Myanmar new Movie (မျှော်လင့်တောင့်တခြင်း) ထို့ကြောင့် ဤသည်မှာ သခင် ပြန်ကြွလာပုံဖြစ်သည်
ယုံကြည်သူများစွာတို့သည် အောက်ပါ သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်ကို ဖတ်ရှုပြီးဖြစ်သည်၊ "လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။" (မဿဲ ၂၄:၃၀) သခင် ပြန်ကြွလာသည့်အခါ သူသည် မိုးတိမ်နှင့်အတူ ဧကန်မုချ ဆင်းကြွလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။ သို့သော် ကျမ်းစာထဲတွင်၊ "သူခိုးကဲ့သို့ ငါလာ၏။" (ဗျာဒိတ် ၁၆:၁၆) "သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊" (မဿဲ ၂၅: ၆) ဟု ဆိုသော အခြား ပရောဖက်ပြုချက်များ ရှိလေသည်။ သခင်သည် မိုးတိမ်ပေါ်မှ ပေါ်ပေါ်တင်တင် ဆင်းကြွလိမ့်မည်ဟူသော ပရောဖက်ပြုချက်အပြင်၊ သခင်သည် တိတ်တဆိတ် ကြွလာလိမ့်မည်ဟူသော ပရောဖက်ပြုချက်များလည်း ရှိသည်မှာ သိသာထင်ရှားပေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာတရားမှာ အဘယ်နည်း။
ဓမ္မသီချင်းဝေငှမည်
Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”
No comments:
Post a Comment