လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်သည်၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အမှုအရာများကို ကိုင်တွယ်စီမံရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များအတွင်း၌ ဆုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ပေးခြင်းဖြင့် ရရှိသည်မဟုတ်ပေ။ သို့သော် လူသား၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှား၍ သူ၏အလားအလာများကို ပပျောက်စေခြင်းမှတစ်ဆင့် သူ၏သစ္စာစောင့်သိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ထို့နောက်တွင်မှ ပြုလုပ်ပါက၊ လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့် ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသော နာခံမှုနှင့် ကိုးကွယ်မှုတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ မျက်ကန်းတောတိုး၊ အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် အသိဉာဏ်ကင်းမဲ့သည့် တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်သောကြောင့် လူသား၏နှလုံးသားကို အပြည့်အဝသိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်အပေါ် သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည် သူတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲ ဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။ လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍ မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့် ၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ ဘုရားသခင်ကိုချစ်၍ သူ့ကိုကိုးကွယ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် လူသားကိုသိမ်းပိုက်ရာတွင် လူသား၏အတ္တဆန်မှု၊ လောဘနှင့် ဘုရားသခင်ကို သူကိုးကွယ်ရာတွင် အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏ သက်ရောက်မှုများကို ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင် လူသား၏ ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်တို့ကို ဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသပြီး၊ လူ့ဘဝအကြောင်း သူ၏အသိကို ပြောင်းလဲရန်၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ့ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။ သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင် ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်သည်မဟုတ်ဘဲ၊ သူ၏ဘုန်းတော်အတွက်နှင့် ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက် သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ပါက၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည် လူသားကို စွန့်လွှတ်၍ လူသား၏သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ၊ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားကို သူသိမ်းပိုက်ပြီးနောက်ပိုင်းတွင် သူ့ကိုရယူခြင်းနှင့် အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌ လူသားရောက်ရှိခြင်းသည်သာလျှင် ကယ်တင်ခြင်းအမှုအားလုံး၏ အချက်အချာတွင်ရှိကာ၊ ဤသည်သာလျှင် လူသားကိုကယ်တင်ခြင်း၏ ရည်မှန်းချက်ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လှပသည့်ခရီးပန်းတိုင်သို့ လူသားရောက်ရှိခြင်းနှင့် နားနေခြင်းသို့ သူ၏ဝင်ရောက်ခြင်းသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများဖြစ်ပြီး ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။ အကယ်၍ လူသားက ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ၊ ထို့အပြင် လူသားသည် မိမိ၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ လူသားကို သူကယ်တင်သဖြင့် လူသားကို လုံးလုံးလျားလျား သူကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်ပေးလိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် ဆောင်ရွက်သည့်အမှုဖြစ်သည်။ လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့် သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်း အဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့် သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုဆောင်သည့်အတွက် လူသားတွင် ခရီးပန်းတိုင်ရှိ၍ ၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည် အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပါ။ ၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။ လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည် ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ် တမ်းတခြင်းများဖြစ်ကာ လူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ ထိုအတောအတွင်း လူသားအတွက် ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာ လူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။ ၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍ လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။
ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။ သူ့အပေါ် ဆန့်ကျင်ခြင်းလည်း မပြုသင့်ပေ။ သူဆောင်ရွက်သည့်အမှုသည် အဆုံးတွင် ဖြစ်မြောက်မည်ဖြစ်၍ ဤသည်၌ သူသည် ဘုန်းအာနုဘော်ကို ရရှိလိမ့်မည်။ ယနေ့ သင်သည် မောဘမှ ဆင်းသက်လာသူများဖြစ်ကြောင်း သို့မဟုတ် အဆင်းနီသောနဂါးကြီး၏ အမျိုးအနွယ်ဖြစ်ကြောင်း အဘယ်ကြောင့် မပြောကြသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ သက်ရှိသတ္တဝါများအကြောင်းသာ ပြောသနည်း။ လူသား၏နဂိုမူလအမည်မှာ သက်ရှိသတ္တဝါဟူ၍ဖြစ်ပြီး ဤသည်မှာ သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာ ဖြစ်သည်။ ခေတ်များနှင့် အမှု၏ကာလများကွဲပြားသဖြင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အကယ်စင်စစ်မူ လူသားသည် သာမန်သက်ရှိသတ္တဝါတစ်ဦးသာဖြစ်၏။ အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ သတ္တဝါအားလုံးသည် သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ထမ်းဆောင်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြု၍ သင့်ကို ချုပ်ကိုင်ထားခြင်း မရှိပေ။ အကယ်စင်စစ် ဤသို့ဆောင်ရွက်ရန် မလိုအပ်ပေ။ သိမ်းပိုက်ခြင်းအမှု၏ရည်ရွယ်ချက်မှာ လူသားအား သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ဝတ်ပြုစေရန်ဖြစ်၍၊ ဤသို့ပြုလုပ်ပြီးမှသာလျှင် သူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူသား၏ကံကြမ္မာကို ဘုရားသခင်၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသားသည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင်ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။ အတိုပြောရလျှင် ဘုရားသခင်သည် မည်သို့ပင် အမှုဆောင်စေကာမူ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့် လူသားအတွက်အစေခံရန် ဘုရားသခင် ဖန်ဆင်းသည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်ပါ၊ လူသားအတွက် သူဖန်ဆင်းသည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသည်တို့ အားလုံးသည် လူသား၏ဖြစ်တည်ရေးအတွက် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် လူသားကို မည်သို့ပင် ပြစ်တင်ဆုံးမ၍ တရားစီရင် စေကာမူ၊ ဤသည်တို့အားလုံးမှာ လူသား၏ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ဇာတိပကတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ဤသည်မှာ လူသားကို သန့်စင်ရန်ဖြစ်၍ လူသားကိုသန့်စင်ခြင်းသည် သူ၏ဖြစ်တည်ရေးအတွက်ဖြစ်၏။ လူသား၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိသဖြင့်၊ လူသားသည် သူ့ကိုယ်သူ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။
သိမ်းပိုက်ခြင်းအမှုပြီးဆုံးသည်နှင့် လူသားသည် လှပသောကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံရလိမ့်မည်။ ဤအသက်တာသည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေဆဲဖြစ်မည်မှာ အမှန်ပင်ဖြစ်သော်လည်း ယနေ့လူသား၏အသက်တာနှင့် လုံးဝတူညီမည် မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် သိမ်းပိုက်ခဲ့ပြီးနောက် လူသားမျိုးနွယ်တွင်ရှိမည့် အသက်တာဖြစ်သည်။ ယင်းသည် ကမ္ဘာမြေကြီးတွင် လူသားအတွက် အသစ်စတင်ခြင်းဖြစ်မည်။ ထို့အပြင် လူသားမျိုးနွယ်အနေဖြင့် ဤအသက်တာမျိုးရခြင်းမှာ လူသားမျိုးနွယ်သည် လောကဘုံအသစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သက်သေဖြစ်လိမ့်မည်။ ဤသည်မှာ လူသားနှင့် ဘုရားသခင်အတွက် ကမ္ဘာမြေကြီးပေါ်တွင် အသက်တာသစ် စတင်ခြင်း ဖြစ်လိမ့်မည်။ ဤမျှလှပသောအသက်တာ၏ အကြောင်းရင်းမှာ လူသားသည် သန့်စင်ခံရ၍ သိမ်းပိုက်ခြင်းခံရပြီးနောက် ဖန်ဆင်းရှင်ရှေ့မှောက်တွင် နာခံ၍ ဖြစ်ရမည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် လူသားမျိုးနွယ်က အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မဝင်ရောက်မီ ဘုရားသခင်အမှု၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဤသို့သော အသက်တာသည် ကမ္ဘာမြေကြီးတွင် လူသား၏အနာဂတ် အသက်တာဖြစ်၏၊ ၎င်းသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော အသက်တာဖြစ်၏၊ လူသားတောင့်တသော အသက်တာဖြစ်၏၊ ကမ္ဘာ့သမိုင်းတွင် လူသားအနေဖြင့် တစ်ခါမျှ မရရှိဖူးသော အသက်တာဖြစ်၏၊ ၎င်းသည် အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်းအမှု၏ နောက်ဆုံးရလဒ်ဖြစ်၏၊ လူသားမျိုးနွယ်အနေဖြင့် လိုချင်တောင့်တဆုံးဖြစ်၍ ဘုရားသခင်က လူသားကို ပေးခဲ့သော ကတိလည်းဖြစ်၏။ သို့ရာတွင် ဤကတိသည် ချက်ချင်းမဖြစ်ပေါ်နိုင်ပေ၊ နောက်ဆုံးသောကာလ၏အမှု ပြီးဆုံးပြီး လူသားသည် လုံးဝသိမ်းပိုက်ခံရပြီးမှ၊ ဆိုလိုသည်မှာ စာတန် လုံးဝရှုံးနိမ့်ပြီးမှ လူသားသည် အနာဂတ်ခရီးပန်းတိုင်သို့ ဝင်ရောက်လိမ့်မည်။ လူသားသည် သန့်စင်ခံရပြီးသည့်အခါတွင် အပြစ်ရှိသော သဘောသဘာဝ ကင်းမဲ့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်အပေါ် အနိုင်ရရှိခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏၊ ယင်းမှာ ရန်လိုသည့် အင်အားစုများ၏ ဝင်ရောက်စွက်ဖက်ခြင်းတို့ ရှိမည်မဟုတ်ဟု ဆိုလိုပြီး၊ လူသား၏ ဇာတိခန္ဓာကို တိုက်ခိုက်နိုင်မည့် ရန်လိုသည့် အင်အားစုများလည်း ရှိလိမ့်မည် မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် လူသားသည် လွတ်လပ်၍ သန့်ရှင်းလိမ့်မည်၊ သူသည် ထာဝရကာလသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ ရန်လိုသော အမှောင်ထု၏အင်အားများကို ချည်နှောင်ထားမှသာလျှင် လူသားသည် သွားလေရာ၌လွတ်လပ်၍ ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းများ ကင်းမဲ့မည်ဖြစ်သည်။ လူသား အဆင်ပြေရန်အတွက် စာတန်ကို ချည်နှောင်ထားရမည်ဖြစ်သည်။ ယနေ့ ၎င်းအဆင်မပြေရခြင်းမှာက ကမ္ဘာမြေကြီး၏နေရာအနှံ့တွင် စာတန်သည် ဒုက္ခမွှေနှောက်လျက်ရှိဆဲ ဖြစ်သောကြောင့်နှင့် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု တစ်ရပ်လုံး အဆုံးသို့ရောက်ရှိရန် လိုသေးသည့်အတွက်ကြောင့် ဖြစ်သည်။ စာတန်ကျရှုံးသည်နှင့် တစ်ပြိုင်နက် လူသားသည် လုံးဝလွတ်မြောက်မည်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုရရှိ၍ စာတန်၏ နယ်ပယ်အောက်မှ ထွက်လာသည့်အခါ ၎င်းသည် ဖြောင့်မတ်ခြင်း၏နေကို တွေ့လိမ့်မည်။ သာမန်လူသားတစ်ဦးနှင့် ထိုက်တန်သည့်ဘဝကို ပြန်လည်ရရှိလိမ့်မည်။ အကောင်းအဆိုး ကောင်းစွာသိနိုင်စွမ်း၊ မည်သို့စားရမည်နှင့် ဝတ်ဆင်ရမည်ကို နားလည်နိုင်စွမ်းနှင့် ပုံမှန်နေထိုင်နိုင်စွမ်း စသည်ဖြင့် ပုံမှန်လူသားတစ်ဦး ပိုင်ဆိုင်ရမည့် အရာအားလုံးကို ပြန်လည်ရရှိလိမ့်မည်။ ဧဝသည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းကို မခံခဲ့ရလျှင်ပင် လူသားသည် အစအဦးတွင် ဖန်ဆင်းခံရပြီးနောက် ဤသို့သော ပုံမှန်ဘဝကို ရရှိခဲ့သင့်သည်။ ၎င်းသည် ကမ္ဘာမြေကြီးပေါ်ရှိ သာမန်လူသားတစ်ဦးကဲ့သို့ စားသောက်၊ ဝတ်ဆင်ကာ ဘဝကို နေထိုင်ခဲ့သင့်သည်။ သို့ရာတွင် လူသားသည် စာရိတ္တပျက်ပြားပြီးနောက်တွင် ဤဘဝသည် စိတ်ကူးယဉ်တစ်ခု ဖြစ်သွားခဲ့၍ ယနေ့တွင်ပင် လူသားသည် ဤသို့သောအရာများကို စိတ်မကူးရဲပါ။ အကယ်စင်စစ်မူ၊ လူသားတောင့်တသည့် လှပသောဘဝမှာ မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်၏၊ အကယ်၍ လူသားတွင် ဤသို့သောခရီးပန်းတိုင်သာမရှိပါက ကမ္ဘာမြေကြီးပေါ်ရှိ ၎င်း၏ စာရိတ္တပျက်ပြားသောဘဝသည် မည်သည့်အခါမျှ ရပ်ဆိုင်းမည်မဟုတ်ပေ။ ထို့အပြင် ဤသို့လှပသောဘဝသာ မရှိခဲ့လျှင် စာတန်၏ကံကြမ္မာ သို့မဟုတ် ကမ္ဘာမြေကြီးအပေါ် စာတန်အုပ်စိုးသည့် ခေတ်သည် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ လူသားသည် အမှောင်ထု၏ အင်အားများ လက်လှမ်းမမီသည့် နယ်ပယ်သို့ ရောက်ရှိရမည်ဖြစ်ကာ ထိုသို့ရောက်ရှိသည့်အခါ ဤသည်မှာ စာတန်ရှုံးနိမ့်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်၏နှောင့်ယှက်မှု မရှိသည်နှင့် ဘုရားသခင်ကိုယ်တိုင်သည် လူသားမျိုးနွယ်ကို ထိန်းချုပ်လျက် သူသည် လူသား၏ ဘဝတစ်ခုလုံးကို ကွပ်ကဲ၍ထိန်းချုပ်မည်ဖြစ်သည်။ ဤသည်သာလျှင် စာတန်၏ရှုံးနိမ့်ခြင်းအဖြစ် အကျုံးဝင်လိမ့်မည်ဖြစ်သည်။ ယနေ့လူသား၏ဘဝသည် များသောအားဖြင့် ညစ်ညမ်းသည့်ဘဝဖြစ်၍ ဒုက္ခဝေဒနာဘဝ ဖြစ်နေသေး၏။ ဤသည်ကို စာတန်၏ရှုံးနိမ့်ခြင်းဟု မခေါ်နိုင်ပေ။ လူသားသည် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန်၊ လူသား၏ဘဝအခက်အခဲမှ လွတ်မြောက်ရန်၊ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ရန် လိုသေး၏။ ထို့အပြင် ဘုရားသခင်ကို သူသိခြင်းမှာ အလွန့်အလွန် နည်းပါးသေး၏။ လူသား၏အခက်အခဲအားလုံးကို စာတန်က ဖန်တီးခဲ့ခြင်းဖြစ်၏။ လူသား၏ဘဝအတွင်းသို့ ဒုက္ခများယူဆောင်လာသူမှာ စာတန်ဖြစ်၍ စာတန်ကို ချည်နှောင်ထားပြီးမှသာလျှင် လူသားသည် ဒုက္ခပင်လယ်မှ လုံးဝလွတ်မြောက်နိုင်စွမ်းရှိမည်ဖြစ်သည်။ သို့ရာတွင် လူသား၏နှလုံးသားကို သိမ်းပိုက်ရယူခြင်း၊ လူသားကို စာတန်၏တိုက်ပွဲမှ တိုက်ခိုက်၍ရသောပစ္စည်း ဖြစ်စေခြင်းဖြင့် စာတန်ကို ကျွန်ပြုနိုင်မည်ဖြစ်၏။
ယနေ့၊ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်း ခံရသူတစ်ဦးဖြစ်ရန် လူသား၏ဆောင်ရွက်မှုသည် လူသားက ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသားတစ်ဦး၏ဘဝ မရမီ ဆောင်ရွက်ခဲ့သောအရာများဖြစ်၍ စာတန်ကိုကျွန်မပြုမီ လူသားက ရှာဖွေခဲ့သော ရည်မှန်းချက်များဖြစ်သည်။ အနှစ်သာရအားဖြင့် အောင်နိုင်သူတစ်ဦး ဖြစ်လာရန်နှင့် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန်၊ သို့မဟုတ် ကြီးမားစွာ အသုံးချခံရရန် လူသား၏ဆောင်ရွက်မှုမှာ စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်ဖြစ်၏။ လူသား၏ဆောင်ရွက်မှုမှာ အောင်နိုင်သူတစ်ဦးဖြစ်လာရန် ဖြစ်သော်လည်း နောက်ဆုံးရလဒ်မှာ စာတန်၏လွှမ်းမိုးမှုမှ သူ၏လွတ်မြောက်ခြင်း ဖြစ်လိမ့်မည်။ စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းဖြင့်သာ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသား၏ ဘဝ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့်ဘဝတွင် နေထိုင်နိုင်မည်ဖြစ်၏။ ယနေ့ အောင်နိုင်သူတစ်ဦး ဖြစ်လာရန်နှင့် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန် လူသား၏ဆောင်ရွက်မှုသည် လူသားက ကမ္ဘာမြေကြီးပေါ်တွင် သာမန် လူပုဂ္ဂိုလ်တစ်ဦး၏ဘဝမရမီ ဆောင်ရွက်ခဲ့သောအရာများဖြစ်၏။ သန့်စင်ခြင်းခံရရန်နှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန်အတွက်နှင့် ဖန်ဆင်းရှင်ကို ဝတ်ပြု ကိုးကွယ်ခြင်းပြုရန် ၎င်းတို့ကို အဓိကဆောင်ရွက်ခြင်း ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူပုဂ္ဂိုလ်တစ်ဦး၏ဘဝ၊ အခက်အခဲ သို့မဟုတ် ဒုက္ခဝေဒနာ ကင်းသည့်ဘဝကို ပိုင်ဆိုင်လျှင် လူသားသည် အောင်နိုင်သူတစ်ဦးဖြစ်လာရန် ဆောင်ရွက်မည် မဟုတ်ပေ။ “အောင်နိုင်သူတစ်ဦး ဖြစ်လာရန်” နှင့် “စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်လာရန်” တို့သည် ဘုရားသခင်က လူသားကို ဆောင်ရွက်ရန် ပေးသည့် ရည်ရွယ်ချက်များဖြစ်၍ ဤရည်မှန်းချက်များကို ဆောင်ရွက်ခြင်းဖြင့် သူသည် လူသားအား သမ္မာတရားကို လက်တွေ့ကျင့်သုံးစေ၍ အရေးပါသည့်ဘဝကို နေစေ၏။ ဤရည်ရွယ်ချက်မှာ လူသားကို ပြည့်ဝစေရန်နှင့် လူသားကို ရရှိရန်ဖြစ်၍ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်းခံရသူတစ်ဦး ဖြစ်ရန် ဆောင်ရွက်ချက်မှာ နည်းနာတစ်ရပ်သာ ဖြစ်၏။ အကယ်၍ အနာဂတ်တွင် လူသားသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်အတွင်း ဝင်ရောက်ပါက၊ အောင်နိုင်သူတစ်ဦးဖြစ်လာရန်နှင့် စုံလင်စေခြင်း ခံရသူတစ်ဦးဖြစ်ရန်ကို ရည်ညွှန်းလိမ့်မည် မဟုတ်ပေ။ သတ္တဝါတစ်ဦးစီ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေခြင်းသာလျှင် ရှိလိမ့်မည်ဖြစ်သည်။ ယနေ့ လူသား၏ဆောင်ရွက်မှုသည် ပစ်မှတ်ထားသော ဆောင်ရွက်မှု ဖြစ်စေရေးနှင့် လက်တွေ့ကျစေရေးအတွက်၊ ဤအရာများကို လူသားအတွက် နယ်ပယ်သတ်မှတ်ရန်သာ ဆောင်ရွက်စေခြင်းဖြစ်၏။ ၎င်းမရှိပါက ထာဝရ အသက်တာအတွင်း ဝင်ရောက်ရန် လူသား၏ဆောင်ရွက်မှုသည် မရေရာဘဲ စိတ်ကူးသက်သက်ဖြစ်၍၊ ဤသို့သာဖြစ်ပါက လူသားသည် ပို၍သနားဖွယ် မကောင်းပေဘူးလော။ ရည်မှန်းချက်များ သို့မဟုတ် အခြေခံသဘောတရားများမရှိဘဲ ဤနည်းဖြင့် ဆောင်ရွက်ရန်မှာ မိမိကိုယ်ကိုလှည့်ဖြားနေခြင်း မဟုတ်ပေဘူးလော။ အဆုံးတွင် ဤဆောင်ရွက်မှုသည် အချည်းနှီးဖြစ်မည်မှာ သဘာဝကျပါသည်။ အဆုံးတွင် လူသားသည် စာတန်၏အုပ်စိုးမှုအောက်တွင် ဆက်၍နေကာ လွတ်မြောက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤသို့သော အဓိပ္ပာယ်မဲ့သည့် ဆောင်ရွက်မှုမျိုး အဘယ်ကြောင့် ပြုလုပ်မည်နည်း။ ထာဝရခရီးပန်းတိုင်သို့ ဝင်ရောက်သည့်အခါ၊ လူသားသည် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်မည် ဖြစ်လျက်၊ လူသားသည် ကယ်တင်ခြင်းရပြီးကာ ထာဝရကာလသို့ ဝင်ရောက်ပြီးဖြစ်သဖြင့် လူသားသည် မည်သည့်ရည်မှန်းချက်များကိုမျှ ဆောင်ရွက်လိမ့်မည် မဟုတ်သည့်အပြင် သူသည် စာတန်၏ ဝန်းရံခြင်းခံရမည်ကို စိုးရိမ်စရာလည်း လိုမည်မဟုတ်ပေ။ ယခုအချိန်တွင် လူသားသည် သူ၏နေရာကိုသိမည်ဖြစ်၍ သူ၏တာဝန်ကို ထမ်းဆောင်ကာ၊ လူပုဂ္ဂိုလ်တစ်ဦးစီသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းခံရမှုမရှိသော်မှ တစ်ဦးစီသည် ၎င်း၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။ ထိုအချိန်တွင် လူသားသည် ၎င်း၏ကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် အနေအထားတို့ နှစ်ခုစလုံးတွင် သက်ရှိသတ္တဝါတစ်ဦးဖြစ်လိမ့်မည်။ အမြင့်အနိမ့် ခွဲခြားမှု ရှိတော့မည် မဟုတ်ပေ။ လူတစ်ဦးစီသည် ကွဲပြားသည့် လုပ်ဆောင်ချက်တစ်ရပ်ကိုသာ ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် လူသားသည် လူသားမျိုးနွယ်၏ စနစ်ကျ၍ သင့်တော်သော ခရီးပန်းတိုင်တွင် နေဦးမည်ဖြစ်၍၊ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ခြင်းငှာ လူသားသည် သူ၏တာဝန်ကို ထမ်းဆောင်မည်ဖြစ်၏။ ဤသို့သော လူသားမျိုးနွယ်တစ်ရပ်သည် ထာဝရကာလ၏လူသားမျိုးနွယ်ဖြစ်လိမ့်မည်။ ၎င်းအချိန်တွင် လူသားသည် ဘုရားသခင်က အလင်းပေးသည့် ဘဝ၊ ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက် ရှိသည့်ဘဝနှင့် ဘုရားသခင်နှင့် အတူရှိသည့်ဘဝတစ်ခုကို ရရှိပြီးဖြစ်လိမ့်မည်။ လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ကာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မှန်ကန်သော လမ်းကြောင်းအတွင်း ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အစီအစဉ်သည် စာတန်ကို လုံးဝရှုံးနိမ့်စေခဲ့ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဖန်ဆင်းမှု နောက်ပိုင်း လူသား၏နဂိုမူလ ပုံရိပ်ကို ပြန်လည်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အစအဦး၌ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရမီ ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝဖြင့် အသက်ရှင်နေထိုင်ခဲ့၏။ နောက်ပိုင်းတွင် စာတန်၏ဖျက်ဆီးခြင်းကို ခံရခဲ့ပြီး လူသားသည် သူ၏ပုံမှန်ဘဝကို ဆုံးရှုံးသွားခဲ့သဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် လူသား၏ပုံမှန် ဘဝကို ပြန်လည်ရရှိရန် စာတန်နှင့်တိုက်ပွဲ စတင်ခဲ့၏။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ အမှုပြီးဆုံးသည့်အခါမှသာ လူသားမျိုးနွယ်အားလုံး၏ ဘဝသည် ကမ္ဘာမြေကြီးပေါ်တွင် တရားဝင်စတင်မည်ဖြစ်၍ ထိုအချိန်ကျမှသာလျှင် လူသားသည် အံ့သြဖွယ်ကောင်းသည့် ဘဝကိုရရှိမည်ဖြစ်ကာ ဘုရားသခင်သည် အစအဦး၌ လူသားကို ဖန်ဆင်းရခြင်းရည်ရွယ်ချက်နှင့် လူသား၏ နဂိုမူလအသွင်တို့ကို ပြန်လည်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏သာမန်ဘဝကို ရရှိပြီးသည်နှင့် အောင်နိုင်သူ သို့မဟုတ် ပြည့်စုံစေခြင်းခံရသူဖြစ်လာရန် ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားသည် သန့်ရှင်းနေလိမ့်မည် ဖြစ်၍ဖြစ်သည်။ လူသားပြောသည့် အောင်မြင်ခြင်းနှင့် စုံလင်စေခြင်းတို့သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲကာလအတွင်း လူသားကဆောင်ရွက်ရန် ပေးထားသည့် ရည်ရွယ်ချက်များ ဖြစ်ကာ လူသားသည် ဖျက်ဆီးခြင်းခံရခဲ့သည့်အတွက်ကြောင့်သာ ၎င်းတို့ရှိနေခြင်း ဖြစ်သည်။ သင့်ကို ရည်ရွယ်ချက်တစ်ရပ်ပေး၍ သင့်အား ၎င်းရည်ရွယ်ချက်ကို ဆောင်ရွက်စေခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင့်ကို အောင်နိုင်သူတစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန်၊ သို့မဟုတ် အသုံးခံစေရန် တောင်းဆိုခြင်းသည် စာတန်အရှက်ရစေရေးအတွက် သင်သက်သေခံရန် သတ်မှတ်ချက်ဖြစ်၏။ အဆုံးတွင် လူသားသည် ကမ္ဘာမြေကြီးပေါ်ရှိ ပုံမှန်လူသား၏ဘဝတွင်နေထိုင်၍၊ လူသားသည် သန့်ရှင်းမည်ဖြစ်သည်။ ထိုသို့ဖြစ်သည့်အခါ၊ ၎င်းတို့သည် အောင်နိုင်သူများဖြစ်ရန် ဆောင်ရွက်ဦးမည်လော။ ၎င်းတို့အားလုံးသည် သက်ရှိသတ္တဝါများ မဟုတ်လော။ အောင်နိုင်သူတစ်ဦးနှင့် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ခြင်း နှစ်ခုစလုံးမှာ စာတန်နှင့် လူသား၏ညစ်ညမ်းမှုတို့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဤ “အောင်နိုင်သူ” မှာ စာတန်နှင့် ရန်လိုသည့်အင်အားစုအပေါ် အောင်နိုင်ခြင်းကို ရည်ညွှန်းထားခြင်း မဟုတ်လော။ သင်သည် စုံလင်စေခြင်း ခံရပြီဟု ဆိုသည့်အခါ သင့်အတွင်းရှိ မည်သည့်အရာသည် စုံလင်စေခြင်းခံခဲ့ရသနည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အချုပ်အခြာကို ရရှိနိုင်ရေးအတွက် သင်သည် သင်၏စာတန်စိတ်သဘောထားကို ကင်းမဲ့စေခဲ့ပြီး မဟုတ်လော။ ဤကဲ့သို့သောအရာများမှာ လူသားအတွင်းရှိ ညစ်ညမ်းသောအရာများနှင့်ဖြစ်စေ၊ စာတန်နှင့် ဆက်စပ်၍ဖြစ်စေ ပြောသည့်အရာများဖြစ်၏။ ၎င်းတို့ကို ဘုရားသခင်နှင့် ဆက်စပ်၍ မပြောပေ။
ယနေ့ သင်သည် အောင်နိုင်သူတစ်ဦးဖြစ်ရန် သို့မဟုတ် စုံလင်စေခြင်းခံရသူတစ်ဦးဖြစ်ရန် ဆောင်ရွက်ခြင်း မပြုပါက၊ အနာဂတ်တွင် လူသားမျိုးနွယ်က ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်ဘဝဖြင့် အသက်ရှင်နေထိုင်သည့်အခါ ထိုကဲ့သို့လိုက်လံဆောင်ရွက်ရန် အခွင့်အလမ်းရှိမည်မဟုတ်ပါ။ ထိုအချိန်တွင် လူပုဂ္ဂိုလ်တစ်မျိုးစီတိုင်း၏ အဆုံးကို ထုတ်ဖော်လိမ့်မည်။ ထိုအချိန်တွင် သင်သည် မည်သို့သောအရာဖြစ်သည်မှာ ရှင်းလင်းသွားလိမ့်မည်ဖြစ်ကာ သင်သည် အောင်နိုင်သူ သို့မဟုတ် စုံလင်စေခြင်းခံရသူ ဖြစ်လိုလျှင် ဖြစ်နိုင်မည်မဟုတ်ပါ။ လူသားသည် ထုတ်ဖော်ခံရပြီးနောက် ၎င်း၏ပုန်ကန်သည့် စိတ်ကြောင့်သာ အပြစ်ပေးခံရလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် အချို့သူများအနေဖြင့် အောင်နိုင်သူများဖြစ်ရန်နှင့် အခြားသူများအနေဖြင့် စုံလင်စေခြင်းခံရသူများဖြစ်ရန်၊ သို့မဟုတ် အချို့သူများအနေဖြင့် ဘုရားသခင်၏သားဦးများဖြစ်ရန်နှင့် အခြားသူများအနေဖြင့် ဘုရားသခင်၏ သားများဖြစ်ရန် လူသား၏လိုက်လံဆောင်ရွက်မှုသည် အခြားသူများ၏အနေအထားထက် သာ၍မြင့်မားလိမ့်မည် မဟုတ်ပါ။ ၎င်းတို့သည် ဤအရာများကို လိုက်လံဆောင်ရွက်လိမ့်မည် မဟုတ်ပါ။ အားလုံးသည် ဘုရားသခင်၏ သတ္တဝါများဖြစ်လိမ့်မည်ဖြစ်၍ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြကာ၊ အားလုံးသည် ဘုရားသခင်နှင့်အတူ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြလိမ့်မည်။ ယခုအချိန်သည် ဘုရားသခင်နှင့် စာတန်တို့အကြား တိုက်ပွဲအချိန်ဖြစ်၏။ ဤအချိန်တွင် တိုက်ပွဲမှာ အဆုံးမသတ်ရသေးပေ။ ဤအချိန်တွင် လူသားကို အပြည့်အဝ မရယူရသေးဘဲ၊ အကူးအပြောင်းကာလတစ်ရပ် ဖြစ်၏။ ထို့ကြောင့် လူသားသည် အောင်နိုင်သူများဖြစ်ရေး သို့မဟုတ် ဘုရားသခင်၏လူများထဲမှ တစ်ဦးဖြစ်ရေး ဆောင်ရွက်ရန် လိုအပ်၏။ ယနေ့ အနေအထားကွာခြားမှုများ ရှိသော်လည်း အချိန်ကျသည့်အခါတွင် ဤကဲ့သို့သောကွာခြားမှုများ ရှိလိမ့်မည် မဟုတ်ပါ။ အောင်နိုင်ခဲ့သူအားလုံး၏ အနေအထားသည် အတူတူပင်ဖြစ်၍ ၎င်းတို့အားလုံးသည် အရည်အချင်းမီသူ လူသားမျိုးနွယ်များဖြစ်ကာ၊ ကမ္ဘာမြေကြီးပေါ်တွင် တန်းတူနေကြလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသူတို့အားလုံးသည် အရည်အချင်းမီသော သက်ရှိသတ္တဝါများဖြစ်ကြ၍ ထိုသူတို့အားလုံးကို ပေးထားသည့် အရာအားလုံးသည်လည်း တူညီလိမ့်မည်။ ဘုရားသခင်၏အမှု၏ခေတ်များသည် ကွဲပြား၍ သူ့အမှု၏ဦးတည်ထားသော အရာများသည်လည်း ကွဲပြားသဖြင့်၊ ဤအမှုကို သင်တို့အတွင်းဆောင်ရွက်ပါက၊ သင်တို့သည် စုံလင်စေခြင်းခံရရန်နှင့် အောင်နိုင်သူများဖြစ်ရန် အကျုံးဝင်လိမ့်မည်။ ဤသည်ကို ပြည်ပတွင်ဆောင်ရွက်ပါက၊ ထိုသူတို့သည် သိမ်းပိုက်ခံရရန် ပထမအုပ်စုတွင်ရှိသူများနှင့် စုံလင်စေခြင်းခံရရန် ပထမအုပ်စုတွင်ရှိသူများဖြစ်ရန် အကျုံးဝင်လိမ့်မည်။ ယနေ့ ဤအမှုကို ပြည်ပတွင်ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် ထိုသူတို့သည် စုံလင်စေခြင်းခံရရန်နှင့် အောင်နိုင်သူများဖြစ်ရန် အကျုံးမဝင်ဘဲ ၎င်းတို့သည် ပထမအုပ်စုဖြစ်ရန်လည်း မဖြစ်နိုင်ပေ။ ဘုရားသခင်၏အမှု၏ အပြုခံဝတ္ထုသည် ကွဲပြားသောကြောင့် ဘုရားသခင်အမှု၏ခေတ်သည် ကွဲပြားကာ ၎င်း၏ နယ်ပယ်သည်လည်း ကွဲပြား၏။ ထို့ကြောင့် ပထမအုပ်စုရှိ၏။ ဆိုလိုသည်မှာ အောင်နိုင်သူများရှိ၏။ ထို့အပြင် စုံလင်စေခြင်းခံရသည့် ဒုတိယအုပ်စုသည်လည်း ရှိလိမ့်မည်။ စုံလင်စေခဲ့ပြီးသူ ပထမအုပ်စု ရှိသည်နှင့် နမူနာပုံစံတစ်ရပ် ရှိမည်ဖြစ်သဖြင့် အနာဂတ်တွင် စုံလင်စေခြင်းခံရသူ ဒုတိယနှင့် တတိယအုပ်စုများရှိကြလိမ့်မည်။ သို့ရာတွင် ထာဝရအတွက်တွင်မူ အားလုံးတူညီမည်ဖြစ်ကာ အနေအထားသတ်မှတ်ထားခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို ကွဲပြားသောအချိန်များတွင် စုံလင်စေခဲ့ခြင်းသာ ရှိလိမ့်မည်ဖြစ်၍ အနေအထား ကွာခြားခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ လူတိုင်းကို ပြည့်စုံစေခဲ့ပြီးဖြစ်သည့်အချိန် ကျရောက်၍ စကြဝဠာတစ်ခုလုံး၏အမှု ပြီးဆုံးသည့်အချိန် ကျရောက်သည့်အခါ အနေအထားကွဲပြားမှုများ ရှိလိမ့်မည်မဟုတ်ဘဲ အားလုံး တန်းတူအနေအထားတွင် ရှိလိမ့်မည်။ ယနေ့ သင်တို့သည် အောင်နိုင်သူများဖြစ်လာစေရန် ဤအမှုကို သင်တို့အကြား ဆောင်ရွက်၏။ ၎င်းကို အင်္ဂလန်တွင် ဆောင်ရွက်ပါက သင်တို့ပထမအုပ်စုတွင် ရှိမည်ဖြစ်သကဲ့သို့ အင်္ဂလန်တွင် ပထမအုပ်စုရှိလိမ့်မည်။ ယနေ့ငါသည် သင်တို့အတွင်း ငါ၏အမှု ဆောင်ရွက်သည်မှာ ငါ၏ကျေးဇူးတရား အထူးကြီးမား၍သာဖြစ်ကာ ဤအမှုသာ သင်တို့အတွင်း ငါမဆောင်ရွက်ပါက သင်တို့သည် တန်းတူ ဒုတိယအုပ်စု၊ သို့မဟုတ် တတိယ၊ သို့မဟုတ် စတုတ္ထ၊ သို့မဟုတ် ပဉ္စမအုပ်စု ဖြစ်လိမ့်မည်။ ဤသည်မှာ အမှု၏အစီစဉ်အထားအသို ကွဲပြား၍သာဖြစ်၏။ ပထမအုပ်စုနှင့် ဒုတိယအုပ်စုတို့မှာ တစ်ခုသည် အခြားတစ်ခုထက် ပိုမြင့်သည်၊ ပိုနိမ့်သည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ဤလူတို့ကို စုံလင်စေသည့် အစီအစဉ်အထားအသိုကိုသာ ဆိုလိုခြင်းဖြစ်၏။ ယနေ့ ဤနှုတ်ကပတ်တော်များကို သင်တို့နှင့် ဆွေးနွေးသော်လည်း သင်တို့ကို အစောပိုင်းက အဘယ်ကြောင့် အသိမပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ်တစ်ရပ်မရှိလျှင် လူတို့သည် အစွန်းရောက်တတ်ကြသောကြောင့် ဖြစ်၏။ ဥပမာ ထိုစဉ်က “ငါသည် ထွက်ခွာခဲ့သည့်အတိုင်း ကြွရောက်လိမ့်မည်” ဟု ယေရှုပြောခဲ့သည်။ ယနေ့ အများအပြားသည် ဤနှုတ်ကပတ်တော်များကို အရူးအမူးဖြစ်နေခဲ့၍ ဝတ်ရုံအဖြူများကိုသာ ဝတ်ဆင်ချင်ကြကာ ကောင်းကင်ဘုံသို့ ချီဆောင်ခံရရန်သာလျှင် စောင့်ချင်ကြ၏။ ထို့ကြောင့် စောလွန်း၍ မပြောနိုင်သည့်နှုတ်ကပတ်တော် များစွာရှိသည်။ စောလွန်းစွာပြောလျှင် လူသားသည် အစွန်းရောက်မည် ဖြစ်၏။ လူသား၏ဝိညာဉ်အသက်တာသည် သေးငယ်လွန်းကာ ဤနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ထိုးထွင်း၍မြင်နိုင်စွမ်း မရှိပေ။
လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သည့်အသက်တာကို ရရှိပြီး စာတန်၏အင်အားစု တစ်ရပ်လုံး ချည်နှောင်ခြင်းခံရသည့်အခါ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် လွယ်ကူစွာနေလိမ့်မည်ဖြစ်သည်။ လူသားဆက်ဆံရေးများ၊ လူမှုဆက်ဆံရေးများ၊ ရှုပ်ထွေးသည့် မိသားစုဆိုင်ရာဆက်ဆံရေးများ စသည့် အရာများသည် ယနေ့ကဲ့သို့ ရှုပ်ထွေးလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် အလွန်ပင် အနှောင့်အယှက်ဖြစ်၍ နာကျင်လှပေ၏။ ဤနေရာရှိ လူသား၏ဘဝသည် အလွန်ပင် စိတ်ညစ်စရာကောင်း၏။ လူသားသည် သိမ်းပိုက်ခံရပြီးသည့်အခါ သူ၏စိတ်နှလုံးသည် ပြောင်းလဲလိမ့်မည်ဖြစ်သည်၊ ၎င်းတွင် ဘုရားသခင်အပေါ် ကြည်ညိုလေးစား၍ ဘုရားသခင်ကို ချစ်သည့် နှလုံးသား ရှိလိမ့်မည်။ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာရှိရန် ရှာဖွေသူ စကြဝဠာအတွင်းရှိသူအားလုံးသည် သိမ်းပိုက်ခြင်းခံရပြီးသည့်အခါ၊ ဆိုလိုသည်မှာ စာတန်ရှုံးနိမ့်ပြီးသည့်အခါနှင့် အမှောင်ထု၏ အင်အားစုတစ်ရပ်လုံးဖြစ်သည့် စာတန်ကို ချည်နှောင်ပြီးသည့်အခါ၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသား၏ဘဝသည် ဒုက္ခမရှိဘဲ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လွတ်လပ်စွာ နေနိုင်လိမ့်မည် ဖြစ်သည်။ လူသား၏ဘဝသည် ဇာတိပကတိ ဆက်ဆံရေးများမရှိဘဲ ဇာတိပကတိ၏ အရှုပ်အထွေးများ မရှိသည့်အခါ၊ လွန်စွာ ပို၍လွယ်ကူလိမ့်မည် ဖြစ်သည်။ လူသား၏ ဇာတိပကတိဆက်ဆံရေးများသည် ရှုပ်ထွေးလွန်းကာ၊ လူသားအနေဖြင့် ထိုကဲ့သို့သောအရာများရှိခြင်းသည် သူသည် စာတန်၏လွှမ်းမိုးမှုမှ သူ့ကိုယ်သူ လွတ်မြောက်အောင်ပြုလုပ်ရန် လိုသေးကြောင်း အထောက်အထားဖြစ်၏။ သင်၏ညီအစ်ကို မောင်နှမများနှင့် အလားတူ ဆက်ဆံရေးရှိခဲ့လျှင်၊ သင်၏ပုံမှန်မိသားစုနှင့် အလားတူဆက်ဆံရေးရှိခဲ့လျှင်၊ သင့်တွင်ပူပန်စရာများ မရှိဘဲ မည်သူ တစ်ဦးတစ်ယောက်အတွက်မျှ စိုးရိမ်စရာလည်း မလိုပေ။ ဤထက်သာ၍ကောင်းသည့်အရာ မရှိပေ။ ထို့အပြင် ဤနည်းအားဖြင့် လူသားသည် ၎င်း၏ဒုက္ခတစ်ဝက်မှ သက်သာရာရလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် သာမန်လူသားတစ်ဦးအဖြစ်နေထိုင်လျက်၊ လူသားသည် ကောင်းကင်တမန်တစ်ပါးနှင့် အလားတူမည်ဖြစ်သည်။ ဇာတိပကတိပင် ဖြစ်နေသေးလင့်ကစား၊ သူသည် ကောင်းကင်တမန်နှင့် များစွာတူလိမ့်မည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးကတိ ဖြစ်၏။ လူသားအပေါ်ချပေးသည့် နောက်ဆုံးကတိဖြစ်၏။ ယနေ့ လူသားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့် ကြုံရ၏။ ဤကဲ့သို့သောအရာများကို လူသား တွေ့ကြုံရခြင်းသည် အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင်ထင်ပါသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို အကြောင်းမဲ့ ပြုလုပ်နိုင်မည်လော။ ယခင်က လူသားကို ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် ၎င်းကို အနက်ဆုံးတွင်းထဲတွင် ထားခြင်းဖြစ်၏ဟု ဆိုခဲ့၏။ ဆိုလိုသည်မှာ ၎င်း၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ခြင်းဖြစ်၏။ ဤသည်မှာ လူသားကို သန့်စင်စေခြင်းဟူသည့် အရာတစ်ခုအတွက်ဖြစ်၏။ ဘုရားသခင်သည် လူသားကို စွန့်လွှတ်ပြီးနောက် လူသားကို တွင်းနက်ကြီးထဲတွင် တမင်ထားသည်မဟုတ်။ ထိုသို့မဟုတ်ဘဲ အဆုံးတွင် လူသား၏အတွင်းရှိ အရာများကိုသန့်စင်နိုင်ရန်၊ ၎င်းသည် ဘုရားသခင်အပေါ် စစ်မှန်စွာသိရန်နှင့် သန့်ရှင်းသူတစ်ဦးကဲ့သို့ ဖြစ်ရန် လူသား၏အတွင်းရှိ ပုန်ကန်လိုသည့်စိတ်ကို ကိုင်တွယ်ရန်ထားခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ပါက၊ အရာခပ်သိမ်း ဖြစ်မြောက်မည် ဖြစ်သည်။ အကယ်စင်စစ်၊ လူသား၏အတွင်းရှိ ကိုင်တွယ်ရန်လိုသည့် အရာများကို ကိုင်တွယ်သည့်အခါနှင့် လူသားသည် အံ့သြဖွယ်သောသက်သေခံချက် ပြုလုပ်သည့်အခါ၊ စာတန်သည်လည်း ရှုံးနိမ့်မည်ဖြစ်လျက်၊ လူသား၏အတွင်းတွင် မူလကရှိနေသောအရာ အချို့သည် အပြည့်အဝသန့်စင်မည် မဟုတ်သော်လည်း၊ စာတန်ရှုံးနိမ့်သည့်အခါတွင် သူသည် ဒုက္ခပေးတော့မည် မဟုတ်ဘဲ၊ ၎င်းအချိန်တွင် လူသားသည် လုံးဝသန့်စင်နေမည်ဖြစ်သည်။ လူသားသည် ဤကဲ့သို့သောဘဝကို တစ်ခါမျှ တွေ့ကြုံခဲ့ဖူးခြင်း မရှိသော်လည်း၊ စာတန်ရှုံးနိမ့်သွားသည့်အခါ အရာခပ်သိမ်း ကျေအေးသွားမည်ဖြစ်၍ လူသားအတွင်းရှိ အချည်းနှီးသောအရာအားလုံး ဖြေရှင်းပြီးသွားမည် ဖြစ်သည်။ အဓိကပြဿနာ ဖြေရှင်းပြီးသွားသည့်အခါတွင် အခြားဒုက္ခအားလုံး အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်မှ လူ့ဇာတိခံယူသည့် ကာလတွင်၊ သူသည် လူသားအကြား သူ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်သည့် အခါ၊ သူဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍၊ လူသားကိုသိမ်းပိုက်ခြင်းနှင့် သင်တို့ကို ပြည့်စုံစေခြင်းအားဖြင့် သူသည် စာတန်ကို ရှုံးနိမ့်စေလိမ့်မည်။ သင်တို့သည် ထူးကဲစွာ သက်သေခံသည့် အခါသည်လည်း စာတန်၏ရှုံးနိမ့်ခြင်း၏ အမှတ်အသား ဖြစ်လိမ့်မည်။ စာတန်ရှုံးနိမ့်စေရန် လူသားသည် ရှေးဦးစွာသိမ်းပိုက်ခံရ၍ နောက်ဆုံးတွင် လုံးဝစုံလင်စေခြင်းခံရ၏။ သို့ရာတွင် အနှစ်သာရအားဖြင့် စာတန်ရှုံးနိမ့်ခြင်းနှင့်အတူ ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဤအနှစ်သာရမဲ့သော ဒုက္ခပင်လယ်ထဲမှ တစ်ပြိုင်နက် ကယ်တင်ခြင်းဖြစ်၏။ ဤအမှုသည် စကြဝဠာတစ်ခုလုံးတွင် ဆောင်ရွက်သည်ဖြစ်စေ၊ တရုတ်နိုင်ငံတွင် ဆောင်ရွက်သည်ဖြစ်စေ၊ ဤသည်အားလုံးမှာ လူသားအနေဖြင့် နားနေရာအရပ်ကို ဝင်ရောက်နိုင်ရေးအတွက် စာတန်ကိုရှုံးနိမ့်စေ၍ လူသားတစ်ရပ်လုံးအတွက် ကယ်တင်ခြင်းယူဆောင်လာရန် ဖြစ်၏။ ဤသာမန်ဇာတိပကတိဖြစ်သည့် လူဇာတိခံယူထားသော ဘုရားသခင်သည် အတိအကျအားဖြင့် စာတန်ကို ရှုံးနိမ့်စေရန်အတွက်သာဖြစ်၏။ ကောင်းကင်ဘုံအောက်ရှိ ဘုရားသခင်ကိုချစ်သောသူ အားလုံးထံ ကယ်တင်ခြင်းကိုယူဆောင်လာရန် ဇာတိပကတိဖြစ်သော ဘုရားသခင်၏အမှုကို အသုံးပြုခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်အပြင် စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အဓိကအချက်အချာကို လူသားမျိုးနွယ်အားလုံးထံ ကယ်တင်ခြင်းယူဆောင်လာရန်အတွက် စာတန်ကို ရှုံးနိမ့်စေခြင်းမှ ခွဲခြား၍မရပေ။ ဤအမှု၏ အစိတ်အပိုင်း များစွာတွင် သင်တို့သက်သေခံရန်အတွက်ဟု အဘယ်ကြောင့် အမြဲပြောသနည်း။ ထို့အပြင် ဤသက်သေခံချက်မှာ မည်သူ့အတွက် ရည်ရွယ်ထားသနည်း။ စာတန်အတွက် ရည်ရွယ်ထားသည် မဟုတ်လော။ ဤသက်သေခံချက်သည် ဘုရားသခင်အတွက်ဖြစ်၍ ဘုရားသခင်၏အမှုသည် ၎င်းလိုလားသည့် သက်ရောက်မှုကို ရရှိပြီးဖြစ်ကြောင်း သက်သေခံရန် ပြုလုပ်ထားခြင်းဖြစ်၏။ သက်သေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခြင်းအမှုနှင့် ဆက်စပ်နေ၏။ စာတန်နှင့် တိုက်ပွဲတစ်ရပ်မရှိခဲ့လျှင်၊ လူသားသည် သက်သေခံရန် မလိုပေ။ စာတန်ကိုရှုံးနိမ့်စေရမည် ဖြစ်သဖြင့် လူသားကို ကယ်တင်သည့်တစ်ချိန်တည်းတွင် သူ့အတွက် လူသားသည် စာတန်၏ရှေ့မှောက် သက်သေခံရန် ဘုရားသခင်က သတ်မှတ်ထားခြင်းဖြစ်၍၊ သူသည် လူသားကိုကယ်တင်ရန်နှင့် စာတန်နှင့် တိုက်ပွဲ ပြုလုပ်ရန် ဤသည်ကို အသုံးပြု၏။ ရလဒ်အနေဖြင့် လူသားသည် ကယ်တင်ရန်အရာရော စာတန်ရှုံးနိမ့်ရေးအတွက် ကိရိယာပါဖြစ်နေ၏။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ စာတန်သည် ဖျက်ဆီးရန်အရာ၊ ရန်သူသာလျှင် ဖြစ်၏။ သင်သည် မည်သည့်အရာမျှ မပြုလုပ်ရသေးဟု ထင်နိုင်သော်လည်း သင်၏စိတ်သဘောထား၏ပြောင်းလဲမှုများကြောင့် သက်သေခံပြီးဖြစ်၍ ဤသက်သေခံချက်သည် စာတန်ကို ရည်ရွယ်ထား၍ လူသားအတွက် မဟုတ်ပေ။ လူသားသည် ထိုကဲ့သို့သော သက်သေခံချက်ကို ခံစားရန် မထိုက်ပေ။ ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို သူမည်သို့ နားလည်နိုင်မည်နည်း။ ဘုရားသခင်တိုက်ခိုက်နေသည့်အရာမှာ စာတန်ဖြစ်၏။ ထိုအတောအတွင်း လူသားသည် ကယ်တင်ရန် အရာသာလျှင်ဖြစ်၏။ လူသားသည် ပျက်စီးသော စာတန်၏ စိတ်နေသဘောထားရှိ၍ ဤအမှုကို နားလည်နိုင်စွမ်း မရှိပေ။ ဤသည်မှာ စာတန်၏ ပျက်စီးခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ လူသား၏ပင်ကိုယ်အတွင်း ရှိနေခြင်း မဟုတ်သော်လည်း စာတန်က စီမံညွှန်ကြားထားခြင်းဖြစ်၏။ ယနေ့ ဘုရားသခင်၏ အဓိကအမှုမှာ စာတန် ရှုံးနိမ့်စေရန်ဖြစ်၏။ ဆိုလိုသည်မှာ စာတန်၏ရှေ့မှောက်တွင် လူသားက ဘုရားသခင်အတွက် နောက်ဆုံးသက်သေခံရေးအတွက် လူသားကို လုံးဝသိမ်းပိုက်ရန်ဖြစ်၏။ ဤနည်းအားဖြင့် အရာခပ်သိမ်း ဖြစ်မြောက်လိမ့်မည် ဖြစ်သည်။ အခြေအနေအများအပြား၌ သင့်ပကတိမျက်လုံးတွင် မည်သည့်အရာမျှ မလုပ်ရသေးပုံရသော်လည်း အကယ်စင်စစ်မူ အမှုပြီးဆုံးခဲ့ပြီဖြစ်၏။ လူသားအတွက် ပြီးဆုံးသွားသော အမှုအားလုံးမှာ မြင်သာရန် လိုအပ်သော်လည်း၊ သင့်အတွက် မြင်သာရန်မလုပ်ဘဲ ငါသည် ငါ၏အမှုကို ဆောင်ရွက်ပြီးပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် စာတန်သည် နာခံလိုက်ပြီဖြစ်၏။ ဆိုလိုသည်မှာ ၎င်းသည် လုံးဝရှုံးနိမ့်ခဲ့ပြီဖြစ်၍၊ ဘုရားသခင်၏ဉာဏ်အမြော်အမြင်၊ တန်ခိုးနှင့် အာဏာ အားလုံးတို့ စာတန်ကို နှိမ်နင်းခဲ့ပြီးဖြစ်၏။ ဤသည်မှာ အတိအကျ သက်သေခံရမည့်အချက်ဖြစ်၏။ ထို့အပြင် လူသားတွင် ရှင်းလင်းစွာ ထုတ်ဖော်ထားခြင်း မရှိသော်လည်း၊ သင့်ပကတိမျက်လုံးနှင့် မမြင်သာသော်လည်း စာတန်သည် ရှုံးနိမ့်ပြီးဖြစ်၏။ ဤအမှုတစ်ရပ်လုံးမှာ စာတန်အတွက်ရည်ရွယ်ထားခြင်းဖြစ်၍ စာတန်နှင့်တိုက်ပွဲကြောင့် အကောင်အထည်ဖော်ရခြင်းဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် အောင်မြင်ခဲ့ပြီးဟု မမြင်သည့်အရာများစွာ ရှိသော်လည်း ဘုရားသခင်၏မျက်လုံးထဲတွင် ကာလကြာမြင့်စွာကပင် ၎င်းတို့အောင်မြင်ခဲ့ပြီးဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု၏ အတွင်းကျသောသမ္မာတရားများထဲမှ တစ်ခုဖြစ်၏။
စာတန်ရှုံးနိမ့်ပြီးသည်နှင့်၊ ဆိုလိုသည်မှာ လူသားကို အပြည့်အဝ သိမ်းပိုက်ပြီးသည်နှင့်၊ လူသားသည် ဤအမှုအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ဆိုခြင်းကို နားလည်ကာ၊ ဤကယ်တင်ခြင်းအတွက်နည်းလမ်းမှာ စာတန်၏လက်ထဲမှ ပြန်လည်ရရှိရန်ဟူသည်ကို နားလည်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲမှု အမှုကို ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထား၏။ အမှု၏ ဤအဆင့်သုံးဆင့်တို့အားလုံးသည် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖျက်ဆီးခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၏။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်မှ စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အတွက်လည်း ဖြစ်၏။ ထို့ကြောင့် ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်သုံးဆင့် ခွဲခြားထား၍ ဘုရားသခင်၏အမှု၏ ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက်ဆောင်ရွက်၏။ စာတန်နှင့်တိုက်ပွဲသည် အကယ်စင်စစ်အားဖြင့် လူသား၏ကယ်တင်ခြင်းအတွက်ဖြစ်ကာ၊ လူသား၏ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာပြီးဆုံးနိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲကိုလည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထား၍၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖျက်ဆီးမှု အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲ၏။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဝင်သကဲ့သို့ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်မည်ဟု ယုံကြည်ကောင်းယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်မှ စိတ်ကူးနိုင်စွမ်း ရှိသမျှသာဖြစ်ကာ အလွန့်အလွန် မရေရာ၍ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်၏။ သို့ရာတွင် ဤသည်မှာ လူသားယုံကြည်သည့်အရာဖြစ်၏။ ထို့အပြင် လူသား၏ ကယ်တင်ခြင်းနည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဟု ဤနေရာတွင် ငါပြောသဖြင့် ဤသို့တိုက်ပွဲဝင်သည်ဟု လူသားက စိတ်ကူးယဉ်ခြင်း ဖြစ်သည်။ လူသား၏ကယ်တင်ခြင်းအမှုတွင်၊ အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်၏။ ဆိုလိုသည်မှာ စာတန်လုံးဝရှုံးနိမ့်ခြင်း မဖြစ်မီ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲခြားထား၏။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ရပ်လုံး၏ အတွင်းကျသည့်အမှန်တရားမှာ လူသားအပေါ် ကျေးဇူးတော်ချပေးခြင်းနှင့် လူသား၏ အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၊ လူသား၏အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်းတို့မှတစ်ဆင့် ၎င်း၏သက်ရောက်မှုများကို ရရှိခြင်းဖြစ်၏။ အမှန်စင်စစ်ဆိုရလျှင် စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သည်မဟုတ်ဘဲ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်ရန် လူသားကို ကယ်တင်ခြင်း၊ လူသား၏ဘဝအပေါ် အမှုဆောင်ခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းဖြစ်၏။ ဤနည်းဖြင့်စာတန်ကို ရှုံးနိမ့်စေ၏။ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေ၏။ စာတန်ကိုရှုံးနိမ့်စေပြီးသည့်အခါ၊ ဆိုလိုသည်မှာ လူသားသည် ကယ်တင်ခြင်းလုံးဝရရှိပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလျက်၊ ဤနည်းအားဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်တိုက်ပွဲဖြစ်၍၊ စာတန်နှင့်စစ်ပွဲသည် လူသား၏ကယ်တင်ခြင်းတွင် အဓိကအားဖြင့် ထင်ဟပ်နေ၏။ လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏အုပ်စိုးမှုမှ လူသားကို လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ပြယုဂ်ဖြစ်ပြီး စာတန်၏ ဖျက်ဆီးခြင်းခံထားရသူ လူသားကို သူသိမ်းပိုက်ခံရပြီးနောက် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် လူသားသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် သိမ်းပိုက်ခြင်းအမှုသည် နောက်ဆုံးအမှုဖြစ်၍၊ စာတန်ရှုံးနိမ့်ရေးအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှုရှိ နောက်ဆုံးအဆင့်လည်းဖြစ်၏။ ဤအမှုမရှိပါက၊ လူသားကို အပြည့်အဝ ကယ်တင်ခြင်းမှာ လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။ စာတန်ကို လုံးဝရှုံးနိမ့်စေရန်မှာလည်း ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ၊ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စာတန်နှင့် တိုက်ပွဲမပြီးဆုံးမီ လူသားအား ကယ်တင်သည့်အမှုကို အဆုံးသတ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှုဆိုင်ရာ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၍ ဖြစ်သည်။ အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် အနိုင်ယူရမည့်အရာ ဖြစ်လာခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအားလုံး၏ အဓိကအရာဖြစ်သည့်အတွက် လူသားကို ကယ်တင်မည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ မူလအသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများဖြစ်သော သူ၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို အနိုင်ယူရမည်ဖြစ်၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်ပြီး လူသားသည် အဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ကာ စာတန်သည် ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ဒဏ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ထို့နောက်တွင် လူသားကိုကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။
ဘုရားသခင်သည် သက်ရှိသတ္တဝါများအပေါ်တွင် လုံးဝရန်ငြိုးမထားပါ။ စာတန်ကိုသာ ရှုံးနိမ့်စေလို၏။ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ သူ၏အမှုအားလုံးသည် စာတန်အပေါ် ရည်ရွယ်ထားခြင်းဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် အကောင်အထည်ဖော်ခြင်းဖြစ်၍၊ အားလုံးမှာ စာတန် ရှုံးနိမ့်စေရန်အတွက်ဖြစ်ကာ၊ ၎င်းတွင် အဆုံးတိုင်အောင် စာတန်နှင့်တိုက်ပွဲဝင်ခြင်းဟူသည့် ရည်ရွယ်ချက် တစ်ခုသာရှိ၏။ ထို့အပြင် ဘုရားသခင်သည် စာတန်အပေါ်အောင်နိုင်ခြင်း မရှိသရွေ့ မည်သည့်အခါမျှ နားမည်မဟုတ်ပေ။ စာတန်ကိုရှုံးနိမ့်စေပြီးသည်နှင့် နားမည်ဖြစ်သည်။ ဘုရားသခင်ဆောင်ရွက်သည့်အမှု အားလုံးသည် စာတန်ကို ရည်ရွယ်ထားသည့်အတွက်နှင့် စာတန်၏ဖျက်ဆီးခြင်းခံရသူများ အားလုံးသည် စာတန်၏ပိုင်နက်၏ ချုပ်ကိုင်မှုအောက်တွင်ရှိလျက် စာတန်၏ပိုင်နက်အောက်တွင် နေသည့်အတွက်၊ စာတန်နှင့်ဆန့်ကျင်တိုက်ပွဲဝင်ခြင်းနှင့် ၎င်းကို ချိုးဖျက်ခြင်း မပြုဘဲနှင့်၊ စာတန်သည် ထိုသူတို့အပေါ် ၎င်း၏ချုပ်ကိုင်မှုကို လျှော့ပေးမည်မဟုတ်ပေ။ ထို့အပြင် ၎င်းတို့ကို ရယူနိုင်မည်လည်း မဟုတ်ပေ။ ၎င်းတို့ကို ရယူနိုင်ခြင်းမရှိပါက စာတန်သည် ရှုံးနိမ့်ခြင်းမရှိသေးကြောင်းနှင့် ၎င်းကိုနှိမ်နင်းခဲ့ခြင်း မရှိသေးကြောင်း သက်သေပြခြင်းဖြစ်မည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအစီအစဉ်၌ ပထမအဆင့်အတွင်း သူသည် ပညတ်တရားအမှုကို ဆောင်ရွက်ခဲ့၏။ ဒုတိယအဆင့်တွင် သူသည် ကျေးဇူးတော်ခေတ်၏ အမှုကို ဆောင်ရွက်၏။ ကားတိုင်တွင် အသေခံခြင်းအမှုဟု ဆိုလိုသည်။ ထို့နောက် တတိယအဆင့်တွင် သူသည် လူသားမျိုးနွယ်အား သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ခဲ့၏။ ဤအမှုအားလုံးသည် စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတိုင်းအတာအပေါ် ရည်ရွယ်ထားခြင်းဖြစ်၏။ အားလုံးမှာ စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် ဖြစ်၍ စာတန်ကို ရှုံးနိမ့်စေခြင်းအတွက် မဟုတ်သည့်အဆင့် တစ်ဆင့်မျှ ဤအဆင့်များတွင် မရှိပေ။ ဘုရားသခင်၏ အနှစ် ၆၀ဝ၀ စီမံခန့်ခွဲခြင်းအမှု၏ အနှစ်သာရသည် အဆင်းနီသော နဂါးကြီးကို ဆန့်ကျင်သည့်တိုက်ပွဲဖြစ်၍ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုသည်လည်း စာတန်ကို ရှုံးနိမ့်စေခြင်းအမှုဖြစ်၍ စာတန်နှင့် တိုက်ပွဲဝင်ခြင်းအမှုဖြစ်၏။ ဘုရားသခင်သည် အနှစ် ၆၀ဝ၀ ကြာ တိုက်ပွဲဝင်ခဲ့သည်။ ထို့ကြောင့် အဆုံးတွင် လူသားတို့ကို နိုင်ငံတော်သစ်တို့ ခေါ်ဆောင်လာရေးအတွက် အနှစ် ၆၀ဝ၀ ကြာ အမှုဆောင်ခဲ့ပြီဖြစ်၏။ စာတန်ရှုံးနိမ့်သည့်အခါ လူသားသည် လုံးဝလွတ်မြောက်မည် ဖြစ်၏။ ဤသည်မှာ ယနေ့ဘုရားသခင်၏အမှု ဦးတည်ချက်ပင် မဟုတ်သလော။ လူသားအပေါ် မည်သည့်စည်းကမ်းများ၏ သတ်မှတ်ခံရခြင်းမျှ မရှိ၊ ချုပ်နှောင်ထားခြင်းများ သို့မဟုတ် ကန့်သတ်ချက်များဖြင့် ကန့်သတ်ခံရခြင်း မရှိစေရန် လူသားကို လုံးဝလွတ်မြောက်ရေးနှင့် လွတ်လပ်ရေးသည် ယနေ့အမှု၏ ဦးတည်ရာ အတိအကျပင် ဖြစ်၏။ ဤအမှုအားလုံးကို သင်တို့၏ဝိညာဉ်အသက်တာနှင့် သင်တို့၏လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်၏။ သင်တို့ဖြစ်မြောက်နိုင်သည့်အတိုင်း သင်တို့ကို ပေးထားသည်ဟု ဆိုလိုခြင်းဖြစ်၏။ “ဘဲတစ်ကောင်ကို အိပ်တန်းသို့ မောင်းနှင်” သည့် ကိစ္စတစ်ရပ်၊ သင်တတ်စွမ်းသည်ထက် ကျော်လွန်သည့် အရာများကို သင့်အား အဓမ္မ ပြုလုပ်စေသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ဤအမှုအားလုံးသည် သင်၏အမှန်စင်စစ် လိုအပ်ချက်များနှင့်အညီ အကောင်အထည်ဖော်ခြင်း ဖြစ်၏။ အမှု၏ အဆင့်တစ်ဆင့်စီသည် လူသား၏ အမှန်စင်စစ်လိုအပ်ချက်နှင့် လူသားအပေါ်သတ်မှတ်ချက်များနှင့် အညီဖြစ်၍ စာတန်ကို ရှုံးနိမ့်စေရန်ဖြစ်၏။ အကယ်စင်စစ်မူ၊ အစအဦး၌ ဖန်ဆင်းရှင်နှင့် သူဖန်ဆင်းသည့် သတ္တဝါတို့အကြား အတားအဆီးများ မရှိပေ။ ၎င်းတို့အားလုံးမှာ စာတန်က ပြုလုပ်ခြင်းဖြစ်၏။ စာတန်၏နှောင့်ယှက်မှုနှင့် ၎င်း၏ပျက်စီးမှုကြောင့် လူသားသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း၊ ထိနိုင်စွမ်းတို့ မရှိခြင်း ဖြစ်လာသည်။ လူသားသည် ဒုက္ခခံရသူ၊ လှည့်ဖြားခံရသူ ဖြစ်၏။ စာတန်ရှုံးနိမ့်သည်နှင့် သက်ရှိသတ္တဝါများသည် ဖန်ဆင်းရှင်ကို မြင်လိမ့်မည်ဖြစ်၍ ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါများကို ကြည့်လျက် ၎င်းတို့ကို သူကိုယ်တိုင် လမ်းပြနိုင်လိမ့်မည်။ ဤသည်သာလျှင် လူသားအနေဖြင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိသင့်သည့် အသက်တာဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏အမှုသည် အဓိကအားဖြင့် စာတန်ရှုံးနိမ့်စေရန်ဖြစ်၍ စာတန်ရှုံးနိမ့်သည်နှင့် အရာခပ်သိမ်း ဖြေရှင်းပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားအကြား ကြွလာသည်မှာ အလွန်ထူးခြားကြောင်း ယနေ့ သင်တွေ့ခဲ့ပြီး ဖြစ်သည်။ နေ့စဉ် သင်တို့ကို အပြစ်ရှာ၍ အချိန်ကုန်ဆုံးစေရန်၊ ဘာဘာညာညာ ပြောရန်၊ သို့မဟုတ် သူမည်သည်နှင့် တူသည်၊ သူစကားပြောပုံ၊ နေထိုင်ပုံ စသည်တို့ကို သင်တို့အား တွေ့မြင်ခွင့်ပေးရန်အတွက် သူလာခဲ့သည် မဟုတ်။ ဘုရားသခင်သည် ဇာတိပကတိခံယူသည်မှာ သင်တို့အား သူ့ကိုကြည့်ခွင့်ပေးရုံ၊ သို့မဟုတ် သင်တို့၏ မျက်လုံးများကို ဖွင့်ပေးရုံ၊ သို့မဟုတ် သူပြောခဲ့သည့် နက်နဲသောအရာများနှင့် သူဖွင့်ခဲ့သည့် တံဆိပ်ခုနစ်ချက်ကို သင်တို့အား ကြည့်ခွင့်ပြုရုံအတွက် မဟုတ်။ အတိအကျအားဖြင့်ဆိုလျှင် စာတန်ရှုံးနိမ့်စေရေးအတွက် သူသည် ဇာတိပကတိခံယူခဲ့ခြင်းဖြစ်၏။ လူသားတို့အကြား ဇာတိပကတိအသွင်ဖြင့် သူကိုယ်တိုင်လာခဲ့သည်မှာ လူသားတို့ကို ကယ်တင်ရန်၊ စာတန်နှင့် တိုက်ပွဲဝင်ရန်ဖြစ်၍၊ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ဖြစ်၏။ စာတန်ရှုံးနိမ့်ရေးအတွက်သာ မဟုတ်ခဲ့ပါက သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ကမ္ဘာမြေကြီးကို လာခြင်းဖြစ်၏။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ်လော။ ဤသည်မှာ အမှန်စင်စစ် လွန်စွာထူးခြား၏။ လူသားမှ စိတ်ကူးယဉ်သကဲ့သို့ ဘုရားသခင်သည် သူ့အပေါ် လူသားက ကြည့်ရန် လာခဲ့သည်မဟုတ်။ ဘုရားသခင်သည် စစ်မှန်၍ မရေမရာ၊ အနှစ်သာရကင်းမဲ့သူ မဟုတ်ကြောင်း နားလည်စေရန်နှင့် ဘုရားသခင်သည် မြင့်မားသည်သာမက စိတ်နှလုံးနှိမ့်ချခြင်းလည်းရှိကြောင်း နားလည်စေရန် ကြွရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဤသည်မှာ ဤမျှလွယ်ကူနိုင်မည်လော။ အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ နှစ်ရပ်သည် စာတန်ကို ရှုံးနိမ့်စေရန် တည်ရှိခဲ့၍ လူသားကို ပိုမိုကောင်းမွန်စွာ ကယ်တင်နိုင်ရေးအတွက်လည်း တည်ရှိခဲ့၏။ ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သူမှာ- ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်စေ- ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အတိုအားဖြင့်ဆိုလျှင်၊ စာတန်နှင့် တိုက်ပွဲဝင်နေသူသည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားမဆိုထားနှင့် ကောင်းကင်တမန်များပင် မဟုတ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤအမှုကိုပြုရန် တန်ခိုးမရှိပေ။ ထို့အပြင် လူသားသည် သာ၍ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့၏အသက်တာအပေါ် အမှုဆောင်လိုပါက၊ လူသားအပေါ် ဆောင်ရွက်ရန် သူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာလိုပါက၊ သူကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဇာတိပကတိ ယူတင်ဝတ်ဆောင်၍ သူ၏ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် သူဆောင်ရွက်ရမည့် အမှုအားဖြင့်၊ လူသားအကြားကြွလာ၍ သူကိုယ်တိုင် လူသားကို ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူမှာ ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ပါက၊ ဤတိုက်ပွဲသည် ထိရောက်မှုရှိရန် အစဉ်ပျက်ကွက်မည်ဖြစ်၍ မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ လူသားတို့အကြား စာတန်ကို ဆန့်ကျင်တိုက်ပွဲဝင်ရန် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာလျှင် လူသားသည် ကယ်တင်ခြင်းရရှိရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။ ထို့အပြင်၊ ထိုအခါမှသာလျှင် စာတန်သည် အရှက်ရ၍ ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများ သို့မဟုတ် အကောင်အထည်ဖော်ရန် အစီအစဉ်များ မရှိဘဲ ကျန်ရစ်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ဇာတိပကတိဆန်သူ မည်သည့်လူသားမျှ ဘုရားသခင်၏ ကိုယ်စား ဆောင်ရွက်နိုင်စွမ်း သာ၍ပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူဆောင်ရွက်သည့်အမှုသည် လူသား၏ အသက်တာအတွက်ဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သောကြောင့် ဖြစ်၏။ လူသားသည်သာ ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက သူသည် အလွန်ဝမ်းနည်းဖွယ်ကောင်းစွာ ကစဉ့်ကလျား ထွက်ပြေးမည်သာဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်နိုင်စွမ်း သို့မဟုတ် ပုန်ကန်စိတ်ရှိသည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် အခြေခံသဘောတရားအရ သာမန်အမှုအနည်းငယ်သာ သို့မဟုတ် စာတန်ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံမည်နည်း။ စာတန်ရှုံးနိမ့်စေရန်မဆိုနှင့် လူသားကို မရရှိနိုင်သည့်အမှုမှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲမှာ ဘုရားသခင်ကိုယ်တိုင်သာလျှင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကာ လူသားက လုပ်ဆောင်ရန် စွမ်းဆောင်ရည် လုံးဝမရှိပေ။ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်ကာလအသစ်တစ်ရပ် ဖွင့်လှစ်သည့်အမှုကို မပြုနိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ စာတန်ကိုရှုံးနိမ့်စေသော ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုဖြင့်သာ လူသားသည် ဖန်ဆင်းရှင်ကျေနပ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤတစ်ခုတည်းကိုသာ လူသားသည် ပြုလုပ်နိုင်၏။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်တိုင်း၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်တိုင်း၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်လမ်းပြကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် လမ်းကြောင်းသစ်တစ်ရပ်ကို ဖွင့်ပေးခြင်းဖြစ်၏။ ခေတ်သစ်တစ်ခုစီ၏အရုဏ်သည် စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် လူသားသည် ပို၍သစ်လွင်လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင်က လမ်းပြဦးဆောင်သည့် ခေတ်သစ်သို့ ဝင်ရောက်ခြင်းဖြစ်၏။ လူသားသည် အရာခပ်သိမ်း၏ အရှင်သခင် ဖြစ်သော်လည်း ရရှိခဲ့ပြီးသူများသည် စာတန်နှင့်တိုက်ပွဲအားလုံး၏ အသီးများဖြစ်လာကြလိမ့်မည်။ စာတန်သည် အရာခပ်သိမ်းကို ဖျက်ဆီးသူဖြစ်၏။ ၎င်းသည် တိုက်ပွဲအားလုံးအဆုံးတွင် ဆုံးရှုံးသူဖြစ်၍ ဤတိုက်ပွဲများနောက်တွင် အပြစ်ပေးခံရမည့်သူလည်း ဖြစ်၏။ ဘုရားသခင်၊ လူသားနှင့် စာတန်တို့အကြားတွင် စာတန်သည်သာ မုန်းတီးရွံရှာခြင်းနှင့် ငြင်းပယ်ခံရမည့်သူဖြစ်၏။ စာတန်ကရရှိလိုက်သော်လည်း ဘုရားသခင်က ပြန်လည်ရယူလိုက်ခြင်း မရှိသူများသည် ထိုအတောအတွင်း စာတန်၏ကိုယ်စား အပြစ်ပေးခံရမည့်သူများ ဖြစ်သွား၏။ ဤသုံးဦးတွင် အရာခပ်သိမ်းသည် ဘုရားသခင်ကိုသာလျှင် ဝတ်ပြုသင့်သည်။ စာတန်၏ဖျက်ဆီးခြင်း ခံရသော်လည်း ဘုရားသခင်က ပြန်လည်ရယူလိုက်၍ ဘုရားသခင်၏လမ်းခရီးနောက်လိုက်လျှောက်သူများသည် ထိုအတောအတွင်း ဘုရားသခင်၏ကတိကိုရရှိ၍ ဘုရားသခင်အတွက် ဆိုးယုတ်သူများကို တရားစီရင်မည့်သူများ ဖြစ်သွားကြ၏။ ဘုရားသခင်အောင်နိုင်မည်မှာ သေချာ၍ စာတန်သည် ရှုံးနိမ့်လိမ့်မည်မှာ သေချာ၏။ သို့ရာတွင် လူသားတို့အကြားတွင် အောင်မြင်မည့်သူများနှင့် ရှုံးနိမ့်မည့်သူများ ရှိ၏။ အောင်မြင်မည့်သူများသည် အောင်နိုင်သူနှင့် သက်ဆိုင်၍ ရှုံးနိမ့်မည့်သူများမှာ ရှုံးနိမ့်သူနှင့် သက်ဆိုင်လိမ့်မည်။ ဤသည်မှာ အမျိုးအစားကိုလိုက်၍ တစ်ခုစီကို အတန်းစားခွဲခြားခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှုအားလုံး၏ နောက်ဆုံးရလဒ်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံး၏ ရည်ရွယ်ချက်လည်းဖြစ်၍ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ အဓိကအမှု၏အချက်အချာမှာ လူသားအား ကယ်တင်ခြင်းအပေါ်တွင် အလေးထား၍ ဤအချက်အချာအတွက်၊ ဤအလုပ်အတွက်နှင့် စာတန် ရှုံးနိမ့်ရေးအတွက် ဘုရားသခင်သည် အဓိကအားဖြင့် ဇာတိပကတိ ခံယူခြင်းဖြစ်၏။ ဘုရားသခင်မှ ပထမအကြိမ် ဇာတိပကတိခံယူချိန်သည်လည်း စာတန်ရှုံးနိမ့်စေရန်ဖြစ်၏၊ ပထမတိုက်ပွဲအမှုပြီးပြည့်စုံစေရန်၊ သူကိုယ်တိုင် ဇာတိပကတိခံယူ၍ ကိုယ်တိုင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရ၏။ ဤသည်မှာ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းအမှုဖြစ်၏။ အလားတူပင်၊ အမှု၏ဤအဆင့်သည်လည်း လူသားတို့အကြား သူ၏အမှုကို ဆောင်ရွက်ရန်၊ သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ပြောဆိုရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ဇာတိပကတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ထိုအမှုများဆောင်ရွက်နေစဉ်တစ်လျှောက် သူသည် အခြားအမှုများကိုလည်း ဆောင်ရွက်ကြောင်းကို ရှောင်လွှဲ၍မရသည်မှာ မှန်ပေသော်လည်း သူ၏အမှုကို သူကိုယ်တိုင်ဆောင်ရွက်ခြင်း၏ အဓိကအကြောင်းရင်းမှာ စာတန်ရှုံးနိမ့်စေရေး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ရေးနှင့် ထိုသူများကို ရရှိရေးအတွက်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူခြင်းသည် အမှန်တကယ်ပင် ထူးခြားပေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင်သည် စိတ်နှလုံးနှိမ့်ချ၍ ဖုံးကွယ်ပုန်းလျှိုးနေကြောင်းနှင့် ဘုရားသခင်သည် စစ်မှန်ကြောင်းပြရန်သာဖြစ်ကာ၊ ဤအမှုကိုဆောင်ရွက်ရန် အတွက်သာဖြစ်ပါက၊ ဇာတိပကတိခံယူရန် လိုအပ်ခဲ့မည်မဟုတ်ပေ။ ဘုရားသခင်သည် ဇာတိပကတိခံယူခြင်း မပြုသော်မှ သူသည် သူ၏စိတ်နှလုံးနှိမ့်ချခြင်းနှင့် ဖုံးကွယ်ပုန်းလျှိုးနေခြင်း၊ သူ၏ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို လူသားအား တိုက်ရိုက် ဖော်ထုတ်ပြသနိုင်၏။ သို့ရာတွင် ထိုကဲ့သို့သောအရာများသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လူသားကို ကယ်တင်နိုင်စွမ်း သို့မဟုတ် ပြည့်စုံစေနိုင်စွမ်းမရှိပေ။ စာတန်ကို ရှုံးနိမ့်စေနိုင်စွမ်း သာ၍ပင် မရှိပေ။ စာတန်ရှုံးနိမ့်စေရေးတွင် ဝိညာဉ်တော်က ဝိညာဉ်တစ်ပါးနှင့် တိုက်ပွဲဝင်ခြင်းသာပါဝင်ပါက ထိုကဲ့သို့အမှုတွင် လက်တွေ့ကျသည့်တန်ဖိုး သာ၍ပင်မရှိပေ။ ဤသည်မှာ လူသားကိုရရှိနိုင်စွမ်းမရှိဘဲ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ဖျက်ဆီးလိမ့်မည်။ ထို့ကြောင့် ယနေ့ ဘုရားသခင်၏အမှုတွင် လေးနက်သည့်အဓိပ္ပာယ်ရှိ၏။ ဤသည်မှာ လူသားသည် သူ့အားတွေ့နိုင်စေရန်သာမဟုတ်၊ သို့မဟုတ် လူသား၏မျက်လုံးများပွင့်သွားရေး သို့မဟုတ် သူ့ကို အနည်းငယ် တွန်းပေးခြင်းနှင့် အားပေးခြင်းတို့ ပြုလုပ်ပေးရန်သာမဟုတ်ပေ။ ထိုကဲ့သို့သောအမှုသည် အဓိပ္ပာယ်မရှိပေ။ ဤကဲ့သို့ အသိဉာဏ်မျိုးအကြောင်းသာ သင်ပြောနိုင်ပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သော အဓိပ္ပာယ်အကြောင်း သင်မသိကြောင်းကို သက်သေပြ၏။
ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းဖြစ်၏။ လောကကြီးကို ဖန်ဆင်းခြင်းဖြစ်သည့် ပထမအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါလျှင် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ တတ်စွမ်းနိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ချေ၊ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ဤအဆင့်ကိုလည်း ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ တတိယအဆင့်ကိုမူ ပြောရန်မလိုပေ၊ ဘုရားသခင်၏ အမှုခပ်သိမ်းနှင့်ဆိုင်သော အဆုံးသတ်ကို ဘုရားသခင်ကိုယ်တိုင်ပြုလုပ်ရန် သာ၍ပင် လိုအပ်၏။ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းဖြစ်၏။ ဘုရားသခင်ကိုယ်တိုင် ဤအမှုကို မပြုလုပ်ပါက သူ၏ကိုယ်ပိုင်လက္ခဏာကို လူသားအနေဖြင့် ကိုယ်စားပြုနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် သူ၏အမှုကို လူသားအနေဖြင့် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အတွက်၊ လူသားမျိုးနွယ်ကို ရယူရန်အတွက်၊ ထို့ပြင် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် သာမန်အသက်တာတစ်ခု ပေးရန်အတွက် သူကိုယ်တိုင် လူသားကို လမ်းပြဦးဆောင်၍ လူသားတို့အကြား ကိုယ်တိုင်အမှုဆောင်ရွက်၏။ သူ၏ စီမံခန့်ခွဲရေးအစီအစဉ် တစ်ရပ်လုံးအတွက်၊ ထို့ပြင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်၏။ ဘုရားသခင်သည် သူမြင်တွေ့ရန်နှင့် သူပျော်ရွှင်စေရန် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်လျှင်၊ ထိုကဲ့သို့သော ယုံကြည်မှုများတွင် တန်ဖိုးမရှိ၊ အဓိပ္ပာယ်မရှိပေ။ လူသား၏အသိဉာဏ်သည် အပေါ်ယံသာဖြစ်လွန်း၏။ သူကိုယ်တိုင် အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို သေချာစွာ အပြည့်အဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကိုယ်စား ဤသည်ကို လုပ်နိုင်စွမ်း မရှိပေ။ သူသည် ဘုရားသခင်၏ ကိုယ်ပိုင်ဝိသေသလက္ခဏာ မရှိသကဲ့သို့၊ သူ၏အနှစ်သာရလည်း မရှိပေ။ သူ၏အမှုကို လုပ်ကိုင်နိုင်စွမ်းလည်း မရှိပေ။ ထို့အပြင် လူသားတွင် လုပ်ကိုင်ခဲ့လျှင်သော်မှ မည်သည့်သက်ရောက်မှုမျှ ရှိမည် မဟုတ်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် ဇာတိပကတိခံယူခဲ့သော အခါသည် ရွေးနုတ်ခြင်းအတွက်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခြင်းနှင့် သူ၏အပြစ်များအတွက် အပြစ်လွှတ်ခြင်း ခံနိုင်စွမ်းရှိစေရေး ဆောင်ရွက်ရန် ဖြစ်၏။ သိမ်းပိုက်ခြင်းအမှုသည်လည်း လူသားများအကြား ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်၏။ အကယ်၍ ဤအဆင့်အတွင်း ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောကြားရန်သာဖြစ်ပါက သူ့နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပါရမီရှင်တစ်ဦး ရှာတွေ့နိုင်ပါသည်။ ပရောဖက်ပြုချက်ကိုသာ ပြောကြားပါက၊ ဘုရားသခင်ကိုယ်စား လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်၍ လူသား၏ဘဝအပေါ် အမှုဆောင်ရမည်ဆိုပါက၊ ဤအမှုကို လုပ်ကိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်မှ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရမည် ဖြစ်၏၊ ဤအမှုကို လုပ်ကိုင်ရန် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောကြားခဲ့သည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ကိုင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်မှ ဤအမှုကို ကိုယ်တိုင်လုပ်ကိုင်ရန် မလိုတော့ပေ။ ဤအဆင့်တွင် လုပ်ကိုင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမကသည့်အတွက်နှင့်၊ လူသားကို သိမ်းပိုက်ရန်နှင့် စာတန်အားရှုံးနိမ့်စေရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသဖြင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင် ယေဟောဝါသည် ဘုရားသခင်၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏။ ၎င်းနောက် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆို၍ ပရောဖက်များအားဖြင့် အမှုအချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ လူသားသည် ယေဟောဝါ၏အမှုအတွက် အစားဝင်ပေးနိုင်၍ဖြစ်ကာ ပရောဖက်တို့သည် ဖြစ်မည့်အရာများကို ကြိုတင်ပြောနိုင်၍ သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်အဓိပ္ပာယ် ပြန်ဆိုနိုင်၍ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲရန် အမှုမဟုတ်ပေ။ ထို့အပြင် လူသား၏အပြစ်နှင့်လည်း သက်ဆိုင်ခြင်း မရှိပေ။ ထို့အပြင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် ဇာတိပကတိခံယူခြင်းမရှိဘဲ လူသားကို သူ့ကိုယ်သူ ထုတ်ဖော်ခြင်းလည်း မရှိပေ။ ထိုသို့ပြုမည့်အစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက်စကားပြော၏။ သူ့ကိုယ်စား ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်းများပြုစေ၍ လူသားမျိုးနွယ်အကြား တိုက်ရိုက်အမှုဆောင်စေ၏။ ဘုရားသခင်အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်၏။ ၎င်းမှာ စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း ဤတိုက်ပွဲမှာ တရားဝင် မစတင်ရသေးပါ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်းဖြင့် စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပေါ်ခဲ့၏။ ဤစစ်ပွဲပထမဖြစ်သည့်အချိန်မှာ လူ့ဇာတိခံယူသောဘုရားသခင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရသည့်အခါ ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင် လက်ဝါးကပ်တိုင်တွင် အသေခံခြင်းသည် စာတန်ကို ရှုံးနိမ့်စေခဲ့ပြီး ဤစစ်ပွဲတွင် ပထမ အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံယူသောဘုရားသခင်က လူသား၏ဘဝအပေါ် တိုက်ရိုက်လုပ်ဆောင်သည့်အခါ ဤသည်မှာ လူသားကို ပြန်လည်ရယူသည့်အမှု၏ တရားဝင် အစဖြစ်၍ ဤသည်မှာ လူသား၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲသည့်အမှုဖြစ်သောကြောင့် ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သည့်အမှု ဖြစ်၏။ အစအဦး၌ ယေဟောဝါက ဆောင်ရွက်ခဲ့သော အမှုအဆင့်သည် ကမ္ဘာမြေကြီးပေါ်တွင် လူသား၏ဘဝအပေါ် ဦးဆောင်လမ်းပြမှုသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှု အစဖြစ်၍ တိုက်ပွဲတစ်ရပ်ရပ် သို့မဟုတ် အဓိကအမှု တစ်ရပ်ရပ်အဖြစ် ပြောင်းလဲခြင်း မရှိသေးသော်လည်း လာမည့်တိုက်ပွဲအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်း အမှု၏ဒုတိယအဆင့်သည် လူသား၏စိတ်သဘောထား အဟောင်းကို ပြောင်းလဲခြင်းနှင့် ပတ်သက်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင် လူသား၏ဘဝအပေါ် လုပ်ကိုင်၏။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ခဲ့ရ၏၊ ၎င်းသည် ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူရန် လိုအပ်ခဲ့ကာ၊ သူဇာတိပကတိမခံယူပါက၊ အမှု၏ဤအဆင့်တွင် အခြားမည်သူမျှ သူ့ကို အစားထိုးနိုင်ခဲ့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စာတန်နှင့် တိုက်ရိုက်ဆန့်ကျင်တိုက်ပွဲဝင်သည့် အမှုကို ကိုယ်စားပြုခဲ့ခြင်းအတွက်ဖြစ်၏။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ကိုယ်စား လူသားက ဆောင်ရွက်ခဲ့ပါက၊ စာတန်ရှေ့မှောက် လူသားမတ်တပ်ရပ်သည့်အခါ စာတန်သည် အညံ့ခံ အရှုံးပေးခဲ့မည် မဟုတ်ဘဲ ၎င်းကို ရှုံးနိမ့်စေရန်လည်း ဖြစ်နိုင်ခဲ့မည် မဟုတ်ပါ။ ၎င်းကို ရှုံးနိမ့်စေခဲ့ရသူမှာ လူ့ဇာတိခံယူရန်ကြွလာသော ဘုရားသခင် ဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်ပင် ဖြစ်ဆဲဖြစ်ပြီး သူသည် လူသား၏အသက် ဖြစ်နေဆဲဖြစ်ကာ ဖန်ဆင်းရှင်ဖြစ်နေဆဲဖြစ်သောကြောင့်တည်း။ မည်သည့်အရာပင်ဖြစ်စေ၊ သူ၏ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝနာခံစေရေးအတွက် သူသည် ဇာတိပကတိကို ယူတင်ဝတ်ဆောင်၍ အမှုကို ဆောင်ရွက်၏။ နောက်ဆုံးသောကာလအမှု၏ အဆင့်အတွင်း၊ လူသားသည် ဤအမှုကို ဆောင်ရွက်၍ နှုတ်ကပတ်တော်တို့ကို တိုက်ရိုက်ပြောဆိုရမည်ဆိုပါက သူသည် ၎င်းတို့ကို ပြောဆိုနိုင်မည်မဟုတ်ပေ။ ထို့အပြင် ပရောဖက်ပြုချက်ကို ပြောဆိုခဲ့သည်ရှိသော်၊ ၎င်းသည် လူသားကို သိမ်းပိုက်ရန် စွမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဇာတိပကတိ ခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို ရှုံးနိမ့်စေရန် ကြွလာ၍ ၎င်းကို လုံးဝအညံ့ခံစေ၏။ သူသည်စာတန်ကို လုံးဝရှုံးနိမ့်စေပြီး၊ လူသားကို အပြည့်အဝသိမ်းပိုက်ကာ၊ လူသားကို အလျဉ်းရယူသောအခါ အမှု၏ဤအဆင့် ပြီးဆုံးမည်ဖြစ်ပြီး အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အစား မဝင်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်း အမှုနှင့် အမှုသစ်စတင်ခြင်းတို့သည် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေရန် သာ၍ပင်လိုအပ်၏။ လူသားကို ဗျာဒိတ်တော်ပေးခြင်းနှင့် ဟောကိန်းပေးခြင်းများကို လူသားက ပြုလုပ်နိုင်၏။ သို့ရာတွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်အကြားတိုက်ပွဲအမှု ဖြစ်ပါက ဤအမှုကို လူသားက မဆောင်ရွက်နိုင်ပေ။ အမှု၏ပထမအဆင့်ကာလတွင်၊ စာတန်နှင့်တိုက်ပွဲမရှိခဲ့သည့်အခါ ယေဟောဝါသည် ဣသရေလအမျိုးတို့ကို ပရောဖက်များပြောခဲ့သည့် ပရောဖက်ပြုချက်ကို သုံး၍ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခဲ့၏။ ၎င်းနောက်တွင်၊ အမှု၏ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်၍ ဘုရားသခင်ကိုယ်တိုင် ဇာတိပကတိခံယူကာ၊ ဤအမှုကိုဆောင်ရွက်ရန် ဇာတိပကတိအတွင်းသို့ လာ၏။ စာတန်၏တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည် ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့်လည်း ပတ်သက်၏။ ဤတိုက်ပွဲကို လူသားတိုက်၍မရဟု ဆိုလိုခြင်းဖြစ်၏။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ရှုံးနိမ့်စေရန် တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင်ရှိနေသေးစဉ် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏၊ သင်သည် စာတန်ဘက်သို့တိမ်းပါက သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို ကျေနပ်စေပါက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲတွင် လူသားသည် ဘုရားသခင်အစား ဝင်ပေးရမည်ဆိုပါက၊ သူသည် လုပ်ဆောင်နိုင်ပါမည်လော။ သူသည်အစားဝင်ပေးခဲ့ပါက၊ ကာလကြာမြင့်စွာကပင် သူပျက်စီးခဲ့မည် မဟုတ်သလော။ ကာလကြာမြင့်စွာကပင် ငရဲပြည်သို့ ဝင်ရောက်ခဲ့မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏အမှု၌ သူ့အစားမဝင်ပေးနိုင်ပေ။ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိ၊ ထို့အပြင် သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက သူ့ကိုရှုံးနိမ့်စေနိုင်စွမ်း သင့်တွင်ရှိမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်၏။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ အချို့သောသူများကို ဖျောင်းဖျနိုင်၏၊ သို့ရာတွင် ဘုရားသခင်ကိုယ်တိုင်၏အမှုတွင် သူသည် ဘုရားသခင်အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။ သင်မစမီကပင် စာတန်သည် သင့်ကိုဖမ်းဆီးခဲ့မည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် စာတန်နှင့် တိုက်ပွဲဝင်ပြီး ဤသည်ကအခြေခံလျက် လူသားသည် ဘုရားသခင်နောက် လိုက်လျှောက်၍ သူ့ကို နာခံသောအခါမှသာလျှင်။လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်မည်ဖြစ်၍ စာတန်၏အချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည်ဖြစ်၏။ လူသားက သူ၏ကိုယ်ပိုင် ဉာဏ်အမြော်အမြင်နှင့် စွမ်းရည်တို့ဖြင့် ရယူအောင်မြင်နိုင်သည်တို့မှာ နည်းပါးလွန်းပါသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ ဦးဆောင်လမ်းပြခြင်းတို့အပြင် စာတန်ကို ရှုံးနိမ့်စေခြင်းတို့ ပြုလုပ်နိုင်စွမ်း မရှိပေ။ လူသား၏ အသိဉာဏ်နှင့် ဉာဏ်အမြော်အမြင်တို့သည် စာတန်၏ကြံစည်မှုများကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။
စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး ခရီးပန်းတိုင်သို့ဝင်ရောက်လိမ့်မည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရန် လိုလားမှု မရှိသည့်အပြင် အံ့သြဖွယ်ရာနယ်ပယ်သို့ဝင်ရောက်ရန် လိုလားမှု မရှိပါက၊ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်၏။ စုံလင်စေခြင်းခံရန် လိုလား၍ ဘုရားသခင်အပေါ် သစ္စာရှိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏အလုပ်ကို သစ္စာရှိစွာ ဆောင်ရွက်သူအားလုံး၊ ထိုကဲ့သို့သောသူအားလုံးတို့သည် စုံလင်စေခြင်းခံရနိုင်၏။ ယနေ့ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာထမ်းဆောင်ခြင်း မရှိသူအားလုံး၊ ဘုရားသခင်အပေါ် သစ္စာမရှိသူအားလုံး၊ ဘုရားသခင်ထံ အညံ့ခံခြင်းမရှိသူအားလုံး၊ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို လက်ခံရရှိပြီးသော်လည်း လက်တွေ့ကျင့်သုံးခြင်း မရှိသူများ၊ ထိုကဲ့သို့သောသူ အားလုံးသည် စုံလင်စေခြင်းခံရနိုင်ခြင်း မရှိပေ။ ဘုရားသခင်အပေါ် သစ္စာရှိ၍ နာခံရန်လိုလားသူအားလုံးသည် အသိဉာဏ် အနည်းငယ် နည်းပါးနေသော်မှ စုံလင်စေခြင်း ခံနိုင်၏။ ဆည်းပူးရန်လိုလားသူအားလုံးသည် စုံလင်စေခြင်းခံနိုင်၏။ ဤအတွက် စိုးရိမ်စရာမလိုပေ။ ဤလမ်းကြောင်းကို သင်လိုက်လျှောက်ရန် လိုလားနေသမျှ၊ သင်သည် စုံလင်စေခြင်း ခံနိုင်၏။ ငါသည် သင်တို့အကြား မည်သူ့ကိုမျှ စွန့်ပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုရန် မလိုလားသော်လည်း လူသားသည် အောင်မြင်ရန်မကြိုးစားပါက၊ သင်သည် သင့်ကိုယ်သင် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင်ပင်ဖြစ်၏။ အကယ်၍ သင်ကိုယ်တိုင် အောင်မြင်အောင် မကြိုးစားပါက၊ သင်သည် ပျင်းရိပါက၊ သို့မဟုတ် သင်၏တာဝန်ကို မထမ်းဆောင်ပါက၊ သို့မဟုတ် သစ္စာမရှိပါက၊ သို့မဟုတ် သမ္မာတရားကို မဆည်းပူးသည့်အပြင် သင်သဘောကျသည့်အတိုင်း အမြဲပြုလုပ်ပါက၊ အဆင်အခြင်မဲ့စွာ သင်ပြုမူပြီး ကိုယ်ကိုယ်တိုင်၏ ဂုဏ်သတင်းနှင့် အခွင့်အလမ်းအတွက် အစွမ်းကုန်ကြိုးပမ်း၍ ဆန့်ကျင်ဘက်လိင်နှင့် သင်၏ဆက်ဆံခြင်းများတွင် မသမာပါက၊ သင်သည် မိမိကိုယ်တိုင်၏ အပြစ်ဝန်များကို ထမ်းပိုးရမည်ဖြစ်ပြီး မည်သူ၏ သနားကြင်နာမှုနှင့်မျှ သင်မထိုက်တန်ပေ။ ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ဤအဆင့်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက်၊ သင်တို့အားလုံးကို စုံလင်စေရန် ဖြစ်၍၊ အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန်ဖြစ်၏။ ဘုရားသခင်၏အလိုမှာ လူတိုင်းကို စုံလင်စေရန်၊ အဆုံးတွင် သူမှရယူရန်၊ သူမှလုံးဝသန့်စင်စေရန်နှင့် သူချစ်သောသူဖြစ်လာရန် ဖြစ်၏။ သင်တို့သည် ခေတ်နောက်ကျန်နေသည်ဟု ငါပြောသည်ဖြစ်စေ၊ အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည်ဖြစ်စေ၊ အရေးမကြီးပေ၊ ဤသည်တို့အားလုံးမှာ အမှန်ဖြစ်၏။ ငါဤသို့ပြောသည်မှာ ငါသင့်ကို စွန့်ပစ်ရန်ရည်ရွယ်သည်၊ သင်တို့အပေါ် ငါမျှော်လင့်ချက် မရှိတော့ပြီဟူသည်ကို သက်သေပြသည် မဟုတ်ပေ။ ငါသည် သင်တို့ကို ကယ်တင်လိုခြင်း မရှိဟူသည်ကို သာ၍ပင် သက်သေပြသည် မဟုတ်ပေ။ ယနေ့ ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် လာရောက်ခဲ့ပြီ။ ငါဆောင်ရွက်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၏၊ သင်သည် လိုလားမှုရှိပါက၊ သင်သည် ဆည်းပူးပါက၊ အဆုံးတွင် သင်သည် အကျိုးသက်ရောက်မှုများကို ရရှိနိုင်လိမ့်မည်ဖြစ်၍ သင်တို့တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အသိဉာဏ်ကင်းမဲ့၍ စာတတ်မြောက်ခြင်း မရှိသူဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏စာတတ်မြောက်ခြင်း မရှိမှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်သူဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏စာတတ်မြောက်မှုအဆင့်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်းရှိပါက သင့်အပေါ် ငါ၏လိုအပ်ချက်များသည် ဤသည်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း မရှိ၊ ထို့အပြင်၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်အချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းမှာ သင်လုပ်ဆောင်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာရှိခြင်း၊ အဆုံးတိုင်အောင်နာခံခြင်းနှင့် ဘုရားသခင်၏ထွတ်မြတ်သော ချစ်ခြင်းမေတ္တာကို ရရန်ဆောင်ရွက်ခြင်း၊ ဤသည်မှာ သင်ရရှိရမည့်အရာဖြစ်၍ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော အလေ့အကျင့်များ မရှိပေ။ အဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး ၎င်းတို့ကို ရရှိနိုင်ပါက သူသည် စုံလင်စေခြင်းခံရလိမ့်မည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် စစ်မှန်စွာ လိုက်လျှောက်ရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်၍ ၎င်းအပေါ် မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၍ စုံလင်စေခြင်းခံရနိုင်စွမ်းရှိကာ၊ ဤသည်မှာ အရေးကြီးကြောင်းကို ငါပြောခဲ့ပြီးဖြစ်၏။ သို့ရာတွင် သင်၏လိုက်လျှောက်မှုတွင် သင်သည် သာ၍ကောင်းမွန်ရန် မကြိုးစားပါက၊ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် သင့်ကို ဖယ်ရှားရမည်ဖြစ်သည်။ ငါသည် လူတိုင်းကို အလျင်မီစေလိုသည်။ လူတိုင်းကို အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုကာ၊ အဆုံးတိုင်အောင် နာခံနိုင်စေလိုသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တစ်ဦးစီ ထမ်းဆောင်ရမည့်တာဝန် ဖြစ်သောကြောင့်ဖြစ်၏။ သင်တို့အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင် သင်တို့သည် စုံလင်စေခြင်းခံခဲ့ရပြီး ဖြစ်လိမ့်မည်။ သင်တို့တွင် ထူးကဲလှသော သက်သေခံချက်လည်း ရှိလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ်အောင်နိုင်ခဲ့သူများနှင့် ဘုရားသခင်၏ကတိကို ရရှိခဲ့သူများဖြစ်၍ ၎င်းတို့သည် အံ့သြဖွယ်ရာ ခရီးပန်းတိုင်တွင်နေထိုင်ရန် ကျန်ရှိမည့်သူများ ဖြစ်ကြ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
အောက်ခြေမှတ်စု(များ)-
က။ မူလစာသားတွင် “ယနေ့၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ” ဟုရေးထား၏။
အကြံပြုစာမျာ: ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်
No comments:
Post a Comment