菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ဧဝံဂေလိတရား. Show all posts
Showing posts with label ဧဝံဂေလိတရား. Show all posts

12/05/2019

Myanmar new Movie 2019 (အိပ်မက်မှ နိုးထလာခြင်း )Revealing the Mystery of Entering the Kingdom of Heaven

 

Myanmar new Movie 2019 (အိပ်မက်မှ နိုးထလာခြင်း )Revealing the Mystery of Entering the Kingdom of Heaven

ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏ အပြစ်များကို ခွင့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူမသည် သူမ၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီး သူမအနေဖြင့် အရာခပ်သိမ်းကို စွန့်ကာ သခင့်အတွက် ကြိုးစားလုပ်ဆောင်သမျှ ကာလပတ်လုံး သခင်ယေရှု တဖန်ပြန်ကြွလာသည့်အခါ သူမသည် ကောင်းကင်နိုင်ငံတော်သို့ ကျိန်းသေ ဝင်ရောက်ရလိမ့်မည်ဟု သူမ ထင်မြင်သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက သံသယများကို ဖြစ်ပေါ်စေသည်၊ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွနု်ပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီး သခင့်အတွက် စွန့်လွတ်အနစ်နာခံမှုများကို ပြုပြီး ကျွနု်ပ်တို့ကိုယ်ကို အသုံးပြုနိုင်သော်လည်း ကျွနု်ပ်တို့သည် မကြာခဏ အပြစ်ပြုပြီး သခင့်အား အတိုက်အခံလုပ်ကြသည်။ ကျွနု်ပ်တို့သည် ဤပုံစံဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန် ဝင်ရောက်နိုင်သလော။ …ယုဖန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများနှင့် မိတ်သဟာယဖွဲ့ပြီး အချေအတင်ဆွေးနွေးမှုများ ပြုပြီးနောက် သူမသည် သခင် ကြွလာခြင်း နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၏ နက်နဲခြင်းအရာတို့ကို နားလည်လာပြီး နောက်ဆုံးတွင် သူမ၏ အိပ်မက်မှ နိုးထလာတော့သည် …

အကြံပြုစာမျာ:

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

10/22/2019

Myanmar Gospel Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) လူသားကြွရောက်လာခြင်း၏ နက်နဲမှု - ဇာတ်လမ်းတို ၁


သခင် ပြန်လည်ကြွရောက်ခြင်းအကြောင်း ပြောမယ်ဆိုရင်၊ သခင်ယေရှုက အခုလိုမိန့်ခဲ့ပါတယ်။ "ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်" (ရှင်လုကာခရစ်ဝင် ၁၂:၄၀)။ "ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြားထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်" (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)။ ဒီဟောကိန်းတွေထဲမှာ "လူသား ကြွလာလိမ့်မည်" "လူသား ကြွရောက်လာခြင်း" ဆိုတာတွေကို ပြောထားပါတယ်။ ဒါကြောင့် "လူသား ကြွရောက်လာခြင်း" ဆိုတဲ့အဓိပ္ပာယ်အတိအကျဟာ ဘာလဲ။ သခင်ယေရှုဟာ ဘယ်လိုနည်းလမ်းနဲ့ ပြန်ပြီးကြွရောက်လာမှာလဲ။ ဒီ ရုပ်ရှင်ဇာတ်ကားတိုဟာ သင့်အတွက် သမ္မာတရားကို ဖော်ထုတ်ပြပါလိမ့်မယ်။

ခရစ်ယာန်ရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

8/23/2019

【Live】Myanmar Gospel Movie | ကပ်ဘေးအတွင်း သတိပေးချက်

 သိမြင် ခံစားချက် ဘုရားသခင်၏စိတ်စေတနာသည် ကျွန်ုပ်တို့က လက်တွေ့ကျကျ ဘုရားသခင်ကို သိရှိနိုင်ရန်ဖြစ်သည်။ သူ့ကို ပြပ်ဝတ်ကိုးကွယ်နိုင်ရန်ဖြစ်သည်။ ဘုရားသခင်၏ စိတ်စေတနာကိုကျေးဇူးတင်ပါသည်။ အာမင် 



မိတ်ဆွေတို့ ကြိုဆိုပါတယ်။ တစ်ခါတုန်းက သခင်ယေရှုက၊ "နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏" လို့ပရောဖက်ပြုခဲ့ပါတယ် (ရှင်လုကာ ၁၇: ၂၆-၂၇) အခု ကျွန်တော်တို့ဟာ နောက်ဆုံးသော ကာလရဲ့နောက်ဆုံးခေတ်ကို ရောက်ရှိနေကြပါပြီ ကမ္ဘာလောကတစ်ခုလုံးက ပိုပို ဆိုးညစ်ပြီး မှောင်မိုက်လာနေပြီ မကောင်းမှု၊ မုသားတွေနဲ့ အကြမ်းဖက်မှုတွေကို လူသားမျိုးနွယ်က အားပေးကြတယ် ကပ်ဘေးမျိုးစုံက အဆက်မပြတ် ကျဆင်းလာနေတယ်။ ဒါဟာ ဘုရားသခင်ဆီကနေ ကျွန်တော်တို့ကို သတိပေးချက်တစ်ခု မဟုတ်လား ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ ဘယ်လိုရှာဖွေသင့်လဲ ပြီးတော့ ဒီကပ်ဘေးတွေကနေ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ဘယ်လိုရနိုင်မလဲ အဖြေတွေကို ဒီအစီအစဉ်ကနေ အတူတူရှာကြပါစို့။

များပြားသောအကြံပြုချက်များ 

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နောက်ဆုံးသော သဘော

6/11/2019

မတူညီသောနည်းလမ်းဖြင့် ကယ်တင်ခံရခြင်း

သမ္မာကျမ်းစာ, ဘုရားသခင်, အသင်းတော်, သမ္မာတရား, ခရစ်တော်,

ဟွမ်လင်း၊ တရုတ်ပြည်

ကျွန်မသည် ပင်တေကုတ္တေအသင်းတော်တွင် သာမာန်ယုံကြည်သူတစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ပြီးနောက် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ပြီးကတည်းကလည်း တစ်ခါဖူးမျှ အစည်းအဝေး မပျက်ကွက်ခဲ့ပါ။ အထူးသဖြင့် ယခုအချိန်သည် နောက်ဆုံးသောကာလအချိန် ဖြစ်ပြီး၊ သခင်ပြန်ကြွလာမည့်အကြောင်း သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများသည် အခြေခံအားဖြင့် ပြည့်စုံခဲ့ပြီ ဖြစ်ပါသည်။ သခင်သည် မကြာမီ ပြန်ကြွလာတော့မည် ဖြစ်သောကြောင့် ကျွန်မသည် သခင်နှင့် တွေ့ရန် ကျွန်မ၏ အခွင့်ကို မလွတ်ရစေရန် အစည်းအဝေးများကို ပို၍ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ပြီး၊ ကိုယ်တော် ပြန်ကြွလာမည်ကို တက်ကြွစွာ မျှော်လင့်လျက်ရှိပါသည်။

5/27/2019

ဧဝံဂေလိ ဂီတ (ဘုရားသခင်ရဲ့အောင်မြင်မှုကိုချီးမွမ်းပါ)


Myanmar Gospel Song (ဘုရားသခင်ရဲ့အောင်မြင်မှုကိုချီးမွမ်းပါ) A Cappella



ဘုရားရဲ့ အမှုတော်မြတ်တွေ အရမ်းအပြောင်းအလဲမြန်တယ်။

ယုံရခက်တယ်၊ ယုတ္တိရှိတယ်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ အရင်နဲ့မတူ

အားလုံး ဆန်းသစ်လှပနေပြီ

အရာရာပြန်လည်လန်းဆန်းလို့ ပြောင်းလဲနိုးကြွလာပြီ

ဘုရားရဲ့လူသားတွေ ချီးမွမ်းပြီ၊ ဝမ်းမြောက်ပြီ

တက်တက်ကြွကြွ သီဆိုချီးမွမ်းပြီ

ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့

လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ

ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့

လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ

ဟာလလေုယ

4/21/2019

ဧဝံဂေလိရုပ်ရှင် | ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်


New Myanmar Gospel Movie (ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်) | Preach the Everlasting Gospel in the Last Days


ခရစ်ယာန်ဖြစ်သည့် ချန်ယီရှင်းသည် သခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာလာ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကံကောင်းစွာဖြင့် ကြိုဆိုခွင့်ရသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသော ဆန္ဒနှင့် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရင်းဖြင့် သူမသည် မြို့များ၊ နယ်များ၊ အများအပြားဆီသို့ ခရီးထွက်ခဲ့သည်၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဖိနှိပ်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ၏ လိုက်လံဖမ်းဆီခြင်း၊ ဖိနှိပ်ခြင်းတို့ကိုလည်း ခံခဲ့ရသည်။ သူမသည် ဆင်းရဲဒုက္ခတွေ များပြားစွာ ခံယူရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းညွှန်မှုအောက်တွင် သူမသည် အန္တရာယ်ကို မကြောက်မရွံ့ဖြင့် ရှေ့သို့ ရဲရင့်စွာ ချီတက်လျက် သူမ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ 

Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်)


12/30/2018

Myanmar Gospel နှုတ်ကပတ်တော် ဓမ္မသီချင်း (လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့ ) | The Advice of God



I
လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့ အလွှာမျိုးစုံရှိ
လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း
ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊
လူတို့ကံကြမ္မာကို ဂရုပြုကြလော့

II
ဘုရားသခင်ကို အမြင့်မြတ်ဆုံးနဲ့ဂုဏ်တင်ထိုက်ဆုံး၊
အမြင့်ဆုံးနဲ့ တစ်ခုတည်းသောကိုးကွယ်ရာ ဖြစ်စေပါ
လူသားတစ်မျိုးလုံး ဘုရားရဲ့ကောင်းချီးအောက် နေခွင့်ပြု
အာဗြဟံရဲ့သားစဉ်မြေးဆက်တို့
ထာဝရဘုရားရဲ့ဂတိတော်၌ အသက်ရှင်ခဲ့ကြသကဲ့သို့
ဘုရားဖန်ဆင်းခဲ့သော အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့ကြသလို

III
ဘုရားအမှုတော်ဟာ ပြင်းထန်စွာ တက်သော လှိုင်းလုံးများသဖွယ်
ဘယ်သူမှ ဘုရားသခင်ကို မထိန်းချုပ်နိုင်၊ ဘယ်သူမှ သူ့ခြေလှမ်းကို မရပ်တန့်နိုင်
ဘုရားစကားကို နားထောင်ပြီး သူ့ကို ရှာဖွေခြင်းဖြင့်သာ
သူ့ခြေရာ လိုက်နိုင်ပြီး ဂတိတော်ရရှိနိုင်
အခြားသောသူအားလုံး သုတ်သင်ခြင်းနဲ့
ထိုက်သင့်ပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်
လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့ အလွှာမျိုးစုံရှိ
လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း
ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊
လူတို့ကံကြမ္မာကို ဂရုပြုကြလော့
အမှုတော်ကို ကြည့်ရှု လူတို့ကံကြမ္မာကို ဂရုပြုကြလော့


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

မြင်ကွင်းများ Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes

11/01/2018

ချီးမွမ်းခြင်း ဓမ္မသီချင်း-ဖန်ဆင်းခံလူသားများ ဘုရားထံ အသနားခံရမည်

ဘုရားသခင်, ဧဝံဂေလိတရား, အသက်, သမ္မာတရား, နောက်ဆုံးသောကာလ




I
ဘုရား သင့်ဆီက ဘာတောင်းတောင်း၊ သင့်မှာ ရှိသမျှ ပေးပါ
သင့်ရဲ့သစ္စာရှိမှုကို သူ့အား ပြပါ နောက်ဆုံးချိန်ထိ
ကြည်နူးတဲ့အပြုံးနဲ့ ဘုရားကို ပလ္လင်ပေါ်မှာ မြင်တွေ့ရင်
ဒီကမ္ဘာကြီးမှ ကျောခိုင်းထွက်ခွာသွားတဲ့ နေ့မှာ
မျက်လုံးလေးတွေမှိတ်လို့ ဝမ်းမြောက်ခြင်းနဲ့ သင်ရယ်မောနိုင်ပြီ
ဘုရားသခင် အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဖန်ဆင်းခံသူတို့
ကိုယ်တော်ရှင်ရဲ့ကရုဏာတော်ခံစားရဖို့ မိမိကိုယ်ကို ပုံအပ်ပါ
ဘုရားရှင်ပျော်ရွှင်ကျေနပ်သရွေ့ သူ့ဆန္ဒအတိုင်း ဆောင်ရွက်စေပါ
အို လူသားများ ဘာတွေမကျေနပ်စရာရှိလို့ ရမလဲ

10/26/2018

ချီးမွမ်းခြင်း ဓမ္မသီချင်းး | ဘုရားအလိုတော် လူသားတိုင်းသိမြင်ပြီ

ဘုရား၏အနန္တတန်ခိုး, ဧဝံဂေလိတရား, သမ္မာတရား, အသက်, အသင်းတော်



  
I
လူကိုဖန်ဆင်းရာမှ
ဘုရား၏ ပင်ကိုစိတ်၊ သူ၏ဖြစ်ခြင်း အလုံးစုံနှင့် အလိုတော်တို့
လူတိုင်းအား သိမြင်စေ၍ အကုန်အစင်ဖွင့်ဟ

II
ကိုယ်တော်သည် ဘယ်တော့မှ အနှစ်သာရ
ပင်ကိုစိတ်နှင့် အလိုတော်ကို အကြောင်းမဲ့မဖုံးကွယ်
လူတွေ ဘုရားရဲ့လက်ရာ အလိုတော်ကို ဂရုမစိုက်လို့
ဘုရားရဲ့အကြောင်း လူတွေသိနားလည်မှု အလွန်အားနည်း

10/09/2018

လူဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု

အသက်, သမ္မာတရား, သန့်ရှင်းသော ဝိညာဉ်တော် ဘုရား, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဘုရားသခင်
သင်တို့သည် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံကို သိလာရမည်ဖြစ်ပြီး သူပြုသောအမှု၏ အထွေထွေ ဦးတည်ချက်ကို နားလည်သဘောပေါက်လာရမည်။ ဤသည်မှာ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်သည်။ ထိုရူပါရုံ၏ သမ္မာတရားများကို သင်တို့ မလွဲမသွေ ကျင့်ကြံပိုင်နိုင်သည့်အခါ သင်၏ ဝင်ရောက်ခြင်းမှာ လုံခြုံစိတ်ချရလိမ့်မည်၊ ဘုရားသခင် ပြုသောအမှု မည်သို့ပင်ပြောင်းလဲပါစေ၊ သင်သည် မိမိ၏စိတ်နှလုံး၌ တည်ကြည်မြဲ တည်ကြည်နေမည်၊ ရူပါရုံကို ရှင်းရှင်းလင်းလင်းသိပြီး သင်ဝင်ရောက်ရန်နှင့် လိုက်လျှောက်အသက်ရှင်ရန် သင်၌ ရည်မှန်းချက် ရှိနေမည်။ ထိုနည်းအားဖြင့် သင့်အထဲရှိ အတွေ့အကြုံနှင့် အသိပညာ အလုံးစုံသည် ပို၍နက်ရှိုင်းပြီး ပိုမိုပိုင်းခြားဝေဖန်တတ်လာမည်။ အခြေအနေတစ်ရပ်လုံးကို လုံးလုံးလျားလျား သင်နားလည်သဘောပေါက်လာသည့်အခါ ဘဝတွင် ဆုံးရှုံးမှုများကို ကြုံရမည်မဟုတ်သကဲ့သို့ ပျောက်ဆုံးခြင်းသို့လည်း ရောက်မည်မဟုတ်။ အကယ်၍ အဆိုပါအမှု၏ အဆင့်များကို သင်မသိပါက တစ်ဆင့်ချင်းစီတွင် ဆုံးရှုံးမှုကို ကြုံရမည်။ ရက်အနည်းငယ်အတွင်း သင်ပြန်လှည့်နိုင်မည် မဟုတ်သည့်အပြင် ရက်သတ္တပတ် အနည်းငယ်အတွင်းတွင်လည်း မှန်သောလမ်းကြောင်းပေါ်သို့ တည့်မတ် ရောက်ရှိနိုင်မည်မဟုတ်။ ဤအရာသည် သင့်အား နှောင့်နှေးစေနေသည်မဟုတ်လော။ အပြုသဘောဆောင်သော နည်းဖြင့် ဝင်ရောက်နည်း မြောက်များစွာရှိပြီး သင်တို့ ကျွမ်းကျင်ပိုင်နိုင်ရမည့် လက်တွေ့လုပ်ဆောင်ချက်များ ရှိနေသဖြင့် သင်သည်လည်း ဘုရားသခင်ပြုသော သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံ၊ အနာဂတ်တွင် ပြီးပြည့်စုံခြင်းသို့ရောက်မည့်လမ်း၊ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများကို ကြုံတွေ့ခြင်းမှတစ်ဆင့် မည်သည့်အရာတို့ကို ရရှိရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ အရေးပါမှု၊ သန့်ရှင်းသော ဝိညာဉ်တော်ပြုသောအမှု၏ နိယာမများနှင့် ပြည့်စုံခြင်းအဖြစ်သို့ ရောက်ခြင်းနှင့် သိမ်းပိုက်ခြင်း၏ နိယာမများစသဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံနှင့်ပတ်သက်သော အချက်အချို့ကို နားလည်သဘောပေါက်ရန်လိုအပ်သည်။ ၎င်းတို့မှာ ရူပါရုံ၏ သမ္မာတရား အလုံးစုံဖြစ်သည်။ ကျန်အရာများမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တွင် ပြုသောအမှု၏ အဆင့်သုံးဆင့် ဖြစ်သည်သာမက အနာဂတ်သက်သေလည်းဖြစ်သည်။ ၎င်းတို့သည်လည်း ရူပါရုံနှင့်သက်ဆိုင်သော အမှန်တရားများ ဖြစ်ကြပြီး အခြေခံအကျဆုံးနှင့် အရေးပါဆုံးဖြစ်သည်။ လောလောဆယ် သင်တို့ ဝင်ရောက်သင့်ကာ လက်တွေ့ လုပ်ဆောင်သင့်သောအရာ မြောက်မြားစွာရှိနေပြီး ၎င်းကို ယခုအခါ ပို၍ အသေးစိတ်ကျကျ အဆင့်ခွဲထားသည်။ အကယ်၍ သင်၌ အဆိုပါ သမ္မာတရားများနှင့် ပတ်သက်သော အသိပညာမရှိပါက သင်သည် မဝင်ရောက်ရသေးကြောင်း သက်သေပြနေခြင်းဖြစ်သည်။ အချိန်အများစုတွင် သမ္မာတရားနှင့်ပတ်သက်သော လူ၏အသိပညာသည် အလွန်တိမ်သည်၊ လူသည် အခြေခံကျသည့် သမ္မာတရားအချို့ကိုပင် လက်တွေ့ကျင့်နိုင်စွမ်းမရှိဘဲ အသေးအမွှားကိစ္စများကိုပင်လျှင် မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိ။ လူသည် သမ္မာတရားနှင့်အညီ လက်တွေ့မကျင့်ကြံနိုင်ခြင်းမှာ သူ၏ဆန့်ကျင် ပုန်ကန်တတ်သော စိတ်သဘောထားကြောင့်ဖြစ်ပြီး ယနေ့ခေတ်တွင်ပြုသောအမှုအကြောင်းကို သိသော သူ၏အသိပညာမှာ အပေါ်ယံဆန်လွန်းပြီး တစ်ဖက်သတ်ဆန်လွန်းခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် လူကို ပြီးပြည့်စုံခြင်းသို့ ရောက်စေသောအမှုမှာ မလွယ်ပါ။ သင်၏ ဆန့်ကျင်ပုန်ကန်မှုမှာ အလွန်ကြီးမားပြီး သင်သည် သင်၏လူဟောင်းကို မလွှတ်တမ်းဆုပ်ကိုင်ကာအသက်ရှင်သည်၊ သင်သည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်ခြင်း မရှိသည့်အပြင် သင်သည် အထင်ရှားမြင်သာဆုံးဖြစ်သည့် အမှန်တရားများကိုပင် လက်တွေ့ကျင့်ကြံနိုင်ခြင်းမရှိ။ ထိုသို့သောသူများကို ကယ်တင်၍ မရနိုင်သည့်အပြင် ၎င်းတို့သည် သိမ်းပိုက်ခြင်း မခံရသေးသောသူများဖြစ်သည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အသေးစိတ်လည်းမကျ၊ ဓမ္မဓိဌာန်လည်းမကျပါက သင့်အတွက် ကြီးထွားရင့်ကျက်ခြင်းမှာ နှေးကွေးနေမည်။ အကယ်၍ သင်၏ဝင်ရောက်ခြင်းမှာ အနည်းငယ်မျှပင် လက်တွေ့မကျပါက သင်၏လိုက်လျှောက်အသက်ရှင်မှုမှာ အချည်းနှီးပင်ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား၏အနှစ်သာရကို မသိပါက မပြောင်းလဲဘဲ သင်ဆက်ရှိနေမည်။ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာမက အသေးစိတ်ကျသော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းအားဖြင့်သာ လူတစ်ဦး၏ အသက်တာ ကြီးထွားရင့်ကျက်ပြီး သူ၏စိတ်သဘောထားများ အားလုံးပြောင်းလဲလာမည်။ အကယ်၍ သင်ဝင်ရောက်စဉ် သင်၌ အသေးစိတ်ကျသော အတွေ့အကြုံများစွာရှိပါက သင်၌ မှန်သောအသိပညာနှင့် မှန်သောဝင်ရောက်ခြင်း ရှိသည်၊ သင်၏စိတ်သဘောထား အလျင်အမြန် ပြောင်းလဲလိမ့်မည်။ အကယ်၍ သင်သည် လက်တွေ့လုပ်ဆောင်မှုတွင် အလွန်အမင်း ဉာဏ်အလင်းဖွင့်ပြခြင်းကို လောလောဆယ် မခံရလျှင်လည်း အနည်းဆုံးအနေဖြင့် ဘုရားသခင်ပြုသောအမှု၏ ရူပါရုံအကြောင်း ဉာဏ်အလင်းဖွင့်ပြခြင်း ခံရရန်လိုအပ်သည်။ ထိုသို့မခံရပါက သင်၌ သမ္မာတရားကို သိသော အသိပညာ ဦးစွာ မရှိပါလျှင် သင်မဝင်ရောက်ရသည့်အပြင် ဝင်ရောက်နိုင်စွမ်းလည်းရှိမည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အတွေ့အကြုံထဲမှ သင့်အား ဉာဏ်အလင်းဖွင့်ပြမှသာလျှင် သမ္မာတရားကို ပို၍နက်နဲစွာ သိမြင်လာကာ သာ၍နက်ရှိုင်းစွာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ပြုသောအမှုကို သိလာရန် လိုအပ်သည်။

10/03/2018

အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍

ဘုရားသခင်၏ နှုတ်ကပတ်တော်, ဧဝံဂေလိတရား, ခရစ်တော်, ဘုရားသခင်, အသက်
သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် ထိုက်တန်လိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို သိရမည်၊ သင်သည် သူယခင်က လုပ်ခဲ့သောအလုပ်ကို သိရမည် (ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများတွင် ပါသော) ဖြစ်ပြီး ထို့ထက်မက သူ၏ ယနေ့အလုပ်ကို သိရမည်။ ဆိုလိုသည်မှာ သင်သည် နှစ်ပေါင်း ၆၀ဝ၀ ကျော်ကြာ ဘုရားသခင်၏ အလုပ်အဆင့်သုံးဆင့်ကို သိရမည်။ သင့်အား ဧဝံဂေလိတရားကို ဖြန့်ဝေရန် တောင်းဆိုခဲ့ပါက၊ သင်သည် ဘုရားသခင်၏ အလုပ်ကို မသိဘဲ ယင်းသို့ လုပ်နိုင်မည်မဟုတ်ပေ။ သမ္မာကျမ်းစာအကြောင်း၊ ဓမ္မဟောင်းကျမ်းအကြောင်းနှင့် ထိုအချိန်က ယေရှု၏အလုပ်နှင့် နှုတ်ကပတ်တော်တို့အကြောင်း ဘုရားသခင် အဘယ်အရာပြောဆိုထားသည်ကို တစ်စုံတစ်ယောက်က သင့်အား မေးကောင်းမေးကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာကျမ်းစာ၏ အတွင်းကျသော အကြောင်းအရာကို မပြောနိုင်လျှင် သူတို့သည် သင့်ကို လက်ခံယုံကြည်လိမ့်မည် မဟုတ်ပေ။ အစအဦး၌ ယေရှုသည် သူ၏ တပည့်တော်များနှင့် ဓမ္မဟောင်းကျမ်းစာအကြောင်း အများအပြားပြောခဲ့သည်။ သူတို့ဖတ်သမျှ အားလုံးတို့သည် ဓမ္မဟောင်းကျမ်းမှ ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာမှာ ယေရှုကို လက်ဝါးကပ်တိုင်တင်ပြီး ဆယ်စုနှစ် အချို့ကြာမှသာ ရေးသားခဲ့သည်။ ဧဝံဂေလိတရားကို ပြန့်ပွားလိုလျှင် သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းကျသော သမ္မာတရားနှင့် ယေဟောဝါက လုပ်ဆောင်ခဲ့သည်ဟု ပြောရမည်ဖြစ်သော ဣသရေလနိုင်ငံအတွင်း ဘုရားသခင်၏အလုပ်တို့ကို အခြေခံအားဖြင့် နားလည်သဘောပေါက်နိုင်ရန် လိုအပ်သည်။ ထို့နောက် သင်တို့သည် ယေရှုအားဖြင့် လုပ်ထားသော အလုပ်ကိုလည်း နားလည်ရမည်။ ဤကိစ္စရပ်များသည် လူအားလုံး အသိလိုဆုံးကိစ္စရပ်များဖြစ်ပြီး သူတို့ကြားဖူးခြင်းမရှိသည်မှာ အလုပ်၏ ထိုအဆင့်နှစ်ဆင့်နှင့်ဆိုင်သည့် အတွင်းကျသော သမ္မာတရားဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါ ပထမပိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်အကြောင်း ပြောခြင်းကို ခေတ္တဘေးဖယ်ထားပါ။ အလုပ်၏ဤအဆင့်သည် သူတို့လက်လှမ်းမီသောအဆင့်ကို ကျော်လွန်နေသည်။ အဘယ်ကြောင့်ဆိုသော် အားလုံးထဲတွင် အမြင့်မားဆုံးအရာကို သင်တို့သည် လိုက်သောကြောင့်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်နှင့် ပတ်သက်သည့် အသိပညာဖြစ်ပြီး ဤအရာနှစ်ခုထက် မည်သည်ကမျှ ပိုမို၍ ချီးမြှောက်ခံရခြင်း မရှိပေ။ မည်သည့်အရာက မြင့်မားသည်ကို သင်ပထမဆုံးပြောသည့်အခါ သူတို့အတွက် မမီနိုင်အောင်ဖြစ်လိမ့်မည်။ အကြောင်းမှာ သူတို့တွင် မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုသို့သောအလုပ်ကို အတွေ့အကြုံမရှိကြသောကြောင့်ဖြစ်သည်။ ယင်းတွင် ဥပမာပြရန်မရှိဘဲ လူအတွက် လက်ခံရန် မလွယ်ကူလှပေ။ သူတို့၏အတွေ့အကြုံများမှာ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အချို့ အခါအားလျော်စွာ ပါဝင်သည့် အတိတ်က အမှုအရာဟောင်းများဖြစ်သည်။ သူတို့ အတွေ့အကြုံရှိသောအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့အလုပ် သို့မဟုတ် ယနေ့ ဘုရားသခင်၏အလို မဟုတ်ချေ။ သူတို့သည် အလေ့အကျင့်ဟောင်းများအပေါ်မူတည်၍ လုပ်ဆောင်နေဆဲဖြစ်ပြီး အလင်းသစ် သို့မဟုတ် အသစ်သောအရာတို့ မရှိကြပေ။

10/02/2018

Myanmar Gospel Song (နိုင်ငံတော်) Christ Has Reigned as King


နိုင်ငံတော်

နိုင်ငံတော် သန့်ရှင်းသူများ၏ မြို့တော် ခရစ်တော်၏ နိုင်ငံတော်

နိုင်ငံတော်အတွင်းတွင်

ဘုရားသခင်၏ ကြွယ်၀မှုနှင့် ဘုန်းတော်သည် ပေါ်ထွန်းတောက်ပနေ

လျှပ်စစ်သည် အရှေ့အရပ်မှ ထွက်ပေါ်ကာ

အနောက်အရပ်သို့ ထွန်းတောက်

စစ်မှန်သောအလင်းသည် ဤနေရာတွင် ရှိသည်

ဘုရား၏စကားတော်သည် လူ့ဇာတိ၌ပေါ်ထွန်းနေ

ကယ်တင်ရှင်သည် မိုးတိမ်ဖြူစီးလျှက် ပြန်ကြွလာသည်မှာ ကြာချေပြီ။

ဘုရားသခင်အား ၀တ်ပြုရန် သန့်ရှင်းသူများသည်

ပလ္လင်တော်ရှေ့မှောက် ယနေ့ချီဆောင်ခံရ

အတိတ်ရှိ သန့်ရှင်းသူ များသည် နောက်ဆုံးသောကာလတွင်

ခိုင်မာစွာ ရပ်တည်ရန် ထမြောက်လာကြပြီ။

သူတော်စင်များသည် နတ်ဆိုးများ၏နယ်မြေ တရုတ်နိုင်ငံအတွင်းတွင်

ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်း နှိပ်စက် ခံကြရသည်။

နှစ်ပေါင်း ခြောက်ထောင်ကျော် သမိုင်းအတွင်း

သူတော်စင်များသည် သွေးသွန်းကာ မျက်ရည်ကျခဲ့ရသည်

အိမ်ပြန်ခွင့်မရ၊ တစ်နေရာမှ တစ်နေရာ

လွင့်မျော ခံရပြီး ခေါင်းချစရာ နေရာမရှိပါ

စိတ်ဆင်းရဲခြင်း၏ ချောက်နက်တွင်းတွင် နေရောင်မထွန်းတောက်သော

အမှောင်နေရာတွင် စာတန်၏ စစ်သည်ရဲမက်များ က

နှစ်ခြောက်ထောင်တိုက်ပွဲ နိုင်ငံတော်ရောက်ရှိလာရန်

သွေးနှင့် မျက်ရည်များဖြင့် ကြိုဆိုခဲ့ရ

8/30/2018

Myanmar Musical Drama "ရှောင်ကျန်းရဲ့ ပုံပြင်" (1) - ကြောကျတုံး၊ စာရှကျ၊ ကတျကွေး

ဓမ္မသီချင်းများ, ဘုရားသခင်, ဆုတောင်း, အသက်, ဧဝံဂေလိတရား,

တက်ကြွပြီး ချစ်စရာကောင်းသည့် ကလေးငယ်တစ်စုသည် ကစားနည်းတစ်ခုကို အပြစ်ကင်းစင်စွာ ကစားနေကြရင်း မစဉ်းစားဘဲ ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်သည်။ “လူသားမျိုးနွယ်က ဘယ်ကလာတာလဲ။” ဒီမေးခွန်း၏ အဖြေကို သင်သိပါသလား။

8/20/2018

ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

ထာဝရအသက်, အသက်, သမ္မာတရား, ဧဝံဂေလိတရား, နောက်ဆုံးသောကာလ


 I
ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါ
လူတွေကို စကားတချို့ သူအမြဲမိန့်မှာ
သမ္မာတရားများ ဟောကြား
ဤသမ္မာတရားများ လူတို့စောင့်ထိန်းအပ်သောအကျင့်အဖြစ် တည်ရှိ
လူတို့စောင့်ထိန်းအပ်သော အကျင့်
လူတို့ ဘုရားကို ကြောက်ရွံ့ကာ ဒုစရိုက်ရှောင်ကြဉ်စေမည့်အကျင့်
သူတို့လိုက်နာစောင့်ထိန်းအပ်သော
သူတို့ဘဝခရီးမှာ အရေးကြီးသည့်အရာ
ဤအကြောင်းများကြောင့် ဘုရား သူတို့အား မိန့်မှာခဲ့
ဤစကားများ ဘုရားကိုယ်တိုင်ထံမှ လာသည်မို့
လူသားများ စောင့်ထိန်းအပ်
စောင့်ထိန်းနိုင်လျှင် သူတို့ အသက်ကို ရမည်
လူတို့ မလိုက်နာ မကျင့်ကြံလျှင်
သူတို့ဘဝတွင် ဘုရား၏နှုတ်ကပတ်တော်အတိုင်း မကျင့်လျှင်
သမ္မာတရားဖြင့် သူတို့အသက်မရှင်