Showing posts with label ယေဟောဝါ. Show all posts
Showing posts with label ယေဟောဝါ. Show all posts
7/30/2019
ဆက်တိုက်ဖြစ်ပေါ်သည့် သွေးရောင်လွှမ်းသော လလေးလုံး
၂၀၁၄ခုနှစ် ဧပြီလမှ ၂၀၁၅ စက်တင်ဘာလအထိတွင် ကောင်းကင်ပေါ်တွင် မြင်ရခဲသည့် ဖြစ်ရပ်တစ်ခု ဖြစ်သော သွေးရောင်လွှမ်းသော လလေးလုံး ဆက်တိုက်ပေါ်ခဲ့သည်။ ဤသွေးရောင်လွှမ်းသောလများ ပေါ်ထွန်းလာခြင်းသည် ပရောဖက်ပြုချက်နှစ်ခုအား ပြည့်စုံစေသည်။ ထိုပရောဖက်ပြုချက်များမှတစ်ခုအား ဗျာဒိတ်ကျမ်း ၆:၁၂ တွင် တွေ့ရှိရသည်။.....ယောလအနာဂတ္တိကျမ်း ၂:၂၉-၃၁ တွင် အောက်ပါတို့ကို ကြိုတင်ဟောကြားခဲ့သည်။ “ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်”။ ဤဆက်တိုက်ဖြစ်ပေါ်သည့် သွေးရောက်လွှမ်းသည့် လလေးလုံး ပေါ်ထွန်းလာခြင်းသည် ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမကြာခင် ရောက်ရှိလာတော့မည့် နိမိတ်တစ်ခုဖြစ်သည်။ ပရောဖက်ယောလ၏ အနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတွင်ပါရှိသည့် ပရောဖက်ပြုချက်များအရ ကြီးမားသည့်ကပ်ဘေးမကျရောက်ခင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် စကားပြောလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်တို့သည် သူ၏အစေခံယောက်ျားမိန်းမတို့အား ရေလောင်းပေးလိမ့်မည်။ တစ်နည်းဆိုရလျှင် ကြီးမားသည့် ကပ်ဘေးမတိုင်ခင်တွင် ဘုရားသခင်သည် အောင်မြင်သောသူများအုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤသို့ဆိုလျှင် အောက်ပါပရောဖက်ပြုချက်သည် အဘယ်သို့ ပြည့်စုံမည်နည်း။ “ထို့နေ့ရက်များတွင် အစေခံယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။”
အကြံပြုစာမျာ: သခင် ဒုတိယအကြိမ်ကြွလာခြင်းကို သင်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။
7/18/2019
ပညတ်တော်ခေတ်မှ အမှုတော်
ဣသရေလလူမျိုးတို့အပေါ် ယေဟောဝါဆောင်ရွက်ခဲ့သောအမှုသည် လောကီနှင့်ဆိုင်သည့် ဘုရားသခင်၏ မူလနေရာဖြစ်သော လူသားမျိုးနွယ်အကြား၌ ဖြစ်ပေါ်ခဲ့ပြီး ယင်းနေရာမှာ သူရှိနေခဲ့သည့် အထွတ်အမြတ်ထားသော နေရာလည်းဖြစ်သည်။ ယေဟောဝါသည် သူ၏အမှုကို ဣသရေလလူမျိုးတို့အတွက် ကန့်သတ်ထားသည်။ ကနဦးတွင် ဣသရေလပြင်ပ၌ သူအမှုမပြုခဲ့ပေ၊ ထိုအစား သူ၏အမှုနယ်ပယ်ကို ကန့်သတ်ရန်အလို့ငှာ သင့်လျော်မည်ဟု သူမြင်သည့် လူမျိုးတစ်မျိုးကို ရွေးချယ်ခဲ့သည်။ ဣသရေလနိုင်ငံမှာ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့သော နေရာဖြစ်ပြီး ထိုနေရာရှိ မြေမှုန့်မှတစ်ဆင့် လူသားကို ယေဟောဝါ ဖန်ဆင်းခဲ့သည်၊ ထိုနေရာမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့အမှု၏ အရင်းခံနေရာ ဖြစ်လာခဲ့သည်။ နောဧ၏သားစဉ်မြေးဆက်များနှင့် အာဒံ၏သားစဉ်မြေးဆက်များဖြစ်ကြသော ဣသရေလလူမျိုးများသည် ဤကမ္ဘာပေါ်ရှိ ယေဟောဝါအမှု၏ လူသား အခြေခံအုတ်မြစ်ဖြစ်သည်။
6/22/2019
ခရစ်ယာန်သီချင်း | လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်
ဓမ္မသီချင်း | လူ့ဇာတိခံယူသောဘုရား လူသားကို ခေတ်သစ်ဆီ ပို့ဆောင်
လူ့ဇာတိခံ ကို ယူသောဘုရားသည်
ယေဟောဝါဘုရားရဲ့ နောက်ကျောသာ လူကို ထင်ရှားပြသ
ခေတ်ကို အဆုံးသတ်
အထူးသဖြင့် နောက်ဆုံး လူ့ဇာတိခံယူသောဘုရား၏
အမှုတော်သည် လူသားအားလုံးကို
ပိုယုတ္တိတန်၊ ပိုလက်တွေ့ကျသော၊
ပိုမိုငြိမ်းချမ်းသော ခေတ်ဆီ ပို့ဆောင်
သူသည် ဥပဒေနှင့်အယူဝါဒခေတ်ကို နိဂုံးချုပ်ရုံမက
ပိုအရေးကြီးသည်မှာ စစ်မှန်သော ဘုရားဖြစ်ကြောင်း
လူကို ဖော်ပြ ဖြောင့်မတ်၍ သန့်ရှင်းသောသူ
စီမံခန့်ခွဲခြင်းအစီအမံကို ဖော်ထုတ်သူ
နက်နဲသောအရာတို့နဲ့ လူသားတို့ပန်းတိုင်ကို ဖော်ထုတ်သောသူ
လူကို ဖန်ဆင်းပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သူ
နှစ်ပေါင်းထောင်ချီ ပုန်းကွယ်ခဲ့သူ
သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံ စေ သောအဆုံးသတ်ဖြစ်စေ
သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံ စေ သောအဆုံးသတ်
အဆုံးသတ် ဖြစ်စေ သည်
လူသားအားလုံး ဘုရားမျက်နှာ ရှာပေမဲ့
မတွေ့သော နှစ်ကာလကို သူ အဆုံးသတ်စေ
လူသားအားလုံး စာတန်ကို အစေခံခဲ့သော ကာလကို အဆုံးသတ်
သူတို့ကို သီးခြား ခေတ်သစ်ဆီ ဦးဆောင်လမ်းပြ
ဒါတွေအားလုံး ဟာ ဘုရား ရဲ့ ဝိညာဉ်တော်အားဖြင့် မဟုတ်
လူ့ဇာတိဖြင့် ဘုရားအမှုတော်မြတ်၏ အကျိုးရလဒ်ဖြစ်သည်
ဘုရား၏ဝိညာဉ်တော်အားဖြင့် မဟုတ်
ဘုရား၏ဝိညာဉ်တော်အားဖြင့် မဟုတ်
သူသည် ဥပဒေနှင့်အယူဝါဒခေတ်ကို နိဂုံးချုပ်ရုံမက
ပိုအရေးကြီးသည်မှာ စစ်မှန်သော ဘုရားဖြစ်ကြောင်း
လူကို ဖော်ပြ ဖြောင့်မတ်၍ သန့်ရှင်းသောသူ
စီမံခန့်ခွဲခြင်းအစီအမံကို ဖော်ထုတ်သူ
နက်နဲသောအရာတို့နဲ့ လူသားတို့ပန်းတိုင်ကို ဖော်ထုတ်သောသူ
လူကို ဖန်ဆင်းပြီး စီမံခန့်ခွဲခြင်းအမှုကို အဆုံးသတ်သူ
နှစ်ပေါင်းထောင်ချီ ပုန်းကွယ်ခဲ့သူ
သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံစေ သောအဆုံးသတ်ဖြစ်စေ
သူသည် ဝိုးတဝါးအချိန်ကို ပြီးပြည့်စုံ စေ သောအဆုံးသတ်
အဆုံးသတ် ဖြစ်စေ သည်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
အကြံပြုစာမျာ:
Myanmar Gospel Movie | နာကြည်းဖွယ်ရာ အမှတ်တရများ
4/12/2019
ဘုရားသခင်၏ စကားတော် | ဣသရေလအမျိုးသားတို့ကဲ့သို့ အစေခံခြင်း
ယနေ့ခေတ်တွင် လူအများစုသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာဝယ် မည်သည့် သင်ခန်းစာများ သင်ယူသင့်သည်ကို အလေးမထားကြတော့ပေ။ ကျွန်ုပ်သိရသလောက် သင်တို့ အများစုသည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ချိန်အားလုံးအတွင်း သင်ခန်းစာများ ကို လေ့လာသင်ယူနိုင်မှု မရှိကြပေ။ သင်တို့အများစုသည် မိမိကိုယ်ပိုင်အမြင်များကိုသာ တရားသေစွဲကိုင်ပြီး ဘုရားကျောင်းထဲတွင် လုပ်ကိုင်ကြချိန်တွင် အခြားသူများ၏ အမြင်နှင့် ဆက်နွယ်ခြင်း မရှိ၊ ပူးပေါင်းဆောင်ရွက်မှုလည်း နတ္ထိဖြင့် သင်က သင့်အမြင်၊ သူက သူ့အမြင်ကို ပြောကြသည်။ သင်သည် သင့်ကိုယ်ပိုင် အတွင်းစိတ် သိမြင်မှုများနှင့် ဆက်သွယ်မှုတွင်သာ စိတ်ခံစားပြီး၊ သင့်စိတ်ထဲရှိ "ဝန်ထုပ်ဝန်ပိုး" များကို ပြန်ဖြန့်ဝေရန်၌သာ စိတ်ခံစားပြီး၊ အသက်တာအား လုံးဝရှာဖွေခြင်း အလျှင်းမရှိပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သင်၏လုပ်ဆောင်ချက်သည် ဝတ်ကျေတန်းကျေသာဖြစ်ပြီး အခြားသူများထက် မိမိကိုယ်ကိုသာ ဗဟိုပြုထားပြီး အခြားသူများကို ဂရုမစိုက်ဘဲ သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်သည့်အတိုင်း လိုက်နာသင့်သည်ဟု မှတ်ယူထားပုံပေါ်သည်။ သင်တို့သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းငှာမစွမ်းသာသကဲ့သို့ တစ်ပါးသူတို့၏စွမ်းအားတို့ကို ရှာဖွေခြင်း၌လည်းမစွမ်းသာချေ။ အကြောင်းအရာတို့ကို သင်တို့လက်ခံသည့်နည်းလမ်းမှာ အမှန်တကယ်ကို မှားယွင်းနေပေသည်။ မိမိကိုယ်ကိုယ် ကိန်းကြီးခန်းကြီးနိုင်သကဲ့သို့ပြုမူနေသော်လည်း ဒုံရင်းဆိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သင်တို့သည် ဘုရားကျောင်းသို့သွားရောက်ကာ အချင်းချင်း နှီးနှောဖလှယ်ခြင်းဖြင့် စိတ်တံခါးကိုဖွင့်ပြီး ဆက်သွယ်ခြင်းမပြုကြပေ။ သို့မဟုတ် မကြာသေးမီအချိန်အတွင်းရှိသာ သင်၏အတွင်းအခြေအနေသည် မကြာသေးမီအချိန်အတွင်း ရှိသည့်အတိုင်းရှိနေပါက သင့်အနေဖြင့် ယင်းသို့ ရိုးရှင်းစွာပင် ဆက်သွယ်ခြင်းမျိုးမလုပ်ပါနှင့်။ အခြေခံအားဖြင့် သင်တို့၌ ကိုယ်ပိုင်အယူအဆ များ ကိုပစ်ပယ်ခြင်းနှင့် မိမိကိုယ်ကိုကျောခိုင်းခြင်းစသည့်အလေ့အကျင့်များ မရှိကြပေ။ ယင်းကဲ့သို့သော ဦးဆောင်မှုတွင် ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းနည်းလမ်းဖြင့် ဘုရားကျောင်းများတွင် ညီအစ်ကိုနှင့် ညီအစ်မများကို သက်ဝင်လာစေရန်သာ တွေးခေါ်ကြပြီး ၎င်းတို့၏ နောက်လိုက်များကလည်း ၎င်းတို့ဘာသာ ကြိုးစားအားထုတ်ရန်သာ သိကြသည်။ အလုပ်အကျွေးပြုခြင်းဆိုသည်က ဘာဖြစ်သည် သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်မှုဆိုသည်က ဘာဆိုသည်ကို အခြေခံအားဖြင့် သင်တို့ နားမလည်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့ကိုယ်တိုင် ပြန်ပေးရန် စိတ်ဆန္ဒရှိခြင်း၊ ပေတရု၏ ပုံစံကဲ့သို့ အသက်ရှင်နေထိုင်ရန် သင်တို့ကိုယ်တိုင် စိတ်ဆန္ဒရှိခြင်းတို့လောက်သာ တွေးတောမှုရှိပြီး အခြားဘာမျှ မပါပေ။ အခြားလူများ မည်သို့ ဖြစ်ဖြစ်၊ သင်သည် မျက်ကန်းကဲ့သို့ပင် မည်သည့်နည်းဖြင့်ဖြစ်စေ ဆက်ကပ်မည်မဟုတ်၊ အခြားသော လူများ ဘာနှင့်ပင်တူတူ၊ သင်တို့က သင်တို့ကိုယ်တိုင်အတွက် ပြီးပြည့်စုံမှုကို ဘုရားသခင်အား အားကိုး၍ ရှာဖွေပြီး ယင်း စိတ်ဆန္ဒဖြင့် လုံလောက်ပြီဟုပင် သင်တို့က ပြောနိုင်ပေသည်။ အမှန်စင်စစ်အားဖြင့် သင့်ဆန္ဒသည် အတူဖြစ်ထွန်းသော ဖော်ပြချက်ကို တကယ့်လက်တွေ့တွင် သင် လုံးဝမတွေ့ပေ။ ဒါကယခုအချိန်တွင် သင်တို့ဖော်ပြသည် အပြုအမူပုံစံအားလုံးဘဲ မဟုတ်ဘူးလား။သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်ပိုင် အသိအမြင်ကိုသာ ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားပြီး သင်တို့အားလုံးက ပြီးပြည့်စုံလိုကြသည်။ သင်သည် ကာလရှည်ကြာ အလုပ်အကျွေးပြုခဲ့ပြီး တိုးတက်မှု များစွာ မလုပ်ခဲ့သည်ကို ကျွန်ုပ် သိပါသည်။ အထူးသဖြင့် ဟန်ချက်ညီညီ အတူတကွ လုပ်ကိုင်ခြင်းဆိုသည့် ဤသင်ခန်းစာတွင် သင် လုံးဝ တိုးတက်မှု မရှိပေ။သင် ဘုရားကျောင်းသို့ သွားပြီး သင့်နည်းသင့်ဟန်ဖြင့် ဆက်သွယ်ခြင်းသည် မိမိနည်းဖြင့် မိမိ မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲရှားပါးလှပေသည်။ နောက်လိုက်တို့သည်လည်း ထို့အတူပင်ဖြစ်ပြီး သာ၍ပင်ဆိုးသေးသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို မည်ကဲ့သို့အလုပ်အကျွေးပြုရမည်ကို အမှန်တကယ်သိသောသူမှာ ရှားပါးလွန်းလှသည်။ သင်သည် မရေမရာနှင့် ဤကိစ္စမျိုးကို အသေးအဖွဲဟုသတ်မှတ်ပါက အကျိုးဆက်အားဖြင့် လူအများစုမှာ အမှန်ကို မသိရှိကြတော့ဘဲမှားယွင်းစွာပင် လုပ်ဆောင်လာနိုင်ကြသည်။ နှစ်ရှည်လများ "အငြင်းပွားကာခိုက်ရန်ဖြစ်ပွားရသည်။" ဤသည်မှာ သင်၏ကြီးထွားမှုမှ တကယ့်အဖြစ်မှန်တွေချည်း မဟုတ်ပါလား။ သင်တို့လူအများသည် ဘုရားကျောင်းတွင် နေ့စဉ် ဘုရားသခင်အား တိုက်ရိုက် အလုပ်အကျွေးပြုသော ဣသရေလလူမျိုးများကဲ့သို့ အတူတကွ အလုပ်အကျွေးပြုလျက်ရှိကြသည်။ ဘုန်းတော်ကြီးများနှင့်အလားတူသော သင်တို့လူအများက မည်ကဲ့သို့ညှိနှိုင်းဆောင်ရွက်ရန်နှင့် အလုပ်အကျွေးပြုရန်ကို အဘယ်ကြောင့်မသိနိုင်ကြပါသနည်း။
3/13/2019
ဘုရားသခင်၏ နှုတ်ကပတ်တော် (ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်)
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ကယ်တင်ရှင်ယေရှု နောက်ဆုံးသောကာလအတွင်း ကြွလာရန်အတွက် လူသားတို့ တောင့်တနေဆဲဖြစ်ပြီး ယုဒပြည်တွင်ရှိခဲ့သော ရုပ်သွင်အတိုင်း ကြွလာရန် မျှော်မှန်းနေဆဲဖြစ်ပါက ရွေးနုတ်ရာခေတ်တွင် နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး ရပ်တန့်သွားမည် ဖြစ်ကာ ရှေ့ဆက်တိုးတက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးသောကာလသည် မည်သည့်အခါမှ ရောက်လာလိမ့်မည် မဟုတ်တော့ဘဲ ခေတ်ကာလလည်း မည်သည့်အခါမှ အဆုံးသတ်တော့မည် မဟုတ်ပေ။ ... ငါ့အားတစ်ခါက ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း လူအများ ခေါ်ခဲ့ကြသည့်အပြင် ထိုသူများက ငါ့အားလေးစားပြီး ချစ်မြတ်နိုးသည့်အတွက် ကယ်တင်ရှင် ယေရှုဟုလည်း တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများ အတိတ်က သိခဲ့ကြသည့် ယေဟောဝါလည်းမဟုတ်၊ ယေရှုလည်းမဟုတ်ပေ၊ ငါသည် နောက်ဆုံးသော ကာလတွင် တဖန်ကြွလာခဲ့သည့် ဘုရားသခင်၊ ထိုခေတ်ကို အဆုံးသတ်မည့် ဘုရားသခင်ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းတိုင်အောင် ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသော၊ အခွင့်အာဏာနှင့် ပြည့်ဝသော၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်နှက်နေသော ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်။"
ဆက်လက်ကြည့်ရှုရန် ကယ်တင်ရှင်သည် "ဖြူသောမိုးတိမ်" အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်
9/29/2018
ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်
လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အတိုင်း ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ မည်သည့် အတိုင်းအတာအထိ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း လူသားအားလုံး သိဖို့လိုသည်။ လူတို့သည် အသက်တာ၌ ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလျက် နေကြသော်လည်း ငါလုပ်ဆောင်သည့် အလုပ်၏ အဓိက ရည်ရွယ်ချက်ကို နားမလည်လျှင် အသက်တာ၌ ငါနှင့်အတူ လျှောက်လှမ်းခြင်းသည် အလဟဿ ဖြစ်သည် မဟုတ်လော။ ငါ့နောက်သို့ လိုက်သောသူများသည် ငါ့အလိုကို သိသင့်သည်။ ငါသည် လောက၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်နေသေးသည်။ ငါ့အလုပ်ထဲတွင် ပါဝင်သည့်အရာများမှာ အထူးတလည် များပြားလှသော်လည်း ငါ့အလုပ်၏ ရည်ရွယ်ချက်သည် ယနေ့တိုင် မပြောင်းလဲသေးပါ။ ဥပမာ- ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း လူသားကို စုံလင်စေပြီးသောအခါ၌ ငါသည် သူ့ကို ကယ်တင်ဖို့၊ ငါ၏ သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏ လုပ်ငန်းကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး အကြား၌ ချဲ့ထွင်ဖို့အတွက် ထိုသို့ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် လူတော်တော်များများက သူတို့၏ မျှော်လင့်ချက်များ၌ ကြီးစွာ စိတ်ပျက်လျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ်အချိန်၌ ငါသည် ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့်အလုပ်ကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် စကားကို ငြီးငွေ့နေပြီဖြစ်သော်လည်း၊ ငါ၏အလုပ်၌ ကိုယ်တိုင် ပါဝင်ပတ်သက်လိုစိတ် လုံးဝမရှိသော်လည်း ငါသည် ငါ၏ တာဝန်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက် မပြောင်းလဲသည့်အပြင် ငါ၏ မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့် ဖြစ်သည်။ ငါ၏ တရားစီရင်ခြင်းသည် လူသားကို ပိုမို နာခံနိုင်စေဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင်ဆုံးမမှုသည် လူကို ထိထိရောက်ရောက်ပြုပြင်ခြင်း ခံနိုင်စေဖို့ ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ မလုပ်ဖူးပါ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၏ ပြင်ပမှ တိုင်းနိုင်ငံ အားလုံးကို ဣသရေလလူမျိုးများကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ဣသရေလနိုင်ငံ၏ ပြင်ပ၌ရှိသော နေရာများ၌ ငါခြေကုပ်ယူနိုင်စေဖို့ ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် လုပ်ဆောင်နေသော ငါ၏ အလုပ်ဖြစ်သည်။ ယခု ထက်ထိတိုင် လူတော်တော်များများက ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားမလည်ကြသေးပေ။ ငါလုပ်ဆောင်နေသော အရာများကို စိတ်မဝင်စားသောကြောင့်၊ သူတို့၏ အနာဂါတ်နှင့် သူတို့၏ ပန်းတိုင်များကိုသာ စိတ်ဝင်စားကြသောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောပြော သူတို့သည် ငါလုပ်သည့် အလုပ်ကို စိတ်ဝင်စားခြင်း မရှိပေ။ သူတို့၏ အနာဂါတ် ပန်းတိုင်များကိုသာ အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အလုပ်ကို မည်သို့ ချဲ့ထွင်နိုင်မည်နည်း။ ကမ္ဘာအနှံ့ ငါ၏ သတင်းကောင်း မည်သို့ ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အလုပ်ကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို အရပ်ရပ်သို့ ကွဲပြားစေမည်၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ ကမ္ဘာတစ်လျှောက်လုံး၌ ငါ၏ သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ချဲ့ထွင်ဖို့အတွက် ဤအရာများအားလုံးကို ငါလုပ်ဆောင်မည်။ ကလေး၊ လူကြီးများ အားလုံးအကြား၌ ငါ၏အမည် ထင်ရှားစေဖို့၊ ရှိရှိသမျှ လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏ နှုတ်က မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။
9/13/2018
သုံးပါးတစ်ဆူ တည်ရှိပါသလော
လူ့ဇာတိခံယူသော ယေရှု၏သမ္မာတရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည်ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တပါးရှိသည်- သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးပေါင်း တစ်ဆူဟူသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည်- ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားခြားနားပြီး နဂိုပကတိဖြစ်သော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ဘဲ လူအားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။ အကြောင်းမှာ မည်သူကမျှ ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်၏ ကိန်းဝပ်ရာသို့ အလည်အပတ်အနေနှင့် ကံကောင်းထောက်မစွာ တက်ရောက်ခွင့်ရရှိကာ ဘုရားသခင် ကျိန်းဝပ်သောနေရာတွင် အဘယ်အရာများ ရှိသည်ကို ဆန်းစစ်ရန်၊ “ဘုရားသခင်၏ အိမ်တော်” တွင် မျိုးဆက်များ ကုဋေကုဋာပေါင်း မည်မျှရှိသည်ကို အတိအကျ ဆုံးဖြတ်ရန် သို့မဟုတ် ဘုရားသခင်၏ ပင်ကိုယ်ဖွဲ့စည်း တည်ဆောက်ပုံတွင် အစိတ်အပိုင်း မည်မျှပါဝင်သည်ကို စူးစမ်းရှာဖွေခွင့်ရရှိသူ တစ်စုံတစ်ယောက်မျှ မရှိသောကြောင့် ဖြစ်သည်။ အဓိကအားဖြင့် ဆန်းစစ်ရန် လိုသည့်အရာမှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ သက်တမ်း၊ တစ်ပါးချင်းစီတိုင်း၏ သက်ဆိုင်ရာ အသွင်အပြင်၊ သူတို့၏ ခွဲခွာပုံ အတိအကျနှင့် သူတို့ တစ်ဆူတည်းဖြစ်သည်မှာ မည်ကဲ့သို့နည်း စသည်တို့ပင် ဖြစ်သည်။ အကြောင်းမလှစွာပင်၊ ဤနှစ်များစွာအတွင်း ယင်းကိစ္စရပ်များ၏ သမ္မာတရားကို ပိုင်းဖြတ်နိုင်ရန် မည်သူ တစ်ဦးတစ်ယောက်ကမျှ မတတ်နိုင်ခဲ့ကြပါ။ ယင်းတို့အားလုံးသည် မှန်းဆခြင်းမျှသာ ဖြစ်သည်၊ အကြောင်းမှာ ကောင်းကင်ဘုံသို့ အလည်အပတ်အဖြစ် တက်သွားခဲ့ပြီး လူသားမျိုးနွယ် အားလုံးအတွက် “စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ” ဖြင့် သုံးပါးတစ်ဆူနှင့် ပတ်သက်သော အကြောင်းအရာ၏ သမ္မာတရားကို ထက်သန် ကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများအား အစီရင်ခံတင်ပြရန် အလို့ငှာ ပြန်လာခဲ့သူ တစ်ဦး တစ်ယောက်မျှ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆများ ထုတ်ကြသည့် လူအပေါ် အပြစ်ဖို့၍ မရသည်မှာ မှန်ပါသည်၊ အကြောင်းမှာ ခမည်းတော် ယေဟောဝါသည် သူ့ လူသားမျိုးနွယ်ကို ဖန်ဆင်းချိန်တွင် အဘယ့်ကြောင့် သားတော် ယေရှုနှင့်အတူ မတွဲဖက်ခဲ့သနည်း။ အကယ်၍ အစအဦး၌ အရာအားလုံးကို ယေဟောဝါအမည်နှင့်သာ လုပ်ခဲ့ပါက ပို၍ကောင်းခဲ့ပေလိမ့်မည်။ အကယ်၍ အပြစ်ဖို့ရမည် ဆိုပါက၊ ဖန်ဆင်းခြင်းအချိန်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား သူ၏ ရှေ့မှောက်သို့ မခေါ်ခဲ့ဘဲ ထိုအစား သူ၏အလုပ်ကို တစ်ဦးတည်း လုပ်ဆောင်ခဲ့သော ယေဟောဝါ ဘုရားသခင်၏ တဒင်္ဂ သတိ လက်လွတ် ဖြစ်သွားခြင်းအပေါ် အပြစ်ဖို့ပါလေ့စေ။ အကယ်၍ သူတို့အားလုံးသည် တစ်ပြိုင်တည်း အလုပ် လုပ်ခဲ့ပါက၊ သူတို့သည် တစ်ဆူတည်း ဖြစ်လာခဲ့လိမ့်မည် မဟုတ်လော။ အကယ်၍များသာ အစအဦးမှ နိဂုံးအဆုံးတိုင်အောင် ယေဟောဝါ၏ အမည်တစ်ခုသာရှိခဲ့ပြီး၊ ကျေးဇူးတော်ခေတ်မှ ယေရှုအမည် မရှိခဲ့ပါက၊ သို့မဟုတ် ယင်းခေတ်တွင်ပင် သူ့အား ယေဟောဝါဟူ၍သာ ခေါ်ဆိုသေးမည် ဆိုပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းဒဏ်မှ ချမ်းသာရာရခဲ့လိမ့်မည် မဟုတ်လော။ ယေဟောဝါမှာ ဤအရာအားလုံးအတွက် မြည်တမ်း၍ မရသည်မှာ သေချာပါသည်၊ အပြစ်ဖို့ရမည် ဆိုပါက သန့်ရှင်းသော ဝိညာဉ်တော်ကိုပင် အပြစ်ဖို့ပါလေ့စေ။ အဘယ်ကြောင့်ဆိုသော် နှစ်ထောင်ပေါင်း များစွာကြာအောင် သူ၏ အလုပ်အား ယေဟောဝါ၏ အမည်၊ ယေရှု၏ အမည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် အမည်နှင့်ပင် ဆက်လက်လုပ်ဆောင်ခဲ့ပြီး လူအား ဘုရားသခင်မှာ မည်သူဖြစ်သည် ဟူ၍ အတိအကျ မသိနိုင်အောင် စိတ်ရှုပ်ထွေးစေသော ကြောင့်ပင်ဖြစ်သည်။ အကယ်၍ သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်တိုင်သည် အဆင်းသဏ္ဌာန် သို့မဟုတ် ပုံရိပ်မပါဘဲနှင့် အလုပ် လုပ်ခဲ့မည်ဆိုပါက၊ ထို့အပြင် ယေရှုကဲ့သို့သော အမည်မပါဘဲနှင့် လုပ်ခဲ့မည်ဆိုပါက၊ လူသည် သူ့အား ထိတွေ့၍မရ၊ မမြင်ရဘဲ၊ မိုးချုန်းသံများကိုသာ ကြားရမည်ဆိုပါက၊ ဤကဲ့သို့သော အလုပ်မျိုးသည် လူသား မျိုးနွယ်အတွက် သာ၍ အကျိုးဖြစ်ထွန်းစေခဲ့မည် မဟုတ်လော။ ယခု၌မူ မည်သည်ကို လုပ်၍ရနိုင်သနည်း။ လူ၏ အယူအဆများ မြောက်မြားလှပုံမှာ တောင်ကဲ့သို့ မြင့်မားပြီး ပင်လယ်ကဲ့သို့ ကျယ်ပြန့်လှသည်၊ ယနေ့ကာလ ဘုရားသခင်မှပင် သည်းမခံနိုင်တော့သည့် အတိုင်းအတာထိ ရောက်နေပြီး အကြွင်းမဲ့ လမ်းစ ပျောက်နေ၏။ ယေဟောဝါ၊ ယေရှုနှင့် ထိုနှစ်ပါးကြား သန့်ရှင်းသော ဝိညာဉ်တော်သာ ရှိသော အတိတ်ကာလ တွင်ပင်၊ လူသည် မည်သို့ရင်ဆိုင် နားလည်ရမည်ဆိုသည်အား လမ်းစပျောက်နေပြီးသား ဖြစ်၏၊ ယခုတွင်မူ ထပ်တိုးအနေနှင့် မိမိကိုယ်ကို ဘုရားသခင်၏ တစ်ဌာနဖြစ်သည်ဟူသော အနန္တတန်ခိုးရှင်ပါ ရှိလာသည်။ သူသည် မည်သူဖြစ်သည်နှင့် သုံးပါးတစ်ဆူ၏ မည်သည့်အပါးထဲတွင် နှစ်ပေါင်းမည်မျှကြာအောင် ရောယှက် နေခဲ့သည် သို့မဟုတ် သိုဝှက်နေခဲ့သည်ကို မည်သူသိမည်နည်း။ လူသည် ဤအရာကို မည်သို့ ခံယူနိုင် မည်နည်း။ သုံးပါးတစ်ဆူ တစ်ခုတည်းကို ရှင်းပြရန် လူသည် တစ်ဘဝစာ အချိန်ယူခဲ့ရသည်၊ ယခုတွင်မူ “လေးပါးတစ်ဆူ” ရှိလာပေပြီ။ ဤအရာကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း။ သင်ရှင်းပြနိုင်သလော။ ညီအစ်ကို မောင်နှမတို့။ ထိုကဲ့သို့သော ဘုရားသခင်ကို သင်တို့ ယနေ့အချိန်ထိ မည်ကဲ့သို့ ယုံကြည်ခဲ့ကြသနည်း။ ငါသင်တို့ကို ချီးကျူးပါသည်။ သုံးပါးတစ်ဆူကိုပင် မနည်းခံယူခဲ့ရသည်၊ သို့သော်ငြားလည်း ယခုသင်တို့သည် ဤလေးပါးတစ်ဆူအားလည်း ယင်းကဲ့သို့ မယိမ်းယိုင်သော ယုံကြည်ခြင်းမျိုး ဆက်လက်ထားရှိသည်။ သင်တို့အား ထွက်သွားရန် တိုက်တွန်းခြင်းခံရသော်လည်း၊ သင်တို့ ငြင်းဆို၏။ စိတ်ကူး၍ပင် မရနိုင်လောက် အောင်ပင်တည်း။ သင်တို့သည် အကယ်ပင် တမူထူးသော သူများဖြစ်ကြ၏။ လူတစ်ဦးသည် လေးပါးတစ်ဆူ အထိပင် ယုံကြည်နိုင်သော်လည်း ထိုအရာအား နားမလည်၊ ဤအချက်သည် နိမိတ်လက္ခဏာ တစ်ခုပင် ဖြစ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် ယင်းကဲ့သို့သော နိမိတ်လက္ခဏာကြီးကို ပြုနိုင်စွမ်းရှိသည် ဆိုခြင်းကို ငါနားမလည်ခဲ့။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည် ။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။
9/10/2018
Myanmar Christian Documentary Trailer (အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ) Issuing Laws
ဣသရေလအမျိုးတို့အား ဘုရားသခင်မှထုတ်ပြန်သည့် ပညတ်တော်များနှင့် ဥပဒေများသည် လူသား၏ဥပဒေအပေါ် လေးနက်သည့်ထိရောက်မှု ရှိရုံမက လူမှုအဖွဲ့အစည်းများတွင် ကိုယ်ကျင့်တရားရှိသော ယဉ်ကျေးမှုနှင့် ဒီမိုကရေစီနည်းကျသော အဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းရာတွင်လည်း အရေးပါသည့် အခန်းကဏ္႑မှ ပါဝင်ခဲ့ပါသည်။ ခရစ်ယာန် ဂီတကိုအခြေခံသော မှတ်တမ်းရုပ်ရှင်—အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ— သမိုင်းဝင်အမှန်တရားကို မကြာမီတင်ဆက်လိမ့်မည်။
8/17/2018
ဘုရားသခင်၏ ယနေ့ကာလ အလုပ်ကို သိခြင်း
ယနေ့ခေတ်၌ ဘုရားသခင်၏ အလုပ်ကို သိဖို့ဆိုသည်မှာ အဓိကအားဖြင့် နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်၏ အဓိကသာသနာကို သိခြင်းနှင့် ဘုရားသခင်သည် မည်သည့်အလုပ်ကို လုပ်ရန် ကမ္ဘာမြေကြီးသို့ ရောက်လာသနည်းဟူသည့် အချက်တို့ကို သိဖို့ပင်ဖြစ်သည်။ (နောက်ဆုံးသော ကာလ၌) ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာသည်မှာ လောကမှ မထွက်ခွာမီ စံနမူနာကောင်းပြရန် ဖြစ်ကြောင်းကို ငါ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်က စံနမူနာကောင်း မည်သို့ ပြသနည်း။ နှုတ်ကပတ်တော်များပြောခြင်း၊ အလုပ်လုပ်ခြင်း၊ နေရာအနှံ့ ပြောဆိုခြင်းတို့အားဖြင့် ပြသည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်ဖြစ်သည်၊ ဤကမ္ဘာမြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်နေသော လောကကြီး ဖြစ်လာစေရန်၊ လူတိုင်းကို ဖြည့်ဆည်းပေးရန်၊ လူတိုင်း ဘုရားသခင်၏ စကားများအားဖြင့် ဉာဏ်အလင်း ရစေရန်နှင့် လူ၏ဝိညာဉ် နိုးထပြီး ရူပါရုံများကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက် ဘုရားသခင်သည် ပြောဆိုခြင်းသာ ပြုသည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် ကမ္ဘာမြေကြီးသို့ လာသည်မှာ အဓိကအားဖြင့် နှုတ်ကပတ်တော်များပြောဆိုရန် လာခြင်းဖြစ်သည်။ ယေရှု လောကသို့လာသောအခါ၌ သူသည် ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေပြီး လက်ဝါးကပ်တိုင်ပေါ်၌ အသေခံသည့် ရွေးနုတ်ကယ်တင်ခြင်းအမှုကို ပြုခဲ့ပြီးဖြစ်သည်။ ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး အဟောင်းများအားလုံးကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ယေရှု၏ ရောက်ရှိလာခြင်းသည် ပညတ်တရားခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံ ဘုရားသခင်၏ ရောက်ရှိလာခြင်းကမူ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ ဘုရားသခင် လောကသို့ ကြွလာခြင်းသည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသားကို ပြည့်စုံစေရန်အတွက် နှုတ်ကပတ်တော်များကို အသုံးပြုရန်၊ လူသားကို အလင်းပေးရန်နှင့် ဉာဏ်အလင်းပွင့်စေရန်၊ လူသား၏နှလုံးသားထဲ၌ နေရာယူထားသည့် မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ယေရှုလောကသို့ ကြွလာသောအခါ၌ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းအဆင့် မဟုတ်ပါ။ ယေရှု ကြွလာခဲ့သောအခါက အံ့သြဖွယ်အမှုများ များစွာပြုခဲ့သည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ လက်ဝါးကပ်တိုင်ပေါ်၌ ရွေးနုတ် ကယ်တင်သည့် အမှုကို လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် ထိုသို့ ဖြစ်သင့်သည်ဟု လူသားသည် မိမိ၏ အတွေးများထဲ၌ ယုံကြည်နေသည်။ အကြောင်းမှာ ယေရှု ကြွလာခဲ့သောအခါက သူသည် လူသား၏ နှလုံးသားထဲမှ မရေရာသော ဘုရားသခင်၏ ပုံရိပ်အား ဖယ်ရှားသည့် အလုပ်ကို မလုပ်ခဲ့ပါ၊ သူကြွလာခဲ့သော အခါက လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်းကို ခံခဲ့ရသည်၊ မကျန်းမာသော သူများကို ကျန်းမာစေခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်၊ ကောင်းကင်နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဖြန့်ဝေခဲ့သည်။ တစ်ဖက်တွင် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လူသား၏ အတွေးများထဲ၌ ရှိသော မရေရာသည့် ဘုရားသခင်ကို ဖယ်ရှားနေသည်။ လူသား၏ နှလုံးသားထဲ၌ မရေရာသော ဘုရားသခင်၏ ပုံရိပ်မရှိတော့စေရန် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ တကယ်ဖြစ်သော နှုတ်ကပတ်တော်များနှင့် လက်တွေ့လုပ်ဆောင်မှု၊ နေရာအနှံ့သွားလာလှုပ်ရှားမှု၊ လူသားတို့အကြား၌ သူလုပ်ဆောင်ခဲ့သည့် အထူးစစ်မှန်ပြီး သာမန်ဖြစ်သော အလုပ်တို့အားဖြင့် လူသားကို ဘုရားသခင်သည် သူ၏စစ်မှန်မှုကို သိစေပြီး လူသား၏နှလုံးသားထဲမှ မရေရာသည့် ဘုရားသခင်ကိုလည်း ဖယ်ရှားနေသည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်သည် လူသားကို စုံလင်စေရန်နှင့် အရာအားလုံးကို အထမြောက်အောင် ဆောင်ရွက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤအလုပ်သည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်က ပြီးပြည့်စုံအောင် လုပ်ဆောင်မည့် အလုပ်ဖြစ်သည်။
Subscribe to:
Posts (Atom)