ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယော ၁:၁၄)
“ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ယော ၁၄:၆-၇)
“ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” (ယော ၁၄:၁၀)
“ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်။” (ယော ၁၀:၃၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင် လူ့ဇာတိ မဖြစ်ခင်က သူပြောသောအရာအများအပြားက လုံးဝခပ်သိမ်း ဘုရား၏သဘောသဘာဝမှ လာသောအတွက်ကြောင့် ၎င်းတို့ကို လူတို့ နားမလည်ခဲ့ကြချေ။ သူ့ပြောစကား၏ ရှုထောင့်နှင့် ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာတို့က လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ချေ၊ ထိုအရာတို့ကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဇာတိပကတိ၌နေထိုင်ခဲ့သော လူတို့အတွက် ဝိညာဉ်လောကကို ဖြတ်သန်းမသွားနိုင်ခဲ့ချေ။ သို့သော်လည်း ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်တွင် သူသည် လူသားမျိုးနွယ်ကို လူ့သဘာဝ၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာပြီး ၎င်းကို ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ရန်၊ သူတို့၏ တတ်နိုင်စွမ်းရှိသော အတိုင်းအတာအတွင်းမှ သူ၏ရည်ရွယ်ချက်နှင့် သူလိုအပ်သော စံသတ်မှတ်ချက်တို့ကို သူတို့တတ်နိုင်သောအဆင့်အထိ နားလည်သဘောပေါက်ရန်၊ လူသားတို့လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း လူသားတို့ စိတ်ကူးထင်မြင်၍ရသောအရာများ၊ သူတို့မြင်ခဲ့သောအရာများ၊ သူတို့ဘဝ၌ ကြုံတွေ့ခဲ့ရသောအရာများ၊ သူတို့နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့်၊ သူတို့နားလည်နိုင်သော အသိပညာတို့မှတစ်ဆင့် သူ၏ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝထဲက အလုပ်၏ နည်းလမ်းနှင့် အခြေခံစည်းမျဉ်းတို့ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းတို့နှင့် လူ့ဇာတိ၌ သူ၏အလုပ်လုပ်ပုံ သဘောတရားတို့သည် လူ့သဘာဝအားဖြင့် သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစုရရှိသော်လည်း ဘုရား၏သဘောသဘာဝနှင့် တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်တကယ် ရရှိခဲ့သည်။ ဘုရားသခင်၏ လူ့သဘာဝထဲက လုပ်ဆောင်မှုသည် ပိုပြီးခိုင်မာသည်၊ စစ်မှန်သည်၊ ဦးတည်ချက်ရှိသည်၊ နည်းလမ်းတို့က ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ပညတ်တော်ခေတ်ကို ကျော်လွန်သွားခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ
ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် အလုပ်အဆင့်သစ်တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏စိတ်သဘောထားကို ပိုမို ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှုကာလ၏ ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ သူ့လက်တော်တွင် အလုပ်သစ်ရှိသည်ဖြစ်ရာ ယင်းအလုပ်သစ်သည် စိတ်သဘောထားအသစ်နှင့် ယှဉ်တွဲပါလာလိမ့်မည်။ ထို့ကြောင့် ယင်းအလုပ်ကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ခြင်း မရှိပါက၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ လမ်းကြောင်းမရှိစေရန် ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက်စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ ဝိညာဉ်တော်တစ်ပါးတည်းသာလျှင် အလုပ်လုပ်ခဲ့ပါက လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိလာရန် လမ်းရှိမည်မဟုတ်ခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါတွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာသောအခါတွင်၊ သူသည် လူ့ဇာတိမှတစ်ဆင့် သူ၏စိတ်သဘောထား အလုံးစုံကို ဖော်ပြသောအခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို သူတို့၏မျက်စိများဖြင့် မြင်နိုင်ကြလိမ့်မည်။ ဘုရားသခင်သည် လူအများကြားတွင် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်သည်။ သူ့ကို ထိကိုင်သိမြင်နိုင်သည်၊ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်တည်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် လူသည် သူ့ကို အမှန်တကယ် သိလာနိုင်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ
ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးမြောက်ခဲ့သော လုပ်ဆောင်မှု၏ နယ်ပယ်ထဲတွင် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ အခြားသောလက္ခဏာသွင်ပြင်တစ်ခုကို သင်မြင်နိုင်သည်။ ၎င်းကို သူ၏ဇာတိမှတစ်ဆင့် ဖော်ပြထားသည်။ သူ၏ လူ့သဘာဝမှတစ်ဆင့် လူသားတို့ သိမြင်ပြီး အသိအမှတ်ပြုရန်အတွက် ပြုလုပ်ထားသည်။ လူသား၏ သားတော်သည် လူ့ဇာတိ၌ရှိသော ဘုရားသခင်က သူ၏လူ့သဘာဝကို မည်ကဲ့သို့ အသက်ရှင်နေထိုင်ခဲ့ကြောင်းကို လူတို့မြင်ခဲ့ရပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြသော ဘုရားသခင်၏ ဘုရားသဘောသဘာဝကို သူတို့ မြင်ခဲ့ကြသည်။ ဤဖော်ပြချက်နှစ်ခုသည် လူတို့အား အမှန်တကယ်ပင် စစ်မှန်သော ဘုရားသခင်ကို မြင်စေပြီး ဘုရားသခင်အပေါ် မတူညီသော အယူအဆတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း ကမ္ဘာကို ဖန်ဆင်းခြင်းနှင့် ပညတ်တော်ခေတ်အဆုံးကြားတွင်ရှိသော အချိန်ကာလတွင်၊ ကျေးဇူးတော်ခေတ်မတိုင်မီအချိန်ကာလတွင်၊ လူတို့ မြင်သော၊ ကြားသော၊ တွေ့ကြုံခဲ့သော အရာတို့သည် ဘုရားသခင်၏ ဘုရားသဘောသဘာဝ လက္ခဏာသွင်ပြင်တို့သာ ဖြစ်ပါသည်။ ၎င်းသည် မသိမြင်နိုင်သောနယ်ပယ်၌ ဘုရားသခင်ပြုလုပ်ခဲ့၊ ပြောခဲ့ခြင်းဖြစ်ပြီး မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော သူ၏ တကယ့် လူပုဂ္ဂိုလ်မှ သူဖော်ပြသော အရာတို့ဖြစ်ပါသည်။ ဤအရာတို့သည် မကြာခဏပင် လူတို့ကို ဘုရားသခင်သည် အလွန်ကြီးမြတ်သည်၊ သူ့အနားကို သူတို့ ကပ်၍မရနိုင်ဟု ခံစားရစေသည်။ ဘုရားသခင်က လူတို့ကို ပေးလေ့ရှိသော ပုံစံက ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းက အလွန်ပင်ဆန်းကြယ်ပြီး တွေ့နိုင်ခဲလှသည့်အတွက် ၎င်းတို့ကို လက်လှမ်းမီရန် နည်းလမ်းမရှိဘူးဟူ၍ပင် လူတို့က ခံစားကြရပြီး ၎င်းတို့ကို နားလည်ပြီး အသိအမှတ်ပြုရန်ဆိုသည်မှာ ပို၍ပင် ဆိုးသေးသည်။ လူတို့အတွက်မှာမူ ဘုရားသခင်နှင့်ပတ်သက်သောအရာတိုင်းက အလွန်ပင် အလှမ်းကွာလွန်းခဲ့သည်။ အလွန်အလှမ်းကွာသည့်အတွက် လူတို့ မမြင်နိုင်၊ ထိ၍မရနိုင်ခဲ့ပေ။ သူသည် ကောင်းကင်ပေါ်၌ရှိနေသောပုံပေါ်ပြီး သူသည် အမှန်တကယ်ပင် မတည်ရှိနေသကဲ့သို့ ဖြစ်ခဲ့သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်၏ နှလုံးသားနှင့် စိတ်ကို နားလည်ခြင်း၊ သို့မဟုတ် သူ၏ မည်သည့်စဉ်းစားပုံကိုမျှ မရရှိနိုင်ပေ။ လက်လှမ်း၍ပင် မမီနိုင်ပေ။...သခင်ယေရှုအလုပ်လုပ်နေသော အချိန်ကာလတွင် ဘုရားသခင်၌ လူသား၏ ဖော်ထုတ်ပြသချက်တို့ များစွာရှိသည်ဆိုသည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာ သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ စကားပြောနိုင်သည်၊ ထို့ပြင် သူတို့နှင့် ဆွေးနွေးနိုင်သည်။ ၎င်းတို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အလုပ်များစွာကို ပြီးမြောက်ခဲ့ပြီး ဤအလုပ်များအားလုံးကလည်း ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းအမှန်ပင်ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်း ဘုရားသခင်၏ ဘုရားသဘောသဘာဝသည် လူတို့မြင်နိုင်၊ တို့ထိနိုင်သော သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ်ဖြစ်ပေါ်လာသောအခါ ဘုရားသခင်သည် ပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဟု သူတို့မခံစားရတော့ပေ၊ သူနှင့် နီးစပ်အောင် မလုပ်နိုင်ဟူ၍ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် လူသားတော်၏ လှုပ်ရှားမှုတိုင်း၊ နှုတ်ကပတ်တော်တို့နှင့် အလုပ်တို့မှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နိုင်ရန်၊ သို့မဟုတ် သူ၏သဘောသဘာဝကို နားလည်နိုင်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံယူထားသော လူသား၏ သားသည် သူ၏ လူ့သဘောသဘာဝမှတစ်ဆင့် ဘုရား၏သဘောသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်အား ဘုရားသခင်၏ အလိုတော်ကို အသိပေးခဲ့သည်။ တဖန် ဘုရားသခင်၏ အလိုတော်နှင့် စိတ်သဘောထား၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ မြင်၍ သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့အား ထုတ်ဖော်ခဲ့သည်။ လူတို့ မြင်ခဲ့သောအရာက အသွေးအသားနှင့် အရိုးနှင့် ထိတွေ့နိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော လူသားသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာ၊ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်က ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်ပတ်သက်ပြီး အကန့်အသတ်တစ်ချို့ရှိခဲ့သော်လည်း သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်၊ ဖော်ပြခြင်းပုံစံ၌ ကွာခြားချက် အချို့သာ ရှိသည်။ လူသား၏ လူ့သဘာဝဖြစ်စေ၊ သူ၏ ဘုရားသဘောသဘာဝဖြစ်စေ၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုခဲ့သည်ဆိုခြင်းကို ငါတို့ မငြင်းနိုင်ပေ၊ သို့သော်လည်း ဤအချိန်ကာလအတွင်း၌ ဘုရားသခင်သည် လူ့ဇာတိမှတစ်ဆင့် အလုပ်လုပ်ခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ ပြောဆိုခဲ့ပြီး လူသား၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်အညီ လူသားမျိုးနွယ်ရှေ့၌ ရပ်ခဲ့ပြီး၊ ဤအချက်က လူသားမျိုးနွယ်ကြားတွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုကို ကြုံတွေ့ပြီး သိရှိခံစားရန် အခွင့်အလမ်းကို လူတို့အား ပေးခဲ့သည်။ ဤအချက်သည် နှိမ့်ချခြင်းအလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ကြီးမြတ်ခြင်းကို လူတို့အား ထိုးထွင်းသိမြင်စေပြီး၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားအပေါ် ပဏာမနားလည်ခြင်းနှင့် ပဏာမအဓိပ္ပာယ် တစ်ရပ်ကို ရရှိစေခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ
ယေရှု၏ နောက်တော်သို့ လိုက်နေသည့်အချိန်မှာပင် ပေတရုသည် ယေရှုအပေါ် ထင်မြင်ချက်များစွာရှိခဲ့ကာ ယေရှုကို သူ့အမြင်အတိုင်း အမြဲစီရင်နေခဲ့ခြင်းဖြစ်သည်။ သူသည် ဝိညာဉ်တော်နှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုထိ နားလည်မှုရှိသော်လည်း “ကောင်းကင်ဘုံအဖ စေလွှတ်သည့်သူနောက်ကို ကျွန်ုပ်လိုက်ရမည်။ သန့်ရှင်းသောဝိညာဉ်တော် ရွေးချယ်သည့်သူကို ကျွန်ုပ်ဝန်ခံရမည်။” ဆိုပြီး ပြောခဲ့သကဲ့သို့ ပေတရုသည် အလင်းပြခံရခြင်း မဟုတ်သေးပေ။ သူသည် ယေရှုလုပ်ခဲ့သည့် အရာများနှင့် ပတ်သက်ပြီး နားမလည်ခဲ့သလို သူသည် အလင်းပြခြင်းလည်း မခံရသေးပေ။ အချိန်အနည်းငယ်ကြာ ကိုယ်တော့်နောက်သို့ လိုက်ပြီးသည့်နောက်တွင်မူ သူသည် ယေရှု ဘာတွေလုပ်ခဲ့သနည်း၊ ဘာတွေပြောခဲ့သနည်း ဆိုသည်နှင့် ယေရှုကိုယ်တော်တိုင်၏ အကြောင်းကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် လေးစားမှုတို့ကို ဖြစ်ပေါ်စေကြောင်း သူခံစားလာခဲ့ရသကဲ့သို့ သူသည် ကိုယ်တော်နှင့်ပူးပေါင်းဖို့နှင့် ကိုယ်တော့်အနား၌ နေဖို့အပြင် သူ့ကို အထောက်အပံ့နှင့် အကူအညီပေးသည့် ယေရှု၏စကားတို့ကို နားထောင်ဖို့ သူနှစ်သက်လာခဲ့သည်။ ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။ ယေရှုသည် သာမန်လူတို့နှင့် မတူသည့်အကြောင်းကို သူအတွင်းကျကျ နားလည်လာခဲ့သည်။ ကိုယ်တော်၏ လူသားပုံစံသည် သာမန်ထက် အလွန်ထူးခြားနေသော်လည်း ကိုယ်တော်သည် လူသားတို့အတွက် ချစ်ခြင်း၊ နှစ်သက်ခြင်းနှင့် သည်းခံခြင်းတို့နှင့် ပြည့်နှက်နေခဲ့သည်။ ကိုယ်တော် ပြောသမျှနှင့် လုပ်သမျှသည် လူတိုင်းအတွက် အထောက်အကူ ဖြစ်ခဲ့ပြီး ပေတရုသည် သူအရင်က မမြင်ဖူး မတွေ့ဖူးသည့် အရာများကို ယေရှုနား၌ မြင်တွေ့ခဲ့ရသည်။ ယေရှုသည် တော်ဝင်ပုံစံနှင့် သာမန်ထက်ထူးသည့် လူသားဖြစ်ခြင်းတို့ မရှိသော်ငြားလည်း ကိုယ်တော်သည် မိမိနှင့်ပတ်သက်၍ သာမန်ထက်ထူးခြားပြီး ပုံမှန်မဟုတ်သည့်ဟန်ပန် အမှန်တကယ် ရှိနေခဲ့ခြင်းကို ပေတရု တွေ့မြင်ခဲ့ရသည်။ ပေတရုအနေဖြင့် ၎င်းကို ပြည့်ပြည့်စုံစုံ မရှင်းပြနိုင်သော်လည်း သာမန်လူသားများ လုပ်ဆောင်ခြင်းနှင့် အလွန်ပင် ကွဲကွဲပြားပြား လုပ်ဆောင်သည့်အတွက် လူတိုင်းနှင့်မတူဘဲ ကွဲပြားခြားနားနေသည့် ယေရှု၏ လုပ်ဆောင်ချက်များကို ပေတရု မြင်တွေ့ခဲ့ရသည်။ ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိလာသည့်အကြောင်း” မှ
ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုများကို သူ၏လုပ်ငန်းတွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏ လုပ်ငန်းကို ကြုံတွေ့ ခံစားရမှသာလျှင် သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ် သက်ဖွယ်ကောင်းမှုကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို လက်တွေ့ဘဝတွင် စောင့်ကြည့် လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာ ရှိပါသည်။ သို့ရာတွင် သူနှင့်အမှန်တကယ် ဆက်သွယ်မှု မရှိဘဲ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည့်အရာမှာ အကယ်၍ ဘုရားသခင်သည် လူသား အဖြစ် မခံယူခဲ့ပါက လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မဆက်သွယ်နိုင်ပါက ဘုရားသခင်၏ လုပ်ငန်းကိုလည်း တွေ့ကြုံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် ဘုရားသခင် အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာသည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အများဖြင့်သာ စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာလောက် မစစ်မှန်ပေ။ အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိဉာဏ်သည် သူတို့ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်သည့် အရာများ၊ သူတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက် သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်ကြရသည်။ သူ၏ လက်တွေ့ကျပြီး သာမာန်ဖြစ်သည့် ပင်ကိုယ်စရိုက်အားလုံးကို တွေ့ခွင့်ရကြသည်။ ဤအရာများအားလုံးသည် ကောင်းကင်ဘုံတွင်ရှိသော ဘုရားသခင်နှင့်ပတ်သက်သော အသိထက် အဆထောင်ပေါင်းများစွာ ပို၍ စစ်မှန်ပါသည်။ လူတို့သည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ ထိုချစ်ခြင်းမေတ္တာသည် စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိသောအရာ၊ လူသားတို့၏ အတွေးအထင်များဖြင့်သာ ပြည့်နေသောအရာ ဖြစ်သည်။ ကမ္ဘာကြီးပေါ်မှ ဘုရားသခင်ကို အနည်းငယ်သာ ချစ်လျှင်မူ ထိုချစ်ခြင်းသည် စစ်မှန်သော ချစ်ခြင်း ဖြစ်သည်။ အနည်းငယ်သာ ဖြစ်လင့်ကစား စစ်မှန်သည့် ချစ်ခြင်းမေတ္တာ ဖြစ်နေသေးသည်။ ဘုရားသခင်သည် စစ်မှန်သောအလုပ်မှ တဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး၊ ထိုအသိမှတဆင့် လူတို့၏ ချစ်ခြင်းမေတ္တာကို ရယူသည်။ ပေတရုကဲ့သို့ပင် ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ မနေခဲ့လျှင်ယေရှုကို ချစ်မြတ်နိုးရန် မဖြစ်နိုင်ပေ။ ထို့အတူ ယေရှုအပေါ်၌ ထားသော သူ၏ သစ္စာရှိမှုသည်လည်း ယေရှုနှင့် ဆက်နွယ်ခဲ့မှု အပေါ်တွင် တည်ဆောက်ထားသောအရာ ဖြစ်သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ဆီသို့ ကြွဆင်းလာပြီး၊ လူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ ဘုရားသခင်က လူတို့ကို မြင်တွေ့၊ ကြုံဆုံစေသည့် အရာအားလုံးသည် ဘုရားသခင်၏ လက်တွေ့ကျမှုပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ
ယနေ့ လူ့ဇာတိခံယူသောဘုရားသခင် ရရှိချင်သောလူတစ်စုသည် သူ့အလိုနှင့်ကိုက်ညီ သောသူများ ဖြစ်သည်။ လူတို့သည် ကောင်းကင်ဘုံရှိဘုရားသခင်၏ စိတ်ကူးများနှင့် အမြဲတမ်း ပတ်သက်နေခြင်း၊ မရေရာမှုအတွင်း နေထိုင်ခြင်း သို့မဟုတ် လူ့ဇာတိခံဘုရားသခင်အား ဒုက္ခပေးခြင်းတို့ကို မလုပ်ဘဲ သူ့အလုပ်ကို နာခံခြင်းသာ လိုအပ်သည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို နာခံသောသူများ ဖြစ်သည်။ ဤလူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူသည် သို့မဟုတ် ကောင်းဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်ထဲတွင် လက်ရှိ မည်သည့်အလုပ်မျိုးကို လုပ်ဆောင်နေသည်တို့ကို ဂရုမစိုက်ဘဲ မြေကြီးပေါ်ရှိဘုရားသခင်အား ၎င်းတို့၏နှလုံးသားများကို အပြည့်အဝပေးပြီး သူ့ရှေ့တွင် ၎င်းတို့၏ဖြစ်ခြင်း တစ်ခုလုံးကို ထားရှိသည်။ ထိုသူတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို မည်သည့်အခါမျှ မစဉ်းစားဘဲ လူ့ဇာတိခံဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ အရေးပေးလွန်းခြင်း မပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်ကို နာခံသောသူများသည် သူ့အားဖြင့် စုံလင်စေခြင်းခံနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိမည်မဟုတ်ပေ။ ဤသည်မှာ လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ ပေးအပ်သည်မှာ ကောင်းကင်ဘုံရှိဘုရားသခင် မဟုတ်ဘဲ မြေကြီး ပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲတမ်း ချဲ့ထွင်ခြင်းနှင့် မြေကြီးပေါ်ရှိ ဘုရားသခင်အား သာမန်ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြင်ခြင်းတို့ကို မလုပ်သင့်ပေ။ ဤအရာသည် မတရားပေ။ ကောင်းကင်ဘုံရှိဘုရားသခင်သည် ကြီးမြတ်ပြီး အံ့သြဖွယ်ဖြစ်၍ အံ့သြဖွယ်သော ဉာဏ်ပညာရှိ၏၊ သို့သော်လည်း ဤအရာမှာ လုံးဝမတည်ရှိပေ။ မြေကြီးပေါ်ရှိဘုရားသခင်သည် အလွန်သာမန်ဖြစ်၍ ထူးခြားမှု မရှိပေ၊ သူသည် အလွန်ပုံမှန်ဖြစ်သောသူလည်း ဖြစ်သည်။ သူ၌ ထူးကဲသောစိတ် သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မရှိပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသောနည်းလမ်းအားဖြင့် အလုပ်လုပ်ခြင်းနှင့် ပြောဆိုခြင်းသာ ရှိသည်။ သူ သည် မုန်တိုင်းအားဖြင့်စကားပြောခြင်း သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်းတို့ မရှိသော်လည်း သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ်ဖြစ်ပြီး သူသည် လူသားများကြားတွင် နေထိုင်သော ဘုရားသခင် အမှန်တကယ်ဖြစ်သည်။ လူတို့သည် ၎င်းတို့နားလည်နိုင်၍ ဘုရားအဖြစ် ၎င်းတို့ ကိုယ်ပိုင်စိတ်ကူးများနှင့်ကိုက်ညီသော သူကို ပုံကြီးချဲ့ခြင်း သို့မဟုတ် ၎င်းတို့ လက်မခံနိုင်၍ လုံးဝ စိတ်ကူးမယဉ် နိုင်သောသူအား နှိမ့်ကျသူအဖြစ် မမြင်ရပေ။ ဤအရာအားလုံးသည် လူတို့၏ တော်လှန်ပုန်ကန်ခြင်း ဖြစ်သည်၊ ထိုအရာသည် လူသားမျိုးနွယ်၏ ဘုရားသခင်အား ခုခံခြင်း၏ မြစ်ဖျားခံရာအားလုံး ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်” မှ
ဧဝံဂေလိတရားရုပ်ရှင်ကိုဝေမျှခြင်း
Myanmar Subtitle movie | ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
No comments:
Post a Comment