Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts
1/04/2020
ဘုရားသခင်သည် ဣဇက်ကို ပူဇော်ရန် အာဗြဟံကို အမိန့်ပေးတော်မူသည်
12/09/2019
လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်
အကယ်၍ လူများသည် လူ့အသက်တာ၏ လမ်းကြောင်းမှန် သာမက ဘုရားသခင်၏ လူသားမျိုးနွယ် ကို စီမံခန့်ခွဲသည့် ရည်ရွယ်ချက်ကိုပါ အမှန်တကယ် အပြည့်အဝ နားလည်ပါက၊ ၄င်းတို့အနေဖြင့် တစ်သီး ပုဂ္ဂလအနာဂတ်နှင့် ကံကြမ္မာကို ၄င်းတို့၏ နှလုံးသားတွင် ရတနာတစ်ပါးအဖြစ် ကိုင်စွဲထားမည် မဟုတ်ပေ။ ၄င်းတို့သည် ဝက်များနှင့် ခွေးများထက် ဆိုးဝါးသည့် ၄င်းတို့၏ မိဘများကို ဆက်လက်၍ အစေကျွန်ခံရန် ဆန္ဒရှိမည် မဟုတ်တော့ပါ။ လူသား၏ အနာဂတ်နှင့် ကံကြမ္မာသည် လက်ရှိကာလတွင် ခေါ်တွင်သည့် ပေတရု ၏ “မိဘများ” အတိအကျပင် မဟုတ်လော။ ယင်းတို့က လူသား၏ ကိုယ်ပိုင်အသွေးနှင့် အသားနှင့် အလားတူ သာ ဖြစ်ပါသည်။ ဇာတိပကတိ၏ အနာဂတ်ဖြစ်သည့် ခရီးဆုံးပန်းတိုင်က အသက်ရှင်နေစဉ် ဘုရားသခင်ကို မြင်လိမ့်မည်လော၊ သို့မဟုတ် သေဆုံးပြီးချိန်တွင် ဝိညာဉ်က ဘုရားသခင်နှင့် ဆုံဆည်းလိမ့်မည်လော။ နက်ဖြန်နေ့တွင် ဇာတိပကတိသည် ကြီးစွာသော ဘေးဒုက္ခများကဲ့သို့ ကြီးမားသော မီးဖိုကြီးထဲတွင် အဆုံး သတ်လိမ့်မည်လော၊ သို့တည်းမဟုတ် ယင်းသည် လောင်သောမီးအတွင်းတွင် ရှိလိမ့်မည်လော။ ဤကဲ့သို့ သော မေးခွန်းများမှာ လူသား၏ ဇာတိပကတိသည် ကံမကောင်း အကြောင်းမလှမှုများကို ကြံ့ကြံ့ခံနိုင်၊ မခံနိုင် သို့မဟုတ် ယခုရေစီးကြောင်းတွင် ရှိနေသော ဦးနှောက်ရှိပြီး စိတ်မှန်သည့် မည်သူမဆို အများဆုံး စိုးရိမ်နေကြ သည့် သတင်းကြီးကို ခံယူနိုင်၊ မခံယူနိုင်နှင့် ပတ်သက်နေသည် မဟုတ်လော။ (ဤနေရာတွင် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်း ဆိုသည်မှာ ကောင်းချီးများ လက်ခံရရှိခြင်းကို ရည်ညွှန်းပါသည်၊ ဆင်းရဲဒုက္ခ ဆိုသည်မှာ လူသားတို့၏ ခရီးဆုံးပန်းတိုင်အတွက် အကျိုးရှိမည့် အနာဂတ် စမ်းသပ် စစ်ဆေးမှုများကို ဆိုလိုပါသည်။ ကံမကောင်း အကြောင်းမလှမှုက မြဲမြံစွာ မရပ်တည်နိုင်မှု သို့မဟုတ် လှည့်ဖျားခံရမှုကို ရည်ညွှန်းပါသည်၊ သို့မဟုတ် တစ်စုံတစ်ဦးက ကံမကောင်းအကြောင်းမလှသည့် အခြေအနေများနှင့် ရင်ဆိုင်ရပြီး ဘေးဒုက္ခကြားတွင် မိမိ၏ အသက်တာကို ဆုံးရှုံးရလိမ့်မည်ဟု ယင်းက ဆိုလိုပါသည်၊ ထို့အပြင် စိတ်ဝိညာဉ်အတွက် ဆီလျော်သည့် ခရီးဆုံးပန်းတိုင် မရှိပါ။) လူသားများကို ခိုင်လုံသော ဆင်ခြင် တုံတရား ပံ့ပိုးထားပါသော်လည်း ၄င်းတို့၏ တွေးတောမှုက ၄င်းတို့ကို ပံ့ပိုးထားသည့် ဆင်ခြင်တုံတရားနှင့် အပြည့်အဝ မကိုက်ညီပါ။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းတို့အားလုံးသည် ဇဝေဇဝါဖြစ်ပြီး အမှုအရာများနောက်သို့ မျက်စိစုံမှိတ် လိုက်သောကြောင့် ဖြစ်သည်။ ၄င်းတို့အနေဖြင့် မည်သည့်အရာအထဲသို့ ဝင်ရောက်သင့် ကြောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခ ကျရောက်ချိန်တွင် (မီးဖိုကြီး၏ စစ်းဆေးပြုပြင်ခြင်း အတောအတွင်းကို ဆိုလိုသည်) မည်သည့်အရာအထဲသို့ ဝင်ရောက်သင့်သည်ကို အထူးသဖြင့် ဝေခွဲသင့်ကြောင်းနှင့် မီးဖြင့် စမ်းသပ်စစ်ဆေးမှုတွင် မည်သည့်အရာကို ယူတင်ဝတ်ဆင် ထားသင့်ကြောင်း စသည်တို့နှင့် ပတ်သက်သော စေ့စပ်သေချာသည့် နားလည်မှုကို ၎င်းတို့အားလုံး၌ ရှိသင့်သည်။ ဝက်များနှင့် ခွေးများပမာ သို့မဟုတ် ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက် ဆိုးဝါးသည့် သင်၏ မိဘများ (ဇာတိပကတိကို ဆိုလိုပါသည်) ကိုသာ အစဥ်တစိုက် အစေကျွန် ခံမနေပါနှင့်။ ယင်းအပေါ်ကို သောကပွားပြီး ပြင်းပြင်းထန်ထန် စဉ်းစားကာ သင်၏ ဦးနှောက်ကို ခြောက်အောက်လုပ်နေခြင်းမှာ အဘယ်ကျေးဇူး ရှိသနည်း။ ဇာတိပကတိသည် သင်နှင့် မသက် ဆိုင်သော်လည်း၊ ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်ကိုပင် အမိန့်ပေးသော ဘုရားသခင်၏ လက်၌ ရှိသည်။ (ဇာတိပကတိကို စာတန်မှ ပိုင်သည်ဟု နဂိုကဆိုလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာတန် သည်လည်း ဘုရားသခင်၏ လက်၌ ရှိသည့်အတွက်ကြောင့် ဤကဲ့သို့သာ ဆိုနိုင်ပါသည်။ ယင်းကို ဤသို့သော နည်းလမ်းနှင့် ပိုဆွဲဆောင်အောင် ပြောနိုင်သည့်အတွက် ဖြစ်သည်- ယင်းက လူများသည် စာတန်၏ အုပ်စိုးမှု အောက်တွင် လုံးဝရှိနေခြင်း မဟုတ်ပဲ၊ ဘုရားသခင်၏ လက်၌ရှိသည်ဟု ဆိုလိုပါသည်။) သင်သည် ဇာတိ ပကတိ၏ နှိပ်စက်မှု အောက်၌ အသက်ရှင်နေသော်လည်း၊ ဇာတိပကတိသည် သင်နှင့် သက်ဆိုင်ပါ၏လော။ ယင်းသည် သင်၏ ထိန်းချုပ်မှု အောက်၌ ရှိပါ၏လော။ အဘယ့်ကြောင့် ထိုအပေါ်တွင် သင်၏ ဦးနှောက်ကို အခြောက်ခံ နေရသနည်း။ ကြာမြင့်စွာ ကတည်းမှ ရှုတ်ချခြင်း ခံထားရကာ ကျိန်ခြင်းခံထားရသော မသန့်ရှင်း သည့် ဝိညာဉ်များကြာင့် ညစ်ညမ်းနေသော သင်၏ ပုပ်ပျက်နေသည့် ဇာတိပကတိအတွက် ဘုရားသခင်ထံမှာ အဘယ်ကြောင့် လွန်လွန်ကဲကဲ အသနားခံနေရသနည်း။ စာတန်၏ အပေါင်းအပါများကို သင်၏ နှလုံးသား အနီး၌ အမြဲထားဖို့ အဘယ့်ကြောင့် အပင်ပန်းခံ နေမည်နည်း။ ဇာတိပကတိက သင်၏ စစ်မှန်သော အနာဂတ်၊ အံ့သြဖွယ် မျှော်လင့်ချက်များနှင့် သင့်ဘဝ၏ ခရီးပန်းတိုင် အစစ်အမှန်အား ဖျက်ဆီးမည်ကို သင်မစိုးရိမ် သလော။
11/27/2019
နှုတ်ကပတ်တော် ဓမ္မသီချင်း | မှန်ကန်သော ဆုတောင်းခြင်းအမှုကို ဆောင်ရွက်နည်း
ခရစ်ယာန်သီချင်း | မှန်ကန်သော ဆုတောင်းခြင်းအမှုကို ဆောင်ရွက်နည်း
Ⅰ
ဆုတောင်းနေစဉ် ဘုရားရှေ့တော်၌ သင့်စိတ်နှလုံး အေးချမ်း ရမည်၊
သင့်နှလုံးသား စစ်မှန်ရမည်။
ဆုတောင်းသောအခါ ဘုရားနှင့် စစ်မှန်သော ရင်းနှီးမှုရှိပါ။
နားဝင်ချိုသောစကားများဖြင့် ဘုရားကို မလှည့်ဖြားနဲ့။
ဘုရားရှေ့တော်၌ သင့်စိတ်နှလုံး ငြိမ်ဝပ်ခြင်း ရှိလိမ့်မည်။
သင့်အတွက် စီမံထားသော ပတ်ဝန်းကျင်၌
သင့်ကိုယ်သင် သိမြင်၍ သင့်ကိုယ်သင် မုန်းလိမ့်မည်။
သင့်ကိုယ်သင် မုန်း၍ သင့်ကိုယ်သင် ပစ်ပယ်လိမ့်မည်။
ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိ၍
ဘုရားသခင်ကို အမှန်တကယ်
ချစ်မြတ်နိုးနိုင်သူတစ်ဦး ဖြစ်လာလိမ့်မည်။
9/12/2019
ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏စိတ်နေသဘောထား၏ ဖော်ပြချက် ဖြစ်သည်
ဟူကီ၊ ရှန်ဒုံပြည်နယ်
ဘုရားသခင်မှ မိန့်မြွက်သည့် ဤနှုတ်ကပတ်တော်တို့ကို မြင်သည့်အခါတိုင်းတွင် ကျွန်မသည် စိုးရိမ်ပူပန်မှုကို ခံစားရသည်။ "ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော အကျိုးအမြတ်ကို မုချရလိမ့်မည်။" (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏") ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ခြင်းသည် လူ၏ ဘုရားသခင်အပေါ် နားလည်ခြင်းနှင့် ဘုရားသခင်အား ချစ်မြတ်နိုးရန်၊ ကျေနပ်စေရန် လူတို့ အားထုတ်ကြိုးပမ်းခြင်းနှစ်ခုလုံးအတွက် အလွန်အရေးကြီးသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်သည့်အခါတွင် ဘုရားသခင်၏ စိတ်နေသဘောထားသည် စိတ်ကူးသဘော ဆန်လွန်းသည်ဟု ကျွန်မ အမြဲတမ်းခံစားရပြီး မည်သို့ နားလည်အောင်လုပ်ရမည်ကို ကျွန်မ မသိခဲ့ပေ။ နောက်ပိုင်းတွင် ကျွန်မ၏ အသင်းတော်ခေါင်းဆောင်မှ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့မှ ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ မုန်းတီးသည့်အရာတို့ကို ကျွန်မ နားလည်သင့်သည်ဟု သိလာခဲ့ရသောကြောင့် ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်လာသည်။ နောက်ပိုင်းတွင် ကျွန်မသည် ဤအချက်ကို လက်တွေ့ကျင့်သုံးရန် ကြိုးစားခဲ့ပြီး ရလဒ်အချို့ တွေ့မြင်လာခဲ့ရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် ပတ်သက်၍ ကျွန်မသည် လုံးဝ ရှုပ်ထွေးနေသည်ဟု ခံစားရဆဲဖြစ်သည်။ "ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။" ပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို တိတိကျကျ မည်သို့ နားလည်ရမည်ကို လုံးဝ မသိခဲ့ပါ။
8/01/2019
ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၂)
“ခမည်းတော်” နှင့် “သားတော်” ၏ နက်နဲမှုသည် နောက်ဆုံးတွင် ထုတ်ဖော်ပြခံရသည်
ဤသမ္မာတရားကို ကျွန်တော် နားလည်လာခဲ့သော်လည်း ဘုရားသခင်က နောက်ဆုံးသောကာလတွင် အဘယ်ကြောင့် အမျိုးသမီးတစ်ဦးအဖြစ် လူ့ဇာတိခံယူရသည်နှင့် ပတ်သက်၍ လုံးဝမရှင်းမလင်း ဖြစ်နေဆဲဖြစ်ပြီး၊ ထို့ကြောင့် ကျွန်တော်က “အစ်ကိုရေ၊ ရှင်မဿဲ အခန်းကြီး ၃ အပိုဒ်ငယ် ၁၇ မှာ ရေးမှတ်ထားတာက- သခင်ယေရှု ဗတ္တဇံခံယူတဲ့အချိန်မှာ ကောင်းကင်က အသံတော်တစ်ခုက ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်း’ လို့ ဆိုခဲ့တယ်။ ပြီးတော့လည်း သခင်ယေရှု ဆုတောင်းတဲ့အချိန်မှာ သူက ကောင်းကင်ဘုံက ဘုရားသခင်ကို သူ့ရဲ့ခမည်းတော်လို့ ခေါ်ခဲ့တယ်။ ‘ခမည်းတော်’ နဲ့ ‘သားတော်’ တွေရဲ့ လိင်အမျိုးအစားက အမျိုးသားလေ၊ ဒါကြောင့် ဒါက ဘုရားသခင်ဟာ ယောက်ျားဖြစ်တယ်ဆိုတာကို သက်သေပြတာပဲ။ ဒီတော့ ဘယ်လိုဖြစ်ပြီး သခင်ယေရှုက အမျိုးသမီးအဖြစ် ပြန်ကြွလာနိုင်မှာလဲ။ ဒီကိစ္စကို ကျွန်တော်နားမလည်ဘူး၊ ဒီတော့ ဒီအကြောင်းကို အစ်ကို ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ပေးနိုင်မလားလို့ စဉ်းစားနေခဲ့တာ” ဟု တောင်းဆိုခဲ့သည်။
7/06/2019
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် | ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍
သင်တို့ရဲ့ နေ့စဉ်အသက်တာမှာ ဆုတောင်းခြင်းကို သင်တို့ အရေးမစိုက်ဘူး။ လူတွေက ဆုတောင်းခြင်းကို အမြဲတမ်းပဲ လျစ်လျူရှုထားကြတယ်။ အရင်က ဆုတောင်းတဲ့အခါ သူတို့က စိတ်ဝင်စားမှု မရှိဘဲနဲ့ ဆုတောင်းကြတယ်၊ ဆုတောင်းတာကို အပျော်လုပ်ကြတယ်။ ပြီးတော့ ဘယ်သူကမှ သူတို့ရဲ့ နှလုံးသားကို ဘုရားထံ အပြည့်အဝ မပေးကြဘူး၊ ဘုရားထံ အမှန်တကယ် ဆုမတောင်းကြဘူး။ လူတွေက သူတို့ တစ်ခုခုဖြစ်မှ ဘုရားကို ဆုတောင်းကြတယ်။ ဒီအချိန်တစ်လျှာက်လုံးမှာ သင်ဘုရားကို အမှန်တကယ် ဆုတောင်းဖူးသလား။ ဘုရားရှေ့မှာ နာကျင်မှု မျက်ရည်တွေနဲ့ ငိုကြွေးဖူးသလား။ ဘုရားရှေ့မှာ သင့်ကိုယ်သင် သိမြင်လာခဲ့ဖူးသလား။ ဘုရားနဲ့ နှလုံးသားချင်း ဆက်သွယ်ကာ ဆုတောင်းဖူးသလား။ ဆုတောင်းခြင်းဟာ တဖြည်းဖြည်း လေ့ကျင့်ရပါတယ်။ သင်အိမ်မှာ ပုံမှန် ဆုတောင်းလေ့ မရှိဘူးဆိုရင် ဘုရားကျောင်းမှာလည်း ဆုတောင်းမှာ မဟုတ်ဘူး။ အစည်းအဝေး အသေးစားတွေမှာ ဆုတောင်းလေ့ မရှိရင် အကြီးစား အစည်းဝေးပွဲတွေမှာ ဆုတောင်းနိုင်စွမ်းရှိမှာ မဟုတ်ဘူး။ သင်ဟာ ဘုရားထံ ပုံမှန်ချဉ်းကပ်လေ့မရှိဘူး (သို့) ဘုရားရဲ့ နှုတ်ထွက်စကားတွေကို ဆင်ခြင်သုံးသပ်လေ့ မရှိဘူးဆိုရင် ဆုတောင်းတဲ့ အချိန်ရောက်တဲ့အခါ သင့်မှာ ဘာမှ ပြောစရာရှိမှာ မဟုတ်ဘူး။ ဆုတောင်းဖြစ်ရင်တောင်မှ သင့်ရဲ့ နှုတ်ခမ်းတွေပဲ လှုပ်နေမှာ၊ စစ်မှန်သော နည်းလမ်းနဲ့ ဆုတောင်းဖြစ်မှာ မဟုတ်ဘူး။
5/28/2019
ခရစ်ယာန်သီချင်း | ဆုတောင်းခြင်း၏အနက်
Myanmar Gospel Song | ဆုတောင်းခြင်း၏အနက်
Ⅰ
ဝိညာဉ်တော်ကို ခေါ်ဖိတ်ဖို့၊ ဘုရားတို့ထိဖို့
ဆုတောင်းခြင်းဟာ လူသားများ ဘုရားနဲ့အတူ
ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတစ်သွယ်
ဆုတောင်းလေ တို့ထိမှု ဉာဏ်အလင်းနှင့် စိတ်ခိုင်မာမှု ပိုရလေ
ထိုသူတို့ စုံလင်ခြင်း အမြန်ဆုံး ရရှိနိုင်
ဆုတောင်းလေ တို့ထိမှု ဉာဏ်အလင်းနှင့် စိတ်ခိုင်မာမှု ပိုရလေ
ထိုသူတို့ စုံလင်ခြင်း အမြန်ဆုံး ရရှိနိုင်
5/10/2019
ခရစ်ယာန်ကဗီဒီယို | ဒီလောက်သာယာလိုက်တဲ့ အသံ
Myanmar Gospel Movie (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word and Voice of the Returned Lord Jesus
ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။
ရုပ်ရှင်ဝေဌာမယ် Myanmar Christian Song (လူသားအပေါ် မျှော်လင့်ချက်အပြည့် ဘုရားသခင်ထားရှိ) | Love of God Never Changes
4/26/2019
ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း
ပေတရုအား ဘုရားသခင် ဆုံးမချိန်၌ သူဆုတောင်းခဲ့သည်၊ "အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင် ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်တော်မူသည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုတရားစီရင်သည့်အခါ ကျွန်ုပ်အားရကျေနပ်မိပါသည်။ ဤသို့အားဖြင့် အခြားသူများသည် ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ ဖြောင့်မတ်တော်မူသည့် စိတ်သဘောထားကို ရှုမြင်နိုင်မည်ဖြစ်ပါသည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သတ္တဝါအားလုံးမှ မြင်တွေ့နိုင်ရန်အလို့ငှာ၊ ထို့ပြင် ကိုယ်တော်၏ တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ်တော့်ကို ပိုမိုဖြူစင်စွာ ကျွန်ုပ်ချစ်နိုင်ရန်နှင့် ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ကျွန်ုပ်ရနိုင်ရန်အလို့ငှာ ကိုယ်တော်၏စိတ်သဘောထားသည် ထင်ရှားပြသရန်သာ ကျွန်ုပ်ဆန္ဒပြုပါ၏။ ကိုယ်တော်၏ ဤတရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ရှေ့တော်မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ ရန်လိုသော ပတ်ဝန်းကျင်အားဖြင့် ဖြစ်စေ၊ အတိဒုက္ခကြီးစွာ ခံစားရသည်ဖြစ်စေ၊ ကျွန်ုပ်အား မည်သို့ပင် ကိုယ်တော်စီရင်စေကာမူ၊ ကျွန်ုပ်အဖို့ အဖိုးထိုက်တန်လှပါသည်။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စောဒကစိုးစဉ်းမျှပင် မတက်ဘဲ ကိုယ်တော်၏ သနားခြင်းကရုဏာတော်ကို ခံယူရန် ကျွန်ုပ်လိုလားပါသည်။" ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင်ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။ ယနေ့၊ သင်တို့အား သိမ်းပိုက်ပြီးဖြစ်သည်၊ သို့သော် ဤသိမ်းပိုက်ခံရမှုကို သင်တို့အထဲတွင် မည်သို့ဖော်ပြပါသနည်း။ လူအချို့တို့က "ကျွန်ုပ်၏ သိမ်းပိုက်ခံရခြင်းမှာ ဘုရားသခင်၏ အမြင့်ဆုံးသော ကျေးဇူးတော်နှင့် ချီးမြှောက်ခြင်းဖြစ်သည်။ ယခုမှပင် ကျွန်ုပ်သတိပြုမိသည်မှာ လူ့အသက်သည် ဗလာသက်သက်ဖြစ်ပြီး ထူးခြားမှုမရှိပါ။ လူသည် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် မွေးဖွားပျိုးထောင်ပြီး သူ့အသက်တာတွင် အလောသုံးဆယ် နေထိုင်ခဲ့ကာ နောက်ဆုံးတွင် ဘာမျှမကျန်ရှိပါ။ ယနေ့၊ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီးနောက်မှသာလျှင် ထိုသို့အသက်ရှင်ခြင်းမှာ အဖိုးမတန်ကြောင်း ကျွန်ုပ်သိမြင်ခဲ့ရသည်၊ ယင်းမှာ စင်စစ် အဓိပ္ပာယ်ကင်းမဲ့လှသော အသက်တာပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း သေပြီး ပြီးပြတ်သွားနိုင်သည်။" ထိုသို့သော သိမ်းပိုက်ပြီးသူများကို ဘုရားသခင် ရယူနိုင်မည်လော။ သူတို့သည် နမူနာများနှင့် စံပြလူများ ဖြစ်လာနိုင်မည်လော။ ထိုသူများသည် လှုပ်ရှားတက်ကြွမှုမရှိသော ပြယုဂ်တစ်ခုဖြစ်သည်၊ သူတို့တွင် ရည်မှန်းချက်များမရှိဘဲ သူတို့ကိုယ်ကို တိုးတက်လာအောင်လည်း မကြိုးပမ်းကြ။ သူတို့သည် သိမ်းပိုက်ခံပြီးသူများဟု ယူဆကြသော်လည်း ထိုသို့သော မတုန်မလှုပ်လူများသည် စုံလင်အောင်ပြုခြင်း မခံရနိုင်ကြ။ သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက "အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ်အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်ကို ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခင်လိုပါသည်" ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ တင်ရခံနီးအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ "အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော် ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်းတို့သည် ကျွန်ုပ်အတွက် နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုကို ဖြည့်ဆည်းနိုင်ခြင်းအပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် အလွန်ချစ်ခင်ဖွယ် ဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့်ပေးခဲ့ပါက၊ ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်နေပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မှန်ဘဲ အပြစ်ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား လေးနက်သောအသက်တာကို သာ၍ အသက်ရှင်နိုင်စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကိုယ်တော်၏ အလိုတော်များကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ခဲ့ကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ်ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို အလုံးစုံ ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် အကြွေးတင်နေကြောင်း ခံစားရပါသည်။ ဤအခိုက်တန့်တွင် ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည်မပေးဆပ်ရသေးသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်ရပါမည်" ဟူ၍ ဖြစ်သည်။
3/12/2019
ဧဝံဂေလိရုပ်ရှင် (ဒီလောက်သာယာလိုက်တဲ့ အသံ)
Myanmar Gospel Movie (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word and Voice of the Returned Lord Jesus
များပြားသောအကြံပြုချက်များ Myanmar Christian Movie (ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်)
3/10/2019
(၅) ဘုရားသခင်ဟာ သခင့်အတွက် ဒုက္ခသုခခံ၍ လုပ်ဆောင်ခြင်းဟာ သခင့်အပေါ် ယုံကြည်မှု၏ လက်တွေ့ဘဝပေလား
သခင်၏အမည်နာမတော်ကို ဖက်တွယ်၍ မကြာခဏဆုတောင်းခြင်း သမ္မာကျမ်းစာဖတ်ခြင်းနှင့် တွေ့ဆုံပွဲများလုပ်ခြင်းတို့ကို လုပ်ဆောင်နေသရွေ့၊ အရာများကို စွန့်ပစ်သုံးဆွဲကာ သခင့်အတွက် ဒုက္ခသုခခံရင်း လုပ်ဆောင်နေသရွေ့၊ သခင့်အပေါ်အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်ကာ သခင်ပြန်ကြွလာသည့်အခါ ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်သွားခြင်းခံရမည်ဟု ယုံကြည်သူအများစုက ယုံကြည်ထားကြသည်။ ၎င်းအမြင်သည် မှန်ကန်ပါသလား။ သခင်ယေရှုမြွက်ဆိုခဲ့သည်မှာ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွနု်ပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်ပါလော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်” (ရှင်မဿဲခရစ်ဝင် ၇:၂၂ - ၂၃) ဟုဖြစ်လေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က မြွတ်ဆိုထားသည်မှာ "သင်၏ ကြိုးစားလုပ်ဆောင်မှုသည် မည်မျှပင် ချီးမွမ်းဖွယ်ဖြစ်သည်၊ သင်၏ အရည်အချင်းများသည် မည်မျှအထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှလောက် ဂုဏ်သတင်းကျော်ကြားသည်၊ သင်၏ သဘောထားသည် မည်မျှတိုးတက်မှုရှိသည်ကို ငါဂရုမစိုက်ပါ။ သင့်အား ငါတောင်းဆိုသည့် အရာကို သင်မလုပ်ဆောင်သရွေ့၊ သင်သည် ငါ၏ချီးမွမ်းခြင်းကို လုံးဝရရှိနိုင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူဇာတိ၌ ပေါ်လာ၏။)
သမ္မာကျမ်းစာ၏ နက်နဲမှုများအကြောင်းကို ပို၍ လေ့လာပါ
2/21/2019
ဧဝံဂေလိ ဂီတ | ကောင်းသောအနာဂတ်အတွက် လူသားများ ဘုရားကို ကိုးကွယ်ရမည်
Myanmar Gospel Song (ကောင်းသောအနာဂတ်အတွက် လူသားများ ဘုရားကို ကိုးကွယ်ရမည်)
I
ဒီကမ္ဘာကြီးနှင့်လူတွေကို ဘုရား ရှင် ဖန်ဆင်းခဲ့
သူဟာ ရှေးဟောင်းဂရိယဉ်ကျေးမှုတို့ကို စီမံခဲ့ သော သူ
သက်ရှိ များ အားလုံးနှင့် အရာခပ်သိမ်းကို ဘုရား ရှင် ဖန်ဆင်းခဲ့
ခေတ်အဆက်ဆက်ရှိ လူ့အဖွဲ့အစည်းအားလုံးကို စီမံခဲ့သူ
ဘုရား ရှင် သာ လူတို့အား နှစ်သိမ့်ပေးသူ
နေ့ညမပြတ် သူတို့အား စောင့်ရှောက် သူ
လူသားများ မြင်သမျှ ဖြစ်ထွန်းမှု တိုးတက်မှုအလုံးစုံသည်
ဘုရား၏ အခွင့်အာဏာတော် ကြောင့် ဖြစ်လာသည်
ကုန်လွန်ပြီးသော ဖြစ်လတ္တံ့သော အရာများ အားလုံးသည်
ဘုရား၏ စီမံမှုအောက်တွင်ရှိ
2/13/2019
ဘုရားသခင်၏ စကားတော် | လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းရေးဇာတ်လမ်းနှင့် တီထွင်ဖန်တီးမှုကို သိသင့်သည်။ ဤအသိတရားကို ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသေးသူများ မဆုပ်ကိုင်နိုင်ပေ။ သူတို့မသိကြ။ ဤအကြောင်းအရာ ကိစ္စရပ်များကို သူတို့အား ရှင်းပြပါက သမ္မာကျမ်းစာနှင့် ပတ်သက်၍ သင်နှင့်အတူ ခရေစေ့တွင်းကျ လိုက်မည်မဟုတ်ပေ။ သူတို့သည် ပရောဖက်ပြုထားချက်များကို အစဉ်အမြဲ လေ့လာဆန်းစစ် ကြသည်။ ဤပြောဆိုချက် ဖြစ်ပြီးသွားပြီလား၊ ထိုပြောဆိုချက် ဖြစ်ပြီးသွားပြီလား။ သူတို့၏ ဧဝံဂေလိတရားကို လက်ခံမှုသည် သမ္မာကျမ်းစာနှင့်အညီ ဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရားကို သမ္မာကျမ်းစာအရ ဟောပြော ကြသည်။ သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် သမ္မာကျမ်းစာ၏ စကားလုံးများအပေါ် မှီခိုကြသည်။ သမ္မာကျမ်းစာမရှိဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်လိမ့်မည် မဟုတ်။ ယင်းသည် သူတို့ အသက်ရှင် နေထိုင်သော ပုံစံဖြစ်ပြီး သမ္မာကျမ်းစာကို လေ့လာဆန်းစစ်သည့် ပုံစံလည်း ဖြစ်သည်။ သူတို့ သမ္မာကျမ်းစာကို နောက်တစ်ကြိမ် လေ့လာဆန်းစစ်ပြီး သင့်ကို ရှင်းပြချက်များပေးရန် တောင်းဆိုသည့်အခါ သင်က "ပထမဆုံး အနေနှင့်၊ စာတစ်ကြောင်းချင်းကို အဓိပ္ပာယ် မဖွင့်ပဲထားကြစို့။ ထိုအစား သန့်ရှင်းသော ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်သနည်း ဆိုသည်ကို ကြည့်ကြစို့၊ ကျွန်ုပ်တို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် တစ်သားတည်းကျခြင်း ရှိ၊ မရှိကို သမ္မာတရားနှင့် တိုက်ဆိုင်နှိုင်းယှဥ် ကြည့်ကြစို့၊ ပြီးလျှင် ထိုကဲ့သို့သော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိ၊ မရှိဆိုသည်ကို စစ်ဆေးရန် သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်အား အသုံးပြုကြစို့။ ဤပြောဆိုချက်သည် သို့မဟုတ် ထိုပြောဆိုချက်သည် ပြည့်စုံခဲ့ပြီဆိုသည့် အတွက်မူ ကျွန်ုပ်တို့ လူသားတို့သည် ဝင်ရောက်မစွက်ဖက်ပဲ နေကြပါစို့။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်နှင့် ယနေ့မျက်မှောက်တွင် ဘုရားသခင် လုပ်ဆောင်နေသော နောက်ဆုံး အလုပ်တို့ကို ပြောသည်မှာ ကျွန်ုပ်တို့အတွက် ပိုကောင်းပေသည်။ သမ္မာကျမ်းစာကို ပရောဖက်များ ပြောကြားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအချိန်က ဘုရားသခင် အသုံးပြုသော လူများက ရေးသားထားသော စကားလုံးများနှင့် ဖွဲ့စည်းထားသည်။ ထိုစကားလုံးများကို ဘုရားသခင် ကိုယ်နှိုက်ကသာလျှင် ရှင်းပြနိုင်သည်၊ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကို သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်မှ သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်တော်မူနိုင်သည်။ သင်သည် ဘုရားသခင် မဟုတ် သကဲ့သို့ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သူကဆန္ဒရှိသလို ရှင်းပြဝံ့သနည်း။ ထိုစကားလုံးများကို သင်ရှင်းပြရဲပါသလား။ ဤနေရာတွင် ပရောဖက်များဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့ရှိလျှင်ပင် သူတို့သည် သိုးသငယ် မဟုတ်သဖြင့် သူတို့သည်လည်း ဝံ့ရဲကြမည်မဟုတ်။ သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်သည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ နာမတော်ကို မလုယူရဲသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သာ၍လျှင် ရှင်းပြမရဲပေ။ ကျွန်ုပ်သည် ဘုရားသခင်အား နာခံသူ တစ်ဦးသာ ဖြစ်နိုင်သည်။ သင်က ဘုရားသခင်လား။ ဘုရားသခင် ဖန်ဆင်းတော်မူသော မည်သည့်အရာမျှ စာစောင်ကို မဖွင့်ရဲ သကဲ့သို့ ထိုစကားလုံးများကိုလည်း ရှင်းမပြရဲရာ ကျွန်ုပ်သည်လည်း ရှင်းမပြရဲပါ။ သင်သည်လည်း ရှင်းပြရန် မကြိုးစားသင့်ပါ။ ကျွန်ုပ်တို့ မည်သူမျ ရှင်းပြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အကြောင်း ပြောကြပါစို့၊ ဤသည်မှာ လူသား လုပ်နိုင်သော အလုပ် ဖြစ်သည်။ ကျွန်ုပ်သည် ယေဟောဝါနှင့် ယေရှု၏ အလုပ်ကို အနည်းငယ်သာ သိသည်။ သို့ရာတွင် ကျွန်ုပ်သည် ယင်းအလုပ်တွင် ပုဂ္ဂလိက အတွေ့အကြုံမရှိသဖြင့် ကျွန်ုပ်သည် ယင်းကို အနည်းငယ်မျှသာ ပြောနိုင်သည်။ ထိုအချိန်က ဟေရှာယ သို့မဟုတ် ယေရှု ပြောခဲ့သော စကားလုံးများ၏ အဓိပ္ပာယ်ကို ကျွန်ုပ်သည် ရှင်းလင်းချက် လုပ်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာကို မလေ့လာဘဲ ဘုရားသခင်၏ မျက်မှောက် အလုပ်နောက်ကို လိုက်သည်။ သင်သည် အမှန်တကယ်အားဖြင့် သမ္မာကျမ်းစာကို စာစောင်ငယ်အဖြစ် မှတ်ယူသော်လည်း ယင်းကို သိုးသငယ်ကသာ ဖွင့်နိုင်မည်ဆိုသည်မှာ မမှန်သလော။ သိုးသငယ်မှ လွဲလျှင် မည်သူက လုပ်နိုင်သေးသနည်း။ သင်သည် သိုးသငယ်မဟုတ်ပါ၊ ကျွန်ုပ်သည်လည်း ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်အဖြစ် ပြောဆိုရန် ပို၍ပင် မဝံ့ရဲသောကြောင့် သမ္မာကျမ်းစာကို သုံးသပ်ခြင်း သို့မဟုတ် လေ့လာဆန်းစစ်ခြင်း မလုပ်ကြပါစို့။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားသည့် လက်ရှိအလုပ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ထား ပြီးသော အလုပ်ကို ဆွေးနွေးသည်က ပို၍ကောင်းသည်။ ဘုရားသခင် အလုပ်၏ အခြေခံဥပဒေသနှင့် အခြင်း အရာများကို ကြည့်ရှုကြပါစို့၊ ထို့နောက် ယင်းတို့ကို စစ်ဆေးခြင်းဖြင့် ယနေ့ ကျွန်ုပ်တို့ လျှောက်လှမ်းသော လမ်းသည် မှန်ကန််ခြင်း ရှိ၊ မရှိကို ကြည့်ကြပါစို့။ ဤအရာကို စံချိန်စံညွှန်းအဖြစ် ထားပြီး ချိန်ညှိကြစို့" ဟု ပြောဆိုနိုင်သည်။ အကယ်၍ သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောကြပါလျှင်၊ အထူးသဖြင့် ဘာသာရေး အသိုင်းအဝိုင်းတွင် ရှိသူတို့ထံ ဟောပြောပါလျှင် သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်ဖြစ်ပြီး ယင်း၏ အတွင်းကျသော ဇာတ်လမ်း၏ နက်နဲချက်များကို ကျွမ်းကျင်ပိုင်နိုင် နေရမည်။ သို့မဟုတ်ပါက သင်တို့သည် ဧဝံဂေလိ တရားကို ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ သင်သည် ပိုမိုကျယ်ပြန့်သော ရုပ်ပုံလွှာကို အတွင်း ကျကျ ရရှိခဲ့သည့် အခါတွင် သမ္မာကျမ်းစာ၏ အသက်မရှိသော စကားလုံးများကို လေ့လာဆန်းစစ်ခြင်း မပြုပါနှင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသက်၏ သမ္မာတရားကိုသာ ပြောကြားပါ၊ ထိုသို့ဆိုလျှင် သင်သည် မှန်ကန်သော စိတ်နှလုံးနှင့် ရှာဖွေသူတို့ကို ရရှိလိမ့်မည်။
2/06/2019
ဘုရားသခင်၏ စကားတော် | လက်တွေ့လုပ်ဆောင်ခြင်း (၂)
အတိတ်အချိန်များတွင် လူများသည် အချိန်တိုင်း၌ ဘုရားသခင်နှင့်အတူ ရှိရန်နှင့် ဝိညာဉ်တော် အကြားတွင် အသက်ရှင်ရန် မိမိတို့ကိုယ်မိမိ လေ့ကျင့်ကြသည်။ ယင်းအရာကို ယနေ့ခေတ်၏ လက်တွေ့ လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက ရိုးရှင်းသော ဝိညာဉ်ရေးရာ လေ့ကျင့်မှုမျှသာ ဖြစ်သည်။ ယင်းသို့သော လက်တွေ့လုပ်ဆောင်မှုသည် အသက်တာ၏ လမ်းကြောင်းမှန်ထဲသို့ လူများ၏ ဝင်ရောက်မှုထက် အရင်ကျပြီး၊ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းအားလုံးများထဲမှ မလေးနက်ဆုံးနှင့် အရိုးရှင်းဆုံး ဖြစ်သည်။ ၎င်းသည် လူများ၏ ဘုရားသခင်အား ယုံကြည်မှု၏ ကနေဦးအဆင့် လက်တွေ့ လုပ်ဆောင်မှု ဖြစ်သည်။ အကယ်၍ လူများသည် ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အစဥ်အမြဲ အသက်ရှင်မည် ဆိုပါက သူတို့၌ စိတ်ခံစားမှုများ အလွန်အများအပြား ရှိလာမည်ဖြစ်ကာ နက်နဲပြီး မှန်ကန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် မိမိတို့၏ ဝိညာဉ်များကို လေ့ကျင့်ရုံမျှသာ တတ်နိုင်ပြီး၊ ဘုရားသခင်ထံ ပုံမှန်နီးစပ်အောင် တတ်စွမ်းနိုင်သော သူတို့၏ နှလုံးသားများကို စောင့်ရှောက်ကာ၊ ဘုရားသခင်နှင့် အတူရှိခြင်း၌ ကြီးမားလှသော ရွှင်လန်းခြင်းကို အစဥ်ပင် ရှာဖွေတွေ့ရှိကြသည်။ သူတို့သည် ဘုရားသခင်နှင့် ရင်နှီးမှုရှိသော ကမ္ဘာငယ်လေးထဲ ကန့်သတ်ခံရကြမည် ဖြစ်သည်။ မည်သည်က အနက်ရှိုင်းဆုံး နက်နဲမှုနည်း ဆိုသည်ကို နားလည်ဖို့ တတ်စွမ်းနိုင်မည် မဟုတ်။ ဤနယ်နမိတ်များ အတွင်း၌သာ နေထိုင်သော လူများသည် မည်သည့် ကြီးမားသော တိုးတတ်မှုကိုမျှ လုပ်ဆောင်နိုင်စွမ်းမည် မဟုတ်ပေ။ အချိန်မရွေး သူတို့သည် "အိုး သခင်ယေရူ၊ အာမင်"ဟု အော်ဟစ်တတ်ကြသည်။ သူတို့ အစာစားနေသော အခါတွင်လည်း သူတို့သည် "အိုး ဘုရားသခင်၊ အကျွန်ုပ်စားပါ၏၊ ကိုယ်တော်လည်း စားပါ…."ဟု အော်ဟစ်ကြသည်။ နေ့တိုင်းနီးပါးသည် ဤကဲ့သို့ပင် ဖြစ်သည်။ ဤအရာသည် အတိတ်အချိန်များ၏ လက်တွေ့ လုပ်ဆောင်မှု ဖြစ်သည်။ ယင်းသည် အချိန်တိုင်း ဝိညာဉ်ထဲ၌ အသက်ရှင်ခြင်းအား လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဤအရာသည် ပေါ့တန်ငြီးငွေ့ဖွယ် ကောင်းသည် မဟုတ်လော။ ယနေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ရန် အချိန်ကျလာသောအခါ၊ သင်သည် ထိုအရာများကို ဆင်ခြင်သင့်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့ အချိန်ကျလာသောအခါ သင်သည် ယင်းအရာကို လက်တွေ့လုပ်ဆောင် သင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ဖြစ်လာသောအခါ သင်သည် ယင်းကို ထမ်းဆောင်သင့်သည်။ ထိုကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် လွတ်လပ်ပြီး သင့်ကို လွတ်မြောက်စေသည်။ ဘာသာရေး လူအိုများမှ ဆုတောင်း၍ ကျေးဇူးတော် မြွက်ဆိုခြင်းနှင့် မတူပေ။ ထိုကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် လွတ်လပ်ပြီး သင့်ကို လွတ်မြောက်စေမည်။ ဘာသာရေး အဖိုးအိုတစ်ဦးမှ ဆုတောင်ပြီး ကျေးဇူးတော် မြွတ်ဆိုခြင်းနှင့် မတူပေ။ အမှန်မှာ၊ ယင်းအစား ဤအရာသည် ဘုရားသခင်ကို ယုံကြည်သောလူများက မည်သို့ လက်တွေ့ လုပ်ဆောင်သင့်သနည်း ဆိုသည်ပင်။ သို့သော်လည်း၊ ဤနည်းလမ်းဖြင့် စဉ်ဆက်မပြတ် လက်တွေ့ လုပ်ဆောင်ခြင်းသည် အလွန် ခေတ်နောက်ကျနေသည်။ အတိတ်၏ လက်တွေ့လုပ်ဆောင်မှုသည် မျက်မှောက်၌ လက်တွေ့ လုပ်ဆောင်ခြင်း၏ အခြေခံဖြစ်သည်။ အကယ်၍ ကုန်လွန်သွားသော အချိန်များကို လက်တွေ့ လုပ်ဆောင်သည့် နည်းလမ်းလျှင် မျက်မှောက်ခေတ်၏ လက်တွေ့လုပ်ဆောင်မှုသည် ပို၍လွယ်ကူမည်။ ထို့ကြောင့်၊ ယနေ့ခေတ်တွင် "စစ်မှန်သော အသက်တာထဲသို့ ဘုရားသခင်ကို ယူဆောင်ခြင်း" ဟုပြောသည့်အခါ မည်သည့် လက်တွေ့လုပ်ဆောင်မှု ရှုထောင့်ကို ရည်ညွန်းသနည်း။ "စစ်မှန်သော အသက်တာ" သည် အဓိက အားဖြင့် လူများအနေနှင့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန် လိုအပ်ပြီး လူများပိုင်ဆိုင်သင့်သော အရာသည် ယနေ့ ဘုရားသခင်က သူတို့ကို တောင်းဆိုသောအရာ ဖြစ်သည်။ စစ်မှန်သော အသက်တာထဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူဆောင်ခြင်းဆိုသည်မှာ "စစ်မှန်သော အသက်တာထဲ ဘုရားသခင်ကို ယူဆောင်ခြင်း" ဟူသည့် အနက်အဓိပ္ပါယ်မှန် ဖြစ်သည်။ ယနေ့တွင် လူများသည် အခြေခံအားဖြင့် အောက်ပါအချက်များနှင့် သူတို့ကိုယ်သူတို့ ပြည့်စုံစေသင့်သည်။ ပထမအချက်ဟူမူကား၊ သူတိူ့သည် သူတို့၏ အရည်အသွေးကို တိုးတက် စေရမည်၊ ပညာတတ် ဖြစ်ရမည်၊ ဝေါဟာရ ကြွယ်ဝလာရမည်၊ အဖတ်စွမ်းရည်များ တိုးတတ်လာရမည်၊ အခြား တစ်ချက်ဟူမူကား၊ သူတို့သည် သာမန်လူများ၏ အသက်တာကို ဦးဆောင်ရမည်။ သင်သည် လောကကြီးမှ ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာရုံသာ ရှိသေးသည်။ သင်သည် အရင်ဆုံး သင်၏ ဝိညာဉ်ကို လေ့ကျင့် ရမည်။ ဘုရားသခင်၏ ရှေ့မှောက်၌ ငြိမ်သက်ခြင်းရှိရန် သင်၏နှလုံးသားအား လေ့ကျင့်ရမည်။ ဤအရာသည် အခြေခံအကျဆုံး အရာဖြစ်ပြီး ပြောင်းလဲမှုကို ရရှိခြင်း၌ ပထမ ခြေလှမ်းလည်း ဖြစ်သည်။ အချို့လူတို့သည် သူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ အလိုက်သင့် ပြောင်းလဲကြသည်။ သူတိုသည် သူတို့၏ အဝတ်တွေ လျှော်နေစဉ် သမ္မာတရားကို ဆင်ခြင်ကြသည်။ သူတို့နားလည်သင့်သော သမ္မာတရားများနှင့် သူတို့ လက်တွေ့ လုပ်ဆောင်သင့်သော အခြေခံသဘောတရားများအား သဘောပေါက်ကြသည်။ တစ်ဖက်တွင် သင်၌ သာမန် လူ့အသက်တာ ရှိရမည်။ အခြားတစ်ဖက်တွင် သမ္မာတရားထဲ ဝင်ရောက်ခြင်း ရှိရမည်။ ဤအရာသည် စစ်မှန်သော အသက်တာအဖို့ အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။
1/23/2019
ဘုရားသခင်၏ စကားတော် | ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်သည် ပထမအကြိမ် လူ့ဇာတိကိုခံယူခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိ သန္ဓေ စွဲယူခြင်းမှတစ်ဆင့်ဖြစ်ပြီး ယင်းသည် သူလုပ်ရန် ရည်ရွယ်ထားသော အလုပ်နှင့် သက်ဆိုင်သည်။ ကျေးဇူးတော်ခေတ်သည် ယေရှု၏ အမည်နှင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏ အမှုတော်ကို စတင် ဆောင်ရွက်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ အမည်ကို စတင်၍ သက်သေခံခဲ့ပြီး ယေဟောဝါ၏ အမည်ကို ထပ်မံပြောကြားခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်သစ်ကို လုပ်ဆောင်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သယ်ဆောင်လာခြင်းဖြစ်ပြီး၊ သူတို့လုပ်ခဲ့သော အလုပ် သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမတော်အောက်တွင် အဓိကထားပြီး လုပ်ဆောင်ခဲ့သော အလုပ်များ အဆုံးသတ်သို့ ရောက်ခြင်းကို ဆိုလိုသည်။ ၎င်းအချိန်မှစတင်၍ ဘုရားသခင်၏ အမည်သည် ယေဟောဝါအဖြစ် ဆက်ရှိ မနေတော့ပေ။ ယင်းအစား သူ့ကို ယေရှုဟု ခေါ်ပြီး ဤနေရာမှ စတင်၍ သနှ့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမတော်အောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် လူသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ဆဲဖြစ်ပြီး ပညတ်တော်ခေတ်၏ အလုပ်များအတိုင်း အရာရာကို လုပ်ဆာင်နေဆဲဖြစ်ရာ—ဤနေရာရှိ စည်းမျဉ်းများကို သင်သည် မျက်စိမှိတ်လျက် လိုက်နာ နေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိနေခြင်း မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်လာပြီကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟု ခေါ်ဆဲ ဖြစ်နိုင် သလား။ ယေဟောဝါသည် ဣသရေလ လူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်၊ သူလာသည့်အခါ သူ့ကို မေရှိယဟု မခေါ်ပဲ ယေရှုဟု ခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူထပ်လာအုံးမည်၊ သူသည် ကိုယ်တော် ထွက်ခွာသွားသည်ကဲ့သို့ ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ယင်းတို့မှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သော်လည်း သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလား။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း သူသည် သူကိုယ်တိုင် လူအများကြား ဖြူသော မိုးတိမ်ပေါ်တွင် ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလား။ ထိုသို့ဖြစ်ခဲ့ပါက ကိုယ်တော့်ကို ယေရှုဟု ခေါ်ဆဲ ဖြစ်လိမ့်မည် မဟုတ် လော။ ယေရှု တဖန်ပြန်လာသောအခါ ခေတ်သည် ပြောင်းနေပြီး ဖြစ်လိမ့်မည်ဖြစ်ရာ သူ့ကို ယေရှုဟု ခေါ်ဦးမည်လား။ ဘုရားသခင်ကို ယေရှု အမည်ဖြင့်သာ သိခဲ့ခြင်း ဖြစ်ပါသလား။ ခေတ်သစ်တွင် သူသည် အမည်သစ်ဖြင့် အခေါ်ခံရခြင်း မဖြစ်နိုင်ဘူးလား။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် တစ်ခုတည်းသော အမည် သည် ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ပါသလား။ ခေတ်တစ်ခုစီတိုင်းတွင်၊ ဘုရားသခင် သည် အလုပ်သစ်ကို လုပ်ဆောင်ပြီး အမည်သစ် ခေါ်ဆိုခံရသည်။ မတူသော ခေတ်များတွင် တူညီသော အလုပ်ကို သူ့မှာ မည်သို့လျှင် လုပ်နိုင်မည်နည်း။ အဘယ်သို့လျှင် အဟောင်းကို ဆုပ်ကိုင်ထားနိုင်မည်နည်း။ ယေရှု အမည်နာမကို ရွေးနှုတ်ခြင်းအလုပ် လုပ်ရန်အတွက် ယူထားခြင်းဖြစ်ရာ၊ နောက်ဆုံးသော ကာလတွင် သူပြန်လည် ကြွလာသောအခါ ထိုအမည်ကိုဘဲ ခေါ်နေဆဲ ဖြစ်မည်လား။ သူသည် ရွေးနှုတ်ခြင်းအလုပ်ကို လုပ်နေဆဲ ဖြစ်မည်လား။ မတူညီသော ခေတ်များတွင် မတူညီသော နာမတော်များဖြင့် ခေါ်ဆိုခြင်း ခံကြရ သော်လည်း အဘယ်သို့လျှင် ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်း ဖြစ်သနည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ သူတို့အလုပ်၏ ခေတ်များ မတူညီခြင်းကြောင့် မဟုတ်သလော။ အမည်တစ်ခုတည်းက ဘုရားသခင်ကို လုံးလုံးလျားလျား ကိုယ်စားမပြုနိုင်ဘူးလား။ သို့ဖြစ်လျှင် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော အမည်တစ်ခုဖြင့် ခေါ်ဆိုရလိမ့်မည်ဖြစ်ပြီး၊ ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် အမည်နာမကို အသုံးပြုရမည်။ အကြောင်းမှာ မည်သည့် အမည်တစ်ခုကမျှ ဘုရားသခင် ကိုယ်တော်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်ဘဲ အမည်တစ်ခုချင်းသည် သက်ဆိုင်ရာ ခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီ ရှုထောင့်ကိုသာလျှင် ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းအမည် လုပ်ရမည့်အလုပ် အားလုံးမှာ သူ၏ အလုပ်ကို ကိုယ်စားပြုရန်ဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင် သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏ စိတ်သဘောထားနှင့် လိုက်လျောညီထွေ ရှိစေမည့် မည်သည့် နာမတော်ကို မဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်တစ်ခုချင်းသည် အမည်နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော် ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်လာခဲ့ပြီး ယေရှုသည် လာရောက်ခဲ့ပြီး ဖြစ်သည်။ သူ့ကို မည်သို့လျှင် ယေရှုဟု ဆက်ခေါ်မည်နည်း။ သူ့အနေဖြင့် မည်သို့လျှင် လူများအကြားတွင် ယေရှု၏ ပုံသဏ္ဌာန်ကို ယူနိုင်မည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင် မေ့သွားပြီလား။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်သူသာ ဖြစ်သည်ဆိုသည်ကို သင်မေ့သွားပြီလား။ နောက်ဆုံးသော ကာလတွင် သူသည် အဘယ်သို့လျှင် သိမ်းပိုက်ခြင်းနှင့် လူကိုစုံလင်ခြင်းသို့ ရောက်စေခြင်း အလုပ်ကို လုပ်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်—ယင်းမှာ မှန်သော အချက် ဖြစ်သည်—သို့သော်လည်း သူသည် မည်သို့လျှင် လူများကြားတွင် ဖြူသော မိုးတိမ်ကို စီးလျက် ပြန်လာပြီး ယေရှုဟုပင် အခေါ်ခံရဆဲမှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်ပေါ်တွင် အမှန်စင်စစ် ရောက်ရှိလာခဲ့ပါက၊ လူသားသည် သူ့ကို မည်သို့လျှင် မမှတ်မိဘဲ ရှိမည်နည်း။ ကမ္ဘာတဝှမ်းရှိ လူများအားလုံး သူ့ကို မှတ်မိမည် မဟုတ်လား။ သို့ဖြစ်လျှင် ယေရှု တစ်ပါးတည်းသည်သာ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်ပါသလော။ သို့ဖြစ်လျှင် ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်ရုံ သာမက ထာဝရ ထိုသို့ ဖြစ်နေလိမ့်မည် မဟုတ်လား။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း သူ့နှုတ်ကပတ်တော်များ၏ အမှန်တကယ် အဓိပ္ပာယ်ကို သင်သိပါသလား။ သင်တို့ အုပ်စုကို ထိုအရာ သူပြောသည်မှာ ဖြစ်နိုင်သလား။ သင်သိထားသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကို စီးလျက် သူပြန်လာလိမ့်မည်၊ သို့သော်လည်း ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အလုပ်ကို မည်ကဲ့သို့ လုပ်ကိုင်သည်ကို သင်အတိအကျ သိပါသလား။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အဓိပ္ပာယ် ဖွင့်မည်နည်း။ သူပြောခဲ့သည်မှာ "နောက်ဆုံးသောကာလတွင် လူသား၏ သားတော် ကြွလာသောအခါ သူကိုယ်တော်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ တမန်တော်များ သိလိမ့်မည်မဟုတ်၊ လူသား မျိုးနွယ် အားလုံးတို့သည် သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည်။’’ အကယ်၍ သင်သာ သိနိုင်မြင်နိုင်စွမ်း ရှိမည်ဆိုပါက ဤစကားလုံးများ သည် အဓိပ္ပာယ်မဲ့ ဖြစ်မည်မဟုတ်ပါလား။ လူ၏ သားတော်ပင်လျှင် သိသည် မဟုတ်သည့်အတွက် သင်သည် အဘယ်သို့လျှင် မြင်နိုင် သိနိုင်မည်နည်း။ အကယ်၍ သင်သည် သင်၏ မျက်စိဖြင့် မြင်နိုင်ခဲ့ပါက ဤစကားလုံးများကို ပြောသည်မှာ အချည်းနှီးဖြစ်မည် မဟုတ်ပါလော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ "ထိုနေ့ရက်နှင့် နာရီတို့ကို မည်သူမျှ မသိ၊ မသိနိုင်၊ ကောင်းကင်မှ ကောင်းကင်တမန်များလည်း မသိနိုင်၊ သို့သော်လည်း ငါ၏ အဘသာလျှင် သိသည်။ သို့ရာတွင် နောဧ၏ နေ့ရက်များကဲ့သို့ပင် လူ၏ သားတော်လာရောက်ခြင်းသည်လည်း အလားတူ ဖြစ်လိမ့်မည်။.... သို့ဖြစ်ရာ လူ၏ သားတော်မလာဟု သင်တို့ထင်သည့် နာရီအတွက် သင်တို့သည်လည်း အသင့်ပြင်ကြလော့။" ထိုနေ့ရက် ရောက်လာသည့်အခါ လူ၏ သားတော် ကိုယ်တိုင်သိလိမ့်မည် မဟုတ်ပေ။ လူ၏ သားတော်ဆိုသည်မှာ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၊ သာမန်နှင့် ရိုးရိုး လူပုဂ္ဂိုလ်ကို ဆိုလိုသည်။ ထိုသူကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ မသိလျှင် သင်သည် မည်သို့လျှင် သိသနည်း။ ယေရှုပြောခဲ့သည်မှာ သူသည် ထွက်ခွာသွားသကဲ့သို့ သူပြန်လည် ရောက်ရှိလိမ့်မည်။ သူရောက်ရှိမည့် အချိန်ကို သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သင့်ကို ကြိုတင်ပြီး သူက မည်သို့ အသိပေးနိုင်မည်နည်း။ သင်သည် သူဆိုက်ရောက်ခြင်းကို မြင်နိုင်မည်လား။ ယင်းသည် ရယ်စရာ ပြက်လုံး မဟုတ်ဘူးလား။ ကမ္ဘာမြေကြီးသို့ ဘုရားသခင်လာသည့်အခါတိုင်း သူ၏ နာမတော်၊ သူ၏ လိင်သဘာဝ၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အလုပ်တို့ကို ပြောင်းလဲသည်၊ သူသည်သူ၏ အလုပ်ကို ထပ်ကာ ထပ်ကာ မလုပ်။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က ကိုယ်တော်လာသည့်အခါ သူ့ကို ယေရှုဟု ခေါ်သည်၊ ဤတစ်ကြိမ် သူလာသည့်အခါ သူ့ကိုယေရှုဟု ဆက်ခေါ်နေဆဲ ဖြစ်မည်လား။ ယခင်က သူလာသောအခါ သူသည် ယောကျာ်းဖြစ်သည်၊ ဤတစ်ကြိမ်တွင်လည်း သူသည် ယောကျာ်း ဖြစ်နိုင်ပါသလား။ ကျေးဇူးတော်ခေတ်အတွင်း လာစဉ်က သူ၏ အလုပ်သည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် ရိုက်ခံရန် ဖြစ်သည်။ သူနောက်တစ်ကြိမ် လာသည့်အခါ လူသား မျိုးနွယ်ကို အပြစ်မှ ရွေးနှုတ်နိုင်ဆဲ ဖြစ်သလော။ သူသည် လက်ဝါးကပ်တိုင်တွင် သံမှိုဖြင့် နောက်တစ်ကြိမ် အရိုက်ခံနိုင်ပါဦးမည်လား။ ယင်းသည် သူ့အလုပ်ကို ထပ်လုပ်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဘုရားသခင် သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်မသိဘူးလား။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဘူး ပြောသူများရှိသည်။ ယင်းမှာ မှန်သော်လည်း ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်၏ နာမတော်နှင့် အလုပ်ကို ပြောင်းလဲခြင်း သည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမခံပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်ပြီး ယင်းသည် မည်သည့်အခါမှ မပြောင်းလဲပေ။ အကယ်၍ သင်က ဘုရားသခင် ၏ အလုပ်သည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်စွမ်း ရှိပါမည်လား။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်း သင်သိသော်လည်း ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မဟောင်းနွမ်းသည်ကို သင်သိပါသလား။ ဘုရားသခင်၏ အလုပ်သည် မပြောင်းလဲပါက သူသည် လူသားမျိုးနွယ်ကို ယနေ့အချိန်အထိ လမ်း တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါမည်လား။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ခေတ်နှစ်ခေတ်၏ အလုပ်ကို ပြီးစီးအောင် လုပ်ခဲ့နိုင်သနည်း။ သူ၏ အလုပ်သည် ရှေ့သို့ ရွေ့လျားရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ သူ၏ စိတ်သဘောထားသည် လူသားအား တဖြည်းဖြည်း ဖွင့်လှစ်ပြသနေပြီး ယင်းပြသမှုသည် သူ၏ ပင်ကိုစိတ်သဘောထားဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ဖုံးကွယ်ထားခဲ့သည်။ သူသည် လူသားအား သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ၊ လူသည် သူ့အကြောင်းကို ရိုးရှင်းစွာပင် မသိနားမလည်ခဲ့ပေ။ သို့ဖြစ်သောကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြသရန် သူ၏ အလုပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် ခေတ်တိုင်းတွင် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုတော်သည် အစဉ်အမြဲ ပြောင်းလဲ နေခြင်းကြောင့် ဘုရားသခင်၏ စိတ်သဘောထားသည် အစဉ်အမြဲ ပြောင်းလဲနေခြင်းဟု မဆိုလိုပေ။ ယင်းအစား သူ့အလုပ်၏ ခေတ်များ မတူညီသောကြောင့် ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို လုံးလုံးလျားလျား တစ်ဆင့်ပြီးတဆင့် ယူဆောင်ပြီး ယင်းကို လူသားအား ဖော်ထုတ်ပြသသောကြောင့် လူသားသည် သူ့ကို သိလာနိုင်သည်။ သို့သော်လည်း ယင်းသည် ဘုရားသခင်တွင် မူလက မည်သည့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ခေတ်များ ကျော်ဖြတ် လာသည်နှင့် အမျှ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလာသည်ကို သက်သေပြသည်ဟု မဆိုလိုပေ။ ယင်းသို့နားလည်မှုမှာ မှားယွင်းမှုဖြစ်သည်။ ဘုရားသခင်သည် သူ၏ ပင်ကိုနှင့် သီးခြား စိတ်သဘောထားကို—သူ၏ ဖြစ်ခြင်းကို—လူသားအား ခေတ်များ ကျော်ဖြတ်လာသည်နှင့်အမျှ ထုတ်ဖော် ပြသသည်။ ခေတ်တစ်ခေတ်၏ အလုပ်သည် ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နှုတ်ကပတ်တော်ဖြစ်သော "ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိ" ဆိုသည်မှာ သူ၏ အလုပ်ကို ရည်ညွှန်းပြီး နှုတ်ကပတ်တော်ဖြစ်သော "ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ" ဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုဖြစ်သော အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းသည်။ မည်သို့ပင်ဖြစ်စေ သင်သည် နှစ်ခြောက်ထောင်အလုပ်ကို နေရာတစ်ခုအပေါ်တွင် မပြုလုပ်နိုင် သို့မဟုတ် သေဆုံးနေသော စကားလုံးများဖြင့် ယင်းကို ပုံဖော်ခြင်းမပြုနိုင်ပေ။ ယင်းမှာ လူသား၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူသား ထင်မြင်သကဲ့သို့ ရိုးရှင်းခြင်း မရှိဘဲ မည်သည့် ခေတ်တစ်ခုတွင်မဆို သူ၏ အလုပ်သည် တရစ်ဝဲဝဲ စွဲကျန်ရစ်ခြင်း မရှိပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမတော် အဖြစ် အစဉ်အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမတော်အောက်တွင် သူ၏ အလုပ်ကို လုပ်နိုင်သေးသည်။ ယင်းမှာ ဘုရားသခင်၏ အလုပ်သည် အစဉ်အမြဲ ရှေ့သို့ တိုးတက်ခြင်းဖြင့် ရွေ့လျား နေသည့် လက္ခဏာ ဖြစ်သည်။
1/18/2019
ဓမ္မသီချင်း | စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်
ဓမ္မသီချင်း | စစ်မှန်သောဆုတောင်းခြင်းရဲ့ ရလဒ်
I
ရိုးသားစွာ လျှောက်လှမ်းပြီး
နှလုံးသားထဲ လှည့်စားခြင်းကင်းဖို့ရန် ဆုတောင်းပါ
ဆုတောင်းပါ ကိုယ့်ကိုကိုယ်သန့်စင်ဖို့၊ ဘုရားတို့ထိဖို့ ဆုတောင်းပါ
သင့်စိတ်သဘောထား ပြောင်းလဲလိမ့်မည်
ဆုတောင်းခြင်းအားဖြင့် လူ့စိတ်သဘောထားပြောင်းလဲ လာ တယ်
ဝိညာဉ်တော် အမှုပြုလေ၊ လူသားတို့ နာခံခြင်းရှိလေ
စစ်မှန်တဲ့ဆုတောင်းခြင်းကြောင့် သူတို့နှလုံးသား
တဖြည်းဖြည်း သန့်ရှင်းလိမ့် မည်
ပိုတက်ကြွလေ ဖြစ်ကြလိမ့်မည်
1/09/2019
ဘုရားသခင်၏ စကားတော် | အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)
သင်တို့၏ အလုပ်နှင့် ဝင်ရောက်မှုသည် အလွန်အားနည်းလေသည်၊ လူသည် အလုပ်ကို တန်ဖိုးမထား၊ ဝင်ရောက်မှုကိုဆိုလျှင် သာ၍ပင် ဂရုမစိုက်ကြ။ လူသည် ထိုသို့ဖြစ်နေခြင်းကို သူတို့ ဝင်ရောက်သင့်သည်ဟူသည်နှင့်ပတ်သတ်သောသင်ခန်းစာများအဖြစ် မသတ်မှတ်ကြပေ။ ထို့ကြောင့် သူတို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံ၌ သူတို့မြင်သည့် အရာအားလုံးနီးပါးက စိတ်ကူးထဲ၌ရှိသော အတွေးမှားများ ဖြစ်နေခြင်း ဖြစ်သည်။ အလုပ်၌ သင်တို့၏ အတွေ့အကြုံနှင့် ပတ်သက်လျှင် သင်တို့ကို များများစားစား မတောင်းဆိုပါ၊ သို့သော် ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံရမည့်သူများ အနေနှင့် သင်တို့သည် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ သင်ယူသင့်သည်၊ သိပ်မကြာခင်မှာပင် ဘုရားသခင်၏ စိတ်နှလုံးနှင့် တွေ့သောသူများ ဖြစ်ဖို့အတွက် ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်အတွက် အလုပ်လုပ်ခဲ့ကြသူများကို အမှုဆောင်များ သို့မဟုတ် တမန်တော်များဟု ခေါ်ကြပြီး ထိုအခေါ်အဝေါ်သည် ဘုရားသခင် အသုံးပြုခဲ့သည့် လူအနည်းငယ်ကို ရည်ညွှန်းသည့် အခေါ်အဝေါ် ဖြစ်သည်။ သို့သော် ယနေ့ ငါပြောသည့် အလုပ်သည် ထိုအမှုဆောင်များ သို့မဟုတ် တမန်တော်များကိုသာ မရည်ညွှန်းပေ၊ ဘုရားသခင် စုံလင်အောင် ပြုလုပ်ပေးမည့် သူများအားလုံးကို ရည်ရွယ်ပြီး ပြောသော အလုပ်ဖြစ်သည်။ ထိုအလုပ်ကို စိတ်သိပ်မဝင်စားသောသူ အများအပြားရှိကောင်းရှိမည် ဖြစ်သည်၊ သို့သော်လည်း ဝင်ရောက်မှုနှင့်ဆိုင်သော အကျိုးအတွက် ထိုအမှန်တရားအကြောင်းကို ဆွေးနွေးလျှင် အကောင်းဆုံး ဖြစ်မည် ဖြစ်သည်။
1/03/2019
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် စာတန်၏အမှု
သင်သည် ဝိညာဉ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့သော အသေးစိတ် အချက်များကို နားလည်ထားသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏အတွင်းတွင် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ စာတန်သည် လူ့အတွင်း တွင် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ ဤအမှု၏ ထင်ရှားပြသခြင်းများမှာ အဘယ်နည်း။ တစ်စုံတစ်ရာ သင့် အပေါ် ဖြစ်ပွားလာပါက ယင်းအရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာခြင်းလော၊ သင်သည် ထို အရာကို နာခံသင့်သလော၊ ငြင်းပယ်သင့်သလော။ လူတို့၏ အမှန် လက်တွေ့ကျင့်ဆောာင်မှုသည် လူသား၏ အလိုဆန္ဒကို သာ ထွက်ပေါ်စေပြီး ယင်းအရာသည် သန့်ရှင်းသော ဝိညာဥ်တော်ထံမှ လာသည်ဟု လူများမှ အမြဲပင် ယုံကြည် ကြသည်။ တစ်ချို့မှာ နတ်ဆိုးဝိညာဉ်များမှ လာသော်လည်း၊ လူများက ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်မှ အစပြုသည်ဟု ယခုတိုင် ထင်တတ်ကြ၏၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အတွင်း တွင် လမ်းညွှန်မှုပေးသည့်တိုင် လူတို့မှာ ၎င်းလမ်းညွှန်ချက်က စာတန်ထံမှ လာခြင်းဟု ကြောက်တတ်ကြ၍ နာခံရန် မ၀ံ့ရဲကြပေ။ အမှန်တွင်တော့ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်နေ၏။ ဤသို့ဖြင့် ကွဲခြားခြင်းမရှိလျှင် ထိုကဲ့သို့သော အတွေ့အကြုံများ သင့်ထံ၌ အမှန် ဖြစ်ပျက်လာသော အခါ တွေ့ကြုံခံစားနိုင်ရန် နည်းလမ်းမရှိတော့ပေ၊ ကွဲခြားခြင်း မရှိလျှင် အသက်ရရန်လည်း နည်းလမ်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုကို ပြုသနည်း။ နတ်ဆိုးဝိညာဉ်များက မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူဆန္ဒမှ မည်သည့်အရာ လာတတ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ် အလင်းဖွင့်ပြခြင်းမှ မည်သည့်အရာ ထွက်ပေါ်လာသနည်း။ အကယ်၍ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပြသော အမှု၏ စည်းမျဥ်းများကို နားလည်လျှင် သင်၏ နေ့စဥ် အသက်တာထဲနှင့် သင်၏ အမှန် တကယ် အတွေ့အကြုံများ အတောအတွင်း သင်၏ အသိပညာနှင့် ကွဲခြားမှုကို သင်သည် ကြီးထွားအောင် လုပ်ဆောင် နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာကာ၊ စာတန်ကို နားလည် နိုင်လာလိမ့်မည်၊ သင်၏ လိုက်ခြင်း သို့မဟုတ် နာခံမှု၌ သင်သည် စိတ်ရှုပ်ထွေးမှု လိမ့်မည်မဟုတ်၊ သင်သည် အတွေးများ ရှင်းလင်းသောသူ ဖြစ်လာပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူလည်း ဖြစ်လာပေမည်။
12/31/2018
လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်
နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် မိမိလုပ်ဆောင်စရာရှိသည့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် သူ၏ နှုတ်ကပတ်တော် သာသနာလုပ်ငန်းကို ထမ်းဆောင်ရန် လူ့ဇာတိကို ခံယူခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောသူများကို ပြီးပြည့်စုံစေဖို့ရန်အလို့ငှာ လူသားများကြားတွင် သူကိုယ်တိုင် ဆင်းသက်လာခဲ့သည်။ ဖန်းဆင်းခြင်းကာလမှသည် ယနေ့ထိတိုင်အောင် ထိုကဲ့သို့ အမှုအရာကို နောက်ဆုံးသောကာလတွင်သာ လုပ်ဆောင်ရှိသည်။ နောက်ဆုံးသော ကာလတွင်သာ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမားသည့် အမှုအရာကို လုပ်ဆောင်သည်။ သူသည် လူ့အမြင်တွင် လွန်စွာခက်ခဲမည်ဟု ထင်ရသည့် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း၊ ကြီးမြတ်သည့် ဘုရားသခင် တစ်ပါးအနေနှင့် သာမန်လူသားတစ်ယောက်အဖြစ် ခံယူသည်အထိ နှိမ်ချမှု ရှိခဲ့သော်လည်း၊ ထိုအရာများကြောင့် သူ့အလုပ်၏ မည်သည့် သွင်ပြင်လက္ခဏာကမှ နှောင့်နှေးသွားခြင်းမရှိပေ။ သူ၏အစီအစဉ်များလည်း ရှုပ်ထွေးခြင်းသို့ မရောက်ခဲ့ပေ။ သူသည် မိမိ၏ မူရင်းအစီအစဉ်အတိုင်း လုပ်ဆောင်နေသည်။ လူ့ဇာတိကို ခံယူခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ လူသားများကို သိမ်းပိုက်ရန်ဖြစ်သည်။ အခြားရည်ရွယ်ချက် တစ်ခုမှာမူ သူချစ်သော သူများကို ပြီးပြည့်စုံစေရန်ဖြစ်သည်။ သူပြီးပြည့်စုံစေသော လူများကို သူ၏ မျက်စိနှင့် တပ်အပ်မြင်လိုသည့် စိတ်ဆန္ဒရှိသည်။ ပြီးလျှင် သူပြီးပြည့်စုံစေခဲ့သော လူများသည် သူ့အတွက် မည်ကဲ့သို့ သက်သေခံကြသည် ကိုလည်း တွေ့မြင်လိုသည်။ ပြီးပြည့်စုံစေမည့်သူများမှာ တစ်ယောက်တည်းသာမဟုတ်ပါ။ နှစ်ယောက်တည်း လည်း မဟုတ်ပါ။ အလွန်နည်းပါးသည့် လူနည်းစုတစ်စုဖြစ်သည်။ ထိုသူများသည် ကမ္ဘာ၏ နိုင်ငံအသီးသီးမှ လာကြသည်။ ကမ္ဘာအရပ်ရပ်မှလာသည့် နိုင်ငံသားအသီသီးတို့ ဖြစ်ကြသည်။ ဤမျှ များပြားသော အလုပ်ကို လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤလူတစ်စုကို ရရှိဖို့ရန်၊ ဤလူတစ်စုမှ ဘုရားသခင်အတွက် သက်သေ ခံခြင်းများ ရှိလာဖို့ရန်နှင့် ဤလူတစ်စုအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားဖို့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်သည် အဓိပ္ပါယ်မရှိသောအလုပ်ကို မလုပ်၊ တန်ဖိုးမရှိသည့် အလုပ်ကိုလည်း မလုပ်ပေ။ ဘုရား သခင်သည် များစွာသော အလုပ်ကို လုပ်ရခြင်း၏ ရည်မှန်းချက်မှာ သူပြီးပြည့်စုံစေလိုသော သူများကို ပြီးပြည့်စုံစေရန် ဖြစ်သည်ဟု ပြောနိုင်သည်။ မည်သည့် ပိုလျှံသော အချိန်တွင် ဘုရားသခင်သည် ဤဘောင်ကို ကျော်လွန်ခဲ့သနည်း။ ဆိုးယုတ်သောသူများကို သုတ်သင်ရှင်းလင်းမည်ဖြစ်သည်။ သူသည် ဤအလုပ်များကို လုပ်နေခြင်းမှာ ဆိုးယုတ်သောသူများအတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိထားပါ။ ယင်းအစား သူ့အားဖြင့် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းစုအတွက် သူ၏ အရာခပ်သိမ်းကို ပေးနေခြင်းဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့်အရာများ၊ သူမြွက်ဆိုခဲ့သည့်အရာများ၊ သူဖွင့်ပြခဲ့သည့် အံ့ဩဖွယ်ရာများနှင့် သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများသည် ထိုလူနည်းစုတစ်စုအတွက်သာ ဖြစ်သည်။ ထိုဆိုးယုတ်သော သူများအတွက် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပါ။ ထိုသူများသည် ဘုရားသခင်၏ အမျက်ဒေါသကို ဆွသူများ မဟုတ်ပါသလော။ ဘုရားသခင်သည် ပြီးပြည့်စုံမှုကို ရရှိမည့် ထိုလူနည်းတစ်စုအတွက် သမ္မာတရားနှင့် ဝင်ရောက်ခြင်း အကြောင်းများကို ပြောကြားသည်။ ထိုလူများအတွက် လူ့ဇာတိကို ခံယူခဲ့သည်။ မိမိ၏ ကတိတော်နှင့် ကောင်းချီးမင်္ဂလာများကိုလည်း ထိုလူများအတွက် နှင်းအပ်သည်။ သမ္မာတရား၊ ဝင်ရောက် ခြင်းနှင့် လူ့သဘောသဘာဝထဲမှ အသက်အကြောင်း ပြောရာတွင် ထိုဆိုးယုတ်သော သူများအတွက် ပြောခြင်း မဟုတ်ပေ။ သူသည် ဆိုးယုတ်သောသူများနှင့် စကားပြောခြင်းကို ရှောင်ကြဉ်လို၍ သမ္မာတရား အားလုံးကို မိမိ ပြီးပြည့်စုံစေလိုသည့် သူများလက်ထဲသို့ နှင်းအပ်လိုသောသူ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လုပ်ဆောင်ချက်ထဲတွင် ဆိုးယုတ်သောသူများက ဘုရားသခင်၏ ကြွယ်၀ခြင်းကို ခဏတာ ခံစားခွင့်ရရန် လိုအပ်သည်။ သမ္မာတရားကို လိုက်လျှောက်ခြင်းမရှိသူ၊ ဘုရားသခင်ကို စိတ်ကျေနပ်မှု မပေးနိုင်သူနှင့်၊ ဘုရားသခင်ပြုသည့် အမှုကို နှောင့်ယှက်နေသော သူများသည် ဆိုးယုတ်သောသူများ ဖြစ်သည်။ ထိုသူများ သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရကာ၊ ပြီးပြည့်စုံမှုကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။ အပြန်အလှန်အားဖြင့်၊ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမည့်သူများမှာမူ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ခြင်း ရှိသောသူများ၊ ဘုရားသခင်အား ကျေနပ်မှုရှိစေသော သူများနှင့် ဘုရားသခင်၏ အမှုတော် အတွက် မိမိတို့အသက်တာကို ဆက်ကပ်အပ်နှံထားသောသူများ ဖြစ်ကြသည်။ ဘုရားသခင် ပြီးပြည့်စုံ စေလိုသောသူများမှာ ထိုသူများအပြင် အခြားသူများမရှိပါ။ ဘုရားသခင် လုပ်ဆောင်နေသော အရာမှာလည်း ထိုသူများအတွက်သာ ဖြစ်သည်။ သူဟောကြားနေသည့် သမ္မာတရားမှာလည်း ယင်းကို လက်တွေ့လုပ်ဆောင် ကျင့်သုံးလိုသော ထိုသူများကို ရည်စူးပြောကြားနေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံး လုပ်ဆောင်မှု မရှိသောသူများကို မပြောကြားလိုပေ။ ထိုးထွင်းဉာဏ် တိုးတက်လာခြင်းနှင့် အမြော်အမြင် ကြီးထွားလာခြင်းဟု ပြောရာတွင် အမှန်တရားကို လိုက်လျှောက် ကျင့်သုံးနိုင်သော သူများကို ရည်စူးပြောဆို နေခြင်းဖြစ်သည်။ ပြီးပြည့်စုံစေမည့် သူများဟုပြောရာတွင် ထိုကဲ့သို့သောသူများကို ပြောနေခြင်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ထိုသူတို့ကို ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဉာဏ်ပညာရှိခြင်းနှင့် လူ့သဘောသဘာဝရှိခြင်း တို့သည်လည်း သမ္မာတရားကို လိုက်လျှောက်ကျင့်သုံးသော သူများအတွက် ဖြစ်သည်။ သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်း မရှိသည့်သူများသည် သမ္မာ တရားများစွာကို ကြားနာခွင့်ရကာ နားလည်သော်လည်း ဆိုးယုတ်သောသူများ အကြားတွင် ရှိနေသည့် အားလျော်စွာ သိရှိနားလည်ထားသည့် သမ္မာတရားသည် အယူဝါဒ သဘောတရားနှင့် စကားလုံးများသာ ဖြစ်သွားကြသည်။ ၎င်းတို့စိတ်သဘောထားထဲတွင် ထူးခြားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာမျှ မဖြစ်ပေါ် စေပေ။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်အား သစ္စာမစောင့်ကြပေ။ ထိုသူများသည် ဘုရားသခင်ကို တွေ့သော်လည်း မရရှိကြ၊ ဘုရားသခင်၏ ပြစ်ပယ်ခြင်းခံရသူများဖြစ်သည်။
12/27/2018
ပုံမှန်အခြေအနေသို့ ဝင်ရောက်ပုံ ဝင်ရောက်နည်း
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူများက သာ၍ လက်ခံလာလေလေ၊ သူတို့သည် ဉာဏ်အလင်း ရလာလေလေဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို မီအောင်လိုက်ရန် ပိုမိုဆာလောင် ငတ်မွတ်လေလေဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိသော သူများသာလျှင် ပိုမိုနက်ရှိုင်းသော၊ ပိုမိုကြွယ်ဝသော အတွေ့အကြုံများကို ရရှိနိုင်သည်။ သူတို့၏ အသက်တာများသည်သာလျှင် သာ၍ သာ၍ ဖွံ့ဖြိုးဝေဆာသူများဖြစ်ကြသည်။ အသက်ကို မီအောင်လိုက်သူ တစ်ဦးတစ်ယောက်တိုင်းသည် ယင်းကို သူတို့၏ အလုပ်အဖြစ် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဘုရားသခင်မရှိဘဲ သူတို့နေထိုင်နိုင်ခြင်းမရှိ၊ ဘုရားသခင်မရှိဘဲ မည်သည့် အောင်မြင်မှုကိုမျှ မရနိုင်၊ ဘုရားသခင်မရှိပါက အလုံးစုံသည် အနှစ်သာရ ကင်းမဲ့သည်ဟူသော ခံစားချက်ကို ရှိထားကြရမည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ဟူသော သံန္နိဋ္ဌာန်ကို ချထားသင့်ပြီး သူတို့လုပ်ဆောင်မှုများသည် အသီးအပွင့်များ ဖြစ်ထွန်းခြင်း မရှိပါက မည်သည့်အရာကိုမျှ ရှေ့ဆက် မလုပ်ဆောင်လိုခြင်းမျိုး ဖြစ်သင့်သည်။ မိမိတို့ကိုယ်မိမိ လိုက်လျော၍ ပြုမူခြင်းမျိုး မလုပ်ဆောင်သင့်။ ဘုရားသခင်၏ ဉာဏ်အလင်းနှင့် လမ်းညွှန်မှုမှတစ်ဆင့် ဘဝအတွေ့အကြုံများ ရရှိလာပြီး သင်တို့ ရည်ရွယ်လုပ်ဆောင်သော အားထုတ်မှုများသည်လည်း အသီးအပွင့်ဖြစ်ထွန်းမည်ဖြစ်သည်။ သင်တို့၏ ဘဝအတွေ့အကြုံတွင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေဆင်လက်ပေးခြင်းများ မလုပ်မိစေရန်ဟူသော သတ်မှတ်ချက် သင်တို့တွင် ရှိသင့်သည်။
Subscribe to:
Posts (Atom)