ဘာသာရေးအသိုင်းအဝိုင်းက လူတော်တော်များများဟာ သခင်မိုးတိမ်ကိုစီးပြီး ကြွလာမယ်ဆိုတဲ့ ပရောဖက်ပြုချက်ကို စွဲကိုင်ထားကြပြီး သူတို့ကို ကောင်းကင်နိုင်ငံဆီ ချီဆောင်ဖို့ ကိုယ်တော်က အဲဒီနည်းလမ်းအတိုင်း ကြွလာမှာကို စောင့်ဆိုင်းနေကြပေမယ့် လှို့ဝှက်စွာ သခင်လာမယ့်အကြောင်းကို သတိမထားမိကြပါဘူး။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။” (ဗျာဒိတ်ကျမ်း၁၆:၁၆) “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲ ၂၅:၆) ဒါဆိုသခင်ပြန် ကြွလာမယ်ဆိုတဲ ပရောဖက်ပြုချက်ဟာ မည်သို့အမှန်စင်စစ်ဖြစ်လာမလဲ?ကျွနု်ပ်တို့ရော ပညာရှိသတို့သမီးကဲ့သို့ သခင်ပြန် ကြွလာမည်ကိုကြိုဆိုဖို့ ဘယ်လိုလုပ်ရမလဲ။
အကြံပြုစာမျာ:
Myanmar Subtitle movie|ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
စောင့်လို့နေ ရုပ်ရှင်ကလစ်၊ ဘုရားသခင်၏ အသံတော်ကို ကျွန်တော်တို့ ဘယ်လို ခွဲခြားနိုင်မလဲ ၂
"ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ။"" (ဗျာဒိတ်ကျမ်း ၊၂:၂၉)
အသင်းတော် များသို့ သန့်ရှင်းသော ဝိညာဉ်တော်ပြောခဲ့သည့်စကားကို သင်ကြားခဲ့ပါသလား? အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သခင်ယေရှုတို့ ဖော်ပြခဲ့တဲ့ နှုတ်ကပတ်တော်တွေက တစ်ဆူသော ဝိညာဉ်၊ တစ်ခုတည်းသော အရင်းအမြစ်မှ ဟုတ်ပါသလား? ဒီ ရုပ်ရှင်က ထိုအချက်များကို သင်နားလည်ဖို့ဖော်ပြပါလိမ့်မယ်။ (ခ)
မြင်ကွင်းများ Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်)
သခင်ဘုရားရဲ့ ဒုတိယအကြိမ်ကြွလာခြင်းနဲ့ သင်နဖူးတွေ့ဒူးတွေ့ကြုံတဲ့အခါ မှားယွင်းတဲ့ ခရစ်တော်တွေရဲ့ ရန်ကိုကြောက်လွန်းတာကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အိမ်တံခါးပိတ်ပြီး သခင်ဘုရားရဲ့ ဖွင့်ပြခြင်းကို စောင့်မလား? ဒါမှမဟုတ် ပညာရှိ သတို့သမီးများလို ပြုမူပြီး ဘုရားသခင်ရဲ့ အသံတော်ကို သတိထားနားထောင်ပြီး ဘုရားသခင် အလာကို ကြိုဆိုမလား။ ဒီ ဗီဒီယို အတိုလေးက သခင်ဘုရား ဒုတိယအကြိမ်ကြွလာတာကို ဘယ်လိုကြို ဆိုမလဲဆိုတာကို ပြောပြလိမ့်မယ်။
ကျွန်ုပ်တို့၏ ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်အထံတော်မှလာပြီး ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်၏ ကျေးဇူးတော်ကို တွေ့မြင်နိုင်သောကြောင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင် စေခိုင်းထားသော လုပ်ငန်းတာဝန်ကို ပြီးမြောက် အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ အလုပ်အတွက်လည်း မဟုတ်၊ လူသားများ၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက ကျွန်ုပ်တို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ အလုပ်အတွက် ညှဉ်းဆဲသတ်ဖြတ် ခံခဲ့ကြရသောသူများနှင့် မထိုက်တန်ပါ။ ကျွန်ုပ်တို့ကို အရာရာ ထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် မထိုက်တန်ပါချေ။