菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ဧဝံဂေလိတရားတော် အမေး နှင့် အဖြေ. Show all posts
Showing posts with label ဧဝံဂေလိတရားတော် အမေး နှင့် အဖြေ. Show all posts

1/28/2020

လူတစ်ဦးသည် လူ့ဇာတိခံဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းနှင့် နာခံခြင်းအားဖြင့်သာ အဘယ်ကြောင့် ဘုရားသခင်ကို သိနိုင်သနည်း။

 သမ္မာတရား, ကျေးဇူးတော်, ယုံကြည်ခြင်း, အသက်, ဆုတောင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)

ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ယော ၁၄:၆-၇)

ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” (ယော ၁၄:၁၀)

ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁၀:၃၀)

9/26/2019

လူတစ်ဦးသည် ခရစ်တော်၏ ဘုရားသဘာဝအနှစ်သာရကို မည်သို့သိနိုင်မည်နည်း။

ကယ်တင်ခြင်း, သမ္မာတရား, ခရစ်တော်, ဘုရားသခင်, ဘုရားသခင်၏ နှုတ်ကပတ်တော်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ယော ၁၄:၆-၇)

ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။” (ယော ၁၄:၁၀-၁၁)

9/16/2019

လူသားမျိုးနွယ်ကို စီမံခြင်းအမှုမှာ မည်သည့်အမှုဖြစ်သနည်း။


ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါဘဲ၊ ထိုအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခံရသည့်အခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်အနေနှင့် ဖျက်ဆီးခံရပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ လူသားမျိုးနွယ်က ဖောက်ပြန်သည့် စိတ်နေသဘောထားကို ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့်၊ သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်းဖြစ်သည်။ နောက်ဆုံးသောခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ် စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝပြီးဆုံးသွားကာ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု မရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသောကြောင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ်၏ အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည်မှာ ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ စင်စစ်အားဖြင့် ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဖောက်ပြန်နေသော ဤလူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့်နှင့်ဆိုင်သည့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်၊ ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။

7/09/2019

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်ကို သိရှိခြင်း


(၁) ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။

6/24/2019

ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ- ကျွန်တော်သည် မချမ်းသာနိုင်သော်လည်း၊ ကံအလွန်ကောင်းသည်


ဘွန်း ဖိလစ်ပိုင်

ကျွန်တော်က ချမ်းသာကြွယ်ဝလိုသည်

“ ကျောင်းအုပ်ကြီးရှင်၊ ကျေးဇူးပြုပြီး ကျွန်မကလေးကို အခွင့်အရေး တစ်ခုပေးပြီး၊ စာမေးပွဲဖြေခွင့်ပေးပါ” ကျွန်တော့်အမေက အနည်းငယ် တုန်ခါနေသည့် အသံဖြင့် စကားပြောနေသည့် အားလျော်စွာ သူမ၏ မျက်လုံးများက ကျောင်းအုပ်ကြီးကို အနူးအညွတ်တောင်းပန်နေခဲ့သည်။

ရုပ်တည်ကြီးဖြင့်နေရင်း ကျောင်းအုပ်ဆရာကြီးက “ မရဘူး။ ကျောင်းမှာက စည်းကမ်းတွေ ရှိတယ်လေ။ စာမေးပွဲကြေး ပေးပြီးတဲ့ အချိန်မှသာ ကလေးတစ်ယောက်ဟာ စာမေးပွဲဖြေလို့ရတယ်” ဟု ပြောလိုက်သည်။

6/08/2019

လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုရှိသနည်း။

သမ္မာတရား, ခရစ်တော်, ကယ်တင်ခြင်း, ဘုရားသခင်, အသင်းတော်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက ... သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း၊" (ထွက်မြောက်ရာကျမ်း ၃၃:၁၈-၂၀)

6/05/2019

လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ကယ်တင်ခြင်း, ခရစ်တော်, သမ္မာတရား, အသက်, ကောင်းကင်နိုင်ငံတော်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။" (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

5/03/2019

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်

ကယ်တင်ခြင်း, ခရစ်တော်, ဘုရားသခင်, ဧဝံဂေလိတရားတော် အမေး နှင့် အဖြေ,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။" (ရှင်လုကာခရစ်ဝင် ၁၂:၄၀)

"ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

"သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (ရှင်မဿဲခရစ်ဝင် ၂၅:၆)

"ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀)