菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

1/31/2020

Christian Movie with Myanmar subtitle (ကောင်းကင်နိုင်ငံတော်သားများ)


သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ” (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ရိုးသားသော သူတို့သာ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည်၊ ရိုးသားသော သူတို့သာ နိုင်ငံတော်၏ လူများ ဖြစ်နိုင်သည်ဟု သခင်ယေရှု မိန့်တော်မူခဲ့သည်။ ဤရုပ်ရှင်က ခရစ်ယာန်ဖြစ်သည့် ချင်နူ၏ ဘုရားနှုတ်ကပတ်တော်နှင့် ဆိုင်သော အတွေ့အကြုံ နှင့် ဘဝတွင် ရိုးသားသော လူတစ်ဦးဖြစ်လာဖို့ ရှာဖွေခြင်းဖြစ်စဉ်ကို ပြောပြပါသည်။ ချင်နူမှာ ဆရာဝန်တစ်ဦး ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင်၊ သူမ၏ နေ့စဉ်အသက်တာတွင် သူမ၏ ကိုယ်ကျိုးနှင့် ဂုဏ်ကို ထိခိုက်စေသည့် အမှုအရာများနှင့် ကြုံရချိန်တွင် သူမသည် လိမ်လည်ပြီး မလှည့်ဖြားပဲ မနေနိုင်သေးပါ။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံဆုံရာတွင်၊သူမသည် ဘုရားသခင်နှင့် ပတ်သက်၍ အထင်အမြင် လွဲမှားမှုများနှင့် မကျေနပ်ချက်များ ဖြစ်ပေါ်သည်၊ သို့သော် တစ်ချိန်ပြီးတစ်ချိန် သမ္မတရားကို ရှာဖွေခြင်းမှတဆင့်၊ သူမ၏ မရိုးသားမှုနှင့် တကိုယ်ကောင်းဆန်မှု၊ စိတ်မချရသော ဆိုးယုတ်သည့် သဘာဝတို့၏ အရင်းအမြစ်ကို သိနားလည်မှုတစ်ခု ရရှိခဲ့သည်။ သူမ၏ လိမ်လည်တတ်မှုနှင့် သူမ၏ နှလုံးသားထဲရှိ မရိုးသားမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား သူမ စတင် အာရုံစိုက်လာခဲ့သည်။ နောက်ပိုင်းတွင်၊ သူမ၏ တာဝန်ကို ထမ်းဆောင်စဉ် တရုတ်ကွန်မြူနစ် ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြီးအကျယ် ညှင်းဆဲမှုခံရချိန်တွင်၊ သူမသည် မုသားတစ်ခုကို ပြောမည့်အစား သေဖို့အဆင်သင့်ဖြစ်ခဲ့ပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ ငြင်းဆိုခဲ့သည်။ သူမသည် ဘုရားသခင်အတွက် နှစ်သက်ဖွယ်ဖြစ်သော၊ ထူးကဲသော သက်သေကို ခံခဲ့သည်။ ချင်နူသည် တဖြည်းဖြည်း ရိုးသားသော လူတစ်ဦးဖြစ်လာနိုင်ပြီး ဘုရားသခင်ကို အမှန်တကယ် ချစ်ကာ နာခံနိုင်လာသည်။ ဤသို့ဆိုလျင် သူမ၏ ဇာတ်လမ်းသည် အမှန်တကယ်တွင် မည်သို့နည်း။

သင်နှစ်သက်နိုင်သည့် အရာများ 

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

Myanmar new Movie | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

12/23/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် (မျှော်လင့်တောင့်တခြင်း) | How Are the Promises of Lord Jesus Fulfilled?

ပုဂ္ဂိုလ်ရေး ခံစားချက် နှစ်ထောင်ပေါင်းများစွာ မျှော်လင့်နေ၊ ကြာမြင့်စွာ စောင့်ဆိုင်းနေရသော ကျွန်ုပ်တို့၏ သခင်ယေရှုသည် ပြန်လာပြီးပါပြီ။ လူသားကို မျက်နှာမူပြီး မြောက်မြားစွာသော စကားများ ဖော်ပြခဲ့ပါတယ်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ အသံကို ဘယ်လို သိပြီး သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်သလဲ? ရုပ်ရှင် "မျှော်လင့် တောင့်တခြင်း" မှ ကျွန်ုပ်တို့ကို အဖြေ ပြောပြပေးမည် ဖြစ်သည်။



Myanmar new Movie (မျှော်လင့်တောင့်တခြင်း)  How Are the Promises of Lord Jesus Fulfilled?

လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။

12/12/2019

Myanmar new Movie 2019 (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord


Myanmar new Movie 2019 (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord

လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ "သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။" (ရှင်မဿဲခရစ်ဝင် ၂၅:၆) "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။

များပြားသောအကြံပြုချက်များ

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

12/05/2019

Myanmar new Movie 2019 (အိပ်မက်မှ နိုးထလာခြင်း )Revealing the Mystery of Entering the Kingdom of Heaven

 

Myanmar new Movie 2019 (အိပ်မက်မှ နိုးထလာခြင်း )Revealing the Mystery of Entering the Kingdom of Heaven

ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏ အပြစ်များကို ခွင့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူမသည် သူမ၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီး သူမအနေဖြင့် အရာခပ်သိမ်းကို စွန့်ကာ သခင့်အတွက် ကြိုးစားလုပ်ဆောင်သမျှ ကာလပတ်လုံး သခင်ယေရှု တဖန်ပြန်ကြွလာသည့်အခါ သူမသည် ကောင်းကင်နိုင်ငံတော်သို့ ကျိန်းသေ ဝင်ရောက်ရလိမ့်မည်ဟု သူမ ထင်မြင်သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက သံသယများကို ဖြစ်ပေါ်စေသည်၊ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွနု်ပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီး သခင့်အတွက် စွန့်လွတ်အနစ်နာခံမှုများကို ပြုပြီး ကျွနု်ပ်တို့ကိုယ်ကို အသုံးပြုနိုင်သော်လည်း ကျွနု်ပ်တို့သည် မကြာခဏ အပြစ်ပြုပြီး သခင့်အား အတိုက်အခံလုပ်ကြသည်။ ကျွနု်ပ်တို့သည် ဤပုံစံဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန် ဝင်ရောက်နိုင်သလော။ …ယုဖန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများနှင့် မိတ်သဟာယဖွဲ့ပြီး အချေအတင်ဆွေးနွေးမှုများ ပြုပြီးနောက် သူမသည် သခင် ကြွလာခြင်း နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၏ နက်နဲခြင်းအရာတို့ကို နားလည်လာပြီး နောက်ဆုံးတွင် သူမ၏ အိပ်မက်မှ နိုးထလာတော့သည် …

အကြံပြုစာမျာ:

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

11/19/2019

Myanmar new Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child

 

Myanmar new Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child


မိခင်တစ်ယောက်၏မေတ္တာသည် သားသမီးများကို ပျိုးထောင်နည်း အကြောင်းအရာကို ဆန်းစစ်သည့် ခရစ်ယာန်မိသားစု ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။

“အသိပညာက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်” နှင့် “သားက နဂါးဖြစ်လာပြီး သမီးက ဖီးနစ်ငှက်ဖြစ်လာသည်” ဟူသည်တို့မှာ မိဘအားလုံးနီးပါးက မိမိတို့ သားသမီးများအတွက် ထားသည့် မျှော်လင့်ချက်များ ဖြစ်သည်။ သူမ၏ သမီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ပြီး တက္ကသိုလ်ကောင်းတစ်ခုတွင် စာဖြေနိုင်သည်ကို စိတ်ချရစေဖို့အတွက် ဆုဝင်ဟွေးသည် ကျားရွဲ၏ စာမေးပွဲပြန်ဖြေဖို့ စာလေ့လာချိန်တွင် သူမနှင့်အတူ အဖော်ပြုပေးရန် အရောင်းဒါရိုက်တာအလုပ်မှ ရပ်နားလိုက်သည်။ ဆုဝင်ဟွေး၏ ဖိအားများသော သင်ကြားမှုနည်းစနစ်နှင့် ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့်ဆိုင်သော နိုင်လိုစိတ်ပြင်းသည့် ဖိအားက သူမ၏ သမီးကို ပြိုလဲအောင် တွန်းပို့ပြီး ထင်ရာစိုင်းစေလုနီးပါး ဖြစ်စေခဲ့သည်။ ဤအရာအပေါ် ဆုဝင်ဟွေးသည် နက်ရှိုင်းသော နောင်တကို ခံစားရသည်။ သူမ လုပ်သမျှမှာ သူမ၏ သမီး အကျိုးအတွက် ဖြစ်သည်ဟု သူမ တွေးခဲ့သည်၊ သို့သော် ယင်းအစား သူမသည် သူမ၏ သမီးကို နာကျင်ပြီး ထိခိုက်စေခဲ့သည်…။ ဤအချိန်တွင် သူ၏ အတန်းဖော်ဟောင်း ဖန်ရှင်းပင်က ဘုရားသခင်၏ ဧဝံဂေလိတရားကို သူမအား ဟောသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတဆင့် “အသိပညာက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်” ကဲ့သို့သော စံသတ်မှတ်ချက်များကို ရှာဖွေခြင်းသည် အဘယ်ကြောင့် သူမကိုယ်တိုင်နှင့် သူမ၏ ကလေးကို နာကျင်စေရုံသာ ဖြစ်ခဲ့သည်ကို နောက်ဆုံးတွင် ဆုဝင်ဟွေး နားလည်သွားသည်၊ ပြီးလျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် နည်းလမ်းဖြင့် သူမ၏ သမီးကို အဘယ်သို့ ပညာသင်ပေးရမည်ကို နားလည်လာလေသည်...

အကြံပြုခရစ်ယာန် ဓမ္မသီချင်း

Myanmar Worship Song“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

11/15/2019

Best Myanmar Movie 2019 (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)




Myanmar new Movie (ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်...

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/31/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် (မျှော်လင့်တောင့်တခြင်း) | How Are the Promises of Lord Jesus Fulfilled?


လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။

10/25/2019

Myanmar movie 2019 (ဘုရားသခင်၌ ယုံကြည်ခြင်း) How to Believe in God to Accord With His Will


ယုကွန်ဂေါင် သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် နှင့်အတူ ဧဝံဂလိတရားကို ဖြန့်ပြီး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းမှတိမ်းရှောင်ရန် ကြိုးပမ်းနေစဉ်တွင် နယ်ခံ နေအိမ်အသင်းတော်တစ်ပါးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သူ ဇန်ကျန်း ၏ ကယ်ဆယ်ခြင်းကို ခံရပါသည်။ ထို့နောက်တွင် သူသည် ဇန်ကျန်း နှင့် အခြားသူတို့ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ အခွင့်တော်ကို ရရန် မည်ကဲ့သို့ ယုံကြည်ပုံ နှင့် သမ္မာတရား၏ အခြားသောရှုထောင့်များကို အကြိမ်အရေအတွက် များစွာ မိတ်သဟာယဖွဲ့ဝေငှရသည်။ နောက်ဆုံးတွင် ယင်း သမ္မာတရားများသည် ဇန်ကျန်း နှင့် အခြားသူတို့ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ရှုပ်ထွေးခြင်း နှင့် အခက်အခဲများကို ဖြေရှင်းပေးပြီး “ဘုရားသခင်အား ယုံကြည်ခြင်း” ၏ စစ်မှန်သောအဓိပ္ပါယ်ကို ၎င်းတို့ နားလည်စေသည့် အခွင့်ကို ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးသားများ လွတ်မြောက်သွားကြသည်။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/08/2019

【Live】Christian Movie Myanmar (အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်) ခရစ်ယာန်၏ယုံကြည်မှု

သိမြင် ခံစားချက် ခရစ်ယာန်နဲ့ ကက်သလစ်ဂိုဏ်းကိုတောင် အစွန်းရောက်ဆိုပြီး သတ်မှတ်ရဲမှတော့၊ စီစီပီကိုယ်တိုင်က မိစ္ဆာဖြစ်တယ်ဆိုတာကို ဒါက သက်သေပြတယ်



တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်ဖြင့် လက်ဝဲပညာပေးစနစ်အုပ်ချုပ်ခြင်း၊ လက်ဝဲပညာပေးစနစ်သင်ကြားခြင်း၊ မာ့က်စ်-လီနင်သွတ်သွင်းခြင်းနှင့် ဘုရားမဲ့ဝါဒအတွေးအခေါ်များ စသည်ဖြင့် ပြည်သူများကို သွတ်သွင်းပေသည်။ ဘုရားသခင်ကိုငြင်းပယ်ရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန် လုပ်ဆောင်ကြသည်။ ပုံပြင်ထဲရှိ ဖခင် ကြိမ်းဝေကော်သည် ယူနိုက်တက်တပ်ဦးစီးဌာန၏ မြို့ဝန်ကြီးတစ်ဦးဖြစ်သည်။ အဓိကအားဖြင့် ဘာသာတရားကိုဆန့်ကျင်ခြင်း ဖိနှိပ်ခြင်းတို့တွင်တာဝန်ယူထားသည်။ သို့ဖြစ်၍ သားသမီးနှစ်ယောက်မှာ ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ကိုးကွယ်သော ခရစ်ယာန်ဖြစ်နေသည်။ ဤအရာက မိသားစုအတွင်း ပြင်းထန်သော ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေလေသည်။ သို့ဖြစ်၍ လက်ဝဲစည်းမျဉ်းအာဏာအုပ်ချုပ်မှုတွင်ရှိသော မိသားစုသည် သားသမီးများကိုမည်သို့သွန်သင်ဆုံးမသနည်း။ ခရစ်ယာန်ယုံကြည်သူသည်လည်း ဘုရားသခင်ကို မည်သို့အားကိုးကာ တရုတ်ကွန်မြူနစ်ပါတီ၏ အလိမ်အညာများ နှင့် ကောလဟလများကို မည်သို့ တစ်ခုပြီးတစ်ခု ချေပနို်င်ခဲ့ပြီး ဘုရားသခင်တွက် သက်သေရပ်တည်နိုင်ခဲဲ့သနည်း။ အဆိုပါရုပ်ရှင်သည် မိတ်ဆွေအား အဖြေအားလုံးကို ဖော်ပြပေးမှာဖြစ်သည်။

အကြံပြုစာမျာ:


အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ဧဝံဂေလိသတင်း

10/01/2019

【Live】 2019 Myanmar Movie (ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ)

Understanding: Since I started believing in God, I often heard the pastors and elders said, "All words in the Bible are all God's words." I also thought the same way. But one day, a sister said to me: "We are used to believe that all words in the Bible are all God's words, but in Genesis, there are words the serpent speaking to Eve enticing her, and in Job, there are words Satan accusing Job, etc. So we can see that there are God's words, man's words and also Satan's words in the Bible." After listening to sister's words, I had some doubts, thinking so the Bible is not all God's words! Later, she found a gospel movie clip that titled Is Everything in the Bible God's Word. This video makes this truth in this aspect very clear, and it also lets me understand the truth of what God's words and man's words are. Only when we do things according to God's things can we be praised by God.



လီချွမ်မင်ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာရှိတဲ့အသင်းတော်တစ်ပါးက အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ၊ သူဟာစိတ်အားထက်သန်စွာ သခင်ကိုအစေခံခဲ့ပြီး၊ သမ္မာကျမ်းစာကို သေသေချာချာပြည့်ပြည့်ဝဝ လေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ပုံသက်သေကို သူဟာလိုက်နာနေသူတစ်ဦးဖြစ်ပြီး၊ သခင်ကိုယုံကြည်ခြင်းဆိုတာဟာ သမ္မာကျမ်းစာကိုယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကိုယုံကြည်ခြင်းဟာလည်း သခင်ကိုယုံကြည်ခြင်းနဲ့အတူတူပဲလို့ တွေးထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သမ္မာကျမ်းစာကိုလက်ကိုင်ထားသရွေ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရလိမ့်မယ်လို့သူယုံကြည်နေခဲ့တယ်။ ဒီအတွေးအခေါ်တွေဟာ သူ့ကို ခြေချင်းတစ်စုံလိုထိန်းချုပ်ထားခဲ့ပြီး၊ ဘုရားသခင်ရဲ့ ခြေရာကို လိုက်ဖို့နဲ့ ဘုရားသခင်ကိုယုံကြည်ဖို့ကို အဟန့်အတားဖြစ်စေတယ်။ အဲ့ဒီအကျိုးဆက်အနေနဲ့၊ လီချွမ်မင်တစ်​ယောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်တွေကို စုံစမ်းလေ့လာဖို့တစ်ခါမှမတွေးခဲ့ဘူး။

9/24/2019

【Live】 2019 Myanmar Movie | (စောင့်လို့နေ) ပညာရှိ သတို့သမီး များဟာ သခင်ဘုရားကို ကြိုကြတယ်။

သိမြင် ခံစားချက် ရုပ်ရှင်ထဲတွင် [သခင်ယေရှုပြန်ကြွလာပြီ] ဟုပြောထားသည်။ စိတ်လှုပ်ရှားလွန်းလှသည်။ ကျွန်ုပ်တို့နေ့စဉ်ညစဉ်မျှော်လင့်စောင်းဆိုင်းနေသောသခင်ယေရှုပြန်ကြွလာပြီ။ သို့သော် ကျွန်ုပ်ချီဆောင်ခြင်းမခံရသေးပါ။ ဘာကြောင့်ပါလိမ့်။ ကျွန်ုပ်တို့ရဲ့သင်းအုပ်ဆရာပြောသကဲ့သို့ ကိုယ်တော်ပြန်ကြွလာရင် ကျွန်ုပ်တို့ကိုကောင်းကင်နိုင်ငံသို့ချီဆောင်သွားမည် ဆိုတာ မမှန်ဘူးလား။ သေချာရှာဖွေလေ့လာမှဖြစ်တော့မယ်။ ကိုယ်တော်ကျွန်ုပ်ကိုလမ်းပြပို့ဆောင်တော်မူပါ။ အာမင်။



ရန်ဟိုအန်း သည် တရုတ်နိုင်ငံရှိ နေအိမ်အခြေစိုက် အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် သခင်ယေရှု မိုးတိမ်ပေါ်မှ ဆင်းကြွလာကာ သူ့အား ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားရန် နိုးကြားစွာ စောင့်ဆိုင်းနေခဲ့ပါသည်။ ဤအတွက် သူသည် သခင်အတွက် လုံ့လဝီရိယဖြင့် အမှုတော်ဆောင်ခဲ့သည်၊ သခင်၏ နာမတော်ကို မြဲမြံစွာ စွဲကိုင်ခဲ့ပြီး မိုးတိမ်ပေါ်မှ ဆင်းသက်လာသည့် သခင်ယေရှု မဟုတ်သည့် မည်သူမဆိုသည် ခရစ်တော် အတုအယောင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထိုအတွက်ကြောင့် သခင် ဒုတိယအကြိမ် ကြွလာခြင်း သတင်းကို သူ ကြားသောအခါ ထိုအကြောင်းကို စုံစမ်းလေ့လာရန် သူ ငြင်းဆန်ခဲ့သည် … ။ မတုန်မလှုပ်ဘဲ သူ စောင့်ဆိုင်းနေစဉ်တွင် သူ၏ ဝမ်းကွဲဖြစ်သူ လီကျားရင် က သူ့အား သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့်ဆိုင်သော ဧဝံဂလိတရားကို ဝေငှ ခဲ့ပါသည်။ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ရန်ဟိုအန်း သည် “စောင့်ကြည့်ပြီး စောင့်ဆိုင်းပါ” ဟူသော အဓိပ္ပါယ်အမှန်ကို နောက်ဆုံးတွင် နားလည်ခဲ့ပြီး သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော တဖန်ပြန်ကြွလာမည့် သခင်ယေရှုမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း သိမြင်နိုင်ခဲ့သည်။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

9/17/2019

【Live】Popular Christian Movies Myanmar (မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ)


သိမြင် ခံစားချက် ဟုတ်ပါတယ်။ဘုရားသခင်၏သိုးသည် ဘုရားသခင်၏အသံတော်ကိုကြားသိသည်။ဘုရားသခင်၏ခြေရာတော်ကိုလိုက်မီချင်ပါက ဘုရားသခင်၏အသံတော်ကို အာရုံစိုက်ပြီးနားထောင်ရမည်ဖြစ်သည်။

8/23/2019

【Live】Myanmar Gospel Movie | ကပ်ဘေးအတွင်း သတိပေးချက်

 သိမြင် ခံစားချက် ဘုရားသခင်၏စိတ်စေတနာသည် ကျွန်ုပ်တို့က လက်တွေ့ကျကျ ဘုရားသခင်ကို သိရှိနိုင်ရန်ဖြစ်သည်။ သူ့ကို ပြပ်ဝတ်ကိုးကွယ်နိုင်ရန်ဖြစ်သည်။ ဘုရားသခင်၏ စိတ်စေတနာကိုကျေးဇူးတင်ပါသည်။ အာမင် 



မိတ်ဆွေတို့ ကြိုဆိုပါတယ်။ တစ်ခါတုန်းက သခင်ယေရှုက၊ "နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏" လို့ပရောဖက်ပြုခဲ့ပါတယ် (ရှင်လုကာ ၁၇: ၂၆-၂၇) အခု ကျွန်တော်တို့ဟာ နောက်ဆုံးသော ကာလရဲ့နောက်ဆုံးခေတ်ကို ရောက်ရှိနေကြပါပြီ ကမ္ဘာလောကတစ်ခုလုံးက ပိုပို ဆိုးညစ်ပြီး မှောင်မိုက်လာနေပြီ မကောင်းမှု၊ မုသားတွေနဲ့ အကြမ်းဖက်မှုတွေကို လူသားမျိုးနွယ်က အားပေးကြတယ် ကပ်ဘေးမျိုးစုံက အဆက်မပြတ် ကျဆင်းလာနေတယ်။ ဒါဟာ ဘုရားသခင်ဆီကနေ ကျွန်တော်တို့ကို သတိပေးချက်တစ်ခု မဟုတ်လား ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ ဘယ်လိုရှာဖွေသင့်လဲ ပြီးတော့ ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ဘယ်လိုရနိုင်မလဲ အဖြေတွေကို ဒီအစီအစဉ်ကနေ အတူတူရှာကြပါစို့။

များပြားသောအကြံပြုချက်များ 

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နောက်ဆုံးသော သဘော

8/16/2019

【Live】Myanmar Subtitle Christian movie (သေစေနိုင်သည့် မသိမြင်မှု) Beware of the Obstacles on the Path to the Kingdom


ဇန်မူအန်သည် အမေရိကန်နိုင်ငံရှိ တရုတ်ခရစ်ယာန်အသင်းတော်တွင် တွဲဖက်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ သူသည် သခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ပြီး သခင်အတွက် စိတ်အားထက်သန်စွာ အလုပ်လုပ်ပြီး အသုံးတော်ခံလျက်ရှိသည်။ တစ်နေ့တွင် သူ၏ အဒေါ်ဖြစ်သူသည် သခင်ယေရှုသည် သမ္မာတရားကို ဖော်ပြဖို့ပြန်လာပြီးဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သူ့ကို သက်သေခံခဲ့ပြီး ဤသတင်းသည် သူ့အား အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဇာတ်လမ်းနှင့် ဗီဒီယိုများကိုကြည့်ပြီးနောက် ဇန်မူအန်၏ နှလုံးသားသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှုပြန်လာခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း လက်ခံခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ညီအစ်ကိုမောင်နှမတို့နှင့်အတူ နောက်ဆုံးသောကာလ၏ ဘုရားသခင်၏ အမှုတော်ကို စတင်လေ့လာစူးစမ်းခဲ့သည်။ သို့သော် သူ့အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ သင်းအုပ်ဆရာမာသည် ဤအကြောင်းကို သိရှိသွားပြီး ဇန်မူအန်ကို ကြိမ်ဖန်များစွာ ဝင်ရောက်နှောက်ယှက်ပြီး တားဆီးဖို့ ကြိုးစားသည်။ သူသည် ဇန်မူအန်အား မှန်ကန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ရန်အတွက် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအား အသေရဖျက်ရှုတ်ချထားသည့် စီစီပီအစိုးရ၏ ဝါဒဖြန့်ဗီဒီယိုကို ပြသည်။ ဤဗီဒီယိုကြောင့် ဇန်မူအန်သည် အလွန်စိတ်ရှုပ်ထွေးသွားသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အသံတော်ဖြစ်သည်ကို သူ သိသာစွာ မြင်နိုင်သည်။ ဤသို့ဆိုလျှင် ဘာသာရေးလောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်အား အဘယ်ကြောင့်ရှုတ်ချကြသနည်း။ သူတို့ကိုယ်တိုင်သာ စူးစမ်းလေ့လာဖို့ ငြင်းဆန်ရုံတင်မကဘဲ တခြားလူများကိုပါ မှန်ကန်သည့်လမ်းကို လက်ခံခြင်းမှ တားဆီးဖို့ ကြိုးစားကြသည်။ အဘယ်ကြောင့်နည်း။ ဇန်မူအန်သည် လိမ်ညာခံရပြီး မှားယွင်းသည့်လမ်းကို လျှောက်မိမည်ကို ကြောက်ရွံ့သည်။ သို့သော် ချီဆောင်ခြင်းခံရမည့်အခွင့်ကို ဆုံးရှုံးရမည်ကိုလည်း ကြောက်ရွံ့သည်။ သူ၏ သဘောထားကွဲလွဲမှု၊ စိတ်ရှုပ်ထွေးမှုများကြားတွင် သင်းအုပ်ဆရာမာသည် စီစီပီနှင့် ဘာသာရေးလောကမှ အဖျက်သဘောဆောင်သည့် ဝါဒဖြန့်မှုများကို ပိုပြီးတော့ ပြသပြီး ဇန်မူအန်၏နှလုံးသားတွင် သံသယများပိုမို ထွက်ပေါ်လာသည်။ သူသည် သင်းအုပ်ဆရာမာ၏စကားကို နားထောင်ပြီး စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ သက်သေခံသူများထံမှ သက်သေခံခြင်းနှင့် မိတ်သဟာရပြုခြင်းတို့ကို ကြားပြီးနောက် ဇန်မူအန်သည် မှန်ကန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် အခြေခံအကျဆုံးအချက်သည် ဤလမ်းသည် သမ္မာတရားရှိမရှိနှင့် ဤလမ်း၏ ဖော်ပြချက်သည် ဘုရားသခင်၏ အသံတော်ဟုတ်မဟုတ် ပိုင်းခြားသတ်မှတ်ခြင်းဖြစ်သည်ဆိုသည်ကို နားလည်လာသည်။ သမ္မာတရားများကို ဖော်ပြနိုင်သည့် မည်သူမဆို ခရစ်တော်၏ ပေါ်ထွန်းမှုပင်ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် အကျင့်ပျက်စီးသည့် မည်သည့်လူသားမျိုးနွယ်မဆို သမ္မာတရားကို ဖော်ပြနိုင်ခြင်းမရှိပေ။ ဤအချက်သည် ငြင်းလို့မရသည့် အချက်ဖြစ်သည်။ စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေရာတွင် ဘုရားသခင်၏ အသံတော်ကို အာရုံစိုက်နားထောင်ခြင်းမရှိဘဲ စိတ်ကူးထင်မြင်မှုအပေါ် အခြေခံပြီး တိမ်စီးပြီး သခင်ယေရှုကြွဆင်းလာမှုကို စောင့်နေလျှင် ဘုရားသခင်ပေါ်ထွန်းမှုကို ဘယ်သောအခါမှ ကြိုဆိုနိုင်မည်မဟုတ်ပေ။ ဇန်မူအန်သည် နောက်ဆုံး၌ သခင်ယေရှုမိန့်ကြားသည့် ဘုရားသခင်၏ အသံတော်ကို ကြားသည့် ဉာဏ်ပညာရှိသည့် အပျိုတော်၏ နက်နဲမှုကို နားလည်ပြီး စီစီပီအစိုးရ၊ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့၏ လိမ်ညာမှုများနှင့် အဓိပ္ပါယ်မရှိသည့် သီအိုရီများကို ဆက်လက်မယုံကြည်တော့ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏ ဘာသာရေး သင်းအုပ်ဆရာ၏ ကန့်သတ်မှုနှင့် ချည်နှောင်မှုတို့မှ လွတ်မြောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဇန်မူအန်သည် စစ်မှန်သည့်လမ်းကို စူးစမ်းရှာဖွေခြင်း၏ ခက်ခဲမှုကို နက်နက်နဲနဲ ကြုံတွေ့ခဲ့သည်။ ပိုင်းခြားသိမြင်မှု မရှိဘဲ သို့မဟုတ် သမ္မာတရားကို မရှာဖွေဘဲ ဘုရားသခင်၏ အသံတော်ကို ကြားဖို့ မဖြစ်နိုင်ပါ သို့မဟုတ် ဘုရားသခင်၏ ပုလ္လင်တော်ရှေ့သို့ ချီဆောင်ခြင်းခံရဖို့ မဖြစ်နိုင်ပါ။ ဒီလိုမဖြစ်ဘဲ စာတန်၏ လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းကိုခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင်သာ သေဆုံးသွားနိုင်သည်။ ဤသည်မှာလည်း ကျမ်းစာ၏ နှုတ်ကပတ်တော်တို့ကို အလုံးစုံ ပြည့်စုံစေခြင်းဖြစ်သည်။ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏” (ဟောရှေအနာဂတ္တိကျမ်း ၄:၆)။ “မိုက်သောသူတို့မူကား၊ ဉာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)

များပြားသောအကြံပြုချက်များ 

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ဧဝံဂေလိသတင်း

6/14/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်

 

Myanmar Christian Movie (အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်)

Chinese Christian Zheng Yi and his sister have accepted God's gospel of the last days, but they are faced with the strong obstruction and coercion of their father who is a minister at a municipal United Front Work Department—this gives rise to an intense spiritual battle within the family. Zheng Yi and his sister use Almighty God's words to refute the CCP government's lies and rumors one by one, but out of angry desperation, their father heartlessly expels his son, daughter, and wife from the house in order to hold on to his own official position…. Brother and sister resolutely choose to follow Christ; they continue to spread and bear witness to God's appearance and work in the last days.

အကြံပြုစာမျာ: 

Myanmar Movie 2019 | နာကြည်းဖွယ်ရာ အမှတ်တရများ

6/02/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ


ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။

သူတို့၏ကိုယ်ကျိုးစီးပွားအတွက် သမာဓိရှိသောလူများ ဖြစ်ခြင်းကို စွန့်လွှတ်ခဲ့လေသည်၊ သို့သော် ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့၏ဂုဏ်သိက္ခာကို နဂိုအခြေအနေသို့ပြန်ရောက်စေခဲ့သည်။

အကြံပြုစာမျာ:

Myanmar full movie 2019နာကြည်းဖွယ်ရာ အမှတ်တရများ

5/10/2019

ခရစ်ယာန်ကဗီဒီယို | ဒီလောက်သာယာလိုက်တဲ့ အသံ


Myanmar Gospel Movie (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word and Voice of the Returned Lord Jesus


ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

ရုပ်ရှင်ဝေဌာမယ် Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes

5/07/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | တံခါးကိုခေါက်နေခြင်း


Myanmar Gospel Movie (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord


လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ "သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြေွးကြော်လျှင်" (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ

Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်)

5/01/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | ပြောင်းလဲခြင်းအခါသမယ


Myanmar Christian Movie (ပြောင်းလဲခြင်းအခါသမယ ) Revealing the Mysteries of the Bible


ဆုမင်ယုသည် တရုတ်ပြည်မရှိ ခရစ်ယာန်အိမ်တွင်းအသင်းတော်တစ်ခု၏ တရားဟောဆရာမတစ်ဦးဖြစ်သည်။ သူမအနေနှင့် သခင့်ကို ယုံကြည်ရုံမျှဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရခဲ့ပြီဟု အမြဲထင်ခဲ့သည်။ ကျွနု်ပ်တို့ ထပ်ကာထပ်ကာအပြစ်ပြုမိနေဆဲဖြစ်သော်လည်း သခင့်အားဖြင့် ကျွနု်ပ်တို့အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ကာ ကျွနု်ပ်တို့၏ပုံရိပ်များ သန့်ရှင်းခြင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲပြီး သခင်ရောက်ရှိလာသည့်အခါတွင် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်း ခံရမည်ဖြစ်သည်။ သို့သော်၊ လုပ်ဖော်ကိုင်ဖက်အချို့က သံသယမျိုးစေ့တစ်စေ့ကို စိုက်ခဲ့ကြ၏။ ကျွနု်ပ်တို့အနေဖြင့် အဆက်မပြတ် မုသားဆိုပြီး အပြစ်ပြုမိနေဆဲရှိမှတော့ အမှန်ပင် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရနိုင်ပါ့မလား။ ဆုမင်ယု စိတ်နှလုံးထဲတွင် ရှုပ်ထွေးနေသည်။ အဆုံးတွင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ တရားဟောဆရာများနှင့်အတူ အချေအတင်ဆွေးနွေးပြီး မိတ်သဟာယပြုခြင်းမှတဆင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရာ တစ်ခုတည်းသောလမ်းကြောင်းကို နောက်ဆုံးတွင် ဆုမင်ယု တွေ့ရှိသွားခဲ့သည်…

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ

Myanmar Gospel Movie (ကျွန်တော့်သခင် ဘယ်သူလဲ) | Clarifying the Connection Between the Bible and God