ယင်းတို့မှာ လူသည် ပြည့်စုံစေခြင်းကို ခံရပြီးနောက် ရရှိရမည့် အခြေအနေများ ဖြစ်သည်။ သင်သည် ဤမျှလောက် မရရှိနိုင်ပါက အဓိပ္ပာယ်ရှိသော အသက်တာဖြင့် သင်မရှင်သန်နိုင်ပါ။ လူသည် ဇာတိပကတိ အကြားတွင် နေထိုင်သည်၊ ဆိုလိုသည်မှာ သူသည် လူ့ငရဲတွင် နေထိုင်နေပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းတို့ မရှိဘဲ လူသည် စာတန်ကဲ့သို့ ဆိုးညစ်လေသည်။ လူသည် မည်သို့ သန့်ရှင်းမြင့်မြတ် နိုင်ပါမည်နည်း။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူ၏ အကောင်းဆုံး သော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကျေးဇူးတော်ပင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအားဖြင့်သာ လူသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော စည်းကမ်းများသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ လူကို ပယ်ရှား ပေးသည်။ သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှ လွတ်မြောက်စေပြီး ဘုရားသခင်၏ မျက်မှောက်တော် အလင်း ထဲတွင် နေထိုင်ခွင့်ရစေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်းမရှိပေ။ ပေတရုမှ "အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမ၍ တရားစီရင်နေသမျှ ကာလပတ်လုံး ကိုယ်တော် ကျွန်ုပ်ကို ပစ်ခွာမသွားကြောင်း ကျွန်ုပ်သိလိမ့်မည်။ ကိုယ်တော် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်းကို မပေးလျှင်ပင်၊ ဒုက္ခဆင်းရဲများ ခံစားရစေလျှင်ပင်၊ ကျွန်ုပ်အား မရေမတွက်နိုင်အောင် ပြစ်တင်ဆုံးမလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မပစ်ပယ်သမျှကာလပတ်လုံး ကျွန်ုပ်၏ နှလုံးသားသည် ငြိမ်သက်နေပါလိမ့်မည်။ ယနေ့၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး အမြင့်မားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာခဲ့ပါပြီ။ ကျွန်ုပ်အားပေးသော ကိုယ်တော်၏ ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပေးပါသည်။ ယနေ့ ကျွန်ုပ်အပေါ်သို့ အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ပေါ်လွင်ထင်ရှားမှုတစ်ခု ဖြစ်ပြီး ယင်းသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်စစ်ဆေးခြင်းနှင့် ထိုထက်မက၊ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်" ဟူ၍ ဆုတောင်း ခဲ့သည်။ ပေတရုသည် လူ့ဇာတိ၏သာယာမှုများကို ဘေးဖယ် ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော အကာအကွယ်ကို ရှာဖွေနိုင်ခဲ့သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့အသက်တာတွင် လူသည် သန့်ရှင်းခြင်းသို့ ရောက်လိုပြီး သူ၏ စိတ်သဘောထား အပြောင်း အလဲများကို ရရှိလိုသည့်အပြင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် ရှင်သန်လိုကာ လူသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ကျေပွန်လိုလျှင်၊ သူသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံ ရမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းစည်းကမ်းများနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများတို့ကို သူ့ထံမှ မခွာစေရပါ။ သို့နှင့် သူသည် စာတန်၏ ကြိုးကိုင်ချယ်လှယ်ခြင်းနှင့် သြဇာလွှမ်းမိုးခြင်းတို့မှ သူ့ကိုယ်သူ လွတ်အောင်ရုန်းနိုင်ပြီး ဘုရားသခင်၏ အလင်းအောက်တွင် နေထိုင်နိုင်ပေမည်။ ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ကြောင်း၊ လူ၏ ကယ်တင်ခြင်း အလင်း ဖြစ်ကြောင်းနှင့် လူအတွက် ထို့ထက်သာသော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် အကာအကွယ် မရှိတော့ကြောင်းကို သိနားလည်ပါ။ လူသည် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး လူ့ဇာတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းနှင့် ဘုရားသခင်၏ ကာကွယ်ခြင်းကို မရရှိပါက၊ လူသည် ပို၍ပင် အကျင့် ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို သူချစ်လိုပါက သူသည် သန့်ရှင်းစေခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည်။ ပေတရုမှ "ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာဆက်ဆံပါက ကျွန်ုပ်ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပါက ပို၍ပင် နှစ်သိမ့်ခြင်းကိုခံစားရပြီး ဝမ်းမြောက်လှ ပါသည်။ ကျွန်ုပ်သည် အားနည်းပြီး များလှစွာသော ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်နှင့် ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ် ငိုကြွေးပါ၏။ ကိုယ်တော်၏ တောင်းဆိုချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့် ကျွန်ုပ် ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏။ သို့သော် ဤနယ်ပယ်သို့ ရောက်ရှိရန် ကျွန်ုပ်လိုလားပြီး ကိုယ်တော်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှအားလုံးကို လုပ်ဆောင်ရန်လည်း ကျွန်ုပ်လိုလားပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမမှုက ကျွန်ုပ်အား ကာကွယ်ပေးပြီး အကောင်းဆုံးသော ကယ်တင်ခြင်းကို ပေးခဲ့ပါသည်။ ကိုယ်တော်၏ တရား စီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဖုံးအုပ်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မရှိဘဲ ကိုယ်တော်၏ကရုဏာနှင့် ချစ်ကြင်နာမှုကို ကျွန်ုပ်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့၊ ကိုယ်တော်၏ မေတ္တာသည် ကောင်းကင်ဘုံသို့ ကျော်လွန်ပြီး အကောင်းတကာ့ အကောင်းဆုံး ဖြစ်ကြောင်း ကျွန်ုပ် ပိုမို မြင်လာရပါသည်။ ကိုယ်တော်၏ မေတ္တာသည် ကရုဏာနှင့် ချစ်ကြင်နာရုံသာမကပါ။ ထို့ထက်ပိုပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းလည်း ပါပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို များစွာ ပေးခဲ့ပြီးပါပြီ။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မပါဘဲ မည်သူတစ်ဦးတစ်ယောက်မျှ သန့်ရှင်းနိုင်မည်မဟုတ်ပါ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဖန်းဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံခဲ့ပြီး သေလုနီးနီးပင်ဖြစ်သည်။ ထိုသို့သော ဒုက္ခဆင်းရဲ[က] က ကျွန်ုပ်အား ကိုယ်တော်ကို စစ်စစ်မှန်မှန် သိခြင်းနှင့် အထူးကယ်တင်ခြင်းကို ရရှိစေခဲ့သည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမ ပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားမည်ဆိုလျှင် ကျွန်ုပ်သည် အမှောင်ထုထဲ၊ စာတန်၏ အုပ်စိုးမှု အောက်တွင် နေရလိမ့်မည်ဖြစ်သည်။ လူ၏ ဇာတိပကတိတွင် မည်သည့် အကျိုးကျေးဇူးများ ရှိပါသနည်း။ အကယ်၍ ကိုယ်တော်၏ ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ယင်းမှာ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်အား စွန့်ခွာသကဲ့သို့၊ ကိုယ်တော် ကျွန်ုပ်နှင့်အတူ မရှိတော့ သကဲ့သို့ ဖြစ်ပေမည်။ ထိုသို့ဖြစ်လျှင် ကျွန်ုပ် မည်သို့ ရှင်သန်ရပါမည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာဖျားစေပြီး ကျွန်ုပ်၏ လွတ်လပ်ခွင့်ကိုယူလျှင်ပင် ကျွန်ုပ် ဆက်လက်ရှင်သန်နိုင်သေးသော်လည်း ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ထံ၌ မရှိတော့လျှင် ကျွန်ုပ်ရှင်သန်နိုင်မည် မဟုတ်တော့ပါ။ အကယ်၍ ကျွန်ုပ်ထံတွင် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ကင်းမဲ့ပါက စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းသည့် မေတ္တာဖြစ်သော ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ်ဆုံးရှုံးရပါ လိမ့်မည်။ ကိုယ်တော်၏ မေတ္တာမပါလျှင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ရမှာဖြစ်ပြီး ကိုယ်တော်၏ အသရေတင့်တယ်သော မျက်နှာတော်ကို မြင်တွေ့နိုင်မည်မဟုတ်ပါ။ ကျွန်ုပ် မည်သို့ ဆက်လက်ရှင်သန်နိုင်ပါ မည်နည်း။ ထိုသို့သောအမှောင်ထု၊ ထိုသို့သောဘဝတွင် ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံ ရပ်နိုင်ပါမည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်ပါမည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်ပင် ဖြစ်ပါစေ၊ ကျွန်ုပ်၏ အမြင့်မားဆုံးသော နှစ်သိမ့်မှုကို သိမ်းယူမသွားပါရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီး ယခု ကိုယ်တော့်ထံပါးမှ မခွာနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့ မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့် ကျွန်ုပ်သည် ဝမ်းနည်း မျက်ရည်များကို ကျခဲ့ရသော်လည်း ထိုသို့သော အသက်တာသည် ပို၍လေးနက်သည်၊ ပို၍ တိုးတက်စေသည်၊ ကျွန်ုပ်ကို ပိုမိုပြောင်းလဲစေနိုင်သည်၊ လူသတ္တဝါအားလုံး ရရှိသင့်သည့် သမ္မာတရားကို ပိုမိုရနိုင်သည်ဟု ကျွန်ုပ် အမြဲခံစားရပါသည်" ဟူ၍ ဆုတောင်းခဲ့သည်။
လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခဲ့ပြီး စာတန်၏ သြဇာ လွှမ်းမိုးမှုမှ မိမိခွန်အားဖြင့် လွတ်မြောက်အောင် ဆောင်ရွက်နိုင်သောသူ တစ်ဦးမျှမရှိ။ အားလုံးသည် အဓိပ္ပါယ် အနည်းငယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှပင် မရှိဘဲ အကျင့်ပျက်မှုနှင့် လစ်ဟာမှုတို့အထဲ ဆိုးညစ်သော ကမ္ဘာတစ်ခုတွင် နေထိုင်နေကြသည်။ အသွေးအသားအတွက်၊ တပ်မက်ခြင်းတဏှာအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သော ဘဝတွင် ရှင်သန်နေကြသည်။ သူတို့၏ တည်ရှိမှုသည် တန်ဖိုးအနည်းငယ် မျှပင် မရှိ။ လူသည် သူ့ကို စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်မည့် အမှန် တရားကို ရှာဖွေနိုင်ခြင်းမရှိ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း စာတန်၏ သြဇာလွှမ်းမိုးထိန်းချုပ်မှုမှ သူ့ကိုယ်သူ မည်သို့ လွတ်မြောက်အောင် လုပ်ဆောင်ရမည်ကို သူနားမလည်။ ခေတ်အဆက်ဆက်တစ်လျှောက် လူအနည်းငယ်သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းငယ်သာ ယင်းကို ထည့်သွင်းစဉ်းစားလေသည်။ ဤအတိုင်း၊ လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် ပိတ်မိနေခြင်းမှ မိမိကိုယ်ကို မည်သို့ ရုန်းထွက်ရမည်ကို မသိပေ။ ယနေ့ သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်တို့သည် ဆိုးညစ်ပြီး မနာခံကြောင်းကို ခံစားသိရှိရန် မဆိုထားနှင့် သင်တို့၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရပါ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်၏ စိတ်နှလုံးထဲတွင် အေးချမ်းခြင်းနှင့် လွန်ကဲသောငြိမ်သက်ခြင်းကို ခံစားနေသေးသည်။ သင်၏ ငြိမ်သက်ခြင်းက သင်အကျင့်ပျက်ခြင်းကြောင့် မဟုတ်လော။ ထိုစိတ်နှလုံး အေးချမ်းခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် နေထိုင်ပြီး စာတန်၏ မှောင်မိုက်သော သြဇာလွှမ်းမိုးမှုထဲတွင် နေထိုင်သည်။ မြေတစ်ပြင်လုံး ဝိညာဉ်များသည် လူသားများနှင့် အတူနေထိုင်ပြီး လူ့ဇာတိပကတိအပေါ်တွင် ကျူးကျော်စွက်ဖက်နေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော ပရဒိသုဘုံတွင် နေထိုင်နေခြင်း မဟုတ်ပါ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲ၊ မြေအောက်ကမ္ဘာ တစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းခြင်းသို့ မရောက်ပါက သူသည် ဆိုးညစ်နေမည်၊ သူ့ကို ဘုရားသခင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက၊ သူသည် စာတန်၏ အကျဉ်းသား ဖြစ်မြဲဖြစ်နေမည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်သော သြဇာ လွှမ်းမိုးမှု အချုပ်ချယ်ခံအဖြစ်မှ လွတ်မြောက်ရန်အတွက် နည်းလမ်းရှိမည် မဟုတ်ပါ။ သင်ထုတ်ဖော်ပြသသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားနှင့် သင်ရှင်သန်သော မနာခံခြင်းအပြုအမူတို့သည် စာတန်၏ အုပ်စိုးမှု အောက်တွင် သင်ဆက်လက် နေထိုင်နေကြောင်း လုံလောက်သည့် သက်သေပင်ဖြစ်သည်။ သင့်စိတ်နှလုံးနှင့် အတွေးအကြံတို့ကို သန့်ရှင်းစေခြင်း မရှိသေးသည့်အပြင် သင်၏ စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မရှိသေးပါက သင့်အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံနေရဆဲ ဖြစ်ပြီး သင့်စိတ်နှလုံးကို စာတန်မှ ထိန်းချုပ်နေသည်၊ သင့်အတွေးအကြံများကို စာတန်မှ ကြိုးကိုင်ခြယ်လှယ်နေသည်၊ သင့်ဖြစ်တည်မှု အလုံးစုံသည် စာတန်၏ လက်ထဲတွင် ထိန်းချုပ်ခံနေရသည်။ သင်သည် ပေတရု၏ စံနှုန်းများနှင့် မည်မျှ ဝေးကွာနေသည်ကို ယခု သင်သိပါပြီလား။ သင်သည် အရည်အချင်း ရှိပါသလော။ ယနေ့တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အကြောင်း သင်မည်မျှသိသနည်း။ ပေတရုသိလာခဲ့သော အရာများထဲမှ သင်မည်မျှလောက် သိပါသလဲ။ အကယ်၍ ယနေ့ သင်မသိနိုင်ပါက နောင်တွင် ဤအကြောင်း အရာကို သိလာနိုင်ပါမည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ပင်မသိနိုင်ပါ။ သင်သည် ဇာတိပကတိ၏ အေးချမ်းခြင်းနှင့် ဇာတိ ပကတိ၏ အပျော်အပါးများနောက်သို့ လိုက်ပါက သင်သည် သန့်ရှင်းခြင်းသို့ ရောက်ရန် လမ်းမမြင်ပါ။ သင့်ရှင်သန်မှုမှာ စာတန်နှင့် ဇာတိပကတိတွင် တည်သည့်အတွက် အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွား လိမ့်မည်။ ယနေ့လက်ရှိအခြေအနေမှာ လူအများတို့သည် အသက်ကို မရှာဖွေကြ။ ဆိုလိုသည်မှာ သန့်ရှင်းခြင်း သို့ ရောက်ခြင်းအကြောင်း သို့မဟုတ် ပိုမိုလေးနက်သော ဘဝအတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်း သူတို့ ဂရုမစိုက်ကြ။ သို့ဆိုလျှင် သူတို့ကို ပြည့်စုံအောင် မည်သို့လုပ်နိုင်ပါမည်နည်း။ အသက်ကို မရှာဖွေသော သူများတွင် ပြည့်စုံစေရန် အခွင့်အရေးမရှိ၊ ဘုရားသခင်အကြောင်းကို မရှာဖွေသူများနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲရန် မရှာဖွေသူများသည် စာတန်၏ မှောင်မိုက်သော သြဇာလွမ်းမိုးမှုမှ လွတ်မြောက်နိုင်စွမ်းမရှိ။ ဘုရားသခင်အကြောင်း သူတို့သိခြင်းနှင့် သူတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ပြုလုပ်ရန် သူတို့၏ ကြိုးစားအားထုတ်မှုနှင့် ပတ်သက်၍၊ သူတို့ အလေးအနက်မထားပါ။ သူတို့သည် ဘာသာရေးကို သက်ဝင်ယုံကြည်ကြရုံ၊ သူတို့၏ ဝတ်ပြုရာတွင် အခမ်းအနားများသို့ လိုက်တက်ကြရုံသာ ပြုသောသူများကဲ့သို့ ပင်ဖြစ်သည်။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်း တွင် လူသည် အသက်၏ အခြင်းအရာကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ရန် မကြိုးစား လျှင်၊ သူ၏ စိတ်သဘောထား၌ ပြုပြင်ပြောင်းလဲရန် မကြိုးစားလျှင် ဘုရားသခင်၏ အမှုအကြောင်း လုံးဝ မသိနိုင်ဘဲ သူ့ကို ပြည့်စုံအောင် မလုပ်နိုင်ပါ။ သင့်ကို ပြည့်စုံအောင် လုပ်စေလိုလျှင် သင်သည် ဘုရားသခင့် အမှု၏ ရည်ရွယ်ချက်ကို သင်နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ ရည်ရွယ်ချက်နှင့် လူတို့ကို အဘယ်ကြောင့် ထိုသို့လုပ်ဆောင်သည်ကို သင်နားလည်ရမည်။ သင်လက်ခံနိုင်ပါသလော။ ထိုသို့သော ပြစ်တင်ဆုံးမနေသည့် အတောအတွင်း ပေတရုကဲ့သို့သော တူညီသည့် အတွေ့အကြုံနှင့် အသိပညာတို့ ရနိုင်ပါမည်လော။ အကယ်၍ သင်သည် ဘုရားသခင်အကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်အကြောင်းကို လေ့လာပြီး သင့်စိတ်သဘောထား၌ ပြောင်းလဲဖို့ ကြိုးစားလျှင် သင်သည် ပြည့်စုံခြင်းသို့ရောက်ရန် အခွင့်အလမ်း ရှိသည်။ ပြည့်စုံခြင်းသို့ ရောက်မည့်သူများအတွက် သိမ်းပိုက် ခံရသော ဤအလုပ်အဆင့်သည် မရှိမဖြစ်ပင် ဖြစ်သည်။ သူသည် သိမ်းပိုက်ခံရပြီးမှသာ ပြည့်စုံစေခြင်း အလုပ်အကြောင်းကို တွေ့ကြုံနိုင်မည်။ သိမ်းပိုက်ခံရရန်အတွက်သာ လုပ်ဆောင်ခြင်းမှာ တန်ဖိုးမကြီးမားလှပါ၊ သင့်အား ဘုရားသခင် အသုံးပြုရန်အတွက် တိကျကိုက်ညီလိမ့်မည်လည်း မဟုတ်ပါ။ ဧဝံဂေလိတရား ပျံ့နှံ့သောအချိန်တွင် သင်ပါဝင် လုပ်ဆောင်နိုင်ရန် လမ်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သင်သည် အသက်ကို မရှာဖွေ၊ သင်ကိုယ်တိုင် အပြောင်းအလဲဖြစ်ခြင်း၊ အသစ်ပြုပြင်ခြင်းကို မရှာဖွေသည့်အပြင် စစ်မှန်သော အသက်တာအတွေ့အကြုံ သင်၌ မရှိသည့်အတွက် ကြောင့်ပင်ဖြစ်သည်။ တစ်ချိန်က သင်သည် ဤလုပ်ငန်းအဆင့်ဆင့်တွင် အစေခံသူအဖြစ်နှင့် အဖြည့်ခံအဖြစ် လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ပေတရုကဲ့သို့ ဖြစ်အောင် မလုပ်ဆောင်ခဲ့လျှင်၊ သင်၏ ကြိုးပမ်းအားထုတ်မှုသည် ပေတရုအား ပြီးပြည့်စုံလင်စေသည့် လမ်းကြောင်းနှင့်အညီ မဟုတ်လျှင်၊ အလို အလျောက်ပင် သင့်စိတ်သဘောထား ပြောင်းလဲမှုကို သင်တွေ့ကြုံရမည်မဟုတ်ပါ။ အကယ်၍ သင်သည် ပြည့်စုံခြင်းသို့ ရောက်ရန် ရှာမှီးသူတစ်ဦး ဖြစ်ပါက ယခုလိုသင် ပြောဆိုကာ သက်သေခံလိမ့်မည်။"ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ဆင့်တွင် ဘုရားသခင်၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုများကို ကျွန်ုပ်လက်ခံခဲ့ပြီးပါပြီ။ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း ဘုရားသခင်သည် လူသားအား ပြည့်စုံခြင်းသို့ရောက်အောင် မည်သို့ပြုလုပ်ပေးကြောင်းကို ကျွန်ုပ် သိလာရပါသည်၊ ဘုရားသခင်လုပ်ဆောင်သော အလုပ်ကို ကျွန်ုပ်ရရှိခဲ့သည်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း အကြောင်းကို ကျွန်ုပ်သိခဲ့ရပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့ပါသည်။ ဘုရားသခင် ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ကြွရောက်လာခဲ့ပြီး ကျွန်ုပ်ထံသို့ ကောင်းချီး မင်္ဂလာများနှင့် ကျေးဇူးတော်များ သယ်ဆောင်ခဲ့ပေးပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း သည် ကျွန်ုပ်အား အကာအကွယ်ပေးခဲ့ပြီး စင်ကြယ်စေခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပါက၊ ဘုရားသခင်၏ ကြမ်းတမ်းသောစကားများ ကျွန်ုပ်အပေါ်သို့မရောက်လာခဲ့ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိလာနိုင်ခဲ့မည် မဟုတ်ပါ သို့တည်းမဟုတ် ကျွန်ုပ်သည် ကယ်တင်ခြင်းကို ခံရမည်မဟုတ်။ ယနေ့ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သော အရာများ အားလုံး၌သာ ပျော်မွေ့ရမည်မဟုတ်ဘဲ ပို၍ပင် အရေးကြီးသည်မှာ လူသတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် တရားစီရင်ခြင်းတို့ ၌လည်း မွေ့လျော်ရန်ပင်ဖြစ်ကြောင်း ကျွန်ုပ်သဘောပေါက်မိပါသည်၊ အကြောင်းမှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ဖွယ်ရာ အဖိုးထိုက်တန်လှသောကြောင့် ဖြစ်ပါသည်။ စာတန်၏ဖျက်ဆီးခြင်းခံရသော ဖန်ဆင်းခြင်းခံသတ္တဝါတစ်ဦးအနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အပြင် ကြီးစွာသောမေတ္တာလည်း ပါပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို အပြည့်အဝရရှိရန် မတတ်စွမ်းနိုင်သော်လည်း ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်းရှိသောကြောင့် ဤနေရာတွင် ကောင်းချီး မင်္ဂလာများကို ကျွန်ုပ်ခံစားရပါသည်။" ယင်းသည် ပြည့်စုံစေခြင်းသို့ ရောက်သူများ လျှောက်လှမ်းခဲ့သော လမ်းဖြစ်ပြီး သူတို့ပြောသော အသိပညာ ဖြစ်ပါသည်။ ထိုသို့သောသူများမှာ ပေတရုနှင့်တူပြီး ပေတရုတွေ့ကြုံခဲ့ရသလို သူတို့လည်း တွေ့ကြုံခဲ့ရသည်။ ထိုသို့သောသူများမှာ အသက်ကို ရရှိပြီးသူများနှင့် အမှန်တရားကို ပိုင်ဆိုင်ထားသူများလည်း ဖြစ်သည်။ လူသည် နောက်ဆုံးအချိန်ထိ တွေ့ကြုံ သွားပါက ဘုရားသခင်၏ တရားစီရင်ခြင်းကာလတွင် သူသည် စာတန်၏ သြဇာလွှမ်းမိုးမှုမှ မလွဲဧကန် လုံးလုံး လျားလျား ရုန်းထွက် လွတ်မြောက်နိုင်မည်ဖြစ်ပြီး ဘုရားသခင် ရယူခြင်းကို ခံရမည်။
သူတို့သည် သိမ်းပိုက်ခံရပြီးသည့်နောက် လူတို့တွင် မည်သည့် ထူးထူးကဲကဲ သက်သေခံချက်မျှ မရှိပါပေ။ သူတို့သည် စာတန်အား အရှက်ရစေရုံသာဖြစ်ပြီး ဘုရားသခင်၏ စကားများအတိုင်း လက်တွေ့နေထိုင်ခြင်း မရှိ။ သင်သည် ဒုတိယအကြိမ် ကယ်တင်ခြင်းကို မရသေးပါ၊ သင်သည် အပြစ်ဖြေရာယဇ်ကို ရရုံသာဖြစ်ပြီး သင်သည် ပြည့်စုံစေခြင်းသို့ မရောက်သေး- မဟာဆုံးရှုံးမှုပါပေ။ သင်တို့သည် ဝင်ရောက်ရမည့်အရာနှင့် နေထိုင်ရမည့်အရာတို့ကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ယင်းသို့ သင်တို့ ဝင်ရောက်ရမည်။ အဆုံးတွင် သင်သည် ပြည့်စုံစေခြင်းသို့ မရောက်ပါက သင်သည် စစ်မှန်သောလူသား ဖြစ်မည်မဟုတ်ဘဲ နောင်တတရား များဖြင့် ပြည့်နှက်နေပေလိမ့်မည်။ အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အတွင်း၌ သူတို့နေထိုင်ခဲ့စဉ်တွင် သူတို့သည် သန့်ရှင်းသူများ ဖြစ်ခဲ့ပြီး ညစ်ညမ်းမှုများ ကင်းစင်ခဲ့သည်။ သူတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါအား သစ္စာ ဖောက်ရန် လုံးလုံးမသိခဲ့ကြပေ။ ယင်းမှာ သူတို့သည် စာတန်၏ သြဇာလွှမ်းမိုးမှု အနှောင့်အယှက် မရှိ၊ စာတန်၏ အဆိပ် မရှိခဲ့ဘဲ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံးသူများ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့် ညစ်ညမ်းမှုမျှမရှိ၊ ဇာတိပကတိ စရိုက်လက္ခဏာမရှိဘဲ ယေဟောဝါအား ရိုသေ လေးမြတ်ခြင်းဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ခံရသည့်အခါ သူတို့သည် မြွေဆိပ်မိခဲ့ရပြီး ယေဟောဝါအား သစ္စာဖောက်လိုခဲ့ကြသည့်ပြင် စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေထိုင်ခဲ့ကြသည်။ အစအဦး၌ သူတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ရိုသေလေးမြတ်ခဲ့သည်၊ လူသားတို့ သည် ဤအတိုင်းသာ ဖြစ်ရမည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက် သူတို့သည် ကောင်း မကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ သြဇာလွှမ်းမိုးမှုအောက်တွင် နေခဲ့ကြသည်။ သူတို့သည် တဖြည်းဖြည်း စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မူလလူသားသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူတွင် ယေဟောဝါ၏ ဇီဝအသက် ရှိခဲ့ပြီး သူတို့တွင် မနာခံခြင်း တစိုးတစိမျှ မရှိခဲ့၊ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု အလျှင်းမရှိခဲ့။ ထိုအချိန်တွင် လူသည် စစ်မှန်သောလူ ဖြစ်ခဲ့၏။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက် လူသည် သားရဲ ဖြစ်လာခဲ့သည်-သူ့အတွေးတို့သည် ကောင်းခြင်း သို့မဟုတ် သန့်ရှင်းခြင်း မရှိဘဲ မကောင်းမှု အညစ်အကြေးတို့ဖြင့် ပြည့်နှက်နေသည်။ ယင်းသည် စာတန် မဟုတ်လော။ သင်သည် ဘုရားသခင်၏ အမှုတော်များစွာကို တွေ့ကြုံခဲ့ပြီးသော်လည်း ပြောင်းလဲခြင်းမရှိ၊ သန့်ရှင်းခြင်း မရှိသေး။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ဆက်လက်နေထိုင်နေသေးပြီး ဘုရားသခင်ထံသို့ မအပ်နှံသေး။ ယင်းသည် သိမ်းပိုက်ခြင်းကို ခံရပြီးသော်လည်း ပြည့်စုံစေခြင်း မရောက်သေးသည့် တစ်စုံတစ်ဦး ဖြစ်သည်။ ယင်းကဲ့သို့သောသူကို အဘယ်ကြောင့် ပြည့်စုံစေခြင်းသို့ မရောက်သေးဟု ဆိုရသနည်း။ အကြောင်းမှာ ဤလူသည် အသက်တာ သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်းကို မလေ့လာဘဲ လောကီ အပျော်အပါးများနှင့် တဒင်္ဂနှစ်သိမ့်မှုတို့ကိုသာ အငမ်းမရ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ အကျိုးရလဒ်အနေဖြင့် သူတို့၏ အသက်တာ စိတ်သဘောထားမှာ ပြောင်းလဲခြင်းအလျှင်းမရှိဘဲ ဘုရားသခင် ဖန်ဆင်းထားခဲ့သည့် အတိုင်း လူ၏ မူရင်းအသွင်သဏ္ဌာန်ကို ပြန်လည်မရရှိပေ။ ထိုသို့သောလူများသည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ပြီး ဝိညာဉ်မရှိသော အသေကောင်များသာ ဖြစ်ပေသည်။ ဝိညာဉ်ရေးရာအကြောင်းကို လေ့လာလိုက်စားခြင်း မရှိသူများ၊ မြင့်မြတ်သန့်ရှင်းမှုကို ရှာမှီးခြင်း မရှိသူများအပြင် သမ္မာတရားနှင့်အညီ နေထိုင်ရန် ကြိုးစားအားထုတ်ခြင်း မရှိသူများ၊ အပျက်သဘောဖြင့် သိမ်းပိုက်ခြင်းကိုသာ ခံရရန် ရောင့်ရဲနေသူ များနှင့်၊ သမ္မာတရားနှင့်အညီ မနေထိုင်နိုင်၊ မဖော်ပြနိုင်ကာ သန့်ရှင်းသူတစ်ဦး ဖြစ်မလာနိုင်သူများ-ထိုသူတို့သည် ကယ်တင်ခြင်း မခံရသေးသောသူများ ဖြစ်လေသည်။ အကြောင်းမှာ သမ္မာတရားမရှိဘဲ လူသည် ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့မခံနိုင်ပေ။ ဘုရားသခင်၏ စမ်းသပ်မှုကာလအတွင်း ကြံ့ကြံ့ခိုင်နိုင်သောသူများသာ ကယ်တင်ခြင်း ခံရပြီးသော သူများဖြစ်သည်။ ငါလိုချင်သည်မှာ ပေတရုကဲ့သို့ ပြည့်စုံစေခြင်းကို လိုက်ရှာသူများဖြစ်၏။ ယနေ့ သမ္မာတရားကို အလိုဆန္ဒရှိပြီး လိုက်ရှာသူများအား ထိုအမှန်တရားကို ပေးသည်။ ဘုရားသခင် ကယ်တင်ခြင်းကို အလိုရှိသောသူများအား ဤကယ်တင်ခြင်းကို ပေးအပ်သည်။ ကယ်တင်ခြင်းကို သင်တို့ရရှိသည်ဟုသာ ဆိုလိုသည်မဟုတ်၊ ယင်းကြောင့် သင့်အား ဘုရားသခင် ပိုင်ဆိုင်သွားသည်ဟုလည်း ဆိုလိုသည်။ ဘရားသခင် သင့်အား ပိုင်ဆိုင်နိုင်ရန်အလို့ငှာ သင်သည် ဘုရားသခင် အား ပိုင်ဆိုင်ရသည်။ ယနေ့ သင်တို့အား ဤစကားများကို ငါပြော၏။ သင်တို့လည်းကြား၏။ သင်တို့သည် ဤစကားများကို ကျင့်ကြံသင့်သည်။ အဆုံးတွင် ဤစကားများကို ကျင့်ကြံသည့်အချိန်သည် ဤစကားများ အားဖြင့် သင်တို့အား ငါရယူချိန်ဖြစ်မည်။ တစ်ချိန်တည်းတွင် သင်တို့သည် ဤစကားများကို ရရှိမည်၊ ဆိုလိုသည်မှာ ဤအမြင့်ဆုံးသော ကယ်တင်ခြင်းကို သင်ရရှိမည်။ သင်တို့သည် သန့်ရှင်းခြင်းသို့ ရောက်သည်နှင့် စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပေမည်။ အကယ်၍ သင်သည် သမ္မာတရားအတိုင်း အသက်ရှင် နေထိုင်နိုင်စွမ်း မရှိပါက သို့မဟုတ် ပြည့်စုံခြင်းသို့ ရောက်ရှိပြီးသော သူတစ်ဦးလို နေထိုင်နိုင်ခြင်း မရှိပါက သင်သည် လူသားတစ်ဦးမဟုတ်ဟု ဆိုနိုင်ပေသည်။ သင်သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ဦး၊ သားရဲတစ်ကောင်ပင် ဖြစ်ပေသည်။ အကြောင်းမှာ သင်သည် သမ္မာတရားမရှိ၊ ယေဟောဝါ၏ ဇီဝအသက် မရှိဟု ဆိုရမည်ဖြစ်ပြီး ယင်းကြောင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦးပင် ဖြစ်လေသည်။ သိမ်းပိုက်ခံရပြီး နောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း သင်ရသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး ဝိညာဉ်နှင့် အသက်ရှင်သောကိုယ် သင်ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို သင်တွေ့ကြုံခဲ့ရပြီး ဖြစ်သော်လည်း ရလဒ်အနေဖြင့် သင့်စိတ်သဘောထားမှာ အသစ်ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မရှိ၊ သင်သည် ယခင်ကအတိုင်း ရှိနေသေးသည်၊ သင့်ကို စာတန်က ပိုင်ဆိုင်နေသေးပြီး သင်သည် သန့်ရှင်းခြင်းသို့ ရောက်သူ မဟုတ်ပါ။ ပြည့်စုံစေခြင်းသို့ ရောက်ပြီးသူများသာ အဖိုးတန်ပြီး ထိုသို့သောသူများသည်သာ စစ်မှန်သော အသက်တာကို ရကြသည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက သင့်ကို ပြောလိမ့်မည်။ "သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ထိုအမှုတော်မှာ မည်သို့မည်ပုံဖြစ်ကြောင်းကို သင်အနည်းငယ် ပြောသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှုမြင်ခဲ့ရသည်၊ မောရှေသည်လည်း ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှုမြင်ခဲ့ရသည်၊ ထိုသူနှစ်ယောက်တို့ သည် ယေဟောဝါ၏ ဆောင်ရွက်ချက်များကို ရှင်းပြပြောဆိုနိုင်ခဲ့ကြပြီး ယေဟောဝါ၏ အံ့သြဖွယ်များကိုလည်း ပြောပြနိုင်ခဲ့ကြသည်။ သင်တို့သည် လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသခင်၏ အမှုတော်တို့ကို ရှုမြင်ခဲ့ကြ ပြီးပြီ၊ ဘုရားသခင်၏ ဉာဏ်ပညာအကြောင်းကို သင်ပြောနိုင်ပြီလော။ ဘုရားသခင့် အမှုတော်၏ အံသြဖွယ်များ အကြောင်း သင်ပြောပြနိုင်သလော။ ဘုရားသခင်က သင်တို့အား အဘယ်အရာကို တောင်းဆိုပြီး ယင်းတို့ကို သင်တို့ မည်သို့ တွေ့ကြုံခဲ့ရပါသလဲ။ နောက်ဆုံးသောကာလ ဘုရားသခင့်အမှုတော်ကို သင်တို့ကြုံတွေ့ခဲ့ပြီးပြီ၊ သင်တို့၏ အကြီးမားဆုံး ရူပါရုံက အဘယ်အရာနည်း။ ထိုအကြောင်းကို သင်တို့ပြောပြနိုင်သလော။ ဘုရားသခင် ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ပြောပြနိုင်သလော။" ထိုသို့သော မေးခွန်းများကို သင်ရင်ဆိုင် ရပါက သင်မည်သို့ ပြန်ဖြေမည်နည်း။ သင်သည် "ဘုရားသခင်သည် အလွန် ဖြောင့်မတ်၏။ ကျွန်ုပ်တို့အား ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ ထို့အပြင် ကျွန်ုပ်တို့အား မညှာမတာ ထုတ်ဖော်ပြသ၏။ ဘုရားသခင်၏ စိတ်သဘောထားက လူတို့၏ ပြစ်မှုများကို အမှန်တကယ် လက်မခံပါ။ ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီးနောက် ကျွန်ုပ်တို့၏ ဆိုးဝါးယုတ်မာမှုကို ကျွန်ုပ်သိလာခဲ့ရပြီး ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ် အမှန်တကယ်ရှုမြင်ခဲ့ပါပြီ" ဟု ပြန်ပြောနိုင်လျှင် အခြားသူ တစ်ဦးက သင့်အား "ဘုရားသခင်အကြောင်း တခြားဘာသိပါသေးသလဲ။ လူတစ်ဦးသည် အသက်လမ်းသို့ မည်သို့ ဝင်ရောက်ပါသလဲ။ သင့်မှာ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိပါသလား" ဟု ဆက်လက် မေးမြန်းပါက "စာတန်၏ ဖျက်ဆီးခံရပြီးနောက် ဘုရားသခင် ဖန်ဆင်းထားသောလူများသည် သားရဲများ ဖြစ်လာခဲ့ပြီး မြည်း သတ္တဝါများနှင့် မထူးခြားတော့ပါ။ ယနေ့ ကျွန်ုပ်သည် ဘုရားသခင်၏ လက်တော်ထဲတွင် အသက်ရှင်နေထိုင် နေသည့်အတွက် ဖန်ဆင်းရှင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး ဘုရားသခင် သွန်သင်သမျှကို လိုက်နာ ရပါမည်။ ကျွန်ုပ်တွင် အခြားရွေးချယ်စရာ မရှိပါ" ဟု သင်ဖြေလိမ့်မည်။ ထိုသို့ ယေဘုယျဆန်သည့် စကားများကိုသာ သင်ပြောနေပါက ထိုသူသည် သင်ပြောနေသည့် အရာကို နားလည်လိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်အကြောင်း သင်သိသည့်အရာများကို သူတို့မေးသည့်အခါ သူတို့သည် သင်၏ ကိုယ်တွေ့များကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိသည့်အရာများကို သူတို့ မေးမြန်းခြင်းဖြစ်ပြီး သင်တွေ့ကြုံပြီးနောက် သင့်ကိုယ်တွေ့ အခြင်းအရာများကို ရည်ညွှန်းနေခြင်းဖြစ်ပြီး သမ္မာတရားအကြောင်းကို ပြောပြရန် သင့်အား မေးမြန်းခြင်းဖြစ်သည်။ ထိုအကြောင်း အရာများကို သင်ပြောနိုင်ခြင်း မရှိပါက ယနေ့အမှုတော်အကြောင်းကို သင်မသိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေ၏။ မရေရာသော စကားများ၊ သို့မဟုတ် လူတိုင်းသိသော အရာများကိုသာ သင်အမြဲပြောဆိုနေသည်၊ သင့်တွင် ကိုယ်တွေ့အကြောင်းအရာ တိတိကျကျ မရှိရုံသာမက သင့်အသိတွင် အနှစ်သာရမရှိ၊ သင့်တွင် မှန်ကန်သော သက်သေခံချက်များမရှိ၊ သို့အတွက်ကြောင့် တခြားသူများက သင့်အား လက်ခံယုံကြည်မည် မဟုတ်။ ဘုရားသခင်၏ မတုန်မလှုပ်နောက်လိုက် မဖြစ်ပါစေနှင့်၊ ထူးဆန်းသည့် အရာများနောက် မလိုက်နှင့်။ အအေးမဟုတ်၊ အပူမဟုတ် နေခြင်းအားဖြင့် သင့်ကိုယ်သင် ဆုံးရှုံးပြီး သင့်အသက်တာ နှောင့်နှေးပေလိမ့်မည်။ ထိုသို့ မတုန်မလှုပ်ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိခြင်းတို့ကို သင့်ထံမှ ဖယ်ရှားပစ်ရမည်။ အပြုသဘောဆောင်သော အရာများ၌ ကျွမ်းကျင်လာအောင်ပြုပြီး သင့်အားနည်းချက်များကို ကျော်လွှားရမည်။ သို့နှင့် သင်သည် သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားနှင့်အညီ နေထိုင်နိုင်ပေမည်။ သင့်အားနည်းချက်များအကြောင်း စိုးရိမ်စရာမရှိပါ။ သင့်ချို့ယွင်းချက်များသည်လည်း သင့်အတွက် အကြီးမားဆုံးပြဿနာ မဟုတ်ပါ။ သင်၏ အကြီးမားဆုံး ပြဿနာနှင့် အကြီးကျယ်ဆုံး ချို့ယွင်းချက်မှာ သင်၏ မပူမအေး ဖြစ်နေခြင်းနှင့် သမ္မာတရားကို ရှာဖွေလိုစိတ် မရှိခြင်းပေတည်း။ သင်တို့၌ရှိသမျှ၏ အကြီးဆုံးပြဿနာမှာ အရှိအတိုင်း ပျော်မွေ့နေသော သတ္တိကြောင်သည့် စိတ်နေစိတ်ထားနှင့် မတုန်မလှုပ် စောင့်စားနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင်တို့ သမ္မာတရားနောက်သို့ လိုက်ရာတွင် သင်တို့အတွက် အကြီးမားဆုံး အဟန့်အတားနှင့် အကြီးမားဆုံး ရန်သူပင် ဖြစ်သည်။ ငါပြောသောစကားများက အလွန်နက်နဲသိမ်မွေ့သောကြောင့်သာ သင်နာခံခြင်း ဖြစ်ပါက သင်သည် အသိပညာကို အမှန်တကယ် ပိုင်ဆိုင်ခြင်း မရှိသလို သမ္မာတရားကို တန်ဖိုးထားခြင်းလည်း မရှိ။ သင်၏ နာခံခြင်းမျိုးကို သက်သေခံချက်အဖြစ် မသတ်မှတ်ပါ။ ထိုသို့သော နာခံမှုကို ငါအတည်မပြု။ တစ်စုံ တစ်ယောက်က သင့်အား "ဘုရားသခင်က အဘယ်နေရာမှ လာခဲ့နည်းဆိုသည်အား အတိအကျ ပြောပြပါ။ သင်၏ ဤဘုရားသခင်၏ အနှစ်သာရဆိုသည်မှာ အဘယ်နည်း" ဟု မေးနိုင်သည်။ သင်က "ဘုရားသခင်၏ အနှစ်သာရမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်" ဟု ပြန်ဖြေလိမ့်မည်။ "ဘုရားသခင်က လူသားတွေကို ကရုဏာမထားဘူးလား၊ မချစ်ဘူးလား။ ဤသည်ကို သင်သိပါသလား။" "ယင်းမှာ အခြားသူများ၏ ဘုရားသခင်ဖြစ်သည်။ ဘာသာတရားကို လိုက်စားသောသူများ ယုံကြည်သည့် ဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘုရားသခင် မဟုတ်ပါ" ဟု သင်ပြောလိမ့်မည်။ သင့်လိုလူများသည် ဧဝံဂေလိတရားကို ဖြန့်ဝေ သောအခါ မှန်သောလမ်းကို လိုရာဆွဲ၍ မမှန်မကန် ပြောဆိုကြပေသည်။ သို့ဆိုလျှင် သင်အသုံးကျသည်မှာ ဘာရှိမည်နည်း။ မှန်သောလမ်းကို သင့်ထံမှ အခြားသူများ အဘယ်သို့ ရနိုင်မည်နည်း။ သင့်တွင် သမ္မာတရားမရှိ၊ သမ္မာတရားအကြောင်း သင်ဘာမျှ မပြောနိုင်သည့်အပြင် သမ္မာတရားအတိုင်း သင်မနေထိုင်နိုင်။ ဘုရားသခင် ရှေ့တွင် သင်နေရန် မည်သည့်အရည်အချင်းများ သင့်မှာ ရှိပါသနည်း။ ဧဝံဂေလိတရားကို အခြားသူများထံ သင်ဖြန့်ဝေသောအခါ သမ္မာတရားအကြောင်း သင်ပြောသောအခါ၊ ဘုရားသခင်အကြောင်း သင်သက်သေခံ သောအခါ၊ သူတို့ကို သင်မစည်းရုံးနိုင်ပါက သင့်စကားကို သူတို့ ငြင်းဆိုလိမ့်မည်။ သင်သည် အသုံးမဝင်သူ တစ်ဦး မဟုတ်လော။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ များစွာသင်တွေ့ကြုံပြီး ဖြစ်သော်လည်း သမ္မာတရားအကြောင်း သင်ပြောသောအခါ အဓိပ္ပါယ်မရှိပေ။ သင်သည် မည်သည့်နေရာတွင်မျှ အသုံးမကျသူ တစ်ဦး မဟုတ်လော။ သင်အသုံးကျတာ ဘာရှိမည်နည်း။ သင်တို့တွင် ဘုရားသခင်၏ အမှုကို များစွာ ကြုံတွေ့ပြီး ဖြစ်သော်လည်း ဘုရားသခင်အကြောင်း အနည်းငယ်မျှပင် မသိသလော။ သူတို့က ဘုရားသခင် အကြောင်း သင်အမှန်တကယ် သိသည့်အရာများကို မေးသောအခါ သင်သည် စကားစရှာမရ၊ သို့မဟုတ် မသက်ဆိုင်သည့်အရာများ ပြန်ပြောလေ၏- ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်တော်မူကြောင်း၊ သင်ရရှိ ထားသော ကြီးမားသည့် ကောင်းချီးမင်္ဂလာများသည် ဘုရားသခင်၏ချီးမြှောက်ခြင်း အမှန်စင်စစ်ဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ကိုယ်တွေ့ရှုမြင်နိုင်သည်ထက် ပိုကြီးမားသော အခွင့်ထူး မရှိကြောင်း ပြောလေသည်။ ဤသို့ ပြောဆိုရာတွင် မည်သည့်တန်ဖိုးများ ရှိလေသနည်း။ ယင်းတို့သည် အသုံးမဝင်၊ အနှစ်သာရမဲ့သော စကားများ ဖြစ်၏။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းသည် သမ္မာတရားဖြစ်ကြောင်းသာ သင်သိပါသလော။ သင်သည် ဘုရားသခင်၏အမှုကို သိရမည်ဖြစ်ကာ သို့မှသာ ဘုရားသခင် အတွက် စစ်မှန်သော သက်သေခံချက်ကို သင်တို့ ကြားပြောနိုင်မည်။ သမ္မာတရားကို မရရှိသေးသောသူသည် ဘုရားသခင်အတွက် မည်သို့ သက်သေခံနိုင်မည်နည်း။
အောက်ခြေမှတ်စုများ-
က။ မူရင်းစာသားမှာ "ထိုအရာ" ဖြစ်သည်။
ရုပ်ရှင်ဝေဌာမယ်
Myanmar Gospel Movie | နာကြည်းဖွယ်ရာ အမှတ်တရများ
No comments:
Post a Comment