ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (မာ ၁၆:၁၆)
“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (မ၂၆:၂၈)
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ လူသား၏ အပြစ်များခွင့်လွှတ်ခြင်းခံရကာ သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” မှ
၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ
လူ၏ဇာတိပကတိသည် စာတန်နှင့်ဆိုင်ပြီး မနာခံသော စိတ်သဘောထားများနှင့် ပြည့်နှက်နေသည်။ ယင်းသည် မနှစ်မြို့ဖွယ်ကောင်းသော ညစ်ညမ်းမှုဖြစ်ပြီး မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူများသည် ဇာတိပကတိ၏ ဝမ်းမြောက်မှုကို အလွန်အမင်း တပ်မက်ကြပြီး ဇာတိပကတိ၏ များပြားလှသော သရုပ်သကန်များ ရှိလေသည်၊ ထို့ကြောင့် ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာခြင်းဖြစ်သည်။ လူများသည် ညစ်ညမ်းမှု၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော အရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့ရရှိကြသည်။ သို့သော်လည်း သူတို့သည် ညစ်ညမ်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သူတို့စိတ်ကူးထဲမှ မထုတ်ပစ်သေးလျှင် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်နေကြဆဲဖြစ်သည်။ လူများ၏ မသိကျိုးကျွန်ပြုခြင်း၊ လိမ်ညာလှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းတို့ အားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းဟူသည် ဤအရာများမှ သင့်ကို လွတ်မြောက်ခွင့်ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ၊ ထိုအရာအားလုံးသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ထားပြီး ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ သင့်ကိုယ်သင် ခွဲထွက်နိုင်သောအခါ၊ ထို့ပြင် ဤဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်ခြင်းကို နောက်ထပ်မခံရသောအခါ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်မဟုတ်လော။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ ဘုရားသခင်ကို ပြသထင်ရှားစေခြင်းငှာ သင်စွမ်းဆောင်နိုင်မည် မဟုတ်ဘဲ သင်သည် ညစ်ညမ်းသောအရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်အောင်ပြုခြင်း ခံရသောအခါ သင်သည် သန့်ရှင်းလာမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ်သောလူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားသခင်၌ သင်ပျော်ရွှင်ကြည်နူးမည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ
အကယ်၍ လူတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ သူ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်ဆိုပါက ဤသူသည် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုပုဂ္ဂိုလ်အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက်တာ ဖြစ်လာသည်ဟု ဆိုနိုင်ပြီး သူသည် သမ္မာတရားကို ရရှိကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်၏ဟု ဆိုနိုင်သည်။ ထို့နောက်တွင် သူ့ဇာတိပကတိ၏ သဘာဝသည်၊ တစ်နည်းအားဖြင့် သူ့မူလတည်ရှိမှု၏ အခြေခံအုတ်မြစ်သည် တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ ထို့နောက် သူ၏ အသက်တာသည် အသစ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ သည်နှင့်အမျှ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုရ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ့အသက်တာ ဖြစ်လာသည်။ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားအပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားကို သူ၏ဖွင့်ပြချက်များနှင့် လူသား၏အသက်တာ ဖြစ်လာစိမ့်သောငှာ စွမ်းဆောင်ရန် ဘုရားသခင် ပြဌာန်းထားသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများ စသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ထိုသူသည် အသက်ရှင်ပြီး ဤပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာပေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသစ်သော လူတစ်ဦး ဖြစ်လာ၏။ သခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်လာပေသည်။ သူသည် ပြန်လည်မွေးဖွားခြင်းကို တွ။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်းလျှောက်လှမ်းနည်း” မှ
အကယ်၍ ၎င်းတို့သည် အကယ်တင်ခံလိုပြီး ဘုရားသခင်၏ ရယူခြင်းကို အကြွင်းမဲ့ ခံလိုပါက ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ အကြီးနှင့် အငယ်နှစ်မျိုးလုံး ဖြစ်သော စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ကြရမည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်လာသောသူများနှင့် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်ထံ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ အလိုနှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောတူညီနိုင်သည့်အပြင် ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် နည်းလမ်းကို ပစ်ပယ်ခြင်း မရှိကြပေ။ ဘုရားသခင်ထံ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာတတ်ကြသည်၊ ချစ်ခြင်းနှင့် အမုန်းကို ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့ထံ၌ တရားသော အသိတစ်ခုရှိပြီး ဆင်ခြင်ဆုံးဖြတ်နိုင်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်၏ အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ယင်းကဲ့သို့ လူများသည် စာတန်၏ ချုပ်နှောင်ခံရခြင်း၊ စောင့်ကြည့်ခံရခြင်း၊ စွပ်စွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှည်းပန်းခြင်းကို မခံရပေ၊ ၎င်းတို့သည် အကြွင်းမဲ့ လွတ်မြောက်ခြင်း ရှိကြသည်၊ ၎င်းတို့သည် အကြွင်းမဲ့ အချုပ်အနှောင်ကင်းပြီး လွှတ်ခြင်းကို ခံရသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ
ယနေ့ သမ္မာတရားကို အလိုဆန္ဒရှိပြီး လိုက်ရှာသူများအား ထိုသမ္မာတရားကိုပေးသည်။ ဘုရားသခင်ကယ်တင်ခြင်းကို အလိုရှိသောသူများအား ဤကယ်တင်ခြင်းကို ပေးအပ်သည်။ ကယ်တင်ခြင်းကို သင်တို့ရရှိသည်ဟုသာ ဆိုလိုသည်မဟုတ်၊ ယင်းကြောင့် သင့်အား ဘုရားသခင် ပိုင်ဆိုင်သွားသည်ဟုလည်း ဆိုလိုသည်။ ဘရားသခင် သင့်အား ပိုင်ဆိုင်နိုင်ရန်အလို့ငှာ သင်သည် ဘုရားသခင်အား ပိုင်ဆိုင်ရသည်။ ယနေ့ သင်တို့အား ဤစကားများကို ငါပြော၏။ သင်တို့လည်းကြား၏။ သင်တို့သည် ဤစကားများကို ကျင့်ကြံသင့်သည်။ အဆုံးတွင် ဤစကားများကို ကျင့်ကြံသည့်အချိန်သည် ဤစကားများအားဖြင့် သင်တို့အား ငါရယူချိန်ဖြစ်မည်။ တစ်ချိန်တည်းတွင် သင်တို့သည် ဤစကားများကို ရရှိမည်၊ ဆိုလိုသည်မှာ ဤအမြင့်ဆုံးသော ကယ်တင်ခြင်းကို သင်ရရှိမည်။ သင်တို့သည် သန့်ရှင်းအောင်ပြုခြင်းကို ခံရပြီးသည်နှင့် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” မှ
အကယ်၍ လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့၏ ဖြစ်တည်ခြင်း၏အဓိပ္ပာယ်နှင့် အခြေခံ လုံးလုံးလျားလျား ပြောင်းလဲသွားသည်ကို ခံစားရသည့် နေ့ရောက်သောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲခြင်း ခံရသည့်အခါနှင့် အခြားလူတစ်ဦး ဖြစ်သွားသောအခါ၊ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှု တစ်ခု ဖြစ်သည်။ သင်သည် ကျော်ကြားခြင်းနှင့် ကြွယ်ဝခြင်း၊ ရာထူး၊ ပိုက်ဆံ၊ လောကကြီး၏ ပျော်ရွှင်မှုနှင့် စည်းစိမ်များကို စိတ်ဝင်စားခြင်းမရှိဘဲ၊ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သောလူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း” မှ
ဓမ္မသီချင်းဝေငှမည်
Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”
No comments:
Post a Comment