ကျိုကျင်း
တစ်နေ့ အွန်လိုင်းပေါ်တွင် အသက်ပါသော ဆွေးနွေးမှုတစ်ခုကို ကျွန်မ တွေ့ရသည်၊ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် သွေးရောင်လွှမ်းသောလလေးလုံး ပေါ်ထွက်ခြင်းမှာ အဆုံးသတ်ကာလ၏ သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကြီးစား ငလျင်များ တစ်ကမ္ဘာလုံးအနှံ့ မကြာခဏ ပိုမိုဖြစ်လာနေသည်ဟု လူများက ပြောဆိုနေကြလေသည်။ ကျွန်မ ကိုယ်ကိုယ်ကိုယ် တွေးမိသည်မှာ၊ “သွေးရောင်လွှမ်းတဲ့လလေးလုံးက ဖြစ်နှင့်ပြီးပြီ။ အာကာသဖြစ်စဉ်တွေ ပေါ်ထွက်ပြီးပြီ။ ကပ်ဘေးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေက တိုးလာနေတယ်၊ စစ်ပွဲတွေက စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်…။ နမိတ်တွေအားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံနေပြီဆိုတာ ပြနေတယ်။ ဒီတော့ ငါတို့ကို တွေ့ဆုံဖို့ မိုးတိမ်ပေါ်မှာ သူ ကြွဆင်းလာတာကို ဘာလို့ ငါမတွေ့ရသေးတာလဲ။ သခင် ပြန်မကြွလာသေးတာလား ဒါမှမဟုတ် သူ ကြွပြီးပြီဖြစ်ပေမယ့် ငါ သူ့ကို မတွေ့သေးတာလား။ သူ့ရဲ့ ပြန်ကြွလာခြင်းကို ငါ ဘယ်လို ကြိုဆိုနိုင်မှာလဲ” ဟူ၍ ဖြစ်သည်။ ဤရှုတ်ထွေးမှုသည် ကျွန်မ စိတ်နှလုံးဝန်းကျင်ကို အလိုလို ထိခိုက်စေပြီး ကျွန်မကို ခေါင်းခြောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ရှင်းလင်းမှုအချို့ရအောင် ကြိုးစားရင်း၊ သခင့်ကို ကျွန်မ စတင်ပြီး ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သည်။ သူ့ကို ကျွန်မ ကြိုဆိုနိုင်ဖို့ရန်နှင့် သူ၏ စွန့်ပစ်ခြင်းကို မခံရစေဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ့ကို ကျွန်မ တောင်းလျှောက်နေခဲ့သည်။
လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ "သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်" (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။
သခင် ပြန်လည်ကြွရောက်ခြင်းအကြောင်း ပြောမယ်ဆိုရင်၊ သခင်ယေရှုက အခုလိုမိန့်ခဲ့ပါတယ်။ "ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်" (ရှင်လုကာခရစ်ဝင် ၁၂:၄၀)။ "ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြားထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)။ ဒီဟောကိန်းတွေထဲမှာ "လူသား ကြွလာလိမ့်မည်" "လူသား ကြွရောက်လာခြင်း" ဆိုတာတွေကို ပြောထားပါတယ်။ ဒါကြောင့် "လူသား ကြွရောက်လာခြင်း" ဆိုတဲ့အဓိပ္ပာယ်အတိအကျဟာ ဘာလဲ။ သခင်ယေရှုဟာ ဘယ်လိုနည်းလမ်းနဲ့ ပြန်ပြီးကြွရောက်လာမှာလဲ။ ဒီ ရုပ်ရှင်ဇာတ်ကားတိုဟာ သင့်အတွက် သမ္မာတရားကို ဖော်ထုတ်ပြပါလိမ့်မယ်။
ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း
Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
သိမြင် ခံစားချက် ဘုရားသခင်၏စိတ်စေတနာသည် ကျွန်ုပ်တို့က လက်တွေ့ကျကျ ဘုရားသခင်ကို သိရှိနိုင်ရန်ဖြစ်သည်။ သူ့ကို ပြပ်ဝတ်ကိုးကွယ်နိုင်ရန်ဖြစ်သည်။ ဘုရားသခင်၏ စိတ်စေတနာကိုကျေးဇူးတင်ပါသည်။ အာမင်
မိတ်ဆွေတို့ ကြိုဆိုပါတယ်။ တစ်ခါတုန်းက သခင်ယေရှုက၊ "နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏" လို့ပရောဖက်ပြုခဲ့ပါတယ် (ရှင်လုကာ ၁၇: ၂၆-၂၇) အခု ကျွန်တော်တို့ဟာ နောက်ဆုံးသော ကာလရဲ့နောက်ဆုံးခေတ်ကို ရောက်ရှိနေကြပါပြီ ကမ္ဘာလောကတစ်ခုလုံးက ပိုပို ဆိုးညစ်ပြီး မှောင်မိုက်လာနေပြီ မကောင်းမှု၊ မုသားတွေနဲ့ အကြမ်းဖက်မှုတွေကို လူသားမျိုးနွယ်က အားပေးကြတယ် ကပ်ဘေးမျိုးစုံက အဆက်မပြတ် ကျဆင်းလာနေတယ်။ ဒါဟာ ဘုရားသခင်ဆီကနေ ကျွန်တော်တို့ကို သတိပေးချက်တစ်ခု မဟုတ်လား ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ ဘယ်လိုရှာဖွေသင့်လဲ ပြီးတော့ ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ဘယ်လိုရနိုင်မလဲ အဖြေတွေကို ဒီအစီအစဉ်ကနေ အတူတူရှာကြပါစို့။
များပြားသောအကြံပြုချက်များ
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နောက်ဆုံးသော သဘော
သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် သူတို့၏ အပြစ်များသည် ဖြေလွှတ်ခြင်းခံရပြီးဖြစ်သည်၊ သူတို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းရရှိပြီဖြစ်သည်၊ ထို့အပြင် လူတစ်ယောက်သည် ကယ်တင်ခြင်းခံရပြီးသည်နှင့် ထာဝရကယ်တင်ခြင်းခံရပြီးဖြစ်သည်၊ ပြီးလျှင် သခင်ယေရှုပြန်လည်ကြွလာသည်နှင့် သူတို့သည် ချီဆောင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ သို့သော် သခင်ယေရှုက မိန့်မြွက်ခဲ့သည်။ "သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁) "သခင်၊ သခင်" ဟုခေါ်သည့် ဤလူတို့သည် သခင့်အပေါ် သူတို့၏ ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းခံရပြီးသူတို့ဖြစ်ကြသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သူတို့ထဲမှ လူတိုင်း ကောင်းကင်နိုင်ငံတော်သို့ မဝင်ရောက်နိုင်သနည်း။ မည်သို့ ဖြစ်နေပါသနည်း။ ကယ်တင်ခြင်းခံရခြင်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်းတို့ကြားရှိ ဆက်နွယ်ပုံသည် အတိအကျ မည်သို့ဖြစ်သနည်း။