菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ဝိညာဉ်. Show all posts
Showing posts with label ဝိညာဉ်. Show all posts

1/29/2020

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ခရစ်ယာန်တစ်ယောက်၏ အသက်တာ (၂၅-၁-၂၀၂၀)


ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက်ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ

10/30/2019

Myanmar music video (ဘုရားနှင့် အကျွမ်းဝင်ခြင်း) | Praise the Love of God

 

Myanmar music video  (ဘုရားနှင့် အကျွမ်းဝင်ခြင်း) | Praise the Love of God


အို ဘုရား၊ ကိုယ်တော်အား ဖွင့်ဟလိုတာ

ကျွန်ုပ်ရင်ထဲ သိပ်များလွန်းတယ်၊

ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်နှလုံးသားတံခါး ပွင့်၊

ကိုယ်တော်၏ အသံတော်ကို ကျွန်ုပ် ကြားရ

ကိုယ်တော်၏နှုတ်ကပတ်တော်သည် စမ်းရေပမာ

ကျွန်ုပ်နှလုံးသားကို အာဟာရပေးသော သမ္မာတရားပါ၊

ကိုယ်တော်၏ နှုတ်ကပတ်တော်ကို အောက်မေ့လျက်

ကျွန်ုပ်နှလုံးသား ငြိမ်သက်၊ ဝမ်းမြောက်၊ ငြိမ်ဝပ်၊ ရွှင်လန်း

ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ ရှင်သန်ခြင်းဖြင့်

သမ္မာတရားကို ကျွန်ုပ် ယခု နားလည်၊

ကိုယ်တော်သည် ဖြောင့်မတ်၊ သန့်ရှင်းသူ၊

စစ်မှန်သောချစ်ခြင်းကိုယ်တော်၏ နှုတ်ကပတ်တော်ထဲမှ ကျွန်ုပ်သိရှိ၊

ကိုယ်တော်၏ချစ်ဖွယ်ကောင်းမှုကို ကျွန်ုပ် ခံစား၊

ကိုယ်တော် အလွန်မြတ်နိုးထိုက်ပေ၊

ယုံကြည်ခြင်း၌ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်ခံစားရပြီ၊

ကိုယ်တော်နှင့် ကျွန်ုပ် သာ၍နီးကပ်၊

4/23/2019

ချီးမွမ်းခြင်း ဓမ္မသီချင်း | (ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ဝမ်းမြောက်ခြင်း)

ဒီဓမ္မသီချင်းမှရရှိသော 

The word "honest person" seems so simple, but why is it so difficult to be an honest person in my life? After listening to this hymn, I'm so touched. I understand that relying on myself to be an honest person is not easy, but I have to rely on God's words and also a heart of loving the truth, and pray for the help of God so that I can be the one who is honest and the one God likes, living a free, relaxed and happy life like how the brothers and sisters in this video do!



Myanmar Gospel Song 2018 (ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ဝမ်းမြောက်ခြင်း) A Cappella


သမ္မာတရားကို နားလည်ခြင်းက
တစ်ဦးတစ်ယောက်၏ ဝိညာဉ်ကို လွှတ်မြောက်ပြီး ပျော်ရွှင်စေသည်
ကျွန်ုပ် ဘုရားသ္ခင်၏ နှုတ်ကပတ်၌ ယုံကြည်စိတ်ချခဲ့ပြီး
သံသယ မရှိတော့ပါ။
(ကျွန်ုပ်တို့ ဘယ်လို သံသယရှိနိုင်တော့မှာလဲ?)
ကျွန်ုပ်၌ အဖျက်သဘောမရှိတော့၊
ဘယ်တော့မှ နောက်မဆုတ်၊ ဘယ်ခါမှစိတ်မပျက်ပါ။ (ကြည့်!)
ကျွန်ုပ် တာဝန်ကို စိတ်နှလုံးရှိသမျှနှင့် ထိန်းသိမ်းနေ၊
ကျွန်ုပ်သည် အသွေးအသားနှင့် မဆိုင်တော့။
ဖြစ်နိုင်တာတစ်ခု! ကျွန်ုပ်လည်း မဆိုးပါ၊
ကျွန်ုပ် အစွမ်းနိမ့်ကျလည်း ရိုးသားသောစိတ်နှလုံး ရှိ၏။
(အမှန်လား?)
ကျွန်ုပ်သည် အရာရာကို ဘုရားသ္ခင်၏အလိုတော်အတိုင်း
ဖြစ်ရန် လုံးဝဆက်ကပ်ပါ၏။ (အား၊ မှန်၏!)
ကျွန်ုပ် သမ္မာတရားအတိုင်း ကျင့်ကြံ၊ ဘုရားသ္ခင်ကို နာခံ၍
ရိုးသားသူဖြစ်ရန် ကြိုးစားပါ၏။
(မြင့်မြတ်ပေ၏!)
ကျွန်ုပ် ပွင့်လင်းဖြောင့်မှန်ကာ ကောက်ကျစ်မှုမရှိ၊ အလင်း၌ နေပါ၏။
ကောင်းလိုက်တာ!
ရိုးသားသူတွေ၊ အမြန်လာကြ၊ ရင်းနှီးပွင့်လင်းစွာ ပြောကြစို့။
ဘုရားသ္ခင်ကိုချစ်သူအားလုံး၊
လာစုရုံး၍ မိတ်ဆွေကောင်း များလို ပေါင်းစပ်လိုက်ကြ။
တစ်၊ နှစ်၊ သုံး၊ ငါတို့အပေါင်းဟာ မိတ်ဆွေစစ်များပါ။
သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံးဟာ ညီအစ်ကိုမောင်နှမများ ဖြစ်ပေ။
(မိသားစုပေ!)
အို ပျော်ရွှင်နေသော လူများ၊
ဘုရားသ္ခင်ကို ချီးမွမ်းဖို့၊ လာ၍ သီဆိုကကြကုန်။
သီဆိုကြ! ကကြကုန်!
ရိုးသားသူတစ်ဦး ဖြစ် မှဤသို့ဝမ်းမြောက်ခြင်း!
ရိုးသားသူတစ်ဦး ဖြစ် မှ ဤသို့ဝမ်းမြောက်ခြင်း!
ရိုးသားသောပုဂ္ဂိုလ်သည် အမှန်ဝမ်းမြောက်ရ၏

2/17/2019

ဝတ်ပြုကိုးကွယ်ခြင်း ဓမ္မသီချင်း | အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု



Myanmar Gospel Song (အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု)


ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာ
ဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကို
အမှုတော်ဆောင်ရွက်ချိန်တိုင်း ထင်ရှားသည်
လူသားတို့ဘဝတွင် ပြည့်စုံစေသော
လူသားတို့အတွက် သူ့အလိုတော်တွင် မြင်ရသည်
ကိုယ်တိုင်ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ်စေ
ဘုရားသခင်သည် လူတိုင်းကို အဘက်ဘက်မှစောင့်ရှောက်သည်
စစ်မှန်မှု၊ ဉာဏ်ပညာ၊ နည်းမျိုးစုံဖြင့်
နှလုံးသားကို နွေးထွေးစေကာ ဝိညာဉ်ကိုနိုးကြားစေသည်
ဒီနေ့အတွက် ထာဝရအတွက် အမှန်ပင်ဖြစ်သည်

2/07/2019

ခရစ်ယာန်ကဗီဒီယို | ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း



မည်ကဲ့သို့သောလူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်နိုင်သည်ဆိုသည်နှင့် ပတ်သက်ပြီး သခင်ယေရှုက မိန့်မြွက်ခဲ့သည် "ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။" (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၂၁)။ ဤသို့ဆိုလျှင် တိတိကျကျ မည်ကဲ့သို့သောသူသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ဖခမည်းတော်၏ အလိုကိုဆောင်သောသူဖြစ်သနည်း။ ရှင်ပေါလု၏ စံနမူနာအတိုင်း လိုက်လျှောက်ပြီး သခင့်အတွက် ပင်ပန်းစွာ အလုပ်လုပ်သူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုတော်ကို ဆောင်သောသူဖြစ်သည်ဟု လူ အများအပြားက ယုံကြည်ကြသည်။ ပြီးနောက်တွင် ဘုရားသခင်အား သူတို့၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်တို့ဖြင့် အပြည့်အဝ ချစ်သောသူ၊ အပြစ်ကို မပြုလုပ်တော့ဘဲ သန့်ရှင်းမှုကို ရရှိသောသူတို့သည် ကောင်းကင်ဘုံမှ အဖ၏ အလိုကိုဆောင်သောသူတို့ဖြစ်သည်ဟု ယုံကြည်သူများရှိသည်။ ဤသို့ဆိုလျှင် ဤအမြင်နှစ်ခုတွင် မည်သူက မှန်ကန်ပြီး မည်သူက မှားယွင်းသနည်း။ ကျေးဇူးပြု၍ ဤနှစ်ဘက်မှ ပြင်းထန်စွာ ဆွေးနွေးငြင်းခုံမှုကို ကြည့်ရှုပါ။

အကြံပြုစာမျာ: Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသောမျှော်လင့်ခြင်းအိပ်မက်)

1/18/2019

ဓမ္မသီချင်း | စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်

ဆုတောင်း, ဓမ္မသီချင်, ဝိညာဉ်, နှုတ်ကပတ်ဓမ္မတေးများ,





ဓမ္မသီချင်း | စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်

I
ရိုးသားစွာ လျှောက်လှမ်းပြီး
နှလုံးသားထဲ လှည့်စားခြင်းကင်းဖို့ရန် ဆုတောင်းပါ
ဆုတောင်းပါ ကိုယ့်ကိုကိုယ်သန့်စင်ဖို့၊ ဘုရားတို့ထိဖို့ ဆုတောင်းပါ
သင့်စိတ်သဘောထား ပြောင်းလဲလိမ့်မည်
ဆုတောင်းခြင်းအားဖြင့် လူ့စိတ်သဘောထားပြောင်းလဲ လာ တယ်
ဝိညာဉ်တော် အမှုပြုလေ၊ လူသားတို့ နာခံခြင်းရှိလေ
စစ်မှန်တဲ့ဆုတောင်းခြင်းကြောင့် သူတို့နှလုံးသား
တဖြည်းဖြည်း သန့်ရှင်းလိမ့် မည်
ပိုတက်ကြွလေ ဖြစ်ကြလိမ့်မည်

12/21/2018

Myanmar Gospel Song | (ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်နေရာ) | Almighty God Is the Master of All Things



I
အရာခပ်သိမ်းအား ဘုရားပိုင်တယ်
အရာခပ်သိမ်းအား ခန့်ခွဲသောဘုရား
အားရာအားလုံးအား သူပေး
ဘုရားရဲ့နေရာနှင့် သဘာဝ
အရာခပ်သိမ်းတို့ရဲ့အရှင် အရာအားလုံးဖန်ဆင်းရှင်
အရာခပ်သိမ်းတို့၌ ပင်ကိုလက္ခဏာ တစ်မူထူးခြား
လူသားနဲ့ ဝိညာဉ်တွေ ဖန်ဆင်းခြင်းခံသတ္တဝါ
ဘယ်အကြောင်းကြောင့်ဖြစ်စေ
ဘုရားနေရာ မဝင်ရောက်နိုင်ရာ
အာဏာတန်ခိုးခပ်သိမ်း ပိုင်သူ
အရာအားလုံး အုပ်စိုးသူ
သူဟာ ဒို့အားလုံးရဲ့ တစ်ပါးတည်းသောဘုရားဖြစ်သည်
ဘုရားဖန်ဆင်းခြင်းထဲ၌ အသက်ရှင် သွားလာနိုင်သည်
အရာအားလုံးထက် သူ မြင့်မားစွာ ဝဲပျံနိုင်သည်
သူ နှိမ့်ချလျှက် ကိုယ်တိုင်လူ့ဇာတိ ခံယူပြီး
ပူဆွေး ဝမ်းနည်းမှု ပျော်ရွှင်ခြင်းတွေ မျှရင်း
တစ်ချိန်တည်းစီမံအုပ်ချုပ်မှု
ကံကြမ္မာခပ်သိမ်းတွေရဲ့အတွက်
ဦးတည်ချက်တို့သတ်မှတ်
လူ့ကံကြမ္မာလမ်းမှန်ပြရင်း
အသက်ရှိလူတိုင်း သိကျွမ်းသင့်သော ဘုရားသခင်ဖြစ်သည်
လူသားမျိုးနွယ်စုတိုင်း
ဘုရားကို ယုံကြည်ကိုးစား
နောက်တော်လိုက်၍ ဘုရားအုပ်စိုးခံစေပါ
သူ့ အုပ်စိုးခြင်းအားလက်ခံ ကံကြမ္မာအား စီမံပေး
လူသားအားလုံးနဲ့ အသက်ရှိသူတိုင်းအတွက်
တစ်ခုတည်းသော ရွေးမည့်အရာ သင် ရွေးရမည့်အရာ ဖြစ်သည်

12/03/2018

ဘုရားသခင်၏ ပြောဆိုသံ | ဖောက်ပြန်ပျက်ဆီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

ဝိညာဉ်, အသက်, သမ္မာတရား, ယေရှု, ဘုရားသခင်,



လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက လူသား၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်၏ ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်က လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ချိုးဖဲ့ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စစ်ဆေးခြင်း မရှိဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က သန့်စင်ခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပါ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု ဆိုလျှင် သင်သည် ဝင့်ဝါစိတ်ဖြင့် ပြောဆိုသူဖြစ်ပြီး ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူသားများသည် ကောင်းကင်တမန်မင်း ဖြစ်၏။ လူသား၏ မွေးရာပါ သဘောသဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ ဘုရားသခင်က စုံလင်စေခြင်း အားဖြင့် လူသားသည် ၎င်း၏မွေးရာပါ သဘောသဘာဝ စိတ်ကို စွန့်ပစ်ရမည်။ ထို့နောက် ဘုရားသခင်၏ အလိုကို ဂရုပြုခြင်းအားဖြင့်သာ ဘုရားသခင် အလိုကို ဖြည့်ဆည်းသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံယူမှသာ ဘုရားသခင်သည် ထိုသူ၏ အသက်တာကို လက်ခံနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။

10/20/2018

အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

ဝိညာဉ်, Myanmar Christian Music, ဓမ္မသီချင်းများ, ဘုရားသခင်, သမ္မာတရား




I
ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာ
ဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကို
အမှုတော်ဆောင်ရွက်ချိန်တိုင်း ထင်ရှားသည်
လူသားတို့ဘဝတွင် ပြည့်စုံစေသော
လူသားတို့အတွက် သူ့အလိုတော်တွင် မြင်ရသည်
ကိုယ်တိုင်ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ်စေ
ဘုရားသခင်သည် လူတိုင်းကို အဘက်ဘက်မှစောင့်ရှောက်သည်
စစ်မှန်မှု၊ ဉာဏ်ပညာ၊ နည်းမျိုးစုံဖြင့်
နှလုံးသားကို နွေးထွေးစေကာ ဝိညာဉ်ကိုနိုးကြားစေသည်
ဒီနေ့အတွက် ထာဝရအတွက် အမှန်ပင်ဖြစ်သည်

9/29/2018

ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

ဝိညာဉ်, ယေဟောဝါ, ယေရှု, သမ္မာတရား, Myanmar Christian Music

  လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့် ထိုရည်ရွယ်ချက်အတိုင်း ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ မည်သည့် အတိုင်းအတာအထိ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုကြောင်းကိုလည်း လူသားအားလုံး သိဖို့လိုသည်။ လူတို့သည် အသက်တာ၌ ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလျက် နေကြသော်လည်း ငါလုပ်ဆောင်သည့် အလုပ်၏ အဓိက ရည်ရွယ်ချက်ကို နားမလည်လျှင် အသက်တာ၌ ငါနှင့်အတူ လျှောက်လှမ်းခြင်းသည် အလဟဿ ဖြစ်သည် မဟုတ်လော။ ငါ့နောက်သို့ လိုက်သောသူများသည် ငါ့အလိုကို သိသင့်သည်။ ငါသည် လောက၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်သည်။ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်နေသေးသည်။ ငါ့အလုပ်ထဲတွင် ပါဝင်သည့်အရာများမှာ အထူးတလည် များပြားလှသော်လည်း ငါ့အလုပ်၏ ရည်ရွယ်ချက်သည် ယနေ့တိုင် မပြောင်းလဲသေးပါ။ ဥပမာ- ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း လူသားကို စုံလင်စေပြီးသောအခါ၌ ငါသည် သူ့ကို ကယ်တင်ဖို့၊ ငါ၏ သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏ လုပ်ငန်းကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး အကြား၌ ချဲ့ထွင်ဖို့အတွက် ထိုသို့ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် လူတော်တော်များများက သူတို့၏ မျှော်လင့်ချက်များ၌ ကြီးစွာ စိတ်ပျက်လျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ်အချိန်၌ ငါသည် ငါ၏အလုပ်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့်အလုပ်ကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် စကားကို ငြီးငွေ့နေပြီဖြစ်သော်လည်း၊ ငါ၏အလုပ်၌ ကိုယ်တိုင် ပါဝင်ပတ်သက်လိုစိတ် လုံးဝမရှိသော်လည်း ငါသည် ငါ၏ တာဝန်ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက် မပြောင်းလဲသည့်အပြင် ငါ၏ မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့် ဖြစ်သည်။ ငါ၏ တရားစီရင်ခြင်းသည် လူသားကို ပိုမို နာခံနိုင်စေဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင်ဆုံးမမှုသည် လူကို ထိထိရောက်ရောက်ပြုပြင်ခြင်း ခံနိုင်စေဖို့ ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ မလုပ်ဖူးပါ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံ၏ ပြင်ပမှ တိုင်းနိုင်ငံ အားလုံးကို ဣသရေလလူမျိုးများကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ဣသရေလနိုင်ငံ၏ ပြင်ပ၌ရှိသော နေရာများ၌ ငါခြေကုပ်ယူနိုင်စေဖို့ ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်၊ ထိုသို့ လုပ်ဆောင်ခြင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် လုပ်ဆောင်နေသော ငါ၏ အလုပ်ဖြစ်သည်။ ယခု ထက်ထိတိုင် လူတော်တော်များများက ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို နားမလည်ကြသေးပေ။ ငါလုပ်ဆောင်နေသော အရာများကို စိတ်မဝင်စားသောကြောင့်၊ သူတို့၏ အနာဂါတ်နှင့် သူတို့၏ ပန်းတိုင်များကိုသာ စိတ်ဝင်စားကြသောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောပြော သူတို့သည် ငါလုပ်သည့် အလုပ်ကို စိတ်ဝင်စားခြင်း မရှိပေ။ သူတို့၏ အနာဂါတ် ပန်းတိုင်များကိုသာ အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အလုပ်ကို မည်သို့ ချဲ့ထွင်နိုင်မည်နည်း။ ကမ္ဘာအနှံ့ ငါ၏ သတင်းကောင်း မည်သို့ ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အလုပ်ကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို အရပ်ရပ်သို့ ကွဲပြားစေမည်၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ ကမ္ဘာတစ်လျှောက်လုံး၌ ငါ၏ သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ ငါ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ချဲ့ထွင်ဖို့အတွက် ဤအရာများအားလုံးကို ငါလုပ်ဆောင်မည်။ ကလေး၊ လူကြီးများ အားလုံးအကြား၌ ငါ၏အမည် ထင်ရှားစေဖို့၊ ရှိရှိသမျှ လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏ နှုတ်က မြင့်မြတ်သန့်ရှင်းသော ငါ၏အမည်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ နောက်ဆုံးသောကာလဖြစ်သည့် ဤကာလ၌ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အမည်ကို လူအများ ချီးမွမ်းစေမည်၊ ငါလုပ်ဆောင်သည့် အရာများကိုလည်း တစ်ပါးအမျိုးသားများ မြင်စေမည်ဖြစ်သည်။ ငါလုပ်ဆောင်သည့် အရာများကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်စေရန်၊ ငါပြောခဲ့သည့် စကားများအတိုင်း အမှန်တကယ် ဖြစ်လာစေရန် ထိုသို့ ငါလုပ်ဆောင်မည် ဖြစ်သည်။ ငါသည် ဣသရေလလူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါး အမျိုးသားတို့ တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်၊ တစ်ချိန်က ငါကျိန်ခဲ့သည့် လူမျိုးများ၏ ဘုရားသခင်လည်း ဖြစ်ကြောင်းကို လူများအားလုံး သိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူများအားလုံး မြင်စေမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငါ၏အကြီးမြတ်ဆုံး အလုပ်ဖြစ်သည်။ နောက်ဆုံးသောကာလအတွက် ထားရှိသော ငါ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။ နောက်ဆုံးသော ကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်လည်း ဖြစ်သည်။