菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

3/01/2019

ဘုရားသခင်၏ စကားတော် | လက်တွေ့လုပ်ဆောင်ခြင်း (၂)

ဘုရားသခင်, သမ္မာတရား,  ဝိညာဉ်တော်, ခရစ်တော်၏ ပြောကြားချက်များ,

လွန်ခဲ့သောကာလများတွင် လူများသည် အချိန်တိုင်း၌ ဘုရားသခင်နှင့်အတူ ရှိရန်နှင့် ဝိညာဉ်၌ အသက်ရှင်ရန် မိမိတို့ကိုယ်မိမိ လေ့ကျင့်ခဲ့ကြသည်။ ယနေ့ခေတ်၏ လက်တွေ့လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက ယင်းသည် ရိုးရှင်းသော ဝိညာဉ်ရေးရာ လေ့ကျင့်မှုမျှသာ ဖြစ်ပြီး၊ ယင်းသည် လူများ၏ ယုံကြည်မှု၌ လက်တွေ့လုပ်ဆောင်မှု တကယ့်ပထမအဆင့်ပင် ဖြစ်သည်။ အကယ်၍ လူများသည် သူတို့၏ အသက်တာများထဲ၌ ဤအရာအပေါ် အစဥ်အမြဲ မှီခိုမည် ဆိုပါက သူတို့သည် မှန်ကန်သော အသက်တာအတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်များကို လေ့ကျင့်ရုံမျှသာ တတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ သူတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံသို့ ကောင်းမွန်စွာ တိုးဝင်ချဥ်းကပ်ခြင်းငှာ ဆက်လက်စွမ်းဆောင်စေကာ၊ သူတို့နှင့်အတူ ဘုရားသခင်ကို ပိုင်ဆိုင်ထားခြင်း၌ ကြီးမားလှသော ပျော်ရွှင်ခြင်းကို အစဥ်ပင် ရှာဖွေတွေ့ရှိကြသည်။ သူတို့သည် ဘုရားသခင်နှင့် အတူရှိခြင်း ကမ္ဘာငယ်လေးထဲ ကန့်သတ်ခံကြရလိမ့်မည် ဖြစ်ပြီး၊ ထူးခြားသော မည်သည့်အရာကိုမျှ နားလည်ဖို့ တတ်စွမ်းနိုင်လိမ့်မည်မဟုတ်ပါ။ ဤနယ်နမိတ်များအတွင်း၌ နေထိုင်သော လူများသည် ကြီးမားသော မည်သည့်တိုးတက်မှုကိုမျှ လုပ်ဆောင်နိုင်စွမ်းရှိကြမည် မဟုတ်ပေ။ မည်သည့်အချိန်မဆို သူတို့သည် “အိုး သခင်ယေရူ၊ အာမင်” ဟု အော်ဟစ်တတ်ကြသည်။ သူတို့သည် နေ့တိုင်းနီးပါး ဤကဲ့သို့ပင် ဖြစ်ကြသည်။ ထိုအရာသည် လွန်ခဲ့သောကာလများ၏ လက်တွေ့ လုပ်ဆောင်မှု ဖြစ်ပြီး၊ အချိန်တိုင်း ဝိညာဉ်၌ အသက်ရှင်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ထိုအရာသည် အရှက်အကြောက်ကင်းမဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ရန် အချိန်ကျသောအခါ၊ သင်သည် ယင်းတို့ကို ဆင်ခြင်သင့်သည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ အချိန်ကျသောအခါ သင်သည် ယင်းကို လက်တွေ့ကျင့်သုံးသင့်သည်၊ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ဖြစ်သောအခါ သင်သည် ယင်းကို ထမ်းဆောင်သင့်သည်။ ဤကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် လွတ်လပ်ပြီး သင့်ကို လွတ်မြောက်စေသည်။ ထိုအရာမှာ ဘာသာရေးကိုင်းရှိုင်းသော ရှေးဟောင်းလူများ ဆုတောင်း၍ ကျေးဇူးချီးမွမ်းသည့်ပုံစံနှင့် မတူပေ။ ဤအရာသည် ယခင်က ယုံကြည်သောလူများ၏ လက်တွေ့ကျင့်သုံးမှုပင် တကယ်ဖြစ်ခဲ့သော်လည်း ယခုတွင် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန်ခေတ်နောက်ကျနေသည်။ ဘုရားသခင်၏ အမှုမှာ ယခုတွင် ပိုမိုမြင့်မားသော အဆင့်တွင်ရှိပြီး၊ ယနေ့ပြောနေကြသော အရာပင်ဖြစ်သည်။ “စစ်မှန်သော အသက်တာထဲသို့ ဘုရားသခင်ကို ယူဆောင်ခြင်း” ဟူသည်မှာ လက်တွေ့လုပ်ဆောင်မှု၏ အရေးကြီးဆုံးသောရှုထောင့်ပင် ဖြစ်သည်။ တကယ့်အသက်တာထဲတွင် ယင်းသည် လူများအနေနှင့် သင့်တင့်လျောက်ပတ်သော လူ့သဘာဝကို ပိုင်ဆိုင်ရန်နှင့် သူတို့၏ သင့်တင့်လျောက်ပတ်သော လူ့သဘာဝထဲတွင် လူများပိုင်ဆိုင်သင့်သော အရာသည် ယနေ့ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များအားလုံးဖြစ်ရန် တောင်းဆိုသည်။ တကယ့်အသက်တာထဲသို့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ယူဆောင်ခြင်းဆိုသည်မှာ “တကယ့်အသက်တာထဲ ဘုရားသခင်ကို ယူဆောင်ခြင်း” ၏ လက်တွေ့အဓိပ္ပါယ်ပင် ဖြစ်သည်။ ယနေ့တွင် လူများသည် အခြေခံအားဖြင့် အောက်ပါအချက်များနှင့် သူတို့ကိုယ်သူတို့ ပြည့်စုံစေသင့်သည်- ပထမအချက်အနေဖြင့်၊ သူတိူ့သည် ပညာတတ်မြောက်ရမည်၊ သူတို့၏ အစွမ်းအစကို တိုးတက်စေပြီး၊ သူတို့၏ စာဖတ်ခြင်းနှင့် သဘောပေါက်နားလည်မှု စွမ်းရည်များ တိုးတက်လာရမည်။ အခြားအချက်မှာ၊ သူတို့သည် သင့်တင့်လျောက်ပတ်သော လူတစ်ဦး၏ အသက်တာကို နေထိုင်ရမည်။ သင်သည် ကမ္ဘာလောကကြီးမှ ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာရုံသာ ရှိသေးသည်၊ သင်သည် အရင်ဆုံး သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်၌ တိတ်ဆိတ်ရန် လေ့ကျင့်ရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ တကယ့်အစကနဦးဖြစ်ပြီး၊ သင်၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိရာ၌ ပထမခြေလှမ်းလည်း ဖြစ်သည်။ အချို့လူတို့သည် သူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ အတော်အတန်ပင် အလိုက်သင့်နေထိုင်တတ်ကြသည်။ သူတိုသည် အလုပ်လုပ်နေစဥ် သို့မဟုတ် အိမ်မှုများလုပ်နေစဉ် သမ္မာတရားကို ဆင်ခြင်ကြကာ၊ လက်တွေ့အရှိတရားထဲတွင် သူတို့နားလည်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ သမ္မာတရားများနှင့် အခြေခံသဘောတရားများအား နားလည်သဘောပေါက်ကြသည်။ ရှုထောင့်တစ်ခုအနေဖြင့် သင်၌ သင့်တင့်လျောက်ပတ်သော လူ့အသက်တာ ရှိရမည်၊ အခြားရှုထောင့်တစ်ခုမှာမူ သမ္မာတရားထဲ ဝင်ရောက်မှု ရှိရပါမည်။ ဤအရာများအားလုံးသည် တကယ့်အသက်တာအတွက် အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။


လူတို့၏ တကယ့်အသက်တာများထဲသို့ ဘုရားသခင်ကို ယူဆောင်ခြင်းက သူတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဘုရားသခင်ကို သိခြင်းအား မီအောင်လိုက်ရန်နှင့် သင့်တင့်လျောက်ပတ်သော လူ့သဘာဝထဲတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် တောင်းဆိုသည်။ သူတို့သည် တစ်ခုခုလုပ်တိုင်း ဘုရားသခင်ထံ အသေအချာဆုတောင်းရန် လိုအပ်သည် ဟူသည့်သဘော မဟုတ်ပေ၊ သူတို့သည် ဆုမတောင်းပါက အဆင်မပြေဘဲ ဘုရားသခင်အား အကြွေးတင်သည်ဟု ခံစားသင့်သည် ဟူသည့်သဘော မဟုတ်ပေ။ မျက်မှောက်ခေတ်၏ လက်တွေ့လုပ်ဆောင်မှုသည် ထိုအရာများနှင့် မတူပေ။ ထိုအရာသည် အလွန်ပင် စိတ်အေးရပြီး ရိုးရှင်းလှသည်တကား။ ထိုအရာမှာ လူများကို အယူဝါဒများကို လိုက်နာစေရန် မဟုတ်ပေ။ ထို့အစား အယောက်စီတိုင်းသည် သူတို့၏ တစ်ဦးချင်း ဝိညာဉ်အသက်တာနှင့်အညီ ပြုမှုသင့်သည်။ အကယ်၍ သင်၏ခင်ပွန်းသည် ဘုရားသခင်ကို မယုံလျှင် သူ့ကို မယုံကြည်သူအဖြစ် ဆက်ဆံလော့၊ အကယ်၍ သူသည် ယုံလျှင် သူ့ကို ယုံကြည်သူအဖြစ် ဆက်ဆံလော့။ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းကို မကျင့်သုံးပါနှင့်၊ ထို့အစား ဉာဏ်ပညာကို အသုံးချလော့။ အချို့လူများသည် ဟင်းသီးဟင်းရွက်ဝယ်ရန် ထွက်သွားကြပြီး သူတို့ လမ်းလျှောက်နေခိုက် တီးတိုးပြောကြသည်မှာ- “အိုး ဘုရားသခင်၊ ကိုယ်တော် ဒီနေ့ ကျွန်ုပ်ကိုဘယ်ဟင်းသီးဟင်းရွက် ဝယ်ခိုင်းမလဲ။ ကိုယ်တော့်အကူအညီကို ကျွန်ုပ်တောင်းခံပါတယ်။ ဘုရားသခင်က အရာရာတိုင်းမှာ သူ့နာမတော်ကို ငါတို့ ထင်ရှားစေဖို့အတွက်နဲ့ ငါတို့အားလုံး သက်သေခံဖို့အတွက် တောင်းဆိုတာပဲ။ ဒါကြောင့် တကယ်လို့ စျေးရောင်းတဲ့သူက ငါ့ကို ပုပ်သိုးတဲ့အရာတစ်ခုကို ရောင်းပေးရင်တောင် ဘုရားသခင်ကို ငါကျေးဇူးတင်နေဦးမှာပဲ၊ ငါသည်းညည်းခံမယ်။ ဘုရားသခင်ကို ယုံကြည်တဲ့ ငါတို့က ဘယ်ဟင်းသီးဟင်းရွက်ကိုမှ ဝယ်ရမယ်ဆိုတာ မရွေးရဘူး။” ဤသို့ပြုခြင်းသည် သက်သေခံနေခြင်းဖြစ်သည်ဟု သူတို့ထင်ကြပြီး အကျိုးဆက်မှာ သူတို့သည် ပုပ်သိုးနေသော ဟင်သီးဟင်းရွက်တစ်စည်းကို ဝယ်ရန် ငွေသုံးကြသည့်တိုင်၊ သူတို့သည် ဆက်၍- “အိုး ဘုရားသခင်၊ ကိုယ်တော် ဒီအရာကို ကောင်းမွန်တယ်လို့ လက်ခံသရွေ့ ကျွန်ုပ် ဒီပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကို စားပါမယ်။” ဟု ဆုတောင်းကြလေသည်။ ထို့ကဲ့သို့သော လက်တွေ့လုပ်ဆောင်မှုသည် အဓိပ္ပါယ်မဲ့သည် မဟုတ်သလော။ ယင်းသည် အယူဝါဒတစ်ခုနောက်သို့ လိုက်ခြင်းပင် မဟုတ်သလော။ ယခင်က လူများသည် အချိန်တိုင်းတွင် ဝိညာဉ်၌ အသက်ရှင်ရန် လေ့ကျင့်ခဲ့ကြပြီး ဤအရာသည် ယခင် ကျေးဇူးတော်ခေတ်၌ ပြုလုပ်ခဲ့သော အလုပ်နှင့် ဆက်စပ်ခဲ့သည်။ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ အရာရာတိုင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း— ဤအရာများသည် ကျေးဇူးတော်ခေတ်ရှိ ယုံကြည်သူတိုင်းအတွက် တောင်းဆိုချက်များ ဖြစ်ခဲ့သည်။ ထိုအချိန်၌ လူများသည် အရာရာတိုင်း၌ ဘုရားသခင်ကို ဆုတောင်းခဲ့ကြသည်၊ သူတို့သည် အဝတ်အစားများ ဝယ်သောအခါ ဆုတောင်းကြသည်။ တွေ့ဆုံပွဲတစ်ခုအတွက် အကြောင်းကြားခံရသောအခါ သူတို့သည် “အို ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို သွားခိုင်းမလား၊ ဒါမှမဟုတ် မသွားခိုင်းဘူးလား။ တကယ်လို့ ကိုယ်တော် ကျွန်ုပ်ကို သွားခိုင်းရင် ကျွန်ုပ်အတွက် ချောမွေ့သောလမ်းကို ပြင်ဆင်ပေးပါ။ အကယ်၍ ကိုယ်တော် ကျွန်ုပ်ကို မသွားခိုင်ရင် ကျွန်ုပ်ကို ခလုတ်တိုက်လဲကျစေပါ” ဟုလည်း ဆုတောင်းကြသည်။ သူတို့သည် ဆုတောင်းနေရင်း ဘုရားသခင်ကို အသနားခံကြမည်ဖြစ်ပြီး၊ ဆုတောင်းပြီးမှ စိတ်ထဲက တထင့်ထင့်ခံစားရမည်ဆိုလျှင် မသွားဘဲနေကြမည်။ သူတို့၏ မယုံကြည်သူခင်ပွန်းသည် ပြန်လာသောအခါ အရိုက်ခံရမည်ကို ကြောက်သောကြောင့် ဆုတောင်းသည့်အခါ စိုးရိမ်ပူပန်မှုကို ခံစားရသည့် ညီအစ်မများလည်း ရှိခဲ့ကြပြီး ထို့ကြောင့် တွေ့ဆုံပွဲကို သွားကြမည်မဟုတ်ပေ။ ဤအရာသည် ဘုရားသခင်၏ အလိုဖြစ်မည်ဟု သူတို့ယုံကြည်ခဲ့ကြသော်လည်း အမှန်မှာ သူတို့ သွားခဲ့ကြလျှင် မည်သည့်အရာမှ ဖြစ်မည်မဟုတ်ပေ။ ရလဒ်မှာမူ သူတို့သည် တွေ့ဆုံပွဲကို ပျက်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ လူတို့၏ ကိုယ်ပိုင်မသိနားမလည်မှု၏ ရလဒ်ပင်ဖြစ်သည်။ ဤနည်းလမ်း၌ လက်တွေ့လုပ် ဆောင်သောလူအပေါင်းသည် သူတို့၏ကိုယ်ပိုင် စိတ်ခံစားချက်များဖြင့် အသင်ရှင်ကြသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် အလွန်မှားယွင်းပြီး အဓိပ္ပါယ်မဲ့ကာ မရေရာမှု၏ အစွန်းအထင်းများနှင့် ပြည့်နှက်သည်။ သူတို့၏ ကိုယ်ပိုင်ခံစားချက်များနှင့် အတွေးများမြောက်မြားစွာ ပါရှိသည်။ အကယ်၍ သင်သည် တွေ့ဆုံပွဲတက်ဖို့ရန် အသိပေးခံရလျှင်၊ ဘုရားသခင်ကို ဆုတောင်းရန် နောက်ထပ်မလိုအပ်ပေ။ ဤသည်မှာ မရိုးရှင်းပေဘူးလော။ အကယ်၍ သင်သည် အဝတ်အစားတစ်မျိုး ဝယ်ဖို့လိုလျှင် အပြင်သို့သာသွားပြီး ဝယ်ယူလော့။ ဘုရားသခင်ကို ဆုတောင်းပြီး- “အိုး ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို သွာခိုင်းမှာလား၊ ဒါမှမဟုတ် မသွားခိုင်းဘူးလား။ ကျွန်ုပ် ထွက်သွားနေခိုက် ညီအစ်မများထဲမှ တစ်ယောက်ယောက် လာလည်ဖြစ်မယ်ဆိုရင် ဘာဖြစ်မလဲ” ဟု မပြောပါနှင့်။ သင်သည် ညီအစ်မတစ်ဦးဦး လာလည်မည်စိုးသောကြောင့် သင်မသွားတော့ပေ။ သို့သော် ရလဒ်မှာ ညနေခင်းရောက်လာရောက်လာပြီး မည်သူမှလာမလည်ပါပေ။ ကျေးဇူးတော်ခေတ်၌ပင် ဤလက်တွေ့လုပ်ဆောင်မှုနည်းလမ်းသည် မှားယွင်းပြီး မမှန်ကန်ပေ။ ထို့ကြောင့်၊ အကယ်၍ လူများသည် ကုန်လွန်သွားသောကာလများကကဲ့သို့ လက်တွေ့လုပ်ဆောင်လျှင် သူတို့၏ အသက်တာတွင် အပြောင်းအလဲ ရှိလိမ့်မည်မဟုတ်ပေ။ သူတို့သည် ဖြစ်လာသမျှကို မသိနားမလည်စွာပင် ကြိတ်မှိတ်လက်ခံထားကြမည်ဖြစ်ပြီး၊ ထိုးထွင်းသိမြင်ရန် အရေးစိုက်ကြမည် မဟုတ်ပေ။ ထို့ပြင် ကြောင်းကျိုးမမြင်ဘဲ နာခံရန်နှင့် သည်းခံရန်မှအပ ဘာမျှ လုပ်ဆောင်ကြမည် မဟုတ်ပေ။ ထိုအချိန်က လူများသည် ဘုရားသခင်ကို ချီးမြောက်ရာ၌ အာရုံစိုက်ခဲ့ကြသော်လည်း ဘုရားသခင်သည် သူတို့ထံမှ ချီးမြောက်ခြင်း မရခဲ့ပေ၊ အကြောင်းမှာ သူတို့သည် လက်တွေ့ကျသော မည်သည့်အရာကိုမျှ အသက်ရှင်နေထိုင်ခြင်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့သည် ကိုယ်ပိုင်အယူအဆများနှင့်အညီ သူတို့ကိုယ်သူတို့ကိုသာ ထိန်းချုပ်ပြီး ကန့်သတ်ခဲ့ကြသည်၊ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်ခြင်းကပင် သူတို့၏ အသက်တာထဲသို့ အပြောင်းအလဲ မဖြစ်ပေါ်စေခဲ့ပေ။ သူတို့သည် သည်းခံရန်၊ နှိမ့်ချရန်၊ ချစ်ရန်၊ ခွင့်လွတ်ရန်သာ သိခဲ့ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းရခြင်း စိုးစဥ်းမျှပင် မရှိခဲ့ကြပေ။ လူတို့သည် ထိုနည်းဖြင့် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ ထို့ပြင် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမြှောက်နိုင်မည်နည်း။

အကယ်၍ လူများသည် သူတို့၏ တကယ့်အသက်တာများထဲနှင့် သူတို့၏ သာမန်လူ့အသက်တာများထဲ ဘုရားသခင်ကို ယူဆောင်မှသာ သူတို့သည် ဘုရားသခင်ကို ယုံကြည်မှု၏ လမ်းကြောင်းမှန်ထဲ ဝင်ရောက်နိုင်မည်ဖြစ်သည်။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ကို ဦးဆောင်သဖြင့် လွန်ခဲ့သောကာလများမှာကဲ့သို့ ရှာဖွေရန်နှင့် စမ်းတဝါးဝါးလုပ်ရန် မလိုတော့ပေ။ သင်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ ငါထုတ်ဖော်ထားသော လူသား၏ အခြေအနေများနှင့်အညီ သင့်ကိုယ်သင် ဆန်းစစ်ပြီး တိုင်းတာနိုင်သောအခါ၊ သင်သည် ပြောင်းလဲမှုကို ရယူနိုင်မည်ဖြစ်သည်။ ဤအရာသည် အယူဝါဒမဟုတ်၊ ဘုရားသခင်မှ လူသားကို တောင်းဆိုထားသည့်အရာပင် ဖြစ်သည်။ ယနေ့ ငါ သင့်အား အဓိကအချက်ကို ပြောပြမည်- ငါ၏ နူတ်ကပတ်တော်များနှင့်အညီ ပြုမူခြင်းကိစ္စ၌သာ စိတ်ဝင်စားလော့။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များမှာ သာမန်လူများ၏ လိုအပ်ချက်များနှင့်အပေါ် အခြေခံထားသည်။ ငါသည် သင့်ကို ငါ၏ နုတ်ကပတ်တော်များအား ပြောခဲ့ပြီး ဖြစ်သည်၊ အကယ်၍ သင်သည် သန့်ရှင်းစွာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရာ၌သာ အာရုံစိုက်လျှင် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်စွမ်းရှိလိမ့်မည် ဖြစ်သည်။ ယခုမှာ ဘုရားသခင်၏ နူတ်ကပတ်တော်များအတွင်း၌ အသက်ရှင်ရမည့်အချိန် ဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရာအားလုံးကို ရှင်းပြခဲ့ပြီးဖြစ်သည်၊ အရာအားလုံးကို ရှင်းလင်းစေခဲ့ပြီ ဖြစ်ပြီး၊ ဘုရားသခင်၏ နူတ်ကပတ်တော်များအားဖြင့် သင်အသက်ရှင်နေသရွေ့ လုံးလုံးလျားလျား လွတ်လပ်ပြီး လွတ်မြောက်သော အသက်တာကို သင်နေထိုင်လိမ့်မည်ဖြစ်သည်။ အတိတ်က လူတို့သည် သူတို့၏ လက်တွေ့အသက်တာထဲသို့ ဘုရားသခင်ကို ယူဆောင်လာကြသည့်အခါ သူတို့သည် မြောက်မြားစွာသော အယူဝါဒနှင့် ဘာသာဓလေ့တို့ကို လက်တွေ့ကျင့်သုံးပြီး ဖြတ်သန်းခဲ့ကြသည်၊ သူတို့သည် တကယ့်အသေးအဖွဲကိစ္စများ၌ပင် ဆုတောင်းပြီး ရှာဖွေကာ၊ ရှင်းလင်းစွာဖော်ပြထားသော နှုတ်ကပတ်တော်များကို မဖတ်ဘဲ ဘေးဖယ်ထားခဲ့ကြသည်။ ထို့အစား၊ သူတို့သည် ရှာဖွေခြင်း၌ သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးကို နှစ်မြုပ်ခဲ့ကြပြီး၊ ရလဒ်မှာ အကျိုးသက်ရောက်မှု မရှိခဲ့ခြင်းပင်ဖြစ်သည်။ ဥပမာ၊ အစားအသောက်နှင့် အဝတ်အစားကိစ္စများကို ကြည့်ပါ- သင်သည် ဤကိစ္စကို ဆုတောင်းပြီး ဘုရားသခင်၏ လက်ထဲ၌ထားကာ၊ သင့်အတွက် အရာရာကို ရွေးချယ်ပေးရန် ဘုရားသခင်ကို တောင်းဆိုသည်။ ဘုရားသခင်သည် ဤစကားများကို ကြားသောအခါ သူက- “ထိုကဲ့သို့သော မဖြစ်စလောက် အသေးစိတ်များကို ငါစိတ်ဝင်စားဖို့ လိုသလော။ သင့်အဖို့ ငါဖန်းဆင်းခဲ့သည့် သင့်တင့်လျောက်ပတ်သော လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့မှာ ဘယ်ရောက်သွားကြပြီနည်း။” ဟု ပြောလိမ့်မည်။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးသည် သူ၏အပြုအမူများတွင် အမှားလုပ်မိတတ်သဖြင့် သူတို့သည် ဘုရားသခင်ကို စော်ကားမိပြီဟု ယုံကြည်တတ်ကြပြီး သူတို့သည် ချုပ်တည်းလာတတ်ကြလေသည်။ တချို့လူများ၏ အနေအထားများမှာ အင်မတန် ကောင်းသော်လည်း သူတို့သည် သေးငယ်သော အရာတစ်ချို့ကို မမှန်မကန်လုပ်မိသောအခါ ဘုရားသခင်က သူတို့ကို ပြစ်တင်ဆုံးမနေသည်ဟု ယုံတတ်ကြသည်။ အမှန်မှာ၊ ဤအရာသည် ဘုရားသခင်လုပ်ဆောင်သည့်အရာ မဟုတ်ဘဲ လူတို့၏ ကိုယ်ပိုင်စိတ်များ၏ သက်ရောက်မှုသာ ဖြစ်သည်။ တစ်ခါတစ်ရံ၊ သင်ကြုံတွေ့ခံစားရသောနည်းလမ်းတွင် အမှားဘာမျှ မရှိသော်လည်း၊ အခြားလူများက သင့်ကို မှန်ကန်စွာ ကြုံတွေ့နေခြင်းမရှိကြောင်း ပြောကြသောကြောင့်၊ သင်သည် ကျော့ကွင်းမိလာသည်၊ သင် အပျက်သဘောဆောင်လာပြီး အတွင်းထဲမှာ မှောင်မိုက်သွားသည်။ မကြာခဏပင် လူများသည် ဤနည်းလမ်းအတိုင်း အပျက်သဘောဆောင်သောအခါ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း ခံနေရသည်ဟု သူတို့ယုံကြည်ကြသည်။ သို့သော်လည်း ဘရားသခင်က- “ငါသည် သင့်အပေါ်၌ အဘယ်ပြစ်တင်ဆုံးမခြင်းအမှုကိုမျှ မပြုပြီ။ အဘယ့်ကြောင့် သင်သည် ငါ့အား ဤသို့ အပြစ်တင်နိုင်ရသနည်း” ဟု ပြောသည်။ လူများသည် အလွန်လွယ်ကူစွာ အပျက်သဘောဆောင်လာတတ်ကြသည်။ သူတို့သည် မကြာခဏ အလွန်ထိခိုက်လွယ်ပြီး ဘုရားသခင်အကြောင်းကိုလည်း မကြာခဏ စောဒကတက်ကြသည်။ ဘုရားသခင်သည် သင့်ကို ထိုနည်းအတိုင်း ဒုက္ခခံစားဖို့ရန် မတောင်းဆိုသော်လည်း သင်သည် ထိုအခြေအနေသို့ ကျရောက်ခြင်းငှာ သင်ကိုယ်တိုင် ခွင့်ပြုလေသည်။ ထိုကဲ့သို့သော ဆင်းရဲဒုက္ခခံစားခြင်း၌ တန်ဖိုးမရှိပေ။ လူများသည် ဘုရားသခင်လုပ်ဆောင်သည့်အမှုကို မသိသည့်ပြင် အမှုအရာ တော်တော်များများတွင် သူတို့သည် ပညာမဲ့ပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ၊ ထို့ကြောင့် သူတို့သည် သူတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၌ ပိတ်မိလာကြပြီး ပို၍ပင် နက်နက်ရှိုင်းရိူင်း ရစ်ပတ်တွယ်ငြိလာကြသည်။ တစ်ချို့လူများသည် အမှုအရာအားလုံးနှင့် ကိစ္စအားလုံးသည် ဘုရားသခင်၏ လက်၌ရှိသည်ဟု ပြောကြသည်၊ ထို့သိုဆိုလျှင် ဘုရားသခင်သည် လူများ အပျက်သဘောဆောင်ကြသောအခါ မသိနိုင်သလော။ အမှန်ပင် ဘုရားသခင် သိပါ၏။ သင်သည် လူ၏ အယူအဆများထဲတွင် ကျော့ကွင်းမိသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်ရန်မဖြစ်နိုင်ပေ။ ကြိမ်ဖန်များစွာ၊ အချို့လူများသည် အပျက်သဘောဆောင်သော အခြေအနေထဲတွင် ကျော့ကွင်းမိလာကြသော်လည်း ငါသည် ငါ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။ သင်သည် ထိုအချိန်တွင် အပျက်သဘောဆောင်သည်ဖြစ်စေ သို့မဟုတ် ကြိုတင်ဖန်တီးယူတတ်သည်ဖြစ်စေ ငါသည် သင်၏ ချုပ်ချယ်ဟန့်တားခြင်းကို ခံရမည်မဟုတ်၊ သို့သော် ငါပြောသော နှုတ်ကပတ်တော်များစွာ၊ ငါပြုသည့် ကြီးမားသော အမှုပမာဏတို့ အားလုံးမှာ လူတို့၏ အခြေအနေများအရ အလုံးအရင်းနှင့် လာကြသည်ကို သင်သိသင့်သည်။ လူတွေ၏ အနေအထားနှင့်အညီ တစ်ပြုံ တစ်ခေါင်းကြီး လာသင့်သည်။ သင်သည် အပျက်သဘောဆောင်သောအခါ ဤအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မပိတ်ဆို့ပါပေ။ ဥပမာ၊ ပြစ်တင်ဆုံးမခြင်းကာလများနှင့် သေခြင်းနှင့်ယှဥ်သော ကာလများအတွင်း လူများသည် အပျက်သဘောဆောင်သော အခြေအနေ၌ အာလုံး ကျော့ကွင်းမိခဲ့ကြသည်။ သို့သော်လည်း ဤအရာသည် ငါ၏အမှုကို မပိတ်ဆို့ခဲ့ပေ။ သင်သည် အပျက်သဘောဆောင်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားလူများ၌ လုပ်ဆောင်ရန်လိုအပ်သည့်အရာကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သင်သည် တစ်လကြာ လုံးဝရပ်တန့်ကာ ရှိကောင်းရှိနေမည်။ သို့သော် ငါသည် အမှုကို ဆက်လက်လုပ်ဆောင်နေသည်၊ အနာဂတ်၌ဖြစ်စေ သို့မဟုတ် ပစ္စုပ္ပန်၌ဖြစ်စေ သင်လုပ်သည့်အရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို မရပ်တန့်နိုင်ပေ။ အပျက်သဘောဆောင်သော အခြေအနေများတစ်ချို့မှာ လူသား၏ အားနည်းချက်မှ လာသည်၊ လူများသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းဖို့ရန် သို့မဟုတ် ယင်းတို့ကို နားလည်ဖို့ရန် အမှန်တကယ် မစွမ်းဆောင်နိုင်ပါဟု ယုံကြည်မိသောအခါ သူတို့သည်အပျက်သဘောဆောင်လာကြသည်။ ဥပမာ၊ ပြစ်တင်ဆုံးမသော အချိန်များ အတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြစ်တင်ဆုံးမခြင်းအလယ်၌ အတိုင်းအတာတစ်ခုအထိ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို ပြောသော်လည်း၊ လူတို့သည် သူတို့ကိုယ်သူတို့ မတတ်စွမ်းနိုင်ပါဟု ယုံကြည်ခဲ့ကြသည်။ သူတို့သည် ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းကို အထူးသဖြင့် ခံစားခဲ့ကြသည်မှာ သူတို့၏ ဇာတိကပတိသည် စာတန်၏ ပြင်းပြင်းထန်ထန် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ကြရပြီး၊ သူတို့၏ အစွမ်းအစမှာ အလွန်ညံ့ဖျင်းခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဤပတ်ဝန်းကျင်၌ မွေးဖွားလာခဲ့သည်ကို ဝမ်းနည်းစရာဖြစ်သည်ဟု ခံစားခဲ့ကြသည်။ ထို့ပြင် တစ်ချို့လူများသည် ဘုရားသခင်ကို ယုံကြည်ရန်နှင့် ဘုရားသခင်ကိုသိရန် သူတို့အလွန် နောက်ကျသွားပြီ ဟူ၍လည်းကောင်း၊ သူတို့သည် စုံလင်အောင်ပြုခြင်းကို ခံရရန် မထိုက်တန်ပါ ဟူ၍လည်းကောင်း ခံစားခဲ့ကြသည်။ ဤအရာအားလုံးသည် သာမန် လူသားအခြေအနေများ ဖြစ်သည်။

လူ၏ဇာတိပကတိသည် စာတန်နှင့်ဆိုင်ပြီး မနာခံသော စိတ်သဘောထားများနှင့် ပြည့်နှက်နေသည်။ ယင်းသည် မနှစ်မြို့ဖွယ်ကောင်းသော ညစ်ညမ်းမှုဖြစ်ပြီး မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူများသည် ဇာတိပကတိ၏ ဝမ်းမြောက်မှုကို အလွန်အမင်း တပ်မက်ကြပြီး ဇာတိပကတိ၏ များပြားလှသော သရုပ်သကန်များ ရှိလေသည်၊ ထို့ကြောင့် ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာခြင်းဖြစ်သည်။ လူများသည် ညစ်ညမ်းမှု၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော အရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို သူတို့ရရှိကြသည်။ သို့သော်လည်း သူတို့သည် ညစ်ညမ်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သူတို့စိတ်ကူးထဲမှ မထုတ်ပစ်သေးလျှင် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်နေကြဆဲဖြစ်သည်။ လူများ၏ မသိကျိုးကျွန်ပြုခြင်း၊ လိမ်ညာလှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းတို့ အားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းဟူသည် ဤအရာများမှ သင့်ကို လွတ်မြောက်ခွင့်ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ၊ ထိုအရာအားလုံးသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်အတွက်ပင် ဖြစ်သည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ထားပြီး ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ သင့်ကိုယ်သင် ခွဲထွက်နိုင်သောအခါ၊ ထို့ပြင် ဤဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်ခြင်းကို နောက်ထပ်မခံရသောအခါ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်မဟုတ်လော။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ ဘုရားသခင်ကို ပြသထင်ရှားစေခြင်းငှာ သင်စွမ်းဆောင်နိုင်မည် မဟုတ်ဘဲ သင်သည် ညစ်ညမ်းသောအရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်အောင်ပြုခြင်း ခံရသောအခါ သင်သည် သန့်ရှင်းလာမည်ဖြစ်ပြီး သင့်တင့်လျောက်ပတ်သောလူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားသခင်၌ သင်ပျော်ရွှင်ကြည်နူးမည် ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သောအလုပ်သည် ကယ်တင်ခြင်းဖြစ်ပြီး၊ ထို့ပြင် ယင်းသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ ထိုအရာ၌ ရှုထောင့်အတော်များများရှိသည်။ ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာ မဟုတ်ကြဘဲ၊ ကျိန်ခြင်းလည်း ဖြစ်သည်ဟု သင်ပြောမိလိမ့်မည် မဟုတ်လော။ ငါသည် အကျိုးသက်ရောက်မှုတစ်ခု ရယူရန်၊ လူတွေကို သူတို့ကိုယ်သူတို့ သိစေရန်နှင့် လူတွေကို သေခြင်းသို့ မပို့ဆောင်စေရန်အလို့ငှါ စကားပြောလေသည်။ ငါ၏ စိတ်နှလုံးမှာ သင်တို့အဖို့ ဖြစ်သည်။ စကားပြောခြင်းသည် ငါလုပ်ဆောင်သော နည်းလမ်းများစွာအနက် တစ်ခုဖြစ်ပြီး နုတ်ကပတ်တော်များမှတစ်ဆင့် ငါသည် ဘုရားသခင်၏ စိတ်နေသဘောထားကို ဖော်ပြပြီး ဘုရားသခင်၏ အလိုတော်ကို သင်တို့အား နားလည်ခွင့်ပေးသည်။ သင်၏ ဇာတိပကတိသည် သေဆုံးနိုင်သော်လည်း သင်၌ စိတ်နှင့် ဝိညာဉ်ရှိသည်။ အကယ်၍ လူတို့တွင် ဇာတိပကတိတစ်ခုသာ ရှိခဲ့လျှင် သူတို့၏ ယုံကြည်ခြင်း၌ အဓိပ္ပါယ်ရှိမည် မဟုတ်သည့်အပြင် ငါပြီးမြောက်ခဲ့သည့် အလုပ်များအားလုံး၌လည်း မည်သည့်အဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။ ယနေ့ ငါသည် ဤအရာပြီး ထိုအရာကို ပြောနေသည်၊ အချိန်အတော်ကြာ ငါသည် လူများကို အလွန်အမင်း မုန်းတီးပြီးနောက် ငါသည် တစ်ခဏကြာ အလွန်တရာ ချစ်မြတ်နိုးတတ်သည်။ ငါသည် ဤအရာအားလုံးကို သင်၏ စိတ်သဘောထားများအတွင်း၌ ပြောင်းလဲမှုကို ရယူရန်လည်းကောင်း၊ သင်တို့၏ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အယူအဆများကို ပြောင်းလဲရန်လည်းကောင်း လုပ်ဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးသောကာလသည် ရောက်လာပြီဖြစ်ပြီး ကမ္ဘာအနှံ့မှ နိုင်ငံများသည် ကသောင်းကနင်းဖြစ်နေသည်။ နိုင်ငံရေးမတည်ငြိမ်မှု ရှိသည်၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေလွှမ်းမိုးခြင်းမှုများနှင့် မိုးခေါင်မှုများ နေရာအနှံ့ ပေါ်ထွက်လာနေကြသည်။ လူသားများ၏ကမ္ဘာ၌ ရုတ်တရက်ဖြစ်ပွားသည့်ကပ်ဘေးများရှိသည်၊ ကောင်းကင်သည်လည်း ဘေးဒုက္ခကို စေလွတ်ခဲ့ပြီဖြစ်သည်။ ဤအရာများသည် နောက်ဆုံးသောကာလ၏ လက္ခဏာများ ဖြစ်ကြသည်။ သို့သော်လည်း လူများအဖို့ ယင်းသည် ပျော်ပွဲပြည့်နှ ခမ်းနားထည်ဝါခြင်းနှင့် ပြည့်နှက်သည့် ကမ္ဘာကြီးနှင့် တူဟန်ရှိပြီး ထိုကဲ့သို့ ပို၍ပို၍ တူလာသောအရာမျိုးဖြစ်သည်။ လူတို့၏ စိတ်နှလုံးများအားလုံးသည် ထိုအရာအတွက် ပူပန်နေရသည်။ များစွာသောလူတို့သည် ပိတ်မိနေကြပြီး ထိုအရာမှ သူတို့ကိုယ်သူတို့ လွတ်မြောက်စေခြင်းငှာ မတတ်စွမ်းနိုင်ကြပေ။ လူမြောက်မြားစွာတို့သည် လှည့်စားမှုနှင့် မှော်အတတ်၌ ပါဝင်သောသူတို့၏ လိမ်လည်လှည့်ဖြားခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍ သင်သည် တိုးတက်ခြင်းရရန် မကြိုးပမ်းလျှင်၊ စံနမူနာများမရှိလျှင်၊ ထို့ပြင် မှန်ကန်သောလမ်းပေါ် သင့်ကိုယ်သင် အမြစ်တွယ်မထားလျှင် ဤအပြစ်တရားလှိုင်းလုံး၏ လှည်းကျင်းဖယ်ရှားခြင်းကို ခံရလိမ့်မည်။ တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးအနက် ခေတ်နောက်အကျဆုံး ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီးမှ ရစ်ခွေလျက်လဲလျောင်းနေသော မြေဖြစ်သည်၊ ယင်းနိုင်ငံတွင် ရုပ်တုများကို ကိုးကွယ်သောသူများ၊ မှော်အတတ်တွင် ပါဝင်သောသူများ အများဆုံးရှိပြီး၊ ကျောင်းတော်များ အများဆုံးနှင့် ညစ်ညူးသောနတ်ဆိုးများ နေထိုင်သောနေရာ ဖြစ်သည်။ သင်သည် ဤနေရာ၌ မွေးခဲ့ပြီး ဤနေရာအားဖြင့် ပညာတတ်မြောက်ခဲ့သည့်ပြင် ဤနေရာ၏ အရှိန်အဝါနှင့် ပြည့်ဝနေခဲ့သည်။ သင်သည် ဤနေရာ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်၊ သို့သော် နိုးကြားစေခြင်း ခံရပြီးသောအခါ သင်သည် ဤအရာကို ကျောခိုင်းစွန့်ပစ်ပြီး ဘုရားသခင်၏ လုံးလုံးလျားလျား ရယူခြင်းကို ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းဖြစ်ပြီး၊ ထို့ကြောင့် အမှု၏ ဤအဆင့်၌ ကြီးမားသော အရေးပါမှုရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသောအတိုင်းအတာကို လုပ်ဆောင်ခဲ့ပြီ၊ နှုတ်ကပတ်တော်များ များစွာပြောခဲ့ပြီဖြစ်ပြီး သူသည် သင်တို့ကို နောက်ဆုံးတွင် အစုံအလင် ရယူမည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်သည် ဘုရားသခင်နှင့် စာတန်၏စစ်ပွဲမှ “အောင်ပွဲလက်ရပစ္စည်းများ”ပင် ဖြစ်သည်။ သမ္မာတရားကို သင်ပိုနားလည်ပြီး သင်၏ အသင်းတော်အသက်တာ ပိုကောင်းမွန်ခြင်းက အဆင်းနီသော နဂါးကြီးကို ပို၍ ဒူးထောက်စေခြင်းပင် ဖြစ်သည်။ ဤအရာများအားလုံးသည် ဝိညာဉ်လောက၏ ကိစ္စများဖြစ်ပြီး၊ ယင်းတို့သည် ဝိညာဉ်လောက၏ တိုက်ပွဲများဖြစ်သည်၊ ထို့ပြင် ဘုရားသခင်သည် အောင်နိုင်သောအခါ စာတန်သည် အရှက်ရပြီး ကျရှုံးသွားမည်။ ဘုရားသခင့်အမှု၏ ဤအဆင့်တွင် ကြီးမားသော အရေးပါမှုရှိသည်။ ဘုရားသခင်သည် ထိုကဲ့သို့သော ဧရာမအတိုင်းအတာဖြင့် အမှုကို လုပ်ဆောင်ပြီး ဤလူအုပ်စုကို လုံးလုံးလျားလျား ကယ်တင်သည်မှာ သင်သည် စာတန်၏ အုပ်စိုးမှုမှ လွတ်မြောက်နိုင်ရန်၊ သန့်ရှင်းသောမြေ၌ အသက်ရှင်နိုင်ရန်၊ ဘုရားသခင်၏ အလင်းထဲ၌ အသက်ရှင်နိုင်ရန်နှင့် အလင်း၏ ဦးဆောင်မှုနှင့် လမ်းပြမှု ရရှိနိုင်ရန်အတွက် ဖြစ်ပါသည်။ ထို့နောက် သင်၏ အသက်ရှင်သန်ခြင်း၌ အဓိပ္ပါယ်ရှိသည်။ သင်တို့စားသည့်အရာနှင့် ဝတ်သည့်အရာသည် သူတို့နှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ မွေ့လျော်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို နေထိုင်သည်၊ သို့ဆိုလျှင် သူတို့သည် မည်သည့်အရာ၌ မွေ့လျော်သနည်း။ သူတို့သည် သူတို့၏ “ဘိုးဘေးပိုင် အမွေအနှစ်” နှင့် သူတို့၏ “အမျိုးသားရေးစိတ်ဓာတ်”၌သာ မွေ့လျော်ကြသည်။ သူတို့၌ လူသားသဘာဝ စိုးစဥ်းကလေးမျှပင် မရှိပြီတကား။ သင်တို့၏ အဝတ်အစားများ၊ အပြောအဆိုများနှင့် အပြုအမှုများသည် သူတို့နှင့် လုံးဝခြားနားသည်။ နောက်ဆုံး၌ သင်တို့သည် ညစ်ညူးခြင်းမှ လုံးဝ လွတ်မြောက်မည်၊ စာတန်၏ သွေးဆောင်ခြင်း၌ နောက်ထပ် ကျော့ကွင်းမိတော့မည် မဟုတ်ဘဲ ဘုရားသခင်၏ နေ့စဉ်ထောက်ပံ့မှုကို ရရှိမည်ဖြစ်သည်။ သင်တို့သည် အစဉ်မပြတ် သတိထားသင့်သည်။ သင်တို့သည် ညစ်ညမ်းသောနေရာ၌ နေလင့်ကစား ညစ်ညမ်းမှုနှင့် မစွန်းထင်းဘဲ ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကာ သူ၏ ကြီးမားသောကာကွယ်မှုကို ရရှိနိုင်မည်။ ဘုရားသခင်သည် သင်တို့ကို ဤအဝါရောင်မြေပေါ်တွင် အားလုံးကြားမှ ရွေးချယ်ထားပြီဖြစ်သည်။ သင်တို့သည် ကောင်းချီးအခံစားရဆုံးလူများပင် မဟုတ်လော။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို အမှန်ပင် ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ပြည့်ဝသော အသက်တာကို မီအောင်လိုက်သင့်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော ဇာတိပကတိအထဲ၌ အသက်ရှင်လျှင် သင်သည် လူအဝတ်ကိုဝတ်သော သားရဲတိရစ္ဆာန်ပင် မဟုတ်ပေသလော။ သင်သည် လူသားတစ်ဦး ဖြစ်သောကြောင့် သင့်ကိုယ်သင် ဘုရားသခင်အဖို့ အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံနိုင်ရည်ရှိသင့်သည်တကား။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘကဲ့သို့၊ ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာနှင့် အသက်ရှင်သင့်သည်။ ဤကမ္ဘာပေါ်တွင် လူသားသည် မကောင်းဆိုးဝါး၏ အဝတ်အထည်ကို ဆင်မြန်းပြီး နတ်ဆိုးထံမှ အစားအစာကို သုံးဆောင်သည်၊ မကောင်းဆိုးဝါး၏ ကြိုးဆွဲရာကရသည့်အောက်၌ အလုပ်လုပ်၍ အစေခံကာ ထိုအရာ၏ ညစ်ညမ်းခြင်းထဲ၌ လုံးလုံးလျားလျား နင်းချေခြင်း ခံလာခဲ့ရသည်။ အကယ်၍ သင်သည် အသက်တာ၏အဓိပ္ပါယ် သို့မဟုတ် မှန်ကန်သောလမ်းကို နားမလည်လျှင် သင့်ဘဝထဲတွင် မည်သည့်အဓိပ္ပာယ် ရှိအံ့နည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို မီအောင်လိုက်နေသောလူများ၊ တိုးတက်မှုကို ရှာဖွေနေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းပြည်ထဲမှာ ထကြွလာသောလူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်သောသူများ ဖြစ်ကြသည်။ ထိုအရာမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာပင် မဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ


အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ

No comments:

Post a Comment