菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label သက်သေခံခြင်းဆိုင်ရာ ဆောင်းပါးများ. Show all posts
Showing posts with label သက်သေခံခြင်းဆိုင်ရာ ဆောင်းပါးများ. Show all posts

2/04/2020

နောင်တမရှိဘဲ ကုန်ဆုံးခဲ့သည့် လူငယ်ဘဝ

ဆုတောင်း, ခရစ်ယာန်, ကျေးဇူးတော်, အားကိုးခြင်း, အသက်

ရှောင်ဝမ်၊ ချောင်ချင်းစီရင်စု

ချစ်ခြင်းမေတ္တာ ဟူသည့် အရာမှာ လုံးဝဖြူစင်သည့် အပြစ်ဆိုဖွယ်ရာမရှိသော စိတ်ခံစားမှု တစ်ခုကို ရည်ညွှန်းသည်၊ သင့်နှလုံးသားဖြင့် သူတစ်ပါးကို သင်ချစ်သည့်နေရာ၊ သင်ခံစားသည့်နေရာနှင့် သူတစ်ပါးအတွက် သင်စဉ်းစားပေးသည့်နေရာ၌ အသုံးပြုသော အရာလည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၌ သတ်မှတ်ချက်များမရှိ၊ အတားအဆီးမရှိ ထို့ပြင် အကွာအဝေးလည်းမရှိပေ။ ချစ်ခြင်းမေတ္တာသည် မသင်္ကာစရာမရှိ၊ လိမ်ညာမှုမရှိ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲမှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာ၌ အကွာအဝေး မရှိသည့်အပြင် မစင်ကြယ်မှု လုံးဝမရှိပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ”) ဤ ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးသီချင်းသည် တစ်ချိန်က ကျွန်မကို ၇ နှစ်နှင့် ၄လကြာမြင့်ခဲ့သည့် ထောင်ထဲ၌ ကြာရှည်ပြီး မပြီးဆုံးနိုင်သည့်ဘဝကို ဖြတ်သန်းရန် ကူညီပေးခဲ့သည်။ တရုတ်ကွန်မြူနစ် အစိုးရက ကျွန်မ၏ ငယ်ရွယ်ခြင်း၏ အလှပဆုံးနှစ် များကို ခံစားခွင့် မပေးပဲနှင့် ပိတ်ပင်ခဲ့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှနေ တန်ဖိုးအရှိဆုံးနှင့် စစ်မှန်သည့် သမ္မာတရားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် မကျေနပ်ချက်များ သို့မဟုတ် နောင်တများ ဟူ၍ မရှိပါ။

2/01/2020

ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား

ကောင်းကင်နိုင်ငံတော်, သက်သေခံခြင်းဆိုင်ရာ ဆောင်းပါးများ, သမ္မာတရား, အသင်းတော်, ကျေးဇူးတော်

ဟီးဂျွန်း ဆီချွမ်းမြို့

၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည်

ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။

1/30/2020

လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

သမ္မာတရား, ကယ်တင်ခြင်း, ဆုတောင်း, ဧဝံဂေလိ, အသင်းတော်

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံ

ကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ ဆွေမျိုးများနောက် လိုက်ခဲ့သည်။ ဤဘရာဇီးလ်နိုင်ငံတွင် ဒေသနာ အချို့နားထောင်ဖို့ ကျွန်တော့်ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့သည့် ခရစ်ယာန် သူငယ်ချင်း တစ်ယောက်နှင့် သိကျွမ်းခဲ့သည်၊ သုံးခေါက် လည်ပတ်ပြီးသည့်နောက် ကျွန်တော် မည်သည့်အရာကိုမျှ မခံစားရ သေးပါ။ ထို့နောက်ပိုင်းတွင် ကျွန်တော် အမှန်တကယ် အလုပ်ရှုပ် ခဲ့သောကြောင့် ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘုရားကျောင်းသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သည့်အချိန် ၂၀၁၅ ခုနှစ် ဇွန်လထဲက ရက်တစ်ရက်အထိ ဘုရားကျောင်းကို တစ်ဖန် ပြန်မသွားခဲ့ပါ။ ထိုအချိန်က ညီအစ်ကိုမောင်နှမများ ဝေမျှသည့်အရာမှ တစ်ဆင့် သခင်ယေရှုကို ရွေးနှုတ်ကယ်တင်သူတစ်ပါးအနေဖြင့် နားလည်သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ကျွန်တော် ရရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာဦးကျမ်းကို ကျွန်တော် ပထမဆုံး ဖတ်ရသည့်အချိန်တွင်၊ လူကို ဘုရားသခင်က အမှန်တကယ် ဖန်ဆင်း တော်မူခဲ့ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ဖန်ဆင်းရှင် သည် အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ကျွန်တော် ခံစားခဲ့ ရသည်။ ကျွန်တော် ကျောင်းတက်စဉ်က ဖတ်စာအုပ်များအားလုံးက လူသည် လူဝံ၊ မျောက် အစရှိသော အဆင့်မြင့်ဆုံးသည့် နို့တိုက် သတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာ ပေါ်ရှိ အရာအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာကြောင်း တို့ကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်- အမှန်မှာမူ ကျွန်တော် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုပြီးနောက်မှသာလျှင် ကျွန်တော် အပြည့်အဝ နိုးထခဲ့ပြီး၊ ထိုအချိန်မှစကာ သခင်ယေရှုကို ကျွန်တော် စတင်ယုံကြည် ခဲ့သည်။

1/26/2020

စစ်မှန်သည့် ပျော်ရွှင်မှုကို ကျွန်မ ရှာတွေ့ပြီ

သမ္မာတရား, ကယ်တင်ခြင်း, ဧဝံဂေလိ, ကရုဏာ, အသက်

ကျန်းဟွာ၊ ကမ္ဘောဒီးယားနိုင်ငံ

ကျွန်မက သာမာန် လယ်သမားမိသားစု တစ်စုထဲတွင် မွေးဖွားလာခဲ့သည်။ ကျွန်မတို့ မချမ်းသာသော်လည်း၊ ကျွန်မ အဖေနှင့် အမေတို့က အချင်းချင်း ချစ်ပြီး၊ ကျွန်မကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြသည်- ကျွန်မတို့က ကျွန်မတို့ မိသားစု အသက်တာတွင် ပျော်ရွှင်ပြီး၊ ကောင်းကြီးမင်္ဂလာ ခံစားရသည်ဟု သင်သေချာပေါက် ပြောနိုင်ပါသည်။ ကျွန်မ ကြီးပြင်းလာပြီးနောက်၊ ကျွန်မက မိမိကိုယ်ကို ပြောခဲ့သည်။ ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည့် ခင်ပွန်းတစ်ယောက် ရှာဖွေရမည်၊ ထို့နောက် အတိသုခပြည့်ဝပြီး ပျော်ရွှင်သော မိသားစု တစ်စု တည်ထောင်ရမည်။ ဤသည်မှာ အရေးအကြီးဆုံး အရာ ဖြစ်သည်။ ကျွန်မ ဓနဥစ္စာများကို မရှာဖွေပါ- ကျွန်မ လိုအပ်သည့် အရာမှာ ကျွန်မ ခင်ပွန်းနှင့် ချစ်ခင်သော ပေါင်းသင်းဆက်ဆံရေး တစ်ခု နှင့် ငြိမ်းချမ်းသော မိသားစု အသက်တာတစ်ခု တို့သာ ဖြစ်ပါသည်။

1/24/2020

ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း

သမ္မာတရား, အသင်းတော်, သမ္မာကျမ်းစာ, ဧဝံဂေလိတရား, ယုံကြည်ခြင်း

ဟွဖေး မှ

ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။

1/22/2020

တွေ့အကြုံ သက်သေခံ ဆောင်းပါး | ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်

သမ္မာတရား, အသက်, ဆုတောင်း, ကယ်တင်ခြင်း, ကျေးဇူးတော်

ရှင်းကောင်း၊ ရှန်ဇီစီရင်စု

တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်။ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”- “ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။…ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင်၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။

1/14/2020

ဘုရားသခင်၏ အလင်းက ခက်ခဲသည့် အခြေအနေတစ်လျှောက် ကျွန်မကို လမ်းပြသည်

ယေရှု, ခရစ်တော်, သမ္မာတရား,သမ္မာကျမ်းစာ, ဆုတောင်း,

ကျောက်ရှင်း၊ စီချွမ်စီရင်စု

ကျွန်မ ကလေးဘဝတုန်းက၊ တောင်တန်းများထဲတွင် ကျွန်မ နေထိုင်ခဲ့ပါသည်။ ကမ္ဘာလောကအကြောင်းကို ကျွန်မ လုံးဝ သိပ်မမြင်ခဲ့ရသလို၊ ပို၍ကြီးမားသော ရည်မှန်းချက် တစ်ခုတစ်လေမျှ ကျွန်မ တကယ်ကို မရှိခဲ့ပါ။ ကျွန်မ အိမ်ထောင်ကျခဲ့ပြီး သားသမီးများ ရရှိခဲ့သည်၊ ကျွန်မ၏ သားနှစ်ဦးက သိတတ်ကာ လိမ်လိမ်မာမာ ကြီးပြင်းခဲ့ကြပြီး၊ ကျွန်မ ယောက်ျားမှာ အလုပ်ကြိုးစားသူတစ်ဦး ဖြစ်လေသည်။ ကျွန်မတို့တွင် ဘယ်သောအခါမျှ ငွေများစွာ မရှိခဲ့ကြသော်လည်း၊ မိသားစုတစ်စုအနေဖြင့် စိတ်သဘောထားညီညွှတ်စွာဖြင့့်် ကျွန်မတို့ နေထိုင်ခဲ့ပြီး ကျွန်မ အလွန်ပျော်ရွှင်ကာ တင်းတိမ်ရောင့်ရဲခဲ့သည်။ ၁၉၉၆ ခုနှစ်တွင်၊ ကျွန်မ ရုတ်တရက် ဆိုးရွားသော နာမကျန်းမှု ဖြစ်ခဲ့ပြီး ယင်းက သခင်ယေရှု၌ ယုံကြည်ခြင်း ရရှိစေဖို့ ကျွန်မကို ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍၊ ကျွန်မ သမ္မာကျမ်းစာကို မကြာခဏ ဖတ်ရှုပြီး အသင်းတော် ဝတ်ပြုအစည်းအဝေးများကို တက်တက်ကြွကြွ တက်ရောက်ခဲ့သည်။ အံ့အားသင့်ဖွယ်ရာပင်၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက တဖြည်းဖြည်း ပိုကောင်းမွန်လာခဲ့ပြီး၊ ထို့ကြောင့် သခင်ယေရှုနောက်လိုက်ဖို့ ကျွန်မ၏ ယုံကြည်ခြင်းက သာ၍ပင် အားကောင်းလာခဲ့သည်။

12/25/2019

တွေ့အကြုံ သက်သေခံ ဆောင်းပါး | ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ စစ်မှန်သည်

အသင်းတော်, သမ္မာတရား, ကယ်တင်ခြင်း, အသက်, ဝိညာဉ်တော်,

ရှောင်ဒုန်၊ စီချွမ်းစီရင်စု

ဘုရားသခင်က- “နှစ်ထောင်ပေါင်းများစွာ ယိုယွင်းပျက်စီးနေခဲ့သော တရုတ်ပြည်ကြီးသည် ယနေ့တိုင် ဤအတိုင်း ရှေ့သို့ချီတက်ဆဲဖြစ်သည်။ ‘ရောဂါပိုးမွှား’ မျိုးစုံသည် ဆက်လက်ပြန့်ပွားကာ ကပ်ဆိုးကဲ့သို့ နေရာတိုင်းသို့ ပျံ့နှံ့လျက်ရှိသည်။ လူတို့၏ ပေါင်းသင်းဆက်ဆံမှုကို ကြည့်ရုံဖြင့် လူတို့တွင် ရောဂါပိုးမွှား အရေအတွက် မည်မျှရှိနေသည်ကို မြင်နိုင်သည်။ ဤကဲ့သို့ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရောဂါပိုးမွှားများပျံ့နှံ့နေသည့် ဤနေရာတွင် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် အလွန်အမင်း ခက်ခဲလှသည်။ လူတို့၏ ပင်ကိုစရိုက်၊ ပြုမူနေထိုင်ပုံ၊ သူတို့၏လုပ်ကိုင်ဆောင်ရွက်ပုံ၊ သူတို့အသက်တာတွင် သူတို့ဖော်ပြသမျှအရာအားလုံးနှင့် သူတို့၏အချင်းချင်းလူမှုဆက်ဆံမှုအားလုံးတို့သည် မယုံနိုင်လောက်အောင် ပျက်ပြားနေပြီး၊...” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၆)”) ဟု ပြောပါသည်။ ဘုရားနှုတ်ကပတ်တော်များထဲမှ ထုတ်ဖော်ပြချက်က လူတို့ကြား ဆက်ဆံရေးအားလုံးကို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ မူမမှန်ဖြစစေသည်ကို ကျွန်တော့်ကို မြင်စေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အားလုံးက သမ္မာတရား အနည်းငယ်မျှပင် မပါရှိဘဲလျက် စာတန်၏ ဘဝဒဿနအပေါ် အခြေခံထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မရှိဘဲနှင့်၊ ကျွန်တော့်၏ အမြင် ကွယ်နေဆဲဖြစ်လိမ့်မည်ဖြစ်ပြီး စိတ်ခံစားမှုများဖြင့် ကျွန်တော် လှောင်ပိတ်မိနေဦးမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ခြင်းက “အချင်းချင်း ကူညီရိုင်းပင်းရန်”မှာ မည်သည့်အရာဆိုလိုမှန်း ကျွန်တော့်ကို နားလည်စေခဲ့ပြီး မိတ်ဆွေဖြစ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ မိသားစု ချစ်ခင်မှုနှင့်ဆိုင်သော သမ္မာတရားကို ပြသခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ စာတန်၏ လွမ်းမိုးမှုကို ကျွန်တော်တို့ လွတ်မြောက်နိုင်သည်၊ ပြီးလျှင် မိမိကိုယ်ကိုယ် သမ္မာတရားအတိုင်း ပြုမူနေထိုင်ခြင်းအားဖြင့်သာ အဓိပ္ပါယ်ရှိသော ဘဝကို အသက်ရှင်နေထိုင်နိုင်သည်ကို ကျွန်တော် တွေ့ခဲ့ရပါသည်။

12/11/2019

နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း- ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာကျမ်းစာထဲ၌ အမှန်တကယ် ရှိပါသလား

သမ္မာတရား, အသင်းတော်, ကယ်တင်ခြင်း, ပရောဖက်ပြုချက်, ဘုရားသခင်၏ နှုတ်ကပတ်တော်,

ရှီရူ တရုတ်ပြည်

“ ရှီရူ၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ အငယ် ၂၂ မှာ သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်။” လို့ အကြိမ် ပေါင်းများစွာ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က သခင်ယေရှု ပြန်ကြွလာဖို့ကို နှစ်ပေါင်းများစွာ တောင့်တခဲ့ကြပြီး၊ အခုတော့ ကိုယ်တော်ဟာ သူ့နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတော် အဆင့်သစ်ကို ပြုဖို့တို့အတွက် ပြန်ကြွလာခဲ့ပြီ …”

11/25/2019

ဘုရားသခင် နားညောင်းစေဖို့ ဆုတောင်းရန် နည်းလမ်း ပြဿနာ ၃ ခုကို ဖြေရှင်းခြင်းသည် အဓိကသော့ချက်ဖြစ်သည်

ကယ်တင်ခြင်း, သမ္မာတရား, အသက်, ခရစ်ယာန်, ဆုတောင်းခြင်း,

ဂျန်းလျန်း

ခရစ်ယာန်များအနေဖြင့် ဆုတောင်းခြင်းသည် ကျွန်တော်တို့ နေ့စဉ်အသက်တာ၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ် ပြီး ဘုရားသခင်ထံ တိုးဝင်နီးကပ်ဖို့ တိုက်ရိုက်အကျဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ကျွန်တော်တို့ ဆုတောင်းခြင်းများကို သခင်နားညောင်းနိုင်ဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ကြသော်လည်း၊ ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏ တုန့်ပြန်မှုကို လက်ခံမရရှိသကဲ့သို့၊ ကိုယ်တော်၏ မျက်မှောက်တော်ကို မခံစားရပဲနှင့် ကျွန်တော်တို့ လမ်းပျောက်ပြီး ကျန်ခဲ့ကြသည်၊ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ဘုရားသခင်က ကျွန်တော်တို့ ဆုတောင်းခြင်းများကို အဘယ့်ကြောင့် နားမညောင်းသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ဆုတောင်းခြင်းအမျိုးအစားများမှာ အဘယ်နည်း။ ယနေ့ ဤအကြောင်းကို မိတ်သဟာယပြုကြပါစို့၊ ပြီးလျှင် ဤပြဿနာ သုံးရပ်ကို ဖြေရှင်းခြင်းအားဖြင့် ကျွန်တော်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းနိုင်ပါသည်။

11/22/2019

တွေ့အကြုံ သက်သေခံ ဆောင်းပါး | နာကျင်ခံစားခြင်းများနှင့် စမ်းသပ်မှုများ— မျက်နှာသာပေးခံရခြင်း၏ကောင်းချီးမင်္ဂလာများ

သမ္မာတရား, ကယ်တင်ခြင်း, အသင်းတော်, ခရစ်တော်,ဘုရားသခင်,

ဝမ်ဂန်၊ ရှမ်ဒေါင်နယ်

ကျွန်တော်သည် တောရွာတွင်နေထိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏မိသားစုသည် ဆင်းရဲသည်။ ကျွန်တော်သည် ရှာလို့ရသမျှ ယာယီအလုပ်လေးတွေကို လုပ်ကိုင်ပြီး၊ အသက်မွေးဝမ်းကြောင်းပြုသည်။ ကိုယ်ခန္ဓာလုပ်အားနဲ့ ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုကို ဖန်တီးနိုင်မည်ဟုကျွန်တော်ထင်ခဲ့သည်။ သို့သော် ခေတ်သစ်တရုတ်ပြည် လူ့အဖွဲ့အစည်းတွင် ကျွန်တော်ကဲ့သို့ ရွှေ့ပြောင်းလုပ်သားများ၏ တရားဝင် အခွင့်အရေးများအတွက် အာမခံချက်တွေကို ကျွန်တော်မတွေ့ခဲ့ပေ။ ကျွန်တော့် လုပ်ခတွေကို အကြောင်းပြချက် လုံးဝမရှိပဲ မကြာခဏဆိုသလို ထုတ်မပေးကြပါ။ ကျွန်တော်သည် အခြားလူများ၏ တစ်ကြိမ်ပြီး တစ်ကြိမ်လိမ်ညာ၊ အသုံးချအခွင့်အရေးယူမှုကို ခံခဲ့ရသည်။ တစ်နှစ်လောက်အလုပ်ကို ခက်ခက်ခဲခဲ လုပ်ပြီးချိန် တွင်ကျွန်တော်ရထိုက်သည့် အဖိုးအခကိုကျွန်တော်မရခဲ့ပါ။ ဤကမ္ဘာကြီးသည် တကယ်ပဲ မှောင်မိုက်ဖုံးလွှမ်းနေသည်ဟု ကျွန်တော်ခံစားခဲ့ရသည်။ လူသားတို့သည် တစ်ဦးကိုတစ်ဦး အင်အားများသူက အင်အားနည်းသူကို သတ်ဖြတ်စားသောက်တတ်သည့် တိရစ္ဆာန်များကဲ့သို့ ဆက်ဆံကြသည်။ တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ကြသည်။ လက်ချင်းယှဉ်ပြီးတိုက်ခိုက်ကြသည်။ လူတို့သည် အသက်ရှင်နိုင်စွမ်းပင် မရှိနိုင်တော့ပေ။ ကျွန်တော သည် အလွန်အမင်းနာကျင်ကာစိတ်ဓါတ်ကျဆင်းနေပြီး ဘဝအပေါ် ယုံကြည်မှု ပျောက်ဆုံးနေချိန်တွင် ကျွန်တော့် သူငယ်ချင်း တစ်ယောက်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအကြောင်း သတင်းစကားကို ကျွန်တော့်ထံလာရောက် မျှဝေခဲ့သည်။ ထို့နောက်တွင် ကျွန်တော်၏ ညီအစ်ကိုမောင်နှမများနှင့် အတူပုံမှန်စုရုံး၊ ဆုတောင်းပြီး သမ္မာတရား အကြောင်း မိတ်သဟာယဖွဲ့ကာ၊ ဘုရားသခင်ကို ချီးမွမ်းသီချင်းတွေ ဆိုဖြစ်ခဲ့သည်။ ကျွန်တော်သည် အလွန်ပျော်ရွှင်ပြီး လွှတ်မြောက်မှုကို ခံစားခဲ့ရသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသင်းတော်ထဲတွင် ညီအစ်ကို မောင်နှမများသည် တစ်ဦးနှင့်တစ်ဦး သူသာကိုယ်သာ မရှိကြ၊ လူမှုရေးအဆင့်အတန်းခွဲခြားမှုတွေမရှိကြတာကို ကျွန်တော် တွေ့ခဲ့ရသည်။ သူတို့အားလုံးသည် ဖြူစင်စွာပွင့်လင်းမှုရှိကြပြီး၊ တစ်ဦးနှင့်တစ်ဦး သင့်မြတ်ကြသည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဦး အခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်ရပြီဆိုလျှင် အခြားသူတွေအားလုံးက သူတို့ကို ချစ်ခြင်းမေတ္တာပြပြီး၊ သူတို့အချင်းချင်းတစ်ဦးကိုတစ်ဦး ကူညီကြသည်။ လူတိုင်း သည် သူတို့၏ပျက်ယွင်းနေသည့် အကျင့်စရိုက်တွေကို ဖယ်ထုတ်ဖို့၊ ကယ်တင်ခြင်းကိုရယူဖို့နှင့် စစ်မှန်သည့်လူသားတစ်ဦးပမာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် သမ္မာတရားကို လုံ့လစိုက် ရှာဖွေ ကြသည်။ ဤအသက်တာသည်ကျွန်တော့်ကို ပျော်ရွှင်မှုကို တွေ့ကြုံရဖို့၊ ဘဝ၏ အရေးပါမှုနှင့် တန်ဖိုးကို နားလည်ဖို့ အခွင့်ကိုပေးအပ်သည်။ ကျွန်တော်သည် ဘုရားသခင်ရှေ့မှောက်ကို လာရောက်ပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ စစ်မှန်သည့်ပျော်ရွှင်မှုကို ရလိမ့်မည်ဆိုသည်ကိုတွေ့မြင်ခဲ့သည်။ ကျွန်တော့်ကဲ့သို့ အမှောင်ထဲတွင် နေထိုင်နေသည့်သူတွေပိုပြီးတော့ ဘုရားသခင်၏ ကယ်တင်ခြင်းကိုရရှိပြီး ဘုရားသခင်ရှေ့ကို ရောက်ရှိလာနိုင်ကာ အလင်းကို တစ်ဖန်ပြန်တွေ့နိုင်စေဖို့အတွက် ဧဝံဂေလိ ဟောကြားပြီး ဘုရားသခင်အကြောင်း သက်သေခံနိုင်ဖို့အတွက် တာဝန်တွေကို ကျွန်တော်ယူခဲ့သည်။ သို့သော် မမျှော်လင့်ဘဲကျွန်တော်သည် ဧဝံဂေလိတရားဟောသည့်အတွက် CCP အစိုးရရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး၊ ဆိုးရွားစွာညှဥ်းပန်းနှိပ်စက်ခြင်းနှင့် ထောင်သွင်းအကျဉ်းချခြင်း ကိုခံစားခဲ့ရသည်။

11/20/2019

သက်သေခံခြင်းဆိုင်ရာ ဆောင်းပါးများ | သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

ဘုရားသခင်, ကောင်းကင်နိုင်ငံတော်, ခရစ်တော်, သမ္မာတရား, ကယ်တင်ခြင်း,

ရှောက်မိုး တရုတ်ပြည်

“သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။

11/10/2019

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း နောက်ဆုံးတွင် ကျွန်မ နားလည်သည်

ယေရှု, ယုံကြည်သူ, ကယ်တင်ခြင်, သမ္မာတရား, ကောင်းကင်နိုင်ငံတော်,

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု

အယ်ဒီတော့မှတ်စု– လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ…

11/08/2019

ထာဝရအသက်လမ်းခရီးဆိုသည်မှာ အဘယ်နည်း

ယေရှု, ပရောဖက်ပြုချက်, ဝိညာဉ်တော်, ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်,

ယောင်ချင်း

သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား။

သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။

11/04/2019

ယေရှုခရစ်တော် ပြန်ကြွလာမည့် နည်းလမ်းနှစ်ခုကို သင်သိပါသလား

အသင်းတော်, ယုံကြည်သူ, သခင်ယေရှု, သမ္မာတရား, အသက်,
ကျိုကျင်း

တစ်နေ့ အွန်လိုင်းပေါ်တွင် အသက်ပါသော ဆွေးနွေးမှုတစ်ခုကို ကျွန်မ တွေ့ရသည်၊ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် သွေးရောင်လွှမ်းသောလလေးလုံး ပေါ်ထွက်ခြင်းမှာ အဆုံးသတ်ကာလ၏ သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကြီးစား ငလျင်များ တစ်ကမ္ဘာလုံးအနှံ့ မကြာခဏ ပိုမိုဖြစ်လာနေသည်ဟု လူများက ပြောဆိုနေကြလေသည်။ ကျွန်မ ကိုယ်ကိုယ်ကိုယ် တွေးမိသည်မှာ၊ “သွေးရောင်လွှမ်းတဲ့လလေးလုံးက ဖြစ်နှင့်ပြီးပြီ။ အာကာသဖြစ်စဉ်တွေ ပေါ်ထွက်ပြီးပြီ။ ကပ်ဘေးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေက တိုးလာနေတယ်၊ စစ်ပွဲတွေက စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်…။ နမိတ်တွေအားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံနေပြီဆိုတာ ပြနေတယ်။ ဒီတော့ ငါတို့ကို တွေ့ဆုံဖို့ မိုးတိမ်ပေါ်မှာ သူ ကြွဆင်းလာတာကို ဘာလို့ ငါမတွေ့ရသေးတာလဲ။ သခင် ပြန်မကြွလာသေးတာလား ဒါမှမဟုတ် သူ ကြွပြီးပြီဖြစ်ပေမယ့် ငါ သူ့ကို မတွေ့သေးတာလား။ သူ့ရဲ့ ပြန်ကြွလာခြင်းကို ငါ ဘယ်လို ကြိုဆိုနိုင်မှာလဲ” ဟူ၍ ဖြစ်သည်။ ဤရှုတ်ထွေးမှုသည် ကျွန်မ စိတ်နှလုံးဝန်းကျင်ကို အလိုလို ထိခိုက်စေပြီး ကျွန်မကို ခေါင်းခြောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ရှင်းလင်းမှုအချို့ရအောင် ကြိုးစားရင်း၊ သခင့်ကို ကျွန်မ စတင်ပြီး ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သည်။ သူ့ကို ကျွန်မ ကြိုဆိုနိုင်ဖို့ရန်နှင့် သူ၏ စွန့်ပစ်ခြင်းကို မခံရစေဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ့ကို ကျွန်မ တောင်းလျှောက်နေခဲ့သည်။

10/09/2019

ယုံကြည်ခြင်း သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည်


ဂျုံးကျင်

အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကွယ်ကာတာလဲ။” ကျွန်တော်တို့ နေမကောင်းဖြစ်သည့်အခါ ဘုရားသခင်အပေါ် ဤမကျေနပ်မှုမျိုးများ ရှိတတ်ကြသည်။ ဤအဖြစ်အပျက်ထဲက အမျိုးသမီးသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ အခြေအနေ ဆိုးရွားလာသောအခါ သူမသည် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ဘုရားသခင်ကို စတင်အပြစ်တင်လာသည်၊ သို့သော် ဘုရားသခင်ထံ သူမ အမှန်တကယ် ဆုတောင်းပြီး၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသောအခါ၊ သူမသည် မိမိ၏ သေမျိုးဖြစ်ခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး သူမ၏ အခြေအနေမှာ အံ့သြဖွယ်ရာ တိုးတက်လာလေသည်။ သူမ၏ အတွေ့အကြုံ အဘယ်အရာဖြစ်ခဲ့သည်ကို သင်သိလိုပါသလား။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ။

10/04/2019

သန့်စင်ခြင်းဆီသို့ လမ်း

သမ္မာကျမ်းစာ, ခရစ်တော်, ကောင်းကင်နိုင်ငံတော်, သမ္မာတရား, အသင်းတော်,


ခရစ်စ်တိုဖာ ဖိလစ်ပိုင်


ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်မှာ ကျွန်တော်က ဗိတ္တိဇံကို ခံယူပြီး၊ သခင်ယေရှုဆီကို ပြန်လာခဲ့ကာ၊ ထို့နောက် သခင့်ကျေးဇူးတော်အားဖြင့် ၁၉၉၆ ခုနှစ်၌ ကျွန်တော်သည် ဒေသန္တာရအသင်းတော်တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်က ကျွန်တော်သည် ဖိလစ်ပိုင်နိုင်ငံတဝိုက်မှ နေရာများစွာ၌ အလုပ်လုပ်ပြီး၊ တရားဟောကြားနေခဲ့ရုံသာမကပဲ၊ ဟောင်ကောင်နှင့် မလေးရှားတို့ကဲ့သို့ နေရာမျိုးများတွင်လည်း တရားဟောကြားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် နှင့် လမ်းပြမှုတို့မှတစ်ဆင့် ကျွန်တော်သည် သခင့်အတွက် ကျွန်တော့်အလုပ်တွင် မကုန်ခန်းနိုင်သော အင်အားများရှိခဲ့ပြီး၊ ကျွန်တော့် တရားဒေသနာများအတွက် မဆုံးနိုင်သည့် လှုံ့ဆော်အားပေးမှုရှိသည်ဟု ခံစားခဲ့ ရသည်။ ကျွန်တော်က အပျက်သဘောဆောင်ပြီး အားနည်း နေသည့် ညီအစ်ကိုမောင်နှမများကို ထောက်ပံ့မှုများ မကြာခဏ ပေးခဲ့သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မယုံကြည်သူ မိသားစုဝင်များက ကျွန်တော့်ကို ဖော်ရွေမှု မရှိသည့်အခါတွင်၊ ကျွန်တော်သည် သည်းခံစိတ်ရှည်နိုင်စွမ်းရှိဆဲဖြစ်သည့်အပြင်၊ သခင့်ကို ယုံကြည်မှု မပျောက်ဆုံးသွားပဲနှင့် သခင်က သူတို့ကို ပြောင်းလဲနိုင်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်က ယုံကြည်သူတစ်ယောက် ဖြစ်လာပြီးကတည်းက ကြီးမားစွာ ပြောင်းလဲခဲ့သည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှ စတင်ကာ၊ ကျွန်တော်သည် ယခင်ကလောက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစားနိုင်စွမ်း မရှိတော့ပါ။ ကျွန်တော့် ဒေသနာများအတွက် ဉာဏ်အလင်းရ ခြင်းအသစ်ကို တဖြည်းဖြည်း ဆုံးရှုံးလာကာ၊ အပြစ်၌ အသက်ရှင်နေထိုင်ခြင်းမှ လွတ်မြောက်ရန် ခွန်အားလည်း ချို့တဲ့ခဲ့ရသည်။ ကျွန်တော့် ဇနီးနှင့် သမီးတို့ ကျွန်တော် မနှစ်သက်သည့် အရာများ ပြုလုပ်နေသည်ကို မြင်သည့် အခါတွင် ကျွန်တော့်မှာ စိတ်မဆိုးပဲ မနေနိုင်သည့်အပြင်၊ သူတို့ကို ဒေါသဖြင့် ဆူပူမိခဲ့သည်။ ဤသည်မှာ သခင့်အလိုတော်ကို စောင့်ထိန်းနေခြင်းမဟုတ်သည်ကို သိခဲ့သော်လည်း မကြာခဏဆိုသလို ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ပါ။ ဤသည်မှာ အထူးသဖြင့် ကျွန်တော့်အတွက် စိတ်သောကရောက်စေခဲ့သည်။ အပြစ် ကျူးလွန်ခြင်း နှင့် ပြီးနောက် ဝန်ခံခြင်း အသက်တာမှ မိမိကိုယ်ကို ရုန်းထွက်လွတ်မြောက်နိုင်ရန်၊ ကျွန်တော်က သမ္မာကျမ်းစာဖတ်ခြင်း၊ အစာရှောင်ခြင်း နှင့် ဆုတောင်း ခြင်းတို့တွင် ပို၍ အားထုတ်ကြိုးပမ်းခဲ့ပြီး၊ ဤအရာကို အတူတကွ ရှာဖွေပြီး လေ့လာစုံစမ်းနိုင်ရန် ဝိညာဉ်ရေးရာ သင်းအုပ်ဆရာများကို နေရာတိုင်းတွင် ရှာခဲ့သည်။ သို့သော်လည်း ကျွန်တော့် အားထုတ် ကြိုးပမ်းမှုများ အားလုံးသည် အရာမထင်ဖြစ်ခဲ့သည်၊ ကျွန်တော့်၏ အပြစ်ရှိသော အသက်တာနှင့် ကျွန်တော့် ဝိညာဉ်ထဲမှ အမှောင်ထုသည် မည်သည့်ပြောင်းလဲခြင်းမျှ မရှိခဲ့ပါ။

10/03/2019

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း နှစ်)

ကယ်တင်ခြင်း,ခရစ်တော်,  သမ္မာတရား, အသင်းတော်, အသက်,

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု

ညီအစ်မလီက နားထောင်ပြီးနောက် ပြုံးလိုက်ပြီး- “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ၊ အလွန်အရေးပါတဲ့မေးခွန်းကို ရှင်မေးလိုက်တာပဲ။ ကျွန်မတို့ဟာ ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာနိုင်၊ ဖြစ်မလာနိုင်ဆိုတာက ကျွန်မတို့ရဲ့ ကိုယ်ပိုင်အဆုံးသတ်တွေနဲ့ ခရီးဆုံးပန်းတိုင်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်၊ ပြီးတော့ ဒီမေးခွန်းအပေါ် မိတ်သဟာယပြုဖို့ သိပ်လိုအပ်တာပေါ့။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုက ဒီမေးခွန်းနဲ့ နှီးနွှယ်ပတ်သက်နေတဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေကို ကျွန်မတို့ဆီ ထုတ်ဖော်ပြခဲ့ပြီးပါပြီ။ ပထမဦးဆုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်အချို့ကို ဖတ်လိုက်ရအောင်။” ဟု ပြောလိုက်သည်။ သူမစကားပြောပြီးနောက်တွင် ညီအစ်မလီက ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ဖွင့်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်ဆိုလျှင် သင့်ကို ယေရှုက ကယ်တင်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင့်ကို အပြစ်သားအဖြစ် မရေတွက်သည်မှာ မှန်သော်လည်း ၎င်းက သင်သည် အပြစ်ကင်းပြီး မသန့်ရှင်းသူမဟုတ်ကြောင်း သက်သေပြခြင်း မဟုတ်ပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့လျှင် သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ ကံကောင်းလိုက်မည့် ဖြစ်ခြင်း။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ပျောက်ဆုံးခဲ့ပြီ။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသည်၊ သို့သော် သင်သည် မပြောင်းလဲသေး။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင်လုပ်ရမည်။ သင်သည် အကယ်၍ ရွေးနုတ်ခြင်းကို ခံရရုံသာဖြစ်ပါက သင်သည် မွန်မြတ်သန့်ရှင်းခြင်းကို ရယူရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ မကြာသေးမီက ရွေးနုတ်ခံရသော အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေအနှစ်ကို တိုက်ရိုက်အမွေဆက်ခံရန် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍”)

9/12/2019

ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏စိတ်နေသဘောထား၏ ဖော်ပြချက် ဖြစ်သည်


ဟူကီ၊ ရှန်ဒုံပြည်နယ်

ဘုရားသခင်မှ မိန့်မြွက်သည့် ဤနှုတ်ကပတ်တော်တို့ကို မြင်သည့်အခါတိုင်းတွင် ကျွန်မသည် စိုးရိမ်ပူပန်မှုကို ခံစားရသည်။ "ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော အကျိုးအမြတ်ကို မုချရလိမ့်မည်။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏") ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် လူ၏ ဘုရားသခင်အပေါ် နားလည်ခြင်းနှင့် ဘုရားသခင်အား ချစ်မြတ်နိုးရန်၊ ကျေနပ်စေရန် လူတို့ အားထုတ်ကြိုးပမ်းခြင်းနှစ်ခုလုံးအတွက် အလွန်အရေးကြီးသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်သည့်အခါတွင် ဘုရားသခင်၏ စိတ်နေသဘောထားသည် စိတ်ကူးသဘော ဆန်လွန်းသည်ဟု ကျွန်မ အမြဲတမ်းခံစားရပြီး မည်သို့ နားလည်အောင်လုပ်ရမည်ကို ကျွန်မ မသိခဲ့ပေ။ နောက်ပိုင်းတွင် ကျွန်မ၏ အသင်းတော်ခေါင်းဆောင်မှ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့မှ ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ မုန်းတီးသည့်အရာတို့ကို ကျွန်မ နားလည်သင့်သည်ဟု သိလာခဲ့ရသောကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်လာသည်။ နောက်ပိုင်းတွင် ကျွန်မသည် ဤအချက်ကို လက်တွေ့ကျင့်သုံးရန် ကြိုးစားခဲ့ပြီး ရလဒ်အချို့ တွေ့မြင်လာခဲ့ရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် ပတ်သက်၍ ကျွန်မသည် လုံးဝ ရှုပ်ထွေးနေသည်ဟု ခံစားရဆဲဖြစ်သည်။ "ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။" ပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို တိတိကျကျ မည်သို့ နားလည်ရမည်ကို လုံးဝ မသိခဲ့ပါ။

9/10/2019

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်မကို နိုးထစေခဲ့ပြီ

ကယ်တင်ခြင်း, အသင်းတော်,သမ္မာတရား, ခရစ်တော်, ယုံကြည်သူ,

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်” ဆိုတဲ့ ဘုရားသခင်ရဲ့နှုတ်ထွက်စကားတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားတဲ့သူတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲလို့ အရင်က ကျွန်မအမြဲ စဉ်းစားခန်းဖွင့်နေကျ ဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက်တော့၊ သူတို့တွေဟာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်တဲ့သူတွေပဲလို့ ထင်ပါတယ်။ အဲဒါကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်းလှည့်ပြန်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတွေ့မိတိုင်း သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမယ့်၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲလို့ တွေးမိရင်း ကျွန်မရဲ့စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်လာတယ်။ အဲဒီလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့တိုင်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံယူတဲ့အချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးလို့ ခံစားခဲ့ရတယ်။