ရှီရူ တရုတ်ပြည်
“ ရှီရူ၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၃ အငယ် ၂၂ မှာ သခင်ယေရှုက “ ငါသည်အလျင်အမြန်လာမည်။” လို့ အကြိမ် ပေါင်းများစွာ ပရောဖက်ပြုခဲ့တယ်။ ကျွန်မတို့က သခင်ယေရှု ပြန်ကြွလာဖို့ကို နှစ်ပေါင်းများစွာ တောင့်တခဲ့ကြပြီး၊ အခုတော့ ကိုယ်တော်ဟာ သူ့နှုတ်ကပတ်တော်တွေကို ပြောဖို့နဲ့ အမှုတော် အဆင့်သစ်ကို ပြုဖို့တို့အတွက် ပြန်ကြွလာခဲ့ပြီ …”
ရှီရူက ပြတင်းပေါက်တွင် မတ်တပ်ရပ်ပြီး၊ မျက်မှောင်ကြုတ် ကာ သူမအိမ်နီးချင်း အစ်မဂျိုး၏ စကားများက သူမနားထဲတွင် ထပ်ကာတလဲလဲ ပဲ့တင်ထပ်နေသည်။ သို့သော်လည်း သင်းအုပ် ဆရာများနှင့် အကြီးအကဲများက “ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ အားလုံးဟာ သမ္မာ ကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး၊ သမ္မာကျမ်းစာပြင်ပမှာ လုံးဝ မရှိဘူး။ သခင့်ကြွလာခြင်းကို ကျွန်တော်တို့ စောင့်ချင်တယ် ဆိုရင်၊ ကျွန်တော်တို့က သမ္မာကျမ်းစာကို ဆုပ်ကိုင်ထားရမယ်” ဟု မကြာခဏ တရားဟောကြသည်ကို သူမ တွေးမိသည်။ ရှီရူက သူမဘာသာ “ သခင်က နောက်ဆုံးသော ကာလမှာ အတိအကျကို ပြန်ကြွလာမယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်အားလုံးက သမ္မာကျမ်းစာထဲမှာ ရှိတယ်ဆိုရင်၊ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အချိန်ကျရင် နောက်ထပ်နှုတ်ကပတ်တော်တွေကို ပြောတာ၊ ဒါမှမဟုတ် အမှုတော်အသစ်တစ်ခုတစ်လေကိုပြုတာကို ဘယ်လိုလုပ်နိုင်မှာလဲ။” ဟု တွေးမိသည်။ ဤအချက်ကိုတွေးရင်းဖြင့် ရှီရူသည် အလွန်စိတ်ရှုပ်ထွေးခဲ့သည်။ သူမက စားပွဲဆီသို့ ပြန်လျှောက်သွားခဲ့ပြီး၊ ထို့နောက် ဘုရား သခင်ထံ ဆုတောင်းကာ၊ အဖြေများ ရှာဖွေခဲ့သည်။ ထို့နောက် ရှီယူက သမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး၊ ထိုအခိုက်အတန့်တွင်ပင် သူမသည် ဗျာဒိတ်ကျမ်း အခန်းကြီး ၂ အငယ် ၇ကို စိတ်ဝင်စား သွားခဲ့သည်။ သူမက တိုးညှင်းသောအသံဖြင့် ဖတ်ရှုလိုက်သည်။ “ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” “ ဝိညာဉ်တော်က အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူ သည်ကို” ဟု သူမက တွေးခဲ့သည်။ “ နားရှိသောသူမည်သည်ကား ကြားပါစေ ဟုတ်လား။ ဗျာဒိတ်ကျမ်းကသခင့်ပြန်ကြွလာခြင်းနဲ႔ ပတ်သက်တဲ့ ပရောဖက်ပြုခြင်းကျမ်းတစ်ခုဖြစ်တာကြောင့် နောက်ဆုံးသောကာလမှာသခင်ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်က နှုတ်ကပတ်တော်တွေကိုတကယ်ပဲ ထပ်ပြောနိုင်သလား။ ဒါပေမဲ့လည်း သင်းအုပ်ဆရာတွေ နဲ့ အကြီးအကဲတွေက သခင့်နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ က အားလုံး သမ္မာကျမ်းစာထဲမှာလို့ ပြောကြတယ်။ ဒီကိစ္စရဲ့ သမ္မာတရား အတိအကျက ဘာလဲ” ရှီရူက ဤအကြောင်းကို အချိန်ကြာမြင့်စွာ စဉ်းစားချင့်ချိန်သော်လည်း အတော်အတန် နားမလည်နိုင်သေးပဲ ဖြစ်ခဲ့သည်။
ရှီရူက နှုတ်ကပတ်တော်ကို အလွန်ရှင်းလင်းစွာ နားလည် သဘောပေါက်ခြင်း ရှိသည့်အပြင်၊ အခြားသူများထက် ပိုမိုမြင့်မား သည့် အတွေးများနှင့် ထိုးထွင်းသိမြင်စွမ်းသောဉာဏ်များ ရှိသည့် သူမ၏ လုပ်ဖော်ကိုင်ဖက် အစ်မ ရှန်းရမ်းအကြောင်း တွေးမိသော ကြောင့် သူမက ရှန်းရမ်း၏ နေအိမ်သို့ အလည်သွားခဲ့သည်။ မမျှော်လင့်ပဲ သူမထိုနေရာသို့ရောက်သည့်အချိန်တွင် ရှန်းရမ်း၏ အစ်မဝမ်းကွဲ သင်းအုပ်ဆရာမ အစ်မရူရီက တိုက်တိုက်ဆိုင်ဆိုင် ထိုနေရာတွင် ရောက်ရှိနေပြီး၊ ရှီရူသည် ဤအစည်းအဝေးကို စီစဉ်ပေးသည့်အတွက် သခင့်ကို ကျေးဇူးတော်ချီးမွမ်းခဲ့ပါသည်။ ထိုင်ကြပြီးနောက်၊ ရှီရူသည် သူမစိတ်နှလုံးထဲက ရှုတ်ထွေးမှုအကြောင်းကို အစ်မ ရူရီအား မပြောပဲ ကိုယ့်ကိုယ်ကို မနေနိုင်ခဲ့ပါ။
ရှီရူကို နားထောင်ပြီးနောက် အစ်မ ရူရီက” သခင့်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဗျာဒိတ်ကျမ်းထဲက ကျမ်းပိုဒ်တစ်ခု ကို ဖတ်ပြီးတော့ သခင်က နောက်ဆုံးသောကာလမှာ ပြန်ကြွလာ တဲ့အချိန်မှာ နောက်ထပ်နှုတ်ကပတ်တော်တွေကို မိန့်တော်မူမယ်ဆိုတာ ဖြစ်နိုင်ကြောင်း ကျွန်မတို့ သဘောပေါက်နိုင်ပါတယ်၊ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းက လာတာဖြစ်ပြီး၊ သခင့်လမ်းပြမ ဖြစ်တယ်။ ကျွန်မတို့က တရားဒေသနာတွေကို နားထောင်တဲ့အချိန်မှာ၊ သင်းအုပ်ဆရာတွေ နဲ့ အကြီးအကဲတွေက ‘ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေအားလုံးက သမ္မာကျမ်းစာ ထဲမှာ ရှိတယ်။ သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ရဲ့ အမှုတော်တွေနဲ့ နှုတ်ကပတ်တော်တွေ လုံးဝ မရှိဘူး’ လို့ပြောကြ တာကို ကျွန်မတို့ကြားရတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်က သခင့်ကိုယ်ပိုင် နှုတ်ကပတ်တော်တွေ နဲ့ ဘုရားသခင်ရဲ့ အမှုတော် အချက်အလက်တွေနဲ့ ကိုက်ညီမှုရှိမရှိဆိုတာကိုရော ကျွန်မတို့ တွေးဖူးပါသလား။ အဲဒါကို တွေးကြရအောင်၊ ယေဟောဝါ ဘုရားသခင် ဒါမှမဟုတ် သခင်ယေရှုက ဒါမျိုးကို ပြောခဲ့ဖူး သလား။ သန့်ရှင်းသောဝိညာဉ်တော်က အဲဒီလိုမျိုး သက်သေခံ ချက်တစ်ခုကို ပေးခဲ့ဖူးသလား။ သမ္မာကျမ်းစာက ကျမ်းပြုစုထားတာဖြစ်တဲ့အတွက် ကျမ်းပြုသူတွေနဲ့ သူတို့ရဲ့ချန်လှပ်မှုတွေကြားက သဘောထားကွဲလွဲမှုတွေကြောင့် ပညတ်တော်ခေတ်မှာ ဓမ္မဟောင်းကျမ်းထဲမှာ မှတ်တမ်းမတင်ထားတဲ့ နှုတ်ကပတ်တော် တစ်စိတ်တစ်ဒေသကို ပရောဖက်တွေအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် ကူးပြောင်းပေးကြတာ ရှိတယ်၊ ဒါပေမဲ့ အဲဒါကို ဒုတိယကျမ်းဝင်စာအုပ်များ (ကျမ်းပယ်များ) ထဲမှာ စုစည်း ထားခဲ့တယ်ဆိုတာကို လက်တွေ့မှာ သမ္မာကျမ်းစာနဲ့ ရင်းနှီးတဲ့ လူတိုင်းက သိထားကြတယ်။ ဓမ္မသစ်ကျမ်းကလည်း သခင်ယေရှု ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေရဲ့ တစ်စိတ်တစ်ဒေသ ကိုသာ မှတ်တမ်းတင်ထားတာပါ။ သခင်ယေရှုက အဲဒီ အချိန်တုန်းက သုံးနှစ်ခွဲကြာ တရားဟောကြားပြီး၊ အမှုပြု ခဲ့တယ်၊ ပြီးတော့ ကိုယ်တော်က နှုတ်ကပတ်တော်များစွာကို မိန့်တော်မူခဲ့ပြီး၊ ဒေသနာတွေများစွာကို ပေးတော်မူခဲ့တာဟာ ခရစ်ဝင်ကျမ်းလေးခုမှာ မှတ်တမ်းတင်ထားတဲ့ သခင့် နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေက သမုဒ္ဒရာထဲက ရေတစ်စက်စာလောက်သာ ရှိပါတယ်။ တပည့်တော်ရှင်ယောဟန် က ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။‘ (ယော ၂၁:၂၅) လို့ပြောထားတဲ့အတိုင်းပါပဲ။ သိသိသာသာပဲ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတဲ့ အချက်တွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေရဲ့ ကန့်သတ်ထားတဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။ အဲဒါဆိုရင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ အားလုံးကို သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားပြီး သမ္မာကျမ်းစာပြင်ပမှာ လုံးဝမရှိဘူးလို့ ကျွန်မတို့ ဘာလို့ပြောနိုင်ရတာလဲ” ဟု ပြောပြီး မိတ်သဟာယ ပြုပေးခဲ့သည်။
ရှီရူက အစ်မ ရူရီ၏ မိတ်သဟာယပြုခြင်းကို ချင့်ချိန် စဉ်းစားပြီး၊ သူမ ခေါင်းကို ညိတ်ကာ “ ဟုတ်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ပညတ်တော်ခေတ်မှာ ပရောဖက်တွေက လက်ဆင့်ကမ်းခဲ့ကြတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အားလုံးက ဓမ္မဟောင်းကျမ်း ထဲမှာ မှတ်တမ်းမတင်ထားဘူး၊ ပြီးတော့ ဒါကလူသိများတဲ့ အချက်တစ်ခုပဲ။ သခင်ယေရှုက ယုဒမှာ သူ့အမှုတော်ကို ပြုနေတဲ့အချိန်မှာ ကိုယ်တော်က နေရာအနှံ့မှာ တရားဟောခဲ့ တဲ့အပြင်၊ ကိုယ်တော်က ရောက်တဲ့နေရာတိုင်းမှာလည်း တရားဟောခဲ့တယ်။ တစ်နေ့တာမှာတင် ကိုယ်တော် နှုတ်ကပတ်တော် ဘယ်နှစ်ခုလောက် မိန့်တော်မူခဲ့ရမလဲ။ အဲဒီထက်ပိုပြီးတော့ သခင်ယေရှုက ကမ္ဘာပေါ်မှာ သုံးနှစ်ခွဲကျော်တဲ့ အချိန်ကာလတစ်ခုတိုင်တိုင် တရားဝင် အမှုပြုခဲ့တယ်၊ သူ့တပည့်တော်တွေက ကိုယ်တော် ပြောသမျှ နှုတ်ကပတ်တော်တစ်လုံးစီတိုင်းကို ချရေးနိုင်မှာ မဟုတ်ဘူးလေ။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်တွေနဲ့ အမှုတော်တွေက အမှန်တကယ် လက်ရွေးစင် ကန့်သတ်ချက်တစ်ခုသာ မှတ်တမ်းတင်ထားတဲ့ သဘောရတယ်၊ ပြီးတော့ သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေ ဒါမှမဟုတ် အမှုတော်တွေ မရှိဘူးလို့ ပြောတာဟာ အချက်အလက်တွေနဲ့ အရှင်းကြီးကို မကိုက်ညီဘူး” ဟု ပြောလိုက်သည်။
အစ်မရူရီက သူမခေါင်းကို ညိတ်ပြီး၊ “ အဲဒီအပြင်၊ သမ္မာကျမ်းစာထဲက နေရာအနှံ့မှာ သခင်ယေရှုက နောက်ဆုံး သောကာလမှာ နောက်ထပ်နှုတ်ကပတ်တော်တွေကို မိန့်တော်မူဖို့နဲ့ အမှုပြုဖို့ ပြန်ကြွလာမယ်၊ ပြီးတော့ ကိုယ်တော်က လူသားမျိုးနွယ်ကို နှုတ်ကပတ်တော်တွေနဲ့ တရားစီရင်မယ် လို့ ပရောဖက်ပြုထားခဲ့တယ်။ သခင်ယေရှုက ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင် ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက် လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြ လိမ့်မည်။‘ (ရှင်ယောဟန် ၁၆:၁၂-၁၃) ‘ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ် စီရင်လိမ့်မည်။‘ (ရှင်ယောဟန် ၁၂:၄၈) လို့မိန့်တော်မူခဲ့တယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြား ပါစေ။‘လို့ ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နဲ့၃ က နေရာ အများကြီးမှာလည်း ပရောဖက်ပြုထားအများကြီးမှာ ပြီးတော့် ဗျာဒိတ်ကျမ်း အခန်းကြီး၁၀ အငယ် ၄ မှာ’မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော်၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏။‘ လို့ပြောထားတယ်။ ဒံယေလ အနာဂတ္တိကျမ်း အခန်းကြီး၁၂၊ အငယ် ၉ မှာ’ထိုစကားသည် အမှုကုန်ရသည့်ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက်ရှိ၏ဟု သူဆို၏။‘လို့ ပြောထားတယ်။ ‘သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော် သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။‘ ‘ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။‘ ‘ဝိညာဉ်တော် သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်’ ‘ထိုစကားသည် အမှုကုန်ရသည် ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက် ရှိ၏။‘တို့လို ပရောဖက်ပြုချက်တွေက ဆိုလိုတာကတော့ သခင်ယေရှုက နောက်ထပ်နှုတ်ကပတ်တော်တွေကို မိန့်တော်မူဖို့ နဲ့ နောက်ထပ်အမှုကို ပြဖို့ နောက်ဆုံးသောကာလမှာ ကြွတော်မူမှာဆိုပြီး ဖြစ်တယ်။ ကျွန်မတို့က သမ္မာကျမ်းစာ ပြင်ပမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေ မရှိလို့ ဆိုတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ အမြင်ရှုထောင့်ကို လက်ခံတယ်ဆိုရင်၊ ဒီပရောဖက်ပြုချက်တွေက ဘယ်လိုပြည့်စုံပြီး၊ အောင်မြင်မှာလဲ” ဟု ပြောရင်းဖြင့် သူမ၏ မိတ်သဟာယကို ဆက်ခဲ့သည်။
ရှီရူက ရုတ်တရက် အလင်းကို တွေ့မြင်ကာ၊ သူမက “ သခင့်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်၊ ဒီမိတ်သဟာယ ပြုခြင်းက သမ္မာတရားနဲ့ကိုက်ညီသလို ဘုရားသခင်ရဲ့ အမှုတော်ဆိုင်ရာ အချက်အလက်တွေနဲ့လည်း ကိုက်ညီပါတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားတွေကို ဖော်ပြပြီး၊ သူ့တရားစီရင်ခြင်းအမှုတော်ကို ပြုမယ်လို့ သမ္မာ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားပါတယ်။ ဒါပေမဲ့လည်း သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ‘ဘုရား သခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေက သမ္မာ ကျမ်းစာထဲမှာပဲရှိပြီးတော့ အပြင်မှာ လုံးဝမရှိဘူး’ လို့ပြောကြ တယ်။ ဒါဆိုရင် အဲဒါက သခင်ပြန်ကြွလာတဲ့အချိန်မှာ သခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာ အလိုအလျောက် ပေါ်လာလိမ့်မယ်လို့ ဆိုလိုတာလား။ မဖြစ်နိုင် တာ။ ဒါမျိုးပြောခြင်းအားဖြင့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲ တွေက သခင့်ပရောဖက်ပြုချက်တွေကို ငြင်းပယ်နေကြတာ မဟုတ်ဘူးလား” ဟု စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
“ အဲဒါမှန်တယ်လေ။ ဘုရားသခင်က သူ့အမှုတော်ကို စုံလင်စေပြီးနောက်မှာ သမ္မာကျမ်းစာကို ပြုစုပြီး၊၊ အတူတကွ စုစည်းခဲ့တာဖြစ်တဲ့အပြင်၊ ပရောဖက်တွေနဲ့ တမန်တော်တွေရဲ့ မှတ်တမ်းတွေပေါ်မှာ အခြေခံထားတာလည်းဖြစ်တယ်။ ဘုရားသခင်ရဲ့ အမှုတော်က အရင်လာပြီးတော့၊ သမ္မာကျမ်းစာက နောက်မှ လာတာပါ၊ ဒါ့ကြောင့် သခင်ပြန်ကြွလာတဲ့အချိန်မှာ သခင့် အမှုတော်တွေနဲ့ နှုတ်ကပတ်တော်တွေကို သမ္မာကျမ်းစာထဲမှာ အချိန်မတန်သေးပဲ မှတ်တမ်းတင်ထားလို့ မရဘူး။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေတို့ရဲ့ အမြင်ရှုထောင့်တွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ မကိုက်ညီသလို ဘုရား သခင်ရဲ့ အမှုတော်ဆိုင်ရာ အချက်အလက်တွေနဲ့လည်း မကိုက်ညီဘူး” ဟု ရှန်းရမ်းက ရှီရူကို ကြည့်ရင်းဖြင့် စိတ်အားထက်သန်စွာ ပြောခဲ့သည်။
အစ်မရူရီက သူမ၏ ကွန်ပြူတာအသေးလေးကို ဖွင့်ပြီး “ အမှန်တော့ သခင်ယေရှုက သူ့နှုတ်ကပတ်တော်တွေကို ဖော်ပြရင်းနဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရင်း ပြန်ကြွလာပြီးဖြစ်တဲ့အပြင်၊ လူသား တွေကြားထဲမှာ လူ့ဇာတိခံယူတာ ကြာခဲ့ပြီလို့ အစ်မတစ်ယောက်က မကြာသေးခင်ကမှ ပြောခဲ့ တယ်။ ကျွန်မက သခင့်နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေ အားလုံးဟာ သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားခဲ့တယ်ဆိုတာကို ယုံကြည်ခဲ့တော့ ပထမတော့ ကျွန်မက အဲဒီသတင်းကို လက်မခံနိုင်ခဲ့ဘူး၊ ဒါ့ကြောင့် သခင်ကပြန်ကြွလာတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး နောက်ထပ်နှုတ်ကပတ်တော်တွေကို မိန့်တော်မူပြီး၊ နောက်ထပ် အမှုတွေကို ပြုနိုင်မှာလဲ လို့ု ပြောခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီအစ်မက နောက်ပိုင်းမှာ ကျွန်မနဲ့စိတ်ရှည်ရှည် မိတ်သဟာယ ပြုခဲ့ပြီး၊ ဘုရားသခင်ရဲ႕နှုတ်ကပတ်တော် ကျမ်းပိုဒ်အချို့ကို ကျွန်မကို ဖတ်ပြခဲ့ကြလို့ ကျွန်မက နောက်ဆုံးမှာ ကျွန်မ ဖက်တွယ်ထားတဲ့ အမြင်ရှုထောင့်က မှားနေတာကို သဘောပေါက်ခဲ့ရတယ်။ အဲဒီဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ ကျမ်းပိုဒ်တွေက် ကျွန်မ ကွန်ပြူတာလေးထဲမှာ တိုက်တိုက် ဆိုင်ဆိုင် ရှိနေခဲ့တယ်။ အစ်မ ရှီရူအဲဒါတွေကို ဖတ်ချင်လား”
ရှီရူက ခေါင်းညိတ်လိုက်ပြီး၊ ကွန်ပြူတာလေးကို ယူလိုက် ပြီး၊ ဖတ်ရှုခဲ့သည်၊ “ သမ္မာကျမ်းစာထဲတွင် မှတ်သားထား သည်များ အားလုံးသည် အကန့်အသတ်ရှိပြီး၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးကို ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ဖြစ်ပျက်မှုများကို ကန့်သတ်ချက်ဖြင့် စုပေါင်း ရေးထားသော အခန်းကြီးများ တစ်ရာအောက် လျော့နည်းပြီး၊ ဖြစ်စဉ်များကို အကန့်အသတ်ဖြင့် ရေးသားထားသည်၊ ယင်းတို့မှာ ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရု က သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်း သင်ကြားမှု၊ ဆုတောင်း ခြင်းနှင့် ပတ်သက်သည့် သင်ကြားမှု၊ ကွာရှင်းခြင်းနှင့် ပတ်သက်သည့် သင်ကြားမှု၊ ယေရှု၏ မွေးဖွားလာမှုနှင့် ဆွေစဉ်မျိုးဆက်၊ ယေရှုနှင့် တပည့်တော်များ၏ အချိန်းအချက် စသည်တို့ ဖြစ်ကြသည်။ သို့သော်လည်း၊… လူသားက ယင်းတို့ကို ရတနာသိုက်များကဲ့သို့ ယခုတိုင် တန်ဖိုး ထားကြသည်။… ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ယင်းမှာ ဘုရားသခင်သည် ဤလောက်များများပင် လုပ်ဆောင်နိုင် သည်ဟု သူတို့မှ ယုံကြည်ဘိသည့်အလားနှင့်၊ နောက်ထပ် လုပ်ဆောင်မည့် အလုပ်ရှိတော့မည် မဟုတ်ဘိသည့် အလားပင်။ ဤအရာသည် ရယ်စရာ ကောင်းမနေဘူးလား။” (“ လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၁)“ ) “ ခေတ်ကာလ တစ်ခုစီတိုင်း အတွက် ဘုရားသခင်၏ အမှုတို့တွင် ရှင်းလင်းပြတ်သားသော နယ်မြေကန့်သတ်ချက်များရှိသည်၊ သူသည် လက်ရှိ ခေတ်ကာလ၏ အမှုကိုသာ ဆောင်ရွက်ပြီး နောက်အဆင့် တစ်ခု၏ အမှုကို မည်သည့်အခါမျှ ကြိုတင်လုပ်ဆောင်ခြင်း မရှိပါ။ ထိုနည်းအားဖြင့်သာ ခေတ်ကာလ တစ်ခုစီအတွက် သူ၏ ကိုယ်စားပြု အမှုကို ရှေ့သို့ ဆောင်ယူနိုင်မည် ဖြစ်သည်။” (“ ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း“ ) “ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဆုံးမရှိပေ၊ စမ်းချောင်းတစ်ခုမှ ပန်းထွက်သော ရေကဲ့သို့ ဖြစ်၍ ၎င်းတို့သည် မည်သည့်အခါမျှ ခန်းခြောက်သွားလိမ့်မည် မဟုတ်ပေ၊ ထိုအတွက်ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကို မည်သူမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်” (“ အခန်း ၁၂” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်)
ထို့နောက်တွင် အစ်မရူရီက “ ဘုရားသခင်က ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ အသက် အရင်းအမြစ်ဖြစ်ကြောင်းနဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင် ချက်တွေက အလျှံပယ်ဖြစ်လွန်းလို့ အဲဒါတွေက တကယ်ကို ခန့်မှန်းလို့ မရနိုင်တဲ့အပြင်၊ ထာဝရမတွေးတတ်အောင် ခက်ခဲလှကြောင်းတို့ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အဲဒီအစ်မရဲ့ မိတ်သဟာယတို့ကနေပြီး ကျွန်မနားလည်လာ ခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို ရေလောင်းဖို့နဲ့ ထောက်ပံ့ဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို မိန့်မြွက်တော်မူ တယ်။ သမ္မာကျမ်းစာဟာ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ် အတွင်းက ဘုရားသခင်ရဲ့ အမှုတော်တွေနဲ့ နှုတ်ကပတ်တော် တွေရဲ့ အရမ်းကို ကန့်သတ်ထားတဲ့ လက်ရွေးစင်တစ်ခုကိုသာ အတူတကွ စုစည်းခဲ့တာ ဖြစ်ပေမဲ့လည်း၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ‘ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေအားလုံးကို သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင် ထားပြီးတော့၊ သမ္မာကျမ်းစာ ပြင်ပမှာ လုံးဝမရှိဘူး’ လို့ ဘုရားသခင်က အမှုတော် အသစ်တစ်ခုမှ မပြုနိုင်သလိုလို၊ နှုတ်ကပတ်တော် အသစ်တစ်ခုမှလည်း မပြောနိုင်သလိုမျိုး ပြောကြတယ်။ ဒီလိုမျိုးပြောခြင်း အားဖြင့် သူတို့က ဘုရားသခင်ကို ကန့်သတ်ချုပ်ချယ်ထားပြီး သူ့ကို ဆန့်ကျင်ပြစ်မှားနေတာ မဟုတ်ဘူးလား။ နောက်ဆုံးသော ကာလမှာ ပြန်လာပြီးတော့ ဘုရားသခင်က သူရဲ့ မိန့်မြွက်ချက်တွေကို မိန့်တော်မူပြီး၊ အမှုတော်အသစ်တွေကို ပြုတော်မူမယ်၊ ပြီးတော့ ကျွန်မတို့က ဘုရားသခင်ရဲ့ အမှုတော်ကို အမြဲတမ်း ဘောင်ခတ်ထားမယ်ဆိုရင်၊ ကျွန်မတို့က သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့အခွင့်အရေးကို ယတိပြတ်လက်လွတ်ရပြီး၊ ကိုယ်တော့် ကယ်တင်ခြင်းကိုလည်း ဆုံးရှုံးရမှာ မဟုတ်ဘူးလား။ အဲဒီတုန်းက ဂျူးလူမျိုးယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ နဲ့ ဖာရိရှဲတွေက သူတို့ရဲ့ လွဲမှားတဲ့အယူအဆတွေနဲ့ စိတ်ကူးတွေပေါ်မှာ မှီခိုခဲ့ပြီး၊ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တွေက ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားတယ်လို့ ယုံကြည်ခဲ့တဲ့အပြင်၊ ဒါကို သူတို့က သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေကို ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ဖို့ အကြောင်းပြချက် တစ်ခုအနေနဲ့ အသုံးပြုခဲ့ကြတယ်။ နောက်ဆုံးမှာသူတို့က သခင်ယေရှုကို ကားစင်ပေါ်မှာ တင်ခဲ့တာကြောင့် ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ကြပြီး သူတို့က ဘုရားသခင်အားဖြင့် ကျိန်ခြင်းအမင်္ဂလာနဲ့ အပြစ်ဒဏ်ကို ခံခဲ့ရတယ်။ နောက်ဆုံးသောကာလမှာ၊ သခင့်ကြွလာခြင်းရဲ့ အဓိကကျတဲ့ ဒီအချိန်မှာ ကျွန်မတို့က ဖာရိရှဲတို့ရဲ့ ကျရှုံးခြင်းကနေ သင်ခန်းစာ မယူတဲ့အပြင်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်တွေကို ထင်ရာမြင်ရာ ကန့်သတ်မယ်ဆိုရင်၊ ကျွန်မတို့က ဖာရိရှဲတို့လိုမျိုး အမှားမျိုးကိုပဲ ထပ်ခါထပ်ခါ လုပ်မိလိမ့်မယ်” ဟု ပြောခဲ့သည်။
ထို့နောက်တွင် ရှန်းရမ်း က “ တကယ်ကို ဟုတ်ပါတယ်။ ‘သမ္မာကျမ်းစာပြင်ပမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တို့ လုံးဝမရှိဘူး’ ဆိုတဲ့ အမြင်ရှုထောင့်က တဲ့ကို မှားယွင်းနေတာပါ။ ကျွန်မတို့က ဘုရားသခင့်နှုတ်ကပတ်တော် တွေရဲ့ အလင်းမှာ ကျွန်မတို့ ထိုးထွင်းသိမြင်မှုကို လက်တွေ့ မကျင့်သုံးတဲ့အပြင်၊ ဒီအမြင်ရှုထောင့်ကိုသာ ဆက်ပြီးဖက်တွယ် ထားမယ်ဆိုရင်၊ ကျွန်မတို့က နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရဖို့ အရမ်းကိုနီးစပ် ပါမယ်” ဟု ပြောခဲ့သည်။
ရှီရူက” ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဒီနေ့ မိတ်သဟာယက နောက်ဆုံးတော့ ကျွန်မနှလုံးသားထဲက စိတ်ရှုတ်ထွေးမှုတွေကို ပပျောက်စေခဲ့ပါတယ်။ သမ္မာကျမ်းစာက အမှန်တကယ်ကို ဘုရားသခင်ရဲ့ အရင် အမှုတော် အဆင့်နှစ်ခုရဲ့ မှတ်တမ်းတစ်ခုသာ ဖြစ်ပြီးတော့၊ အဲဒါက ဘုရားသခင်ရဲ့ အမှုတော်တွေ နဲ့ နှုတ်ကပတ်တော်တွေရဲ့ အင်မတန် ကန့်သတ်ထားတဲ့ လက်ရွေးစင်တစ်ခုကို မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါတယ်။ အဲဒါက ဘုရားသခင်ရဲ့ အမှုတော်တွေနဲ့ နှုတ်ကပတ်တော်တွေအားလုံးကို ကိုယ်စားမပြုတဲ့အပြင်၊ နောက်ဆုံးသောကာလမှာ ကိုယ်တော်ပြန် ကြွလာတဲ့အချိန် ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ နှုတ်ကပတ်တော် တွေကို အထူးသဖြင့် မှတ်တမ်းတင်ထားတာ မဟုတ်ပါဘူး။ သမ္မာကျမ်းစာထဲက ဒီကျမ်းပိုဒ်နှစ်ခုက အခု စိတ်ထဲမှာ ပေါ်လာဲ့တယ်၊ ‘အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။‘ (ဗျာဒိတ်ကျမ်း ၁၅:၃) ‘အို ယေဟောဝါ၊ ကိုယ်တော်၏ အမှုတော်တို့သည် ကြီးမြတ်လှပေတကား။ ထို့ပြင် ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်နက်ရှိုင်းလှပါပေ၏။ ကြမ်းကြုတ်သောလူသည် မသိ၊ မိုက်မဲသောသူလည်း ဤအရာကို နားမလည်နိုင်ပါ။’ (ဆာလံကျမ်း ၉၂:၅-၆) ဘုရားသခင်ရဲ့ ဉာဏ်ပညာက ဉာဏ်မမှီနိုင်အောင် နက်နဲလှပြီး၊ ကိုယ်တော်ရဲ့ လုပ်ဆောင်ချက်တွေက အလျှံပယ်ဖြစ်ပြီး၊ များပြား လှပါတယ်။ ဒါဆိုရင် ကျွန်မတို့က ဘယ်လိုလုပ်ပြီး ကိုယ်တော့် အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို သမ္မာကျမ်းစာထဲမှာပဲ ကန့်သတ်ပြီး၊ ဘောင်ခတ်ထားနိုင်မှာလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော် အားလုံးတို့က သမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားတာ မဟုတ်ဘူးဆိုတာရယ်၊ ပြီးတော့ နောက်ဆုံးသော ကာလမှာ ပြန်လာတဲ့ သခင်က နောက်ထပ်နှုတ်ကပတ်တော်တွေကို အသေအချာ မိန့်တော်မူပြီး၊ သူ့ရဲ့တရားစီရင်ခြင်းအမှုတော်ကို ပြုမယ်ဆိုတာကို ဒီနေ့ မိတ်သဟာယကနေပြီးတော့ ကျွန်မက ပိုပြီးသေချာလာခဲ့တယ်။ နောက်ဆုံးသောကာလရဲ့ ဘုရားသခင့် အမှုတော်နဲ့ ရင်ဆိုင်ရပြီး၊ ကျွန်မက ကိုယ့်ကိုယ်ပိုင် မှားယွင်းတဲ့ ထင်မြင်ချက်တွေ နဲ့ စိတ်ကူးတွေကို နောက်ထပ် ဖက်တွယ်မထားချင်တော့ဘူး၊ ဒါပေမဲ့ အဲဒီအစား ကျွန်မက ပညာရှိသတို့သမီး ဖြစ်ချင်ပြီး၊ ဘုရားသခင်ကို ကြောက်တဲ့ နှလုံးသားတစ်စုံ ရှိချင်တဲ့အပြင်၊ သမ္မာတရားကို ပိုပြီးရှာဖွေကာ၊ ဘုရားသခင်ရဲ့ အသံတော်ကို ပိုပြီးအာရုံပြုချင်တယ်၊ ဒီနည်းလမ်းနဲ့ပဲ ကျွန်မက နောက်ဆုံးသောကာလမှာ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်ပြီး၊ ကိုယ်တော့်ကယ်တင်ခြင်းကို ရရှိမှာဖြစ်တယ်” ဟု ရွှင်ပျစွာဖြင့် ပြောခဲ့သည်။
ရှန်းရမ်းက ခေါင်းညိတ်လိုက်ပြီး ရှီရူကို အာမင်ဟု ပြောလိုက်သည့်အပြင် သူမက “ ဟုတ်တယ်။ သခင်က သူ့နှုတ်ကပတ်တော်တွေကို မိန့်တော်မူဖို့ တကယ်ပြန်ကြွ လာခဲ့ပြီးပေမဲ့၊ ကျွန်မတို့က ကိုယ့်ရဲ့ လှဲမှားတဲ့ အယူအဆတွေကိုပဲ ဖက်တွယ်ထားပြီး၊ သူ့အမှုတော်ကို ရှာဖွေဖို့ ဒါမှမဟုတ် လက်ခံဖို့ ငြင်းပယ်မယ်ဆိုရင်၊ ဒါက ကျွန်မတို့ကို မိုက်မဲတဲ့ သတို့သမီးတွေ ဖြစ်စေတာမဟုတ်ဘူးလား။ အို အစ်မရှီရူရေ။ ကျွန်မတို့အနေနဲ့ သခင်က ပြန်ကြွလာတဲ့အချိန်မှာ နောက်ထပ် နှုတ်ကပတ်တော်တွေကို မိန့်တော်မူပြီး၊ သူ့တရားစီရင်ခြင်း အမှုတော်ကို ပြုမယ်ဆိုတာ အခုသေချာလာတဲ့အားလျော်စွာ၊ အစ်မတစ်ယောက်က သခင်ပြန်ကြွလာပြီးဖြစ်ကြောင်း သူ့ကို သက်သေခံသွားခဲ့တယ်လို့ အခုပဲ ကျွန်မ အစ်မဝမ်းကွဲက ပြောသွားခဲ့တယ်။ ကျွန်မအစ်မဝမ်းကွဲကို အဲဒီအစ်မနဲ့ ဆက်သွယ်ခိုင်းပြီး၊ ကျွန်မတို့ ဆက်ပြီး လေ့လာကြရအောင်၊ ပြီးတော့ သူသက်သေခံတဲ့ သူဟာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်မဟုတ် ဆိုတာကို ကျွန်မတို့တွေ့ရလိမ့်မယ်” ဟု ပြောရန် မစောင့်နိုင်အောင် ဖြစ်ခဲ့သည်။
“ ကျွန်မလည်း ဒါကိုပဲ တွေးနေတာ” ဟု ရှီရူက ပြောလိုက်သည်။ အစ်မရူရီထံသို့လှည့်ပြီး သူမက “ အစ်မရူရီရေ၊ ကျွန်မတို့ကို … ခေါ်သွားပေးနိုင်မလား … “ ဟု ပြောခဲ့ပါ သည်။
ပြီးနောက် အစ်မရူရီက ဝမ်းမြောက်စွာ ခေါင်းညိတ်ခဲ့သည်။
No comments:
Post a Comment