အတိတ်အချိန်များတွင် လူများသည် အချိန်တိုင်း၌ ဘုရားသခင်နှင့်အတူ ရှိရန်နှင့် ဝိညာဉ်တော် အကြားတွင် အသက်ရှင်ရန် မိမိတို့ကိုယ်မိမိ လေ့ကျင့်ကြသည်။ ယင်းအရာကို ယနေ့ခေတ်၏ လက်တွေ့ လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက ရိုးရှင်းသော ဝိညာဉ်ရေးရာ လေ့ကျင့်မှုမျှသာ ဖြစ်သည်။ ယင်းသို့သော လက်တွေ့လုပ်ဆောင်မှုသည် အသက်တာ၏ လမ်းကြောင်းမှန်ထဲသို့ လူများ၏ ဝင်ရောက်မှုထက် အရင်ကျပြီး၊ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းအားလုံးများထဲမှ မလေးနက်ဆုံးနှင့် အရိုးရှင်းဆုံး ဖြစ်သည်။ ၎င်းသည် လူများ၏ ဘုရားသခင်အား ယုံကြည်မှု၏ ကနေဦးအဆင့် လက်တွေ့ လုပ်ဆောင်မှု ဖြစ်သည်။ အကယ်၍ လူများသည် ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အစဥ်အမြဲ အသက်ရှင်မည် ဆိုပါက သူတို့၌ စိတ်ခံစားမှုများ အလွန်အများအပြား ရှိလာမည်ဖြစ်ကာ နက်နဲပြီး မှန်ကန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်ခြင်းငှာ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် မိမိတို့၏ ဝိညာဉ်များကို လေ့ကျင့်ရုံမျှသာ တတ်နိုင်ပြီး၊ ဘုရားသခင်ထံ ပုံမှန်နီးစပ်အောင် တတ်စွမ်းနိုင်သော သူတို့၏ နှလုံးသားများကို စောင့်ရှောက်ကာ၊ ဘုရားသခင်နှင့် အတူရှိခြင်း၌ ကြီးမားလှသော ရွှင်လန်းခြင်းကို အစဥ်ပင် ရှာဖွေတွေ့ရှိကြသည်။ သူတို့သည် ဘုရားသခင်နှင့် ရင်နှီးမှုရှိသော ကမ္ဘာငယ်လေးထဲ ကန့်သတ်ခံရကြမည် ဖြစ်သည်။ မည်သည်က အနက်ရှိုင်းဆုံး နက်နဲမှုနည်း ဆိုသည်ကို နားလည်ဖို့ တတ်စွမ်းနိုင်မည် မဟုတ်။ ဤနယ်နမိတ်များ အတွင်း၌သာ နေထိုင်သော လူများသည် မည်သည့် ကြီးမားသော တိုးတတ်မှုကိုမျှ လုပ်ဆောင်နိုင်စွမ်းမည် မဟုတ်ပေ။ အချိန်မရွေး သူတို့သည် "အိုး သခင်ယေရူ၊ အာမင်"ဟု အော်ဟစ်တတ်ကြသည်။ သူတို့ အစာစားနေသော အခါတွင်လည်း သူတို့သည် "အိုး ဘုရားသခင်၊ အကျွန်ုပ်စားပါ၏၊ ကိုယ်တော်လည်း စားပါ…."ဟု အော်ဟစ်ကြသည်။ နေ့တိုင်းနီးပါးသည် ဤကဲ့သို့ပင် ဖြစ်သည်။ ဤအရာသည် အတိတ်အချိန်များ၏ လက်တွေ့ လုပ်ဆောင်မှု ဖြစ်သည်။ ယင်းသည် အချိန်တိုင်း ဝိညာဉ်ထဲ၌ အသက်ရှင်ခြင်းအား လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဤအရာသည် ပေါ့တန်ငြီးငွေ့ဖွယ် ကောင်းသည် မဟုတ်လော။ ယနေ့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ရန် အချိန်ကျလာသောအခါ၊ သင်သည် ထိုအရာများကို ဆင်ခြင်သင့်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့ အချိန်ကျလာသောအခါ သင်သည် ယင်းအရာကို လက်တွေ့လုပ်ဆောင် သင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ အချိန်ဖြစ်လာသောအခါ သင်သည် ယင်းကို ထမ်းဆောင်သင့်သည်။ ထိုကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် လွတ်လပ်ပြီး သင့်ကို လွတ်မြောက်စေသည်။ ဘာသာရေး လူအိုများမှ ဆုတောင်း၍ ကျေးဇူးတော် မြွက်ဆိုခြင်းနှင့် မတူပေ။ ထိုကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် လွတ်လပ်ပြီး သင့်ကို လွတ်မြောက်စေမည်။ ဘာသာရေး အဖိုးအိုတစ်ဦးမှ ဆုတောင်ပြီး ကျေးဇူးတော် မြွတ်ဆိုခြင်းနှင့် မတူပေ။ အမှန်မှာ၊ ယင်းအစား ဤအရာသည် ဘုရားသခင်ကို ယုံကြည်သောလူများက မည်သို့ လက်တွေ့ လုပ်ဆောင်သင့်သနည်း ဆိုသည်ပင်။ သို့သော်လည်း၊ ဤနည်းလမ်းဖြင့် စဉ်ဆက်မပြတ် လက်တွေ့ လုပ်ဆောင်ခြင်းသည် အလွန် ခေတ်နောက်ကျနေသည်။ အတိတ်၏ လက်တွေ့လုပ်ဆောင်မှုသည် မျက်မှောက်၌ လက်တွေ့ လုပ်ဆောင်ခြင်း၏ အခြေခံဖြစ်သည်။ အကယ်၍ ကုန်လွန်သွားသော အချိန်များကို လက်တွေ့ လုပ်ဆောင်သည့် နည်းလမ်းလျှင် မျက်မှောက်ခေတ်၏ လက်တွေ့လုပ်ဆောင်မှုသည် ပို၍လွယ်ကူမည်။ ထို့ကြောင့်၊ ယနေ့ခေတ်တွင် "စစ်မှန်သော အသက်တာထဲသို့ ဘုရားသခင်ကို ယူဆောင်ခြင်း" ဟုပြောသည့်အခါ မည်သည့် လက်တွေ့လုပ်ဆောင်မှု ရှုထောင့်ကို ရည်ညွန်းသနည်း။ "စစ်မှန်သော အသက်တာ" သည် အဓိက အားဖြင့် လူများအနေနှင့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန် လိုအပ်ပြီး လူများပိုင်ဆိုင်သင့်သော အရာသည် ယနေ့ ဘုရားသခင်က သူတို့ကို တောင်းဆိုသောအရာ ဖြစ်သည်။ စစ်မှန်သော အသက်တာထဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယူဆောင်ခြင်းဆိုသည်မှာ "စစ်မှန်သော အသက်တာထဲ ဘုရားသခင်ကို ယူဆောင်ခြင်း" ဟူသည့် အနက်အဓိပ္ပါယ်မှန် ဖြစ်သည်။ ယနေ့တွင် လူများသည် အခြေခံအားဖြင့် အောက်ပါအချက်များနှင့် သူတို့ကိုယ်သူတို့ ပြည့်စုံစေသင့်သည်။ ပထမအချက်ဟူမူကား၊ သူတိူ့သည် သူတို့၏ အရည်အသွေးကို တိုးတက် စေရမည်၊ ပညာတတ် ဖြစ်ရမည်၊ ဝေါဟာရ ကြွယ်ဝလာရမည်၊ အဖတ်စွမ်းရည်များ တိုးတတ်လာရမည်၊ အခြား တစ်ချက်ဟူမူကား၊ သူတို့သည် သာမန်လူများ၏ အသက်တာကို ဦးဆောင်ရမည်။ သင်သည် လောကကြီးမှ ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာရုံသာ ရှိသေးသည်။ သင်သည် အရင်ဆုံး သင်၏ ဝိညာဉ်ကို လေ့ကျင့် ရမည်။ ဘုရားသခင်၏ ရှေ့မှောက်၌ ငြိမ်သက်ခြင်းရှိရန် သင်၏နှလုံးသားအား လေ့ကျင့်ရမည်။ ဤအရာသည် အခြေခံအကျဆုံး အရာဖြစ်ပြီး ပြောင်းလဲမှုကို ရရှိခြင်း၌ ပထမ ခြေလှမ်းလည်း ဖြစ်သည်။ အချို့လူတို့သည် သူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ အလိုက်သင့် ပြောင်းလဲကြသည်။ သူတိုသည် သူတို့၏ အဝတ်တွေ လျှော်နေစဉ် သမ္မာတရားကို ဆင်ခြင်ကြသည်။ သူတို့နားလည်သင့်သော သမ္မာတရားများနှင့် သူတို့ လက်တွေ့ လုပ်ဆောင်သင့်သော အခြေခံသဘောတရားများအား သဘောပေါက်ကြသည်။ တစ်ဖက်တွင် သင်၌ သာမန် လူ့အသက်တာ ရှိရမည်။ အခြားတစ်ဖက်တွင် သမ္မာတရားထဲ ဝင်ရောက်ခြင်း ရှိရမည်။ ဤအရာသည် စစ်မှန်သော အသက်တာအဖို့ အကောင်းဆုံး လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။
အတိတ်အချိန်၌ လူများသည် အခက်ခဲများစွာ ခံစားခဲ့ကြသော်လည်း အခက်ခဲများအနက် တချို့သည် အမှန်တကယ် မလိုအပ်ပေ။ အကြောင်းမှာ အချိ့သည် လူများအနေနှင့် လက်တွေ့လုပ်ဆောင်ရန် မလိုအပ်သော အရာများ ဖြစ်သည်။ သူတို့သည် သူတို့၏ စစ်မှန်သော အသက်တာများထဲသို့ ဘုရားသခင်ကို ယူဆောင် သောအခါ ဘုရားသခင်သည် သူတို့ထံမှ သူ့ကို ကိုးကွယ်ရန်၊ ဘုရားသခင်ကို သိခြင်းအား မီအောင်လိုက်ရန်နှင့် သာမန် လူ့သဘာဝကြားတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အခြေခံ အားဖြင့် လိုချင်သည်။ သူတို့သည် ကြမ်းပြင်ကို လှည်းသည်နှင့် တပြိုင်နက် ဘုရားသခင်ကို ဆုတောင်းရန် မလိုအပ်ပေ။ အကယ်၍ သူတို့သည် သူတို့မလုပ်သောအရာအဖို့ ဘုရားသခင်အား အကြွေးတင်သည်ဟု ခံစားရန် မလိုအပ်ပေ။ မျက်မှောက်ခေတ်၏ လက်တွေ့လုပ်ဆောင်မှုများသည် ထိုအရာများနှင့် မတူပေ။ ယခုအရာသည် စိတ်အေးရ၍ လွယ်ကူသည်။ လူများသည် အယူဝါဒကို လိုက်နာရန် တောင်းဆိုခြင်းမခံရပေ။ အယောက်စီသည် သူတို့၏ တစ်ဦးချင်း ဝိညာဉ်အသက်တာနှင့်အညီ ပြုမှုသင့်သည်။ အကယ်၍ သင်၏ခင်ပွန်းသည် မယုံလျှင် သူ့ကို မယုံကြည်သူအဖြစ် ဆက်ဆံရမည်။ အကယ်၍ သူသည် ယုံလျှင် သူ့ကို ယုံကြည်သူအဖြစ် ဆက်ဆံရမည်။ ချစ်ခြင်းနှင့် စိတ်ရှည်ခြင်း၌သာ အာရုံမစိုက်ဘဲ ဉာဏ်ပညာ၌ အာရုံစိုက်ရမည်။ အချို့လူများသည် ဟင်းသီး ဟင်းရွက် သွားဝယ်ရန် ထွက်သွားကြသည်။ လူတို့သည် လမ်းလျှောက်နေခိုက် သူတို့သည် "အိုး ဘုရားသခင်၊ ယနေ့ မည်သည့် ဟင်းသီးဟင်းရွက် ဝယ်ဖို့ အကျွန်ုပ်ကို ခွင့်ပြုသနည်း။ ကိုယ်တော့်၏ အကူအညီကို အကျွန်ုပ် တောင်းခံပါ၏။ အကျွန်ုပ် ဈေးဝယ်သောအခါ အကျွန်ုပ် ရွေးသင့်သလော" ဟု တီးတိုးပြောကြသည်။ သူတို့သည် တွေးကြပြန်သည် " အကျွန်ုပ် မရွေးပေ။ ဘုရားသခင်သည် သူ့ကို ချီးမြောက်ရန် အကျွန်ုပ်ကို တောင်းဆိုသည်။ ကျွန်ုပ်သည် အရာအရာတိုင်း၌ သူ၏နာမကို ချီးမြောက်မည်။ ထို့နောက် လူအပေါင်းတို့သည် သက်သေ ရပ်တည်ကြမည်။ အကယ်၍ ရောင်းသူသည် အကျွနုပ်ကို ဟောင်းနွမ်း၍ ခြောက်သွေ့သော တစ်စုံတစ်ခုံကို ပေးမည်ဆိုပါက အကျွန်ုပ်သည် ဘုရားသခင်အား ကျေးဇူးတင်နေဦးမည်။ ကျွန်ုပ်သည် သည်းညည်းခံမည်။ ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့သည် မည်သည့် ဟင်းသီးဟင်းရွက်ကို ဝယ်ရမည်ဆိုတာ မရွေးပေ"ဟု တွေးကြသည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်အဖို့ သက်သေရပ်တည်သည်ဟု သင်ထင်သည်။ မှိုတတ်ပြီး ဟောင်းနွမ်းနေသော ဟင်သီးဟင်းရွက်တစ်ခုကို ဝယ်ရန် ယွမ်ငွေတစ်ပြား သုံးပြီးမှ သင်သည် "အိုး ဘုရားသခင်၊ အကျွန်ုပ် ဤပုတ်သိုးနေသော ဟင်းသီးဟင်းရွက်ကို စားပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို လက်ခံနေသရွေ့ စားပါမည်" ဟု ဆုတောင်းကြသည်။ ထို့သို့ လက်တွေ့လုပ်ဆောင်မှုသည် အဓိပ္ပါယ်မရှိပေ မဟုတ်လော။ ယင်းသည် အယူဝါဒနောက်သို့ လိုက်ခြင်းပင် မဟုတ်လော။ ၄င်းအစား၊ လူများသည် အချိန်ရှိတိုင်း သူတို့၏ဝိညာဉ်များကို လေ့ကျင့်ခဲ့ကြပြီး ဝိညာဉ်ထဲ၌ အသက်ရှင်ခဲ့ကြသည်။ ဤအရာသည် ကျေးဇူးတော် ခေတ်၌ ပြီးမြောက်ထားသော အလုပ်နှင့် ဆက်စပ်သည်။ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ အရာရာတိုင်းအဖို့အလို့ငှါ ကျေးဇူးတော်ချီးမွမ်းခြင်း—ယင်းအရာများသည် ကျေးဇူးတော်ခေတ်၌ ယုံကြည်သူတိုင်းအား တောင်းဆိုသည့်အရာ ဖြစ်သည်။ ထိုအချိန်၌ လူများသည် အရာရာတိုင်း၌ ဘုရားသခင် အား ဆုတောင်းခဲ့ကြသည်။ သူတို့သည် အဝတ်အစားများ ဝယ်သောအခါ ဆုတောင်းကြသည်။ အစည်းအဝေး ရှိသည်ဟု အကြောင်းကြား ခံရသောအခါ သူတို့သည် "အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွားရန် ခွင့်ပြုသလော၊ သို့မဟုတ် ခွင့်မပြုဘူးလော။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်ကို သွားရန် ခွင့်ပြုပါက အကျွန်ုပ်အဖို့ ချောမွေ့သော လမ်းပြင်ပေးတော်မူပါ။ အရာအားလုံး ချောမွေ့စေတော်မူပါ။ အကယ်၍ ကိုယ်တော် သည် အကျွန်ုပ်ကို သွားရန် ခွင့်မပြုပါက ကျေးဇူးပြု၍ ကျွန်တော့်ကို လဲကျစေမူပါ" ဟု ဆုတောင်းကြသည်။ သူတို့သည် ဆုတောင်းသောအခါ ဘုရားသခင်ကို အသနား ခံခဲ့ကြသည်။ သူတို့သည် ဆုတောင်းပြီးမှ မပြေလည် သည်ကို ခံစားကြသဖြင့် မသွားဘဲနေကြသည်။ မယုံကြည်သူ ခင်ပွန်း ပြန်လာသောအခါ အရိုက်ခံရမည်ကို ကြောက်သော ညီအစ်မများသည် ဆုတောင်းသည့်အခါ မပြေလည်ခြင်းကို ခံစားခဲ့ကြသည်။ သူတို့သည် မပြေလည်ခြင်းကို ခံစားသည့်အတွက်ကြောင့် အစည်းအဝေးကို မသွားခဲ့ကြပေ။ ဤအရာသည် ဘုရားသခင်၏ အလိုဖြစ်မည်ဟု သူတို့သည် ယုံကြည်ကြသည်။ အမှန်စင်စစ် အကယ်၍ သူတို့သည် သွားလျှင် မည်သည့်အရာမှ ဖြစ်မည် မဟုတ်ပေ။ ရလဒ်မှာ သူတို့သည် အစည်းအဝေးကို ပျက်ခဲ့ကြသည်။ ဤအရာများကို လူ၏ ကိုယ်ပိုင် မသိနားမလည်မှုမှ ဖြစ်စေသည်။ ဤနည်းလမ်း၌ လက်တွေ့လုပ် ဆောင်သောလူအပေါင်းသည် သူတို့၏ကိုယ်ပိုင် စိတ်ခံစားချက်များဖြင့် အသင်ရှင်ကြသည်။ ထို့ကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် အမှားဖြစ်ပြီး အဓိပ္ပါယ်မရှိပေ။ ဤအရာ၌ မရေရာမှုများ၊ အလွန်များသော သူတို့၏ ကိုယ်ပိုင်ခံစားချက်များနှင့် အတွေးများမှ လွဲ၍ မည်သည့်အရာမှ မပါပေ။ အကယ်၍ သင်သည် အစည်းအဝေးတတ်ဖို့ရန် အကြောင်းကြား ခံရလျှင် သွားရမည်။ အကယ်၍ အကြောင်းကြားခြင်း မခံရလျှင် မသွားရန်ပင်။ အကြောင်းကြားခြင်း ခံရသောအခါ ဘုရားသခင်ကို ဆုတောင်းရန် မလိုအပ်ပေ။ ဤအရာသည် မရိုးရှင်းဘူးလော။ အကယ်၍ ယနေ့ သင်သည် ပိတ်စအချို့ ဝယ်ဖို့လိုလျှင် အပြင်သွားပြီး ဝယ်ရမည်။ ဘုရားသခင်အား ဆုမတောင်းပါနှင့်။ "အိုး ဘုရားသခင်၊ ယနေ့ အကျွန်ုပ်သည် ပိတ်စ ဝယ်ရမည်။ ကျွန်ုပ်ကို သွားဝယ်ရန် ခွင့်ပြုသလော၊ သို့မဟုတ် ခွင့်မပြုဘူးလော။ မည်သည့် အဝတ်အစားမျိုး အကျွန်ုပ် ဝယ်သင့်သနည်း။ အကျွန်ုပ် အပြင်သွားနေခိုက် ညီအစ်မများထဲမှ တစ်ယောက်ယောက် လာလည်ပါက ဘာဖြစ်မည်နည်း" ဟု မပြောပါနှင့်။ ဆုတောင်းခြင်းနှင့် ဆင်ခြင်ခြင်း၌ သင်သည် သင့်ကိုယ်သင်ပြောသည် "အကျွန်ုပ် ယနေ့ မသွားလိုပေ။ ညီအစ်မ တစ်ယောက်ယောက် လာလည် နိုင်သည်"။ သို့သော်လည်း ရလဒ်မှာ ဤအရာပင်ဖြစ်သည်။ ညနေခင်းရောက်သောအခါ မည်သူမှ လာမလည် ခဲ့ပေ။ သင်လည်း အများကြီး လွဲသွားခဲ့သည်။ ကျေးဇူးတော်ခေတ်၌ပင် ဤကဲ့သို့ လက်တွေ့လုပ်ဆောင်မှုသည် အမှားဖြစ်ပြီး မမှန်ကန်ပေ။ ထို့ကြောင့်၊ အကယ်၍ လူများသည် ယခင်အချိန်ကဲ့သို့ လက်တွေ့လုပ်ဆောင်လျှင် သူတို့၏ အသက်တာများတွင် ပြောင်းလဲခြင်းရှိမည် မဟုတ်ပေ။ သူတို့သည် နာခံရုံမျှသာ နာခံမည်ဖြစ်ပြီး ခြားနားမှုကိုပင် သတိထားမည် မဟုတ်ပေ။ တဇွတ်ထိုး နာခံရန်နှင့် သည်းခံရန်မှ လွဲ၍ မည်သည့်အရာမှ လုပ်ဆောင်မည် မဟုတ်ပေ။ ထိုအချိန်က လူများသည် ဘုရားသခင်ကို ချီးမြောက်ရန် အာရုံစိုက်ခဲ့ကြသော်လည်း ဘုရားသခင်သည် သူတို့ထံမှ ချီးမြောက်ခြင်း မရခဲ့ပေ၊ အကြောင်းမှာ သူတို့သည် မည်သည့်အရာကိုမျှ မရှင်သန် မကျင့်သုံးခဲ့ပဲ မပြောင်းလဲခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် သူတို့၏ အယူအဆများနှင့်အညီ သူတို့ကိုယ် သူတို့ လက်အောက်ခံအဖြစ် သွတ်သွင်းပြီး ကန့်သတ်ရုံမျှသာ ကန့်သတ်ခဲ့ကြသည်။ နှစ်ကာလရှည် လက်တွေ့ လုပ်ဆောင်လျှက်ပင် သူတို့၏ အသက်တာများထဲသို့ ပြောင်းလဲခြင်း မယူဆောင်ခဲ့ကြပေ။ သူတို့သည် သည်းခံရန်၊ နှိမ့်ချရန်၊ ချစ်ရန်၊ ခွင့်လွတ်ရန်သာ သိခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်ပွင့်စေခြင်း စိုးစဥ်းမျှပင် ရှိမနေခဲ့ကြပေ။ သူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။
အကယ်၍ လူများသည် သူတို့၏ စစ်မှန်သော အသက်တာထဲနှင့် သူတို့၏ သာမန် လူ့အသက်တာထဲ ဘုရားသခင်ကို ယူဆောင်လျှင် ဘုရားသခင်ကို ယုံကြည်မှု၏ လမ်းကြောင်းမှန်ထဲ ဝင်ရောက်မည်ဖြစ်သည်။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ကို ဦးဆောင်သဖြင့် အတိတ်မှာကဲ့သို့ ရှာဖွေရန်နှင့် စမ်းတဝါးဝါးဖြစ်ရန် မလိုတော့ပေ။ သင်သည် ဤနူတ်ကပတ်တော်များ နှင့်အညီ လက်တွေ့ လုပ်ဆောင်နိုင်သောအခါ ငါထောက်ပြထားသော အခြေအနေများနှင့်အညီ သင့်ကိုယ်သင် ဆန်းစစ်ပြီး တိုင်တား နိုင်ပေသည်။ ထို့နောက် သင်သည် ပြောင်းလဲရန် တတ်စွမ်းနိုင်မည်။ ဤအရာသည် အယူဝါဒ မဟုတ်သော်လည်း ဘုရားသခင်မှ လူများကို တောင်းဆိုသည့် အရာဖြစ်သည်။ ယနေ့ ငါသင့်အား အဓိက အချက်ကို ပြောပြမည်။ ငါ၏ နူတ်ကပတ်တော်နှင့်အညီ ပြုမူခြင်းဖြင့် သင့်ကိုယ်သင် အရေးထားရမည်။ သင့်အဖို့ ငါ၏ သတ်မှတ်ချက် များသည် သာမန်လူများ၏ လိုအပ်ချက်နှင့် အညီဖြစ်သည်။ ငါသည် သင့်အား ပြောခဲ့ပြီး ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းစွာ ဤနည်းလမ်း၌ လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်လျှင် ဘုရားသခင်၏ နှလုံးသားနှင့် ညီရန် တတ်စွမ်းနိုင်မည်ဖြစ်သည်။ ယနေ့သည် ဘုရားသခင်၏ နူတ်ကပတ်တော်များ၌ အသက်ရှင်ရမည့် အချိန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရားအားလုံးကို ရှင်းပြခဲ့ပြီးဖြစ်သည်။ အရားအားလုံးကို ရှင်းလင်းစေခဲ့ပြီး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နူတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေသရွေ့ လုံးလုံး လွတ်လပ်ပြီး လွတ်မြောက်သော အသက်တာကို ဦးဆောင်ရမည်။ ယင်းအစား၊ သင်သည် သင်၏ စစ်မှန်သော အသက်တာထဲသို့ ဘုရားသခင်ကို ယူဆောင်လာသည့်အခါ အယူဝါဒနှင့် ပွဲလမ်းသဘင် အများ အပြား ကြုံတွေ့ခဲ့ရသည်။ သင်သည် အသေးငယ်ဆုံး ကိစ္စ၌ပင် ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ သင်သည် ရှင်းလင်းသော နှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်ဖက်ခြမ်း မှာထားသည်။ ရှာဖွေခြင်း၌ သင့်၏ ကြိုးစား အားထုတ်မှု အားလုံးကို နှစ်မြုပ်ခဲ့သည်။ ရလဒ်မှာ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သင်ဆင်မြန်းထားသည်ကို ဥပမာအနေနှင့် မှတ်ယူကြည့်ပါ။ သင်သည် ဆုတောင်းသောအခါ ဤကိစ္စကို ဘုရားသခင်၏ လက်ထဲ၌ ထားသည်။ သင်ဝတ်ဖို့ သင့်လျော်သော တစ်စုံတစ်ခုကို ရွေးပေးရန် ဘုရားသခင်ကို တောင်းသည်။ ဘုရားသခင် သည် ယင်းစကားသံများကို ကြားပြီး ပြောသည်။ "ယင်းကဲ့သို့ မဖြစ်စလောက် အသေးစိတ်များဖြင့် ငါ့ကိုငါ သက်ဆိုင်ဖို့ သင်သည် ငါ့ကို တောင်းဆိုသလော။ သင့်အဖို့ ဖန်းဆင်ခဲ့သော သာမန်လူ့သဘာဝနှင့် ဆင်ခြင် တုံတရားများ အဘယ်နေရာသို့ ပျောက်ဆုံးကုန်သနည်း"။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးသည် သူ၏ အပြုအမူတွင် အမှားများ လုပ်လိမ့်မည်။ ထို့နောက်၊ သူတို့သည် ဘုရားသခင်ကို စော်ကားမိပြီဟု ယုံကြည်လိမ့်မည်။ သူတို့သည် ချုပ်နှောင်ခြင်းခံရဖို့ စတင်လေသည်။ တချို့လူများ၏ အနေအထားသည် အင်မတန် ကောင်းသော်လည်း သူတို့သည် အနည်းငယ်သော အမှုကို မမှန်မကန် လုပ်သောအခါ ဘုရားသခင်က သူတို့ကို ပြစ်တင်ဆုံးမသည်ဟု ယုံကြည်ကြသည်။ အမှန်မှာ၊ ဤအရာသည် ဘုရားသခင်၏ အလုပ်မဟုတ်ဘဲ လူ၏ ကိုင်ပိုင်စိတ်များသာ ဖြစ်သည်။ တစ်ခါတစ်ရံ၊ သင်ကြုံတွေ့ခံစားရမှု နည်းလမ်းသည် အဘယ်အမှားမျှ မရှိသော်လည်း အခြား လူများသည် သင့်ကို မှန်ကန်စွာ မကြုံတွေ့ကြောင်း ပြောကြသည်။ ထို့ကြောင့်၊ သင်သည် ကျော့ကွင်းမိလာ သည်။ သင်သည် အဆိုးမြင်လာသည်။ အထဲမှာ မှောင်သွားသည်။ မကြခဏ၊ လူများသည် ဤကဲ့သို့ နည်းလမ်း များတွင် မလှုပ်မယှက် ဖြစ်သောအခါ ဘုရားသခင်က သူတို့ကို ပြစ်တင်ဆုံးမသည်ဟု သူတို့သည် ယုံကြည် ကြသည်။ သို့သော်လည်း၊ ဘရားသခင်က "ငါသည် သင်၌ ပြင်တင်ဆုံးမခြင်း အမှုကို ပြုသည်မဟုတ်။ အဘယ့် ကြောင့် သင်သည် ငါ့အား အပြစ်တင်နိုင်ရသနည်း" ဟု ပြောသည်။ လူများသည် အလွန် အဆိုးမြင်ကြသည်။ သူတို့သည် မကြာမကြာ အလွန်အထိမခံဖြစ်ပြီး မကြာခဏ ဘုရားသခင်အကြောင်း စောဒကတတ်ကြသည်။ ဘုရားသခင်သည် သင့်ကို ဆင်းရဲဒုက္ခ ခံစားဖို့ရန် အလိုမရှိသော်လည်း သင်သည် သင်ကိုယ်တိုင် ထိုအဆင့်သို့ ကျခြင်းငှာ ခွင့်ပြုနေသည်။ ဤကဲ့သို့အရာမှာ ဆင်းရဲဒုက္ခခံစားဖို့ရန် တန်ဖိုးမရှိပေ။ လူများသည် ဘုရားသခင်က လုပ်ခဲ့သည့် အလုပ်ကို မသိသောကြောင့် အမှုအရာ တော်တော်များများတွင် အသိပညာမဲ့ပြီး အရှင်းတလင်း မြင်ဖို့ မတတ်စွမ်းနိုင်ကြပေ။ ထိုကဲ့သို့အချိန်တွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်စိတ်ကူး၌ ကျော့ကွင်းမိခဲ့ ကြပြီး သာ၍ပင် နက်နက်ရှိုင်းရိူင်း ကျော့မိလာကြသည်။ တစ်ချို့လူများသည် အမှုအရာအားလုံးနှင့် ကိစ္စအားလုံးသည် ဘုရားသခင်၏ လက်၌ ရှိသည်ဟု ပြောကြသည်။ ထို့သိုဆိုလျှင် ဘုရားသခင်သည် မည်သည့် အချိန်တွင် လူများ မကောင်းမြင်ကြသည်ကို မသိနိုင်ဘူးလော။ မှန်ပါ၏၊ ဘုရားသခင်သည် သိသည်။ သင်သည် လူ၏ အယူအဆ များတွင် ကျော့ကွင်းမိသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်မည့် နည်းလမ်း မရှိပေ။ ကြိမ်ဖန်များစွာ၊ အချို့လူများသည် အဆိုးမြင်စိတ်အဆင့်တွင် ကျော့ကွင်းမိကြသည်။ သို့သော်လည်း ငါသည် ငါ၏အလုပ်ကို ဆက်လက်လုပ်ဆဲဖြစ်သည်။ သင်သည် အဆိုးမြင်ဖြစ်ဖြစ် သို့မဟုတ် ချက်ချင်းလုပ်သူ ဖြစ်ဖြစ် ငါသည် သင့်အားဖြင့် နှောင့်နှေးနေမည် မဟုတ်ပေ။ သို့သော်လည်း၊ သင်သည် ငါပြောသော နှုတ်ကပတ် တော် အများအပြား၊ ငါပြုသော ကြီးမားသည့် အမှုကို သိသင့်သည်။ လူတွေ၏ အနေအထားနှင့်အညီ တစ်ပြုံ တစ်ခေါင်းကြီး လာသင့်သည်။ သင်သည် အဆိုးမြင်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မတား ဆီးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် သေဆုံးခြင်း ကာလအတွင်း လူများသည် အဆိုးမြင်သော အနေအထား၌ အာလုံး ကျော့ကွင်းမိခဲ့ကြသည်။ သို့သော်လည်း ဤအရာသည် ငါ၏ အမှုကို မရပ်တန့်ခဲ့ပေ။ သင်သည် အဆိုးမြင်သော အခါ သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားလူများ၌ လုပ်စရာလိုအပ်သည်ကို ဆက်လက်လုပ်ခဲ့သည်။ သင်သည် တစ်လလုံး စဉ်ဆက်မပြတ် ဆက်ရပ်နေမည်။ သို့သော်လည်း ငါသည် အမှုကို ဆက်လက် လုပ်ဆောင် နေသည်။ အနာဂတ်၌ဖြစ်ဖြစ်၊ သို့မဟုတ် လက်ရှိမှာဖြစ်ဖြစ် သင်လုပ်သည့်အရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မရပ်တန့်နိုင်ပေ။ အချို့သော အဆိုးမြင် အနေအထားများသည် လူများ၏ အားနည်းချက် မှ လာသည်။ လူများသည် တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ရန် သို့မဟုတ် ယင်းကို နားလည်ဖို့ရန် အမှန်တကယ် မတတ်စွမ်းနိုင်သောအခါ သောအခါ အဆိုးမြင်လာကြသည်။ ဥပမာအားဖြင့်၊ ပြစ်တင်ဆုံးမသော အချိန်များ အတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြစ်တင်ဆုံးမစဉ်အတွင်း အတိုင်းအတာ အချို့အထိ ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ပြောသည်။ သို့သော်လည်း၊ သင်သည် သင့်ကိုယ်သင် မတတ်စွမ်းနိုင်ဟု ယုံကြည်ခဲ့သည်။ ဤအခြေအနေအတွင်း၊ လူများသည် ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းကို အထူးသဖြင့် ခံစား ခဲ့ကြသည်။ သူတို့သည် စာတန်မှ သူတို့၏ ဇာတိကပတိကို ပြင်းပြင်းထန်ထန် ပျက်စီးစေသဖြင့် ဝမ်းနည်းခြင်းကို ခံစားခဲ့ကြသည်။ သူတို့၏ အရည်အချင်းသည် အလွန်ညံ့ဖျင်းသဖြင့် သူတို့သည် ဤကဲ့သို့ ပတ်ဝန်းကျင်၌ မွေးဖွားလာသည်ကို သနားစဖွယ်ဖြစ်သည်ဟု ခံစားခဲ့ကြသည်။ တစ်ချို့လူများသည် ဘုရားသခင်ကို ယုံကြည်ရန် နှင့် ဘုရားသခင်ကို သိရန် အလွန် နောက်ကျသွားသည်ဟု ခံစားခဲ့ကြပြီး သူတို့သည် စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ဟု ခံစားခဲ့ကြသည်။ ဤအရာအားလုံးသည် သာမန် အနေအထားများ ဖြစ်သည်။
လူ၏ဇာတိပကတိသည် စာတန်၏ဥစ္စာဖြစ်ပြီး မနာခံသော စိတ်သဘောထားများဖြင့် ပြည့်နှက်နေသည်။ ဤအရာသည် မနှစ်မြို့ဖွယ် ညစ်ညမ်းမှုဖြစ်သည်။ မသန့်ရှင်းသော တစ်စုံတစ်ခုဖြစ်သည်။ လူများသည် ဇာတိပကတိ၏ ဝမ်းမြောက်မှုကို အလွန်အမင်း တပ်မက်ကြသည်။ ယင်းအရာသည် ဇာတိပကတိ၏ များပြား လှသော ကိုယ်ထင်ပြခြင်းများ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဇာတိပကတိကို အတိုင်းအတာ တစ်ခုထိ ရွံရှာသည်။ လူများသည် ညစ်ညမ်းမှု၊ စာတန်၏ ပျက်စီးဖောက်ပြန်သော အရာများကို နောက်၌ ထားသောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိကြသည်။ သို့သော်လည်း အကယ်၍ သူတို့သည် ညစ်ညမ်းခြင်းနှင့် ပျက်စီး ဖောက်ပြန်ခြင်းမှ သူတို့ကိုယ်သူတို့ ခွဲထွက်ရန် မတတ်စွမ်းနိုင်လျှင် စာတန်၏ စိုးမိုးခြင်းနယ်ပယ် အောက်၌ ရှိနေဆဲဖြစ်မည်။ လူများ၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လိမ်ညာလှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းသည် စာတန်၏ ဥစ္စာများဖြစ်သည်။ သင့်ကို ကယ်တင်ခြင်းဖြင့် ဘုရားသခင်သည် ဤအရာများမှ သင့်ကို သီးခြား ထားသည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ အားလုံးသည် မှောက်မိုက်ခြင်းမှ သင့်ကို ကယ်တင်ဖို့အလို့ငှါ ဖြစ်သည်။ သင်သည် အတိုင်းအတာ တစ်ခုအထိ ယုံကြည်ပြီး ဇာတိပကတိ၏ ပျက်စီးဖောက်ပြန်ခြင်းမှ သင့်ကိုယ်သင် ခွဲထွက်သောအခါ၊ ဤကဲ့သို့ ပျက်စီးဖောက်ပြန်ခြင်းအားဖြင့် နောက်ထပ် ချုပ်နှောင်ခြင်း မခံရ သောအခါ သင်သည် ကယ်တင်ခံရမည် မဟုတ်လော။ သင်သည် စာတန်၏ စိုးမှိုးမှုအောက်၌ အသက်ရှင် သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေဖို့ တတ်စွမ်းနိုင်မည် မဟုတ်ဘဲ သင်သည် ညစ်ညမ်းသော တစ်စုံတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေကို မရထိုက်ပေ။ သင်သည် သန့်စင်ခြင်းနှင့် စုံလင်ခြင်း ခံရသောအခါ သင်သည် သန့်ရှင်းလာမည်ဖြစ်ပြီး သာမန်ဖြစ်လာမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားသခင်၌ ပျော်ရွှင်မည် ဖြစ်သည်။ ယနေ့ ဘုရားသခင် ပြီးမြောက်ထားသော အလုပ် သည် ကယ်တင်ခြင်းဖြစ်သည်။ ထို့အပြင်၊ ဤအရာသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းလည်း ဖြစ်သည်။ ဤအရာ၌ ရှုထောင့်များစွာရှိသည်။ ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များသည် တရား စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာ မဟုတ်၊ ကျိန်ခြင်းလည်း ဖြစ်သည် မဟုတ်လော။ ငါသည် အကျိုး သက် ရောက်မှု တစ်ခုရရန်၊ လူတွေ သူတို့ကိုယ်သူတို့ သိရန်နှင့် လူတွေ မသေဆုံးစေရန် အဖို့အလို့ငှါ ပြောလေသည်။ ငါ၏ လုံးသားသည် သင်တို့ဖို့ ဖြစ်သည်။ စကားပြောခြင်းသည် ငါအမှုပြုသော နည်းလမ်းများစွာအနက် တစ်ခု ဖြစ်ပြီး ငါသည် ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန်နှင့် ဘုရားသခင်၏ အလိုကို သင်တို့ နားလည်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်တို့၏ ဇာတိပကတိသည် သေဆုံးသော်လည်း သင်တို့၌ စိတ်နှင့် ဝိညာဉ်ရှိသည်။ အကယ်၍ လူသည် ဇာတိပကတိတစ်ခုသာ ရှိခဲ့လျှင် ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။ ငါပြီးမြောက်ခဲ့သည့် အလုပ်များ အားလုံးလည်း မည်သည့် အဓိပ္ပါယ်မျှရှိမည် မဟုတ်ပေ။ ယနေန့ ငါသည် တစ်ခုပြီးတစ်ခု ပြောသည်။ အခိုက်အတန့်တစ်ခု၌ ငါသည် လူများကို အလွန် မုန်းတီးသည်။ နှောင်ပိုင်း ငါသည် အလွန်အမင်း ချစ်သည်။ ငါသည် ဤအရာကို သင်တို့၏ စိတ်သဘောထားများ ကို ပြောင်းလဲရန်နှင့် သင်တို့၏ အယူအဆများကို ပြောင်းပစ်ရန် လုပ်သည်။
နောက်ဆုံးသောကာလသည် ရောက်လေပြီ။ ကမ္ဘာအနှံ့မှ နိုင်ငံများသည် ကသောင်းကနင်း ဖြစ်နေသည်။ နိုင်ငံရေးမတည်ငြိမ်မှု၊ အစာခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ ရေကြီးမှုများ ရှိနေသည်။ မိုးခေါင်မှုများသည် နေရာတိုင်း၌ ပေါ်ထွက်နေသည်။ လူသားများနေထိုင်သည့် ကမ္ဘာ၌ ရုတ်တရက် ကပ်ဘေးများရှိသည်။ ကောင်းကင်သည် ဘေးဒုက္ခကို စေလွတ်ခဲ့သည်။ ဤအရာများသည် နောက်ဆုံးသော ကာလ၏ လက္ခဏာများ ဖြစ်သည်။ သို့သော်လည်း လူများအဖို့ ဤအရာသည် ပျော်ပွဲပြည့်ပြီး ခမ်းနားထည်ဝါသည့် ကမ္ဘာကြီးနှင့် တူပုံ ပေါ်ပြီး ယင်းသည် ပို၍ပို၍ တူလာလေသည်။ လူများသည် ကမ္ဘာကြီးကို ကြည့်သောအခါ သူတို့၏ လုံးသားသည် ဤအရာသို့ ဆွဲယူခြင်းခံရသည်။ လူအပေါင်းသည် ဤအရာမှ သူတို့ကိုယ်သူတို့ လွတ်မြောက်ဖို့ မတတ်စွမ်း နိုင်ကြပေ။ လှည့်ကွက်နှင့် မှော်အတတ်ကို စိတ်ဝင်စားသောသူများသည် လူအများအပြားကို ပျော်ပျော်ပါးပါးဖြင့် အချိန်တွေ ကုန်လွန်စေမည်။ အကယ်၍ သင်သည် တိုးတတ်ခြင်းရရန် မရုန်းကန်လျှင်၊ စံပြအရာများမရှိလျှင် သင်သည် ဤအပြစ်တရားလှိုင်းအားဖြင့် ဖယ်ရှားခံရမည်။ တရုတ်နိုင်ငံသည် နိုင်ငံ အားလုံးအနက် ခေတ်နောက် အကျဆုံး ဖြစ်သည်။ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းနေသော မြေဖြစ်သည်။ ယင်းနိုင်ငံတွင် ရုပ်တုများကို ကိုးကွယ်သည့် လူအများဆုံး ရှိသည်၊ မှော်အတတ်ကို စိတ်ဝင်စားကြသည်၊ ကျောင်းတော်များ အများဆုံး ရှိသည်။ ညစ်ညမ်းသော နတ်ဆိုးများ နေသောနေရာ ဖြစ်သည်။ သင်သည် ဤနေရာ၌ မွေးခဲ့ပြီး ဤအရာ၏ အကျိုးကျေးဇူးများ၌ ဝမ်းမြောက်သည်။ သင်သည် ဤအရာအားဖြင့် ပျက်စီးဖောက်ပြန်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း၊ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီးမှ သင်သည် ဤအရာထံမှ နောက်ပြန်လှည့်ပြီး ဘုရားသခင်သည် သင့်ကို လုံးလုံးလျားလျား ရရှိခဲ့သည်။ ဤသည် ဘုရားသခင်၏ ဘုန်း ဖြစ်သည်။ ထို့ကြောင့်၊ ဤအမှု၏အဆင့်၌ ကြီးမားသော အရေးပါမှုရှိသည်။ ဘုရားသခင်သည် ထိုကဲ့သို့ ကြီးမား သော ပမာဏကို လုပ်ခဲ့သည်။ နှုတ်ကပတ်တော်များ များစွာပြောခဲ့သည်။ သူသည် သင်တို့ကို အဆုံးတွင် အစုံ အလင် ရယူမည်။ ဤအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုများအနက် အမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ စာတန်နှင့် စစ်ပွဲမှ "အောင်မြင်မှု လက်ရပစ္စည်းများ" ဖြစ်သည်။ ဤကဲ့သို့လူများ ပိုကောင်းလာလေလေ အသင်းတော်၏ အသက်တာလည်း ပိုအားကောင်း လာလေလေပင် ဖြစ်ပြီး၊ အဆင်းနီသော နဂါးကြီးကို ဒူးထောက်စေလေလေ ဖြစ်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ လောက၏ ကိစ္စများဖြစ်ပြီး ထိုအရာသည် ဝိညာဉ်ရေးရာ လောက၏ တိုက်ပွဲများဖြစ်သည်။ ဘုရားသခင်သည် အောင်မြင်သောအခါ စာတန်သည် ရှက်ပြီး ကျရှုံးသွားမည်။ ဘုရားသခင် အမှု၏ ဤအဆင့်သည် အလွန့်အလွန် အရေးကြီးသည်။ ယင်းကဲ့သို့သော မဟာလုပ်ဆောင်ချက်များသည် ဤလူအုပ်စု ကို အကြွင်းမဲ့ ကယ်တင်သည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားသည်။ သင်သည် သန့်ရှင်းသောမြေ၌ အသက်ရှင်နေသည်။ သင်သည် ဘုရားသခင်၏ အလင်းထဲ၌ အသက်ရှင်နေသည်။ ဤအရာ၌ အလင်း၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှု ရှိသည်။ ထို့နောက်၊ သင်၏ အသက်ရှင်သန်ရခြင်း၌ အဓိပ္ပါယ် ရှိသည်။ သင်တို့ စားသည့်အရာနှင့် ဝတ်သည့်အရာသည် သူတို့နှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဝမ်းမြောက်ခြင်းရှိသည်။ အဓိပ္ပါယ်ရှိသော အသက်တာကို ဦးဆောင်နေသည်။ သူတို့ သည် မည်သည့်အရာကို ဝမ်းမြောက်သနည်း။ သူတို့သည် သူတို့ဘိုးဘေးများ၏ အမွေအနှစ်နှင့် "နိုင်ငံစိတ်ဓာတ်" ၌သာ ဝမ်းမြောက်ကြသည်။ သူတို့၌ လူသားသဘာဝ စိုးစဥ်းမျှပင် မရှိပေ။ သင်တို့၏ အဝတ်အစားများ၊ အပြော အဆိုများနှင့် အပြုအမှုများသည် သူတို့နှင့် အားလုံးခြားနားသည်။ အဆုံး၌၊ သင်တို့သည် ညစ်ညမ်းခြင်းကို လုံးဝ ထားခဲ့မည်။ စာတန်၏ သွေးဆောင်ခြင်း၌ နောက်ထပ် ကျော့ကွင်းမိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ နေ့စဉ် ထောက်ပံ့မှုကို ရရှိမည်။ သင်တို့သည် အစဉ်မပြတ် သတိရှိသင့်သည်။ သင်တို့သည် ညစ်ညမ်းသော နေရာ၌ နေလင့်ကစား ညစ်ညမ်းမှုဖြင့် အစွန်းအထင်းမရှိစေဘဲ ဘုရားသခင်နှင့် ဘေးချင်းယှဉ်လျက် အသက်ရှင်နိုင် ကြသည်။ သူ၏ ကြီးမားသော ကာကွယ်မှုကို ရရှိနိုင်သည်။ သင်တို့သည် ဤအဝါရောင် မြေပေါ်က အားလုံး အနက် ရွေးချယ်ခြင်း ခံရသည်။ သင်တို့သည် ကောင်းချီးအခံရဆုံး လူသားမဟုတ်သလော။ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး ဖြစ်သည့်အားလျော်စွာ သင်သည် ဘုရားသခင်ကို အမှန်ပင် ကိုးကွယ်ရမည်ဖြစ်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို မီအောင်လိုက်ရမည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော ဇာတိပကတိ၌ အသက်ရှင်လျှင် လူအဝတ်ကိုဝတ်သော သားရဲတိရစ္ဆာန်ပင် မဟုတ်သလော။ လူသား တစ်ယောက် ဖြစ်သည့်အားလျော်စွာ သင်သည် ဘုရားသခင်အဖို့ အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံနိုင်ရည်ရှိရမည်။ သင်သည် ယနေ့ ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ပျော်ပျော်ရွင်ရွင် သေသေချာချာဖြင့် လက်ခံသင့်ပြီး ပေတရုကဲ့သို့၊ ယောဘကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာနှင့် အသက်ရှင်ရမည်။ ဤကမ္ဘာတွင် လူသားသည် မကောင်းဆိုးဝါး၏ အဝတ်အထည်ကို ဆင်မြန်းပြီး နတ်ဆိုးကပေးသော အစားအစာကို သုံးဆောင် သည်။ မကောင်းဆိုးဝါး၏ ကြိုးဆွဲရာ ကသည့်အောက်၌ အလုပ်လုပ်၍ အစေခံသည်။ ထိုအရားများ၏ ညစ်ညမ်း ခြင်း၌ နင်းချေခြင်း ခံခဲ့ရသည်။ အကယ်၍ သင်သည် အသက်တာ၏ အဓိပ္ပါယ် သို့မဟုတ် လမ်းမှန်ကို နားမလည် လျှင် သင့်ဘဝ၏ ဆိုလိုရင်းသည် အဘယ်နည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို မီအောင်လိုက်နေသော လူများ၊ တိုးတတ်မှုကို ရှာဖွေနေသော သူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသော နဂါးကြီးရှိသည့် နိုင်ငံမှာ ကြီးပြင်လာသော လူများဖြစ်ကြပြီး ဘုရားသခင်မှ ဖြောင့်မတ်သည်ဟု ခေါ်သောသူများ ဖြစ်သည်။ ထိုအရာသည် အဓိပ္ပါယ်အရှိဆုံး အသက်တာပင် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
မြင်ကွင်းများ ဘာသာရေး စာအုပ်များ
No comments:
Post a Comment