菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ယုံကြည်ခြင်း. Show all posts
Showing posts with label ယုံကြည်ခြင်း. Show all posts

1/25/2020

လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး | Best Myanmar Gospel Song 2020(MV)


Myanmar Worship Song | လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး


လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး

ဘုရားသခင် ငါတို့ကို ဦးဆောင်သောလမ်းသည် ဖြောင့်ဖြူးသောလမ်းမဟုတ်ဘဲ

ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကွေ့ကောက်သောလမ်းဖြစ်သည်ဟု ငါအမြဲခံစားရသည်။

လမ်းခရီးသည် ကြမ်းတမ်လေလေ ငါတို့၏ နှလုံးသားမှမေတ္တာကို

ဖော်ပြခွင့်ရလေလေ ဖြစ်သည်ဟု ဘုရားမိန့်တော်မူသည်။

သို့ရာတွင် ငါတို့အထဲမှ မည်သူမျှ ထိုလမ်းမျိုးကို မဖောက်နိုင်ပေ။

သို့ရာတွင် ငါတို့အထဲမှ မည်သူမျှ ထိုလမ်းမျိုးကို မဖောက်နိုင်ပေ။

ငါ့ဘ၀အတွေ့အကြုံတွင် ကြမ်းတမ်းပြီး အန္တရာယ်များသောခရီးလမ်းများစွာကို လျှောက်လှမ်းခဲ့ဖူးပြီး ကြီးစွာသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရဖူးသည်။

1/03/2020

ဘုရားသခင်က အာဗြဟံကို သားပေးမည်ဟု ကတိပေးသည်

အသက်, ယုံကြည်ခြင်း, ဆုတောင်း, နာခံခြင်း, ဘုရားသခင်ကို ချစ်ခြင်း,

ကမ္ဘာ ၁၇:၁၅-၁၇ တဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွှယ်၌လည်း အပြည်ပြည်သောရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက် အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။

12/28/2019

(ဘုရားသခင်၌ ယုံကြည်ခြင်း) ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်ဝင်ခြင်းသည် မည်သို့အဓိပ္ပါယ်ရသနည်း။ - အပိုင်း (၆)

Understanding: Now, there are many believers of God. Regarding believing in God, everyone has their own viewpoint and knowledge. Some think believing in God is things that when we have difficulties, we can pray to God to ask God to do us a favor; when our family are sick, we can pray to God to cure the sickness. 

Some others think believing in God is things that we can pray to God every day, attend meetings on time, expend for God and labor and spread the gospel for God. This is believing in God. Also, some think if we can recite some Bible verses, cling to the letters of the Bible, and should confess sins to God if we commit sins. As long as we cling to these things, we can be approved by God and this is believing in God.

However, have we ever thought whether these methods of believing in God are in line with God's will? Are they truly believing in God? Here we'd like to share What Is True Faith in God, the wonderful clip of the movie Faith in God with you all. It will lead us to know the correct way to believe in God.


လူအများသည် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်းဖြစ်သည်ဟု လည်းကောင်း၊ သခင့်အတွက် ဒုက္ခသုခခံ၍ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း အစစ်အမှန်ဖြစ်သည်ဟု လည်းကောင်း ယုံကြည်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သက်ဝင်ခြင်းအစစ်အမှန်၏ အဓိပ္ပါယ်ကိုမူ စေ့စေ့စပ်စပ်နားလည်သူမှာ ဘာသာရေးလောကတွင် တစ်ယောက်မျှမရှိချေ။ အနန္တတန်ခိုးရှင်ဘုရားသခင်က မြွက်ဆိုထားသည်မှာ “ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိကြောင်းကို ယုံကြည်ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရိုးရှင်းဆုံး အယူအဆပင် ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါး ရှိကြောင်း ယုံကြည်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်းနှင့် မတူပါ ဆိုရလျှင် ယင်းမှာ ခိုင်မာသော ဘာသာရေး အငွေ့အသက်ပါသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အရာအားလုံးအပေါ် ဘုရားသခင်၏ အာဏာ တည်ကြောင်းကို ယုံကြည်သည့်အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်သော စိတ်သဘောထားမှ ကင်းလွတ်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို ပြည့်စေနိုင်မည့်အပြင် ဘုရားသခင်ကိုလည်း သိလာမည်ဖြစ်သည်။ ဤခရီးလမ်းအတိုင်း သွားမှသာ ဘုရားသခင်ကို ယုံကြည်သည်ဟု သင်ဆိုနိုင်ပါမည်" ဟူ၍ဖြစ်သည်။ (နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာ၏။)

များပြားသောအကြံပြုချက်များ

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

11/30/2019

(ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း) သမ္မာကျမ်းစာကို ယုံကြည်ခြင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းကို ကိုယ်စားပြုနိုင်ပါသလား - အပိုင်း (၃)

 

ဘာသာရေးလောကမှ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် “သမ္မာကျမ်းအားလုံး သည် ဘုရားသခင် မှုတ်သွင်းထားခြင်းဖြစ်သည်” ဆိုသည့် သမ္မာကျမ်းစာအတွင်းရှိ ရှင်ပေါလု၏ စကားကို ကိုင်ဆွဲပြီး ထိုအရာကို ယုံကြည်ကာ၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အလုံးစုံဖြစ်ပြီး၊ သမ္မာကျမ်းစာ အားချီးမြှောက်ရန် သူတို့ တတ်နိုင်သမျှ အားလုံးလုပ်ဆောင်ကာ သက်သေခံ ကြသည်၊ ထိုသို့ပြုခြင်းဖြင့် သမ္မာကျမ်းစာ နှင့် ဘုရားသခင်ကို တန်းတူဖြစ်အောင် လုပ်ဆောင်ကြသည်။ သူတို့က သမ္မာကျမ်းစာသည် သခင်ကို ကိုယ်စားပြုပြီး၊ သခင့်ကို ယုံကြည်ခြင်းသည် သမ္မာကျမ်းစာကို ယုံကြည်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုကြောင့် သမ္မာကျမ်းစာ အားလုံးသည် တကယ်ပင် ဘုရားသခင်မှုတ်သွင်းထားခြင်းဖြစ်ပါသလား။ သခင်၊ ဘုရားသခင်သည် သမ္မာကျမ်းစာအတွင်း၌ ရှိပါသလား။ ဘုရားသခင်၏ အမှုတော်က သမ္မာကျမ်းစာအား ပေါ်ပေါက်စေသလား သို့မဟုတ် သမ္မာကျမ်းစာက ဘုရားသခင် ၏ အမှုတော်ကို ပေါ်ပေါက်စေသလား။ သမ္မာကျမ်းစာက သခင်ကို အမှန်တကယ် ကိုယ်စားပြုနိုင်သလား။ ဤတိုတောင်းသော ရှပ်ရှင်သည် သင့်အား မှန်ကန်သော လမ်းကို ပြသပါလိမ့်မည်။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်း

11/17/2019

2019 Myanmar Gospel Song | ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း

 

2019 Myanmar Gospel Song | ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်း


ဘုရားရှေ့မှောက် ကျွန်ုပ်တို့ ချီဆောင်ခြင်းခံရပြီ

လျှံပယ်သောပွဲတော်မှာ ပါဝင်ရလို့ ကျွန်ုပ်တို့ ဝမ်းမြောက်ပျော်ရွှင်

နှုတ်ကပတ်တော်၌ မွေ့လျော်၍ သမ္မာတရားကို နားလည်ကြတယ်

ကျွန်ုပ်တို့ ဝိညာဉ် ချုပ်နှောင်ခြင်းမှ လွတ်မြောက်

ကျွန်ုပ်တို့နှလုံးသားများတွင် ကျေးဇူးတင် ချီးမွမ်းခြင်းနဲ့ ပြည့်လျှံ

ချီးမွမ်သီဆို၍သာ နေချင်သည်။

ကျွန်ုပ်တို့နှလုံးသားထဲက ဝမ်းမြောက်မှုကို ဖော်ပြ၍မရနိုင်ဘူး

ကခုန်ချီးမွမ်း မြူးပျော်ပါ

ဘုရားသခင်ဟာ ဘုန်းတော်နဲ့ ဂုဏ်တော်ကို ရထိုက်တယ်

မြေကြီးပေါ်တွင် ဘုရားအလိုတော်ကို ဆောင်ရွက်

ဘုရား၏လူမျိုးအားလုံး ကိုယ်တော်ကို အစွမ်းကုန် ချီးမွမ်းကြသည်

11/16/2019

Myanmar Gospel Song (အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်နှလုံးသားကို ပိုင်ဆိုင်၏)

 

Myanmar Gospel Song (အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်နှလုံးသားကို ပိုင်ဆိုင်၏)


ဘယ်သူ့စကားများက အချိုမြိန်ဆုံးဖြစ်ပြီး

ကျွန်ုပ်ဝိညာဉ်အတွက် အဟာရဖြစ်စေခဲ့သလဲ။

ဘယ်သူ့အချစ်က အလှပဆုံးဖြစ်ပြီး

ကျွန်ုပ်နှလုံးသားကို ဖမ်းဆုပ်ခဲ့သလဲ။

ဘယ်သူ့အမှုက အဆန်းကြယ်ဆုံးဖြစ်ပြီး

လူတို့ဒုစရိုက်များကို သန့်စင်စေခဲ့သလဲ။

ဘယ်သူက ကယ်တင်ခြင်းပေးပြီး၊

ဘုရား၏ ပလ္လင်တော်သို့ ကျွန်ုပ်ကို ခေါ်ဆောင်လဲ။

လူတို့ကိုကယ်တင်ဖို့ ဘယ်သူက သမ္မာတရားကိုဖော်ပြသလဲ။

အလင်းကိုပြန်မြင်အောင် တို့ကိုလုပ်ပေးခဲ့တာ ဘယ်သူလဲ။

ဘယ်သူဟာ ချစ်ဖွယ် အ ကောင်းဆုံးလဲ။

ကျွန်ုပ်အမြဲတွေးနေတာ ဘယ်သူ့အကြောင်းလဲ။

ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ဘုရားဟာကျွန်ုပ်နှလုံးသားထဲမှာပါ။


ကျွန်ုပ်နှလုံးသားကို ဘုရားပိုင်ပါတယ်။

10/30/2019

Myanmar music video (ဘုရားနှင့် အကျွမ်းဝင်ခြင်း) | Praise the Love of God

 

Myanmar music video  (ဘုရားနှင့် အကျွမ်းဝင်ခြင်း) | Praise the Love of God


အို ဘုရား၊ ကိုယ်တော်အား ဖွင့်ဟလိုတာ

ကျွန်ုပ်ရင်ထဲ သိပ်များလွန်းတယ်၊

ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်နှလုံးသားတံခါး ပွင့်၊

ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ် ကြားရ

ကိုယ်တော်၏နှုတ်ကပတ်တော်သည် စမ်းရေပမာ

ကျွန်ုပ်နှလုံးသားကို အာဟာရပေးသော သမ္မာတရားပါ၊

ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အောက်မေ့လျက်

ကျွန်ုပ်နှလုံးသား ငြိမ်သက်၊ ဝမ်းမြောက်၊ ငြိမ်ဝပ်၊ ရွှင်လန်း

ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ ရှင်သန်ခြင်းဖြင့်

သမ္မာတရားကို ကျွန်ုပ် ယခု နားလည်၊

ကိုယ်တော်သည် ဖြောင့်မတ်၊ သန့်ရှင်းသူ၊

စစ်မှန်သောချစ်ခြင်းကိုယ်တော်၏ နှုတ်ကပတ်တော်ထဲမှ ကျွန်ုပ်သိရှိ၊

ကိုယ်တော်၏ချစ်ဖွယ်ကောင်းမှုကို ကျွန်ုပ် ခံစား၊

ကိုယ်တော် အလွန်မြတ်နိုးထိုက်ပေ၊

ယုံကြည်ခြင်း၌ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်ခံစားရပြီ၊

ကိုယ်တော်နှင့် ကျွန်ုပ် သာ၍နီးကပ်၊

10/25/2019

Myanmar movie 2019 (ဘုရားသခင်၌ ယုံကြည်ခြင်း) How to Believe in God to Accord With His Will


ယုကွန်ဂေါင် သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် နှင့်အတူ ဧဝံဂလိတရားကို ဖြန့်ပြီး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းမှတိမ်းရှောင်ရန် ကြိုးပမ်းနေစဉ်တွင် နယ်ခံ နေအိမ်အသင်းတော်တစ်ပါးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သူ ဇန်ကျန်း ၏ ကယ်ဆယ်ခြင်းကို ခံရပါသည်။ ထို့နောက်တွင် သူသည် ဇန်ကျန်း နှင့် အခြားသူတို့ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ အခွင့်တော်ကို ရရန် မည်ကဲ့သို့ ယုံကြည်ပုံ နှင့် သမ္မာတရား၏ အခြားသောရှုထောင့်များကို အကြိမ်အရေအတွက် များစွာ မိတ်သဟာယဖွဲ့ဝေငှရသည်။ နောက်ဆုံးတွင် ယင်း သမ္မာတရားများသည် ဇန်ကျန်း နှင့် အခြားသူတို့ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ရှုပ်ထွေးခြင်း နှင့် အခက်အခဲများကို ဖြေရှင်းပေးပြီး “ဘုရားသခင်အား ယုံကြည်ခြင်း” ၏ စစ်မှန်သောအဓိပ္ပါယ်ကို ၎င်းတို့ နားလည်စေသည့် အခွင့်ကို ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးသားများ လွတ်မြောက်သွားကြသည်။

ခရစ်ယာန်ဧဝံဂေလိရုပ်ရှင်များကို အခမဲ့ကြည့်ရှုခြင်း

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/19/2019

တတိယနေ့တွင် ဘုရား၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို သက်ရှိတို့နှင့် ပြည့်စေခဲ့သည်

သမ္မာကျမ်းစာ, အသက်, ဘုရားသခင်, ယုံကြည်ခြင်း, ဧဝံဂေလိတရားတော်,

နောက်ထပ် ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ။” “မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ” ဟု ဘုရားသခင်က ရိုးရိုးပဲ ပြောလိုက်သည့်အခါ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုးမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့သနည်း။ ကျမ်းစာထဲတွင် ဤသို့ရေးထားသည်၊ “ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” တစ်နည်းအားဖြင့် ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး မြေကြီးနှင့်ပင်လယ်တို့သည် ခွဲခြားခြင်းခံခဲ့ရသည်။ ဤအသစ်သောအရာများ၏ ပေါ်ထွန်းမှုသည် ဘုရားသခင်၏နှုတ်တော်က ပညတ်ချက်များကို လိုက်နာခဲ့သည်။ “အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းမျိုးကို သမ္မာကျမ်းစာက ဖော်ပြသလော။ ကိုယ်ကာယအင်အားနှင့် အလုပ်လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာများအားလုံးကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ရှင်းပြနေစရာမလိုပေ။ ဤအရာများအားလုံးကို ရရှိရန်၊ ဤအရာအားလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

10/15/2019

【Live】Myanmar Christian Movie (ဘုရားသခင်၌ ယုံကြည်ခြင်း)

Understanding: Now I realize that believing in God is not only to have gatherings, but we have to experience the words of God, to pursue knowing God to satisfy the will of God. Thank God!

 

ယုကွန်ဂေါင် သည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် နှင့်အတူ ဧဝံဂလိတရားကို ဖြန့်ပြီး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းမှတိမ်းရှောင်ရန် ကြိုးပမ်းနေစဉ်တွင် နယ်ခံ နေအိမ်အသင်းတော်တစ်ပါးမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်သူ ဇန်ကျန်း၏ ကယ်ဆယ်ခြင်းကို ခံရပါသည်။ ထို့နောက်တွင် သူသည် ဇန်ကျန်း နှင့် အခြားသူတို့ဖြင့် ဘုရားသခင်အား ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ဘုရားသခင်၏ အခွင့်တော်ကို ရရန် မည်ကဲ့သို့ ယုံကြည်ပုံ နှင့် သမ္မာတရား၏ အခြားသောရှုထောင့်များကို အကြိမ်အရေအတွက် များစွာ မိတ်သဟာယဖွဲ့ဝေငှရသည်။ နောက်ဆုံးတွင် ယင်း သမ္မာတရားများသည် ဇန်ကျန်း နှင့် အခြားသူတို့ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ရှုပ်ထွေးခြင်း နှင့် အခက်အခဲများကို ဖြေရှင်းပေးပြီး “ဘုရားသခင်အား ယုံကြည်ခြင်း” ၏ စစ်မှန်သောအဓိပ္ပါယ်ကို ၎င်းတို့ နားလည်စေသည့် အခွင့်ကို ရရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးသားများ လွတ်မြောက်သွားကြသည်။

များပြားသောအကြံပြုချက်များ

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/10/2019

ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ - သမ္မာကျမ်းစာထဲက ရှိရှိသမျှဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပဲလား။ (အပိုင်း ၂/၄)

Understanding: Since I started believing in God, I often heard the pastors and elders said, "All words in the Bible are all God's words." I also thought the same way. But one day, a sister said to me: "We are used to believe that all words in the Bible are all God's words, but in Genesis, there are words the serpent speaking to Eve enticing her, and in Job, there are words Satan accusing Job, etc. So we can see that there are God's words, man's words and also Satan's words in the Bible." After listening to sister's words, I had some doubts, thinking so the Bible is not all God's words! Later, she found a gospel movie clip that titled Is Everything in the Bible God's Word. This video makes this truth in this aspect very clear, and it also lets me understand the truth of what God's words and man's words are. Only when we do things according to God's things can we be praised by God.

 

သခင်ကိုယုံကြည်တဲ့အခြားဘာသာရေးသမားတွေလို၊ အကြီးအကဲလီဟာ "သမ္မာကျမ်းစာထဲရှိရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူတယ်၊" "သမ္မာကျမ်းစာသည်ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊" "သမ္မာကျမ်းစာသည် ဘုရားသခင်ကိုကိုယ်စားပြုသည်" လို့အမြဲတွေးထင်နေခဲ့ပါတယ်။ ဒီအတွေးအခေါ်တွေဟာ ဟိုးအရင်ကတည်းက သူ့ယုံကြည်ခြင်းအရင်းအမြစ်ဖြစ်နေခဲ့ပါတယ်။ ဒီစကားတွေဟာ သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့ပြီး သမ္မာတရားကိုလေ့လာဖို့အတားအဆီးနဲ့ သမ္မာတရားလမ်းကိုလက်ခံဖို့အဟန့်အတား နှစ်မျိုးလုံးဖြစ်နေခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ တရားဟောဆရာတွေက စိတ်ရှည်လက်ရှည်နဲ့ အကြီးအကဲလီကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သမ္မာတရားအကြောင်းတွေကို မိတ်သဟာရဖွဲ့ပေးခဲ့တဲ့အတွက် နောက်ဆုံးတော့ သမ္မာကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင်မှုတ်သွင်းတော်မူတာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ လူတွေရဲ့စကားတွေပါ ပါနေတယ်လို့သူနားလည်ခဲ့ရတယ်။ အကြီးအကဲလီဟာ အခုတော့ ဒီဘာသာရေးအတွေးအခေါ်တွေရဲ့ ခြေချင်းတွေ၊ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်ခဲ့ပါပြီ

ရုပ်ရှင်ဝေဌာမယ်

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/08/2019

【Live】Christian Movie Myanmar (အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ်) ခရစ်ယာန်၏ယုံကြည်မှု

သိမြင် ခံစားချက် ခရစ်ယာန်နဲ့ ကက်သလစ်ဂိုဏ်းကိုတောင် အစွန်းရောက်ဆိုပြီး သတ်မှတ်ရဲမှတော့၊ စီစီပီကိုယ်တိုင်က မိစ္ဆာဖြစ်တယ်ဆိုတာကို ဒါက သက်သေပြတယ်



တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်ဖြင့် လက်ဝဲပညာပေးစနစ်အုပ်ချုပ်ခြင်း၊ လက်ဝဲပညာပေးစနစ်သင်ကြားခြင်း၊ မာ့က်စ်-လီနင်သွတ်သွင်းခြင်းနှင့် ဘုရားမဲ့ဝါဒအတွေးအခေါ်များ စသည်ဖြင့် ပြည်သူများကို သွတ်သွင်းပေသည်။ ဘုရားသခင်ကိုငြင်းပယ်ရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန် လုပ်ဆောင်ကြသည်။ ပုံပြင်ထဲရှိ ဖခင် ကြိမ်းဝေကော်သည် ယူနိုက်တက်တပ်ဦးစီးဌာန၏ မြို့ဝန်ကြီးတစ်ဦးဖြစ်သည်။ အဓိကအားဖြင့် ဘာသာတရားကိုဆန့်ကျင်ခြင်း ဖိနှိပ်ခြင်းတို့တွင်တာဝန်ယူထားသည်။ သို့ဖြစ်၍ သားသမီးနှစ်ယောက်မှာ ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ကိုးကွယ်သော ခရစ်ယာန်ဖြစ်နေသည်။ ဤအရာက မိသားစုအတွင်း ပြင်းထန်သော ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေလေသည်။ သို့ဖြစ်၍ လက်ဝဲစည်းမျဉ်းအာဏာအုပ်ချုပ်မှုတွင်ရှိသော မိသားစုသည် သားသမီးများကိုမည်သို့သွန်သင်ဆုံးမသနည်း။ ခရစ်ယာန်ယုံကြည်သူသည်လည်း ဘုရားသခင်ကို မည်သို့အားကိုးကာ တရုတ်ကွန်မြူနစ်ပါတီ၏ အလိမ်အညာများ နှင့် ကောလဟလများကို မည်သို့ တစ်ခုပြီးတစ်ခု ချေပနို်င်ခဲ့ပြီး ဘုရားသခင်တွက် သက်သေရပ်တည်နိုင်ခဲဲ့သနည်း။ အဆိုပါရုပ်ရှင်သည် မိတ်ဆွေအား အဖြေအားလုံးကို ဖော်ပြပေးမှာဖြစ်သည်။

အကြံပြုစာမျာ:


အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်- နိုင်ငံတော်၏ ဧဝံဂေလိသတင်း

9/20/2019

【Live】Popular Christian movies in Myanmar | ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ကယ်တင်ခြင်းတို့ကြား ခွဲခြားနည်း။


အနှစ်နှစ်ထောင်ကြာ၊ သခင့်ကို ယုံကြည်သူများစွာက သခင့်ကို ယုံကြည်ခြင်းကနေတဆင့် သူတို့ရဲ့ အပြစ်တွေ ဖြေလွှတ်ခံရတဲ့သူတွေဟာ ကိုယ်တော်ရဲ့ ကျေးဇူးတော်အောက်မှာရှိပြီး ကယ်တင်ခံရကြတယ်၊ ပြီးတော့ နှိမ့်ချခြင်းနဲ့ သည်းခံခြင်းတွေကို ကျွန်တော်တို့ ကျင့်သုံးနိုင်ရင်၊ ကျွန်တော်တို့ရဲ့ ကားတိုင်ကိုထမ်းပြီး အဲဒီလို ကောင်းမြတ်တဲ့ လုပ်ရပ်များစွာကို ပြသနိုင်ရင် ဒါက ကျွန်တော်တို့ဟာ ပြောင်းလဲမှုတစ်ခုကို ကြုံပြီးပြီလို့ ဆိုလိုတယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။သူတို့က ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ အမြဲရှာဖွေနိုင်ရင် နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ထဲကို ကျွန်တော်တို့ ချီဆောင်ခံရနိုင်တယ်လို့လည်း ယုံကြည်ကြတယ်။အမှန်တရားတွေက တကယ် ဒီလိုပဲလား သခင့်ကို ယုံကြည်ပြီးတဲ့နောက် ကောင်းတဲ့လုပ်ရပ်တစ်ချို့ကို ကျွန်တော်တို့ ပြနိုင်ပေမယ့်လည်း၊ ကျွန်တော်တို့ မကြာခဏ အပြစ်ပြုမိကြသလို အပြစ်ရဲ့ချည်နှောင်တာ ခံရတယ်လေ ဒါက စစ်မှန်တဲ့ ကယ်တင်ခြင်းကို ကျွန်တော်တို့ရပြီးပြီလို့ ဆိုလိုသလား။ ဒါဆိုရင် ကယ်တင်ခံရခြင်းဆိုတာ ဘာဖြစ်ပြီး စစ်မှန်တဲ့ ကယ်တင်ခြင်းက ဘာများလဲ။ ကယ်တင်ခံရခြင်းနဲ့ စစ်မှန်တဲ့ ကယ်တင်ခြင်းတို့ကြား ခြားနားမှု အတိအကျက ဘာလဲ။

8/26/2019

ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို ဝေငှခြင်း- ခရစ်ယာန်များသည် စုဝေးပွဲများ တက်ရောက်ခြင်းကို လျစ်လျူမရှုရပါ

သမ္မာတရား, အသင်းတော်, ယုံကြည်ခြင်း, ကျေးဇူးတော်, ကယ်တင်ခြင်း,

ဝိညာဉ်ရေးရာ နှီးနှောတိုင်ပင်ခြင်းမှ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ

ကျွန်မက နေ့ဖက်အတွင်းမှာ အလုပ်လုပ်ရာကနေ အလွန် ပင်ပန်နွမ်းနယ်လေ့ရှိတဲ့အပြင်၊ ညဖက်မှာလည်း ကောင်းကောင်း အိပ်စက်လေ့မရှိပါဘူး။ ရလဒ်တစ်ခုအနေနဲ့ ကျွန်မက စုဝေးပွဲတွေကို အချိန်မှန် မတက်ရောက်လိုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မက ကန့်သတ်ခံရတာကို မနှစ်သက်ပါဘူး။ ကျွန်မမှာ ဝိညာဉ်ရေးရာ လိုအပ်ချက်တွေရှိရင်၊ အဲဒီအချိန်တွေမှာ ကျွန်မညီအစ်ကို မောင်နှမတွေကို စကားပြောဖို့ မျှော်လင့်သမျှ ကာလပတ်လုံး အဆင်ပြေလောက်တယ်လို့ ကျွန်မ ခံစားရပါသည်။ ဒီပြဿနာရဲ့အကြောင်းအရင်းခံက ဘာလဲဆိုတာကို ကျွန်မတွေးတောမိတယ်။ ဒါကို ကျွန်မဘယ်လို ဖြေရှင်းရမလဲ။

7/22/2019

ဘုရားသခင်သည် ကျေးဇူးတော်ကာလတွင် လူသားမျိုးနွယ်ကို ရွေးနှုတ်ခဲ့သည်၊ ထိုသို့လျှင် ကိုယ်တော်သည် နောက်ဆုံးသောကာလတွင် အဘယ်ကြောင့် သူ၏တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် လိုအပ်သေးသနည်း။

အသက်, သမ္မာတရား, ဘုရားသခင်, ယုံကြည်ခြင်း, ယေရှု

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ -

"ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။" (ဝတ်ပြုရာကျမ်း ၁၁: ၄၅-၄၆)

"သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။" (ဟေဗြဲဩဝါဒစာ ၁၂: ၁၄)

"ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။" (ရှင်ယောဟန်ခရစ်ဝင် ၁၂: ၄၇- ၄၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

6/29/2019

သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင်၊ ဘုရားသခင်ကို နာခံသင့်သည်

ယုံကြည်ခြင်း, အသက်, ဘုရားသခင်, သမ္မာတရား, အသင်းတော်,

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့် ကောင်းကင်ဘုံတွင်ရှိသော ဘုရားနှင့် ပတ်သက်ပြီး၊ ထိုသူတို့တွင် လုံးဝမတူညီသည့် အမြင်နှစ်မျိုး အစဉ် ရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကိုနာခံ ရန်မဟုတ်ဘဲ၊ ၎င်းတို့ အတွက် အကျိုးအမြတ်အချို့ရရှိရန် သို့မဟုတ် ဘေးဒုက္ခ ခံစားရခြင်းမှ လွတ်မြောက်ရန် ဖြစ်သည်။ သို့မှသာ နာခံမှုအနည်းငယ် ရှိကြသည်။ သို့သော် ထိုသူတို့၏ နာခံမှု မှာ၊ အခြေအနေအရသာ ဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးကျေးဇူး အတွက်ဖြစ်ပြီး၊ ၎င်းတို့ကို အတင်းအကျပ် လုပ်စေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ သင်၏ အကျိုးအမြတ်များနှင့် သင်၏ကံကြမ္မာတို့အတွက် သက်သက်ဆိုလျှင် သင်မယုံကြည်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ ဤကဲ့သို့သော ယုံကြည်ခြင်းသည်၊ ကိုယ့်ကိုယ်ကို လှည့်ဖြားခြင်း၊ ကိုယ့်ကိုယ်ကို စိတ်ချမှုရှိစေခြင်းနှင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နာခံခြင်းအုတ်မြစ်အပေါ် တည်ဆောက် မထားပါက၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်း ခံရပါမည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်းခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံမည်ဟု ထင်ရ သော်လည်း ၎င်းတို့စိတ်ထဲတွင် ဆိုးယုတ် သော ရည်ရွယ်ချက်များ ကိန်းအောင်းနေသောသူများသည် သိုးရေ ခြုံထားသော ဝံပုလွေများဖြစ်ကြပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက်စော်ကားကြကာ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့တစ်ဦးချင်းကို ဖေါ်ထုတ်လိမ့်မည်။ ထို့ကြောင့် သူတော်ကောင်း ယောင်ဆောင်သူ တစ်ဦးချင်းသည် အမှန်တကယ်ပင် အလွန်မုန်တီးခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပယ်ခြင်း ခံရမည်ကို အားလုံး တွေ့ကြနိုင်လိမ့်မည်။ ပူပန်ခြင်းမရှိပါနှင့်။ ဘုရားသခင်က ၎င်းတို့ တစ်ဦးချင်းကို ကိုင်တွယ်၍ အလှည့်ကျ ဖြေရှင်းလိမ့်မည်။

6/22/2019

ခရစ်ယာန်သီချင်း | လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်


ဓမ္မသီချင်း | လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်

လူ့ဇာတိခံ ကို ယူသောဘုရားသည်

ယေဟောဝါဘုရားရဲ့ နောက်ကျောသာ လူကို ထင်ရှားပြသ

ခေတ်ကို အဆုံးသတ်

မရေရာသောဘုရား၌ လူသားတို့ယုံကြည်ခြင်းကာလ အပြီးသတ်

အထူးသဖြင့် နောက်ဆုံး လူ့ဇာတိခံယူသောဘုရား၏

အမှုတော်သည် လူသားအားလုံးကို

ပိုယုတ္တိတန်၊ ပိုလက်တွေ့ကျသော၊

ပိုမိုငြိမ်းချမ်းသော ခေတ်ဆီ ပို့ဆောင်

သူသည် ဥပဒေနှင့်အယူဝါဒခေတ်ကို နိဂုံးချုပ်ရုံမက

ပိုအရေးကြီးသည်မှာ စစ်မှန်သော ဘုရားဖြစ်ကြောင်း

လူကို ဖော်ပြ ဖြောင့်မတ်၍ သန့်ရှင်းသောသူ

စီမံခန့်ခွဲခြင်းအစီအမံကို ဖော်ထုတ်သူ

နက်နဲသောအရာတို့နဲ့ လူသားတို့ပန်းတိုင်ကို ဖော်ထုတ်သောသူ

လူကို ဖန်ဆင်းပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သူ

နှစ်ပေါင်းထောင်ချီ ပုန်းကွယ်ခဲ့သူ

သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံ စေ သောအဆုံးသတ်ဖြစ်စေ

သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံ စေ သောအဆုံးသတ်

အဆုံးသတ် ဖြစ်စေ သည်

လူသားအားလုံး ဘုရားမျက်နှာ ရှာပေမဲ့

မတွေ့သော နှစ်ကာလကို သူ အဆုံးသတ်စေ

လူသားအားလုံး စာတန်ကို အစေခံခဲ့သော ကာလကို အဆုံးသတ်

သူတို့ကို သီးခြား ခေတ်သစ်ဆီ ဦးဆောင်လမ်းပြ

ဒါတွေအားလုံး ဟာ ဘုရား ရဲ့ ဝိညာဉ်တော်အားဖြင့် မဟုတ်

လူ့ဇာတိဖြင့် ဘုရားအမှုတော်မြတ်၏ အကျိုးရလဒ်ဖြစ်သည်

ဘုရား၏ဝိညာဉ်တော်အားဖြင့် မဟုတ်

ဘုရား၏ဝိညာဉ်တော်အားဖြင့် မဟုတ်

သူသည် ဥပဒေနှင့်အယူဝါဒခေတ်ကို နိဂုံးချုပ်ရုံမက

ပိုအရေးကြီးသည်မှာ စစ်မှန်သော ဘုရားဖြစ်ကြောင်း

လူကို ဖော်ပြ ဖြောင့်မတ်၍ သန့်ရှင်းသောသူ

စီမံခန့်ခွဲခြင်းအစီအမံကို ဖော်ထုတ်သူ

နက်နဲသောအရာတို့နဲ့ လူသားတို့ပန်းတိုင်ကို ဖော်ထုတ်သောသူ

လူကို ဖန်ဆင်းပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သူ

နှစ်ပေါင်းထောင်ချီ ပုန်းကွယ်ခဲ့သူ

သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံစေ သောအဆုံးသတ်ဖြစ်စေ

သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံ စေ သောအဆုံးသတ်

အဆုံးသတ် ဖြစ်စေ သည်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အကြံပြုစာမျာ: 

Myanmar Gospel Movie | နာကြည်းဖွယ်ရာ အမှတ်တရများ

6/16/2019

အခန်း ၂


ဖီလာဒဲဖီးယားအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့်လုံးလုံးဖြစ်၏။ သန့်ရှင်းသူတို့မှာ ဘုရားသခင်အတွက် ၎င်းတို့၏မေတ္တာကို ရှေ့တော်သို့ဆောင်ယူခဲ့ကြပြီး ၎င်းတို့၏ ဝိညာဉ်ရေးလမ်းကြောင်းမှ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ကြ။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်မှ လူသားအဖြစ်ကို ခံယူခဲ့သည့်အကြောင်းကို ခိုင်မြဲစွာယုံကြည်ကြကာ ကိုယ်တော်သည် စကြဝဠာ၏ ဦးဆောင်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို အုပ်ချုပ် လျက်ရှိ၏။ ယင်းအကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကလည်း အတည်ပြု၍ ယင်းအတွက် အလွန်တရာခိုင်မာသော သက်သေပြချက်၏ ပံ့ပိုးမှု လည်းရှိပေ၏။ ၎င်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။

6/10/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ


လီချွမ်မင်ဟာ တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာရှိတဲ့အသင်းတော်တစ်ပါးက အကြီးအကဲတစ်ယောက်ဖြစ်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ၊ သူဟာစိတ်အားထက်သန်စွာ သခင်ကိုအစေခံခဲ့ပြီး၊ သမ္မာကျမ်းစာကို သေသေချာချာပြည့်ပြည့်ဝဝ လေ့လာနေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ပုံသက်သေကို သူဟာလိုက်နာနေသူတစ်ဦးဖြစ်ပြီး၊ သခင်ကိုယုံကြည်ခြင်းဆိုတာဟာ သမ္မာကျမ်းစာကိုယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာကိုယုံကြည်ခြင်းဟာလည်း သခင်ကိုယုံကြည်ခြင်းနဲ့အတူတူပဲလို့ တွေးထားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သမ္မာကျမ်းစာကိုလက်ကိုင်ထားသရွေ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရလိမ့်မယ်လို့သူယုံကြည်နေခဲ့တယ်။ ဒီအတွေးအခေါ်တွေဟာ သူ့ကို ခြေချင်းတစ်စုံလိုထိန်းချုပ်ထားခဲ့ပြီး၊ ဘုရားသခင်ရဲ့ ခြေရာကို လိုက်ဖို့နဲ့ ဘုရားသခင်ကိုယုံကြည်ဖို့ကို အဟန့်အတားဖြစ်စေတယ်။ အဲ့ဒီအကျိုးဆက်အနေနဲ့၊ လီချွမ်မင်တစ်​ယောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်တွေကို စုံစမ်းလေ့လာဖို့တစ်ခါမှမတွေးခဲ့ဘူး။

6/02/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | သီလသမာဓိအပေါ် ဘယ်တော့မှ နေမဝင်ရာ


ဝမ်သျှင်ယူနှင့် သူမ၏ခင်ပွန်းသည် အဝတ်ဆိုင်တစ်ဆိုင် ဖွင့်ထားပါသည်၊ အစပိုင်းတွင် သူတို့၏ဆိုင်ကို တည်ကြည်မှုနှင့် အသိစိတ်တို့ဖြင့် လည်ပတ်ရန်ကြိုးပမ်းသော်လည်း များစွာ ငွေမဝင်ပါ။ ထို့ပြင် သူတို့၏ဘဝမှာ အလွန်ခက်ခဲလှသည်။ သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် လိမ်လည်လှည့်စားမှုအပေါ် အမှီပြုသည့် သူတို့၏အပေါင်းအသင်းများ ကားများနှင့် အိမ်များ ဝယ်ယူပြီး ကြွယ်ဝသောဘဝဖြင့် အသက်ရှင်ရသည်ကို မြင်သောအခါ၊ သူတို့လည်း နောက်ကျကျန်ရစ်မည်ကို လိုလာခြင်းမရှိဟု ဆုံးဖြတ်လေသည်။ သူတို့၏အပေါင်းအသင်းများ လမ်းညွှန်မှုဖြင့် သူတို့သည် လူမှုရေးရေစီးကြောင်းနောက်လိုက်ကာ လိမ်လည်ခြင်းနှင့် ပရိယာယ်တို့ဖြင့် စီးပွားရှာလေတော့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် သူတို့ ငွေအတော်အတန် ဝင်သော်လည်း သူတို့၏အသိစိတ်မှာ မကြာခဏ စိတ်မအေးရဘဲ သူတို့၏စိတ်နှလုံးမှာ ဗလာနတ္တိဖြစ်နေရသည်။ ထိုအခါ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဧဝံဂလိကို သူတို့ လက်ခံပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ ယင်းမှတဆင့် ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်စားတတ်သောလူများကို ရွံမုန်းကြောင်း သိရပြီး ရိုးသားသောလူများမှာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို ရကြောင်း သဘောပေါက်လေသည်။ သို့သော်လည်း ကမ္ဘာလောကကြီးထဲမှ မကောင်းမှုနှင့် မှောင်မိုက်မှုကိုလည်း သူတို့ မြင်ပြီး တည်ကြည်မှုဖြင့် စီးပွားရေးလုပ်မည်ဆိုပါက ငွေရှာနိုင်လိမ့်မည် မဟုတ်သည့်အပြင် ငွေလည်းရှုံးမည့် အန္တရာယ်ရှိသည်ကိုလည်း သိကြသည်၊ သို့သော် ဖောက်သည်များကို လှည့်စားရန်အတွက် မုသားများနှင့် ပရိယာယ်များကို ဆက်လက်အသုံးပြုလျှင် ယင်းအတွက် ၎င်းတို့ကို ဘုရားသခင် မုန်းလိမ့်မည်ကို သိကြသည်။ အမျိုးမျိုး ရုန်းကန်မှုများနှင့် ကျရှုံးခြင်းများကို ရင်ဆိုင်ရပြီးနောက် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ ရိုးသားသည့်လူများ ဖြစ်ရန် နောက်ဆုံးတွင် ရွေးချယ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသည့်အတွက် အံ့မခန်းဖြစ်လေ၏။ သူတို့၏စီးပွားရေး တိုးတက်အောင်မြင်သည်သာမက ရိုးသားသောလူများ ဖြစ်ရခြင်း၏ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကိုလည်း မွေ့လျော်ခံစားရလေတော့သည်။

သူတို့၏ကိုယ်ကျိုးစီးပွားအတွက် သမာဓိရှိသောလူများ ဖြစ်ခြင်းကို စွန့်လွှတ်ခဲ့လေသည်၊ သို့သော် ယခု ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့၏ဂုဏ်သိက္ခာကို နဂိုအခြေအနေသို့ပြန်ရောက်စေခဲ့သည်။

အကြံပြုစာမျာ:

Myanmar full movie 2019နာကြည်းဖွယ်ရာ အမှတ်တရများ