菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ပရောဖက်ပြု. Show all posts
Showing posts with label ပရောဖက်ပြု. Show all posts

1/08/2020

(ဒီလောက် သာယာလိုက်တဲ့ အသံ) သခင်ယေရှုပြန်လာမည့်ပရောဖက်ပြုချက်ဟာ ဘယ်လိုမျိုးမှန်လာမှာလဲ - အပိုင်း (၁)

 

ဘာသာရေးအသိုင်းအဝိုင်းက လူတော်တော်များများဟာ သခင်မိုးတိမ်ကိုစီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို စွဲကိုင်ထားကြပြီး သူတို့ကို ကောင်းကင်နိုင်ငံဆီ ချီဆောင်ဖို့ ကိုယ်တော်က အဲဒီနည်းလမ်းအတိုင်း ကြွလာမှာကို စောင့်ဆိုင်းနေကြပေမယ့် လှို့ဝှက်စွာ သခင်လာမယ့်အကြောင်းကို သတိမထားမိကြပါဘူး။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲ ၂၅:၆) ဒါဆိုသခင်ပြန် ကြွလာမယ်ဆိုတဲ ပရောဖက်ပြုချက်ဟာ မည်သို့အမှန်စင်စစ်ဖြစ်လာမလဲ?ကျွနု်ပ်တို့ရော ပညာရှိသတို့သမီးကဲ့သို့ သခင်ပြန် ကြွလာမည်ကိုကြိုဆိုဖို့ ဘယ်လိုလုပ်ရမလဲ။

အကြံပြုစာမျာ:

Myanmar Subtitle movieဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်

10/21/2019

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည်

ဘုရားသခင်, သမ္မာကျမ်းစာ, အသက်, ပရောဖက်ပြု, ဖန်ဆင်းသူ,

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်တို့ကို ပြီးပြည့်စုံစေရန် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။ ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို ဖြတ်သန်းခဲ့သည်။ ဤသုံးရက်အတွင်းတွင် ဘုရားသခင်သည် အလုပ်ရှုပ်သည့်ပုံ၊ မောပန်းသည့်ပုံမရှိဘဲ သူ့အစီအစဉ်၏ အံ့သြဖွယ်ပထမသုံးရက်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာ၏ အခြေခံကျသော ပြောင်းလဲခြင်းဖြစ်သည့် ကြီးမားသည့် ဆောင်ရွက်မှုကြီးကို ပြီးမြောက်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏အတွေးထဲတွင် ပိတ်ဖုံးထားသည့် လှပသည့် ရုပ်ပုံကားချပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် အစိတ်အပိုင်းတစ်ခုချင်းစီ ပေါ်ထွက်လာခဲ့သည်။ အရာဝတ္ထုအသစ်များ ပေါ်ထွက်လာသည့်ပုံစံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့အတွေးထဲတွင်သာရှိခဲ့ပြီး ယခု သက်ဝင်လှုပ်ရှားလာသည့် ပုံစံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့နှလုံးသားသည် ကျေနပ်မှု အနည်းငယ်ကို ရခဲ့သည်။ သို့ရာတွင် သူ၏အစီအစဉ်သည် အစပြုစသာရှိခဲ့သေးသည်။ မျက်စိတမှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်— ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက အဘယ်အရာဖြစ်သနည်း။ သူအဘယ်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်သို့ အသုံးပြုခဲ့သနည်း။ တစ်ချိန်တည်းတွင်ပင် မည်သည့်အရာဝတ္ထုအသစ်များက ဤကမ္ဘာသစ်ဆီသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနောက်တွင် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့အပေါ်ကို အာရုံစူးစိုက်လာပါပြီ။ နောက်ထပ် အသစ်စတင်သည့် နေ့တစ်နေ့ဖြစ်သည်။ ဖန်ဆင်းရှင်အတွက်မူ နောက်ထပ် အံ့သြဖွယ်နေ့တစ်နေ့ဖြစ်ပြီး ယနေ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည့် နောက်ထပ်နေ့တစ်နေ့ပင်ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ အဖိုးမဖြတ်နိုင်သည့် နေ့တစ်နေ့ပင် အမှန်ဖြစ်သည်။ ယင်းနေ့သည် မည်ကဲ့သို့ အံ့သြစရာကောင်းသနည်း။ မည်ကဲ့သို့ အလွန် အရေးကြီးသနည်း။ မည်ကဲ့သို့ တန်ဖိုးဖြတ်၍မရသနည်း။ ဖန်ဆင်းရှင် မိန့်ကြားသည့် နှုတ်ကပတ်တော်တို့ကို ဦးစွာကြားနာကြစို့။

7/30/2019

ဆက်တိုက်ဖြစ်ပေါ်သည့် သွေးရောင်လွှမ်းသော လလေးလုံး

ဘုရားသခင်, ယေဟောဝါ, ပရောဖက်ပြု, အသက်, ခရစ်တော်

၂၀၁၄ခုနှစ် ဧပြီလမှ ၂၀၁၅ စက်တင်ဘာလအထိတွင် ကောင်းကင်ပေါ်တွင် မြင်ရခဲသည့် ဖြစ်ရပ်တစ်ခု ဖြစ်သော သွေးရောင်လွှမ်းသော လလေးလုံး ဆက်တိုက်ပေါ်ခဲ့သည်။ ဤသွေးရောင်လွှမ်းသောလများ ပေါ်ထွန်းလာခြင်းသည် ပရောဖက်ပြုချက်နှစ်ခုအား ပြည့်စုံစေသည်။ ထိုပရောဖက်ပြုချက်များမှတစ်ခုအား ဗျာဒိတ်ကျမ်း ၆:၁၂ တွင် တွေ့ရှိရသည်။.....ယောလအနာဂတ္တိကျမ်း ၂:၂၉-၃၁ တွင် အောက်ပါတို့ကို ကြိုတင်ဟောကြားခဲ့သည်။ “ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်”။ ဤဆက်တိုက်ဖြစ်ပေါ်သည့် သွေးရောက်လွှမ်းသည့် လလေးလုံး ပေါ်ထွန်းလာခြင်းသည် ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမကြာခင် ရောက်ရှိလာတော့မည့် နိမိတ်တစ်ခုဖြစ်သည်။ ပရောဖက်ယောလ၏ အနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတွင်ပါရှိသည့် ပရောဖက်ပြုချက်များအရ ကြီးမားသည့်ကပ်ဘေးမကျရောက်ခင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် စကားပြောလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်တို့သည် သူ၏အစေခံယောက်ျားမိန်းမတို့အား ရေလောင်းပေးလိမ့်မည်။ တစ်နည်းဆိုရလျှင် ကြီးမားသည့် ကပ်ဘေးမတိုင်ခင်တွင် ဘုရားသခင်သည် အောင်မြင်သောသူများအုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤသို့ဆိုလျှင် အောက်ပါပရောဖက်ပြုချက်သည် အဘယ်သို့ ပြည့်စုံမည်နည်း။ “ထို့နေ့ရက်များတွင် အစေခံယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။”

အကြံပြုစာမျာ: သခင် ဒုတိယအကြိမ်ကြွလာခြင်းကို သင်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ။