菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ကယ်တင်ခြင်း. Show all posts
Showing posts with label ကယ်တင်ခြင်း. Show all posts

2/14/2020

အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


ကယ်တင်ခြင်း, အနန္တတန်ခိုးရှင် ဘုရားသခင်, ခရစ်တော်, ထာဝရအသက်,



အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင်း ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှာ ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

2/11/2020

(၂) ကျေးဇူးတော်ခေတ် အမှုတော်ကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

ယေရှု, ခရစ်ယာန် တရားဒေသနာ, ကယ်တင်ရှင်သည်, ခရစ်တော်, ပရောဖက်ပြုခြင်း

၂၂။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်” မှ

2/10/2020

Burmese Praise Song lyrics (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)


Burmese Praise Song lyrics (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)


ဝါ… ဝါ… ဝါ… ဝါ…
စကြဝဠာအတွင်းရှိ အရာခပ်သိမ်းကို စီမံအုပ်ချုပ်သူ
တစ်ပါးတည်းသော စစ်မှန်သည့်ဘုရားသခင်
တန်ခိုးကြီးသော ခရစ်တော်ရှင်
ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေပင်
သူသည်နေရာတိုင်းတွင် အမှုတော်ဆောင်ရွက်
သက်သေခံလျက်ရှိသည်
အဘယ်သူမျှ သံသယဝင်မည်မဟုတ်၊ အောင်နိုင်သူ ရှင်ဘုရင်
အနန္တတန်ခိုးရှင် ဘုရား လောကကို အောင်နိုင်ခဲ့ပြီ
သူသည် အပြစ်ကို အနိုင်ယူပြီး၊ ကယ်တင်ခြင်းအမှုကို အောင်နိုင်ခဲ့ပြီ
စကြဝဠာ၏အောင်နိုင်သူ ရှင်ဘုရင်ကို ချီးမွမ်းပါ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော် ရှိပါစေ၊
ကျွန်ုပ်တို့ အကျင့်ပျက်စေကာမူ
အလိုတော်ဆောင်ရွက်ဖို့ ကယ်တင် စုံလင်စေသည်
သူသည် လောကကို အုပ်စိုး၍ စာတန်လက်မှ ပြန်ယူကာ
အသူတစ်ရာနက်သော ချောက်ကြီးထဲသို့ ပို့ဆောင်သည်
သူသည် ကမ္ဘာလောကကို တရားစီရင်တော်မူမည်၊
သူ့လက်နှင့် ဘယ်သူမှ မလွဲမရှောင်နိုင်
ထိုသူသည် ရှင်ဘုရင်အဖြစ် အစဉ်စိုးစံ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွန်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော်ရှိပါစေ
တစ်လောကလုံး ဝမ်းမြောက်ရွှင်လန်းခြင်းရှိကြလော့၊
အနန္တတန်ခိုးရှင် ဘုရားသခင် ချီးမွမ်းထိုက်ပေသည်
စကြဝဠာ၏ကြီးမြတ်သော ရှင်ဘုရင်၌
ဘုန်းတော်ဂုဏ်တော်ရှိပါစေ
သိုးသူငယ်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ

များပြားသောအကြံပြုချက်များ 
ခရစ်ယာန်သီချင်း

2/08/2020

(ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဒုတိယပိုင်း


အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်အနေဖြင့် သူ၏စိတ်နေသဘောထားအား မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်းမရှိပါ။ ဘုရားသခင့်အမှု၏ ဉာဏ်ပညာကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာမရေရာဖြစ်သည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။

ဆက်လက်ကြည့်ရှုရန်
ခရစ်တော်သည် သမ္မာတရား ၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို မည်သို့နားလည်ရမည်နည်း။

2/07/2020

၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ

၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ



၃) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အနန္တတန်ခိုးရှင် ဘုရားသခင်, သမ္မာတရား, ကယ်တင်ခြင်း, ပရောဖက်ပြုခြင်း, ကောင်းကင်နိုင်ငံတော်


ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

2/04/2020

နောင်တမရှိဘဲ ကုန်ဆုံးခဲ့သည့် လူငယ်ဘဝ

ဆုတောင်း, ခရစ်ယာန်, ကျေးဇူးတော်, အားကိုးခြင်း, အသက်

ရှောင်ဝမ်၊ ချောင်ချင်းစီရင်စု

ချစ်ခြင်းမေတ္တာ ဟူသည့် အရာမှာ လုံးဝဖြူစင်သည့် အပြစ်ဆိုဖွယ်ရာမရှိသော စိတ်ခံစားမှု တစ်ခုကို ရည်ညွှန်းသည်၊ သင့်နှလုံးသားဖြင့် သူတစ်ပါးကို သင်ချစ်သည့်နေရာ၊ သင်ခံစားသည့်နေရာနှင့် သူတစ်ပါးအတွက် သင်စဉ်းစားပေးသည့်နေရာ၌ အသုံးပြုသော အရာလည်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာ၌ သတ်မှတ်ချက်များမရှိ၊ အတားအဆီးမရှိ ထို့ပြင် အကွာအဝေးလည်းမရှိပေ။ ချစ်ခြင်းမေတ္တာသည် မသင်္ကာစရာမရှိ၊ လိမ်ညာမှုမရှိ၊ ထို့ပြင် ကောက်ကျစ်စဉ်းလဲမှုလည်း မရှိပေ။ ချစ်ခြင်းမေတ္တာ၌ အကွာအဝေး မရှိသည့်အပြင် မစင်ကြယ်မှု လုံးဝမရှိပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ”) ဤ ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေးသီချင်းသည် တစ်ချိန်က ကျွန်မကို ၇ နှစ်နှင့် ၄လကြာမြင့်ခဲ့သည့် ထောင်ထဲ၌ ကြာရှည်ပြီး မပြီးဆုံးနိုင်သည့်ဘဝကို ဖြတ်သန်းရန် ကူညီပေးခဲ့သည်။ တရုတ်ကွန်မြူနစ် အစိုးရက ကျွန်မ၏ ငယ်ရွယ်ခြင်း၏ အလှပဆုံးနှစ် များကို ခံစားခွင့် မပေးပဲနှင့် ပိတ်ပင်ခဲ့သော်လည်း အနန္တတန်ခိုးရှင်ဘုရားသခင်ထံမှနေ တန်ဖိုးအရှိဆုံးနှင့် စစ်မှန်သည့် သမ္မာတရားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် မကျေနပ်ချက်များ သို့မဟုတ် နောင်တများ ဟူ၍ မရှိပါ။

1/30/2020

လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

သမ္မာတရား, ကယ်တင်ခြင်း, ဆုတောင်း, ဧဝံဂေလိ, အသင်းတော်

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံ

ကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ ဆွေမျိုးများနောက် လိုက်ခဲ့သည်။ ဤဘရာဇီးလ်နိုင်ငံတွင် ဒေသနာ အချို့နားထောင်ဖို့ ကျွန်တော့်ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့သည့် ခရစ်ယာန် သူငယ်ချင်း တစ်ယောက်နှင့် သိကျွမ်းခဲ့သည်၊ သုံးခေါက် လည်ပတ်ပြီးသည့်နောက် ကျွန်တော် မည်သည့်အရာကိုမျှ မခံစားရ သေးပါ။ ထို့နောက်ပိုင်းတွင် ကျွန်တော် အမှန်တကယ် အလုပ်ရှုပ် ခဲ့သောကြောင့် ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘုရားကျောင်းသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သည့်အချိန် ၂၀၁၅ ခုနှစ် ဇွန်လထဲက ရက်တစ်ရက်အထိ ဘုရားကျောင်းကို တစ်ဖန် ပြန်မသွားခဲ့ပါ။ ထိုအချိန်က ညီအစ်ကိုမောင်နှမများ ဝေမျှသည့်အရာမှ တစ်ဆင့် သခင်ယေရှုကို ရွေးနှုတ်ကယ်တင်သူတစ်ပါးအနေဖြင့် နားလည်သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ကျွန်တော် ရရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာဦးကျမ်းကို ကျွန်တော် ပထမဆုံး ဖတ်ရသည့်အချိန်တွင်၊ လူကို ဘုရားသခင်က အမှန်တကယ် ဖန်ဆင်း တော်မူခဲ့ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ဖန်ဆင်းရှင် သည် အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ကျွန်တော် ခံစားခဲ့ ရသည်။ ကျွန်တော် ကျောင်းတက်စဉ်က ဖတ်စာအုပ်များအားလုံးက လူသည် လူဝံ၊ မျောက် အစရှိသော အဆင့်မြင့်ဆုံးသည့် နို့တိုက် သတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာ ပေါ်ရှိ အရာအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာကြောင်း တို့ကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်- အမှန်မှာမူ ကျွန်တော် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုပြီးနောက်မှသာလျှင် ကျွန်တော် အပြည့်အဝ နိုးထခဲ့ပြီး၊ ထိုအချိန်မှစကာ သခင်ယေရှုကို ကျွန်တော် စတင်ယုံကြည် ခဲ့သည်။

1/26/2020

စစ်မှန်သည့် ပျော်ရွှင်မှုကို ကျွန်မ ရှာတွေ့ပြီ

သမ္မာတရား, ကယ်တင်ခြင်း, ဧဝံဂေလိ, ကရုဏာ, အသက်

ကျန်းဟွာ၊ ကမ္ဘောဒီးယားနိုင်ငံ

ကျွန်မက သာမာန် လယ်သမားမိသားစု တစ်စုထဲတွင် မွေးဖွားလာခဲ့သည်။ ကျွန်မတို့ မချမ်းသာသော်လည်း၊ ကျွန်မ အဖေနှင့် အမေတို့က အချင်းချင်း ချစ်ပြီး၊ ကျွန်မကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြသည်- ကျွန်မတို့က ကျွန်မတို့ မိသားစု အသက်တာတွင် ပျော်ရွှင်ပြီး၊ ကောင်းကြီးမင်္ဂလာ ခံစားရသည်ဟု သင်သေချာပေါက် ပြောနိုင်ပါသည်။ ကျွန်မ ကြီးပြင်းလာပြီးနောက်၊ ကျွန်မက မိမိကိုယ်ကို ပြောခဲ့သည်။ ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည့် ခင်ပွန်းတစ်ယောက် ရှာဖွေရမည်၊ ထို့နောက် အတိသုခပြည့်ဝပြီး ပျော်ရွှင်သော မိသားစု တစ်စု တည်ထောင်ရမည်။ ဤသည်မှာ အရေးအကြီးဆုံး အရာ ဖြစ်သည်။ ကျွန်မ ဓနဥစ္စာများကို မရှာဖွေပါ- ကျွန်မ လိုအပ်သည့် အရာမှာ ကျွန်မ ခင်ပွန်းနှင့် ချစ်ခင်သော ပေါင်းသင်းဆက်ဆံရေး တစ်ခု နှင့် ငြိမ်းချမ်းသော မိသားစု အသက်တာတစ်ခု တို့သာ ဖြစ်ပါသည်။

1/21/2020

ဘုရားသခင် လူတိုင်းအတွက် တိတ်ဆိတ်စွာ ပေးနေ


Myanmar Worship Song (ဘုရားသခင် လူတိုင်းအတွက် တိတ်ဆိတ်စွာ ပေးနေ)



လူသားတို့ရဲ့ လိုအပ်သမျှကို

နေရာတိုင်း အချိန်တိုင်း ဖြည့်စွမ်းပေးသူ

လူသားတို့ရဲ့အကြံစည်အားလုံး စိတ်နှလုံးသားများ

ပြောင်းလဲပုံကို လေ့လာသူ ဘုရားသခင်

ကိုယ်တော်သည် သူတို့အားလမ်းပြ လိုအပ်နေတဲ့ နှစ်သိမ့်မှုကိုပေး

ဘုရားကို ချစ်သောသူအတွက်၊ နောက်တော် လိုက်သောသူအတွက်

ဘုရားသခင် ဘယ်အရာမှ သိုဝှက်မထားဘူး၊

သူ၏ကောင်းချီးမင်္ဂလာများအကုန်အစင် သွန်းလောင်းပေးလိမ့်မည်

ထိုသူအပေါင်း၌ ကိုယ်တော်သည် ကျေးဇူးပြုတော်မူပြီး

ဂရုဏာတော်သည် လျှံလျက် စီးဆင်း

ကိုယ်တော်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို

ထိန်ချန်မထားဘဲ ပေးအပ်

1/18/2020

စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ

အသက်, သမ္မာတရား,ကယ်သင်ခြင်း,ဝိညာဉ်တော်, အသင်းတော်

လူတစ်ဦးတစ်ယောက်စီသည် ဘုရားသခင်မှ စုံလင်အောင်ပြုလုပ်ခြင်းကိုခံရရန် အခွင့်အလမ်းရှိသည်။ ထို့ကြောင့် ဘုရားသခင်အတွက် မည့်သည့် အစေခံမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည်ကို လူတိုင်းနားလည်သင့်ပါသည်။ လူအများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကိုမသိကြ၊ သူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သင့်သည်နှင့်ပတ်သတ်၍ သဘောပေါက်နားလည်မှု မရှိကြပေ။ ဆိုလိုသည်မှာ လူအများစုသည် ဘုရားသခင့်အမှုတော် သို့မဟုတ် ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သတ်၍ နားလည်မှု လုံးဝမရှိကြပေ။ လူအများစုသည် ယခုပစ္စုပ္ပန်ကာလအထိ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့သွားခြင်းနှင့် သူတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းအကြောင်းဖြစ်သည်ဟု ထင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ သီးသန့်ထူးခြားမှုနှင့်ပတ်သက်၍ ထင်မြင်ယူဆချက် မရှိကြသေးပေ။ ထို့အပြင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် ဘုရားသခင်၏အရေးအကြီးဆုံးအမှုတော် မည်သည့်အရာကိုမဆို နားလည်နိုင်မှု လုံးဝမရှိကြပေ။ သူတို့၏ကိုယ်ပိုင်အကြောင်းပြချက် အမျိုးမျိုးတို့ကြောင့် လူတို့သည် ဘုရားသခင်၏အမှုတော်တွင် စိတ်ဝင်စားမှုမရှိပဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် နှင့်ပတ်သတ်၍ စဉ်းစားခြင်းမရှိကြပေ။ ဤအုပ်စုတွင်ပါဝင်သော လူတစ်ဦးစီသည် ဘုရားသခင်၏ အလုံးစုံသောစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မည်သည်ဖြစ်သည်၊ ဘုရားသခင် ဖြည့်ဆည်းခဲ့ပြီးဖြစ်သောအမှန်တရားများ၊ ဤလူတစ်စုကို ဘုရားသခင်အဘယ်ကြောင့် ရွေးချယ်ခဲ့သည်၊ ယင်း၏ပန်းတိုင်များ၊ ထူးခြားချက်မှာ မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်သည် ဤအုပ်စုမှ မည်သည့်အရာကို ရလိုသည်တို့ကို သိထားသင့်ပါသည်။ အဆင်းနီသောနဂါးကြီး၏ နယ်မြေထဲတွင် ဘုရားသခင်သည် ထိုသို့မထင်ရှားသည့် လူတစ်စုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ သူသည် ယနေ့ထိတိုင်အောင် အမှုတော်ကို ဆက်လက်လုပ်ဆောင်ကာ၊ အားလုံးသောနည်းလမ်းများဖြင့် ကြိုးစား၍ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးနေပြီး၊ မရေတွက်နိုင်သော နှုတ်ကပတ်တော်များကို ပြောကြားကာ၊ အမှုများစွာကို လုပ်ဆောင်၍ အသုံးတော်ခံများစွာကို စေလွှတ်ပေးလျှက်ရှိပါသည်။ ထိုမျှ အလွန်ကြီးမားသောအမှုကို ဘုရားသခင် အထမြောက်စေတော်မူခြင်းမှ ဘုရားအမှုတော်၏ အရေးပါမှုမှာ အလွန်ကြီးမြတ်လှသည်ကို တွေ့မြင်နိုင်ပေသည်။ သို့သော် သင်က လုံးလုံးမမြင်နိုင်သေးပေ။ ထို့ကြောင့် ဘုရားသခင် သင့်အပေါ် ပြုလုပ်ခဲ့သော အမှုတော်ကို သာမာန်ကိစ္စတစ်ရပ်အနေဖြင့် မကြည့်မြင်နှင့်။ ဤအရာသည် ပါမွှားမဟုတ်ပေ။ ယနေ့ ဘုရားသခင် သင့်ကို ပြသနေသောအရာလေးသည်ပင်လျှင် သင်တွေးဆချင့်ချိန်ကာ နားလည်ရန်အတွက် လုံလောက်ပါသည်။ သင်သည် ဤအချက်ကို စစ်မှန်စွာနှင့် နှံ့နှံ့စပ်စပ် နားလည်မှသာ သင့်အသက်တာတွင် ပို၍နက်ရှိုင်းစွာ တွေ့ကြုံခံစားရကာ တိုးတက်မှုရှိလာနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင်လူတို့ နားလည်ကာ ပြုလုပ်သောအရာသည် အမှန်ပင်သေးငယ်လွန်းလှပြီး၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ဤအရာသည် လူသား၏ မပြည့်စုံခြင်းဖြစ်ပြီး၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းရန် ကျရှုံးခြင်းဖြစ်သည်။ ဤသည်မှာ ရရှိသင့်ခဲ့သော ရလဒ်များကိုမရခဲ့သည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏အမှုတော်အပေါ်တွင် နားလည်မှု မလေးနက်ကြ၊ ယင်းကို သူတို့ လုပ်ဆောင်ကြသည့်အခါ ဘုရားသခင့် အိမ်တော်နှင့်ဆိုင်သော အမှုတော်ကို တန်ဖိုးရှိသည့်အရာဟု မှတ်ယူရန် စိတ်ဆန္ဒမရှိကြသဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် လူများစွာတို့တွင် အမှုတော်လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သူတို့သည် ပြီးမြောက်ရန်အတွက်သာ လှုပ်ရှားမှုအတိုင်း မပြောင်းမလဲစီးမြောနေသည် သို့တည်းမဟုတ် လူအများစုနောက်ကို လိုက်ကြသည် သို့မဟုတ် ပြရုပ်သက်သက်သာ အလုပ်လုပ်ကြသည်။ ယနေ့ ဤရေစီးကြောင်းအတွင်းမှ လူတစ်ဦးစီတို့ သင်တို့ပြုလုပ်ခဲ့သည့်အရာသည် သင်တို့ရခဲ့ရမည့်အရာအားလုံး ဟုတ်မဟုတ် နှင့် သင်တို့၏လုံ့လအားလုံးကို ထည့်သွင်းခဲ့ခြင်းရှိမရှိတို့ကို ပြန်စဉ်းစားကြည့်ပါစို့။ လူတို့သည် သူတို့၏တာဝန်များကို လုံးဝဖြည့်ဆည်းခဲ့ခြင်းမရှိသေးပေ။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အမှုတော်ကို မလုပ်ဆောင်ခြင်းကြောင့်မဟုတ်ပဲ၊ လူတို့ကသာ သူတို့အမှုကို သူတို့မလုပ်ခြင်းကြောင့် သန့်ရှင်းသောဝိညာဉ်တော် သည် အမှုတော်ကိုလုပ်ဆောင်ရန် မဖြစ်နိုင်တော့ခြင်းဖြစ်သည်။ ဘုရားသခင်သည်သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီးပြီဖြစ်သည်။ သို့သော် လူတို့သည် အမှီလိုက်နိုင်ခြင်း လုံးဝမရှိပဲ၊ အနောက်လှမ်းလှမ်းတွင် ကျန်ရစ်ပြီး၊ ခြေလှမ်းတိုင်းနှင့် နီးကပ်စွာနေနိုင်စွမ်းမရှိ၊ သိုးသူငယ်၏ ခြေလှမ်းများကို အနီးကပ် လိုက်လျှောက်နိုင်ခြင်းမရှိကြပေ။ သူတို့လိုက်နာသင့်သည်တို့ကို လိုက်နာခဲ့ခြင်းမရှိပေ။ သူတို့ကျင့်သုံးသင့်ခဲ့သည်တို့ကို လိုက်လျှောက်ကျင့်သုံးခဲ့ခြင်းမရှိပေ။ သူတို့ ဆုတောင်းသင့်ခဲ့သည့်အရာတို့ကို သူတို့ ဆုတောင်းခဲ့ခြင်းမရှိပေ။ သူတို့စွန့်ပစ်သင့်သောအရာကို စွန့်ပစ်ခဲ့ခြင်းမရှိပေ။ ဤအရာ တစ်စုံတစ်ခုကိုမျှ သူတို့လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် စားသောက်ပွဲကြီးသို့သွားရန် ဤသို့ပြောဆိုနေခြင်းသည် အလဟဿသာဖြစ်ပြီး၊ စစ်မှန်သောအဓိပ္ပါယ်လုံးဝမရှိပေ။ ယင်းသည် လူတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်မှုထဲတွင်သာရှိပါသည်။ ယနေ့လူသားတို့သည် သူတို့၏တာဝန်များကို ဖြည့်ဆည်းခဲ့ခြင်းမရှိ ဟုပြောနိုင်ပါသည်။ လူသားတို့၏လုပ်ဆောင်မှုက အမှန်တကယ် လုံးဝသေးငယ်လွန်းလှစဉ်၊ အရာအားလုံးသည် ဘုရားသခင်၏လုပ်ဆောင်မှုနှင့် ကိုယ်တိုင်မြွက်ဆိုခဲ့သော အရာများပေါ်တွင်သာ မှီတည်နေပေသည်။ သူတို့အားလုံးသည် ဘုရားသခင်နှင့် မည်သို့ပူးပေါင်း ရမည်ကို မသိသော အသုံးမကျသည့် အမှိုက်များပင်ဖြစ်သည်။ ဘုရားသခင်သည် ထောင်ပေါင်းရာချီသော နှုတ်ထွက်စကားတော်များကို မြွက်ဆိုခဲ့စေကာမူ လူတို့သည် ဇာတိပကတိကို စွန့်ခွာခြင်း၊ အယူအဆများကိုစွန့်ပစ်ခြင်း၊ အရာအားလုံးတွင် ဘုရားသခင်အား နာခံမှုကိုကျင့်သုံးခြင်း၊ ချင့်ချိန်မြော်မြင်မှုကို တိုးပွားလာစေခြင်းနှင့် အချိန်တိုင်းတွင် ထိုးထွင်းသိမြင်နိုင်စွမ်းသောဉာဏ်ကို ရရှိခြင်းမှစ၍ လူတို့ကို မိမိတို့၏ နှလုံးသားများထဲတွင် နေရာမပေးခြင်း၊ သူတို့၏နှလုံးသားကို ကြီးစိုးထားသောသူတို့ မြတ်နိုးထားသည့် အရာများကိုဖယ်ထုတ်ခြင်း၊ မမှန်ကန်သော လူတစ်ဦးစီ၏ရည်ရွယ်ချက်များကို တွန်းလှန် တိုက်ထုတ်ခြင်း၊ မိမိတို့၏စိတ်ခံစားမှုပေါ်မူတည်၍ မပြုမူခြင်း၊ မျက်နှာလိုက်ခြင်းမရှိပဲ အရာရာတိုင်းကို တရားမျှတစွာဆောင်ရွက်ခြင်း၊ ဘုရားသခင်၏စိတ်ဝင်စားသည့် အရာများ၊ အခြားသူများနှင့်စကားပြောရာတွင် သူတို့၏လွှမ်းမိုးမှုများနှင့်ပတ်သတ်၍ ပိုမိုစဉ်းစားခြင်း၊ ဘုရားသခင်၏အမှုတော်ကို အကျိုးပြုစေမည့်အရာများကို ပို၍လုပ်ဆောင်ခြင်း၊ သူတို့လုပ်ဆောင်သည့် အရာအားလုံးတွင် ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုရမည်ဆိုသည်ကို စိတ်ထဲတွင်ထည့်ထားခြင်း၊ သူတို့၏စိတ်ခံစားချက်များက သူတို့၏ အပြုအမူကို ဆုံးဖြတ်ခွင့်မပေးခြင်း၊ သူတို့၏ အသွေးအသားကို ကျေနပ်စေမည့်အရာတို့ကို ဖယ်ရှားခြင်း၊ တကိုယ်ကောင်းဆန်သော အတွေးအထင်ဟောင်းများကို စွန့်လွှတ်ခြင်း အစရှိသည်တို့အထိ လူတို့သည် ထိုနှုတ်ကပတ်တော်အတိုင်း အဘယ်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ အမှန်စင်စစ် လူတို့သည် ဘုရားသခင် သူတို့ကိုလုပ်စေလိုသော ဤနှုတ်ကပတ်တော်အားလုံးထဲမှ အချို့ကို နားလည်သော်လည်း သူတို့သည် ယင်းကို လက်တွေ့လိုက်လျှောက်လိုသည့် ဆန္ဒသာမရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သို့အမှုကို ဆောင်ရွက်ကာ သူတို့စိတ်ကို လှုပ်ရှားစေနိုင်မည်နည်း။ ဘုရားသခင်အမြင်တွင် ပုန်ကန်သူများဖြစ်နေသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေးစားရန်အတွက် ရွေးချယ်ရန် ရဲတင်းမှု မည်သို့ရှိနိုင်မည်နည်း။ သူတို့သည် ဘုရားသခင်၏ခဲဖွယ်တို့ကို စားရန်သတ္တိ အဘယ်ကြောင့်ရှိသနည်း။ လူသားမျိုးနွယ်၏ အသိစိတ်မှာ အဘယ်နည်း။ သူတို့ပြုလုပ်သင့်ခဲ့သော တာဝန်များကို အနှိမ့်ဆုံးအဆင့်ပင်လျှင် ဖြည့်ဆည်းခဲ့ခြင်းမရှိပဲ၊ သူတို့လုပ်နိုင်သမျှအားလုံးနှင့် ပတ်သတ်၍ ပြောခြင်းသည် အဓိပ္ပါယ်မရှိပေ။ သူတို့သည် စိတ်ကူးယဉ်နေသူများ မဟုတ်ပါလား။ လိုက်လျှောက်မှုမရှိပဲ အမှန်တရားနှင့်ပတ်သတ်၍ပြောဆိုခြင်းမရှိနိုင်ပါ။ ဤသည်မှာ ပေါ်လွင်သောအချက်ပင်ဖြစ်ပါသည်။

1/11/2020

(ဒီလောက် သာယာလိုက်တဲ့ အသံ) နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူသားအတွက် ကယ်တင်ခြင်းဖြစ်သည် - အပိုင်း (၅)

 
(ဒီလောက် သာယာလိုက်တဲ့ အသံ) နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူသားအတွက် ကယ်တင်ခြင်းဖြစ်သည် - အပိုင်း (၅)

လူတစ်ချို့ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီး လူသားတွေကိုတရားစီရင်ခြင်း ၊ရှုတ်ချခြင်းနဲ့ ကျိန်ခြင်းအမင်္ဂလာသင့်စေခြင်းနဲ့ပက်သက်တဲ့ ပြင်းထန်ကြမ်းတမ်းတဲ့အရာတစ်ချို့ရှိတယ်ထင်ကြတယ်။ သူတို့က လူတွေကို ဘုရားသခင်က တရားစီရင်ပြီး ကျိန်ခြင်းအမင်္ဂလာ သင့်စေမယ်ဆိုရင် သူတို့ဟာ ရှုတ်ချခံရပြီးအပြစ်ပေးခံရတာပဲမဟုတ်လားလို့ထင်ကြပါတယ်။ ဒီလို တရားစီရင်ခြင်းမျိုးက လူတွေကို သန့်စင်စေပြီး ကယ်တင်ဖို့ဖြစ်တယ်လို့ ဘယ်လိုပြောလို့ရပါမလဲ။ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ"ဘုရားသခင် ကျိန်ဆိုသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူစီရင်သည့်အရာမှာ လူသား၏အပြစ် ဖြစ်သည်။" လို့ မိန့်ဆိုထားပါတယ် "နှုတ်ကပတ်တော်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောဆိုမှုများသည် သင့်ကို မှန်သောလမ်းသို့ ဦးဆောင်လမ်းပြရန်အတွက်သာ ဖြစ်သည်။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) မှ

ဘယ်အရာဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့စီရင်မှုကိုနားလည်ဖို့ အသင့်တော်ဆုံးနည်းလမ်းဖြစ်မလဲ။

များပြားသောအကြံပြုချက်များ

Myanmar new Movieသီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

1/07/2020

ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ - ကောက်နုတ်ချက် ၃


အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

များပြားသောအကြံပြုချက်များ

Myanmar new Movieသီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

1/04/2020

ဘုရားသခင်သည် ဣဇက်ကို ပူဇော်ရန် အာဗြဟံကို အမိန့်ပေးတော်မူသည်


အာဗြဟံကို ဘုရားသခင် သားပေးသောအခါ အာဗြဟံကို ဘုရားသခင် ပြောသော နှုတ်ကပတ်တော်များ ပြည့်စုံသွားသည်။ ဘုရားသခင်၏ အစီအစဉ်သည် ဤမှာရပ်သည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အားဖြင့်ပြောရပါက ဘုရားသခင်၏ ကြီးမားသော စီမံခန့်ခွဲမှု အစီအစဉ်နှင့် လူသားကို ကယ်တင်ခြင်းသည် စခါစပင် ရှိသေးပြီး အာဗြဟံကို သားတစ်ဦး ကောင်းချီးပေးသည်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ နိဒါန်းသာ ရှိပါသေးသည်။ ထိုအချိန်မှာ အာဗြဟံက ဣဇာတ်ကို ပေးလှူသောအခါ ဘုရားသခင်၏ စာတန်နှင့် စစ်ပွဲသည် တိတ်တဆိတ် စတင်လိုက်ပြီကို မည်သူသိခဲ့သနည်း။

12/31/2019

Myanmar Praise And Worship 2019 (နှလုံးသားအပြည့်အဝဖြင့် ဘုရားကို ချီးမွမ်းခြင်း)

 


Myanmar Worship Song 2019 (နှလုံးသားအပြည့်အဝဖြင့် ဘုရားကို ချီးမွမ်းခြင်း)


ဘုရားကို အာရုံပြုကာ၊ ဆုတောင်း-ကျမ်းစာဖတ်ကာ၊

မိတ်သဟာယဖွဲ့ကြတာ

တရားမှတ်၊ တွေးဆကာ ဘုရားကို ရှာကြတာ

ဘုရားရဲ့နှုတ်ကပတ်တော်တွေ ကျင့်သုံးကြသည်၊

သမ္မာတရားကို သိကာ ချိုမြမှု ခံစားရသည်

ဖောက်ပြန်ပျက်စီးမှုမှ လွတ်မြောက်ကာ

ဘုရားရဲ့စစ်မှန်တဲ့အချစ်ကို မြည်းစမ်းကြသည်

အသင်းတော်အသက်တာဟာ ကြီးမြတ်ပါသည်၊

ချီးမွမ်းခြင်းပုံစံအများအပြားရှိတာ

ဘုရားကို ချီးမွမ်းဖို့ ကျွန်ုပ်တို့ မကခုန် သီချင်းမဆိုပဲ မနေနိုင်တာ

ကျွန်ုပ်တို့ ချီးမွမ်းခြင်းတွင် စည်းမျဉ်း၊ ထိန်းချုပ်မှုများ မရှိပါ

ရိုးသားစွာ ချီးမွမ်းခြင်းက ကျွန်ုပ်တို့ကို အမြဲ ပျော်ရွှင်စေတာ

ဘုရားရဲ့မျက်မှောက်၌ အသက်တာက

စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ယူဆောင်လာတာ

ကျွန်ပ်တို့ ဘုရားကို ထာဝရ ချစ်ကာ နာခံပါမည်

ဘုရား ကယ်တင်ခြင်းရဲ့ကြီးမြတ်မှုကို မြင်ရလို့

ဘုရားသခင်ကို နှလုံးသားအပြည့်အဝဖြင့် ချီးမွမ်းကြ

12/30/2019

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ-ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ - ကောက်နုတ်ချက် ၂

 

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။  နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။  ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

ရုပ်ရှင်ဝေဌာမယ်

Myanmar new Movieသီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

12/27/2019

ဘုရားသခင်၏ စကားတော် | စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း ၁၆

 

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

များပြားသောအကြံပြုချက်များ ခရစ်ယာန်သီချင်း

12/22/2019

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ-ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ - ကောက်နုတ်ချက် ၁

 

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

12/19/2019

ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်


အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

များပြားသောအကြံပြုချက်များ

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

12/13/2019

ပျောက်ဆုံးသွားသောသိုး ပုံဥပမာ

သမ္မာတရား, ကယ်တင်ခြင်း, ယေရှု, ခရစ်တော်, အသက်,

ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။

12/11/2019

နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း- ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာကျမ်းစာထဲ၌ အမှန်တကယ် ရှိပါသလား

သမ္မာတရား, အသင်းတော်, ကယ်တင်ခြင်း, ပရောဖက်ပြုချက်, ဘုရားသခင်၏ နှုတ်ကပတ်တော်,

ရှီရူ တရုတ်ပြည်

“ ရှီရူ၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ အငယ် ၂၂ မှာ သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်။” လို့ အကြိမ် ပေါင်းများစွာ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က သခင်ယေရှု ပြန်ကြွလာဖို့ကို နှစ်ပေါင်းများစွာ တောင့်တခဲ့ကြပြီး၊ အခုတော့ ကိုယ်တော်ဟာ သူ့နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတော် အဆင့်သစ်ကို ပြုဖို့တို့အတွက် ပြန်ကြွလာခဲ့ပြီ …”