菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

7/20/2019

ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ကိုကယ်တင်ခြင်းနှင့် စုံလင်စေခြင်းအတွက် မည်ကဲ့သို့ တဖြည်းဖြည်း နက်နဲလာသနည်း။

အသက်, သမ္မာတရား, ဘုရားသခင်, အသင်းတော်, ယေရှု,

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ -

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်၊ အဆင့်တစ်ခုစီတွင်၊ လူသားအပေါ် သင့်လျော်သည့် သတ်မှတ်ချက်များကို ချမှတ်ထားခဲ့သည်။ ထို့အပြင် ခေတ်များ ပြီးဆုံးပြီး တိုးတက်လာသည်နှင့်အမျှ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာသည်။ ထို့အတွက်ကြောင့်၊ တစ်ဆင့်ချင်းစီသွားခြင်းဖြင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှုအလုပ်က အထွတ်အထိပ်သို့ ရောက်ရှိလာသည်မှာ လူသားသည် "လူ့ဇာတိထဲတွင် နှုတ်ကပတ်တော်၏ ပေါ်ထွန်းလာခြင်း" ဆိုသည့်အချက်ကို ရှုမြင်လာသည်အထိဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့် လူသားများအပေါ် သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာကာ၊ လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကလည်း သာ၍ပင် မြင့်မားလာသည်။… ယခင်က၊ လူသားသည် ပညတ်တော်များ၊ ဥပဒေသများနှင့်အညီ လိုက်နာရန်လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံပြီး စိတ်နှိမ့်ချရန်လည်း လိုအပ်ခဲ့သည်။ ယနေ့တွင်၊ လူသားသည် ဘုရားသခင်၏ စီစဉ်မှု အားလုံးကို လိုက်နာရန်လိုအပ်ပြီး၊ ဘုရားသခင်၏ ချစ်မေတ္တာ အထွတ်အထိပ်ကို လယ်ဝယ်ရှိထားရန်နှင့် ဆင်းရဲဒုက္ခအလယ် ရောက်ရှိစဉ်တွင် ဘုရားသခင်ကို ဆက်လက်ချစ်မြတ်နိုးရန် အဆုံးစွန် လိုအပ်သည်။ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးတွင်၊ ဤအဆင့်သုံးဆင့်မှာ ဘုရားသခင်က လူသားအပေါ် ပြဋ္ဌာန်းထားသော တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်စေသည့် သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်ကထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ လူသားအပေါ် သတ်မှတ်ချက်များသည် ခါတိုင်းထက် မြင့်မားနေပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍ နီးစပ်လာသောကြောင့် အတိအကျဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ခွဲခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံသော အဆုံးသို့ရောက်သောအခါ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု" မှ


ဘုရားသခင်၏စီမံခန့်ခွဲမှုအလုပ်သည် ကမ္ဘာကိုဖန်ဆင်းချိန်က စတင်ခဲ့ပြီး လူသားသည် ဤအလုပ်၏ ဗဟိုအချက်အချာတွင်ရှိသည်။ ဘုရားသခင်၏ အရာအားလုံးကို ဖန်ဆင်းမှုသည် လူသားအတွက်ဟုပြောနိုင်သည်။ သူ၏ စီမံခန့်ခွဲမှုအလုပ်သည် နှစ်ပေါင်းများစွာ ရှည်ကြာပြီး မိနစ် သို့မဟုတ် စက္ကန့် အနည်းငယ်အတွင်း၊ မျက်စိတစ်မှိတ် သို့မဟုတ် တစ်နှစ်၊ နှစ်နှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်သဖြင့် သူသည် လူသားများ အသက်ရှင်နေနိုင်ရေးအတွက် လိုအပ်သည့် နေ၊ လ၊ သတ္တဝါအမျိုးမျိုး၊ အစာနှင့် သက်ရှိပတ်ဝန်းကျင် အစရှိသည်တို့ကို လူသားတို့အတွက် ဖန်ဆင်းခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်စီမံခန့်ခွဲမှု အစ ဖြစ်သည်။

၎င်းနောက် ဘုရားသခင်သည် လူသားကို စာတန်လက်ထဲအပ်နှံခဲ့ရပြီး လူသားသည် စာတန်၏ ပိုင်နက်တွင်နေခဲ့ကာ ဤမှသည် ဘုရားသခင်အမှု၏ ပထမဆုံးခေတ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသည်- ပညတ်တော်ခေတ်၏ ဇာတ်လမ်း။… ပညတ်တော်ခေတ်၏ နှစ်ထောင်ပေါင်း အချို့ကာလတွင် လူသားတို့သည် ပညတ်တော်ခေတ်၏ လမ်းညွှန်မှုနှင့် ယဉ်ပါးသွားကာ ၎င်းကို ပေါ့ပေါ့တန်တန် စတင်သဘောထားလာကြပြီး တဖြည်းဖြည်းနှင့် ဘုရားသခင်၏စောင့်ရှောက်မှုမှ ခွဲခွာလာခဲ့ကြသည်။ ထို့ကြောင့် ပညတ်တော်ကို လိုက်နာနေစဉ်တွင် ၎င်းတို့သည် ရုပ်ဝတ္ထုများကို ကိုးကွယ်ကြကာ မကောင်းမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါ၏ အကာအကွယ် မရှိတော့ဘဲ ဗိမာန်တော်၏ ယဇ်ပလ္လင်ရှေ့တွင် အသက်ရှင်နေရုံမျှသာ နေထိုင်သွားကြသည်။ အကယ်စင်စစ် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့ကို ထားခဲ့သည်မှာ ကာလကြာမြင့်ခဲ့သည်ဖြစ်ပြီး ဣသရေလတို့က ပညတ်တော်များကို ဆက်လက်နာခံနေခြင်း၊ ယေဟောဝါ၏ အမည်ကို ပြောဆိုနေခြင်းများ ပြုလုပ်၍ ၎င်းတို့သာလျှင် ယေဟောဝါ၏ ရွေးချယ်ခံရသူများဟု ဂုဏ်ယူစွာ ယုံကြည်ကြသော်လည်း ဘုရားသခင်၏ ဘုန်းတော်သည် ၎င်းတို့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ပြီဖြစ်သည်…

……

အမြဲဖြစ်ရိုးဖြစ်စဉ်အတိုင်း ပညတ်တော်ခေတ်တွင် ယေဟောဝါ၏အမှုတော်ပြီးနောက် ဘုရားသခင်သည် သူ့အမှုတော်၏ ဒုတိယအဆင့်ကို စတင်သည်- လူ့ဇာတိကိုခံယူကာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် လူသားအသွင် ခံယူပြီး ယုံကြည်သူများအကြား စကားပြောခြင်း၊ အမှုတော်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ခြွင်းချက်မရှိ၊ မည်သူမျှမသိခဲ့ပါ။ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် သံမှိုအရိုက်ခံရကာ ရှင်ပြန်ထမြောက်ပြီး နောက်တွင် လူအနည်းငယ်သာလျှင် သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။… ကားစင်တင်ခံရပြီးနောက် ဘုရားသခင်၏အမှုတော် ဒုတိယအဆင့် ပြီးဆုံးသွားသည်နှင့် လူသားကို အပြစ်မှကယ်ယူသည့် ဘုရားသခင်၏အမှုတော် (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်း) ပြီးမြောက်သွားသည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားတို့သည် ၎င်း၏ အပြစ်များဖြေလွှတ်ရန် သခင်ယေရှုကို ကယ်တင်ရှင်ဟု လက်ခံရန်သာ ရှိပါတော့သည်။ သဘောပြောရလျှင် လူသား၏အပြစ်များသည် ကယ်တင်ခြင်းရရှိရေးနှင့် ဘုရားသခင် ရှေ့မှောက်လာရေးတွင် အတားအဆီး မဟုတ်တော့ဘဲ စာတန်က လူသားကို စွပ်စွဲရန်လည်း အသုံးမပြုနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင် စစ်မှန်သည့်အမှုတော်ထမ်းဆောင်၍ အပြစ်ရှိသည့် ဇာတိပကတိသဏ္ဌာန်နှင့် နမူနာကိုခံယူကာ ဘုရားသခင်ကိုယ်တိုင်သည် အပြစ်ဖြေရာ ယဇ်ကောင်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင် လူ့ဇာတိ၏ ကျေးဇူးတော်၊ အပြစ်ရှိသည့် ဤလူ့ဇာတိ အသွင်သဏ္ဌာန်၏ ကျေးဇူးတော်ကြောင့် လူသားသည် ရွေးနုတ်ကယ်တင်ခံရပြီးနောက် လက်ဝါးကပ်တိုင်မှ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် စာတန်၏ဖမ်းဆီးမှုခံရပြီးနောက် လူသားသည် ဘုရားသခင်ရှေ့တော်တွင် ကယ်တင်ခြင်းလက်ခံရရှိရန် ခြေတစ်လှမ်း ပိုနီးကပ်လာသည်။ အမှုတော်၏ ဤအဆင့်မှာ ပညတ်တော်ခေတ်မှ ရှေ့တစ်ဆင့်လှမ်းသော ဘုရားသခင်၏ စီမံခန့်ခွဲမှုဖြစ်ပြီး ပညတ်တော်ခေတ်ထက် ပို၍လေးနက်သည့် အဆင့်တွင် ရှိသည်မှာ မှန်ပေသည်။

……

ထို့နောက် ကောင်းကင်နိုင်ငံတော်ခေတ် ရောက်လာပါသည်။ ဤခေတ်မှာ အမှုတော်၏ပို၍ လက်တွေ့ကျသောအဆင့်နှင့် လူသားများအနေဖြင့် လက်ခံရန်အခက်ခဲဆုံး အဆင့်ဖြစ်သည်။ ဤသည်မှာ လူသားသည် ဘုရားသခင်နှင့်နီးကပ်လေလေ၊ ဘုရားသခင်၏ တောင်ဝှေးတော်သည် လူသားအနားကို ပိုမို ချဉ်းကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏မျက်နှာတော်မှာ လူသားရှေ့တွင် ပိုမိုရှင်းလင်းစွာ ပေါ်လာလေလေ ဖြစ်သောကြောင့် ဖြစ်သည်။ လူသားတို့သည် ရွေးနုတ်ခံရပြီးနောက် ဘုရားသခင်၏မိသားစုထံ တရားဝင် ပြန်သွားလေသည်။ ဤသည်မှာ ပျော်ရွှင်စရာအချိန်ဟု လူသားကယူဆသော်လည်း မည်သူကမျှ ကြိုတင် မမြင်ခဲ့သော ဘုရားသခင်၏ တိုက်ရိုက်တိုက်ခိုက်မှုကို ၎င်းခံရသည်။ အကယ်စင်စစ် ဤသည်မှာ ဘုရားသခင်၏လူတို့ "ပျော်မွေ့ရန်" ဗတ္တိဇံတစ်ရပ်ဖြစ်သည်။ ဤသို့သော ဆက်ဆံမှုအောက်တွင် လူသားတို့သည် အခြားလမ်းမရှိဘဲ ငါသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော သိုးသငယ်ဖြစ်ပြီး ဘုရားသခင်က အကုန်အကျများစွာဖြင့် ပြန်လည်ဝယ်ယူထားသူဖြစ်သည်၊ သို့ဖြစ်လျှင် ဘုရားသခင်သည် ငါ့ကို အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း၊ ဘုရားသခင် ငါ့ကို လှောင်ပြောင်ရယ်မောနေသလော၊ ငါ့ကို ထုတ်ဖော်နေသလောဟုသာ ရပ်၍စဉ်းစားရန်ရှိတော့သည်။… နှစ်ကာလများ ကျော်လွန်ပြီးနောက် လူသားသည် သန့်စင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း အခက်အခဲများကို ခံရပြီးနောက် ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။ အတိတ်က "ဘုန်းတန်ခိုး"နှင့် "ကြည်နူးဆွတ်ပျံ့ဖွယ်ရာ"တို့ ပျောက်ဆုံးသွားပြီ ဖြစ်သော်လည်း မသိစိတ်ကမူ လူသားတစ်ဦး ဖြစ်ရခြင်း၏ သမ္မာတရားကို နားလည်လာပြီး လူသားတို့ကို ကယ်တင်ရေးအတွက် ဘုရားသခင်၏ နှစ်ပေါင်းများစွာ ပေးအပ်လုပ်ဆောင်မှုကို ကျေးဇူးတင်လာသည်။ တဖြည်းဖြည်းနှင့် လူသားသည် ၎င်းကိုယ်တိုင်၏ ရိုင်းပျကြမ်းတမ်းမှုကို ရွံရှာစက်ဆုပ်လာသည်။ သူမည်မျှရိုင်းစိုင်းသည်ကို စတင်မုန်းတီးလာသည်။ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများအားလုံး၊ ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလာသည်။ အချိန်ကို နောက်ကြောင်းပြန်လှည့်၍မရပါ။ အတိတ်မှ အဖြစ်အပျက်များသည် လူသားအတွက် နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မေတ္တာတို့သည် လူသား၏ဘဝသစ်အတွက် တွန်းအားများဖြစ်လာသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းလာသည်၊ ခွန်အားပြန်ရှိလာပြီး မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာတော်ကို ဖူးမျှော်သည် … ထိုအခါ သူသည် မိမိ၏အနားတွင် အစဉ်ရှိကြောင်းနှင့် သူ၏အပြုံးနှင့် လှပသောမျက်နှာတို့သည် စိတ်နှလုံးကို လှုပ်ရှားစေနိုင်ဆဲဖြစ်ကြောင်းတို့ကိုသာ တွေ့လိုက်ရသည်။ သူ၏စိတ်နှလုံးသည် သူဖန်ဆင်းခဲ့သော လူသားတို့အတွက် စိုးရိမ်စိတ်ရှိနေဆဲဖြစ်ပြီး လက်များသည် အစအဦးကကဲ့သို့ နွေးထွေးဆဲ၊ တန်ခိုးရှိဆဲဖြစ်သည်။ လူသားသည် ဧဒင်ဥယျာဉ်သို့ ပြန်ရောက်နေသည့်အလားဖြစ်သည်။ သို့သော် ဤအကြိမ်တွင် မြွေ၏ဖြားယောင်းသွေးဆောင်မှုများကို လူသား နားမထောင်တော့ပါ။ ယေဟောဝါ၏ မျက်နှာမှ လှည့်မသွားတော့ပါ။ ဘုရားသခင်ရှေ့မှောက် လူသား ဒူးထောက်ကာ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး မိမိ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်သည်—အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်" မှ


ယေရှုမှ လုပ်ဆောင်ခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်းထက် တစ်ဆင့်မျှသာ ပိုမြင့်ခဲ့ပြီး၊ ခေတ်တစ်ခေတ်ကို စတင်ပေးရန်နှင့်၊ ထိုခေတ်ကို ဦးဆောင်ပေးရန်အတွက် ၎င်းကို အသုံးပြုခ ခြင်းဖြစ်သည်။ "ပညတ်တရားများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။" ဆိုပြီး သူပြောခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ သူ့အမှုထဲမှာ ဓမ္မဟောင်းကျမ်း၏ ဣသရေလ လူမျိုးများ ကျင့်သုံးနေခဲ့ကြသည့် ပညတ်တရားများ၊ ပညတ်ချက်များနှင့် ကွဲပြားမှုများ များပြားခဲ့ပါသည်၊ သူလာခဲ့သည်မှာ ပညတ်တရားကို နာခံရန် မဟုတ်ပဲ၊ ၎င်းကို ပြည့်စုံစေရန် ဖြစ်သည်။ ၎င်းကို ပြည့်စုံစေခြင်း လုပ်ငန်းစဉ်ထဲတွင် လက်တွေ့ အမှုအရာများစွာ ပါဝင်သည်- သူ့အမှုမှာ ပိုလက်တွေ့ကျကာ ပိုစစ်မှန်ခဲ့သည်၊ ထို့အပြင် ၎င်းမှာ အသက်ရှင်ပြီး၊ အယူဝါဒများကို မျက်ကန်း လိုက်နာမှုလည်း မဟုတ်ခဲ့ပါ။ ဣသရေလ လူမျိုးများတို့က ဥပုသ်ကို စောင့်ခဲ့ကြသည် မဟုတ်လော။ လူသားသည် ဥပုသ်နေ့ကို အစိုးရသူဖြစ်သည်ဟု သူပြောဆိုခဲ့သည့်အတွက်၊ ယေရှု ရောက်လာချိန်မှာ ဥပုသ်ကို မစောင့်ခဲ့ပါ၊ ဥပုသ်နေ့ကို အစိုးရသူရောက်လာသည့်အခါ သူ့စိတ်ကြိုက် သူလုပ်ဆောင်ပါလိမ့်မည်။ သူရောက်လာခဲ့သည်မှာ ဓမ္မဟောင်းကျမ်းထဲက ပညတ်တရားများကို ဖြည့်ဆည်းပေးရန်နှင့် ပညတ်တရားများကို ပြောင်းလဲရန်အတွက်ဖြစ်သည်။ ယနေ့တွင် လုပ်ဆောင်ပြီးခဲ့သည် အရာအားလုံးမှာ ပစ္စုပန်ကို အခြေခံထားသော်လည်း၊ ပညတ်တော်ခေတ်တုန်းက ယေဟောဝါအမှု၏ အခြေခံအုတ်မြစ်ပေါ်၌ အခြေခံထားဆဲ ဖြစ်ပြီး ယင်းဘောင်ကို ချိုးဖောက်ခြင်းမရှိပါ။ ဥပမာ၊ မိမိနှုတ်ကို စောင့်ထိန်းရန်နှင့် သူများ သားမယားကို မပြစ်မှားရေး ဆိုသည့် အချက်များမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်များဖြစ်သည် မဟုတ်လော။ ယနေ့တွင် သင့်ထံမှ တောင်းဆိုနေသည်များမှာ ပညာတ်တော်ဆယ်ပါးဖြင့်သာ ကန့်သတ် မထားပဲ၊ ယခင်တုန်းက ကျင့်သုံးခဲ့ကြသည့် ပညတ်ချက်များနှင့် ပညတ်တရားများထက် ပိုမြင့်မားသည့် ညွှန်ကြားချက် ပါဝင်ပေသည်။ သို့သော် ဘုရားသခင့် အမှု၏ အဆင့်တစ်ခုစီကို ယခင်တုန်းက ရှိခဲ့သည့် အခြေခံအုတ်မြစ်အပေါ်မှာ လုပ်ဆောင်ခြင်း ဖြစ်ခဲ့သည့်အတွက်၊ ထိုသို့ ပြောဆိုမှုက ယခင်က အရာများပယ်ဖျက်ခဲ့ပြီဟု မဆိုလိုပါ။ သို့ဖြစ်၍၊ ယဇ်ပူဇော်ခြင်း၊ မိဘများကို ရိုသေစွာပြုခြင်း၊ ရုပ်တုများကို မကိုးကွယ်ကြခြင်း၊ အခြားသူတို့အား မစော်ကားရခြင်း၊ သူတစ်ပါးကို မတိုက်ခိုက် သို့မဟုတ် မကျိန်ဆဲရခြင်း၊ သူများ သားမယားကို မပြစ်မှားခြင်း၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ သေသောအရာများကို မစားရခြင်း၊ သွေးကို မသောက်ရခြင်း ကဲ့သို့သော အရာများကို ယေဟောဝါက ဣသရေလ လူမျိုးများအား မိတ်ဆက်ပေးခဲ့ခြင်းမှာ ယနေ့တွင်သင့်တို့၏ လက်တွေ့လုပ်ဆောင်မှု၏ အခြေခံအုတ်မြစ်မှ ဖြစ်သည် မဟုတ်လော။ အတိတ်ကာလများ၏ အခြေခံအုတ်မြစ် အပေါ်မှာသာ အမှုများကို ယနေ့အထိ လုပ်ဆောင်ခဲ့ကြရပါသည်။ အတိတ်ကပညတ်ချက်များကို ရှေ့ဆက် ဖေါ်ပြခြင်း မပြုလုပ်ပဲ၊ သင့်ထံ တောင်းဆိုချက် အသစ်များကို ပြုလုပ်ခဲ့သော်လည်း ယင်းပညတ်ချက်များကို မပယ်ဖျက်ခဲ့ပဲ ၎င်းတို့ကို ပို၍ မြှင့်တင်ခသည်။ ၎င်းတို့ကို ပယ်ဖျက်လိုက်ပြီဟု ဆိုမည်ဆိုလျှင် အတိတ်ခေတ်မှာ ဟောင်းသွားပြီဟု ဆိုလိုခြင်းဖြစ်သော်လည်း၊ သင့်အနေနှင့် အစဉ် လိုက်နာရမည့် ပညတ်ချက် အချို့ ရှိနေဆဲဖြစ်သည်။အတိတ်က ပညတ်ချက်များကို လက်တွေ့လုပ်ဆောင်ခဲ့ကြပြီးဖြစ်သလို လူသား၏ ဖြစ်တည်မှု ဖြစ်လာနှင့်ခဲ့ပြီဖြစ်သည်၊ ဆေးလိပ် မသောက်ရ၊ အရက်မသောက်ရ၊ စသဖြင့် ပညတ်ချက်များကို ထပ်လောင်း ထည့်ပြောရန် မလိုတော့ပါ။ ယင်းကဲ့သို့သော အခြေခံအုတ်မြစ် အပေါ်မှာ၊ သင်တို့၏ ယနေ့ လိုအပ်ချက်များနှင့်အညီ၊ သင်တို့၏ ဝိညာဉ်ရေးရာအသက်တာနှင့်အညီ၊ ယနေ့အတွက် အမှုနှင့်အညီ၊ ပညတ်ချက် အသစ်များကို ချမှတ်ခြင်းဖြစ်သည်။ ခေတ်သစ်၏ ပညတ်ချက်များကို ထုတ်ပြန်ကြေညာနေခြင်းမှာ ခေတ်ဟောင်း၏ ပညတ်ချက်များကို ပယ်ဖျက်ခြင်းဟုမဆိုလိုပါ၊ လူ၏ လုပ်ဆောင်ချက်များကို ပိုပြီးပြည့်စုံစေရန်နှင့် စစ်မှန်မှုနှင့်ပိုပြီးကိုက်ညီလာစေရန် အတွက် ထိုအခြေခံအုတ်မြစ်ပေါ်မှာ ၎င်းတို့ကို ပိုမြင့်မားလာအောင် မြှင့်တင်ပေးခြင်း ဖြစသည်။ အကယ်၍များ၊ ယနေ့တွင် သင်သည် ဓမ္မဟောင်းကျမ်းထဲကပညတ်ချက်များနှင့် ပညတ်တရားများကို၊ ဣသရေလ လူမျိုးများကဲ့သို့ပင်၊ လိုက်နာစောင့်ထိန်းရန် လိုအပ်ခဲ့မည်၊ ထို့အပြင် သင်သည် ယေဟောဝါမှ ချမှတ်ပေးခဲ့သည့် ပညတ်တရားများကို အာဂုံဆောင်ထားရန်ကိုပါ လိုအပ်ခဲ့မည် ဆိုပါက၊ သင်တို့ ပြောင်းလဲလာနိုင်မည့် အလားအလာများ မရှိနိုင်ပါ။ သင်တို့သည် ထိုကဲ့သို့သော ကန့်သတ်ထားသည့် ပညတ်ချက်များကိုသာ စောင့်ထိန်းရန် လိုအပ်ခဲ့မည် သို့မဟုတ် မရေတွက်နိုင်သော ပညတ်ချက်များကို အာဂုံဆောင်ထားရန် လိုအပ်ခဲ့မည် ဆိုပါက၊ သင်တို့၏ သဘာဝ အဟောင်းသည် နက်ရှိုင်းစွာ နှစ်မြှုပ်လျက် ရှိနေခဲ့မည် ဖြစ်ပြီး ၎င်းတို့ကို အမြစ်ပြုတ်ရန် နည်းလမ်း ရှိမည်မဟုတ်ပါ။ သို့ဖြစ်၍ သင်တို့သည် အကြီးအကျယ် အကျင့်စာရိတ္တ ပျက်ပျားလာခဲ့မည်ဖြစ်ပြီး သင်တို့အထဲက မည်သူမျှ နာခံသူ ဖြစ်မလာနိုင်ပါ။ယင်းမှာ ရိုးရှင်းသည့် ပညတ်ချက် အချို့ သို့မဟုတ် ရေတွက်မရနိုင်သည့် ပညတ်တရားများသည် ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သိနားလည်အောင် လုပ်နိုင်စွမ်း မရှိကြောင်းကို ဆိုလိုသည်။ သင်တို့သည် ဣသရေလ လူမျိုးများနှင့် မတူကြပါ- သူတို့သည် ပညတ်တရားများကို လိုက်နာရင်း ပညတ်ချက်များကို အာဂုံဆောင်ရင်း ယေဟောဝါ၏ လုပ်ဆောင်ချက်များကို သက်သေခံပေးနိုင်ခဲ့ကြပြီး ၎င်းတစ်ပါးတည်းကိုသာ သူတို့ ဆက်ကပ်ခဲ့ကြသည်၊ သို့သော် သင်တို့သည် ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ထို့အပြင် သမ္မာကျမ်းဟောင်း၏ အချို့ပညတ်ချက်များသည် သင်တို့အား သင်တို့၏ စိတ်နှလုံးများကို ပေးအပ်လာစေရန် သို့မဟုတ် သင့်ကို ကာကွယ်ပေးရန် လုပ်နိုင်စွမ်း မရှိကြသည့်အပြင် သင့်တို့ကို လျော့ရဲလာစေပြီး သင်တို့ကို မရဏာနိုင်ငံဆီသို့ ကျဆင်းစေလိမ့်မည်ဖြစ်သည်။ ငါ၏ အမှုမှာ သိမ်းပိုက်ခြင်းအမှု ဖြစ်ပြီး၊ သင်တို့၏ မနာခံမှုနှင့် သဘာဝဟောင်းကို ဦးတည်ထားသည့် အတွက်ဖြစ်သည်။ ယေဟောဝါနှင့် ယေရှုတို့၏ နူးညံ့ကြင်နာသည့် နှုတ်ကပတ်တောမှာ ယနေ့ စီရင်ချက်၏ ပြင်းထန်သည့် စကားလုံးများကို မမီပါ။ ယင်းကဲ့သို့သော ပြင်းထန်သည့် စကားလုံးများ မရှိကြပါက၊ နှစ် ထောင်ချီ နာခံလာခဲ့ခြင်း မရှိခဲ့ကြသည့် သင်တို့ကဲ့သို့သော 'ပါရဂူ'များကို သိမ်းပိုက်ရန် မဖြစ်နိုင်ပါ။ ဓမ္မဟောင်းကျမ်းထဲက ပညတ်ချက်များသည် သင်တို့အပေါ်အာဏာမရှိကြတော့သည့်မှာ ကြာပြီ ဖြစ်ပြီး၊ ယနေ့၏ စီရင်ချက်မှာ ပညတ်ချက် အဟောင်းများနှင့် စာလျှင် ပို၍ ခန့်ညားလောက်ပေသည်။ သင်တို့သည် အစအဦးက လူသားမျိုးနွယ် မဟုတ်ဘဲ နှစ်ပေါင်း ထောင်ချီ အကျင့်ပျက်လာခဲ့သည့် လူသား မျိုးနွယ် ဖြစ်ကြသောကြောင့်၊ သင်တို့ အတွက် အသင့်တော်ဆုံးမှာ မပြောပလောက်သော ပညတ်တရား၏ ချုပ်ခြယ်မှုများ မဟုတ်ဘဲ စီရင်ချက် ဖြစ်ပါသည်။ ယနေ့တွင် လူ့အနေဖြင့်ကြိုးပမ်းရမည်မှာ ယနေ့ လူသား၏ လက်တွေ့ အခြေအနေနှင့်အညီ၊ ပစ္စုပန် လူသား၏ အရည်အချင်းနှင့် တကယ့် ဝိညာဉ်ရေးရာ အသက်တာနှင့်အညီ ဖြစ်ပြီး၊ သင်သည် အယူဝါဒများကို လိုက်နာရန်မလိုအပ်ပါ။ ဤသည်မှာ အပြောင်းအလဲများကို သင်၏ သဘာဝ အဟောင်းဖြင့် ရယူနိုင်စေရန်နှင့် သင်၏ ခံယူချက်များကို သင့်အနေနှင့် ဖယ်ရှားနိုင်စေရန် အတွက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)" မှ


ယနေ့တွင် လူသားလျှောက်လှမ်းသော လမ်းကြောင်းသည် လက်ဝါးကပ်တိုင် လမ်းကြောင်းဖြစ်ပြီး ယင်းသည် ခံစားရသော လမ်းကြောင်း ဖြစ်သော်လည်း ယနေ့အချိန်တွင် လူသားကျင့်သုံးမှု၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်မွေ့ခြင်း တို့သည် ပညတ်တော်အောက်နင့် ကျေးဇူးတော်ခေတ်တွင်ရှိသော လူသားနှင့် ကြီးစွာ ကွာခြားသည်။ ယနေ့တွင် လူသားအပေါ် တောင်းဆိုမှုသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် ရှိသော လူသားအပေါ် တောင်းဆိုမှုနှင့်လည်း ပို၍ပင် မတူညီပေ။ ဣသရေလ၌ အလုပ်ပြီးဆုံးသည့်အခါ ပညတ်တော် အောက်တွင်ရှိသော လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသလဲ။ သူတို့ကို ဥပုသ်နေ့များကို ထိန်းသိမ်းရန်နှင့် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာရန်အပြင် အခြား မည်သည်ကိုမျှ မတောင်းဆိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ကြပေ။ သို့ရာတွင် ယခုအခါ ထိုသို့ မဟုတ်တော့ပေ။ ဥပုသ်နေ့များတွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ မည်သည့် ကန့်သတ်မှုမှ မထားပေ။ ကျေးဇူးတော်ခေတ်တွင် လူများသည် ဗတ္တိဇံခံရသည်၊ ထိုမျှသာမက သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ သူတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေကို ဆေးကြောပေးရန် တောင်းဆိုခံခဲ့ရသည်။ ယခုအခါတွင် ယင်းစည်းမျဉ်းများကို ပယ်ဖျက်ပြီး လူသားအတွက် သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် ဆက်လက်၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမိုမြင့်မားလာခဲ့သောကြောင့် ဖြစ်သည်။ အတိတ်ကာလက ယေရှုသည် သူ၏ လက်ကို လူသား အပေါ်တင်၍ ဆုတောင်းခဲ့သော်လည်း ယခုအခါ အရာရာကို ပြောထားပြီး ဖြစ်ရာ လက်များတင်ခြင်းသည် မည်သည့်အတွက် အသုံးကျတော့မည်နည်း။ စကားလုံး များအားဖြင့်သာ ရလဒ်ကို ရရှိနိုင်သည်။ အတိတ်ကာလက သူသည် လူသားအပေါ်တွင် လက်တင်ခဲ့သော အခါက လူသားကို ကောင်းချီးပေးရန်နှင့် ကုသရန် ဖြစ်သည်။ ယင်းမှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ် လုပ်ခဲ့သည့် ပုံစံဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ထိုသို့ မဟုတ်တော့ချေ။ ယခုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ရလဒ်များ ထွက်ပေါ်စေရန် သူ၏အလုပ်တွင် စကားလုံးများကို အသုံးပြုသည်။ သူသည် သူ၏ နှုတ်ကပတ်တော်များကို သင်တို့အတွက် ရှင်းလင်းစေပြီ၊ သင်တို့သည် ယင်းတို့ကို လက်တွေ့ကျင့်သုံးရန်သာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်ပြီး သူလုပ်ဆောင်မည့် အလုပ်များကို ပြသသည်။ သူ၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သင်သည် သူ၏ အလိုကို နားလည်နိုင်ပြီး သူက သင့်ကို မည်သည်အား ရစေလိုသည်ကို သိနားလည်နိုင်သည်။ လက်တင်ရန် မလိုအပ်တော့ဘဲ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက် ကျင့်သုံးရန်သာ ဖြစ်သည်။ အချို့က ပြောနိုင်သည်၊ "ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ခြင်းအားဖြင့် ကျွန်ုပ်သည် ကိုယ်တော်၏ ကောင်းချီးနှင့် အတူရှိခြင်းကို ရရှိမည်။" ယင်းတို့အားလုံးမှာ ယခင်ကသုံးစွဲခဲ့သည့် ခေတ်မမှီတော့သော အလေ့အထများဖြစ်ပြီး ခေတ်ပြောင်းလာခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တားမြစ်ထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခေတ်ကို လိုက်၍ အလုပ်လုပ်သည်။ အလိုအရ သို့မဟုတ် ချမှတ်ထားသော စည်းမျဉ်းများအရသာ မဟုတ်ပေ။ ခေတ်ပြောင်းခဲ့ပြီဖြစ်ရာ ခေတ်သစ်သည် ယင်း၏ အလုပ်သစ်ကို ယူဆောင်လာရမည်။ ယင်းမှာ အလုပ်၏ အဆင့်တိုင်းအတွက် မှန်ကန်ပြီးဖြစ်ရာ သူ၏ အလုပ်သည် မည်သည့်အခါမျှ ထပ်ကျော့လုပ်မည် မဟုတ်ချေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အလုပ်အများစုကို ဥပမာ- နာမကျန်းသူများကို ကုသခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ၏ လက်ကိုတင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယင်းကို ဆက်လုပ်ရန် အတွက်မူ လက်ရှိ မျက်မှောက်နေ့ရက်များတွင် မည်သည့် ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းနိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် ထိုအလုပ်ကို ထိုသို့သော နည်းလမ်းဖြင့် လုပ်ခဲ့ပြီး လူတို့အား ပျော်မွေ့ခံစားခြင်းအတွက် ကျေးဇူးတော်ကို လုံလောက်စွာ ပြခဲ့သည်။ လူသည် မည်သည့် အဖိုးအခကိုမျှ ပေးရန်မလိုခဲ့ဘဲ သူ့တွင် ယုံကြည်ခြင်း ရှိနေသမျှ ကျေးဇူးတော်ကို ရရှိနိုင်သည်။ အားလုံးသည် နူးညံ့ကြင်နာစွာ ဆက်ဆံခံကြရသည်။ ယခုအခါ ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပိုမို တိုးရတော့မည်၊ သူ၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တဆင့် လူ၏ တော်လှန်ပုန်ကန်မှုနှင့် လူအတွင်းရှိ မသန့်ရှင်းသော အရာများသည် ဖယ်ရှားခံရလိမ့်မည်။ ယင်းသည် ရွေးနှုတ်ခြင်း၏ အဆင့်ဖြစ်ရာ ဘုရားသခင်သည် ယင်းသို့သော အလုပ်များကို လုပ်ရသည်၊ လူကို ပျော်မွေ့ခံစားရန် လုံလောက်သော ကျေးဇူးတော်ကို ပြသထားခြင်းဖြင့် လူသည် အပြစ်မှ ရွေးနှုတ်ခံရကာ ကျေးဇူးတော်မှတစ်ဆင့် သူတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံရသည်။ ဤလက်ရှိအဆင့်တွင် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စကားလုံးများ၏ ပြင်းစွာရိုက်နှက်ခြင်း သာမက စကားလုံးများ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ဖွင့်ပြခြင်း အားဖြင့်လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ခြင်းဖြင့် နောက်ပိုင်းတွင် သူတို့ကို ကယ်တင်ခြင်းရစေရန် လုပ်ဆောင်သည်။ ယင်းသည် ရွေးနှုတ်ခြင်းထက် ပိုမိုနက်နဲသော အလုပ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသည် လုံလောက်သော ကျေးဇူးတော်ကို ခံစားခဲ့ပြီး ယင်းကျေးဇူးတော်ကို တွေ့ကြုံပြီးလည်း ဖြစ်ရာ လူသားက ယင်းတွင် ပျော်မွေ့ခံစားရန် မရှိတော့ပေ။ ယင်းကဲ့သို့သော အလုပ်သည် ယခုအခါ ခေတ်မမီတော့ဘဲ ဆက်လုပ်စရာလည်း မလိုအပ်တော့ပေ။ ယခုအခါ လူသည် စကားလုံးများအားဖြင့် တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရသည်။ လူကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ လုပ်ပြီးနောက်တွင် သူ၏ စိတ်သဘောထားသည် ထိုအခါ ပြောင်းလဲ သွားလိမ့်မည်။ ယင်းမှာ ငါပြောထားသော နှုတ်ကပတ်တော်များကြောင့် မဟုတ်ပါလား။ အလုပ်အဆင့်တိုင်းသည် လူသားမျိုးနွယ် အလုံးစုံ၏ တိုးတက်မှုနှင့် ယင်း၏ ခေတ်နှင့် အညီ လုပ်ဆောင်သည်။ အလုပ်အားလုံးသည် သူ၏ အရေးပါမှုရှိသည်၊ ယင်းတို့ကို လူသား မျိုးနွယ်အတွက် အနာဂတ်တွင် ကောင်းမွန်သော ခရီးဆုံး ပန်းတိုင်ရှိစေရန် နောက်ဆုံး ကယ်တင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆုံးတွင် လူကို အမျိုးအစားအလိုက် ခွဲခြားရန်အတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ


ပညတ်တော်ခေတ်၌ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင် ခေါ်ထုတ်ခဲ့သည်၊ ဣသရေလလူမျိုးများကို နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအချိန်က လူသား၏ အစွမ်းအစ နည်းသေးသောကြောင့် လူသား၏အသိပညာ ပြည့်စုံအောင် ဘယ်လိုမှ လုပ်လို့မရ၊ ဘုရားသခင်သည် ဆက်လက် ပြောဆိုလုပ်ကိုင်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားသည် ဘုရားသခင်၏ လုပ်ရပ်များထဲမှ နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံမြင်တွေ့ခဲ့သည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေနိုင်ခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို လုပ်နိုင်ခဲ့သည်၊ သုံးရက်လွန်လျှင် ရှင်ပြန်ထမြောက်ပြီး လူရှေ့၌ ကိုယ်ထင်ပြခဲ့သည်။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်လျှင် ဒီထက်ပိုမသိ။ လူသားသည် ဘုရားသခင် ဖော်ပြသလောက်သာ သိခဲ့သည်။ အကယ်၍ ဘုရားသခင်သည် လူသားကို ဘာမျှ ထပ်မဖော်ပြခဲ့သော် လူသားသည် ဘုရားသခင် ယခင်က ဖော်ပြခဲ့သလောက်သာ သိမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဆက်လက် အလုပ်လုပ်နေပါသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏အသိပညာသည် ပိုနက်ရှိုင်းကောင်း နက်ရှိုင်းလာနိုင်စေဖို့၊ ဘုရားသခင်၏ ပင်ကိုယ်သဘောကို တဖြည်းဖြည်း နားလည်ကောင်း နားလည်လာနိုင်စေဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ပျက်စီးယိုယွင်းသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်၏ စစ်မှန်မှုက သင်၏ ဘာသာရေးဆိုင်ရာ အယူအဆများကို အစားထိုးသည်။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် "နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွဆင်းလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏"ဟူသည့် စကားများကို ပြည့်စုံစေရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဤအချက်ကို သင်သေသေချာချာ နားမလည်လျှင် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်သေးပေ။ နောက်ဆုံးသောကာလ၌ အဓိကအားဖြင့် ဘုရားသခင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာမည့် အလုပ်အဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒရှိပြီး ဤအရာသည် ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၏ အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုသည်။ ဘုရားသခင် မည်သို့ အလုပ်လုပ်သည်ဖြစ်စေ လူသားက သူ့ကို ဘောင်ထဲ ထည့်ထားစေရန် ဘုရားသခင် မလိုလားပါ။ အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် ဤအလုပ်ကို မလုပ်လျှင် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည်လည်း ထပ်မံတိုးပွားနိုင်မည် မဟုတ်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်း ခံရနိုင်သည်၊ သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ပေတရုကို ကိုယ်ထင်ပြနိုင်သည်ဟူသည့် အချက်များကိုသာ သင်သိ ပေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အပြင် လူသားကိုလည်း သိမ်းပိုက်နိုင်သည်ဟုလည်း သင်ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကြုံတွေ့ ခံစားပြီးမှသာ သင်သည် ထိုသို့သော အသိပညာအကြောင်းကို ပြောနိုင်မည်ဖြစ်သည်၊ ကိုယ်တိုင် ကြုံတွေ့ခံစားဖူးသော ဘုရားသခင်၏ အလုပ် များလေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အသိပညာသည် ပိုပြီးနှံ့စပ်လေလေ ဖြစ်မည်။ ထိုအခါ၌သာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအထဲ၌ ဘောင်ခတ်မထားမှာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း" မှ


နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ လုပ်ဆောင်ခြင်းထက် ပိုမို အစွမ်းထက်လိမ့်မည်ဖြစ်ပြီး နှုတ်ကပတ်တော်၏ အခွင့်အာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ကျော်လွန်သွားလိမ့်မည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးတွင်ရှိသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားအားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ကို ဖွင့်ဟလာသည့်အခါ သင်သည် အလိုအလျောက် သိနားလည်ခြင်းကို ရလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်။ သင်သည် လုံးဝဥဿုံ လက်ခံလိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ အခွင့်အာဏာမဟုတ်ပါလား။ ယင်းသည် လက်ရှိ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏ အပြစ်များမှ အပြည့်အဝ ကယ်တင်ခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အကောင်အထည် ဖော်ခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများ ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သော်လည်း လူသား၏ အသွေးအသားသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူအတွင်းတွင် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများ ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် သန့်ရှင်းခြင်း မခံရသေးမီတွင် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်အားဖြင့် သန့်စင်ခြင်း ခံရသည့်အခါမှသာလျှင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီး သန့်ရှင်းစင်ကြယ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနှုတ်ခြင်းခံရသည့်အခါ၊ ဆိုလိုသည်မှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တဖန်ပြန်လာခြင်းမျှသာဖြစ်သည်။ သို့ရာတွင် သူသည် ဘုရားသခင်အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းနှင့် ပြောင်းလဲစေခြင်းက မရရှိသေးသဖြင့် သူသည် ယိုယွင်း ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိ နေသည်၊ လူသည် ရွေးနှုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လည် ရောက်ရှိလာခြင်းသာ ဖြစ်ပြီး လူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိဉာဏ်မရှိပဲ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နေဆဲ ဖြစ်သည်။ လူသည် ရွေးနှုတ်ခြင်း မခံမီ စာတန်၏ အဆိပ် အများအပြားသည် သူအတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်။ စာတန်၏ ယိုယွင်းပျက်စီးခြင်း နှစ်ထောင်ချီပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်အား ခုခံဆန့်ကျင်သော သဘာဝ ရှိလာခဲ့ပြီး ဖြစ်လာသည်။ သို့ဖြစ်ရာ လူသားကို ရွေးနှုတ်သောအခါ ယင်းသည် ရွေးနှုတ်ခြင်းထက် ဘာမှ မပိုဘဲ လူကို အဖိုးအခကြီးစွာ ပေးဝယ်ရသော်လည်း သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သည့် သဘာဝသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ လူသည် ညစ်ညမ်းလွန်းသည်ဖြစ်ရာ ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်း ရှိရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်မှတစ်ဆင့် လူသားသည် သူ့အတွင်းတွင်ရှိသော ညစ်ညူးပြီး ပျက်စီးသော အရာများကို အပြည့်အဝ သိလာလိမ့်မည်ဖြစ်ပြီး သူသည် အလုံးစုံ ပြောင်းလဲလာကာ သန့်စင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လည်ရောက်ရှိရန် ထိုက်တန်နိုင်ပေသည်။ ယနေ့မျက်မှောက်တွင် ပြီးစီးသော အလုပ်အားလုံးတို့ကြောင့် လူသားသည် သန့်ရှင်းပြီး ပြောင်းလဲမှုကို ရရှိနိုင်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သာမက စစ်ဆေးခြင်းတို့ကြောင့် လူသားသည် သူ၏ ပျက်စီးယိုယွင်းခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းခြင်းကို ရလိမ့်မည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ထင်မည့်အစား သန့်ရှင်းစင်ကြယ်ခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်အောင်မြင်ခြင်း သာမက ကယ်တင်ခြင်း၏ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ အကြွင်းမဲ့ပင် တုံဏှိဘာဝေ ဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ "ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်"။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် အတိတ်က ယင်းကို အော်ဟစ်ခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သူ၏ မူလ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ယင်းတို့မှာ လူ့အတွင်း၌ရှိသော မသန့်ရှင်းခြင်းများ ဖြစ်သည်။ ကာလရှည်ကြာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်လျှောက်လုံးတွင် လူသည် တင်းမာမှုရှိသော ပတ်ဝန်းကျင်တွင် နေထိုင် ခဲ့သည်။ ယင်းတို့အားလုံး နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်လော။ အစေခံသူများ၏ စစ်ဆေးမှု မတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်သော အသံဖြင့် မအော်ဟစ်ခဲ့ဘူးလား။ "နိုင်ငံတော်သို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်တွင် ပါဝင်ကြလိမ့်မည်။" အစေခံသူများ၏ စစ်ဆေးမှု ရောက်သောအခါ သင်သည် မအော်ဟစ်တော့။ ပထမတွင် အားလုံးသည် "ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ပင် ထားထား၊ ကျွန်ုပ်သည် ကိုယ်တော် ပို့ဆောင်ရာသို့ ဆက်ကပ်ပါမည်" ဟု ဟစ်အော်ခဲ့ကြသည်။ "မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း" ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ လူက "ကျွန်ုပ် ဖြစ်လိုသည်"ဟု ပြောသည်။ ထို့နောက် သူသည် "သို့လျှင် ယောဘ၏ ယုံကြည်ခြင်းကား မည်သည်နည်း"ဟူသော နှုတ်ကပတ်တော်များကို တွေ့သည်။ ထို့ကြောင့် သူက "ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို ယူဆောင်လိုသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ" ဟုပြောသည်။ အစေခံသူများ၏ စစ်ဆေးမှုလာသည့်အခါ သူသည် ချက်ချင်း လဲပြိုသွားပြီး နောက်တစ်ကြိမ် ပြန်ရပ်နိုင်ခြင်း မရှိသည့်နီးပါး ဖြစ်သည်။ ထို့နောက်တွင် လူ၏ စိတ်နှလုံးတွင်ရှိသော မသန့်ရှင်းမှု များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ယင်းကို နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် မျက်မှောက်တွင် သင်တို့ တွေ့ကြုံခဲ့ရသော အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်ပြီး ယင်းတို့သည် ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများ လုပ်ဆောင်မှုမှ တစ်ဆင့် ရရှိသော အရာများထက် ကြီးမားသည်။ ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)" မှ


လူသား၏ကယ်တင်ခြင်းအမှုတွင်၊ အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်၏။ ဆိုလိုသည်မှာ စာတန်လုံးဝရှုံးနိမ့်ခြင်း မဖြစ်မီ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲခြားထား၏။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ရပ်လုံး၏ အတွင်းကျသည့်အမှန်တရားမှာ လူသားအပေါ် ကျေးဇူးတော်ချပေးခြင်းနှင့် လူသား၏ အပြစ်ဖြေရာယဇ်ဖြစ်ခြင်း၊ လူသား၏အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်းတို့မှတစ်ဆင့် ၎င်း၏သက်ရောက်မှုများကို ရရှိခြင်းဖြစ်၏။ အမှန်စင်စစ်ဆိုရလျှင် စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သည်မဟုတ်ဘဲ လူသားသည် ဘုရားသခင်အတွက် သက်သေခံနိုင်ရန် လူသားကို ကယ်တင်ခြင်း၊ လူသား၏ဘဝအပေါ် အမှုဆောင်ခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းဖြစ်၏။ ဤနည်းဖြင့်စာတန်ကို ရှုံးနိမ့်စေ၏။ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းဖြင့် စာတန်ကို ရှုံးနိမ့်စေ၏။ စာတန်ကိုရှုံးနိမ့်စေပြီးသည့်အခါ၊ ဆိုလိုသည်မှာ လူသားသည် ကယ်တင်ခြင်းလုံးဝရရှိပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလျက်၊ ဤနည်းအားဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်တိုက်ပွဲဖြစ်၍၊ စာတန်နှင့်စစ်ပွဲသည် လူသား၏ကယ်တင်ခြင်းတွင် အဓိကအားဖြင့် ထင်ဟပ်နေ၏။ လူသားကိုသိမ်းပိုက်ရမည့် နောက်ဆုံးသောကာလအဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့်ဖြစ်၏။ ထို့အပြင် စာတန်၏ပိုင်နက်မှ လူသား၏လုံးဝကယ်တင်ခြင်းအမှုလည်းဖြစ်၏။ လူသား၏သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်သည် စာတန်၏ရုပ်လုံးဖော်မှုဖြစ်သည့် စာတန်၏ ဖျက်ဆီးခြင်းခံရသူ လူသားကို ၎င်း၏ သိမ်းပိုက်မှုနောက်ပိုင်း ဖန်ဆင်းရှင်ထံပြန်ပို့ခြင်းဖြစ်၏။ ဤနည်းဖြင့် သူသည် စာတန်ကိုစွန့်လွှတ်၍ ဘုရားသခင်ထံ လုံးဝပြန်သွားမည်ဖြစ်၏။ ဤနည်းဖြင့် လူသားသည် လုံးဝကယ်တင်ခြင်းခံရခဲ့ပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် စာတန်ကိုဆန့်ကျင်သည့်တိုက်ပွဲတွင် သိမ်းပိုက်ခြင်းအမှုသည် နောက်ဆုံးအမှုဖြစ်၍၊ စာတန်ရှုံးနိမ့်ရေးအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှုတွင် နောက်ဆုံးအဆင့်လည်းဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏ အပြည့်အဝ ကယ်တင်ခြင်းမှာ လုံးဝမဖြစ်နိုင်ပေ။ စာတန်ကို လုံးဝရှုံးနိမ့်စေရန်မှာလည်း မဖြစ်နိုင်ပေ။ ထို့အပြင် လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့မဟုတ် စာတန်၏လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးသက်ရောက်မှုအနေဖြင့်၊ စာတန်နှင့် တိုက်ပွဲမပြီးဆုံးမီ လူသားအားကယ်တင်သည့်အမှုကို ပြီးဆုံးစေနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်၍ ဖြစ်သည်။ အစောဆုံးလူသားမျိုးနွယ်မှာ ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖျက်ဆီးခြင်းကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်းခံရကာ စာတန်၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမှုတွင် စာတန်သည် ရှုံးနိမ့်စေရမည့်အရာဖြစ်သွားခဲ့၏။ စာတန်က လူသားကို သိမ်းယူလိုက်သည့်အတွက်နှင့် လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း၏ အဓိကအရာဖြစ်သည့်အတွက် အကယ်၍ လူသားသည် ကယ်တင်ခြင်းခံရမည်ဆိုပါက သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ လူသား၏ နဂိုမူလစိတ်ကို ပြန်လည်ရရှိစေရန် သူ၏စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းများအားဖြင့် စာတန်ကို ရှုံးနိမ့်စေ၍၊ ဤနည်းအားဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသောလူသားကို စာတန်၏လက်ထဲမှ ပြန်လည်လုယူနိုင်လိမ့်မည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် အချုပ်အနှောင်တို့မှ ကင်းလွတ်ပါက စာတန်သည် အရှက်ရမည်ဖြစ်၍ လူသားကို အဆုံးတွင် ပြန်လည်ရယူမည်ဖြစ်ကာ စာတန်ရှုံးနိမ့်လိမ့်မည်ဖြစ်သည်။ ထို့အပြင် လူသားသည် စာတန်၏ မှောင်မိုက်သောလွှမ်းမိုးမှုမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ လူသားသည် ဤတိုက်ပွဲတစ်ရပ်လုံးမှ သိမ်းပိုက်ရရှိထားသည့်အရာ ဖြစ်သွားကာ၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့် အပြစ်ပေးခံရမည့်အရာ ဖြစ်သွားလိမ့်မည်။ ၎င်းနောက်တွင် လူသား၏ကယ်တင်ခြင်းအမှုတစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း" မှ

အကြံပြုစာမျာ: အသင်းတော်

No comments:

Post a Comment