菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label Myanmar new Movie. Show all posts
Showing posts with label Myanmar new Movie. Show all posts

2/16/2020

Myanmar Gospel Song With Lyrics - စစ်မှန်သောယုံကြည်သူများ၏တာဝန်ဝတ္တရားများ (2020)



ခရစ်ယာန်သီချင်း - စစ်မှန်သောယုံကြည်သူများ၏တာဝန်ဝတ္တရားများ





တကယ်လို့သင်၌အသိတရားတကယ်ရှိရင်
သင့်မှာတာဝန်သိစိတ်တစ်ခုရှိရမယ်
တကယ်လို့သင်သိမ်းပိုက်ခြင်းခံရလည်း
စုံလင်အောင်ပြုလုပ်ခြင်းခံရလည်း
ဤအဆင့်အားသေချာစွာသက်သေခံပါ
ဘုရားရဲ့ဖန်ဆင်းခံသတ္တဝါအနေနှင့်
လူသားဟာသူ့သိမ်းပိုက်ခြင်းခံရကာ
သူတို့ကိုယ်သူတို့ဘုရားအားပေးအပ်ခြင်းဖြင့်
အဆုံးမှာဘုရားကိုကျေနပ်စေဖို့၊
ဘုရားကိုချစ်တဲ့နှလုံးသားနှင့်သူ့အချစ်ကိုပြန်ဆပ်ဖို့ပါ။
ဒါလူသားရဲ့ ဝတ္တရား
လူသားရဲ့ တာဝန်ပါ
ဤ စေခိုင်းချက်များပြီးမြောက်အောင်
သူတို့လုပ်ဆောင်ရမှာ
ဒါသူတို့ကိုယုံကြည်သူအစစ်ဖြစ်စေတာ၊

ဘုရားကိုယုံကြည်သူအစစ်ဖြစ်စေတာ




ဒီအမှုအားလုံးကိုကြုံတွေ့ရာတွင်
လူသားသည် သူသိမ်းပိုက်ခြင်းခံရပြီး
တကယ်လို့လူသားမှာအသိဉာဏ်ရှိရင်
သူတို့မှာဘယ်လိုရှေ့ရေးရှိပါစေ
မည်သို့သော ကံကြမ္မာအရေး ဖြစ်ပါစေ
သူတို့နာခံနိုင်စွမ်း ရှိမှာပါ
ဤနည်းဖြင့်ဘုရားရဲ့ကြီးမြတ်သောအမှုတော်သည်
အပြည့်အဝအကောင်အထည်ပေါ်လာမှာ ပါ
ဘုရားရဲ့ဖန်ဆင်းခံသတ္တဝါအနေနှင့်
လူသားဟာသူ့သိမ်းပိုက်ခြင်းခံရကာ
သူတို့ကိုယ်သူတို့ဘုရားအားပေးအပ်ခြင်းဖြင့်
အဆုံးမှာဘုရားကိုကျေနပ်စေဖို့၊
ဘုရားကိုချစ်တဲ့နှလုံးသားနှင့်သူ့အချစ်ကိုပြန်ဆပ်ဖို့ပါ။
ဒါလူသားရဲ့ ဝတ္တရား
လူသားရဲ့ တာဝန်ပါ
ဤ စေခိုင်းချက်များပြီးမြောက်အောင်
သူတို့လုပ်ဆောင်ရမှာ
ဒါသူတို့ကိုယုံကြည်သူအစစ်ဖြစ်စေတာ၊
ဘုရားကိုယုံကြည်သူအစစ်ဖြစ်စေတာ
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
အကြံပြုခရစ်ယာန်ရုပ်ရှင်

Myanmar new Movie |သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

2/14/2020

တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု မှတ်တမ်းများ (မကောင်းမှုကို ဖုံးကွယ်ခြင်း)


Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု မှတ်တမ်းများ (မကောင်းမှုကို ဖုံးကွယ်ခြင်း)


တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်ကတည်းက အာဏာရရှိလာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိစီးနှိပ်စက်ခြင်းက သနားညှာတာမှု ကင်းမဲ့နေခဲ့သည်။ ၄င်းသည် ခရစ်ယာန်များကို ရမ်းကားကြမ်းတမ်းစွာ ဖမ်းဆီးနေခဲ့ပြီး သတ်ဖြတ်နေခဲ့သည်၊ တရုတ်ပြည်တွင် အလုပ်လုပ်နေသည့် သာသနာပြုများကို နှင်ထုတ်ခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်၊ မရေတွက်နိုင်သည့် သမ္မာကျမ်းစာအုပ် မိတ္တူများကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းယူခဲ့ပြီး ဖျက်စီးခဲ့သည်၊ အသင်းတော် အဆောက်အဦးများကို ချိတ်ပိတ်ခဲ့ပြီး ဖြိုချဖျက်စီးခဲ့သည့်အပြင်၊ အချည်းနှီးဖြစ်သည့် အိမ်အသင်းတော်များအားလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်အားထုတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ရဲတပ်ဖွဲ့က ရှေ့နောက်မညီ၊ မရေမရာထုတ်ပြန်ခဲ့တဲ့ သေဆုံးမှုပဲဖြစ်တဲ့ ဆောင်းရှောင်လန်လို့ အမည်ရတဲ့ တရုတ်ခရစ်ယာန်တစ်ယောက်ရဲ့ မမျှော်လင့်ဘဲ ရုတ်တရက်သေဆုံးမှုကို ဒီမှတ်တမ်းရုပ်ရှင်က သရုပ်ဖော်ထားပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာ၊ ရဲတပ်ဖွဲ့ဟာ တစ်လျှောက်လုံးလိမ်ညာနေခဲ့တာကို ဆောင်းမိသားစုက သိရှိခဲ့ရတယ်။ ဆောင်းရှောင်လန်က ဘုရားသခင်ကို ယုံကြည်ပြီး သူ့တာဝန်ကို လုပ်ဆောင်နေတဲ့အတွက် တရုတ်ကွန်မြူနစ်ပါတီ ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်စောင့်ကြည့်ခြင်းကို ခံခဲ့ရတယ်ဆိုတာကို ဆောင်းမိသားစုရဲ့ဆွေမျိုးတစ်ယောက်က ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းမှာရှိတဲ့ အသိတစ်ယောက်ဆီကနေ သိခဲ့ရတယ်။ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးတဲ့အခါ အသေရိုက်သတ်ပစ်လိုက်ကြတယ်။ ရဲတပ်ဖွဲ့ဟာ အပြစ်မခံရဖို့အတွက် ဆောင်းရှောင်လန်သေဆုံးခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာကို အတုလုပ်ပြီး အမှန်တရားကို ဖုံးကွယ်ခဲ့ကြတယ်။...

မိတ်ဆက်ပေးချင်တဲ့ဟာတွေပါ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ ဇာစ်မြစ်မှာ အဘယ်နည်း 

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

12/23/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် (မျှော်လင့်တောင့်တခြင်း) | How Are the Promises of Lord Jesus Fulfilled?

ပုဂ္ဂိုလ်ရေး ခံစားချက် နှစ်ထောင်ပေါင်းများစွာ မျှော်လင့်နေ၊ ကြာမြင့်စွာ စောင့်ဆိုင်းနေရသော ကျွန်ုပ်တို့၏ သခင်ယေရှုသည် ပြန်လာပြီးပါပြီ။ လူသားကို မျက်နှာမူပြီး မြောက်မြားစွာသော စကားများ ဖော်ပြခဲ့ပါတယ်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ အသံကို ဘယ်လို သိပြီး သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်သလဲ? ရုပ်ရှင် "မျှော်လင့် တောင့်တခြင်း" မှ ကျွန်ုပ်တို့ကို အဖြေ ပြောပြပေးမည် ဖြစ်သည်။



Myanmar new Movie (မျှော်လင့်တောင့်တခြင်း)  How Are the Promises of Lord Jesus Fulfilled?

လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။

11/19/2019

Myanmar new Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child

 

Myanmar new Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child


မိခင်တစ်ယောက်၏မေတ္တာသည် သားသမီးများကို ပျိုးထောင်နည်း အကြောင်းအရာကို ဆန်းစစ်သည့် ခရစ်ယာန်မိသားစု ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။

“အသိပညာက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်” နှင့် “သားက နဂါးဖြစ်လာပြီး သမီးက ဖီးနစ်ငှက်ဖြစ်လာသည်” ဟူသည်တို့မှာ မိဘအားလုံးနီးပါးက မိမိတို့ သားသမီးများအတွက် ထားသည့် မျှော်လင့်ချက်များ ဖြစ်သည်။ သူမ၏ သမီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ပြီး တက္ကသိုလ်ကောင်းတစ်ခုတွင် စာဖြေနိုင်သည်ကို စိတ်ချရစေဖို့အတွက် ဆုဝင်ဟွေးသည် ကျားရွဲ၏ စာမေးပွဲပြန်ဖြေဖို့ စာလေ့လာချိန်တွင် သူမနှင့်အတူ အဖော်ပြုပေးရန် အရောင်းဒါရိုက်တာအလုပ်မှ ရပ်နားလိုက်သည်။ ဆုဝင်ဟွေး၏ ဖိအားများသော သင်ကြားမှုနည်းစနစ်နှင့် ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့်ဆိုင်သော နိုင်လိုစိတ်ပြင်းသည့် ဖိအားက သူမ၏ သမီးကို ပြိုလဲအောင် တွန်းပို့ပြီး ထင်ရာစိုင်းစေလုနီးပါး ဖြစ်စေခဲ့သည်။ ဤအရာအပေါ် ဆုဝင်ဟွေးသည် နက်ရှိုင်းသော နောင်တကို ခံစားရသည်။ သူမ လုပ်သမျှမှာ သူမ၏ သမီး အကျိုးအတွက် ဖြစ်သည်ဟု သူမ တွေးခဲ့သည်၊ သို့သော် ယင်းအစား သူမသည် သူမ၏ သမီးကို နာကျင်ပြီး ထိခိုက်စေခဲ့သည်…။ ဤအချိန်တွင် သူ၏ အတန်းဖော်ဟောင်း ဖန်ရှင်းပင်က ဘုရားသခင်၏ ဧဝံဂေလိတရားကို သူမအား ဟောသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတဆင့် “အသိပညာက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်” ကဲ့သို့သော စံသတ်မှတ်ချက်များကို ရှာဖွေခြင်းသည် အဘယ်ကြောင့် သူမကိုယ်တိုင်နှင့် သူမ၏ ကလေးကို နာကျင်စေရုံသာ ဖြစ်ခဲ့သည်ကို နောက်ဆုံးတွင် ဆုဝင်ဟွေး နားလည်သွားသည်၊ ပြီးလျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် နည်းလမ်းဖြင့် သူမ၏ သမီးကို အဘယ်သို့ ပညာသင်ပေးရမည်ကို နားလည်လာလေသည်...

အကြံပြုခရစ်ယာန် ဓမ္မသီချင်း

Myanmar Worship Song“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”