菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

4/12/2019

ဘုရားသခင်၏ စကားတော် | ဣသရေလအမျိုးသားတို့ကဲ့သို့ အစေခံခြင်း

ဝိညာဉ်တော်, ယေဟောဝါ,ဘုရားသခင်, ခရစ်တော်၏ ပြောကြားချက်များ,
ယနေ့ခေတ်တွင် လူအများစုသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာဝယ် မည်သည့် သင်ခန်းစာများ သင်ယူသင့်သည်ကို အလေးမထားကြတော့ပေ။ ကျွန်ုပ်သိရသလောက် သင်တို့ အများစုသည် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ချိန်အားလုံးအတွင်း သင်ခန်းစာများ ကို လေ့လာသင်ယူနိုင်မှု မရှိကြပေ။ သင်တို့အများစုသည် မိမိကိုယ်ပိုင်အမြင်များကိုသာ တရားသေစွဲကိုင်ပြီး ဘုရားကျောင်းထဲတွင် လုပ်ကိုင်ကြချိန်တွင် အခြားသူများ၏ အမြင်နှင့် ဆက်နွယ်ခြင်း မရှိ၊ ပူးပေါင်းဆောင်ရွက်မှုလည်း နတ္ထိဖြင့် သင်က သင့်အမြင်၊ သူက သူ့အမြင်ကို ပြောကြသည်။ သင်သည် သင့်ကိုယ်ပိုင် အတွင်းစိတ် သိမြင်မှုများနှင့် ဆက်သွယ်မှုတွင်သာ စိတ်ခံစားပြီး၊ သင့်စိတ်ထဲရှိ "ဝန်ထုပ်ဝန်ပိုး" များကို ပြန်ဖြန့်ဝေရန်၌သာ စိတ်ခံစားပြီး၊ အသက်တာအား လုံးဝရှာဖွေခြင်း အလျှင်းမရှိပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သင်၏လုပ်ဆောင်ချက်သည် ဝတ်ကျေတန်းကျေသာဖြစ်ပြီး အခြားသူများထက် မိမိကိုယ်ကိုသာ ဗဟိုပြုထားပြီး အခြားသူများကို ဂရုမစိုက်ဘဲ သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်သည့်အတိုင်း လိုက်နာသင့်သည်ဟု မှတ်ယူထားပုံပေါ်သည်။ သင်တို့သည် မိမိကိုယ်ကို ဆန်းစစ်ခြင်းငှာမစွမ်းသာသကဲ့သို့ တစ်ပါးသူတို့၏စွမ်းအားတို့ကို ရှာဖွေခြင်း၌လည်းမစွမ်းသာချေ။ အကြောင်းအရာတို့ကို သင်တို့လက်ခံသည့်နည်းလမ်းမှာ အမှန်တကယ်ကို မှားယွင်းနေပေသည်။ မိမိကိုယ်ကိုယ် ကိန်းကြီးခန်းကြီးနိုင်သကဲ့သို့ပြုမူနေသော်လည်း ဒုံရင်းဆိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဆိုနိုင်သည်။ သင်တို့သည် ဘုရားကျောင်းသို့သွားရောက်ကာ အချင်းချင်း နှီးနှောဖလှယ်ခြင်းဖြင့် စိတ်တံခါးကိုဖွင့်ပြီး ဆက်သွယ်ခြင်းမပြုကြပေ။ သို့မဟုတ် မကြာသေးမီအချိန်အတွင်းရှိသာ သင်၏အတွင်းအခြေအနေသည် မကြာသေးမီအချိန်အတွင်း ရှိသည့်အတိုင်းရှိနေပါက သင့်အနေဖြင့် ယင်းသို့ ရိုးရှင်းစွာပင် ဆက်သွယ်ခြင်းမျိုးမလုပ်ပါနှင့်။ အခြေခံအားဖြင့် သင်တို့၌ ကိုယ်ပိုင်အယူအဆ များ ကိုပစ်ပယ်ခြင်းနှင့် မိမိကိုယ်ကိုကျောခိုင်းခြင်းစသည့်အလေ့အကျင့်များ မရှိကြပေ။ ယင်းကဲ့သို့သော ဦးဆောင်မှုတွင် ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းနည်းလမ်းဖြင့် ဘုရားကျောင်းများတွင် ညီအစ်ကိုနှင့် ညီအစ်မများကို သက်ဝင်လာစေရန်သာ တွေးခေါ်ကြပြီး ၎င်းတို့၏ နောက်လိုက်များကလည်း ၎င်းတို့ဘာသာ ကြိုးစားအားထုတ်ရန်သာ သိကြသည်။ အလုပ်အကျွေးပြုခြင်းဆိုသည်က ဘာဖြစ်သည် သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်မှုဆိုသည်က ဘာဆိုသည်ကို အခြေခံအားဖြင့် သင်တို့ နားမလည်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သင်တို့ကိုယ်တိုင် ပြန်ပေးရန် စိတ်ဆန္ဒရှိခြင်း၊ ပေတရု၏ ပုံစံကဲ့သို့ အသက်ရှင်နေထိုင်ရန် သင်တို့ကိုယ်တိုင် စိတ်ဆန္ဒရှိခြင်းတို့လောက်သာ တွေးတောမှုရှိပြီး အခြားဘာမျှ မပါပေ။ အခြားလူများ မည်သို့ ဖြစ်ဖြစ်၊ သင်သည် မျက်ကန်းကဲ့သို့ပင် မည်သည့်နည်းဖြင့်ဖြစ်စေ ဆက်ကပ်မည်မဟုတ်၊ အခြားသော လူများ ဘာနှင့်ပင်တူတူ၊ သင်တို့က သင်တို့ကိုယ်တိုင်အတွက် ပြီးပြည့်စုံမှုကို ဘုရားသခင်အား အားကိုး၍ ရှာဖွေပြီး ယင်း စိတ်ဆန္ဒဖြင့် လုံလောက်ပြီဟုပင် သင်တို့က ပြောနိုင်ပေသည်။ အမှန်စင်စစ်အားဖြင့် သင့်ဆန္ဒသည် အတူဖြစ်ထွန်းသော ဖော်ပြချက်ကို တကယ့်လက်တွေ့တွင် သင် လုံးဝမတွေ့ပေ။ ဒါကယခုအချိန်တွင် သင်တို့ဖော်ပြသည် အပြုအမူပုံစံအားလုံးဘဲ မဟုတ်ဘူးလား။သင်တို့ တစ်ဦးချင်းစီသည် သင်တို့ကိုယ်ပိုင် အသိအမြင်ကိုသာ ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ထားပြီး သင်တို့အားလုံးက ပြီးပြည့်စုံလိုကြသည်။ သင်သည် ကာလရှည်ကြာ အလုပ်အကျွေးပြုခဲ့ပြီး တိုးတက်မှု များစွာ မလုပ်ခဲ့သည်ကို ကျွန်ုပ် သိပါသည်။ အထူးသဖြင့် ဟန်ချက်ညီညီ အတူတကွ လုပ်ကိုင်ခြင်းဆိုသည့် ဤသင်ခန်းစာတွင် သင် လုံးဝ တိုးတက်မှု မရှိပေ။သင် ဘုရားကျောင်းသို့ သွားပြီး သင့်နည်းသင့်ဟန်ဖြင့် ဆက်သွယ်ခြင်းသည် မိမိနည်းဖြင့် မိမိ မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲရှားပါးလှပေသည်။ နောက်လိုက်တို့သည်လည်း ထို့အတူပင်ဖြစ်ပြီး သာ၍ပင်ဆိုးသေးသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို မည်ကဲ့သို့အလုပ်အကျွေးပြုရမည်ကို အမှန်တကယ်သိသောသူမှာ ရှားပါးလွန်းလှသည်။ သင်သည် မရေမရာနှင့် ဤကိစ္စမျိုးကို အသေးအဖွဲဟုသတ်မှတ်ပါက အကျိုးဆက်အားဖြင့် လူအများစုမှာ အမှန်ကို မသိရှိကြတော့ဘဲမှားယွင်းစွာပင် လုပ်ဆောင်လာနိုင်ကြသည်။ နှစ်ရှည်လများ "အငြင်းပွားကာခိုက်ရန်ဖြစ်ပွားရသည်။" ဤသည်မှာ သင်၏ကြီးထွားမှုမှ တကယ့်အဖြစ်မှန်တွေချည်း မဟုတ်ပါလား။ သင်တို့လူအများသည် ဘုရားကျောင်းတွင် နေ့စဉ် ဘုရားသခင်အား တိုက်ရိုက် အလုပ်အကျွေးပြုသော ဣသရေလလူမျိုးများကဲ့သို့ အတူတကွ အလုပ်အကျွေးပြုလျက်ရှိကြသည်။ ဘုန်းတော်ကြီးများနှင့်အလားတူသော သင်တို့လူအများက မည်ကဲ့သို့ညှိနှိုင်းဆောင်ရွက်ရန်နှင့် အလုပ်အကျွေးပြုရန်ကို အဘယ်ကြောင့်မသိနိုင်ကြပါသနည်း။


ထိုအချိန်က ဣသရေလအမျိုးသားတို့သည် ယေဟောဝါကို ဘုရားကျောင်း၌ နေ့စဉ် အလုပ်အကျွေးပြုခဲ့ကြသည်။ ထိုသူတို့၏သရုပ်သကန်မှာ ဘုန်းတော်ကြီးကဲ့သို့ဖြစ်၏။ (လူတိုင်းက ဘုန်းတော်ကြီးမဟုတ်သော်ငြားလည်း ဘုရားကျောင်း၌ ယေဟောဝါကို အလုပ်အကျွေးပြုခဲ့သည့်သူများတွင် ဘုန်းတော်ကြီးတို့၏ လက္ခဏာများ ရှိကြသည်။) ယေဟောဝါက သူတို့အားပေးအပ်သည့် သရဖူများကို ဝတ်ဆင်လေ့ရှိကြပြီး (ဆိုလိုသည်မှာ ယေဟောဝါက ၎င်းတို့အားတိုက်ရိုက်ပေးသည် မဟုတ်ဘဲ ယေဟောဝါ၏လိုအပ်ချက်များအရ သရဖူများကို ဆင်မြန်းခဲ့ကြခြင်း ဖြစ်သည်။) ယေဟောဝါပေးအပ်သည့် ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ကာ မနက်မှညအထိ ဘုရားကျောင်းအတွင်း ခြေဗလာဖြင့် ယေဟောဝါကို တိုက်ရိုက် အလုပ်အကျွေး ပြုလေ့ရှိကြသည်။ ယေဟောဝါကို အလုပ်အကျွေးပြုသူတို့သည် အကျင့်သီလ ဖောက်ဖျက်ခြင်းများကို ရှောင်ကျဉ်ပြီး မည်သူမျှ စည်းမျဉ်းဥပဒေများကို ချိုးဖောက်ခြင်းမပြုရပါ။ ၎င်းတို့အားလုံးသည် ယင်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပြီး မလိုက်နာပါက ဘုရားကျောင်းအတွင်းသို့ ဝင်ခွင့်ရမည် မဟုတ်ပါ။ ယေဟောဝါချမှတ်ထားသော ဘုရားကျောင်း၏ စည်းမျဉ်းများကို ချိုးဖောက်ပါက၊ ယေဟောဝါထုတ်ပြန်ထားသည့် ဥပဒေများအတိုင်း အပြစ်ပေးခံရမည်ဖြစ်ပြီး မည်သူမှ ကာကွယ်ပေးခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်ခွင့်မရှိပါ။ ထိုသူသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ အလုပ်အကျွေးပြုခဲ့သူဖြစ်စေ၊ စည်းမျဉ်းအတိုင်း လိုက်နာရမည်ဖြစ်သည်။ ထို့ကြောင့် ဘုန်းတော်ကြီးများက သက်ဆိုင်ရာဝတ်ရုံကို နှစ်ပေါင်းများစွာ ဝတ်ဆင်ပြီး ယေဟောဝါက ၎င်းတို့အား အထူးတလည်အရေးတယူ မရှိခဲ့သော်လည်း ၎င်းတို့တစ်ဘဝလုံး ပလ္လင်တော်ရှေ့ သို့မဟုတ် ဘုရားကျောင်းသို့သွားရောက်ကာ အလုပ်အကျွေးပြုလေ့ရှိကြသည်။ ဤသည်မှာ ၎င်းတို့၏နာခံခြင်းနှင့် သစ္စာရှိခြင်းပင်ဖြစ်သည်။ ဤသို့အားဖြင့် သူတို့သည် ယေဟောဝါမှ ကောင်းချီးမင်္ဂလာပေးခြင်းကို ရရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ ယင်းကောင်းချီးပေးမှုအားလုံးရခြင်းမှာ ၎င်းတို့လက်ခံရရှိသော မျက်နှာသာပေးမှုနှင့် ယေဟောဝါ၏ စွမ်းဆောင်မှုများ အားလုံးကို မြင်တွေ့ ခြင်းဖြစ်ပြီး ယင်းမှာ သူတို့၏သစ္စာရှိ မှုကြောင့်ဖြစ်သည်။ ဣသရေလ၌ ယေဟောဝါရှိခဲ့စဉ်က သူရွေးချယ်ခဲ့သူများနှင့် ၎င်းတို့အပေါ် သူ၏ လိုလားချက်များမှာ အလွန်ပြင်းထန်လှသည်။ ထိုသူတို့သည် လွန်စွာနာခံမှုရှိကြပြီး ယေဟောဝါအပေါ် ရိုသေလေးစားရမည့် စည်းမျဉ်းဥပဒေတို့ဖြင့် ၎င်းတို့ကိုကန့်သတ်ထားသည်။ ထိုအရာ အားလုံးတို့သည် ယေဟောဝါချမှတ်ခဲ့သည့် စည်းမျဉ်းဥပဒေများဖြစ်သည်။ ထိုဘုန်းတော်ကြီးများထဲမှ တစ်ပါးက ဥပုသ်သီလမစောင့်တည်ခြင်း သို့မဟုတ် ယေဟောဝါချမှတ်ခဲ့သည့် ပညတ်တော်များကို ချိုးဖောက်သည်ဟု သာမာန်လူတစ်ဦးက သိရှိခဲ့လျှင် ထိုချိုးဖောက်သူကို ချက်ချင်း ဆိုသလိုအားဖြင့် ယေဟောဝါတည်ဆောက်ခဲ့သော "မထီမဲ့ပြင်ပြုသူတို့အတွက် ယဇ်ပလ္လင်" တွင် ယဇ်ပူဇော်မှုမပြုမီ၊ ယဇ်ပလ္လင်မတိုင်မီတွင် ကျောက်တုံးများဖြင့်သေသည်အထိ ပစ်ပေါက်အပြစ်ပေးခြင်းကို ဆောင်ရွက်သည်။ ထိုအပြစ်လုပ်သူတို့၏ အလောင်းများကို ဘုရားကျောင်းအတွင်း သို့မဟုတ် ဘုရားကျောင်းတစ်ဝိုက်တွင် ထားခွင့်မရှိပါ။ ယေဟောဝါက ထိုအချက်ကိုပညတ်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က "မထီမဲ့မြင်ပြု၍ ယဇ်ပူဇော်ခံရမှုများ" ကြုံရသူတို့အတွက် ထိုအချက်ကိုမလိုက်နာလျှင် တွင်းကြီးထဲသို့ ပစ်ချခံရပြီး သေဒဏ် အပြစ်ဒဏ်ခံရမည်ဖြစ်သည်။ ထိုကဲ့သို့ အပြစ်ကျူးလွန်သူများအားလုံး သေဒဏ်ပင်ဖြစ်သည်။ မည်သူမျှ အသက်ရှင် မကျန်ရစ်စေရ။ "မထီမဲ့မြင်ပြုမှုကြောင့် မီးရှို့ယဇ်ပူဇော်ခြင်း" အပြစ်ပေးခံရသူအချို့ ရှိလျှင်ပင် တနည်းဆိုရလျှင် ယေဟောဝါက သတ်မှတ်ပေးသည့်ရက်၌ ယဇ်ပူဇော်မှုမပြုခဲ့သူများသည် ၎င်းတို့၏ ယဇ်ပူဇော်မှုဆိုင်ရာ ပစ္စည်းများနှင့်အတူ ယဇ်ပလ္လင်ပေါ်တွင် ဘာတစ်ခုမျှကျန်ခွင့်မပြုဘဲ ယေဟောဝါ၏ မီးတောက်ဖြင့် လောင်ကျွမ်းစေမည်ဖြစ်သည်။ ဘုန်းတော်ကြီးများမှ လိုက်နာရမည့်အချက်များမှာ- ၎င်းတို့၏ခြေထောက်များကို ဦးစွာဆေးကြောခြင်းမပြုဘဲ ဘုရားကျောင်း၏ အပြင်ဘက်ဝင်း နှင့်ဘုရားကျောင်းသို့ ဝင်ခွင့်မရှိခြင်း၊ သက်ဆိုင်ရာဝတ်ရုံများ မဝတ်ဆင်ဘဲ ဘုရားကျောင်းသို့ ဝင်ခွင့်မရှိခြင်း၊ သက်ဆိုင်ရာသရဖူများ မဆောင်းဘဲဘုရားကျောင်းသို့ ဝင်ခွင့်မရှိခြင်း၊ အလောင်းကောင်ကြောင့် ညစ်ပေနေလျှင် ဘုရားကျောင်းသို့ ဝင်ခွင့်မရှိခြင်း၊ ကိုယ်ကျင့်တရားမကောင်းသောသူ၏ လက်နှင့်ထိကိုင်ထားပြီး လက်အရင်မဆေးဘဲ ဘုရားကျောင်းသို့ ဝင်ခွင့်မရှိခြင်း၊ အမျိုးသမီးများနှင့် ကာမဆက်ဆံပြီးနောက် ဘုရားကျောင်းသို့ ဝင်ခွင့်မရှိခြင်း (ဤအချက်မှာ အမြဲမဟုတ်၊ ၃ လအတွက်သာဖြစ်သည်)၊ အချိန်စေ့သော အခါတွင် ယေဟောဝါ ၏မျက်နှာအားမြင်ခွင့်မရှိပါ၊ ဆိုလိုသည်မှာ ၃လကြာပြီးနောက်တွင် ဘုန်းတော်ကြီးဝတ်ရုံများကို သန့်ရှင်းစေပြီး ယေဟောဝါကိုတွေ့ရန် ဘုရားကျောင်းသို့မဝင်ခင် ၇ ရက်ကြာ အပြင်ဘုရားကျောင်းဝင်း၌ အလုပ်အကျွေးပြုရမည်ဖြစ်သည်။ ဘုန်းတော်ကြီးဝတ်စုံကို ဘုရားကျောင်းအတွင်း၌သာ ဝတ်ဆင်ခွင့်ပြုပြီး ဘုရားကျောင်းပြင်ပ၌ ဝတ်ဆင်ခွင့် မရှိပါ။ ယေဟောဝါ၏ ဘုရားကျောင်းအား ညစ်နွမ်းစေခြင်းအမှုကိုရှောင်ရှားရမည်။ ဘုန်းတော်ကြီးများက ယေဟောဝါချမှတ်ထားသော စည်းမျဉ်းဥပဒေများကို ချိုးဖောက်သည့် ရာဇဝတ်သားတို့ကို လူအများရှေ့တွင် သေဒဏ်ပေးလေ့ရှိကြသည်။ ထိုသို့မဟုတ်လျှင် မြင်ရလိုက်သည့် ဘုန်းတော်ကြီးအပေါ်သို့ အပြစ်ဒဏ်ကျရောက်မည်ဖြစ်သည်။ ထို့ကြောင့် ဘုန်းတော်ကြီးများက ယေဟောဝါအပေါအဝင်တွင် မပျက်မကွက် သစ္စာရှိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အပေါ် ယေဟောဝါချမှတ်ထားသော စည်းမျဉ်းဥပဒေတို့မှာ အလွန်ပြင်းထန်သောကြောင့်ဖြစ်ပြီး ယေဟောဝါ၏ အုပ်ချုပ်ရေးအမိန့်များကို မချိုးဖောက်ဝံ့သောကြောင့်ဖြစ်သည်။ ဣသရေလအမျိုးသားတို့သည် ယေဟောဝါအပေါ် သစ္စာရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ယေဟောဝါ၏အမျက်ဒေါသနှင့် လူသားတို့အား ရိုက်နှက်ဆုံးမခြင်းကို မြင်ဖူးကြသောကြောင့်ဖြစ်သည်။ ထို့အတူ ယေဟောဝါကို ရင်ထဲကနေ လေးစားကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါ၏ အမျက်ဒေါသကိုသာမက ယေဟောဝါထံမှ ဂရုစိုက်မှု၊ ကာကွယ်ပေးမှုနှင့် ကောင်းချီးမင်္ဂလာတို့ကိုပါ ရရှိခဲ့ကြသည်။ ယေဟောဝါ၏ နှုတ်ကပတ်တော်စကားများကို တစ်သွေမတိမ်း လိုက်နာခြင်းအားဖြင့် သစ္စာစောင့်သိခဲ့ကြသည်။ တစ်စုံတစ်ယောက်က မနာခံခဲ့သည်ရှိသော် ထိုသူ၏ အပြစ်ကိုဖုံးကွယ်ထားခြင်းမရှိဘဲ နောက်လူတို့သည် ယေဟောဝါ၏အမှာစကားအတိုင်း ဆက်လက်ဆောင်ရွက်ကာ ထိုသူတို့ကို သေဒဏ်ပေးလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် ဥပုသ်ကိုချိုးဖောက်သူ၊ ကိုယ်ကျင့်တရားမကောင်းသူ၊ ယေဟောဝါအားလှူဒါန်းထားသည်များကို ခိုးယူသူတို့အား ပိုမိုပြင်းထန်သည့်အပြစ်ကို ပေးလေ့ရှိသည်။ ဥပုသ်ချိုးဖောက်သူတို့ကို သာမာန်လူတို့ကပင် ကျောက်ခဲဖြင့်ပစ်ပြီးသေဒဏ်ပေးခြင်း၊ သို့မဟုတ် ခြွင်းချက်မရှိ သေသည်အထိ ကြာပွတ်နှင့် ရိုက်နှက်ခြင်းပြုကြသည်။ တဏှာရာဂစိတ်ဖြင့် အမျိုးသမီးများအပေါ် ငမ်းငမ်းတက်စွဲလမ်းသူမျိုး၊ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးကို တပ်မက်နေသူများ၊ သို့မဟုတ် ဆိုးယုတ်သည့် အမျိုးသမီးတစ်ဦးကို တွေ့ဆုံရန် တဏှာရာဂစိတ် ပြင်းထန်နေသူ၊ သို့မဟုတ် ငယ်ရွယ်သည့် အမျိုးသမီးတစ်ဦးကို တွေ့ဆုံရန် ရာဂစိတ်ပြင်းထန်နေသူ—ထိုကဲ့သို့သော လူအားလုံးကို သေဒဏ်ပေးလေ့ရှိသည်။ မျက်နှာလွှားဇာမျိုး ဝတ်ဆင်မထားဘဲ အမျိုးသားများကို ဥပဒေမဲ့ပြုမူရန် ဆွဲဆောင်သည့် အမျိုးသမီးများကို သေဒဏ်ပေးလေ့ရှိသည်။ ထိုကဲ့ သို့ ဥပဒေမျိုးကို ချိုးဖောက်သူသည် ဘုရားကျောင်းတွင် အလုပ်အကျွေးပြုသည့် ဘုန်းတော်ကြီးဖြစ်နေပါက ကားစင်တင်၍ သို့မဟုတ် ကြိုးစင်တင်၍ အဆုံးစီရင်လေ့ရှိသည်။ ထိုကဲ့သို့ အပြစ်ကျူးလွန်သူမျိုး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ယေဟောဝါသည် သက်ညှာခြင်း၊ အသက်ရှင်ခွင့်ပေးခြင်းမပြုခဲ့ပေ။ ထိုသူသေဆုံးပြီး ၃ နှစ်ကြာသည်အထိ ထိုသူ၏ဆွေမျိုးများသည် ယေဟောဝါအား ယဇ်ပူဇော်ခွင့်မရှိ၊ ယေဟောဝါက လူတို့အားပေးအပ်သော ယဇ်ပူဇော်ခွင့်များကိုလည်း သူတို့မျှဝေသုံးစွဲခွင့်မရှိပေ။ ၃နှစ်ကျော်သွားသောအခါမှသာ ယေဟောဝါ၏ ယဇ်ပလ္လင်ပေါ်တွင် ပထမတန်းစား ကျွဲနွားတိရိစ္ဆာန် သို့မဟုတ် သိုးတို့ကို ယဇ်ပူဇော်နိုင်သည်။ အခြားသော အကျင့်သီလချိုးဖောက်မှုများရှိခဲ့လျှင် ယေဟောဝါရှေ့မှောက်တွင် ၃ရက် အစားရှောင်ကာ အသနားခံရမည်ဖြစ်သည်။ ၎င်းတို့ ယေဟောဝါကို ဦးခိုက်ခြင်းသည် ယေဟောဝါ၏ စည်းမျဉ်းဥပဒေများ အလွန်ပြင်းထန် တင်းကြပ်လွန်းခြင်းကြောင့်မဟုတ်ဘဲ ယေဟောဝါ၏ ဂရုဏာတော်နှင့် ယေဟောဝါအပေါ် သစ္စာရှိခြင်းကြောင့်သာဖြစ်သည်။ ယနေ့အထိ ထိုကဲ့သို့ပင် ယေဟောဝါရှေ့မှောက်၌ သစ္စာရှိရှိအလုပ်အကျွေးပြုလျက်ရှိကြသည်။ ယနေ့ခေတ်အထိ အစ္စရေးလူမျိုးတို့သည် ယေဟောဝါ၏ ကာကွယ်စောင့်ရှောက်ပေးမှုကို ခံစားရပြီး ၎င်းတို့နှင့်အတူ ယေဟောဝါသည် အမြဲတည်ရှိနေပေသည်။ ၎င်းတို့သည် ယေဟောဝါကို မည်ကဲ့သို့အထွတ်အမြတ်ထားပြီး အလုပ်အကျွေးပြုရမည်နှင့် ယေဟောဝါထံမှ ကာကွယ်စောင့်ရှောက်ပေးမှုတို့အား မည်ကဲ့သို့ရရှိမည်ကို သိကြသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ရင်ထဲမှ ယေဟောဝါကို ရိုသေလေးစားမြတ်နိုးသောကြောင့် ဖြစ်သည်။ သူတို့၏အောင်မြင်စွာ အလုပ်အကျွေးပြုနိုင်ခြင်း လျှို့ဝှက်ချက်မှာ ကြည်ညိုခြင်းကြောင့်ဖြစ်သည်။ ယနေ့ခေတ် သင်တို့ပုံစံကမည်သို့နည်း။ သင်သည် ဣသရေလလူမျိုးတို့နည်းတူ သည်းခံနိုင်ပြီလော။ ကြီးကျယ်မြင့်မြတ်သောပုံရိပ်နောက်ကိုလိုက်ခြင်းသည် ယနေ့ခေတ် အလုပ်အကျွေးပြုသောပုံစံဟု သင်ထင်ပါသလား။ သင်တို့ထံတွင် သစ္စာရှိခြင်းနှင့်ကြည်ညိုခြင်းတို့မရှိပါ။ သင်တို့သည် ဣသရေလဘုန်းတော်ကြီးများကဲ့သို့ ကြီးမားသောဂရုဏာတော်ကိုရရှိမည် အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက်အလုပ်အကျွေးပြုနေသောကြောင့်ဖြစ်သည်။ သင်တို့သည် ဘုရားကျောင်းကိုမဝင်သော်လည်း သင်တို့လက်ခံရရှိပြီး တွေ့မြင်ရသည့်အရာများသည် ဘုရားကျောင်းအတွင်း ယေဟောဝါကို အလုပ်အကျွေးပြုခဲ့သည့် ဘုန်းတော်ကြီးများ ထက်သာလွန်သည်။ ယနေ့ထိ သင်တို့ပုန်ကန်ပြီး အတိုက်အခံ ပြုလုပ်ခဲ့ခြင်းများက သူတို့ထက်အကြိမ်များစွာသာလွန်သည်။ သင်တို့၏ အကြည်အညိုနည်းပါးခြင်းကြောင့် ဘုရားသခင်၏ ဂရုဏာတော်ကို နည်းပါးစွာရရှိခြင်းဖြစ်သည်။ သို့ရာတွင် သင်တို့သည် ဣသရေလလူမျိုးတို့ထက် သာလွန်စွာရရှိနေခြင်းဖြစ်သည်။ သင်တို့အတွက် ကောင်းမွန်သည်မဟုတ်ပါလား။ ဣသရေလတွင် သာသနာပြုနေစဉ် ယေဟောဝါကို မည်သူကမျှ စိတ်တိုင်းကျမဝေဖန်ရဲကြပေ။ သင်တို့အနေနှင့် ဆိုလျှင်ကော။ သင်တို့စိတ်ကိုအောင်နိုင်ဖို့ ကျွန်ုပ်လုပ်နေခြင်းသာမဟုတ်လျှင် ကျွန်ုပ်နာမည်ကိုထိခိုက်စေမည့် သင်တို့၏အပြုအမူကို ကျွန်ုပ်မည်သို့ သည်းခံနိုင်ပါမည်နည်း။ ပညတ်တော်ခေတ်တွင်သာ သင်တို့နေထိုင်မည်ဆိုပါက သင်တို့၏အပြုအမူ၊ အပြောအဆိုများကြောင့် သင်တို့တစ်ယောက်မျှပင် အသက်ရှင် ကျန်ရစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် အကြည်ညို နည်းပါးလွန်းလှသည်။ သင်တို့အပေါ် များစွာကောင်းချီးမပေးဟု ကျွန်ုပ်ကို သင်တို့အမြဲအပြစ်ဆိုကြသည်။ ကျွန်ုပ်မှာ သင်တို့အတွက် ကျိန်စာများသာရှိသည်။ သင်တို့၏ နည်းပါးသောကြည်ညိုစိတ်ဖြင့် ကျွန်ုပ်ထံမှ ကောင်းချီးမင်္ဂလာကို မရနိုင်ခြင်းကို မသိသည်လော ။သင်တို့၏ အလုပ်အကျွေးပြုမှုအပေါ်ကိုမူတည်ပြီး ကျွန်ုပ်ကောင်းချီးမပေးနိုင်ခြင်းကို မသိသည်လော။ သင်တို့သည် ကိုယ်မှားခဲ့သည်ကို ကိုယ်ခံစားမိပါသလား။ မနာခံဘဲ ပုန်ကန်ထကြွသူအုပ်စုအား ကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို မည်သို့အပ်နှင်းနိုင်ပါမည်နည်း။ ကျွန်ုပ်၏နာမည်အား ဂုဏ်သရေညှိုးအောင်ပြုလုပ်သူများကို ကျွန်ုပ်၏ဂရုဏာ မည်သို့ပေးအပ်နိုင်ပါမည်နည်း။ အသင်တို့ကို များစွာသောကြင်နာဂရုစိုက်မှုကို ပေးအပ်ထားပြီးဖြစ်သည်။ ဣသရေလလူမျိုးတို့သာ ယနေ့ခေတ် သင်တို့လောက်ပုန်ကန်ခဲ့မည်ဆိုပါက ကျွန်ုပ်သည် သူတို့ကို အစောကတည်းက နှိမ်နင်းခဲ့ပြီးပြီဖြစ်သည်။ ယခု ကျွန်ုပ်သည် သင်တို့အပေါ်ကို သက်ညှာစွာဆက်ဆံနေခြင်းဖြစ်သည်။ ဤသည်မှာ ကြင်နာမှုပင်မဟုတ်ပါလား။ ထိုထက်ပိုကြီးမြတ်သော ကောင်းချီးမင်္ဂလာမျိုးကို သင်တို့လိုချင်ပါသလား။ ယေဟောဝါသည် သူ့အပေါ်ကြည်ညိုသူများကိုသာ ကောင်းချီးပေးခြင်းဖြစ်သည်။ သူ့အပေါ် ပုန်ကန်သူများကို ပြစ်တင်ဆုံးမပြီး ဘယ်သောအခါမှခွင့်လွှတ်လေ့မရှိပါ။ ယနေ့ခေတ်လူတို့သည် မည်သို့အလုပ်အကျွေးပြုရမည်ကို မသိပေရာ သင်တို့၏ နှလုံးသားများပြုပြင်ပြောင်းလဲစေဖို့ရာ ပြစ်တင်ဆုံးမခြင်းနှင့်တရားစီရင်ခြင်းတို့ ပိုမိုလိုအပ်ပေသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့အတွက် အကောင်းဆုံးသော ကောင်းချီးမင်္ဂလာပင်မဟုတ်ပါလား။ သင်တို့အတွက် အကောင်းဆုံးသော အကာအကွယ်ပင်မဟုတ်ပါလား။ ထိုအကာအကွယ်မရှိဘဲ ယေဟောဝါ၏ အမျက်ဒေါသကို သင်တို့ သည်းခံနိုင်ပါမည်လား။ အကယ်၍ သင်တို့သည် ဣသရေလတို့ကဲ့သို့ အမှန်တကယ်သစ္စာရှိနိုင်ပါလျှင် ဂရုဏာတော်ကို သင်တို့အပါး၌ အမြဲထာဝရ ရရှိနိုင်မည်မဟုတ်ပါလား။ ပျော်ရွှင်မှုနှင့် လုံလောက်သောအကူအညီကို သင်တို့ မကြာခဏရနိုင်မည်မဟုတ်ပါလား။ သင်တို့အားလုံး မည်သို့ အလုပ်အကျွေးပြုသင့်သည်ကို သိပါပြီလား။

ယနေ့ခေတ်တွင် သင်တို့သည် အချင်းချင်းသဟဇာတဖြစ်စွာ အတူတကွ လက်တွဲလုပ်ဆောင်မည်ဆိုပါက ဣသရေလလူမျိုးတို့ ယေဟောဝါကို အလုပ်အကျွေး ပြုသကဲ့သို့ပင် ဖြစ်လိမ့်မည်။ သို့မဟုတ်လျှင် သင်တို့သည် အလုပ်အကျွေးပြု မနေသင့်ပါ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အလုပ်အကျွေးပြုသူဖြစ်သောကြောင့် သင်တို့သည် အနည်းဆုံးတော့ သစ္စာရှိပြီးနာခံနိုင်သူ ဖြစ်ရမည်၊ သင်ခန်းစာများကို လက်တွေ့ကျကျ သင်ယူနိုင်ရပေမည်။ အထူးသဖြင့် ဘုရားကျောင်းတွင် အမှုထမ်းနေကြသော ညီအစ်ကိုများ၊ ညီအစ်မများ နှင့် ပြောဆိုဆက်ဆံနိုင်မည်လား။ သင်တို့၏အမှားများကို မျက်နှာချင်းဆိုင် မည်သူက ပြော ဆိုဝံ့ပါသနည်း။ သင်တို့သည် အားလုံး၏ အထက်၌နေပြီး ဘုရင်များကဲ့သို့မင်းမူနေကြသည်။ ထိုကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးကိုတောင် မလေ့လာကြဘဲ သင်တို့သည် ဘုရားသခင်ကို အလုပ်အကျွေးပြုဖို့ပြောနေကြသေးသည်။ "ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် မျက်စိစုံမှိတ်မပြုလုပ်သင့်၊ သူတစ်ပါး၏ထိန်းချုပ်ခြင်းကိုလည်းမခံသင့်၊ ဘုရားသခင်က မိန့်ကြားခဲ့သည်၊ ဒီအရာကို ဒီလိုလုပ်သင့်သည်ဟု ကျွန်ုပ်ထင်သည်" ဟုဆိုကာ သင့်အယူအဆ၊ ထင်မြင်ချက်တို့ကိုဖက်တွယ်ပြီး မိမိ၏မာန်ကိုမချဘဲ ဘုရားကျောင်းများကိုဦးဆောင်ရန် သင် တောင်းဆိုနေသေးသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီက မိမိ၏ထင်မြင်ချက်ကိုသာစွဲကိုင်ပြီး တပါးသူ၏စကားကို မနာခံကြတော့ပေ။ သင်၏ အလုပ်အကျွေးပြုမှုမှာ ထွက်ပေါက်မရှိသည်ကို သိသော်လည်း သင်သည် "ကျွန်ုပ်မြင်တာကတော့၊ ကျွန်ုပ် ပြောတာသိပ်မကွာပါဘူး၊ ဘာဘဲဖြစ်ဖြစ် ကျွန်ုပ် တို့ကတဖက်စီရှိတယ်။ သင်တို့အမြင်ကို သင်တို့ပြောပြီး၊ကျွန်ုပ် ကကျွန်ုပ် အမြင်ကိုပြောမယ်။ သင်တို့ရူပါရုံများကို သင်တို့မိတ်သဟာရပြုပြီး၊ ကျွန်ုပ်က ကျွန်ုပ်၏ဝင်ရောက်မှုကိုပြောမယ်" ဟုသင်ပြောနေသေးသည်။ သင်သည် ကိုယ်ရင်ဆိုင်ရမည့်အရာများကို တာဝန်မယူခြင်း သို့မဟုတ် လူတစ်ယောက်ချင်းစီ၏ ထင်မြင်ချက်ကို ချင့်ချင့်ချိန်ချိန် ကာကွယ်ပေးရန် လုပ်ဆောင်မည်ဖြစ်သည်။ ခေါင်းမာစွာပင် မိမိ၏အရိုက်အရာ၊ နာမည်နှင့် မျက်နှာကို ကာကွယ်နေဦးမည်ဖြစ်သည်။ မည်သူမျှ မိမိကိုယ်ကိုယ်မနှိမ့်ချလိုပါ၊ ကောင်းမွန်သည့်ဘဝကို လျင်မြန်စွာရစေဖို့အတွက်သူတစ်ပါးကို ပြုပြင်ပြောင်းလဲပေးရန် ရှေးဦးစွာ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲလိမ့်မည်မဟုတ်ပါ။ သင် အလုပ်အတူတွဲလုပ်သည့်အခါ တစုံတယောက်က ဒီလိုပြောလား။ဒီအမှန်တရားနဲ့ပတ်သက်ပြီး ကျွန်ုပ်မရှင်းလင်းသည့်အတွက် သင်နဲ့မိတ်သာဟာရပြုပြီး ကြားချင်တယ် သို့မဟုတ် ဒီကိစ္စနဲ့ပတ်သက်ပြီး သင့်မှာကျွန်ုပ်ထက် အတွေ့အကြုံပိုများတယ်၊ ကျွန်ုပ်ကိုကျေးဇူးပြုပြီး နည်းနည်းလမ်းညွှန်ပေးလို့ရမလား စသဖြင့် ပြောဆိုခြင်း စသည့်ဖြစ်စဉ်တို့မှာလွန်စွာရှားပါးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းက ကောင်းသော နည်းလမ်းဖြစ်မည်လား။ မြင့်မားသောအဆင့်တွင်ရှိသူများက အမှန်တရားများကိုသိရှိပြီး အလုပ်အကျွေးပြုမှုများကို နားလည်ကြသည်။ ဘုရားကျောင်းတွင် ညှိနှိုင်းလုပ်ဆောင်သူများက အချင်းချင်းဆက်သွယ်ပြီး တစ်ယောက်အားနည်းချက်ကို တစ်ယောက်ဖာထေးကာ အပြန်အလှန် သင်ယူခြင်းမရှိလျှင် သင်ခန်းစာများကို သင်တို့ မည်သည့်နေရာမှ သင်ယူပါမည်နည်း။ တစ်ခုခုတွေ့ကြုံပါက အချင်းချင်းမိတ်ဆွေဖွဲ့ကာ သင်တို့ဘဝအတွက်ကောင်းကျိုးကို ရှာဖွေနိုင်ပါသည်။ ကိစ္စများအပေါ် ဆုံးဖြတ်ချက်မချခင် ဂရုတစိုက်ညှိနှိုင်းဆောင်ရွက်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် ဘုရားကျောင်းအပေါ် ဝတ်ကျေတမ်းကျေမဟုတ်ဘဲ တာဝန်သိသူများ ဖြစ်လာလိမ့်မည်။ ဘုရားကျောင်းများအားလုံးကို သွားရောက်လေ့လာပြီးသည့်နောက် ကိုယ်ရရှိခဲ့သည့် ဉာဏ်အလင်းများကို ဆက်သွယ်ပြောကြားပြီး ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို နှီးနှောဖလှယ်ကာ အတူတကွ မိတ်သဟာရဖွဲ့သင့်ပါသည်။ ဤသည်မှာ အလုပ်အကျွေးပြုရာ၌ မရှိမဖြစ်လုပ်ဆောင်ရန် လိုအပ်ချက်ဖြစ်သည်။ သဟဇာတဖြစ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသောအကျိုးများမှာ ဘုရားသခင်၏ ညွှန်ကြားချက် အတွက်လည်းကောင်း၊ ဘုရားကျောင်း၏ အကျိုးအတွက်လည်းကောင်း၊ ညီအစ်ကိုများနှင့် ညီအစ်မများ တို့အတွက် ရှေ့လျှောက်ခွန်အားဖြစ်စေခြင်း စသည့်အကျိုးများကို ရရှိမည်ဖြစ်သည်။ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီး တစ်ယောက်ကိုတစ်ယောက်ပြုပြင်ကာ ပိုမို ကောင်းမွန်သည့်ရလဒ် ထွက်စေခြင်းသည် ဘုရားသခင်၏ဆန္ဒကို ဖြည့်ဆည်းခြင်းပင် ဖြစ်သည်။ စစ်မှန်သောညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် စစ်မှန်သောဝင်ရောက်ခြင်းကို လူသားတို့ရရှိမည်ဖြစ်သည်။ ညှိနှိုင်းဆောင်ရွက်သောကာလတွင် မသင့်လျော်သောမိန့်ခွန်းများ ရှိကောင်းရှိလိမ့်မည်၊ သို့သော် ထိုအချက်သည် အရေးမကြီးပေ။ နောက်ပိုင်းတွင် မိတ်သဟာရဖွဲ့ပြီး နားလည်မှုယူရမည်၊ လျစ်လျူမရှုရပါ။ ထိုကဲ့သို့ မိတ်သဟာယဖွဲ့ပြီးသည့်နောက် ညီအစ်ကိုများနှင့် ညီအစ်မများ တို့အတွက် မပြည့်စုံခြင်းများကိုလည်း ဖာထေးမိစေပါသည်။ သင့်လုပ်ဆောင်ချက်တွေမှာ ထိုကဲ့သို့မရပ်မနား နက်နက်ရှိုင်းရှိုင်း ယုံကြည်စွာလုပ်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့်အကျိုးရလဒ်များကိုရရှိနိုင်ပါသည်။ အလုပ်အကျွေးပြုသည့် တစ်ယောက်ချင်းစီတိုင်းသည် မိမိလုပ်ဆောင်သမျှ အရာအားလုံးမှာ ကိုယ့်အကျိုးအတွက်ကိုယ်ကြည့်ခြင်းထက် ဘုရားကျောင်းအကျိုးအတွက် ပြောဆိုကာကွယ်နိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက်လျှော့တွက်ပြီး တစ်ကိုယ်တည်း လုပ်ဆောင်ခြင်းမျိုးမှာ လက်ခံနိုင်စရာမရှိပေ။ ထိုနည်းလမ်းဖြင့် ဆောင်ရွက်သည့် လူသားများက ဘုရားသခင်အား အလုပ်အကျွေးပြုဖို့အတွက် မသင့်တော်ပေ။ ထိုလူမျိုး၏ပင်ကိုစရိုက်က သိပ်ကိုဆိုးရွားပြီး သူတို့၏စိတ်ထဲ၌ လူသားဆန်မှု နည်းနည်းမျှမရှိပါ။ ၎င်းတို့မှာ ရာနှုန်းပြည့် စာတန်များဖြစ်သည်။ တိရစ္ဆာန်ကောင်များဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းအတွင်း၌ တစ်ယောက်ကိုတစ်ယောက်ရန်ဖြစ်တိုက်ခိုက်ခြင်း၊ တမင် ယိုးမယ်ဖွဲ့ခြင်း၊ ကိစ္စအသေးအဖွဲလေးအပေါ်ကို ငြင်းခုန်ပြီး မျက်နှာများနီမြန်းလာခြင်း၊ သူ့ကိုယ်သူ ဖယ်ချန်ထားရန်ဆန္ဒမရှိခြင်း၊ အခြားသူမသိအောင် ဖုံးကွယ်ထားမှုတွေရှိခြင်း၊ အခြားအဖွဲ့တစ်ခုကို ရည်ရွယ်ချက်ရှိရှိစောင့်ကြည့်ခြင်း၊ သတိချပ်ထားခြင်း စသည့်အရာများသည်လည်း ယခုတိုင် သင်တို့ကြားတွင် ဖြစ်ပွားနေဆဲဖြစ်ပါသည်။ ထိုကဲ့သို့ ပင်ကိုယ်စရိုက်မျိုးသည် ဘုရားသခင်အတွက် အလုပ်အကျွေးပြုရာ၌ အကျိုးကျေးဇူးရနိုင်ပါသလား။ သင်တို့၏ထိုကဲ့သို့လုပ်ဆောင်မှုများက ဘုန်းတော်ကြီးများနှင့် သီလရှင်များကို ထောက်ပံ့ပေးနိုင်မည်လား။ မှန်ကန်သည့်ဘဝလမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက် သင်သည် လူများကိုလမ်းညွှန်ပေးနိုင်မည်မဟုတ်ဘဲ သင်၏ အကျင့်ပျက်ပင်ကိုစရိုက်များကို ဘု ညီအစ်ကိုများနှင့် ညီအစ်မများ ဆီကိုပါ ကူးစက်စေမည်ဖြစ်သည်။ ယင်းက အခြားသူများကိုပါ ဒုက္ခမဖြစ်စေဘူးလား။ သင်၏အသိစိတ်က အလွန်ကိုဆိုးရွားလှသည်။ သင်သည် လက်တွေ့ဘဝထဲကိုလည်းမဝင်၊ အမှန်တရားကိုလည်း လက်တွေ့ဖြစ်လာအောင်မလုပ်ပေ။ ထို့ပြင် သင်၏ ဆိုးယုတ်သည့်ဗီဇကိုလည်း အခြားသူတွေကိုသိအောင် အရှက်မဲ့စွာဖြင့်ဖော်ပြလိုက်ခြင်းဖြစ်သည်။ အရှက်မရှိကြောင်း သင်လည်းသိပေသည်။ ညီအစ်ကိုများနှင့် ညီအစ်မများက သင့်ကို ယုံကြည်ထားခဲ့သော်လည်း သင်ကတော့ သူတို့တတွေအား ငရဲကိုအတူခေါ်သွားသလိုဖြစ်နေသည်။ သင်သည် အသိဉာဏ်ဆိုးရွားသွားသူတစ်ယောက် မဟုတ်ပါလား။ သင်သည် လုံးဝကိုအရှက်ကင်းမဲ့သောသူဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

No comments:

Post a Comment