菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ခရစ်တော်. Show all posts
Showing posts with label ခရစ်တော်. Show all posts

2/17/2020

Myanmar Christian Movie 2020 (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း)

 

လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။

2/14/2020

အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


ကယ်တင်ခြင်း, အနန္တတန်ခိုးရှင် ဘုရားသခင်, ခရစ်တော်, ထာဝရအသက်,



အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင်း ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှာ ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

2/10/2020

Burmese Praise Song lyrics (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)


Burmese Praise Song lyrics (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)


ဝါ… ဝါ… ဝါ… ဝါ…
စကြဝဠာအတွင်းရှိ အရာခပ်သိမ်းကို စီမံအုပ်ချုပ်သူ
တစ်ပါးတည်းသော စစ်မှန်သည့်ဘုရားသခင်
တန်ခိုးကြီးသော ခရစ်တော်ရှင်
ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေပင်
သူသည်နေရာတိုင်းတွင် အမှုတော်ဆောင်ရွက်
သက်သေခံလျက်ရှိသည်
အဘယ်သူမျှ သံသယဝင်မည်မဟုတ်၊ အောင်နိုင်သူ ရှင်ဘုရင်
အနန္တတန်ခိုးရှင် ဘုရား လောကကို အောင်နိုင်ခဲ့ပြီ
သူသည် အပြစ်ကို အနိုင်ယူပြီး၊ ကယ်တင်ခြင်းအမှုကို အောင်နိုင်ခဲ့ပြီ
စကြဝဠာ၏အောင်နိုင်သူ ရှင်ဘုရင်ကို ချီးမွမ်းပါ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော် ရှိပါစေ၊
ကျွန်ုပ်တို့ အကျင့်ပျက်စေကာမူ
အလိုတော်ဆောင်ရွက်ဖို့ ကယ်တင် စုံလင်စေသည်
သူသည် လောကကို အုပ်စိုး၍ စာတန်လက်မှ ပြန်ယူကာ
အသူတစ်ရာနက်သော ချောက်ကြီးထဲသို့ ပို့ဆောင်သည်
သူသည် ကမ္ဘာလောကကို တရားစီရင်တော်မူမည်၊
သူ့လက်နှင့် ဘယ်သူမှ မလွဲမရှောင်နိုင်
ထိုသူသည် ရှင်ဘုရင်အဖြစ် အစဉ်စိုးစံ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွန်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော်ရှိပါစေ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော်ရှိပါစေ
သိုးသူငယ်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ

များပြားသောအကြံပြုချက်များ 
ခရစ်ယာန်သီချင်း

1/22/2020

တွေ့အကြုံ သက်သေခံ ဆောင်းပါး | ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်

သမ္မာတရား, အသက်, ဆုတောင်း, ကယ်တင်ခြင်း, ကျေးဇူးတော်

ရှင်းကောင်း၊ ရှန်ဇီစီရင်စု

တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်။ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”- “ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။…ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင်၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။

1/14/2020

ဘုရားသခင်၏ အလင်းက ခက်ခဲသည့် အခြေအနေတစ်လျှောက် ကျွန်မကို လမ်းပြသည်

ယေရှု, ခရစ်တော်, သမ္မာတရား,သမ္မာကျမ်းစာ, ဆုတောင်း,

ကျောက်ရှင်း၊ စီချွမ်စီရင်စု

ကျွန်မ ကလေးဘဝတုန်းက၊ တောင်တန်းများထဲတွင် ကျွန်မ နေထိုင်ခဲ့ပါသည်။ ကမ္ဘာလောကအကြောင်းကို ကျွန်မ လုံးဝ သိပ်မမြင်ခဲ့ရသလို၊ ပို၍ကြီးမားသော ရည်မှန်းချက် တစ်ခုတစ်လေမျှ ကျွန်မ တကယ်ကို မရှိခဲ့ပါ။ ကျွန်မ အိမ်ထောင်ကျခဲ့ပြီး သားသမီးများ ရရှိခဲ့သည်၊ ကျွန်မ၏ သားနှစ်ဦးက သိတတ်ကာ လိမ်လိမ်မာမာ ကြီးပြင်းခဲ့ကြပြီး၊ ကျွန်မ ယောက်ျားမှာ အလုပ်ကြိုးစားသူတစ်ဦး ဖြစ်လေသည်။ ကျွန်မတို့တွင် ဘယ်သောအခါမျှ ငွေများစွာ မရှိခဲ့ကြသော်လည်း၊ မိသားစုတစ်စုအနေဖြင့် စိတ်သဘောထားညီညွှတ်စွာဖြင့့်် ကျွန်မတို့ နေထိုင်ခဲ့ပြီး ကျွန်မ အလွန်ပျော်ရွှင်ကာ တင်းတိမ်ရောင့်ရဲခဲ့သည်။ ၁၉၉၆ ခုနှစ်တွင်၊ ကျွန်မ ရုတ်တရက် ဆိုးရွားသော နာမကျန်းမှု ဖြစ်ခဲ့ပြီး ယင်းက သခင်ယေရှု၌ ယုံကြည်ခြင်း ရရှိစေဖို့ ကျွန်မကို ဖြစ်စေခဲ့သည်။ ထိုအချိန်မှစ၍၊ ကျွန်မ သမ္မာကျမ်းစာကို မကြာခဏ ဖတ်ရှုပြီး အသင်းတော် ဝတ်ပြုအစည်းအဝေးများကို တက်တက်ကြွကြွ တက်ရောက်ခဲ့သည်။ အံ့အားသင့်ဖွယ်ရာပင်၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက တဖြည်းဖြည်း ပိုကောင်းမွန်လာခဲ့ပြီး၊ ထို့ကြောင့် သခင်ယေရှုနောက်လိုက်ဖို့ ကျွန်မ၏ ယုံကြည်ခြင်းက သာ၍ပင် အားကောင်းလာခဲ့သည်။

12/15/2019

“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” အသားပေးချက် ၃- ကပ်ဘေးပြီးနောက် ကောင်းကင်သစ် နှင့် မြေကြီးသစ်တစ်ခု

ပုဂ္ဂိုလ်ရေး ခံစားချက် ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ဥာဏ်အမြော်အမြင်ပြည့်စုံသည်။ နောက်ဆုံးကာလ၌ ကိုယ်တိုင်ကြွဆင်းလာ၍ တရုတ်ပြည်တွင် ပေါ်ထွန်းတော်မူ၏။ သမ္မာတရားများပြောကြား၍ လူသားတို့ကိုအပြစ်စီရင်ပြီး သန့်ရှင်းခြင်းသို့ရောက်ရှိခဲ့သော အောင်နိုင်သူ လူတစ်စုကို ရရှိခဲ့သည်။ ယနေ့တွင် ဘုရားသခင်၏ ဧဝံဂေလိတရားတော် ကမ္ဘာအနှံအပြားသို့ရောက်ရှိခဲ့ပြီ။ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသောယုံကြည်သူများသည် ဘုရားသခင်ရှေ့မှောက်တော်သို့ ရောက်ရှိလာကြသည်။ နှစ်၂၀၀ဝခန့်၏ စောင့်ဆိုင်းမှု အကောင်အထည်ပေါ်လာပြီ။ ခရစ်တော်၏နိုင်ငံတော် ဤကမ္ဘာမြေသို့ ရောက်ရှိလာပြီ။ ခပ်သိမ်းသောအရာအားလုံး ဘုရားသခင်ကိုချီးမွမ်းကြွေးကြော်၍ ဂုဏ်တော်ချီးမွမ်းကြကုန်လော။ အာမင်

 

အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။ လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။

12/13/2019

ပျောက်ဆုံးသွားသောသိုး ပုံဥပမာ

သမ္မာတရား, ကယ်တင်ခြင်း, ယေရှု, ခရစ်တော်, အသက်,

ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။

12/01/2019

ကယ်တင်ခံရသည်ဆိုသည်မှာ အဘယ်နည်း။ ပြည့်ဝသော ကယ်တင်ခြင်း ရရှိခြင်းဆိုသည်မှာ အဘယ်နည်း။

ခရစ်တော်, သမ္မာတရား, ယေရှု, ဘုရားသခင်၏ နှုတ်ကပတ်တော်, ကယ်တင်ခြင်း,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (မာ ၁၆:၁၆)

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (မ၂၆:၂၈)

“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (မ ၇:၂၁)

11/20/2019

သက်သေခံခြင်းဆိုင်ရာ ဆောင်းပါးများ | သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

ဘုရားသခင်, ကောင်းကင်နိုင်ငံတော်, ခရစ်တော်, သမ္မာတရား, ကယ်တင်ခြင်း,

ရှောက်မိုး တရုတ်ပြည်

“သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။

11/15/2019

Best Myanmar Movie 2019 (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)




Myanmar new Movie (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်...

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

11/07/2019

Myanmar Praise & Worship Songs "အကောင်းဆုံးတေးများ ၂၀၁၉ ချီးမွမ်းခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်း "

 

Myanmar Gospel Song "အကောင်းဆုံးတေးများ ၂၀၁၉ ချီးမွမ်းခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်း "

00:06:26:01 (ဘုရားသခင်၏ခြေရာတော်များအားမည်ကဲ့သို့ရှာရမည် နည်း)

00:11:24:05 (အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ)

00:15:21:29 (ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ)

00:20:08:22 (အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ)

00:25:01:27 (နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ)

00:28:56:26 (လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်)

00:32:42:06 (အမှုတော်သစ်လက်ခံသူများ မင်္ဂလာရှိ)

00:37:42:14 (ဘုရားဟာလူသားတို့အတွက် ပိုလှပတဲ့မနက်ဖြန်ကိုဖန်ဆင်းပေး)

00:41:54:19 (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)

00:46:23:24 (ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏)

00:50:34:04 (မှန်ကန်သော ဆုတောင်းခြင်းအမှုကို ဆောင်ရွက်နည်း)

00:55:52:09 (အမှန်တရား တောင့်တသူတွေသာ ဘုရားသခင်ကို မြင်ရလိမ့်မည်)

00:59:54:05 (ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား)

01:03:50:07 (လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့)

01:07:09:07 (ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့)

ဓမ္မသီချင်းဝေငှမည် 

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

11/03/2019

ဘုရားသခင်၏ စကားတော် | စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၉

 

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

11/02/2019

ရုပ်ရှင်ကြော်ငြာဇာတ်ကား | စောင့်လို့နေ | ပညာရှိ သတို့သမီး များဟာ သခင်ကို ကြိုကြတယ်။


ရန်ဟိုအန်း သည် တရုတ်နိုင်ငံရှိ နေအိမ်အခြေစိုက် အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် သခင်ယေရှု မိုးတိမ်ပေါ်မှ ဆင်းကြွလာကာ သူ့အား ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားရန် နိုးကြားစွာ စောင့်ဆိုင်းနေခဲ့ပါသည်။ ဤအတွက် သူသည် သခင်အတွက် လုံ့လဝီရိယဖြင့် အမှုတော်ဆောင်ခဲ့သည်၊ သခင်၏ နာမတော်ကို မြဲမြံစွာ စွဲကိုင်ခဲ့ပြီး မိုးတိမ်ပေါ်မှ ဆင်းသက်လာသည့် သခင်ယေရှု မဟုတ်သည့် မည်သူမဆိုသည် ခရစ်တော် အတုအယောင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထိုအတွက်ကြောင့် သခင် ဒုတိယအကြိမ် ကြွလာခြင်း သတင်းကို သူ ကြားသောအခါ ထိုအကြောင်းကို စုံစမ်းလေ့လာရန် သူ ငြင်းဆန်ခဲ့သည် … ။ မတုန်မလှုပ်ဘဲ သူ စောင့်ဆိုင်းနေစဉ်တွင် သူ၏ ဝမ်းကွဲဖြစ်သူ လီကျားရင် က သူ့အား သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့်ဆိုင်သော ဧဝံဂလိတရားကို ဝေငှ ခဲ့ပါသည်။ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ရန်ဟိုအန်း သည် “စောင့်ကြည့်ပြီး စောင့်ဆိုင်းပါ” ဟူသော အဓိပ္ပါယ်အမှန်ကို နောက်ဆုံးတွင် နားလည်ခဲ့ပြီး သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော တဖန်ပြန်ကြွလာမည့် သခင်ယေရှုမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း သိမြင်နိုင်ခဲ့သည်။

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/29/2019

【Live】2019 Myanmar Christian Film | ကျွန်တော့်သခင် ဘယ်သူလဲ

My understanding: Many Christians believe in the Lord according to the Bible so many think that believing in the Lord means believing in the Bible. I used to think this way too. But after watching this video, I got a brand new understanding. So the Bible is only a Book that records God's work in the past, and the Bible can't represent God, much less God's work of saving man, while the Lord never said that the Bible represents Him. God's words say, "After all, which is greater: God or the Bible? Why must God’s work be according to the Bible? Could it be that God has no right to exceed the Bible? Can God not depart from the Bible and do other work? Why did Jesus and His disciples not keep the Sabbath? If He were to keep the Sabbath and practice according to the commandments of the Old Testament, why did Jesus not keep the Sabbath after He came, but instead washed feet, covered head, broke bread, and drank wine? Isn’t this all absent from the commandments of the Old Testament? If Jesus honored the Old Testament, why did He defy these doctrines? You should know which came first, God or the Bible! Being the Lord of the Sabbath, could He not also be the Lord of the Bible?" God's words have turned my wrong view of faith in God around, and also let me know that I have to treat the Bible correctly that only God can save man and only God can supply us with the truth and life.

လောင်ကျင်းကျုံဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုရဲ့ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ သူဟာ အနှစ်သုံးဆယ်ကျော်လောက် ယုံကြည်သူတစ်ဦးဖြစ်ခဲ့ပြီး "သမ္မာကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းဖြစ်တယ်"၊ "သမ္မာကျမ်းစာသည် ဘုရားသခင်ကို ကိုယ်စားပြုတယ်၊ ဘုရားသခင်ကို ယုံကြည်တာဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဟာ ဘုရားသခင်ကို ယုံကြည်ခြင်းပဲ" ဆိုတာကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ၊ သမ္မာကျမ်းစာဟာ ပဓာနပါပဲ။ သမ္မာကျမ်းစာအပေါ် သူ့ရဲ့ချစ်မြတ်နိုးမှုနဲ့ မျက်စိမှိတ်ယုံကြည်မှုတို့ကြောင့်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ မလေ့လာခဲ့ဘူး။ တစ်ရက်မှာတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အွန်လိုင်းပေါ်ကနေ ဖတ်နေတဲ့ ယုံကြည်သူတွေကို တားဆီးပိတ်ပင်ခဲ့ရာကနေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်က တရားဟောဆရာတွေနဲ့ ကြုံဆုံဖို့ အခွင့်အရေးရခဲ့ပါတယ်။ သမ္မာတရားနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးခဲ့ပြီးနောက်၊ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့ ကြားထဲက ဆက်နွယ်မှုကို သူရှင်းရှင်းလင်းလင်း မြင်လာနိုင်မှာလား။ သမ္မာကျမ်းစာကနေ ဖယ်ခွာပြီး ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက် ဖြစ်တယ်ဆိုတာကို သူနားလည်နိုင်ခဲ့လား။ ဘုရားသခင့်ရှေ့ကို သူချီဆောင်သွားခြင်းခံရမှာလား။

အကြံပြုစာမျာ:


Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/13/2019

တရားစီရင်ခြင်းအမှုကိုလုပ်ဆောင်ရန် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မရေရာသည့် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ယုံကြည်ခြင်းနှင့် စာတန်၏အုပ်စိုးမှုအောက် မှောင်မိုက်သည့် ခေတ်ကို မည်သို့ အဆုံးသတ်သနည်း။

ယေရှု, ကောင်းကင်နိုင်ငံတော်, ကယ်သင်ခြင်း, ခရစ်တော်, ဘုရားသခင်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။” (ဟေရှာ ၂:၂- ၄)

10/12/2019

ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။

ကောင်းကင်နိုင်ငံတော်, သမ္မာတရား, ခရစ်တော်, ကယ်တင်ခြင်း, အသက်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” (ယော ၁:၁-၂)

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍။” (ယော ၁:၁၄)

ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယော ၁၄:၆)

ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။” (ယော ၆:၆၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားသည် လူ့လောကကြီးမှ လာသော်ငြားလည်း၊ လူတို့ အကြားထဲမှ သမ္မာတရားသည် ခရစ်တော်မှ လက်ဆင့်ကမ်း ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ မူလအစပြုသည်၊ ဆိုလိုသည်မှာ၊ ဘုရားသခင် ကိုယ်တိုင်မှ မူလအစပြုခြင်းဖြစ်ပြီး၊ လူမှ ရယူနိုင်ခြင်း မရှိပေ။

10/09/2019

ယုံကြည်ခြင်း သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည်


ဂျုံးကျင်

အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကွယ်ကာတာလဲ။” ကျွန်တော်တို့ နေမကောင်းဖြစ်သည့်အခါ ဘုရားသခင်အပေါ် ဤမကျေနပ်မှုမျိုးများ ရှိတတ်ကြသည်။ ဤအဖြစ်အပျက်ထဲက အမျိုးသမီးသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ အခြေအနေ ဆိုးရွားလာသောအခါ သူမသည် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ဘုရားသခင်ကို စတင်အပြစ်တင်လာသည်၊ သို့သော် ဘုရားသခင်ထံ သူမ အမှန်တကယ် ဆုတောင်းပြီး၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသောအခါ၊ သူမသည် မိမိ၏ သေမျိုးဖြစ်ခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး သူမ၏ အခြေအနေမှာ အံ့သြဖွယ်ရာ တိုးတက်လာလေသည်။ သူမ၏ အတွေ့အကြုံ အဘယ်အရာဖြစ်ခဲ့သည်ကို သင်သိလိုပါသလား။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ။

10/08/2019

ဘုရားသခင်၏ စကားတော် | ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ - ကောက်နုတ်ချက် ၁


တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသင့်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဍာန်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။ လူအများက ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အကြောင်းအား ခံစားမှုမကောင်းကြရသည်မှာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်က လူ့ဇာတိခံယူ လုပ်ဆောင်မည်ကို လူအနေနှင့် ယုံရန်ခက်သောကြောင့်ဖြစ်၏။ သို့သော်လည်း သင့်ကို ငါပြောလိုသည်မှာ ဘုရားသခင်၏ အမှုသည် လူသားတို့ မျှော်လင့်ထားသည်များထက် မကြာခဏ သာလွန်တတ်ပြီး လူသားတို့စိတ်နှင့် လက်ခံရန် ခက်ခဲသည်ဆိုခြင်းပင်။ အကြောင်းမှာ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှ ပိုးလောက်ကောင်မျှသာဖြစ်၍ ဘုရားသခင်မှာမူ စကြဝဠာအနှံ့ ဖြည့်သည့် အာဏာအမြင့်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဖြစ်သည်၊ လူ၏စိတ်မှာမူ ပိုးလောက်များကိုသာ ထကြွစေသည့် ညစ်ညမ်းသောရေအိုင်နှင့် သဏ္ဌာန်တူသည်။ ဘုရားသခင်၏ ဉာဏ်ပညာမှ ညွှန်သော အမှုအဆင့်တိုင်းမှာမူ ဘုရားသခင် ဉာဏ်ပညာ၏ အဆီအနှစ်ပင်တည်း။ လူသားသည် တသမတ်တည်း ဘုရားသခင်ကို စောဒက တက်ရန် ဆန္ဒရှိသည်။ ထိုသို့ဖြစ်လျှင် နောက်ဆုံးတွင် ဆုံးရှုံးမှုခံရမည့် ကိုယ်ပိုင် သက်သေပင် ဖြစ်ကြောင်း ငါပြောမည်။ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ ကိုယ့်ကိုယ်ကို ရွှေထက် သာ၍ အရေးပါသည်ဟု မမှတ်ယူကြနှင့်။ အခြားလူများက ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံနိုင်လျှင် သင်က ဘာ့ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ ရပ်တည်မှု မြင့်သနည်း။ အခြားသူများက သမ္မာတရားကို ဦးညွှတ်နိုင်ကြသော်လည်း သင်က ဘာ့ကြောင့် သူတို့ကဲ့သို့ မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မှုကင်းသော အရှိန်အဟုန် တစ်ခုပင်ဖြစ်၏။ သူသည် သင်၏ “အထောက်အကူပြုသော ဆောင်ရွက်မှု” အတွက်နှင့် တရားစီရင်သည့်အလုပ်ကို ထပ်လုပ်မည်မဟုတ်၊ သင်သည် ထိုမျှ အခွင့်ကောင်းတစ်ခုကို လွဲချော်ခဲ့ပါက နောင်တစိတ်နှင့် ပြည့်ရလိမ့်မည်။ ငါ၏စကားများကို သင်မယုံလျှင် မိုးကောင်းကင်တွင် ပေါ်လာမည့် မဟာပလ္လင်ဖြူမှ သင့်အပေါ်သို့လာမည့် တရားစီရင်ချက်ကို စောင့်ပါ။ သင်သိသင့်သည်မှာ ဣသရေလတို့သည် ယေရှုကို ပယ်ချငြင်းပယ်သော်လည်း ယေရှု၏ လူသားမျိုးနွယ်အပေါ် ရွေးနုတ်ခြင်းဟူသော အချက်သည် ယခုထိ စကြဝဠာအဆုံးတိုင် ပျံ့ နှံ့ လျက်ရှိလေသည်။ ယင်းသည် လွန်ခဲ့သောအချိန်က ဘုရားသခင်ပြုခဲ့သော အဖြစ်မှန် မဟုတ်လား။ အကယ်၍ သင့်ကို ယေရှုရှင်က ကောင်းကင်သို့ ချီဆောင်ပေးရန် စောင့်မျှော်ဆဲ ဆိုလျှင် သင်သည် ခေါင်းမာသော သစ်တိုင်သေ၏ အပိုင်းအစတစ်ခုက ပင် ဖြစ်သည်ဟု ငါပြောမည်။ သင်ကဲ့သို့ ကောင်းချီးများကိုသာရှာပြီး၊ သမ္မာတရားအပေါ် သစ္စာမဲ့သော ယုံကြည်မှုမှားနေသူကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည်မဟုတ်။ သင်ယုံသည်နှင့် ဆန့်ကျင်ဖက် ဖြစ်သော ငရဲမီးအိုင်ထဲ နှစ်သောင်းချီ၍ သင်ကျရောက်ရန် အနှင်ခံရသည့်အခါ သူက သင့်ကို ဂရုဏာ ပြလိမ့်မည် မဟုတ်ပေ။

အကြံပြုစာမျာ:

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

10/07/2019

ဘုရားသခင်၏ စကားတော် | သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

 

အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည်သခင်ယေရှု၏ပြန်ကြွလာခြင်းတဖြစ်လည်း နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် လုံးလုံးလျားလျား တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်လူသားတစ်ဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/04/2019

【Live】Gospel Movie Myanmar 2019 | သခင်ယေရှုက ဘုရားသားတော်ဖြစ်ပါသလား သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပါသလား။

Understanding: We all know the Lord Jesus is God Himself, but why did the Lord Jesus pray to the heavenly Father? I think there must be mysteries behind it! Later, I studied the Bible and found a verse where Jesus said to Philip, "Have I been so long time with you, and yet have you not known me, Philip? he that has seen me has seen the Father; and how say you then, Show us the Father? Believe you not that I am in the Father, and the Father in me? the words that I speak to you I speak not of myself: but the Father that dwells in me, he does the works" (John 14:9-10). From this we can see the Lord Jesus and the heavenly Father is one. There is only one God. Therefore, the Lord Jesus is incarnate God Himself. 


သမ္မာကျမ်းဆိုင်ရာ မှတ်တမ်းအရ၊ သခင်ယေရှုဟာ ဘုရားသခင်ရဲ့ ချစ်သားဖြစ်တယ်လို့ သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပါတယ် ပြီးတော့ သခင်ယေရှုကလည်း ကောင်းကင်ဘုံက ဘုရားသခင်ကို “ဖခမည်းတော်”လို့ ခေါ်ခဲ့တယ် ဒီလိုနဲ့ လူများစွာက သခင်ယေရှုခရစ်တော်ဟာ ဘုရားရဲ့သားတော်ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြသလိုကောင်းကင်ဘုံမှာ ခမည်းတော်ဘုရားရှိတယ်လို့လည်း ယုံကြည်ကြတယ် ဒါပေမယ့် သခင်ယေရှုက၊ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။......ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် …။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဒီတော့ သခင်ယေရှုက ဘုရားသားတော်လား ဒါမှမဟုတ် ဘုရားသခင် ကိုယ်တော်တိုင်လား ဒီအစီအစဉ်က နက်နဲမှုကို မိတ်ဆွေထံ ထုတ်ဖော်ပြပေးမှာပါ။ ကျေးဇူးပြုပြီး ကြည့်ရှုခံစားလိုက်ပါ။

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်