菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ယုံကြည်သူ. Show all posts
Showing posts with label ယုံကြည်သူ. Show all posts

2/03/2020

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်

အသက်, ကယ်တင်ခြင်း, ယုံကြည်ခြင်း, ဆုတောင်း, ဧဝံဂေလိ

ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

1/13/2020

(မျှော်လင့်တောင့်တခြင်း) ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည်

  
Myanmar new Movie (မျှော်လင့်တောင့်တခြင်း) ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည်


ယုံကြည်သူများစွာတို့သည် အောက်ပါ သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်ကို ဖတ်ရှုပြီးဖြစ်သည်၊ "လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။" (မဿဲ ၂၄:၃၀) သခင် ပြန်ကြွလာသည့်အခါ သူသည် မိုးတိမ်နှင့်အတူ ဧကန်မုချ ဆင်းကြွလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သို့သော် ကျမ်းစာထဲတွင်၊ "သူခိုးကဲ့သို့ ငါလာ၏။" (ဗျာဒိတ် ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (မဿဲ ၂၅: ၆) ဟု ဆိုသော အခြား ပရောဖက်ပြုချက်များ ရှိလေသည်။ သခင်သည် မိုးတိမ်ပေါ်မှ ပေါ်ပေါ်တင်တင် ဆင်းကြွလိမ့်မည်ဟူသော ပရောဖက်ပြုချက်အပြင်၊ သခင်သည် တိတ်တဆိတ် ကြွလာလိမ့်မည်ဟူသော ပရောဖက်ပြုချက်များလည်း ရှိသည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာတရားမှာ အဘယ်နည်း။

ဓမ္မသီချင်းဝေငှမည်

Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

1/10/2020

Myanmar Gospel Crosstalk (တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်)

 

နှစ်ပေါင်း ၂ဝဝဝ လုံးလုံးတွင် သုံးပါးတစ်ဆူဟူသော ဘာသာရေးဆိုင်ရာ အယူအဆကို ခရစ်ယာန်ယုံကြည်မှု၏ အခြေခံရေသောက်မြစ်တစ်ခုအဖြစ် မြင်လာခဲ့ကြသည်။ သို့သော် ဘုရားသခင်သည် အမှန်တကယ်ပင် သုံးပါးတစ်ဆူ ဖြစ်သလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့ကြား ဆက်နွှယ်မှုမှာ အတိအကျဆိုသော် မည်သို့နည်း။ ဤမေးခွန်းတို့ကို မည်သူမျှ ရှင်းလင်းစွာ အဖြေပေးနိုင်ခြင်း မရှိသေးပါ။ တစ်ရက်တွင် ညီအစ်ကိုကျန်းက "သုံးပါးတစ်ဆူဆိုတာ တကယ် ရှိသလား" ဟူသော မေးခွန်းတစ်ခုကို သူ့အသင်းတော်၏ အွန်လိုင်းဂရုထဲတွင် တင်ပါသည်။ ဤမေးခွန်းမှာ ယုံကြည်သူများကြားတွင် အပြင်းအထန် ဆွေးနွေးစရာ ဖြစ်လာပြီးနောက်၊ ကျန့်ရွှန်နှင့် လီရွေးတို့က ဤမေးခွန်းနှင့်ပတ်သက်ပြီး ဆက်၍ ဆွေးနွေး မိတ်သဟာယ ပြုကြသည်။ ၎င်းတို့နှစ်ယောက်၏ သုံးသပ်ချက်က မည်သို့ဖြစ်မည်နည်း။ 'တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်' ဟု အမည်ပေးထားသည့် အလွတ်ဆွေးနွေးမှုတိုကို ကျေးဇူးပြု၍ ခံစားကြည့်ပါ။

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

11/10/2019

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း နောက်ဆုံးတွင် ကျွန်မ နားလည်သည်

ယေရှု, ယုံကြည်သူ, ကယ်တင်ခြင်, သမ္မာတရား, ကောင်းကင်နိုင်ငံတော်,

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု

အယ်ဒီတော့မှတ်စု– လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းမျှဖြင့် ဖခမည်းတော်၏ အလိုတော်ကို ကျွန်တော်တို့ လုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်၊ သို့သော် သခင်ယေရှုက- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ဆိုထားပါသည်။ သခင်ယေရှုက သူ၏ အမည်နာမ၌ လုပ်ဆောင်ဟောပြောသောသူများကို အဓမ္မအမှုကိုပြုသောသူများဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းသည် ဖခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်နေခြင်း မဟုတ်သလော။ ခမည်းတော်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုခြင်းသက်သက်နည်း။ ညီအစ်မဆင်းလျှိုး၏ အတွေ့အကြုံက ကျွန်တော်တို့ကို အဖြေတစ်ခု ပေးပါသည်။ ပိုမိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ…

11/04/2019

ယေရှုခရစ်တော် ပြန်ကြွလာမည့် နည်းလမ်းနှစ်ခုကို သင်သိပါသလား

အသင်းတော်, ယုံကြည်သူ, သခင်ယေရှု, သမ္မာတရား, အသက်,
ကျိုကျင်း

တစ်နေ့ အွန်လိုင်းပေါ်တွင် အသက်ပါသော ဆွေးနွေးမှုတစ်ခုကို ကျွန်မ တွေ့ရသည်၊ ကမ္ဘာ့အနောက်ဘက်ခြမ်းတွင် သွေးရောင်လွှမ်းသောလလေးလုံး ပေါ်ထွက်ခြင်းမှာ အဆုံးသတ်ကာလ၏ သတိပေးချက်တစ်ခုဖြစ်ပြီး၊ အကြီးစား ငလျင်များ တစ်ကမ္ဘာလုံးအနှံ့ မကြာခဏ ပိုမိုဖြစ်လာနေသည်ဟု လူများက ပြောဆိုနေကြလေသည်။ ကျွန်မ ကိုယ်ကိုယ်ကိုယ် တွေးမိသည်မှာ၊ “သွေးရောင်လွှမ်းတဲ့လလေးလုံးက ဖြစ်နှင့်ပြီးပြီ။ အာကာသဖြစ်စဉ်တွေ ပေါ်ထွက်ပြီးပြီ။ ကပ်ဘေးတွေက ကမ္ဘာတစ်ဝှမ်းလုံးမှာ မကြာခဏ ဖြစ်ပေါ်နေတယ်။ အကြမ်းဖက်တဲ့ အဖြစ်အပျက်တွေက တိုးလာနေတယ်၊ စစ်ပွဲတွေက စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်…။ နမိတ်တွေအားလုံးက သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အခြေခံကျကျ ပြည့်စုံနေပြီဆိုတာ ပြနေတယ်။ ဒီတော့ ငါတို့ကို တွေ့ဆုံဖို့ မိုးတိမ်ပေါ်မှာ သူ ကြွဆင်းလာတာကို ဘာလို့ ငါမတွေ့ရသေးတာလဲ။ သခင် ပြန်မကြွလာသေးတာလား ဒါမှမဟုတ် သူ ကြွပြီးပြီဖြစ်ပေမယ့် ငါ သူ့ကို မတွေ့သေးတာလား။ သူ့ရဲ့ ပြန်ကြွလာခြင်းကို ငါ ဘယ်လို ကြိုဆိုနိုင်မှာလဲ” ဟူ၍ ဖြစ်သည်။ ဤရှုတ်ထွေးမှုသည် ကျွန်မ စိတ်နှလုံးဝန်းကျင်ကို အလိုလို ထိခိုက်စေပြီး ကျွန်မကို ခေါင်းခြောက်စေခဲ့သည်။ ဤကိစ္စရပ်အပေါ် ရှင်းလင်းမှုအချို့ရအောင် ကြိုးစားရင်း၊ သခင့်ကို ကျွန်မ စတင်ပြီး ဆုတောင်းပြီးရင်း ဆုတောင်းနေခဲ့သည်။ သူ့ကို ကျွန်မ ကြိုဆိုနိုင်ဖို့ရန်နှင့် သူ၏ စွန့်ပစ်ခြင်းကို မခံရစေဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးဖို့နှင့် လမ်းပြဖို့ သူ့ကို ကျွန်မ တောင်းလျှောက်နေခဲ့သည်။

10/17/2019

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို စီစဉ်ပြီး မိုးမျက်နှာကြက်ကို ပြုလုပ်ကာ အခြေခံ အကျဆုံးလူသား၏ ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်နေရာ ပေါ်ထွက်လာသည်

သမ္မာကျမ်းစာ, အသက်, ဘုရားသခင်, ယုံကြည်သူ, စကြဝဠာ,

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ” ဟုမိန့်ပြီးနောက်တွင် မည်သို့ပြောင်းလဲမှု ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုသည်၊ “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်အပြီးတွင် အဘယ်ရလဒ်ရလာသနည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်းတွင်ရှိသည်။ “ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။”

9/10/2019

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်မကို နိုးထစေခဲ့ပြီ

ကယ်တင်ခြင်း, အသင်းတော်,သမ္မာတရား, ခရစ်တော်, ယုံကြည်သူ,

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်” ဆိုတဲ့ ဘုရားသခင်ရဲ့နှုတ်ထွက်စကားတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားတဲ့သူတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲလို့ အရင်က ကျွန်မအမြဲ စဉ်းစားခန်းဖွင့်နေကျ ဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက်တော့၊ သူတို့တွေဟာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်တဲ့သူတွေပဲလို့ ထင်ပါတယ်။ အဲဒါကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်းလှည့်ပြန်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတွေ့မိတိုင်း သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမယ့်၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲလို့ တွေးမိရင်း ကျွန်မရဲ့စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်လာတယ်။ အဲဒီလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့တိုင်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံယူတဲ့အချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးလို့ ခံစားခဲ့ရတယ်။

8/25/2019

အပြန်အလှန်စကားပြောဆိုခြင်း - တရုတ်ကွန်မြူနစ်ပါတီသည် ခရစ်ယာန်များအား အဘယ်ကြောင့် အလွန်အမင်း နှိပ်ကွပ်သနည်း။ (အပိုင်း ၁/၆)

  

တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဘာသာရေးလွတ်လပ်ခွင့်အား ရှင်းလင်းစွာ ပြဌာန်းထားသော်လည်း နောက်ကွယ်တွင် အစိုးရသည် ဘာသာရေးယုံကြည်မှုများအား အရူးအမူး နှိပ်ကွပ်ပြီး ခရစ်ယာန်များအား ကြမ်းတမ်းစွာ ဖိနှိပ်ခြင်းအပေါ်တွင် လူနှင့် ဘဏ္ဍာရေးဆိုင်ရာအရင်းအမြစ်များ များပြားစွာ သုံးစွဲသည်။ ခရစ်ယာန်များအား စောင့်ကြည့်ရန်၊ နောက်ယောင်ခံလိုက်ရန်နှင့် ဖမ်းဆီးရန်အတွက် ခေတ်အမီဆုံး စောင့်ကြည့်ကိရိယာများ ဝယ်ရာတွင်ပင်လျှင် ရပ်တန့်ခြင်းမရှိပေ။ တရုတ်အစိုးရသည် ၎င်း၏ နိုင်ငံသားများ၏ ယုံကြည်ကိုးကွယ်မှုလွတ်လပ်ခွင့်အား ခွာချခဲ့ပြီး ယုံကြည်သူများအား သူတို့၏ အသက်ရှင်ရပ်တည်ရေး အခွင့်အရေးအား အကြောင်းမဲ့သက်သက် ပိတ်ပင်ခဲ့သည်။ ဤသို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီမှ ဤအရာများအားလုံးကို ပြုလုပ်နေရခြင်း၏ နောက်ကွယ်မှာ အကြောင်းအရင်းနှင့် ပန်းတိုင်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သနည်း။

များပြားသောအကြံပြုချက်များ 

ဘုရားသခင်၏ ကျေးဇူးတော်ကို သက်သေခံချက်များ

7/02/2019

ခရစ်ယာန်သီချင်း | ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ


Myanmar videos song | ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

I

လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ

လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင်

ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး

ဘုရားသည် ကျွန်ုပ်တို့ထဲ၌ နေထိုင်အသက်ရှင်

မထင်ရှားသော နောက်လိုက်တစ်ဦးလို၊ သာမန်ယုံကြည်သူ တစ်ဦးလို

မိမိကိုယ်ပိုင် ရည်မှန်းချက် ပန်းတိုင်များနှင့်

သာမန်လူသားတို့၌ မရှိသော ဘုရားသဘာဝ သူ့မှာရှိသည်

ထိုဘုရားသဘာဝကို ဘယ်သူမျှ သတိမပြုမိခဲ့၊

လူနှင့်သူ၏ သဘောသဘာဝတို့၏ ခြားနားမှုကို လည်း မသိခဲ့

ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ၊

သူ၏ကြွလာခြင်းကို ဘယ်သူမျှ မကြိုဆို

ထို့အပြင် သူလုပ်ဆောင်မည့်

ခပ်သိမ်းသောအရာတို့ကိုလည်း ဘယ်သူမျှ မသိ

သူသည် ကျွန်ုပ်တို့ အမြင်တွင် မထင်ရှားသော

နောက်လိုက်တစ်ဦးသာဖြစ်၍ ကျွန်ုပ်တို့ ကြောက်ရွံ့စရာမလို၊

ကန့်သတ်မှုမရှိဘဲ သူနှင့်တွဲ၍ အသက်ရှင်ကြသည်

ကျွန်ုပ်တို့လုပ်ဆောင်မှုများကို သူစောင့်ကြည့်

ကျွန်ုပ်တို့အတွေးများကို လည်းသူမြင်

11/30/2018

Myanmar Christian Movie Clip ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရရန် - မည်သို့လျှောက်လှမ်းမည်နည်း (၂)


ကိုယ်တော့်ကို ယုံကြည်သူအများစုသည် “ကျွနု်ပ်တို့ဟာ ကိုယ်တော့်၏နှုတ်ကပတ်တော်ကိုလိုက်နာပြီး ကိုယ့်ကိုကိုယ်နှိမ့်ချသည်းခံလျှက် ရှင်ပေါလုရဲ့ စံနမူနာအတိုင်း ကိုယ်တော့်အတွက် စွန့်လွှတ်ပေးဆပ်အမှုတော်ဆောင်မယ်ဆိုလျှင် ဒါဟာ ကိုယ်တော့်ရဲ့အလိုတော်ကို ကျေနပ်အောင်ဖြည့်ဆည်းပေးတာပဲ”ဟု ခံစားကြသည်။ ထို့နောက်ကိုယ်တော်ပြန်ကြွလာတဲ့အခါ ကောင်းကင်နိုင်ငံတော်သို့ အခေါ်ခံရလိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် တို့တွေသည် ကိုယ်တော့်၏ချီးမြှောက်ခံရမှုရစေရန် နှင့် ကောင်းကင်ဘုံဝင်ခွင့်ရစေရန် နည်းလမ်းများကို အမှန်တကယ် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြပါသလား။ ထိုသို့မဟုတ်လျှင် ကိုယ်တော့်၏ချီးမြှောက်ခံရမှုရစေရန် နှင့် ကောင်းကင်ဘုံဝင်ခွင့်ရစေရန် မည်သည့်နည်းလမ်းကို ကျွနု်ပ်တို့လိုက်လျှောက်ကြမည်နည်း။

များပြားသောအကြံပြုချက်များ

သိုးသငယ်၏ ခြေရာနောက်ကို လိုက်မှီခြင်း- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်