菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

11/19/2019

Myanmar new Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child

 

Myanmar new Movie (မိခင်တစ်ယောက်၏ မေတ္တာ) | God Showed Me the Correct Way to Educate My Child


မိခင်တစ်ယောက်၏မေတ္တာသည် သားသမီးများကို ပျိုးထောင်နည်း အကြောင်းအရာကို ဆန်းစစ်သည့် ခရစ်ယာန်မိသားစု ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။

“အသိပညာက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်” နှင့် “သားက နဂါးဖြစ်လာပြီး သမီးက ဖီးနစ်ငှက်ဖြစ်လာသည်” ဟူသည်တို့မှာ မိဘအားလုံးနီးပါးက မိမိတို့ သားသမီးများအတွက် ထားသည့် မျှော်လင့်ချက်များ ဖြစ်သည်။ သူမ၏ သမီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ပြီး တက္ကသိုလ်ကောင်းတစ်ခုတွင် စာဖြေနိုင်သည်ကို စိတ်ချရစေဖို့အတွက် ဆုဝင်ဟွေးသည် ကျားရွဲ၏ စာမေးပွဲပြန်ဖြေဖို့ စာလေ့လာချိန်တွင် သူမနှင့်အတူ အဖော်ပြုပေးရန် အရောင်းဒါရိုက်တာအလုပ်မှ ရပ်နားလိုက်သည်။ ဆုဝင်ဟွေး၏ ဖိအားများသော သင်ကြားမှုနည်းစနစ်နှင့် ကောလိပ်ဝင်ခွင့် စာမေးပွဲနှင့်ဆိုင်သော နိုင်လိုစိတ်ပြင်းသည့် ဖိအားက သူမ၏ သမီးကို ပြိုလဲအောင် တွန်းပို့ပြီး ထင်ရာစိုင်းစေလုနီးပါး ဖြစ်စေခဲ့သည်။ ဤအရာအပေါ် ဆုဝင်ဟွေးသည် နက်ရှိုင်းသော နောင်တကို ခံစားရသည်။ သူမ လုပ်သမျှမှာ သူမ၏ သမီး အကျိုးအတွက် ဖြစ်သည်ဟု သူမ တွေးခဲ့သည်၊ သို့သော် ယင်းအစား သူမသည် သူမ၏ သမီးကို နာကျင်ပြီး ထိခိုက်စေခဲ့သည်…။ ဤအချိန်တွင် သူ၏ အတန်းဖော်ဟောင်း ဖန်ရှင်းပင်က ဘုရားသခင်၏ ဧဝံဂေလိတရားကို သူမအား ဟောသည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတဆင့် “အသိပညာက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်” ကဲ့သို့သော စံသတ်မှတ်ချက်များကို ရှာဖွေခြင်းသည် အဘယ်ကြောင့် သူမကိုယ်တိုင်နှင့် သူမ၏ ကလေးကို နာကျင်စေရုံသာ ဖြစ်ခဲ့သည်ကို နောက်ဆုံးတွင် ဆုဝင်ဟွေး နားလည်သွားသည်၊ ပြီးလျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် နည်းလမ်းဖြင့် သူမ၏ သမီးကို အဘယ်သို့ ပညာသင်ပေးရမည်ကို နားလည်လာလေသည်...

အကြံပြုခရစ်ယာန် ဓမ္မသီချင်း

Myanmar Worship Song“ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

No comments:

Post a Comment