菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ပရောဖက်ပြုချက်. Show all posts
Showing posts with label ပရောဖက်ပြုချက်. Show all posts

1/17/2020

Myanmar Gospel Crosstalk (သခင်ကအမှန်တကယ် ဘယ်လို ကြွလာသလဲ)

  

နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်လည်ကြွလာခြင်းအား စောင့်ဆိုင်းနေကြသည့် ခရစ်ယာန်များ၏ စိတ်ခံစားချက်မှာ ပို၍ ပြင်းထန်လာနေသည်။ သို့သော် သခင်သည် မည်ကဲ့သို့သော ပုံစံဖြင့် ပြန်လာမည်နည်း။ အချို့က ပြောသည်၊ "သခင်ယေရှုက မိုးတိမ်ကို စီးပြီး ကြွလာလိမ့်မယ်။" တခြားလူတွေက ဤသို့ ပြောပြန်သည်၊ "ကိုယ်တော် ကြွလာခြင်းကို ဟောကိန်းထုတ်ထားတဲ့ ပရောဖက်ပြုချက်တွေမှာ ဒီလို ဖော်ပြထားတယ်၊ ‘သူခိုးကဲ့သို့ ငါလာ၏’ (ဗျာဒိတ်ကျမ်း ၁၆:၁၅)၊ ‘ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ (ရှင်လုကာခရစ်ဝင်ကျမ်း ၁၇:၂၅) ‘သန်းခေါင်ယံ၌ ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၅:၆)။ လူအားလုံး မြင်စေဖို့အတွက် မိုးတိမ်စီးပြီး ကြွလာမယ်ဆိုရင်၊ ကိုယ်တော်က တိတ်တဆိတ် ကြွလာမယ်ဆိုတာတွေ၊ ဒုက္ခတွေ ခံစားပြီး ငြင်းပယ်ခြင်း ခံရမယ်ဆိုတာတွေအပြင်၊ တခြားလူတွေက ကိုယ်တော် ပြန်လည်ကြွလာခြင်းကို သက်သေခံကြလိမ့်မယ်ဆိုတဲ့ လျှို့ဝှက်နက်နဲမှုကို ဘယ်လိုရှင်းပြကြမလဲ။" သခင်သည် ကျွန်ုပ်တို့ထံ မည်သို့ ပေါ်ထွန်းလာမည်နည်း။ 'သခင်က အမှန်တကယ် ဘယ်လို ကြွလာသလဲ' ဟူသော ဟာသစကားပြောပွဲသည် ဤပြဿနာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ သံသယတို့ကို ဖြေရှင်းပေးရန် ကြိုးစားထားပါသည်။

ရုပ်ရှင်ဝေဌာမယ်

Myanmar new Movieသီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ - အလုပ်ခွင်၌ ခရစ်ယာန် သက်သေခံချက်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

1/13/2020

(မျှော်လင့်တောင့်တခြင်း) ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည်

  
Myanmar new Movie (မျှော်လင့်တောင့်တခြင်း) ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည်


ယုံကြည်သူများစွာတို့သည် အောက်ပါ သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်ကို ဖတ်ရှုပြီးဖြစ်သည်၊ "လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။" (မဿဲ ၂၄:၃၀) သခင် ပြန်ကြွလာသည့်အခါ သူသည် မိုးတိမ်နှင့်အတူ ဧကန်မုချ ဆင်းကြွလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သို့သော် ကျမ်းစာထဲတွင်၊ "သူခိုးကဲ့သို့ ငါလာ၏။" (ဗျာဒိတ် ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (မဿဲ ၂၅: ၆) ဟု ဆိုသော အခြား ပရောဖက်ပြုချက်များ ရှိလေသည်။ သခင်သည် မိုးတိမ်ပေါ်မှ ပေါ်ပေါ်တင်တင် ဆင်းကြွလိမ့်မည်ဟူသော ပရောဖက်ပြုချက်အပြင်၊ သခင်သည် တိတ်တဆိတ် ကြွလာလိမ့်မည်ဟူသော ပရောဖက်ပြုချက်များလည်း ရှိသည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာတရားမှာ အဘယ်နည်း။

ဓမ္မသီချင်းဝေငှမည်

Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

11/08/2019

ထာဝရအသက်လမ်းခရီးဆိုသည်မှာ အဘယ်နည်း

ယေရှု, ပရောဖက်ပြုချက်, ဝိညာဉ်တော်, ကယ်တင်ခြင်း, ကောင်းကင်နိုင်ငံတော်,

ယောင်ချင်း

သခင့်ကို ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့တွင် ထာဝရအသက်လမ်း ရှိပါသလား။

သခင်ယေရှုက “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) ဟု မိန့်တော်မူခဲ့ပါသည်။ သခင့်၌ ညီအစ်ကို မောင်နှမများစွာက သခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သခင့်ထံတွင် ထာဝရအသက်လမ်း ရှိကာ ကျွန်ုပ်တို့ကို ဟိုးအရင်ကတည်းက ပေးခဲ့သည်ဟု ယုံကြည်ကြလေသည်။ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခဲ့သည့် နှစ်များတွင် ကျွန်ုပ်တို့၏ အပြစ်များကို ဆက်လက်ဝန်ချခဲ့ကြပြီး ကိုယ်တော်၏ သွန်သင်ချက်များနှင့်အညီ နောင်တရခဲ့ကြသည်။ သခင့်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ဒုက္ခဝေဒနာခံစားပြီး အဖိုးအခပေးခဲ့ကြသည်။ ကိုယ်တော်၏ အသင်းတော်များကို ကျွန်ုပ်တို့ ထိန်းကျောင်းခဲ့ကြသည်။ သူ့နောက်လိုက်ရန် ကားတိုင်များကို ထမ်းရွက်ခဲ့ကြသည်။ အခြားသူများကို ကျွန်ုပ်တို့ သည်းခံပြီး စိတ်ရှည်ခဲ့ကြကာ ကပ်ဘေးများ သို့မဟုတ် ညှင်းပန်းနှိပ်စက်မှုများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ကိုယ်တော်၏ အမည်နာမကို မငြင်းပယ်ခဲ့ကြပါ။ သခင့် လမ်းကို ကျွန်ုပ်တို့ ထိန်းသိမ်းနိုင်ကြသည်။ ထို့ကြောင့် ထာဝရအသက်လမ်းကို ကျွန်ုပ်တို့ ရှိထားနှင့်ကြပြီဖြစ်ပြီး သခင်ကြွလာသည့်အခါ ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိမည့်နေရာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို ချီမသွားပါလိမ့်မည်။ သို့သော် ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလား။ သမ္မာတရားနှင့် ကိုက်ညီပါသလား။