ပြုမူရမည်ကိုသိခြင်း ဖြစ်သည်။ ထိုအရာများကို သင်တို့သေသေချာချာ လုပ်ဆောင်လျှင် သင်တို့၏ လူ့သဘာဝသည် စံနှင့်အညီ ဖြစ်လာမည် ဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ ဝိညာဉ်အသက်တာအတွက် သင်တို့ကိုယ် သင်တို့ ပြင်ဆင်ခြင်း ဖြစ်သည်။ လောက၌ ပြုသော ဘုရားသခင်၏ အမှုအလုံးစုံကို သင်တို့ သိရမည်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင်တို့ ကြုံတွေ့ခံစားဖို့ လိုသည်။ ကိုယ်တော်၏ စီမံမှုများကို သင်မည်သို့ နာခံရမည်ကို သိသင့်သည်။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်များကို မည်သို့ ကျေပွန်အောင် လုပ်ရမည်ကိုလည်း သင်သိသင့်သည်။ အောက်ပါကဏ္ဍနှစ်ခုသည် ယနေ့ သင်ဝင်ရောက်သင့်သည့် ကဏ္ဍနှစ်ခု ဖြစ်သည်။ ပထမကဏ္ဍမှာ လူ့သဘာဝရှိသော အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်ခြင်း ဖြစ်သည်။ ဒုတိယကဏ္ဍမှာ ဝိညာဉ်အသက်တာနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဤကဏ္ဍနှစ်ခုစလုံးသည် မရှိမဖြစ်လိုအပ်သော ကဏ္ဍနှစ်ခု ဖြစ်သည်။