အကယ်၍ လူများသည် လူ့အသက်တာ၏ လမ်းကြောင်းမှန် သာမက ဘုရားသခင်၏ လူသားမျိုးနွယ် ကို စီမံခန့်ခွဲသည့် ရည်ရွယ်ချက်ကိုပါ အမှန်တကယ် အပြည့်အဝ နားလည်ပါက၊ ၄င်းတို့အနေဖြင့် တစ်သီး ပုဂ္ဂလအနာဂတ်နှင့် ကံကြမ္မာကို ၄င်းတို့၏ နှလုံးသားတွင် ရတနာတစ်ပါးအဖြစ် ကိုင်စွဲထားမည် မဟုတ်ပေ။ ၄င်းတို့သည် ဝက်များနှင့် ခွေးများထက် ဆိုးဝါးသည့် ၄င်းတို့၏ မိဘများကို ဆက်လက်၍ အစေကျွန်ခံရန် ဆန္ဒရှိမည် မဟုတ်တော့ပါ။ လူသား၏ အနာဂတ်နှင့် ကံကြမ္မာသည် လက်ရှိကာလတွင် ခေါ်တွင်သည့် ပေတရု ၏ “မိဘများ” အတိအကျပင် မဟုတ်လော။ ယင်းတို့က လူသား၏ ကိုယ်ပိုင်အသွေးနှင့် အသားနှင့် အလားတူ သာ ဖြစ်ပါသည်။ ဇာတိပကတိ၏ အနာဂတ်ဖြစ်သည့် ခရီးဆုံးပန်းတိုင်က အသက်ရှင်နေစဉ် ဘုရားသခင်ကို မြင်လိမ့်မည်လော၊ သို့မဟုတ် သေဆုံးပြီးချိန်တွင် ဝိညာဉ်က ဘုရားသခင်နှင့် ဆုံဆည်းလိမ့်မည်လော။ နက်ဖြန်နေ့တွင် ဇာတိပကတိသည် ကြီးစွာသော ဘေးဒုက္ခများကဲ့သို့ ကြီးမားသော မီးဖိုကြီးထဲတွင် အဆုံး သတ်လိမ့်မည်လော၊ သို့တည်းမဟုတ် ယင်းသည် လောင်သောမီးအတွင်းတွင် ရှိလိမ့်မည်လော။ ဤကဲ့သို့ သော မေးခွန်းများမှာ လူသား၏ ဇာတိပကတိသည် ကံမကောင်း အကြောင်းမလှမှုများကို ကြံ့ကြံ့ခံနိုင်၊ မခံနိုင် သို့မဟုတ် ယခုရေစီးကြောင်းတွင် ရှိနေသော ဦးနှောက်ရှိပြီး စိတ်မှန်သည့် မည်သူမဆို အများဆုံး စိုးရိမ်နေကြ သည့် သတင်းကြီးကို ခံယူနိုင်၊ မခံယူနိုင်နှင့် ပတ်သက်နေသည် မဟုတ်လော။ (ဤနေရာတွင် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်း ဆိုသည်မှာ ကောင်းချီးများ လက်ခံရရှိခြင်းကို ရည်ညွှန်းပါသည်၊ ဆင်းရဲဒုက္ခ ဆိုသည်မှာ လူသားတို့၏ ခရီးဆုံးပန်းတိုင်အတွက် အကျိုးရှိမည့် အနာဂတ် စမ်းသပ် စစ်ဆေးမှုများကို ဆိုလိုပါသည်။ ကံမကောင်း အကြောင်းမလှမှုက မြဲမြံစွာ မရပ်တည်နိုင်မှု သို့မဟုတ် လှည့်ဖျားခံရမှုကို ရည်ညွှန်းပါသည်၊ သို့မဟုတ် တစ်စုံတစ်ဦးက ကံမကောင်းအကြောင်းမလှသည့် အခြေအနေများနှင့် ရင်ဆိုင်ရပြီး ဘေးဒုက္ခကြားတွင် မိမိ၏ အသက်တာကို ဆုံးရှုံးရလိမ့်မည်ဟု ယင်းက ဆိုလိုပါသည်၊ ထို့အပြင် စိတ်ဝိညာဉ်အတွက် ဆီလျော်သည့် ခရီးဆုံးပန်းတိုင် မရှိပါ။) လူသားများကို ခိုင်လုံသော ဆင်ခြင် တုံတရား ပံ့ပိုးထားပါသော်လည်း ၄င်းတို့၏ တွေးတောမှုက ၄င်းတို့ကို ပံ့ပိုးထားသည့် ဆင်ခြင်တုံတရားနှင့် အပြည့်အဝ မကိုက်ညီပါ။ ထိုသို့ဖြစ်ရခြင်းမှာ ၄င်းတို့အားလုံးသည် ဇဝေဇဝါဖြစ်ပြီး အမှုအရာများနောက်သို့ မျက်စိစုံမှိတ် လိုက်သောကြောင့် ဖြစ်သည်။ ၄င်းတို့အနေဖြင့် မည်သည့်အရာအထဲသို့ ဝင်ရောက်သင့် ကြောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခ ကျရောက်ချိန်တွင် (မီးဖိုကြီး၏ စစ်းဆေးပြုပြင်ခြင်း အတောအတွင်းကို ဆိုလိုသည်) မည်သည့်အရာအထဲသို့ ဝင်ရောက်သင့်သည်ကို အထူးသဖြင့် ဝေခွဲသင့်ကြောင်းနှင့် မီးဖြင့် စမ်းသပ်စစ်ဆေးမှုတွင် မည်သည့်အရာကို ယူတင်ဝတ်ဆင် ထားသင့်ကြောင်း စသည်တို့နှင့် ပတ်သက်သော စေ့စပ်သေချာသည့် နားလည်မှုကို ၎င်းတို့အားလုံး၌ ရှိသင့်သည်။ ဝက်များနှင့် ခွေးများပမာ သို့မဟုတ် ပုရွက်ဆိတ်များနှင့် ပိုးကောင်များထက် ဆိုးဝါးသည့် သင်၏ မိဘများ (ဇာတိပကတိကို ဆိုလိုပါသည်) ကိုသာ အစဥ်တစိုက် အစေကျွန် ခံမနေပါနှင့်။ ယင်းအပေါ်ကို သောကပွားပြီး ပြင်းပြင်းထန်ထန် စဉ်းစားကာ သင်၏ ဦးနှောက်ကို ခြောက်အောက်လုပ်နေခြင်းမှာ အဘယ်ကျေးဇူး ရှိသနည်း။ ဇာတိပကတိသည် သင်နှင့် မသက် ဆိုင်သော်လည်း၊ ယင်းသည် သင့်ကို ထိန်းချုပ်ရုံသာမက စာတန်ကိုပင် အမိန့်ပေးသော ဘုရားသခင်၏ လက်၌ ရှိသည်။ (ဇာတိပကတိကို စာတန်မှ ပိုင်သည်ဟု နဂိုကဆိုလိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာတန် သည်လည်း ဘုရားသခင်၏ လက်၌ ရှိသည့်အတွက်ကြောင့် ဤကဲ့သို့သာ ဆိုနိုင်ပါသည်။ ယင်းကို ဤသို့သော နည်းလမ်းနှင့် ပိုဆွဲဆောင်အောင် ပြောနိုင်သည့်အတွက် ဖြစ်သည်- ယင်းက လူများသည် စာတန်၏ အုပ်စိုးမှု အောက်တွင် လုံးဝရှိနေခြင်း မဟုတ်ပဲ၊ ဘုရားသခင်၏ လက်၌ရှိသည်ဟု ဆိုလိုပါသည်။) သင်သည် ဇာတိ ပကတိ၏ နှိပ်စက်မှု အောက်၌ အသက်ရှင်နေသော်လည်း၊ ဇာတိပကတိသည် သင်နှင့် သက်ဆိုင်ပါ၏လော။ ယင်းသည် သင်၏ ထိန်းချုပ်မှု အောက်၌ ရှိပါ၏လော။ အဘယ့်ကြောင့် ထိုအပေါ်တွင် သင်၏ ဦးနှောက်ကို အခြောက်ခံ နေရသနည်း။ ကြာမြင့်စွာ ကတည်းမှ ရှုတ်ချခြင်း ခံထားရကာ ကျိန်ခြင်းခံထားရသော မသန့်ရှင်း သည့် ဝိညာဉ်များကြာင့် ညစ်ညမ်းနေသော သင်၏ ပုပ်ပျက်နေသည့် ဇာတိပကတိအတွက် ဘုရားသခင်ထံမှာ အဘယ်ကြောင့် လွန်လွန်ကဲကဲ အသနားခံနေရသနည်း။ စာတန်၏ အပေါင်းအပါများကို သင်၏ နှလုံးသား အနီး၌ အမြဲထားဖို့ အဘယ့်ကြောင့် အပင်ပန်းခံ နေမည်နည်း။ ဇာတိပကတိက သင်၏ စစ်မှန်သော အနာဂတ်၊ အံ့သြဖွယ် မျှော်လင့်ချက်များနှင့် သင့်ဘဝ၏ ခရီးပန်းတိုင် အစစ်အမှန်အား ဖျက်ဆီးမည်ကို သင်မစိုးရိမ် သလော။
ယနေ့ကာလ၏ လမ်းကြောင်းသည် လျှောက်ဖို့ မလွယ်လှပေ။ ယင်းအရာအား ရှာတွေ့ရန် ခဲယဉ်းပြီး ခေတ်ကာလတစ်လျှောက်တွင် အလွန်ပင် ရှားပါးသည်ဟု ပြော၍ရပါသည်။ သို့သော်လည်း လူသား၏ ဇာတိပကတိ တစ်ခုတည်းပင်လျှင် သူ့ကို ပျက်စီးစေရန် လုံလောက်မည် ဆိုခြင်းအား မည်သူ တွေးမိမည်နည်း။ ယနေ့အလုပ်သည် နွေဦးရာသီ၌ ရွာသောမိုးကဲ့သို့ အဖိုးတန်ပြီး လူသားအပေါ် ထားသော ဘုရားသခင်၏ ကြင်နာမှုပမာ တန်ဖိုးကြီးမားသည် ဆိုခြင်းမှာ သေချာပါသည်။ သို့သော်လည်း လူသားသည် ယနေ့ ဘုရားသခင်အလုပ်၏ ရည်ရွယ်ချက်ကို မသိလျှင်၊ သို့မဟုတ် လူသားမျိုးနွယ်၏ အခြင်းအရာကို နားမလည်လျှင်၊ ထိုအရာ၏ အဖိုးတန်မှုနှင့် တန်ဖိုးကြီးမားမှုကို မည်ကဲ့သို့ ပြောနိုင်ပါမည်နည်း။ ဇာတိပကတိ သည် လူသားတို့ကိုယ်တိုင်နှင့် မသက်ဆိုင်သဖြင့် ၄င်း၏ အမှန်တကယ် ခရီးဆုံးပန်းတိုင်သည် မည်သည့်နေရာ ကျမည် ဆိုသည်အား ရှင်းလင်းစွာ မည်သူမျှ မမြင်နိုင်ပေ။ သို့သော်ငြားလည်း ဖန်ဆင်းခြင်း၏ သခင်သည် ဖန်ဆင်းခံခဲ့ရသော လူသားမျိုးနွယ်ကို ၎င်းတို့၏ နဂိုမူလ အနေအထားသို့ ပြန်လှည့်စေပြီး၊ ဖန်ဆင်းခြင်း၏ အချိန်အစမှ ၎င်းတို့၏ နဂိုမူလ ပုံရိပ်ကို ပြန်လည်ရယူပေးမည် ဖြစ်သည်ဆိုခြင်းကို သင်သိထားသင့်သည်။ သူသည် လူသားထံ မှုတ်သွင်းပေးခဲ့သော ဇီဝအသက်ကို လုံးလုံးလျားလျား ပြန်နှုတ်ယူပြီး လူ၏ အရိုးများနှင့် အသွေးအသား အားလုံးကို ပြန်ယူပြီး ဖန်ဆင်းခြင်း၏ သခင်ထံ ပြန်ပေးပေလိမ့်မည်။ သူသည် လူသား မျိုးနွယ်ကို လုံးလုံးလျားလျား အသွင်ပြောင်းပြီး အသစ်ပြင်ဆင်ကာ လူသားမျိုးနွယ်နှင့် နဂိုက မသက်ဆိုင်ပဲ ဘုရားသခင်နှင့် သက်ဆိုင်ခဲ့သော အမွေအနှစ် တစ်ခုလုံးကို လူတွေထံမှ ပြန်ယူမည်ဖြစ်သည်။ သူသည် ယင်းအရာအား လူသားမျိုးနွယ်ထံ မည်သည့်အခါမှ ပြန်ပေးမည် မဟုတ်တော့ပေ။ အကြောင်းမှာ လူသား မျိုးနွယ်သည် ထိုအရာထဲမှ မည်သည့်အရာကိုမျှ နဂိုကတည်းက မပိုင်ဆိုင်ခဲ့သည့်အတွက် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို ပြန်ယူလိမ့်မည်- ဤသည်မှာ တရားမမျှတသော လုယူမှုမျိုး မဟုတ်သော်လည်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ၎င်းတို့၏ နဂိုအနေအထားအတိုင်း ပြန်လည်ပြုပြင် ထိန်းသိမ်းပြီး လူသားကို အသွင်ပြောင်းကာ အသစ်ပြုပြင်ရန်အတွက် ဖြစ်သည်။ လူတွေ စိတ်ကူးခဲ့သကဲ့သို့ ဇာတိပကတိကို ပြစ်တင် ဆုံးမပြီးနောက် ပြန်ယူခြင်းမျိုး မဟုတ်သော်လည်း ဤသည်မှာ လူသားအတွက် ကျိုးကြောင်းလျော်ညီသော ခရီးဆုံးပန်းတိုင် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ၏ ပျက်စီးခြင်းနောက်တွင် ၎င်း၏ အရိုးစုကို မလိုချင်ပဲ၊ အစအဦးကတည်းက ဘုရားသခင် ပိုင်ဆိုင်ခဲ့သော လူသား၏ နဂိုမူလ အခြေခံအရာများကို ပြန်လို ချင်သည်။ ထို့ကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား ရှင်းရှင်းသုတ်သင်မည်မဟုတ် သို့မဟုတ် လူသား၏ ဇာတိပကတိအားလည်း ဖယ်ရှားမည် မဟုတ်ပေ၊ အကြောင်းမှာ လူသား၏ ဇာတိပကတိသည် လူသားနှင့် သက်ဆိုင်သော ကိုယ်ပိုင်ပစ္စည်း မဟုတ်သည့်အတွက် ဖြစ်သည်။ ထိုအစား ယင်းသည် လူသား မျိုးနွယ်အား စီမံခန့်ခွဲသော ဘုရားသခင်၏ အဖြည့်ခံပင် ဖြစ်သည်။ သူ “ဝမ်းမြောက်ဖို့” ရန်အတွက် လူသား၏ ဇာတိပကတိကို မည်သို့လျှင် ရှင်းရှင်းသုတ်သင် နိုင်မည်နည်း။ ယခုအချိန်တွင် တစ်ပြားမှပင် မတန်သော သင့်ဇာတိပကတိ၏ အရာအားလုံးကို အမှန်ပင် စွန့်လွှတ်ပြီးပြီလော။ နောက်ဆုံးသော ကာလမှ အလုပ်၏ သုံးဆယ် ရာခိုင်နှုန်းကို သင်နားလည် သဘောပေါက်နိုင်ပါက (သုံးဆယ်ရာခိုင်နှုန်း ဟုဆိုခြင်းမှာ ယနေ့တွင် ပြုသော သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် နောက်ဆုံးသော ကာလ၌ ဘုရားသခင်ပြုမည့် နှုတ်ကပတ် တော်၏ အလုပ်အား နားလည်ခြင်းကို ဆိုလိုသည်) နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့သော သင်၏ ဇာတိ ပကတိ အတွက် “အစေကျွန်ခံမှု’’ သို့မဟုတ် “နာခံမှု” ကို ဆက်လက် လုပ်ဆောင်မည် မဟုတ်ပေ။ လူသား မျိုးနွယ်မှာ ယခုဆိုလျှင် ယခင်က မကြုံစဖူးသည့် အခြေအနေထိ တိုးတက်သွားပြီး သမိုင်း၏ဘီးများကဲ့သို့ ရှေ့သို့ ဆက်၍ တိုးတက်တော့မည် မဟုတ်ဆိုခြင်းအား သင်သည် နှံ့နှံ့စပ်စပ် နားလည်သင့််သည်။ သင်၏ မှိုတက်နေသော ဇာတိပကတိကို ယင်ကောင်များ ဖုံးသွားသည်မှာ ကြာပြီဖြစ်သည့်အတွက် ယင်းသည် ဘုရားသခင်မှ ယနေ့အထိ ဆက်လည်အောင် လုပ်ထားခဲ့သော သမိုင်း၏ဘီးများကို မည်ကဲ့သို့ ပြောင်းပြန် လည်နိုင်သော အစွမ်း ရှိမည်နည်း။ သင်သည် အသံတိတ်နှင့်တူသော နောက်ဆုံးသော ကာလ၏ နာရီကို နောက်တစ်ကြိမ် တစ်ချက်ချက် မြည်စေပြီး နာရီလက်တံကို လက်ယာရစ် ဆက်လက်ရွေ့အောင် မည်ကဲ့သို့ လုပ်နိုင်မည်နည်း။ သိပ်သည်းသော မြူတွေထဲမှာ ဖုံးကွယ်နေပုံရှိသော ကမ္ဘာကြီးကို မည်ကဲ့သို့ ပြန်ပြီး အသွင်ပြောင်း နိုင်မည်နည်း။ သင်၏ ဇာတိပကတိသည် တောင်များနှင့် မြစ်များကို ပြန်ရှင်သန်စေနိုင်သလော။ လုပ်ကိုင်နိုင်စွမ်း အနည်းငယ်သာ ရှိသော သင်၏ ဇာတိပကတိသည် သင်တမ်းတခဲ့သော လူသားမျိုးနွယ်၏ ကမ္ဘာကြီးကို အမှန်တကယ် ပြန်လည် ရယူနိုင်ပါ့မည်လော။ သင်၏ နောင်လာ နောက်သားတွေကို “လူသားများ” ပြန်ဖြစ်စေရန် သင်အမှန်တကယ်ပင် သင်ကြားပြသပေး နိုင်မည်လော။ သင် ယခု နားလည် ပြီလော။ သင်၏ ဇာတိပကတိသည် မည်သည်နှင့် အတိအကျ သက်ဆိုင်သနည်း။ လူသားကို ပြုပြင်ခြင်း၊ လူသားကို ပြီးပြည့်စုံစေခြင်းနှင့် လူသားကို အသွင်ပြောင်းခြင်းအတွက် ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ သင့်ကို လှပသော အမိမြေ မပေးဖို့ သို့မဟုတ် လူသား၏ ဇာတိပကတိအတွက် ငြိမ်းချမ်းသော အနားယူစရာ ယူလာပေးဖို့ မဟုတ်ပေ။ ထိုအစား သူ၏ ဘုန်းနှင့် သက်သေများအတွက်၊ လူသားမျိုးနွယ်အနေနှင့် အနာဂတ်၌ ပိုကောင်းသော ဝမ်းမြောက်မှု ရရှိနိုင်ရန်အတွက် ဖြစ်သည်။ သို့မှသာ၊ သူတို့သည် မကြာခင် အနားယူခြင်းကို ဝမ်းမြောက် ခံစားနိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်းသည် သင်၏ ဇာတိပကတိ အတွက်မဟုတ်ပေ၊ လူသားအတွက် ဘုရားသခင် စီမံခန့်ခွဲမှု၏ အဓိကအရာဖြစ်ပြီး လူသား၏ ဇာတိ ပကတိသည် အဖြည့်ခံမျှသာ ဖြစ်သည်။ (လူသားတစ်ယောက်သည် ဝိညာဉ်နှင့် ကိုယ်ခန္ဓာရှိသော ဝတ္ထု တစ်ခုဖြစ်ပြီး၊ ဇာတိပကတိမှာမူ ပုပ်ပျက်သော အရာတစ်ခုသက်သက်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ဇာတိ ပကတိသည် စီမံခန့်ခွဲမှု အစီအစဉ်အတွက် ကိရိယာ တစ်ခုပင် ဖြစ်သည်။) လူများကို ဘုရားသခင်၏ ပြည့်စုံအောင်လုပ်ခြင်း၊ လူများကို စုံလင်အောင်လုပ်ခြင်းနှင့် လူများကို ရရှိခြင်းက ဓါးသွားများနှင့် သူတို့၏ ဇာတိပကတိကို ပုံသွင်းခြင်းမှလွဲပြီး မည်သည့်အရာမှ ယူမလာပဲ အဆုံးမရှိသော ဆင်းရဲဒုက္ခ၊ မီး၏ လောင်ကျွမ်းခြင်း၊ မထောက်ထားသော တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် ကျိန်ခြင်းသာမက အကန့်အသတ်မရှိသော စမ်းသပ်မှု များကိုလည်း ယူဆောင်လာခဲ့သည်။ ဤသည်မှာ လူသားကို စီမံခန့်ခွဲခြင်း၏ အတွင်းဇာတ်ကြောင်းနှင့် အမှန်တရားပင် ဖြစ်သည်။ သို့သော်လည်း ယင်းအရာ အားလုံးက လူသား၏ ဇာတိပကတိကို ဆန့်ကျင်ရန် ရည်ရွယ်ပြီး၊ (လူသားသည် မူလအားဖြင့် အပြစ်ကင်းသည့် အတွက်) ဤရန်လိုမှုများ၏ လှံတံထိပ်များ အားလုံးသည် လူသား၏ ဇာတိပကတိထံ ထောက်ထား ညှာတာမှု မရှိပဲ ဦးတည်နေသည်။ ဤအရာ အားလုံးသည် သူ၏ ဘုန်းအတွက်နှင့် သက်သေခံချက် အတွက်အပြင် သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်သည် လူသားမျိုးနွယ် အတွက်သာ မဟုတ်ပဲ၊ အစီအစဥ် တစ်ခုလုံး အတွက် ဖြစ်ပြီး သူလူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့စဉ်က သူ၏ မူလအလိုကို ဖြည့်ဆည်းဖို့ရန် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားများ တွေ့ကြုံရသည့် အရာများ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခများနှင့် မီးဖြင့်စမ်းသပ်မှုများ ဖြစ်သော်လည်း၊ လူသား၏ ဇာတိပကတိမှ တမ်းတခဲ့သော ချိုမြပြီး ပျော်စရာ ကောင်းသော နေ့များသည် အနည်းအကျဉ်းသာ ရှိသည် သို့မဟုတ် လုံးဝ မရှိသည် ဖြစ်ပြီး၊ ဘုရားသခင်နှင့် လှပသော အချိန်များကို ဖြတ်သန်းရင်း ပျော်ရွှင်ဖွယ်အချိန်များကို ဇာတိပကတိထဲမှာ ကြည်နူးခံစားဖို့ သာ၍ မတတ်နိုင်ကြပေ။ ဇာတိပကတိသည် ညစ်ညမ်းဖွယ် ဖြစ်သည့်အတွက်ကြောင့် လူသား၏ ဇာတိ ပကတိမှ မြင်သည့်အရာ သို့မဟုတ် ပျော်မွေ့ခံစားသည့် အရာများသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုလွဲပြီး အခြားမရှိပဲ၊ ယင်းမှာ ပုံမှန်အသိတရား ပျောက်နေသကဲ့သို့ ဖြစ်သည့်အတွက် လူသားက သဘောမကျပေ။ အကြောင်းရင်းမှာ သူသည် လူသားက မနှစ်သက်သော သူ၏ ဖြောင့်မတ်ခြင်းသည့် စိတ်သဘောထားကို ထင်ရှားစေမည် ဖြစ်သည့်အတွက်ဖြစ်ပြီး၊ လူသား၏ စော်ကားမှုကို သည်းညည်းမခံပဲ ရန်သူများကို စက်ဆုပ် ရွံရှာသည့်အတွက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို လိုအပ်သော နည်းလမ်း အားလုံး မှတဆင့် ပွင့်ပွင့်လင်းလင်း ဖွင့်ပြသည့် အတွက်ကြောင့် သူ၏ စာတန်နှင့် နှစ်ပေါင်း ခြောက်ထောင် စစ်ပွဲ၏— လူသားမျိုးနွယ် အားလုံးကို ကယ်တင်ခြင်းအလုပ်နှင့် ဟောင်းနွမ်းသော စာတန်ကို ဖျက်ဆီးခြင်း အလုပ်— အလုပ်ကို နိဂုံးချုပ်ပြီး ဖြစ်သွားသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏မှ
ဓမ္မသီချင်းဝေငှမည်
Myanmar Worship Song | “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”
No comments:
Post a Comment