Myanmar Christian Song | လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး
Ⅰ
ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီ
နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်
သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော် ကိုမြွက်ဆို
ပြီးနောက်၊ သူ၏နှုတ်ကပတ်တော် အားလုံးဟာ
အနှစ်တစ်ထောင်နိုင်ငံတော်ခေတ် ကာလအတွင်း
ပြည့်စုံတော်မူလိမ့်မည်။
နှုတ်ကပတ်တော်သည် လူသားအားလုံး မြင်နိုင်သည့်
အမှန်တရားများ ဖြစ်လာပြီး၊
လူတို့သည် နှုတ်ကပတ်တော် ထွက်ဆို ချက်အတိုင်း
ပြည့်စုံကြောင်း မြင်တွေ့လာလိမ့်မည်။
ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ထိပ်ဆုံး အဓိပ္ပာယ်ဟာ
လူ့ဇာတိခံယူခြင်း နှင့် နှုတ်ကပတ်တော် အားဖြင့်
ဝိညာဉ် ၏အမှုတော်ပြီး မြောက်ခြင်း ဖြစ်၏
ဒါဟာ “နှုတ်ကပတ်တော် လူ့ဇာတိအဖြစ်ခံ ယူတယ်”
ဆိုတာနှင့် လူ့ဇာတိ၌ နှုတ်ကပတ်တော်
ပေါ်လာတယ်ဆိုတဲ့ မှန်ကန်သော အဓိပ္ပာယ်ပါ