菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

5/03/2019

ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်

ကယ်တင်ခြင်း, ခရစ်တော်, ဘုရားသခင်, ဧဝံဂေလိတရားတော် အမေး နှင့် အဖြေ,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။" (ရှင်လုကာခရစ်ဝင် ၁၂:၄၀)

"ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

"သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (ရှင်မဿဲခရစ်ဝင် ၂၅:၆)

"ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀)


"အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။" (ဗျာဒိတ်ကျမ်း ၁၆:၁၆)

"ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနှစ် လုံးကို၎င်း၊ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသောသူတဦး ကို၎င်း မြင်၏။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။" (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ အမှန်တကယ် အဓိပ္ပာယ်ကို သင်သိပါသလား။ သင်တို့ အုပ်စုကို ထိုအရာ သူပြောသည်မှာ ဖြစ်နိုင်သလား။ သင်သိထားသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကို စီးလျက် သူပြန်လာလိမ့်မည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အလုပ်ကို မည်ကဲ့သို့ လုပ်ကိုင်သည်ကို သင်အတိအကျ သိပါသလား။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း။ သူပြောခဲ့သည်မှာ "နောက်ဆုံးသောကာလတွင် လူသား၏ သားတော် ကြွလာသောအခါ သူကိုယ်တော်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ တမန်တော်များ သိလိမ့်မည်မဟုတ်၊ လူသား မျိုးနွယ် အားလုံးတို့သည် သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည်။" အကယ်၍ သင်သာ သိနိုင်မြင်နိုင်စွမ်း ရှိမည်ဆိုပါက ဤစကားလုံးများ သည် အဓိပ္ပာယ်မဲ့ ဖြစ်မည်မဟုတ်ပါလား။ လူ၏ သားတော်ပင်လျှင် သိသည် မဟုတ်သည့်အတွက် သင်သည် အဘယ်သို့လျှင် မြင်နိုင် သိနိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ မျက်စိဖြင့် မြင်နိုင်ခဲ့ပါက ဤစကားလုံးများကို ပြောသည်မှာ အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ "ထိုနေ့ရက်နှင့် နာရီတို့ကို မည်သူမျှ မသိ၊ မသိနိုင်၊ ကောင်းကင်မှ ကောင်းကင်တမန်များလည်း မသိနိုင်၊ သို့သော်လည်း ငါ၏ အဘသာလျှင် သိသည်။ သို့ရာတွင် နောဧ၏ နေ့ရက်များကဲ့သို့ပင် လူ၏ သားတော်လာရောက်ခြင်းသည်လည်း အလားတူ ဖြစ်လိမ့်မည်။... သို့ဖြစ်ရာ လူ၏ သားတော်မလာဟု သင်တို့ထင်သည့် နာရီအတွက် သင်တို့သည်လည်း အသင့်ပြင်ကြလော့။" ထိုနေ့ရက် ရောက်လာသည့်အခါ လူ၏ သားတော် ကိုယ်တိုင်သိလိမ့်မည် မဟုတ်ပေ။ လူ၏ သားတော်ဆိုသည်မှာ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၊ သာမန်နှင့် ရိုးရိုး လူပုဂ္ဂိုလ်ကို ဆိုလိုသည်။ ထိုသူကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ မသိလျှင် သင်သည် မည်သို့လျှင် သိသနည်း။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

ဘုရားသခင် ကိုယ်တော်တိုင်က သူသည် မိုးတိမ်စီးပြီး ရောက်လာမည်ဟု ပြောကြောင်း ပြောသည့် သူများရှိသည်။ ဘုရားသခင်က သူ့ကိုယ်သူပြောကြောင်း မှန်ကန်ပါသည်၊ သို့သော်လည်း ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ဘယ်လူသားကမှ နားမလည်နိုင်သည်ကို သင်မသိသလော။ ဘယ်လူသားကမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်ကြောင်း သင်မသိသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးမှုနှင့် အလင်းပေးမှုကို သင်ရရှိကြောင်း သံသယစိုးစဥ်းမျှမရှိဘဲ ကျိန်သေသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံကို ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ညွှန်ကြားခဲ့ခြင်းလော၊ သို့မဟုတ် သင်၏ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကပင် သင့်ကို ထိုကဲ့သို့ တွေးတောစေခြင်းလော။ "ဒါကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောခဲ့တာ" ဟုသင်ပြောသည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းထွာရန်အတွက် ငါတို့၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် အတွေးအခေါ်များကို အသုံးပြု၍မရပါ။ ဟေရှာယက ပြောခဲ့သည့် စကားများနှင့် ပတ်သက်ပြီး၊ သူ၏စကားများကို အကြွင်းမဲ့ သေချာမှုနှင့် သင်ရှင်းပြနိုင်သလော။ သူ၏စကားများကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ စကားများကို သင့်အနေဖြင့် မရှင်းပြဝံ့လျှင်၊ ယေရှု၏ နှုတ်ကပတ်တော် များကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက် အဘယ်ကြောင့် ယေရှုမှ ပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် ရှင်းပြရသနည်း။ ဘုရားသခင်က သူ၏အလုပ်များကို သင့်အားကြိုတင်၍ ပြောမည်လား။ ဖန်ဆင်းခံ သတ္တဝါ တစ်ခုမျှ မသိနိုင်ပါ၊ ကောင်းကင်မှ တမန်တော်များပင် မသိနိုင်၊ လူသား၏ သားတော်လည်းမသိ၊ ဤသို့လျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)" မှ

"ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည်ကား ကြားပါစေ။"… သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များမှာ ကောင်းကင်ဘုံမှ လူသားတို့၏နားသို့ ကြွဆင်းလာသင့်သည်ဟု ယုံကြည်နေကြသည့် စိတ်ပျက်ဖွယ်လူသား အများအပြားရှိပါသည်။ ဤသို့ တွေးထင်သောသူ မှန်သမျှမှာ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်း မရှိကြပေ။ အမှန်တကယ်ဆိုရသော် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မိန့်သော ဖွင့်ဆိုချက်များမှာ လူ့ဇာတိ ခံယူထားသော ဘုရားသခင်၏ မိန့်ခြင်းပင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားတို့အား တိုက်ရိုက်မိန့်ဆိုခြင်း မပြုနိုင်ပါ၊ ထို့အတူ ပညတ်တော်ခေတ်တွင်ပင် ယေဟောဝါသည်လည်း လူအများကို တိုက်ရိုက် မိန့်ဆိုခြင်းမရှိခဲ့ပါ။ ဤယနေ့ခေတ်တွင်လည်း ဘုရားသခင်သည် ထိုသို့လုပ်နိုင်ချေ ပို၍ပင် နည်းပါးမည် မဟုတ်ပေလော။ ဘုရားသခင်အတွက် သူ၏အမှုကို လုပ်ဆောင်ဖို့ ဖွင့်ဆိုချက်များ ပြောဆိုရန်မှာ သူသည် လူ့ဇာတိ ခံယူလာရပေမည်၊ သို့မဟုတ်ပါက သူ၏အမှုက သူ၏ရည်မှန်းချက်ကို ပြီးမြောက်စေမည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိဖြစ်လာသည်ကို ငြင်းပယ်သူများမှာ ဝိညာဉ်တော်ကို ဖြစ်စေ ဘုရားသခင် ဆောင်ရွက်သည့် နိယာမများကိုဖြစ်စေ မသိရှိသူများ ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်ကို မိမိ၏ အယူအဆများထဲတွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပြီးဖြစ်သော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း" မှ

လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်း များစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာဂရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက "ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်"ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှု ခရစ် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ နောက်ဆုံးသောကာလတွင် ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တနေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ၏ ဆိုက်ရောက်မှုကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ ဖြူသောမိုးတိမ်ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သောဝိညာဉ်များ နေရာယူထားသည့် "ဗိမာန်တော်များ" တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော် လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ဂရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်းမရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ် သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အားမသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ကယ်တင်ရှင်သည် 'ဖြူသောမိုးတိမ်' အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်" မှ

ဘုရားသခင်သည် တိတ်ဆိတ်စွာနေ လျက်ရှိပြီး ကျွန်ုပ်တို့ကို တစ်ကြိမ်တစ်ခါမျှ ကိုယ်ထင် မပြဖူးပေ၊ သို့သော် သူ့အလုပ်သည် တစ်ကြိမ်တစ်ခါမျှ မရပ်တန့်သေးပေ။ ဘုရားသခင်သည် မြေကြီး ရှိသမျှကို ကြည့်ရှုနေသည်၊ အရာအားလုံးကိုလည်း အမိန့်ပေးသည်၊ လူပြောသမျှ စကားအားလုံးနှင့် လုပ်သမျှအရာအားလုံးကိုလည်း မြင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူ၏ အစီအစဉ်အတိုင်း ဖြစ်ပြီး အဆင့်များဖြင့် လုပ်ဆောင်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ရှေ့ဆက်လျက်ရှိသည်။ သို့သော် ဘုရားသခင်၏ ခြေလှမ်းများသည် လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိသည်။ သူ၏ တရားစီရင်သည့်ပလ္လင်ကိုလည်း အလင်း၏ မြန်နှုန်းဖြင့် စကြဝဠာ၌ တည်မည်ဖြစ်သည်။ ထို့နောက် သူ၏ ပလ္လင်သည်လည်း ကျွန်ုပ်တို့ အကြားတွင် ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ဘုန်းတန်ခိုးကြီးသော မြင်ကွင်းပါတကား၊ ခန့်ညားသော၊ လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတား။ ချိုးငှက်ကဲ့သို့သာမက ဟိန်းနေသော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အားလုံး အကြားသို့ ရောက်လာသည်။ ဝိညာဉ်တော်သည် ပညာရှိပြီး၊ ဖြောင့်မတ်သည်၊ ဘုန်းတန်ခိုးရှိသည်။ သြဇာအာဏာရှိပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့် ပြည့်လျက်ရှိသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အကြားသို့ တိတ်ဆိတ်စွာ ရောက်လာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော် လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏ အသက်တာသည် ပြောင်းလဲခြင်း မရှိပေ။ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ ခါတိုင်းလိုပင် ဖြစ်နေပြီး နေ့ရက်များသာ ကုန်ဆုံးသွားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အကြား၌ သာမန်လူတစ်ယောက်အနေနှင့်၊ ထင်ရှားမှု မရှိဆုံး နောက်လိုက်တစ်ဦး အနေနှင့် သာမက သာမန်ယုံကြည်သူတစ်ဦး အနေနှင့် နေထိုင်လျက် ရှိသည်။ သူ့မှာ ကိုယ်ပိုင် ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင် ပန်းတိုင်များရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရား၏ အရည်အသွေးများ ရှိသည်။ သူ့မှာ ဘုရား၏ အရည်အသွေးများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိသေးပေ၊ သူ၏ သဘာဝဗီဇနှင့် လူ၏ သဘာဝဗီဇတို့ အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်သေးပေ။ သူ့ကို မထင်ရှားသည့် ယုံကြည်သူတစ်ဦးဟုသာ မြင်သောကြောင့် ကျွန်ုပ်တို့သည် ချုပ်တည်းခြင်း မရှိ၊ ကြောင်းရွံ့ခြင်း မရှိဘဲ သူနှင့်အတူ နေထိုင်လျက်ရှိသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း" မှ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အသင်းတော်အားလုံးတို့ထဲတွင် ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။ စကားပြောသည်မှာ ဝိညာဉ်တော်ဖြစ်၍ သူသည် အရှိန်နှင့်တောက်လောင်နေသော မီးတစ်ခုဖြစ် သည်။ သူသည် ဘုန်းအာနုဘော် ကိုဆောင်ယူကာ တရား စီရင်နေသည်။ သူသည် လူသားဖြစ်၍ ခြေသို့တိုင်အောင်ဝတ်ခြုံလျက်၊ ရင်တော်၌ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသောသိုးမွေးကဲ့သို့၄င်း၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့၄င်း၊ ခြေတော်တို့ သည်လည်း မီး၌ချွတ်ပြီးသောကြေးဝါစစ်နှင့်၄င်း တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လကျာ် လက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း အသွားနှစ်ဘက်ထက်သောသန်လျက် ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေ ကဲ့သို့ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၁၅" အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သမ္မာတရားကို လက်မခံသော်လည်း ယေရှု တိမ်ဖြူပေါ်မှ ကြွလာသည်ကို ဆင်ကန်းတောတိုးစောင့်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမည်မှာသေချာပြီး ထိုသူတို့သည် ပျက်စီးခြင်းသို့ရောက်မည့် လူမျိုးများဖြစ်ကြောင်း၊ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုသာ လိုလား၍ ပျော်ရွှင်ဖွယ်ရာ ကောင်းကင်ဘုံကိုသာ ခံစားလိုကြသော်လည်း ယေရှု၏ပြောစကားများကို မည်သည့်အခါကမျှ နာခံခဲ့ခြင်းမရှိဘဲ ကိုယ်တော်ရှင် ဇာတိပကတိခံယူ၍ တစ်ဖန်ကြွလာချိန်တွင် ထုတ်ဖော်ပြောခဲ့သည့် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံရရှိခြင်းမရှိခဲ့ပါ။ တိမ်ဖြူပေါ်မှယေရှုတစ်ဖန်ကြွလာသည့်အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့် အရာကို ခိုင်မြဲစွာကိုင်ဆွဲထားမည်နည်း။ အပြစ်များ ကြိမ်ဖန်များစွာကျူးလွန်၍ ထပ်တလဲလဲ အပြစ်ဝန်ခံသည့် သင်တို့၏ရိုးဖြောင့်မှုလား။ တိမ်ဖြူပေါ်မှ တစ်ဖန်ကြွလာသည့်ယေရှုအတွက် သင်တို့မည်သည့်အရာကို ဆက်ကပ်ပူဇော်မည်နည်း။ သင်တို့ကိုယ်သင်တို့ချီးမြှောက်သည့် နှစ်ပေါင်းများစွာသော အလုပ်လား။ တစ်ဖန်ပြန်ကြွလာသည့်ယေရှု သင်တို့အပေါ် ယုံကြည် စိတ်ချရန် သင်တို့မည်သည့်အရာကို ခိုင်မာစွာကိုင်ဆွဲထားမည်နည်း။ မည်သည့်သမ္မာတရားကိုမျှ လိုက်နာခြင်းမရှိသည့် သင်တို့၏ဝင့်ဝါသောသဘောထားလား။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်" မှ

နိမိတ်လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ပျက်စီးခြင်းသို့ သေချာစွာ ရောက်မည့်သူများထဲတွင် ပါဝင်မည်ဖြစ်ကြောင်း သင်တို့ကို ငါပြော၏။ ဇာတိပကတိဖြင့် တစ်ဖန်ပြန်၍ ကြွလာသော ယေရှု၏စကားများကို လက်မခံနိုင်သူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင် တမန်မင်းမှ ဆင်းသက်လာသူများဖြစ်သည်မှာ သေချာ၏။ ၎င်းတို့အထဲပါဝင်သူများသည် ထာဝရ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ငါပြောသည့်အရာများကို လူအများ ဂရုမစိုက်ဘဲနေနိုင်သည်။ သို့သော် ဖြူသော မိုးတိမ်ပေါ်မှနေ၍ ယေရှု ကောင်းကင်ဘုံမှဆင်းသက်လာသည်ကို သင်တို့ မျက်စိဖြင့် တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုခေါ်ကြသည့် ယေရှု၏နောက်သို့လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ်ရာအချိန် ဖြစ်နိုင်သည်။ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ်ခံရန် သင်ငရဲသို့ဆင်းချိန် ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ဤအချိန်သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန်ကို ကြေညာပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး သမ္မာတရားကို ထုတ်ဖော်ပြောချက် သာလျှင် ရှိချိန်ဖြစ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ သမ္မာတရားကိုလက်ခံ၍ နိမိတ်လက္ခဏာများကို ရှာဖွေခြင်းမရှိသဖြင့် သန့်စင်ခြင်းခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်တော်ရှေ့သို့ တစ်ဖန်ပြန်ရောက်ပြီး ဖန်ဆင်းရှင်၏ ထွေးပိုက်မှုသို့ ဝင်ရောက်ရမည်။ "ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် မှားယွင်းသော ယေရှုဖြစ်သည်" ဟု ဆက်လက်ယုံကြည်သူများသည်သာ ထာဝရအပြစ်ပေးခြင်း ခံရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နိမိတ်လက္ခဏာများပြသော ယေရှုကိုသာယုံကြည်ကြကာ ပြင်းထန်သည့်တရားစီရင်မှုကို ကြွေးကြော်၍ စစ်မှန်သော အသက်တာလမ်းခရီးကို ထုတ်ပေးသော ယေရှုကိုကား အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသော မိုးတိမ်ပေါ်မှ ပွင့်လင်းစွာ တစ်ဖန် ကြွလာချိန်မှ ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ထိုသူတို့သည် ခေါင်းမာလွန်း၏။ မိမိကိုယ်ကိုယ်ယုံကြည်စိတ် များလွန်းပြီး ဝင့်ဝါလွန်းကြသည်။ ဤမျှကိုယ်ကျင့်တရားပျက်ယွင်းနေ သူများကို ယေရှုအနေဖြင့် မည်သို့ဆုချနိုင်မည်နည်း။ သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများ အတွက် ယေရှုတစ်ဖန်ပြန်ကြွလာခြင်းသည် ကြီးမားသည့်ကယ်တင်ခြင်းတစ်ရပ်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ဤသည်မှာ အပြစ်ဒဏ်ပေးခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်သည်။ သင်တို့သည် မိမိလမ်းကြောင်း မိမိရွေးရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားပြောဆိုခြင်းနှင့် သမ္မာတရားကို ငြင်းပယ်ခြင်းတို့ မပြုရ။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သူနှင့် ဝင့်ဝါသူများ မဖြစ်ရ။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာ၍ သမ္မာတရားကို တမ်းတကာ ရှာဖွေသူများ ဖြစ်ရမည်။ ဤနည်းဖြင့်သာ သင့်အတွက် အကျိုးရှိမည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်" မှ

ဘုရားသခင်၏ အပြင်ပန်းပုံသဏ္ဌာန်ကို ရှာဖွေကြသော ညီအစ်ကို မောင်နှမများသည် သမိုင်းထဲက အဖြစ်ဆိုးလို ထပ်မံမဖြစ်ကြစေရန် ငါမျှော်လင့်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ အဖြစ် ဘုရားသခင်ကို ကားတိုင်တွင် ရိုက်ထားသူများ ထပ်မံ မဖြစ်ပါစေနှင့်။ သင်တို့သည် ဘုရားသခင် ပြန်လည်ကြွလာခြင်းကို မည်သို့ ကြိုဆိုရန် သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံအပ်နှံထားသည့် သူတစ်ဦး မည်သို့ဖြစ်ရန် ကြည်လင်သောစိတ်ထား ရှိသင့်ပါသည်။ ဤသည်မှာ သခင်ယေရှုသည် မိုးတိမ်များနှင့်အတူ ပြန်လည်ကြွမြန်းလာမည်ကို စောင့်ကြိုနေသည့် လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ငါတို့၏ ဝိညာဉ် မျက်စိကို ပွတ်သပ်ကြည့်သင့်ပြီး စိတ်ကူးယဉ် စကားလုံးများ၏ သားကောင်ဘဝသို့ မကျရောက်သင့်ပါ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ လုပ်ဆောင်မှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ စစ်မှန်သည့်ဘက်ကို ကြည့်သင့်သည်။ စိတ်ကူးယဉ်မှုများတွင် သင်တို့ကိုယ်သင်တို့ ပျောက်ဆုံး ဝေးလွင့်မသွားပါစေနှင့်၊ သူ့ကို ဘယ်သော အခါကမျှ မသိခဲ့ဖူး သို့မဟုတ် မမြင်ဖူးရုံမက သူ၏ အလိုကို မည်သို့ဆောင်ရွက်ရမည်ကို မသိသော သင်တို့အား ဆောင်ယူရန် သခင်ယေရှုသည် သင်တို့အကြားသို့ မိုးတိမ်ပေါ်မှ ရုတ်တရက် ကြွရောက် ဆင်းသက်လာမည့်နေ့ကို အမြဲတမ်း စောင့်စားမနေပါနှင့်။ လက်တွေ့ကျသော ကိစ္စများအကြောင်း တွေးတော ကြည့်ရသည်မှာ ပိုကောင်းသည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ဥယျောဇဉ် မှ

No comments:

Post a Comment