菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

1/29/2020

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ခရစ်ယာန်တစ်ယောက်၏ အသက်တာ (၂၅-၁-၂၀၂၀)


ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက်ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ

ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန်သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင်ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့်အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူတစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊

လူတို့နှင့် မျက်နှာချင်းဆိုင်လာ၍၎င်းတို့နှင့်အတူ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏။တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၍ရှိသမျှအရာခပ်သိမ်း၏ ကံကြမ္မာနှင့် ရွေ့လျားရာကို ဆုံးဖြတ်၏။ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို လမ်းပြ၏။ဤကဲ့သို့သောဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး၏ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းနှင့် သိခြင်းတို့ ခံရသင့်သည်။ထို့ကြောင့် သင်သည် လူသားမျိုးနွယ်၏ မည်သည့်အုပ်စု၊ မည်သည့်အမျိုးအစားတို့နှင့်သက်ဆိုင်သည်ဖြစ်စေ၊ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊

ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် ဘုရားသခင်၏ အစီအမံများကို လက်ခံခြင်းသည်သာမည်သူမဆို၊ မည်သည့်သက်ရှိသတ္တဝါအတွက်မဆိုတစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကာ လိုအပ်သော ရွေးချယ်စရာဖြစ်၏။ဘုရားသခင်၏ အတုမရှိမှုတွင် သူ၏သြဇာအာဏာ၊သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့်အရာခပ်သိမ်းအတွက် သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံးသည် အတုမရှိကြောင်းကို လူတို့တွေ့ကြ၏။သူ၏အတုမရှိမှုသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စစ်မှန်သောပင်ကိုယ်လက္ခဏာကို ဆုံးဖြတ်၍သူ၏ဂုဏ်ဒြပ်ကို ဆုံးဖြတ်၏။ထို့ကြောင့် သတ္တဝါတို့အားလုံးအကြားတွင်ဝိညာဉ်လောက သို့မဟုတ် လူသားမျိုးနွယ်အကြား ရှိသော မည်သည့် သက်ရှိသတ္တဝါမဆိုဘုရားသခင်နေရာတွင် အစားဝင်ရောက်လိုပါကဘုရားသခင်ကို တုပ ရန် ကြိုးစားသကဲ့သို့ ဖြစ်နိုင်မည် မဟုတ်ပေ။ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ၊ တန်ခိုးနှင့် ဂုဏ်ဒြပ်ကိုပိုင်ဆိုင်သည့်ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦးအပေါ် လူသား၏သတ်မှတ်ချက်များကား အဘယ်နည်း။ဤသည်မှာ လူတိုင်းအတွက် ရှင်းလင်းသင့်ပြီး ၎င်းတို့ မှတ်မိသင့်ကြပြီး၊၎င်းသည် ဘုရားသခင်ရော လူသားအတွက်ပါ လွန်စွာ အရေးကြီး၏။

“အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

အကြံပြုခရစ်ယာန် ဓမ္မသီချင်း

Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

No comments:

Post a Comment