8/20/2019
နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန် သခင်ယေရှုကြွလာသည့်အခါ အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟု ခေါ်သည်ကို များစွာသောလူတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် သခင်ယေရှုဟု ဆက်လက် အခေါ်မခံသနည်း။ တကယ်တမ်းမူ ဘုရားသခင်သည် အမှုတစ်ဆင့်ကို ဆောင်ရွက်တိုင်း အမည်သစ်တစ်ခု ရှိသည်။ ၎င်းအမည်သစ်မှာ ဘုရားသခင်ကိုယ်တိုင် အမှုနှင့် ကိုက်ညီသည်အတိုင်း ခံယူခြင်းဖြစ်၏။ လူတို့မှ ၎င်းတို့နှစ်သက်သည်အတိုင်း သူ့ကို ခေါ်ခြင်းမဟုတ်။ အမှု၏အဆင့်တိုင်းတွင် ဘုရားသခင်ခံယူသော အမည်နာမ၏အခြေခံမှာ ကျမ်းစာတွင်ရှိသည်။ တဖန်ပြန်ကြွလာသော နောက်ဆုံးသောကာလ သခင်ယေရှု၏အမည်ကို ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားထားခဲ့၏။ ဟေရှာယပြောသည်မှာ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။” (ဟေရှာယ ၆၂:၂)။ ဗျာဒိတ်ကျမ်းတွင်လည်း ဟောကြားထား သည်မှာ “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ …. အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့် အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏ နာမသစ်ကို၎င်း၊ ထိုသူတို့အပေါ်၌ ငါသည်အက္ခရာတင်မည်။” (ဗျာဒိတ် ၃:၇၊ ၁၂)။ “ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ် ၁:၈)။ “တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ . . .ဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ် ၁၉:၆)။ နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမသည် ဗျာဒိတ်ကျမ်း၏ ရှေးမဆွက ဟောကြားချက်များကို လုံးဝ ဖြည့်ဆည်းပေးခြင်းဖြစ်၏။ ခေတ်တစ်ခေတ်စီတွင် ဘုရားသခင်ခံယူသော နာမသည် လေးနက်သော အဓိပ္ပါယ်ရှိ၍ ထိုကာလရှိ ဘုရားသခင်၏အမှုနှင့် အနီးကပ် ဆက်စပ်လျှက် ရှိ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤအကြောင်းနှင့် ဆက်စပ်နေသည့် နက်နဲသော အရာတို့ကို ဖော်ပြ၍ အောက်ပါကဲ့သို့ ပြော၏။ “ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင် သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသော ခေတ်များတွင် တူညီသော အလုပ်ကို သူ့မှာ မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို ဆုပ်ကိုင်ထားနိုင်မည်နည်း။ ယေရှု အမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသော ကာလတွင် သူပြန်လည် ကြွလာသောအခါ ထိုအမည်ကိုဘဲ ခေါ်နေဆဲ ဖြစ်မည်လား။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လား။ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များဖြင့် ခေါ်ဆိုခြင်း ခံကြရ သော်လည်း အဘယ်သို့လျှင် ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်း ဖြစ်သနည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များ မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ဘူးလား။ သို့ဖြစ်လျှင် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့် အမည်တစ်ခုကမျှ ဘုရားသခင် ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘဲ အမည်တစ်ခုချင်းသည် သက်ဆိုင်ရာ ခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီ ရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏ အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင် သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေ ရှိစေမည့် မည်သည့် နာမတော်ကို မဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။
“'ယေဟောဝါ' ဆိုသည်မှာ ဣသရေလ၌ ငါအမှုပြုစဉ်အတွင်း မှည့်ခေါ်ခဲ့သောနာမဖြစ်ပြီး လူသားတို့အပေါ် သနားညှာတာ၊ ပြစ်တင်ကျိန်ဆဲ၍ လူသားတို့၏ ဘဝကို လမ်းပြပေးနိုင်မည့် ဣသရေလ အမျိုးသားတို့၏ (ဘုရားသခင် ရွေးချယ်ထားသော လူမျိုးတော်) ဘုရားသခင်ဟု အဓိပ္ပါယ် ရသည်။ ယင်းက ကြီးမြတ်လှသော တန်ခိုးရှင် ဘုရားသခင်သည် ဉာဏ်ပညာနှင့် ပြည့်ဝသည်ဟု အဓိပ္ပါယ်ရသည်။ "ယေရှု"သည် ဧမာနွေလဖြစ်ပြီး လူသားတို့ကို ရွေးနှုတ်ကယ်တင်ပေး၍ ချစ်ခြင်း မေတ္တာ၊ သနား ကရုဏာစိတ်များဖြင့် ပြည့်ဝသည့် အပြစ်ဖြေရာ ပူဇော်သက္ကာဟု ဆိုလိုသည်။ သူသည် ကျေးဇူးတော်ကာလ၏ အမှုကို ထမ်းဆောင်ခဲ့ကာ၊ ကျေးဇူးတော်ကာလကို ပုံဆောင်ခဲ့ပြီး၊ သူသည် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါသည် ရွေးကောက်ခံ ဣသရေလလူမျိုးတို့၏ ဘုရားသခင်၊ အာဗြံဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ ဘုရားသခင်၊ မောရှေ၏ ဘုရားသခင်၊ ဣသရေလအမျိုးတို့၏ ဘုရားသခင်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိခေတ်ကာလတွင် ယုဒမျိုးနွယ်စုမှလွဲ၍ ဣသရေလအမျိုးသား အားလုံးတို့ ယေဟောဝါကို ကိုးကွယ်ကြသည်။ ၎င်းတို့သည် ယဇ်ပလ္လင်ပေါ်တွင် ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်းများ ပြု၍ ဗိမ္မာန်တော်ထဲတွင် ယဇ်ပုရောဟိတ်ဝတ်ရုံကို ဝတ်ဆင်ကာ ဘုရားသခင်အား အလုပ်အကျွေး ပြုကြသည်။ ထိုသူတို့ မျှော်လင့်သောအရာမှာ ယေဟောဝါ ပြန်လည်ပေါ်ပေါက် လာစေရန်ဖြစ်သည်။ ယေရှုသည်သာ လူသာမျိုးနွယ်တို့၏ ရွေးနှုတ်ကယ်ကင်ရှင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်တို့ကို အပြစ်မှကယ်ကင်ပေးသည့် အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာဖြစ်သည်။ ယေရှု၏ အမည်နာမသည် ကျေးဇူးတော်ကာလတွင် ဖြစ်တည်ခဲ့ပြီး ထိုကာလက ပြုခဲ့သော ရွေးနှုတ် ကယ်တင်ခြင်းကြောင့်သာ တည်ရှိခဲ့သည်ဟု ဆိုလိုသည်။ ကျေးဇူးတော်ကာလမှ လူများအား ပြန်လည် မွေးဖွားစေပြီး ကယ်တင်ခွင့် ပြုရန်အတွက် ယေရှုခရစ်တော်၏ အမည်နာမ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုနာမသည် လူသားမျိုးနွယ် တစ်ခုလုံးအား ရွေးနှုတ်ကယ်တင်ခြင်းအတွက် အထူးနာမတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ယေရှု၏ အမည်နာမသည် ရွေးနှုတ်ကယ်တင်ခြင်းကို ကိုယ်စားပြုပြီး ကျေးဇူးတော် ကာလကို သင်္ကေတပြုသည်။ ယေဟောဝါဟူသော အမည်နာမက ပညတ်တရားအောက်တွင် နေထိုင်ခဲ့သော ဣသရေလလူမျိုးတို့အတွက် အထူးအမည်နာမ ဖြစ်ပါသည်။ ခေတ်တစ်ခေတ်စီ တိုင်းတွင်နှင့် လုပ်ငန်း၏အဆင့် တစ်ခုစီတိုင်းတွင် ငါ၏နာမသည် အခြေအမြစ် ကင်းမဲ့ခြင်းမရှိပဲ ကိုယ်စားပြု အရေးပါ အရာရောက်မှုကို ဖော်ဆောင်သည်၊ အမည်နာမ တစ်ခုစီက ခေတ်ကာလတစ်ခုကို ကိုယ်စားပြုသည်။ "ယေဟောဝါ"က ပညတ်တော်ခေတ်ကာလကို ကိုယ်စားပြု၍ ဣသရေလ အမျိုးသားတို့ ကိုးကွယ်ကြသော ဘုရားခင်ကို ရိုသေသမှုပြုကာ သုံးခြင်းဖြစ်သည်။ "ယေရှု"သည် ကျေးဇူးတော်ကာလကို ကိုယ်စားပြုပြီး ထိုခေတ်ကာလအတွင်းက ရွေးနုတ်ကယ်တင်ခြင်း ခံခဲ့ရသူ အားလုံး၏ ဘုရားနာမဖြစ်သည်။ ကယ်တင်ရှင်ယေရှု နောက်ဆုံးကာလအတွင်း ကြွဆင်းလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း ကြွဆင်းလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ကယ်နှုတ်ရာကာလတွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည် ဖြစ်ကာ နောက်ထပ် တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသော နေ့ရက်ကာလများသည် မည်သည့်အခါမှ ရောက်လာလိမ့်မည် မဟုတ်တော့ပဲ ခေတ်ကာလလည်း မည်သည့်အခါမှ နိဂုံးအဆုံးသို့ ရောက်နိုင်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ကယ်တင်ရှင် ယေရှုသည်သာ လူသားမျိုးနွယ်တို့၏ ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ကာလမှ အပြစ်သားအားလုံး၏ အကျိုးအတွက် ယေရှု၏ နာမကို ငါယူခဲ့ခြင်းဖြစ်ကာ လူသားမျိုးနွယ် တစ်ခုလုံးကို အဆုံးသတ်ရန်အတွက် ဆောင်ကျဉ်းမည့် နာမမဟုတ်ပေ။ ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးက ငါ၏ဝိညာဉ်ကို ကိုယ်စားပြုသော်လည်း ထိုအမည် နာမများသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲရှိ ကွဲပြား ခြားနားသော ခေတ်ကာလများကိုသာ အမှတ်သင်္ကေတ ဖော်ဆောင်ပြီး ငါ၏ အလုံးစုံသော ဖြစ်တည်မှုကို ကိုယ်စားမပြုပါ။ ကမ္ဘာ မြေကြီးပေါ်ရှိ လူအများမှ ငါ့အားခေါ်ဝေါသော အမည်နာမများက ငါ၏ အလုံးစုံသော ဖြစ်တည်မှုနှင့် ငါ့အကြောင်းအားလုံးကို ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိပါ။ ၎င်းတို့မှာ ကွဲပြားသော ခေတ်ကာလများ အတွင်း၌ ငါ့အားခေါ်ဝေါ်ကြသော မတူညီသည့် အမည်နာမများမျှသာ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အဆုံးသတ်ခေတ်၊ နောက်ဆုံးသောကာလ ရောက်လာသည့်အခါ ငါ၏အမည်နာမ ထပ်မံ ပြောင်းလဲ ပေဦးမည်။ ယေဟောဝါဖြစ်စေ၊ ယေရှုဖြစ်စေ၊ မေရှိယပင်ဖြစ်စေ စသည့် အမည်နာမများဖြင့် ငါ့အား မခေါ်တွင်စေပဲ ဘုန်းတန်ခိုးပြည့်စုံသော အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင်ဟူ၍ ခေါ်တွင်စေလျက် ဤအမည် နာမအောက်တွင် ခေတ်ကာလကြီးတစ်ခုလုံးကို အဆုံးသတ်အောင် ဆောင်ကျဉ်းမည် ဖြစ်သည်။ ငါ့အားတစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးသည့်အတွက် ကယ်တင်ရှင် ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ၊ ငါသည် နောက်ဆုံးသော ကာလတွင် ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်ပေးမည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် ကမ္ဘာမြေကြီး၏ အဆုံးသတ်တွင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော ဖြစ်တည်မှုနှင့် ပြည့်ဝသော၊ အခွင်အာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းကြီးမှုတို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။”“ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။
ကာလတစ်ရပ်စီတွင် ဘုရားသခင်ခံယူသောနာမ၌ ကိုယ်စားပြုသည့် အဓိပ္ပါယ် ရှိကြောင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်က ရှင်းလင်းစွာ ပြောကြားခဲ့သည်။ တစ်ခုစီသည် ဘုရားသခင်၏အမှုနှင့် ထိုကာလတွင် ဘုရားသခင်ဖော်ပြသော စိတ်နေသဘောထားကို ကိုယ်စားပြု၏။ ပညတ်တော်ကာလတွင် ဘုရားသခင်သည် သူ၏ ဥပဒေနှင့် ပညတ်များကို ကြေညာရန်နှင့် ကမ္ဘာမြေကြီးရှိ လူသားမျိုးနွယ်၏ဘဝကို လမ်းပြရန် ယေဟောဝါ၏အမည်ကို အသုံးပြုခဲ့၏။ ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားမျိုးနွယ်အား ရွေးနုတ်သည့် အမှုကို ဆောင်ရွက်ရန် ယေရှု၏နာမကို အသုံးပြုခဲ့၏။ ထို့နောက် နိုင်ငံတော်ကာလတွင် ဘုရားသခင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ဟု ခေါ်ဆို၏။ လူသားကို သန့်စင်ရန်၊ ပြောင်းလဲရန်နှင့် ကယ်တင်ရန် သူသည် ဘုရားသခင်၏ အိမ်မှစ၍ စီရင်ခြင်းအမှုကို ပြုသည်။ ဘုရားသခင်သည် သူ့နာမကိုသုံးလျှက် ကာလကိုပြောင်းလဲ၏။ ကာလ၏အမှုကို ကိုယ်စားပြုရန် ဤနာမကို အသုံးပြု၏။ ယေဟောဝါဘုရားသည် ပညတ်တော်ကာလအမှုကို ဆောင်ရွက်သည့်အခါ လူတို့သည် ယေဟောဝါ၏နာမကို ဆုတောင်းခြင်းနှင့် သူ၏ဥပဒေ ပညတ်များကို နာခံခြင်းဖြင့်သာ ကောင်းချီးခံစား၍ ဘုရားသခင်၏ အကာအကွယ် ရနိုင်ခဲ့၏။ ကျေးဇူးတော်ကာလ ရောက်သည့်အခါ ဘုရားသခင်သည် ရွေးနုတ်ခြင်းအမှု ဆောင်ရွက်ရန် ယေရှုအမည်ကို အသုံးပြု၍ လူတို့မှာ အခြားလမ်းမရှိဘဲ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရကာ၊ ၎င်းတို့၏ အပြစ်များအတွက် ခွင့်လွှတ်ရန်နှင့် သခင်ယေရှုချပေးသော သမ္မာတရားနှင့် ကောင်းချီးမင်္ဂလာတို့ကို ခံစားရန် သခင်ဘုရား၏ အမည်နာမဖြင့် နောင်တအတွက် ဆုတောင်းကြ၏။ လူတို့သည် ယေဟောဝါအမည်ကိုသာ စွဲကိုင်လျှက် သခင်ယေရှုကို လက်ခံရန်ငြင်းဆိုပါက ထိုသူတို့သည် ဘုရားသခင်၏ ကာကွယ် စောင့်ရှောက်မှုကို ဆုံးရှုံး၍ အမှောင်ထုအတွင်း ကျဆင်းကာ ယုဒလူမျိုး ဖာရိရှဲများကဲ့သို့ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ပေးခြင်းတို့ ခံရကြ၏။ နောက်ဆုံးသောကာလ ကျရောက်သည့်အခါ ဘုရားသခင်သည် ဘုရားသခင်၏ အိမ်မှစ၍ စီရင်ခြင်းအမှုကို စတင်ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို အသုံးပြု၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏နာမကို လက်ခံခြင်း၊ ဘုရားသခင်၏အမှု ခြေလှမ်းများကို အမီလိုက်၍ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စီရင်ခြင်းနှင့် အဆုံးအမတို့ကို ခံယူခြင်းတို့ဖြင့်သာ လူတို့သည် သမ္မာတရားကို နားလည်ကာ ရရှိ၍ အပြစ်မှခွဲထွက်ကာ သန့်စင်ခြင်းခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိမည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကို လက်ခံရန်ငြင်းဆို၍ နောက်ဆုံးသောကာလ သူ၏ စီရင်ခြင်းအမှုကို ငြင်းဆိုသူ ခပ်သိမ်းသည် မိမိကိုယ်ကိုယ် အပြစ်ချည်နှောင်ခြင်းမှ လွတ်မြောက်အောင် လုပ်နိုင်စွမ်းမရှိဘဲ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရန် အစဉ်ထာဝရ အရည်အချင်းမမီ ဖြစ်နေလိမ့်မည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment