လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။
Showing posts with label ယေရှု. Show all posts
Showing posts with label ယေရှု. Show all posts
2/17/2020
Myanmar Christian Movie 2020 (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း)
လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။
2/11/2020
(၂) ကျေးဇူးတော်ခေတ် အမှုတော်ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ
၂၂။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ
1/30/2020
လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု
ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံ
ကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ ဆွေမျိုးများနောက် လိုက်ခဲ့သည်။ ဤဘရာဇီးလ်နိုင်ငံတွင် ဒေသနာ အချို့နားထောင်ဖို့ ကျွန်တော့်ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့သည့် ခရစ်ယာန် သူငယ်ချင်း တစ်ယောက်နှင့် သိကျွမ်းခဲ့သည်၊ သုံးခေါက် လည်ပတ်ပြီးသည့်နောက် ကျွန်တော် မည်သည့်အရာကိုမျှ မခံစားရ သေးပါ။ ထို့နောက်ပိုင်းတွင် ကျွန်တော် အမှန်တကယ် အလုပ်ရှုပ် ခဲ့သောကြောင့် ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘုရားကျောင်းသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သည့်အချိန် ၂၀၁၅ ခုနှစ် ဇွန်လထဲက ရက်တစ်ရက်အထိ ဘုရားကျောင်းကို တစ်ဖန် ပြန်မသွားခဲ့ပါ။ ထိုအချိန်က ညီအစ်ကိုမောင်နှမများ ဝေမျှသည့်အရာမှ တစ်ဆင့် သခင်ယေရှုကို ရွေးနှုတ်ကယ်တင်သူတစ်ပါးအနေဖြင့် နားလည်သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ကျွန်တော် ရရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာဦးကျမ်းကို ကျွန်တော် ပထမဆုံး ဖတ်ရသည့်အချိန်တွင်၊ လူကို ဘုရားသခင်က အမှန်တကယ် ဖန်ဆင်း တော်မူခဲ့ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ဖန်ဆင်းရှင် သည် အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ကျွန်တော် ခံစားခဲ့ ရသည်။ ကျွန်တော် ကျောင်းတက်စဉ်က ဖတ်စာအုပ်များအားလုံးက လူသည် လူဝံ၊ မျောက် အစရှိသော အဆင့်မြင့်ဆုံးသည့် နို့တိုက် သတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာ ပေါ်ရှိ အရာအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာကြောင်း တို့ကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်- အမှန်မှာမူ ကျွန်တော် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုပြီးနောက်မှသာလျှင် ကျွန်တော် အပြည့်အဝ နိုးထခဲ့ပြီး၊ ထိုအချိန်မှစကာ သခင်ယေရှုကို ကျွန်တော် စတင်ယုံကြည် ခဲ့သည်။
1/28/2020
လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)
“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ယော ၁၄:၆-၇)
“ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” (ယော ၁၄:၁၀)
“ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁၀:၃၀)
1/24/2020
ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း
ဟွဖေး မှ
ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။
1/22/2020
တွေ့အကြုံ သက်သေခံ ဆောင်းပါး | ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်
ရှင်းကောင်း၊ ရှန်ဇီစီရင်စု
တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်။ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”- “ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။…ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင်၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။
1/17/2020
Myanmar Gospel Crosstalk (သခင်ကအမှန်တကယ် ဘယ်လို ကြွလာသလဲ)
နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်လည်ကြွလာခြင်းအား စောင့်ဆိုင်းနေကြသည့် ခရစ်ယာန်များ၏ စိတ်ခံစားချက်မှာ ပို၍ ပြင်းထန်လာနေသည်။ သို့သော် သခင်သည် မည်ကဲ့သို့သော ပုံစံဖြင့် ပြန်လာမည်နည်း။ အချို့က ပြောသည်၊ "သခင်ယေရှုက မိုးတိမ်ကို စီးပြီး ကြွလာလိမ့်မယ်။" တခြားလူတွေက ဤသို့ ပြောပြန်သည်၊ "ကိုယ်တော် ကြွလာခြင်းကို ဟောကိန်းထုတ်ထားတဲ့ ပရောဖက်ပြုချက်တွေမှာ ဒီလို ဖော်ပြထားတယ်၊ ‘သူခိုးကဲ့သို့ ငါလာ၏’ (ဗျာဒိတ်ကျမ်း ၁၆:၁၅)၊ ‘ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ (ရှင်လုကာခရစ်ဝင်ကျမ်း ၁၇:၂၅) ‘သန်းခေါင်ယံ၌ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၆)။ လူအားလုံး မြင်စေဖို့အတွက် မိုးတိမ်စီးပြီး ကြွလာမယ်ဆိုရင်၊ ကိုယ်တော်က တိတ်တဆိတ် ကြွလာမယ်ဆိုတာတွေ၊ ဒုက္ခတွေ ခံစားပြီး ငြင်းပယ်ခြင်း ခံရမယ်ဆိုတာတွေအပြင်၊ တခြားလူတွေက ကိုယ်တော် ပြန်လည်ကြွလာခြင်းကို သက်သေခံကြလိမ့်မယ်ဆိုတဲ့ လျှို့ဝှက်နက်နဲမှုကို ဘယ်လိုရှင်းပြကြမလဲ။" သခင်သည် ကျွန်ုပ်တို့ထံ မည်သို့ ပေါ်ထွန်းလာမည်နည်း။ 'သခင်က အမှန်တကယ် ဘယ်လို ကြွလာသလဲ' ဟူသော ဟာသစကားပြောပွဲသည် ဤပြဿနာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ သံသယတို့ကို ဖြေရှင်းပေးရန် ကြိုးစားထားပါသည်။
ရုပ်ရှင်ဝေဌာမယ်
Myanmar new Movie|သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်
Myanmar Subtitle movie|ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
1/08/2020
(ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ - အပိုင်း (၁)
ဘာသာရေးအသိုင်းအဝိုင်းက လူတော်တော်များများဟာ သခင်မိုးတိမ်ကိုစီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို စွဲကိုင်ထားကြပြီး သူတို့ကို ကောင်းကင်နိုင်ငံဆီ ချီဆောင်ဖို့ ကိုယ်တော်က အဲဒီနည်းလမ်းအတိုင်း ကြွလာမှာကို စောင့်ဆိုင်းနေကြပေမယ့် လှို့ဝှက်စွာ သခင်လာမယ့်အကြောင်းကို သတိမထားမိကြပါဘူး။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲ ၂၅:၆) ဒါဆိုသခင်ပြန် ကြွလာမယ်ဆိုတဲ ပရောဖက်ပြုချက်ဟာ မည်သို့အမှန်စင်စစ်ဖြစ်လာမလဲ?ကျွနု်ပ်တို့ရော ပညာရှိသတို့သမီးကဲ့သို့ သခင်ပြန် ကြွလာမည်ကိုကြိုဆိုဖို့ ဘယ်လိုလုပ်ရမလဲ။
အကြံပြုစာမျာ:
Myanmar Subtitle movie|ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
1/02/2020
တံခါးကိုခေါက်နေခြင်း - ကိုယ်တော်ရှင် ကြွချီလာခြင်းကို ကြိုဆိုဖို့ အရေးကြီးဆုံးလက်တွေ့လုပ်ဆောင်ရမှာက ဘာလဲ (အပိုင်း၁/၅)
"ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။" (ရှင်ယောဟန် ၁၀:၂၇) လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။ ဗျာဒိတ်ကျမ်းမှာလည်း ကြိမ်ဖန်များစွာ ယခုလို ပရောဖက်ပြုထားပါတယ်။ "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။" ဝိညာဉ်တော်ရဲ့အသံနဲ့နှုတ်ကပတ်တော်တွေဟာ ကိုယ်တော်ရှင်ရဲ့အသံတော်ဖြစ်ပြီး၊ ဘုရားသခင်ရဲ့သိုးတွေကသာ ဘုရားသခင်ရဲ့အသံတော်ကို နားထောင်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ခြင်းကို ကြိုဆိုဖို့၊ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလက်တွေ့လုပ်ဆောင်ရမှာက ဘာလဲ။
အကြံပြုစာမျာ:
Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
12/25/2019
တွေ့အကြုံ သက်သေခံ ဆောင်းပါး | ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ စစ်မှန်သည်
ရှောင်ဒုန်၊ စီချွမ်းစီရင်စု
ဘုရားသခင်က- “နှစ်ထောင်ပေါင်းများစွာ ယိုယွင်းပျက်စီးနေခဲ့သော တရုတ်ပြည်ကြီးသည် ယနေ့တိုင် ဤအတိုင်း ရှေ့သို့ချီတက်ဆဲဖြစ်သည်။ ‘ရောဂါပိုးမွှား’ မျိုးစုံသည် ဆက်လက်ပြန့်ပွားကာ ကပ်ဆိုးကဲ့သို့ နေရာတိုင်းသို့ ပျံ့နှံ့လျက်ရှိသည်။ လူတို့၏ ပေါင်းသင်းဆက်ဆံမှုကို ကြည့်ရုံဖြင့် လူတို့တွင် ရောဂါပိုးမွှား အရေအတွက် မည်မျှရှိနေသည်ကို မြင်နိုင်သည်။ ဤကဲ့သို့ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရောဂါပိုးမွှားများပျံ့နှံ့နေသည့် ဤနေရာတွင် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် အလွန်အမင်း ခက်ခဲလှသည်။ လူတို့၏ ပင်ကိုစရိုက်၊ ပြုမူနေထိုင်ပုံ၊ သူတို့၏လုပ်ကိုင်ဆောင်ရွက်ပုံ၊ သူတို့အသက်တာတွင် သူတို့ဖော်ပြသမျှအရာအားလုံးနှင့် သူတို့၏အချင်းချင်းလူမှုဆက်ဆံမှုအားလုံးတို့သည် မယုံနိုင်လောက်အောင် ပျက်ပြားနေပြီး၊...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၆)”) ဟု ပြောပါသည်။ ဘုရားနှုတ်ကပတ်တော်များထဲမှ ထုတ်ဖော်ပြချက်က လူတို့ကြား ဆက်ဆံရေးအားလုံးကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ မူမမှန်ဖြစစေသည်ကို ကျွန်တော့်ကို မြင်စေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အားလုံးက သမ္မာတရား အနည်းငယ်မျှပင် မပါရှိဘဲလျက် စာတန်၏ ဘဝဒဿနအပေါ် အခြေခံထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မရှိဘဲနှင့်၊ ကျွန်တော့်၏ အမြင် ကွယ်နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး စိတ်ခံစားမှုများဖြင့် ကျွန်တော် လှောင်ပိတ်မိနေဦးမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ခြင်းက “အချင်းချင်း ကူညီရိုင်းပင်းရန်”မှာ မည်သည့်အရာဆိုလိုမှန်း ကျွန်တော့်ကို နားလည်စေခဲ့ပြီး မိတ်ဆွေဖြစ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ မိသားစု ချစ်ခင်မှုနှင့်ဆိုင်သော သမ္မာတရားကို ပြသခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ စာတန်၏ လွမ်းမိုးမှုကို ကျွန်တော်တို့ လွတ်မြောက်နိုင်သည်၊ ပြီးလျှင် မိမိကိုယ်ကိုယ် သမ္မာတရားအတိုင်း ပြုမူနေထိုင်ခြင်းအားဖြင့်သာ အဓိပ္ပါယ်ရှိသော ဘဝကို အသက်ရှင်နေထိုင်နိုင်သည်ကို ကျွန်တော် တွေ့ခဲ့ရပါသည်။
12/23/2019
ခရစ်ယာန်ဘာသာ ရုပ်ရှင် (မျှော်လင့်တောင့်တခြင်း) | How Are the Promises of Lord Jesus Fulfilled?
ပုဂ္ဂိုလ်ရေး ခံစားချက် နှစ်ထောင်ပေါင်းများစွာ မျှော်လင့်နေ၊ ကြာမြင့်စွာ စောင့်ဆိုင်းနေရသော ကျွန်ုပ်တို့၏ သခင်ယေရှုသည် ပြန်လာပြီးပါပြီ။ လူသားကို မျက်နှာမူပြီး မြောက်မြားစွာသော စကားများ ဖော်ပြခဲ့ပါတယ်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ အသံကို ဘယ်လို သိပြီး သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်သလဲ? ရုပ်ရှင် "မျှော်လင့် တောင့်တခြင်း" မှ ကျွန်ုပ်တို့ကို အဖြေ ပြောပြပေးမည် ဖြစ်သည်။
လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။
Myanmar new Movie (မျှော်လင့်တောင့်တခြင်း) How Are the Promises of Lord Jesus Fulfilled?
လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။
12/21/2019
Myanmar Gospel Skit (အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ) How to Discern the True Christ and False Christs
သခင်ယေရှုက “ငါသည် အလျင်အမြန် လာမည်” (ဗျာဒိတ် ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစာၦပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းအား စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။
ဘုရားသခင်ဘုန်းတန်းခိုးရရှိခြင်းကို ချီးမွမ်းခြင်း
Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”
12/20/2019
တံခါးကိုခေါက်နေခြင်း - ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ။ (အပိုင်း၃/၅)
"နားထောင်လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) ယခုနှစ်များအတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ သခင်ယေရှု ပြန်လည်ကြွရောက်နေပြီဖြစ်ကြောင်းနဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေကို မိန့်ဆိုထားကြောင်း မပြတ်တမ်း သက်သေခံထားပါတယ်။ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေကတော့ ဘုရားရဲ့သိုးတွေကို ကာကွယ်ဟန်ပြုပြီး၊ ယုံကြည်သူတွေကို စစ်မှန်သောလမ်းကို မစူးစမ်းမရှာဖွေအောင်၊ ဘုရားရဲ့အသံတော်ကို မကြားအောင် ပိတ်ဆို့ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒီကိစ္စကို ချဉ်းကပ်ရာမှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဘယ်လိုရွေးချယ်မှုကို ပြုကြမှာလဲ။
များပြားသောအကြံပြုချက်များ
Myanmar new Movie | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်
12/14/2019
တံခါးကိုခေါက်နေခြင်း - ကိုယ်တော်ရှင် ကြွလာခြင်းကိုကြိုဆိုရာမှာ အလွယ်တကူအလုပ်တတ်ဆုံးအမှားတွေက ဘာတွေလဲ (အပိုင်း၂/၅)
သင်းအုပ်ဆရာနဲ့သင်းထောက်လူကြီးတွေ ပြောကြတဲ့ "ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာပဲရှိတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှန်သမျှက သမ္မာကျမ်းစာပြင်ပမှာ ပေါ်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဆိုတာကို ဘာသာရေးအသိုင်းအဝိုင်းက ယုံကြည်သူအများအပြားဟာ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြောဆိုချက်ဟာ သမ္မာကျမ်းစာကို အခြေခံတာလား။ သခင်ယေရှုက ဒီလိုစကားတွေကို ပြောခဲ့လို့လား။ ဗျာဒိတ်ကျမ်းထဲမှာတော့ ဒါကို ကြိမ်ဖန်များစွာ ပရောဖက်ပြုခဲ့ပါတယ်။ "ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။" ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်တွေဟာ သိပ်ကိုရှင်းလင်းစွာ ဖွင့်ဆိုပြထားတာပါ။ နောက်ဆုံးသောကာလမှာ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ၊ သူက ထပ်မံမိန့်ဆိုလိမ့်မယ်။ ကိုယ်တော်ရှင် ကြွလာခြင်းကိုကြိုဆိုတဲ့ကိစ္စမှာတော့ သမ္မာကျမ်းစာကနေ ကင်းကွာခြင်းမရှိဘဲ၊ အသင်းတော်တွေကို ဝိညာဉ်တော်က မိန့်ဆိုတဲ့အရာကိုလည်း မရှာဖွေဘူးဆိုရင်၊ ကျွနု်ပ်တို့ဟာ ကိုယ်တော်ရှင် ကြွလာခြင်းကို ကြိုဆိုနိုင်မှာတဲ့လား။
ရုပ်ရှင်ဝေဌာမယ်
Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
12/13/2019
ပျောက်ဆုံးသွားသောသိုး ပုံဥပမာ
ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။
12/12/2019
Myanmar new Movie 2019 (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord
Myanmar new Movie 2019 (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord
လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ "သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။" (ရှင်မဿဲခရစ်ဝင် ၂၅:၆) "နားထောင်လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
များပြားသောအကြံပြုချက်များ
ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ
12/10/2019
တံခါးကိုခေါက်နေခြင်း - ကိုယ်တော်ရှင်က တံခါးလာခေါက်နေပါတယ်။ ကိုယ်တော့်ရဲ့အသံတော်ကို သင် မှတ်မိနိုင်ပါသလား (၂) (အပိုင်း၅/၅)
"ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏" လို့ သခင်ယေရှုက ပြောခဲ့ပါတယ် (ရှင်ယောဟန် ၁၀:၂၇)။ ကိုယ်တော်ရှင်က ပြန်လည်ကြွရောက်တဲ့အခါ သူ့သိုးတွေကို ရှာဖွေမယ်လို့ မိန့်ဆိုနေတာဖြစ်မှန်း သိသာထင်ရှားပါတယ်။ ကိုယ်တော်ရှင် ကြွရောက်ခြင်းကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလုပ်ဆောင်ရမှာက ကိုယ်တော်ရဲ့အသံတော်ကို ကြားရအောင် ကြိုးစားဖို့ပါပဲ။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကိုယ်တော်ရဲ့အသံတော်ကို ဘယ်လိုမှတ်မိနိုင်မှာလဲ။ ဘုရားသခင်ရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကြားမှာ ဘယ်လိုခြားနားချက်ရှိလဲ။
များပြားသောအကြံပြုချက်များ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နောက်ဆုံးသော သဘော
12/09/2019
တံခါးကိုခေါက်နေခြင်း - ကိုယ်တော်ရှင်က တံခါးလာခေါက်နေပါတယ်။ ကိုယ်တော့်ရဲ့အသံတော်ကို သင် မှတ်မိနိုင်ပါသလား (၁) (အပိုင်း၄/၅)
"ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏" လို့ သခင်ယေရှုက ပြောခဲ့ပါတယ် (ရှင်ယောဟန် ၁၀:၂၇)။ ကိုယ်တော်ရှင်က ပြန်လည်ကြွရောက်တဲ့အခါ သူ့သိုးတွေကို ရှာဖွေမယ်လို့ မိန့်ဆိုနေတာဖြစ်မှန်း သိသာထင်ရှားပါတယ်။ ကိုယ်တော်ရှင် ကြွရောက်ခြင်းကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလုပ်ဆောင်ရမှာက ကိုယ်တော်ရဲ့အသံတော်ကို ကြားရအောင် ကြိုးစားဖို့ပါပဲ။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကိုယ်တော်ရဲ့အသံတော်ကို ဘယ်လိုမှတ်မိနိုင်မှာလဲ။ ဘုရားသခင်ရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကြားမှာ ဘယ်လိုခြားနားချက်ရှိလဲ။
အကြံပြုစာမျာ:
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ကယ်တင်ခြင်း
Myanmar new Movie | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်
12/07/2019
ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း
ယနေ့ခေတ်၌ ဘုရားသခင်၏အမှုကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကအမှုတော်ကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အမှုကိုလုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အမှုပြုခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီးဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဉာဏ်အလင်းရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာပြုသည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှုလောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို စုံလင်အောင်ပြုရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် အမှုအဆင့် မဟုတ်ပါ။ ယေရှုကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများကို များစွာပြုခဲ့သည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှုကြွလာခဲ့သောအခါက သူသည် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသောသူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏အတွေးများထဲ၌ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ပုံရိပ် မရှိတော့စေရန် ထိုသို့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အစစ်များနှင့် အမှုအစစ်အားဖြင့်၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအမှုသည် နောက်ဆုံးသောကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အမှုဖြစ်သည်။
12/01/2019
ကယ်တင်ခံရသည်ဆိုသည်မှာ အဘယ်နည်း။ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (မာ ၁၆:၁၆)
“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (မ၂၆:၂၈)
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁)
Subscribe to:
Posts (Atom)