菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း. Show all posts
Showing posts with label အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း. Show all posts

11/06/2019

အရှေ့ရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အဘယ်နည်း

ဝိညာဉ်တော်, သမ္မာတရား, သခင်ယေရှု, ကယ်တင်ခြင်း,ပရောဖက်ပြုချက်,

ယခု ကျွန်ုပ်တို့ နောက်ဆုံးသော ကာလတွင် ရောက်ရှိနေပြီဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းနှင့်ဆိုင်သည့် ပရောဖက်ပြုချက်များ အခြေခံကျကျ ပြည့်စုံပြီဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသော အထောင်အသောင်း ယုံကြည်သူများသည် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ပြင်းပြစွာ မျှော်လင့်နေကြ၏။ သို့သော် တစ်ချိန်တည်းတွင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု ပြန်ကြွလာနှင့်ပြီ၊ ယင်းမှာ နောက်ဆုံးသော ကာလ လူ့ဇာတိခံယူခြင်းဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ပြီး၊ ဘုရားအိမ်တော်မှ အစပြုသည့် သူ၏ တရားစီရင်ခြင်း အမှုတော်ကို သူ လုပ်ဆောင်ပြီးနှင့်ပြီဟု ပွင့်ပွင့်လင်းလင်း သက်သေခံလေသည်။ အရှေ့ရပ်မှ လျှက်ပြက်ခြင်း ပေါ်ထွက်ခြင်းသည် ဘာသာရေးလောကတစ်ခုလုံးအပြင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ဆာငတ်သူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းမှတဆင့်၊ လူများစွာတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်ဟု အတည်ပြုခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက်သို့ လာကြလေသည်။ ဤအရာက ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအပြင်၊ စီစီပီအစိုးရကို ချောက်ချားသွားစေခဲ့သည်။ သူတို့သည် ကောလဟလများစွာကို လုပ်ကြံဖန်တီးရင်းနှင့် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို မိစ္ဆာအယူဝါဒအဖြစ် ရက်ရက်စက်စက် ရှုတ်ချကာ သွားပုပ်လေလွင့်ပြောဆိုရင်း၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ဖိနှိပ်ဖို့ရန်နှင့် တရားမဝင်ကြောင်းကြေငြာဖို့ရန် အတူတကွ ပေါင်းကြံခဲ့ကြသည်။ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေပြီး လေ့လာဆန်းစစ်လိုသည့် စစ်မှန်သည့် ယုံကြည်သူများကို တားဆီးဖို့နှင့် နှောင့်ယှက်ဖို့ရန် သူတို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ သခင်ယေရှုကို ရက်စက်စွာ ဖိနှိပ်ဖို့ ဂျူးဘာသာရေးလောကကိုယ်၌က ရောမအစိုးရနှင့် ပူးပေါင်းခြင်းတည်းဟူသော သမိုင်းဆိုင်ရာ အဖြစ်ဆိုးက တစ်ဖန် ဖြစ်ပျက်လျက်ရှိသည်။ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက သခင်ယေရှု၏ ပြန်ကြွလာခြင်း ဟုတ် မဟုတ်၊ ဘုရားသခင်၏ အမှုတော် ဟုတ် မဟုတ်နှင့်ပတ်သက်ပြီး အမြင်များက ခြားနားကြသည်။ လူအချို့က ၎င်းတို့၏ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းတို့တွင် ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများနှင့်အတူ လိုက်သွားကြသော်လည်း၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်းသည် “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟူသည့် သမ္မာကျမ်းစာထဲက သခင်ယေရှု၏ ပရောဖက်ပြုချက်နှင့် ဆက်စပ်သလို ယင်းမှာ နောက်ဆုံးသောကာလ လူသား၏ ကြွလာခြင်းနှင့် ဆက်နွယ်မှုရှိသည်ဟု ယုံကြည်ကြသူအချို့လည်း ရှိလေသည်။ သို့ဆိုလျှင်၊ အရှေ့ရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အမှန်တကယ် မည်သည့်အရာနည်း။ ထိုအရာက ဘုရားသခင်၏ အမှုတော်ဖြစ်ပါသလား၊ မည်သို့သော နက်နဲမှုများကို ထိုအရာက ကိုင်စွဲထားပါသနည်း။

8/20/2019

နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟူသည့် အမည်နာမခံယူသနည်း။

ကျေးဇူးတော်, ယေရှု, အသင်းတော်, သမ္မာတရား, အနန္တတန်ခိုးရှင် ဘုရားသခင်,

အနန္တတန်ခိုးရှင်ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တဖန်ကြွလာသော သခင်ယေရှုဖြစ်သဖြင့်၊ နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကိုဆောင်ရွက်ရန် သခင်ယေရှုကြွလာသည့်အခါ အဘယ်ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟု ခေါ်သည်ကို များစွာသောလူတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် သခင်ယေရှုဟု ဆက်လက် အခေါ်မခံသနည်း။ တကယ်တမ်းမူ ဘုရားသခင်သည် အမှုတစ်ဆင့်ကို ဆောင်ရွက်တိုင်း အမည်သစ်တစ်ခု ရှိသည်။ ၎င်းအမည်သစ်မှာ ဘုရားသခင်ကိုယ်တိုင် အမှုနှင့် ကိုက်ညီသည်အတိုင်း ခံယူခြင်းဖြစ်၏။ လူတို့မှ ၎င်းတို့နှစ်သက်သည်အတိုင်း သူ့ကို ခေါ်ခြင်းမဟုတ်။ အမှု၏အဆင့်တိုင်းတွင် ဘုရားသခင်ခံယူသော အမည်နာမ၏အခြေခံမှာ ကျမ်းစာတွင်ရှိသည်။ တဖန်ပြန်ကြွလာသော နောက်ဆုံးသောကာလ သခင်ယေရှု၏အမည်ကို ကျမ်းစာတွင် ရှေးမဆွက ကြိုတင်ဟောကြားထားခဲ့၏။ ဟေရှာယပြောသည်မှာ “တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။” (ဟေရှာယ ၆၂:၂)။ ဗျာဒိတ်ကျမ်းတွင်လည်း ဟောကြားထား သည်မှာ “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ …. အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့် အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏ နာမသစ်ကို၎င်း၊ ထိုသူတို့အပေါ်၌ ငါသည်အက္ခရာတင်မည်။” (ဗျာဒိတ် ၃:၇၊ ၁၂)။ “ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ် ၁:၈)။ “တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏ . . .ဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသောမိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။” (ဗျာဒိတ် ၁၉:၆)။ နိုင်ငံတော်ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမသည် ဗျာဒိတ်ကျမ်း၏ ရှေးမဆွက ဟောကြားချက်များကို လုံးဝ ဖြည့်ဆည်းပေးခြင်းဖြစ်၏။ ခေတ်တစ်ခေတ်စီတွင် ဘုရားသခင်ခံယူသော နာမသည် လေးနက်သော အဓိပ္ပါယ်ရှိ၍ ထိုကာလရှိ ဘုရားသခင်၏အမှုနှင့် အနီးကပ် ဆက်စပ်လျှက် ရှိ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤအကြောင်းနှင့် ဆက်စပ်နေသည့် နက်နဲသော အရာတို့ကို ဖော်ပြ၍ အောက်ပါကဲ့သို့ ပြော၏။ “ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင် သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသော ခေတ်များတွင် တူညီသော အလုပ်ကို သူ့မှာ မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို ဆုပ်ကိုင်ထားနိုင်မည်နည်း။ ယေရှု အမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသော ကာလတွင် သူပြန်လည် ကြွလာသောအခါ ထိုအမည်ကိုဘဲ ခေါ်နေဆဲ ဖြစ်မည်လား။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လား။ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များဖြင့် ခေါ်ဆိုခြင်း ခံကြရ သော်လည်း အဘယ်သို့လျှင် ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်း ဖြစ်သနည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များ မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ဘူးလား။ သို့ဖြစ်လျှင် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့် အမည်တစ်ခုကမျှ ဘုရားသခင် ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘဲ အမည်တစ်ခုချင်းသည် သက်ဆိုင်ရာ ခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီ ရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏ အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင် သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေ ရှိစေမည့် မည်သည့် နာမတော်ကို မဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)” နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။

12/07/2018

ဘုရားသခင်၏ တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုအကြား၌ ဘုရားသခင်ကို မြင်ခြင်း

ဘုရားသခင်, ယေရှု, ဆုတောင်း, ထာဝရအသက်, အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်,

သခင်ယေရှုခရစ်၏ သန်းရာပေါင်းများစွာသော အခြားနောက်လိုက်များ ကဲ့သို့ပင် ကျွန်ုပ်တို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်ချက်များကို နာခံပြီး အသက်ရှင်သည်၊ သခင်ယေရှုခရစ်ထံမှလာသော များစွာသော ကျေးဇူးတော်၌ မွေ့လျော်ကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကြ၊ ချီးမွမ်းကြသည်၊ သခင်ယေရှုခရစ်၏ နာမ၌ အစေခံကြသည်။ ထိုအရာများ အားလုံးကို ကျွန်ုပ်တို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှု အောက်၌ နေပြီး လုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် အားနည်းသလို ခံစားရသော အချိန်များရှိပြီး အားကြီးသလို ခံစားရသော အချိန်များလည်း ရှိသည်။ ကျွန်ုပ်တို့၏ အပြုအမူများ အားလုံးသည် သခင်၏ သွန်သင်မှုများနှင့် အညီ ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့သည် ကောင်ကင်နိုင်ငံ၌ရှိသောအဖ၏ အလိုကို နာခံလိုက်လျှောက်ကြသည်ဟု ထုတ်မပြောသော်လည်း ကိုယ့်ကိုယ်ကို ထိုသို့လုပ်နေသည်ဟု ယုံကြည်ကြသည်။ သခင်ယေရှု ပြန်လာမည့် အချိန်ကို ကျွန်ုပ်တို့ တောင့်တကြငည်၊ သခင်ယေရှု ဘုန်းနှင့်တကွ ရောက်လာမည်ကိုလည်း တောင့်တသည်၊ လောက၌ ကျွန်ုပ်တို့၏ အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ကျွန်ုပ်တို့ တောင့်တကြငည်။ သခင်ရောက်လာသည်၊ ဘေးအန္တရာယ်ကို ခေါ်ဆောင်လာသည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး မတရားသောသူများကို ဒဏ်ပေးသည်၊ သူ့နောက်သို့ လိုက်ပြီး သူ့ကို တွေ့ဆုံဖို့အတွက် သူပြန်လာတာကို ကြိုဆိုသောသူအားလုံးကို အထက်သို့ ဆောင်ယူသည်။ ထိုအကြောင်းကို ကျွန်ုပ်တို့ စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသော ကာလ၌ မွေးဖွားလာသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည်၊ သခင် ပြန်လာတာကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့သည် ဖိနှိပ်မှုကို ခံစားခဲ့ရသော်လည်း "အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေ"ကို ရရှိဖို့အတွက် ခံရခြင်း ဖြစ်သည်။ ထိုသို့ ခံရခြင်းသည် ကောင်းကြီးမင်္ဂလာတစ်ပါးပင် ဖြစ်သည်။ သခင်ပေးသည့် ထိုသို့သော တောင့်တမှုနှင့် ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့သည် မကြာခဏဆိုသလို တည်ကြည်လေးနက်စွာနှင့် ဆုတောင်းကြသည်၊ အကြိမ်သာ၍များများ တစုတစည်းတည်း ဖြစ်လာကြသည်။ နောက်နှစ်လည်း ဖြစ်ချင် ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ ဒါမှမဟုတ် သိပ်မကြာခင်မှာတောင် ဖြစ်ချင်ဖြစ်မည်၊ လူ မျှော်လင့်မထားသော အချိန်၌ သခင်သည် ရုတ်တရက် ရောက်လာလိမ့်မည်၊ သူ့ကို အာရုံစိုက်ပြီး စောင့်မျှော်နေသော လူတစ်စု အကြား၌ ပေါ်လာလိမ့်မည်။ သခင်ကိုယ်ထင်ပြသည်ကို မြင်ရသော ပထမဦးဆုံး လူအုပ်ဖြစ်စေရန်နှင့် ချီဆောင်ခြင်း ခံရမည့် သူများထဲမှ တစ်ဦး ဖြစ်စေရန်အတွက် ကျွန်ုပ်တို့အားလုံးသည် နောက်ကျ ကျန်ခဲ့လိုခြင်း မရှိဘဲ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ပြိုင်နေကြသည်။ ဒီနေ့ရောက်လာဖို့အတွက် ကျွန်ုပ်တို့သည် ပေးဆပ်ရမည့်အရာကို အမှုမထားဘဲ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးဖြစ်သည်။ တချို့က သူတို့၏ အလုပ်တွေကို စွန့်လွှတ်ခဲ့သည်၊ တချို့က သူတို့၏ မိသားစုများကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့က သူတို့၏ အိမ်ထောင်ကို စွန့်လွှတ်ခဲ့ကြသည်၊ တချို့ဆိုလျှင် သူတို့ စုဆောင်းထားသမျှ အားလုံးကိုပင် ပေးလှူခဲ့ကြသည်။ ကိုယ်ကျိုးမငဲ့သော ဆက်ကပ်အပ်နှံမှုမျိုးပါတကား။ ထိုသို့သော ရိုးသားမှုနှင့် သစ္စာရှိမှုသည် အတိတ် ခေတ်အဆက်ဆက်က သူတော်စင်များထင်ပင် သာလွန်သောကြောင့် ဖြစ်မည်။ သခင်သည် သူ၏ ကျေးဇူးတော်အား သူပြချင်သည့် သူကို ပြသည်၊ သူ၏ ဂရုဏာအားလည်း သူထားချင်သောသူ အပေါ်၌ ထားသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုကို သူ့မျက်စိများက မြင်ပြီးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားထဲမှလာသော ဆုတောင်းချက်များသည်လည်း သခင်ယေရှု၏ နားသို့ ရောက်ပြီးဖြစ်သည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုအတွက် သခင်ယေရှုသည် ကျွန်ုပ်တို့ကို ဆုချလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့အပြင် ကမ္ဘာကြီးကို မဖန်ဆင်းမီ ကတည်းကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကျေးဇူးတော်ကို ပြခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ကို သူပေးခဲ့ပြီးဖြစ်သော ကောင်းကြီးမင်္ဂလာများနှင့် ကတိတော်များကို မည်သူကမျှ ယူမသွားနိုင်ပါ။ ကျွန်ုပ်တို့အားလုံးသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေကြသည်၊ ကျွန်ုပ်တို့၏ ဆက်ကပ်အပ်နှံမှုနှင့် ဘုရားသခင်အဖို့ အသုံးခံမှုသည် အထက်သို့ ချီဆောင်ခြင်းခံရပြီး သခင်နှင့် တွေ့ဖို့ ညှိနှိုင်းရန် အသုံးပြုနိုင်သော အရာများဖြစ်ကြောင်းကို အသိအမှတ်မပြုဘဲ နေနေကြသည်။ ထို့အပြင် နည်းနည်းလေးမျှပင် မတွန့်ဆုတ်ဘဲ ကျွန်ုပ်တို့သည် အနာဂတ် ပလ္လင်ပေါ်၌ ကိုယ့်ကိုယ်ကို ထားကြသည်၊ နိုင်ငံများအားလုံးနှင့် လူအားလုံး အထက်၌နေကြသည် (သို့) ရှင်ဘုရင်များအဖြစ် စိုးစံကြသည်။ ထိုအရာများအားလုံးကို အလိုလိုရသောအရာများ၊ ကျွန်ုပ်တို့ ရဖို့ မျှော်လင့်သင့်သည့် အရာများအဖြစ် သဘောထားကြသည်။