菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

9/10/2019

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်မကို နိုးထစေခဲ့ပြီ

ကယ်တင်ခြင်း, အသင်းတော်,သမ္မာတရား, ခရစ်တော်, ယုံကြည်သူ,

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု

မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်” ဆိုတဲ့ ဘုရားသခင်ရဲ့နှုတ်ထွက်စကားတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်မြတ်ကိုလက်ခံပြီး နောက်ကြောင်း ပြန်လှည့်သွားတဲ့သူတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲလို့ အရင်က ကျွန်မအမြဲ စဉ်းစားခန်းဖွင့်နေကျ ဖြစ်ခဲ့ပါတယ်။ ကျွန်မအတွက်တော့၊ သူတို့တွေဟာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ နာကျင်မှုဒဏ်ကို မတွေ့ကြုံ မခံစားချင်တဲ့သူတွေပဲလို့ ထင်ပါတယ်။ အဲဒါကြောင့် အကြောင်းအမျိုးအမျိုးကြောင့် နောက်ကြောင်းလှည့်ပြန်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မတွေ့မိတိုင်း သူတို့တွေဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းခံရမယ့်၊ ပလ္လင်ဖြူကြီးဆီကနေထွက်ပြေးလာတဲ့ နောက်ထပ် ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေပဲလို့ တွေးမိရင်း ကျွန်မရဲ့စိတ်နှလုံးထဲမှာ သူတို့အပေါ် ရွံရှာစက်ဆုပ်မှုတွေနဲ့ ပြည့်လာတယ်။ အဲဒီလိုမျိုးအဖြစ်နဲ့ကြုံတွေ့ခဲ့တိုင်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံယူတဲ့အချိန်မှာ ကျွန်မ ကောင်းမွန်စွာပြုမူနေထိုင်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံရရှိဖို့ရာ မဝေးတော့ဘူးလို့ ခံစားခဲ့ရတယ်။

တစ်နေ့ ကျွန်မ ဝိညာဉ်ရေးရာ ဝတ်ပြုဆုတောင်းနေခဲ့တဲ့ အချိန်မှာ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” ဆိုတဲ့ ကျမ်းပိုဒ်ထဲမှာ အောက်က ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို တွေ့မြင်ခဲ့တယ်- “အကြောင်းမှာ ဤအမှု၏အနှစ်သာရသည် အကယ်စင်စစ် ဘုရားသခင်ကို ယုံကြည်သူများအားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ဖွင့်ပြပေးသည့် အမှုပင်ဖြစ်သည်။ ဤအမှုသည် ဘုရားသခင်ပြုသော တရားစီရင်ခြင်းအမှုပင် ဖြစ်ပေ၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးအရာများအဖြစ် မမှတ်ယူလျှင်၊ ၎င်းတို့ကို အစဉ်တစိုက် ရှောင်ရှားရန် ကြိုးစားနေလျှင် သို့မဟုတ် ၎င်းတို့မှခွဲထွက်နိုင်မည့် လမ်းသစ်တစ်ခုကို ရှာဖွေနေမည်ဆိုလျှင် သင်သည် ဝမ်းနည်းဖွယ်ရာကောင်းသော အပြစ်သားတစ်ဦးပင်ဖြစ်သည်ဟု ငါပြောမည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်ငြားလည်း၊ သင်သည် ယခုတိုင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို မရှာသေးလျှင်၊ ဘုရားသခင်အနီးသို့ ဆောင်ကျဉ်းပေးနိုင်သော လမ်းခရီးကိုလည်း မနှစ်သက်နိုင်သေးလျှင်၊ သင်သည် တရားစီရင်မှုကို ကြိုးစား၍ ရှောင်တိမ်းနေသူ တစ်ယောက်ဖြစ်ပြီး၊ သင်သည် မဟာပလ္လင်ဖြူမှ ထွက်ပြေးနေသော သစ္စာဖောက်နှင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေချေပြီဟု ငါပြောမည်။ ဘုရားသခင်သည် သူ၏ မျက်မှောက်မှ တိမ်းရှောင်နေသော ပုန်ကန်သူ မည်သူ့ကိုမှ အလွတ်ပေးလိမ့်မည် မဟုတ်။ ထိုလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ခံကြရလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ တရားစီရင်မှုကို ခံယူရန် လာရောက်ကာ သန့်စင်မှုကို ခံရသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် ထာဝရ နေရလိမ့်မည်။” အဲဒီနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်ပြီးနောက်ပိုင်း ပလ္လင်ဖြူကြီးဆီကနေ ထွက်ပြေးလာတဲ့ ရုပ်သေးရုပ်တွေနဲ့ သစ္စာဖောက်ဖျက်သူတွေဆိုတာဟာ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်တွေကို လက်ခံခဲ့ပြီးမှ နောက်ပိုင်းမှာ နောက်ကြောင်းလှည့်ပြန်တဲ့သူတွေကိုသာလျှင် ညွှန်းဆိုထားတာ မဟုတ်သေးဘူးဆိုတာကို ကျွန်မ နောက်ဆုံးမှာ သဘောပေါက်သွားခဲ့တယ်။ ဒီနှုတ်ကပတ်တော်တွေက ဘုရားသခင်နောက်ကို လိုက်ပေမယ့် သမ္မာတရားကို မချစ်တဲ့သူတွေ၊ သမ္မာတရားကို ငြီးငွေ့နေတဲ့သူတွေကို အဓိက ရည်ညွှန်းတာဖြစ်ပြီး၊ ဘုရားသခင်ရဲ့နှုတ်ကကပတ်တော်တွေထဲက သမ္မာတရားကို ရှာဖွေဖို့ အာရုံမစိုက်ဘဲ ပြဿနာတွေ ကြုံတွေ့ခါမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့သူတွေကိုလည်းပဲ အဲဒီနှုတ်ကပတ်တော်က ရည်ညွှန်းတာဖြစ်ပါတယ်။ ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပေမယ့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေရဲ့ပြင်ပမှာ ဆက်လက်နေထိုင်နေခဲ့ကြသူတွေအားလုံးနဲ့၊ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်း ဒါမှမဟုတ် ပြုပြင်ခြင်းကို ဘယ်တော့မှ လက်မခံတဲ့သူတွေဟာ ပလ္လင်ဖြူကြီးဆီကနေ ထွက်ပြေးလာတဲ့ ရုပ်သေးရုပ်တွေပါပဲ။

ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းညွှန်မှုအောက်မှာ ကျွန်မ စပြီး ဆင်ခြင်တတ်လာခဲ့တယ်။ ဘုရားသခင်က အခုအချိန်မှာ လူသားတွေကို တရားစီရင်ဖို့ သူရဲ့နှုတ်ကပတ်တော်တွေကို ဖော်ပြနေတယ်။ ဘုရားသခင်ဟာ ဆင်းရဲဒုက္ခတွေနဲ့ စစ်ဆေးခြင်းနည်းတွေအားဖြင့် လူတွေရဲ့အတွင်းထဲက ဆိုးယုတ်တဲ့ အဆိပ်အတောက်တွေကို ရှင်းလင်းသန့်စင်နေပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ဆင်းရဲဒုက္ခတွေနဲ့ စစ်ဆေးခြင်းတွေ ကျွန်မအပေါ်ကို ကျရောက်လာချိန်တိုင်း သမ္မာတရားကို ရှာဖွေဖို့နဲ့ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ပြီး သင်ခန်းစာရယူဖို့အတွက် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းနဲ့ စီမံမှုတွေကို လိုက်နာဖို့ ကျွန်မမှာ ဆန္ဒမရှိနေခဲ့ဘူး။ အဲဒီအစား ကျွန်မအနေနဲ့ ဘုရားသခင်ဟာ ဒီအခြေအနေတွေကို အမြန်ဆုံး ဖယ်ရှားပစ်ပါလိမ့်မယ်လို့ မျှော်လင့်ရင်း အမြဲ ရုန်းထွက်ဖို့ ကြိုးစားနေလေ့ ရှိခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ သမ္မာတရားကို ရှောင်လွှဲနေပြီး ဘုရားသခင်ရဲ့စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုကို ငြင်းဆန်နေတာမဟုတ်ဘူးလား။ ဘုရားသခင်ကြောင့်ဖြစ်လာခဲ့တဲ့ လူတွေ ဒါမှမဟုတ် အကြောင်းကိစ္စတွေဟာ ကျွန်မရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့ မကိုက်ညီတဲ့အချိန်မှာ၊ ဒါမှမဟုတ် ကျွန်မကို သွေးသားဒုက္ခဝေဒနာ နည်းနည်း ဖြစ်စေတဲ့အခါမှာ ကျွန်မဟာ အဆိုးမြင်လာခဲ့တယ်။ ယုံကြည်သူ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့တဲ့ပွဲတွေက ဘုရားသခင်အပေါ် ကျွန်မရဲ့အထင်လွဲမှားမှုတွေကို ရှင်းလင်းပေးနိုင်ရုံမက ကျွန်မရဲ့ပြဿနာတွေကို ရှင်းလင်းသွားစေနိုင်တာတောင် ကျွန်မဟာ စကားနားထောင်ဖို့ ငြင်းဆန်နေတုန်းပါ။ ဒါဟာ သမ္မာတရားကို မရှာဖွေဘဲ ဘုရားသခင်မိန့်ဆိုခဲ့တဲ့ နှုတ်ကပတ်တော်ထဲကအတိုင်း ဘုရားသခင်နဲ့ နီးစပ်လာစေမယ့်နည်းလမ်းကို မနှစ်သက်တာ မဟုတ်ပေဘူးလား။ ကျွန်မထမ်းဆောင်ရတဲ့ တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်ဆောင်တဲ့အတွက် ကျွန်မဟာ ရိုက်နှက်ဆုံးမခံရပြီး ပြုပြင်ခံခဲ့ရချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဖြေရှင်းချက်ပေးဖို့ အကြောင်းပြချက်တွေနဲ့အတူ၊ တာဝန်ကို ရေသာခိုဖို့ ကျွန်မ အမြဲတမ်း နည်းလမ်းရှာခဲ့တယ်။ ဒီလိုပြုမူတာဟာ သမ္မာတရားကိုလက်ခံဖို့ ငြင်းဆန်နေတဲ့ အနှစ်သာရပဲ မဟုတ်ဘူးလား။ ကျွန်မဟာ ကျွန်မရဲ့သွေးသားစိတ်ဝင်စားမှုတွေကို ခဏတိုင်းကာကွယ်ပေးပြီး မကောင်းမှုပျော်စရာတွေထဲမှာပဲ မွေ့လျော်နေပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်မဟာ ကျွန်မကိုယ်ကျွန်မ နည်းနည်း မုန်းတီးစပြုလာပြီး ကျွန်မစိတ်နှလုံးထဲကနေ ကိုယ့်ကိုယ်ကိုအပြစ်တင်လာတယ်။ ပြီးနောက်မှာတော့ ကျွန်မဟာ အမှုအရာတွေကို ကိုယ်ပိုင်နည်းလမ်းနဲ့ ဆက်လုပ်နေခဲ့ပြီး ကိုယ့်ကိုယ်ကို အလိုလိုက်ခဲ့တယ်။ အဲဒီလိုပြုမူတာက တရားစီရင်ခြင်းကို လက်ခံရုံလေးသာလက်ခံပြီး သန့်ရှင်းစင်ကြယ်စေဖို့အတွက် မကြိုးစားခြင်းပဲ မဟုတ်ဘူးလား။ အဲဒါကိုအခုအချိန်မှာ စဉ်းစားမိလိုက်တယ်။ ကျွန်မကိုယ်ပိုင်ထုတ်ဖော်ပြသမှုတွေကို ပြန်တွေးမိတဲ့အခါ ကျွန်မ မကြောက်လန့် မတုန်လှုပ်ဘဲ မနေနိုင်ပါဘူး။ အသင်းတော်ထံကနေ ကျွန်မ မစွန့်ခွာသွားခဲ့သေးဘဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ရွတ်ဖတ်ပြီး ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်နေခဲ့တာတောင် ပြဿနာတစ်စုံတစ်ရာကြုံတိုင်းကြုံတိုင်း ကျွန်မဟာ သမ္မာတရားကိုလက်ခံဖို့ အမြဲတမ်း ငြင်းဆန်ခဲ့ပြီး ဘုရားသခင်ရဲ့ တရားစီခြင်းအမှုတော်ကနေ ရှောင်ပြေးနေတုန်းပါပဲ။ ကျွန်မဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို တခါမှ မတွေ့ကြုံခဲ့ရသလို လက်တွေ့ကျင့်ဆောင်ခြင်းလည်း မရှိခဲ့ပါဘူး။ ကျွန်မဟာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းပလ္လင်တော်ဆီကနေ ထွက်ပြေးတဲ့ ရုပ်သေးရုပ်လို သစ္စာဖောက်ဖျက်သူတစ်ယောက် သေချာပေါက် ဖြစ်မနေပေဘူးလား။ သို့ပေမဲ့လည်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိဖို့အင်မတန်နီးစပ်နေခဲ့ပြီလို့ ကျွန်မ ယုံကြည်ထားခဲ့မိပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပေါ် ကျွန်မရဲ့ နားလည်သိမြင်မှုက အရမ်းတစ်ဖက်သတ်ဆန်ပြီး လေးနက်မှုမရှိခဲ့သလို ဘုရားသခင်ရဲ့ အမှုတော်မြတ်နဲ့ပတ်သက်ပြီး အသိပညာ အတော်လေးကင်းမဲ့နေခဲ့တယ်။ အခုတော့ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်း အမှုတော်ကို ရိုကျိုးစွာ လက်ခံတဲ့သူတွေနဲ့ မိမိရဲ့ပင်ကိုယ်စိတ်သဘောထားတွေကို ပြုပြင်အောင်မြင်တဲ့သူတွေသာလျှင် ဘုရားသခင်ရဲ့ကယ်တင်ခြင်းဆုကျေးဇူးကို စစ်မှန်စွာ ရရှိမှာဖြစ်ပါတယ်။ အဲဒီအစား ကျွန်မဟာ ကိုယ်ပိုင်အယူအဆတွေ၊ ထင်မြင်ချက်တွေနဲ့ပဲ ရှင်သန်နေထိုင်ခဲ့တယ်။ သမ္မာတရားကို ငတ်မွတ်လိုချင်စိတ် မရှိခဲ့ဘူး။ မိမိရဲ့ကိုယ်ပိုင်ဘဝကို တာဝန်ယူမှု မရှိခဲ့ဘူး။ အန္တရာယ်ကြုံတွေ့ရတော့မှာကို၊ ဒါမှမဟုတ် အရေးပေါ်အခြေအနေကို လုံးဝသတိမမူမိခဲ့ပါဘူး။ ကျွန်မသာ အဲဒီလိုပုံစံမျိုးနဲ့ ဆက်လက်နေထိုင်သွားခဲ့ရင် ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်မှုကို ကျိန်းသေခံရမယ့်သူ ဖြစ်လာမှာပဲ မဟုတ်ပါလား။

ကျွန်မဟာ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းအမှုတော်ကိုလက်ခံဖို့ ဆန္ဒမရှိခဲ့တဲ့ လူတစ်ယောက်ဆိုတာကို နားလည်သဘောပေါက်ရင်း ကျွန်မရဲ့ကိုယ်ပိုင်ယူဆချက်တွေနဲ့ ထင်မြင်ချက်တွေထဲကနေ ကျွန်မ နိုးထလာခဲ့ရတဲ့အတွက် ဉာဏ်အလင်းပေးခဲ့တဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မဟာ အန္တရာယ်ကျရောက်ဖို့ သီသီလေးပဲလိုတော့တယ်ဆိုတာကိုလည်း တွေ့မြင်ခွင့်ရခဲ့ပါပြီ။ အခုအချိန်က စပြီးတော့ ကျွန်မစိတ်နှလုံးကို ဘုရားသခင်ထံ အလုံးစုံအပ်နှံမယ်။ ဘုရားသခင်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကို နာခံမယ်။ မကြာခင် ဘုရားသခင်အားဖြင့် ကျွန်မ သန့်စင်ခံရပြီး စုံလင်ခြင်းခံရနိုင်ဖို့အတွက် သမ္မာတရားနောက်ကို လိုက်လျှောက်ပြီး စိတ်သဘောထားပြောင်းလဲလာအောင် အစွမ်းကုန်ကြိုးစားသွားပါမယ်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ မှ

များပြားသောအကြံပြုချက်များ 

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်း

No comments:

Post a Comment