လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။
Showing posts with label သမ္မာတရား. Show all posts
Showing posts with label သမ္မာတရား. Show all posts
2/17/2020
Myanmar Christian Movie 2020 (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း)
လင်ပိုအန်းဟာ သခင့်ကို ဆယ်စုနှစ်များစွာ ယုံကြည်လာခဲ့တဲ့ တရားဟောဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ သူဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံပြီးကတည်းက၊ အန္တိခရစ်တွေဖြစ်ကြတဲ့ သင်းအုပ်တွေ၊ အကြီးအကဲတွေက သူ့ကို ဘာသာရေးအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်၊ နှင်ထုတ်ခဲ့ကြတယ်။ လင်ပိုအန်းဟာ တိုက်ခိုက်တာတွေ၊ ပြစ်ဒဏ်ချခံရတာတွေ၊ အမှုဆင်ခံရတာတွေ ကြုံပေမယ့်၊ ကြောက်ရွံ့ပြီး နောက်မဆုတ်ခဲ့ပါဘူး။ သူ့ယုံကြည်စိတ်က ပိုပြီးခိုင်မာလာတဲ့အပြင်၊ ဘာသာရေးလောကရဲ့သင်းအုပ်တွေ၊ အကြီးအကဲတွေဟာ သူတော်ကောင်းယောင် ဆောင်နေကြတယ်ဆိုတာကို နောက်ဆုံးမှာ နားလည်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်၊ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်၊ သန့်စင်နိုင်၊ စုံလင်စေနိုင်တယ်ဆိုတာတွေကို သိလာခဲ့တယ်။ ဒါတွေကြောင့် သူ့အနေနဲ့ ဘုရားသခင်အတွက် စစ်မှန်တဲ့သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက်၊ ခရစ်တော်နောက်လိုက်ဖို့၊ သက်သေခံဖို့၊ သမ္မာတရားကိုရှာရာမှာ အစွမ်းကုန်ကြိုးစားဖို့နဲ့ သူ့စိတ်သဘောထားကို ပြောင်းလဲအောင် ကြိုးစားဖို့အတွက်ပဲ စိတ်ပိုင်းဖြတ်လိုက်တယ်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရက လင်ပိုအန်းဟာ ထောင်က လွတ်လာပြီး မပြောင်းလဲသေးတာတွေ၊ သူ့ယုံကြည်မှုကို နည်းနည်းမှ မစွန့်လွှတ်ထားတဲ့အပြင်၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကိုတောင် ယုံကြည်လာတာတွေ၊ နေရာအနှံ့သွားပြီး သခင်ယေရှု ပြန်လာပြီဖြစ်ကြောင်း၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း သက်သေခံတာတွေကို တွေ့ရှိလာကြတယ်။ ဒါကြောင့် စီစီပီအစိုးရက သူ့ကို အလိုရှိသူအဖြစ် သတ်မှတ်ပြီး၊ နေရာအနှံ့ လိုက်ဖမ်းခဲ့ကြတယ်။ လင်ပိုအန်းဟာ သူ့မိသားစုကိုလည်း စွန့်ခွာခဲ့ရပါတယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံခဲ့တာကြောင့်၊ စစ်မှန်ပြီး စိတ်နှလုံးကောင်းရှိတဲ့ ယုံကြည်သူတော်တော်များများကို ဘုရားသခင်ဆီ လမ်းပြနိုင်ခဲ့ပါတယ်။ ယခု ဗီဒီယိုဟာ လင်ပိုအန်းတစ်ယောက် ဧဝံဂေလိတရား ဖြန့်ဝေတာတွေ၊ ဘုရားသခင်အတွက် သက်သေခံတာတွေအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။
2/15/2020
(ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏) ကောက်နုတ်ချက်
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည်၊ ဤလူသားတို့ကို သူဖန်ဆင်းခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်လာမှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းနှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပါ။ အကယ်၍ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦးဖြစ်ပါက မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့်လူမျိုးမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ စီစဉ်ခြင်းများနှင့်အညီ ဖြစ်ပေါ်ကြောင်းကို သင့်အနေဖြင့် အသေအချာ ယုံကြည်လိမ့်မည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံ သို့မဟုတ် လူမျိုးတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တရ၍ အပြစ်များကို ဝန်ချတောင်းပန်ရမည်၊ သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။”
အကြံပြု
ခရစ်တော်သည် သမ္မာတရား ၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
အကြံပြု
ခရစ်တော်သည် သမ္မာတရား ၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
2/11/2020
(၂) ကျေးဇူးတော်ခေတ် အမှုတော်ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ
၂၂။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ
2/08/2020
(ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဒုတိယပိုင်း
အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်အနေဖြင့် သူ၏စိတ်နေသဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်းမရှိပါ။ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာမရေရာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။
ဆက်လက်ကြည့်ရှုရန်
ခရစ်တော်သည် သမ္မာတရား ၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။
2/07/2020
၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ
၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ
၃) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ
2/04/2020
နောင်တမရှိဘဲ ကုန်ဆုံးခဲ့သည့် လူငယ်ဘဝ
ရှောင်ဝမ်၊ ချောင်ချင်းစီရင်စု
“ချစ်ခြင်းမေတ္တာ ဟူသည့် အရာမှာ လုံးဝဖြူစင်သည့် အပြစ်ဆိုဖွယ်ရာမရှိသော စိတ်ခံစားမှု တစ်ခုကို ရည်ညွှန်းသည်၊ သင့်နှလုံးသားဖြင့် သူတစ်ပါးကို သင်ချစ်သည့်နေရာ၊ သင်ခံစားသည့်နေရာနှင့် သူတစ်ပါးအတွက် သင်စဉ်းစားပေးသည့်နေရာ၌ အသုံးပြုသော အရာလည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၌ သတ်မှတ်ချက်များမရှိ၊ အတားအဆီးမရှိ ထို့ပြင် အကွာအဝေးလည်းမရှိပေ။ ချစ်ခြင်းမေတ္တာသည် မသင်္ကာစရာမရှိ၊ လိမ်ညာမှုမရှိ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲမှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာ၌ အကွာအဝေး မရှိသည့်အပြင် မစင်ကြယ်မှု လုံးဝမရှိပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ”) ဤ ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးသီချင်းသည် တစ်ချိန်က ကျွန်မကို ၇ နှစ်နှင့် ၄လကြာမြင့်ခဲ့သည့် ထောင်ထဲ၌ ကြာရှည်ပြီး မပြီးဆုံးနိုင်သည့်ဘဝကို ဖြတ်သန်းရန် ကူညီပေးခဲ့သည်။ တရုတ်ကွန်မြူနစ် အစိုးရက ကျွန်မ၏ ငယ်ရွယ်ခြင်း၏ အလှပဆုံးနှစ် များကို ခံစားခွင့် မပေးပဲနှင့် ပိတ်ပင်ခဲ့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှနေ တန်ဖိုးအရှိဆုံးနှင့် စစ်မှန်သည့် သမ္မာတရားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် မကျေနပ်ချက်များ သို့မဟုတ် နောင်တများ ဟူ၍ မရှိပါ။
2/02/2020
Myanmar Gospel Dance Song (ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်)
Myanmar Worship Song (ဘုရားသခင် မိမိဘုန်းတော်ကို အရှေ့အရပ်သို့ ယူဆောင်)
ဘုရားဟာသူ့ ဘုန်းတော်ကို ဂျူး လူမျိုးတို့အားပေးပြီး
ထိုနေရာမှ ပြောင်းရွှေ့ကာ
ဂျူးလူမျိုးများနှင့် လူသားအားလုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်
သူတို့ပြန်ပေါင်းဆုံပြီး အလင်းနှင့် တွေ့ဆုံနိုင်အောင်
အလင်းကိုထပ်ရှာရန်မလိုအောင် ဘုရား သခင်ဟာ
သူတို့အားလုံးကို အလင်းသို့ ဦးတည် ခေါ်ဆောင်လာ
ရှာနေသူအားလုံးကို ဘုရားသခင်သည်
အလင်းနှင့် အစ္စရေးပြည်မှာရှိတဲ့
ဘုန်းတော်ကို တစ်ဖန်ပြန် မြင်တွေ့စေလိမ့်မည်၊
ဘုရားဟာ ဖြူသောမိုးတိမ်ကို စီးလျက်
လူတို့ကြားတွင် ရောက်ရှိခြင်းကို တွေ့မြင်စေမည်။
2/01/2020
ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား
ဟီးဂျွန်း ဆီချွမ်းမြို့
၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည်
ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို လာရောက်ရှာဖွေရာ၊ သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက လူများအနေဖြင့် သန့်စင်ခံရန် ဘုရားသခင်က အလိုရှိကြောင်း၊ သို့သော်လည်း သူသည် မကြာခဏ အမှုမဲ့အမှတ်မဲ့ အပြစ်ကျူးလွန်မိကြောင်း နှင့် သူက အမြဲတမ်း ဤကဲ့သို့ အပြစ်၌ အသက်ရှင်နေထိုင်နေပါက၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပါမည်လား ဟု ပြောခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရပြီး၊ ကျွန်တော်တို့၏ အပြစ်များအားလုံးကို သူ့ပေါ်သို့ယူတော်မူခဲ့ကာ၊ သူ့အသက်ဖြင့် ပေးဆပ်မှုများပြုခဲ့ကြောင်း ကျွန်တော် သူ့ကို ပြောခဲ့သည်။ သခင်ယေရှုကို ကျွန်တော်တို့၏ ယုံကြည်ခြင်းကြောင့် ကျွန်တော်တို့၏ အပြစ်များလွှတ်ခြင်းခံရသည့်အကြောင်း နှင့် သခင်သည် ကျွန်တော်တို့ကို အပြစ်သားများအဖြစ် နောက်ထပ် မမြင်တော့ကြောင်း၊ ပြီးလျှင် ကျွန်တော်တို့က အရာအားလုံးကို စွန့်လွှတ်ပြီး၊ မိမိကိုယ်ကို အသုံးခံကာ၊ သခင့်အတွက် ကြိုးစားလုပ်ဆောင်ပြီး၊ အဆုံးအထိ သည်းခံသမျှ ကာလပတ်လုံး သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဖြစ်ကြောင်းတို့ကို ကျွန်တော် ပြောခဲ့သည်။ ကျွန်တော် ဤသို့ပြောသည်ကို ထိုအစ်ကိုက ကြားပြီးနောက်၊ သူလိုချင်သည့် အဖြေကိုမရသည့် အသွင်ပေါက်နေခဲ့ပြီး အတော်အတန် စိတ်ပျက်သည့် ပုံစံဖြင့် ထွက်သွားခဲ့သည်။ သူထွက်သွားသည်ကို ကျွန်တော်ကြည့်ရင်း ကျွန်တော့်မှာ အလွန်ခက်ခဲရှုပ်ထွေးသော စိတ်ခံစားချက်အချို့ကို ခံစားခဲ့ရသည်။ အမှန်ပြောရပါလျှင် ကျွန်တော်ရော ဤအစ်ကိုကဲ့သို့ပင် ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မရှိခဲ့ပါသလား။ ကျွန်တော်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မကြာခဏ အပြစ်၏ ချည်နှောင်ခြင်းခံရပုံနှင့် နေ့ပိုင်းတွင် အပြစ်ကျူးလွန်ပြီး၊ ညပိုင်းတွင် ဝန်ခံသည့် အနေအထားတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပုံတို့ကို တွေးရင်းဖြင့် ကျွန်တော်သည်လည်း ထိုနည်းလမ်းဖြင့် ဆက်ပြီး အသက်ရှင်နေထိုင်လိုစိတ်မရှိခဲ့ပါ။ သို့သော်လည်း ကျွန်တော်က အမှန်တကယ်ပင် အပြစ်ကို မအောင်နိုင်သောကြောင့် သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့်နှုတ်ကပတ်တော် ဖတ်ရှုခြင်းကို အားဖြည့်ခဲ့ပါသည်။ သို့သော် ကျွန်တော့်အပြစ်များနှင့်ဆိုင်သော ပြဿနာများကို လုံးဝ မဖြေရှင်းခဲ့ပါ။ သခင်က သန့်ရှင်းသောကြောင့် ကျွန်တော့်ကဲ့သို့ အပြစ်ဖြင့် အလွန်အမင်း ပြည့်နှက်နေသည့် လူမျိုးကို ကိုယ်တော်က လက်ခံပါ့မလား။
1/31/2020
Christian Movie with Myanmar subtitle (ကောင်းကင်နိုင်ငံတော်သားများ)
သင်နှစ်သက်နိုင်သည့် အရာများ
ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ
Myanmar new Movie | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်
1/30/2020
လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု
ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံ
ကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ ဆွေမျိုးများနောက် လိုက်ခဲ့သည်။ ဤဘရာဇီးလ်နိုင်ငံတွင် ဒေသနာ အချို့နားထောင်ဖို့ ကျွန်တော့်ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့သည့် ခရစ်ယာန် သူငယ်ချင်း တစ်ယောက်နှင့် သိကျွမ်းခဲ့သည်၊ သုံးခေါက် လည်ပတ်ပြီးသည့်နောက် ကျွန်တော် မည်သည့်အရာကိုမျှ မခံစားရ သေးပါ။ ထို့နောက်ပိုင်းတွင် ကျွန်တော် အမှန်တကယ် အလုပ်ရှုပ် ခဲ့သောကြောင့် ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘုရားကျောင်းသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သည့်အချိန် ၂၀၁၅ ခုနှစ် ဇွန်လထဲက ရက်တစ်ရက်အထိ ဘုရားကျောင်းကို တစ်ဖန် ပြန်မသွားခဲ့ပါ။ ထိုအချိန်က ညီအစ်ကိုမောင်နှမများ ဝေမျှသည့်အရာမှ တစ်ဆင့် သခင်ယေရှုကို ရွေးနှုတ်ကယ်တင်သူတစ်ပါးအနေဖြင့် နားလည်သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ကျွန်တော် ရရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာဦးကျမ်းကို ကျွန်တော် ပထမဆုံး ဖတ်ရသည့်အချိန်တွင်၊ လူကို ဘုရားသခင်က အမှန်တကယ် ဖန်ဆင်း တော်မူခဲ့ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ဖန်ဆင်းရှင် သည် အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ကျွန်တော် ခံစားခဲ့ ရသည်။ ကျွန်တော် ကျောင်းတက်စဉ်က ဖတ်စာအုပ်များအားလုံးက လူသည် လူဝံ၊ မျောက် အစရှိသော အဆင့်မြင့်ဆုံးသည့် နို့တိုက် သတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာ ပေါ်ရှိ အရာအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာကြောင်း တို့ကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်- အမှန်မှာမူ ကျွန်တော် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုပြီးနောက်မှသာလျှင် ကျွန်တော် အပြည့်အဝ နိုးထခဲ့ပြီး၊ ထိုအချိန်မှစကာ သခင်ယေရှုကို ကျွန်တော် စတင်ယုံကြည် ခဲ့သည်။
1/28/2020
လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)
“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ယော ၁၄:၆-၇)
“ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” (ယော ၁၄:၁၀)
“ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁၀:၃၀)
1/27/2020
ဘုရားသခင်၌သာ အသက်လမ်းရှိ
Myanmar Worship Song | ဘုရားသခင်၌သာ အသက်လမ်းရှိ
Ⅰ
အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး
လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး
အသက်မှာ ဘုရားဆီကသာ လာသည်မို့
ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ
ဘုရားသခင်၌သာ အသက်လမ်းရှိ
ဘုရားသခင်သာ အသက်၏မူလအစ
အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ်
ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ချိန်မှ လူသားတို့ကို အသက်ပေးသော
ဘဝအားအင် အပါအဝင် အမှုတော်များစွာ ဘုရားသခင် ပြုခဲ့
လူသားများ အသက်ရဖို့ ကြီးမားသော အဖိုးအခ သူပေးခဲ့
ဘုရားရှင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်ပေမို့
ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း
အခွင့်ရသော လမ်းပင်ဖြစ်သည်
ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ်
ဘုရားသခင် လူသား၏နှလုံးသားနဲ့ဘယ်တော့အခါမှ မဝေးကွာ
လူသားတို့ကြားမှာ သူအမြဲတမ်းရှိနေသည်
သူဟာ လူသားတို့ ရှင်သန်ရန် တွန်းအား
လူသားတို့ဖြစ်တည်မှုအုတ်မြစ်နှင့်
ရှင်သန်ရန် လုံခြုံသော အာမခံချက်
လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ
လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ
လူသားတို့ကို အမျိုးမျိုး ကြံ့ခိုင်စွာ ရှင်သန်စေ
ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ
ဘုရားသခင်၌သာ အသက်လမ်းရှိ
ဘုရားသခင်၌သာ အသက်၏အရင်းအမြစ်
အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ်
ဘုရား၏တန်ခိုးနဲ့ အစဉ်တည်မြဲသော သူ၏ဘဝခွန်အားကြောင့်
ခေတ်တွေဆက်ဆက် လူသားတို့ အသက်ရှင်ခဲ့သည်
ဘုရား၏အသက်စွမ်းအားသည် လူကို အစဉ်မပြတ်ပံ့ပိုး
သာမန်လူသားများ မပေးဆပ်ဖူးသော
အဖိုးအခကို သူသည်ပေးဆပ်ခဲ့သည်
1/26/2020
စစ်မှန်သည့် ပျော်ရွှင်မှုကို ကျွန်မ ရှာတွေ့ပြီ
ကျန်းဟွာ၊ ကမ္ဘောဒီးယားနိုင်ငံ
ကျွန်မက သာမာန် လယ်သမားမိသားစု တစ်စုထဲတွင် မွေးဖွားလာခဲ့သည်။ ကျွန်မတို့ မချမ်းသာသော်လည်း၊ ကျွန်မ အဖေနှင့် အမေတို့က အချင်းချင်း ချစ်ပြီး၊ ကျွန်မကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြသည်- ကျွန်မတို့က ကျွန်မတို့ မိသားစု အသက်တာတွင် ပျော်ရွှင်ပြီး၊ ကောင်းကြီးမင်္ဂလာ ခံစားရသည်ဟု သင်သေချာပေါက် ပြောနိုင်ပါသည်။ ကျွန်မ ကြီးပြင်းလာပြီးနောက်၊ ကျွန်မက မိမိကိုယ်ကို ပြောခဲ့သည်။ ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည့် ခင်ပွန်းတစ်ယောက် ရှာဖွေရမည်၊ ထို့နောက် အတိသုခပြည့်ဝပြီး ပျော်ရွှင်သော မိသားစု တစ်စု တည်ထောင်ရမည်။ ဤသည်မှာ အရေးအကြီးဆုံး အရာ ဖြစ်သည်။ ကျွန်မ ဓနဥစ္စာများကို မရှာဖွေပါ- ကျွန်မ လိုအပ်သည့် အရာမှာ ကျွန်မ ခင်ပွန်းနှင့် ချစ်ခင်သော ပေါင်းသင်းဆက်ဆံရေး တစ်ခု နှင့် ငြိမ်းချမ်းသော မိသားစု အသက်တာတစ်ခု တို့သာ ဖြစ်ပါသည်။
1/24/2020
ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း
ဟွဖေး မှ
ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ- စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။
1/23/2020
Myanmar Worship Song 2019 (ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏)
Myanmar Christian Song (ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏)
ဘုရားသခင်၏ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏၊
သူ၏အသံကို ကျွန်ုပ်တို့ ကြားရသည်။
ဘုရားသခင်၏ ကြွလာခြင်းနှင့် ကြုံဆုံရသည်မှာ ကျွန်ုပ်တို့ ကံကောင်းလှပေ၏၊
သိုးသူငယ်၏ စားပွဲတော်သို့ ကျွန်ုပ်တို့ တက်ရောက်ကြသည်။
ကျွန်ုပ်တို့သည် လူ့ဇာတိခံအနန္တတန်ခိုးရှင်ဘုရားသခင်ကိုသိပါ၏၊
သူ၏ အံ့ဖွယ်လုပ်ဆောင်ချက်တို့ကို ကျွန်ုပ်တို့မြင်ရသည်။
1/22/2020
တွေ့အကြုံ သက်သေခံ ဆောင်းပါး | ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်
ရှင်းကောင်း၊ ရှန်ဇီစီရင်စု
တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်။ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”- “ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။…ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင်၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။
1/21/2020
ဘုရားသခင် လူတိုင်းအတွက် တိတ်ဆိတ်စွာ ပေးနေ
Myanmar Worship Song (ဘုရားသခင် လူတိုင်းအတွက် တိတ်ဆိတ်စွာ ပေးနေ)
၁
လူသားတို့ရဲ့ လိုအပ်သမျှကို
နေရာတိုင်း အချိန်တိုင်း ဖြည့်စွမ်းပေးသူ
လူသားတို့ရဲ့အကြံစည်အားလုံး စိတ်နှလုံးသားများ
ပြောင်းလဲပုံကို လေ့လာသူ ဘုရားသခင်
ကိုယ်တော်သည် သူတို့အားလမ်းပြ လိုအပ်နေတဲ့ နှစ်သိမ့်မှုကိုပေး
ဘုရားကို ချစ်သောသူအတွက်၊ နောက်တော် လိုက်သောသူအတွက်
ဘုရားသခင် ဘယ်အရာမှ သိုဝှက်မထားဘူး၊
သူ၏ကောင်းချီးမင်္ဂလာများအကုန်အစင် သွန်းလောင်းပေးလိမ့်မည်
ထိုသူအပေါင်း၌ ကိုယ်တော်သည် ကျေးဇူးပြုတော်မူပြီး
ဂရုဏာတော်သည် လျှံလျက် စီးဆင်း
ကိုယ်တော်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို
ထိန်ချန်မထားဘဲ ပေးအပ်
1/20/2020
Myanmar Christian Movie 2020 (ဘုရားသခင်၌ ယုံကြည်ခြင်း ၂ - ဘုရားကျောင်း ပြိုလဲပြီးနောက်)
တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ဘာသာရေး ယုံကြည်မှုအားလုံးကို လုံးဝ ချေမှုန်းရှင်းလင်းရန်နှင့် တရုတ်နိုင်ငံကို ဘုရားမဲ့ဝါဒ နယ်မြေတစ်ခုအဖြစ် တည်ထောင်ဖို့ရန်အလို့ငှာ ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဝါဒတို့ကို မရပ်မနား ဖိနှိပ်ကာ နှိပ်ကွပ်လာခဲ့သည်။ အထူးသဖြင့် ရှီကျင်းဖျင့် သမ္မတ ဖြစ်လာကတည်းက၊ ယုံကြည်မှုအပေါ် စီစီပီ၏ တိုက်ခိုက်မှုများက အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီး၊ တရားဝင် ခွင့်ပြုထားသည့် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်သည်ပင်လျှင် ချေမှုန်းခံနေရကာ၊ လက်ဝါးကပ်တိုင်များလည်း ဖြိုချခံနေရသည်။
ယုကွန်ဂေါင်သည် စီစီပီ၏ အစုအပြုံလိုက် ဖမ်းဆီးမှုတစ်ခုတွင် အန္တရာယ်ကြားမှ လွတ်မြောက်လာသော ဧဝံဂေလိဆရာတစ်ယောက် ဖြစ်သည်။ နောက်ပိုင်းတွင် ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်လှုပ်ရှားမှု ခရစ်ယာန်ဖြစ်သော ချန်ဆုန်အန်း၏ အိမ်သို့ သူ ရောက်သွားသည်။ ချန်ဆုန်အန်း၏ ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်လှုပ်ရှားမှု ဘုရားကျောင်းမှာ စီစီပီ၏ ဖြိုဖျက်မှုကို ခံခဲ့ရသည်။ အသင်းတော်ထဲမှ တချို့သည် သူတို့၏ သင်းအုပ်များ၊ အကြီးအကဲများ၏ သွန်သင်ချက်များကို နာကြားပြီး၊ စီစီပီအစိုးရအတွက် ဆုတောင်းပေးကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်၊ "သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့။" (ရှင်မဿဲ ၅:၄၄) ဟူသည့် သခင်ယေရှု၏ စကားများကို စောင့်ထိန်းနေခြင်းဖြစ်သည်ဟု ယုံကြည်နေကြလေသည်။ သို့သော် ယုံကြည်သူများစွာတို့သည် မရှင်းမလင်းဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် စီစီပီအတွက် ကောင်းကြီးမင်္ဂလာများကို သူတို့က ဆုတောင်းပေးကြသော်လည်း၊ စီစီပီသည် နောင်တမရခဲ့ရုံသာမက၊ သူတို့၏ ဘုရားကျောင်းပင် အဖြိုခံခဲ့ရလေသည်။ သူတို့ တွေးကြသည်၊ စီစီပီအတွက် ဆုတောင်းခြင်းသည် ဘုရားအလိုတော်နှင့် အမှန်တကယ် ကိုက်ညီပါသလား။ အသင်းသားများက ထိုမေးခွန်းအကြောင်း ဆွေးနွေးကြသော်လည်း ကောက်ချက်တစ်ခု မချနိုင်ခဲ့ကြပါ။ နောက်ဆုံးတွင်မူ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ယုကွန်ဂေါင်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့၏ မိတ်သဟာယမှတစ်ဆင့်၊ ချန်ဆုန်အန်းနှင့် အခြားသူတို့သည် ""သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့""ဟူသော သခင်ယေရှု၏ သွန်သင်မှုမှ မှန်ကန်သော အဓိပ္ပါယ်ကို သဘောပေါက်ကြရသည်။ ဘုရားသခင်ကို အာခံရန်၊ သမ္မာတရားကို ရွံရှာရန်ဟူသော စီစီပီ၏ ဆိုးယုတ်သည့် အနှစ်သာရကို ခွဲခြားသိမြင်မှု ရရှိကြသည်။ ကိုယ်ပိုင်မူ သုံးရပ်သုံး လမ်းကြောင်းအတိုင်း သင်းအုပ်များ၊ အကြီးအကဲများနောက် လိုက်ခြင်းနှင့် ဆိုးယုတ်သော အုပ်စိုးသူ အာဏာစက်၏ ကာကွယ်ပေးခြင်းကို မှီခိုခြင်းတို့၏ အန္တရာယ်များသော အကျိုးဆက်များကိုလည်း ရှင်းရှင်းလင်းလင်း မြင်ကြလေသည်......။
ရုပ်ရှင်ဝေဌာမယ်
Myanmar new Movie|ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
1/19/2020
ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း
ဘုရားသခင်ကို ယုံကြည်ရာတွင် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိမှုကိစ္စကို အနည်းဆုံး ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါမှု ပျောက်ဆုံးသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်းအားဖြင့် အလုံးစုံရရှိခြင်းဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဆိုသည်မှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယဝင်ခြင်းမျိုး သို့မဟုတ် ငြင်းပယ်မှုတို့ မရှိနိုင်ဘဲ ယင်းကို ဆက်ကပ်ခြင်း ဖြစ်သည်သာမက ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သော ရည်မှန်းချက်များ ရှိခြင်း၊ သင့်ကိုသင် မစဉ်းစားခြင်း၊ သင်မည်သည့်အရာပင် ပြုနေသည်ဖြစ်စေ ဘုရားသခင်၏ မိသားစု အကျိုးစီးပွားများကို အရေးအကြီးဆုံးအဖြစ် အစဉ်အမြဲထားခြင်း၊ ဘုရားသခင်၏ စောင့်ကြည့်မှုကို လက်ခံခြင်းနှင့် ဘုရားသခင်၏ အစီအမံများကို လိုက်နာခြင်းတို့ဖြစ်သည်။ သင်မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စွာထားနိုင်သည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သည့်တိုင်အောင် သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းပေးနေရမည်။ ဘုရားသခင်၏ အလိုတော်ကို သင့်အား ပြသခြင်းကို စောင့်စားရန် အချိန်နှောင်းလွန်းခြင်းမရှိသောကြောင့် ယင်းကို လက်တွေ့ လုပ်ဆောင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင် သင်သည် အခြားသူများနှင့်လည်း ပုံမှန်ဆက်ဆံရေး ရရှိလာလိမ့်မည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြုပြီး တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်လျက် သင်၏အမြင်ကို မှန်ကန်စွာထားကာ ဘုရားသခင်ကို ဆန့်ကျင်သော သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်သော အရာများကို မလုပ်ဆောင်နှင့်။ ညီအစ်ကို မောင်နှမများ၏ ဘဝအသက်တာများအတွက် အကျိုးမရှိသော အရာများကို မလုပ်နှင့်၊ အခြားသူများအတွက် အကျိုးမရှိသော အရာများကို မပြောနှင့်။ ရှက်ဖွက်ကောင်းသော အရာများကို မလုပ်နှင့်။ အရာရာကို မျှမျှတတနှင့် ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ယင်းတို့ကို တင့်တယ်စေလော့။ တစ်ခါတစ်ရံတွင် လူ့ဇာတိသည် အားနည်းတတ်သော်လည်း၊ သင်သည် ဘုရားသခင်၏ မိသားစု အကျိုးဖြစ်ထွန်းစေရေးကို အရေးအကြီးဆုံးအရာအဖြစ် အလေးထားနိုင်ကာ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို မမျှော်ကိုးဘဲ ဖြောင့်မတ်ခြင်းတရားကို လုပ်ဆောင်နိုင်၏။ ဤနည်းလမ်းအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။
1/18/2020
စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ
လူတစ်ဦးတစ်ယောက်စီသည် ဘုရားသခင်မှ စုံလင်အောင်ပြုလုပ်ခြင်းကိုခံရရန် အခွင့်အလမ်းရှိသည်။ ထို့ကြောင့် ဘုရားသခင်အတွက် မည့်သည့် အစေခံမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်ကို လူတိုင်းနားလည်သင့်ပါသည်။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုမသိကြ၊ သူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သင့်သည်နှင့်ပတ်သတ်၍ သဘောပေါက်နားလည်မှု မရှိကြပေ။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင့်အမှုတော် သို့မဟုတ် ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သတ်၍ နားလည်မှု လုံးဝမရှိကြပေ။ လူအများစုသည် ယခုပစ္စုပ္ပန်ကာလအထိ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့သွားခြင်းနှင့် သူတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းအကြောင်းဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ သီးသန့်ထူးခြားမှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက် မရှိကြသေးပေ။ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် ဘုရားသခင်၏အရေးအကြီးဆုံးအမှုတော် မည်သည့်အရာကိုမဆို နားလည်နိုင်မှု လုံးဝမရှိကြပေ။ သူတို့၏ကိုယ်ပိုင်အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် လူတို့သည် ဘုရားသခင်၏အမှုတော်တွင် စိတ်ဝင်စားမှုမရှိပဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် နှင့်ပတ်သတ်၍ စဉ်းစားခြင်းမရှိကြပေ။ ဤအုပ်စုတွင်ပါဝင်သော လူတစ်ဦးစီသည် ဘုရားသခင်၏ အလုံးစုံသောစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင် ဖြည့်ဆည်းခဲ့ပြီးဖြစ်သောအမှန်တရားများ၊ ဤလူတစ်စုကို ဘုရားသခင်အဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ ယင်း၏ပန်းတိုင်များ၊ ထူးခြားချက်မှာ မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်သည် ဤအုပ်စုမှ မည်သည့်အရာကို ရလိုသည်တို့ကို သိထားသင့်ပါသည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေထဲတွင် ဘုရားသခင်သည် ထိုသို့မထင်ရှားသည့် လူတစ်စုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ သူသည် ယနေ့ထိတိုင်အောင် အမှုတော်ကို ဆက်လက်လုပ်ဆောင်ကာ၊ အားလုံးသောနည်းလမ်းများဖြင့် ကြိုးစား၍ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးနေပြီး၊ မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောကြားကာ၊ အမှုများစွာကို လုပ်ဆောင်၍ အသုံးတော်ခံများစွာကို စေလွှတ်ပေးလျှက်ရှိပါသည်။ ထိုမျှ အလွန်ကြီးမားသောအမှုကို ဘုရားသခင် အထမြောက်စေတော်မူခြင်းမှ ဘုရားအမှုတော်၏ အရေးပါမှုမှာ အလွန်ကြီးမြတ်လှသည်ကို တွေ့မြင်နိုင်ပေသည်။ သို့သော် သင်က လုံးလုံးမမြင်နိုင်သေးပေ။ ထို့ကြောင့် ဘုရားသခင် သင့်အပေါ် ပြုလုပ်ခဲ့သော အမှုတော်ကို သာမာန်ကိစ္စတစ်ရပ်အနေဖြင့် မကြည့်မြင်နှင့်။ ဤအရာသည် ပါမွှားမဟုတ်ပေ။ ယနေ့ ဘုရားသခင် သင့်ကို ပြသနေသောအရာလေးသည်ပင်လျှင် သင်တွေးဆချင့်ချိန်ကာ နားလည်ရန်အတွက် လုံလောက်ပါသည်။ သင်သည် ဤအချက်ကို စစ်မှန်စွာနှင့် နှံ့နှံ့စပ်စပ် နားလည်မှသာ သင့်အသက်တာတွင် ပို၍နက်ရှိုင်းစွာ တွေ့ကြုံခံစားရကာ တိုးတက်မှုရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်လူတို့ နားလည်ကာ ပြုလုပ်သောအရာသည် အမှန်ပင်သေးငယ်လွန်းလှပြီး၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ဤအရာသည် လူသား၏ မပြည့်စုံခြင်းဖြစ်ပြီး၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ကျရှုံးခြင်းဖြစ်သည်။ ဤသည်မှာ ရရှိသင့်ခဲ့သော ရလဒ်များကိုမရခဲ့သည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏အမှုတော်အပေါ်တွင် နားလည်မှု မလေးနက်ကြ၊ ယင်းကို သူတို့ လုပ်ဆောင်ကြသည့်အခါ ဘုရားသခင့် အိမ်တော်နှင့်ဆိုင်သော အမှုတော်ကို တန်ဖိုးရှိသည့်အရာဟု မှတ်ယူရန် စိတ်ဆန္ဒမရှိကြသဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူများစွာတို့တွင် အမှုတော်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သူတို့သည် ပြီးမြောက်ရန်အတွက်သာ လှုပ်ရှားမှုအတိုင်း မပြောင်းမလဲစီးမြောနေသည် သို့တည်းမဟုတ် လူအများစုနောက်ကို လိုက်ကြသည် သို့မဟုတ် ပြရုပ်သက်သက်သာ အလုပ်လုပ်ကြသည်။ ယနေ့ ဤရေစီးကြောင်းအတွင်းမှ လူတစ်ဦးစီတို့ သင်တို့ပြုလုပ်ခဲ့သည့်အရာသည် သင်တို့ရခဲ့ရမည့်အရာအားလုံး ဟုတ်မဟုတ် နှင့် သင်တို့၏လုံ့လအားလုံးကို ထည့်သွင်းခဲ့ခြင်းရှိမရှိတို့ကို ပြန်စဉ်းစားကြည့်ပါစို့။ လူတို့သည် သူတို့၏တာဝန်များကို လုံးဝဖြည့်ဆည်းခဲ့ခြင်းမရှိသေးပေ။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အမှုတော်ကို မလုပ်ဆောင်ခြင်းကြောင့်မဟုတ်ပဲ၊ လူတို့ကသာ သူတို့အမှုကို သူတို့မလုပ်ခြင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော် သည် အမှုတော်ကိုလုပ်ဆောင်ရန် မဖြစ်နိုင်တော့ခြင်းဖြစ်သည်။ ဘုရားသခင်သည်သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် လူတို့သည် အမှီလိုက်နိုင်ခြင်း လုံးဝမရှိပဲ၊ အနောက်လှမ်းလှမ်းတွင် ကျန်ရစ်ပြီး၊ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာနေနိုင်စွမ်းမရှိ၊ သိုးသူငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်းမရှိကြပေ။ သူတို့လိုက်နာသင့်သည်တို့ကို လိုက်နာခဲ့ခြင်းမရှိပေ။ သူတို့ကျင့်သုံးသင့်ခဲ့သည်တို့ကို လိုက်လျှောက်ကျင့်သုံးခဲ့ခြင်းမရှိပေ။ သူတို့ ဆုတောင်းသင့်ခဲ့သည့်အရာတို့ကို သူတို့ ဆုတောင်းခဲ့ခြင်းမရှိပေ။ သူတို့စွန့်ပစ်သင့်သောအရာကို စွန့်ပစ်ခဲ့ခြင်းမရှိပေ။ ဤအရာ တစ်စုံတစ်ခုကိုမျှ သူတို့လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့သွားရန် ဤသို့ပြောဆိုနေခြင်းသည် အလဟဿသာဖြစ်ပြီး၊ စစ်မှန်သောအဓိပ္ပါယ်လုံးဝမရှိပေ။ ယင်းသည် လူတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်မှုထဲတွင်သာရှိပါသည်။ ယနေ့လူသားတို့သည် သူတို့၏တာဝန်များကို ဖြည့်ဆည်းခဲ့ခြင်းမရှိ ဟုပြောနိုင်ပါသည်။ လူသားတို့၏လုပ်ဆောင်မှုက အမှန်တကယ် လုံးဝသေးငယ်လွန်းလှစဉ်၊ အရာအားလုံးသည် ဘုရားသခင်၏လုပ်ဆောင်မှုနှင့် ကိုယ်တိုင်မြွက်ဆိုခဲ့သော အရာများပေါ်တွင်သာ မှီတည်နေပေသည်။ သူတို့အားလုံးသည် ဘုရားသခင်နှင့် မည်သို့ပူးပေါင်း ရမည်ကို မသိသော အသုံးမကျသည့် အမှိုက်များပင်ဖြစ်သည်။ ဘုရားသခင်သည် ထောင်ပေါင်းရာချီသော နှုတ်ထွက်စကားတော်များကို မြွက်ဆိုခဲ့စေကာမူ လူတို့သည် ဇာတိပကတိကို စွန့်ခွာခြင်း၊ အယူအဆများကိုစွန့်ပစ်ခြင်း၊ အရာအားလုံးတွင် ဘုရားသခင်အား နာခံမှုကိုကျင့်သုံးခြင်း၊ ချင့်ချိန်မြော်မြင်မှုကို တိုးပွားလာစေခြင်းနှင့် အချိန်တိုင်းတွင် ထိုးထွင်းသိမြင်နိုင်စွမ်းသောဉာဏ်ကို ရရှိခြင်းမှစ၍ လူတို့ကို မိမိတို့၏ နှလုံးသားများထဲတွင် နေရာမပေးခြင်း၊ သူတို့၏နှလုံးသားကို ကြီးစိုးထားသောသူတို့ မြတ်နိုးထားသည့် အရာများကိုဖယ်ထုတ်ခြင်း၊ မမှန်ကန်သော လူတစ်ဦးစီ၏ရည်ရွယ်ချက်များကို တွန်းလှန် တိုက်ထုတ်ခြင်း၊ မိမိတို့၏စိတ်ခံစားမှုပေါ်မူတည်၍ မပြုမူခြင်း၊ မျက်နှာလိုက်ခြင်းမရှိပဲ အရာရာတိုင်းကို တရားမျှတစွာဆောင်ရွက်ခြင်း၊ ဘုရားသခင်၏စိတ်ဝင်စားသည့် အရာများ၊ အခြားသူများနှင့်စကားပြောရာတွင် သူတို့၏လွှမ်းမိုးမှုများနှင့်ပတ်သတ်၍ ပိုမိုစဉ်းစားခြင်း၊ ဘုရားသခင်၏အမှုတော်ကို အကျိုးပြုစေမည့်အရာများကို ပို၍လုပ်ဆောင်ခြင်း၊ သူတို့လုပ်ဆောင်သည့် အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုရမည်ဆိုသည်ကို စိတ်ထဲတွင်ထည့်ထားခြင်း၊ သူတို့၏စိတ်ခံစားချက်များက သူတို့၏ အပြုအမူကို ဆုံးဖြတ်ခွင့်မပေးခြင်း၊ သူတို့၏ အသွေးအသားကို ကျေနပ်စေမည့်အရာတို့ကို ဖယ်ရှားခြင်း၊ တကိုယ်ကောင်းဆန်သော အတွေးအထင်ဟောင်းများကို စွန့်လွှတ်ခြင်း အစရှိသည်တို့အထိ လူတို့သည် ထိုနှုတ်ကပတ်တော်အတိုင်း အဘယ်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ အမှန်စင်စစ် လူတို့သည် ဘုရားသခင် သူတို့ကိုလုပ်စေလိုသော ဤနှုတ်ကပတ်တော်အားလုံးထဲမှ အချို့ကို နားလည်သော်လည်း သူတို့သည် ယင်းကို လက်တွေ့လိုက်လျှောက်လိုသည့် ဆန္ဒသာမရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သို့အမှုကို ဆောင်ရွက်ကာ သူတို့စိတ်ကို လှုပ်ရှားစေနိုင်မည်နည်း။ ဘုရားသခင်အမြင်တွင် ပုန်ကန်သူများဖြစ်နေသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေးစားရန်အတွက် ရွေးချယ်ရန် ရဲတင်းမှု မည်သို့ရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်၏ခဲဖွယ်တို့ကို စားရန်သတ္တိ အဘယ်ကြောင့်ရှိသနည်း။ လူသားမျိုးနွယ်၏ အသိစိတ်မှာ အဘယ်နည်း။ သူတို့ပြုလုပ်သင့်ခဲ့သော တာဝန်များကို အနှိမ့်ဆုံးအဆင့်ပင်လျှင် ဖြည့်ဆည်းခဲ့ခြင်းမရှိပဲ၊ သူတို့လုပ်နိုင်သမျှအားလုံးနှင့် ပတ်သတ်၍ ပြောခြင်းသည် အဓိပ္ပါယ်မရှိပေ။ သူတို့သည် စိတ်ကူးယဉ်နေသူများ မဟုတ်ပါလား။ လိုက်လျှောက်မှုမရှိပဲ အမှန်တရားနှင့်ပတ်သတ်၍ပြောဆိုခြင်းမရှိနိုင်ပါ။ ဤသည်မှာ ပေါ်လွင်သောအချက်ပင်ဖြစ်ပါသည်။
Subscribe to:
Posts (Atom)