菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

2/13/2019

ဘုရားသခင်၏ စကားတော် | လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဘုရားသခင်, ဆုတောင်း, သမ္မာတရား, ခရစ်တော်၏ ပြောကြားချက်များ,


သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်းရေးဇာတ်လမ်းနှင့် တီထွင်ဖန်တီးမှုကို သိသင့်သည်။ ဤအသိတရားကို ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံသေးသူများ မဆုပ်ကိုင်နိုင်ပေ။ သူတို့မသိကြ။ ဤအကြောင်းအရာ ကိစ္စရပ်များကို သူတို့အား ရှင်းပြပါက သမ္မာကျမ်းစာနှင့် ပတ်သက်၍ သင်နှင့်အတူ ခရေစေ့တွင်းကျ လိုက်မည်မဟုတ်ပေ။ သူတို့သည် ပရောဖက်ပြုထားချက်များကို အစဉ်အမြဲ လေ့လာဆန်းစစ် ကြသည်။ ဤပြောဆိုချက် ဖြစ်ပြီးသွားပြီလား၊ ထိုပြောဆိုချက် ဖြစ်ပြီးသွားပြီလား။ သူတို့၏ ဧဝံဂေလိတရားကို လက်ခံမှုသည် သမ္မာကျမ်းစာနှင့်အညီ ဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရားကို သမ္မာကျမ်းစာအရ ဟောပြော ကြသည်။ သူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် သမ္မာကျမ်းစာ၏ စကားလုံးများအပေါ် မှီခိုကြသည်။ သမ္မာကျမ်းစာမရှိဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်လိမ့်မည် မဟုတ်။ ယင်းသည် သူတို့ အသက်ရှင် နေထိုင်သော ပုံစံဖြစ်ပြီး သမ္မာကျမ်းစာကို လေ့လာဆန်းစစ်သည့် ပုံစံလည်း ဖြစ်သည်။ သူတို့ သမ္မာကျမ်းစာကို နောက်တစ်ကြိမ် လေ့လာဆန်းစစ်ပြီး သင့်ကို ရှင်းပြချက်များပေးရန် တောင်းဆိုသည့်အခါ သင်က "ပထမဆုံး အနေနှင့်၊ စာတစ်ကြောင်းချင်းကို အဓိပ္ပာယ် မဖွင့်ပဲထားကြစို့။ ထိုအစား သန့်ရှင်းသော ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်သနည်း ဆိုသည်ကို ကြည့်ကြစို့၊ ကျွန်ုပ်တို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် တစ်သားတည်းကျခြင်း ရှိ၊ မရှိကို သမ္မာတရားနှင့် တိုက်ဆိုင်နှိုင်းယှဥ် ကြည့်ကြစို့၊ ပြီးလျှင် ထိုကဲ့သို့သော လမ်းကြောင်းသည် မှန်ကန်ခြင်း ရှိ၊ မရှိဆိုသည်ကို စစ်ဆေးရန် သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်အား အသုံးပြုကြစို့။ ဤပြောဆိုချက်သည် သို့မဟုတ် ထိုပြောဆိုချက်သည် ပြည့်စုံခဲ့ပြီဆိုသည့် အတွက်မူ ကျွန်ုပ်တို့ လူသားတို့သည် ဝင်ရောက်မစွက်ဖက်ပဲ နေကြပါစို့။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော် ၏ အလုပ်နှင့် ယနေ့မျက်မှောက်တွင် ဘုရားသခင် လုပ်ဆောင်နေသော နောက်ဆုံး အလုပ်တို့ကို ပြောသည်မှာ ကျွန်ုပ်တို့အတွက် ပိုကောင်းပေသည်။ သမ္မာကျမ်းစာကို ပရောဖက်များ ပြောကြားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထိုအချိန်က ဘုရားသခင် အသုံးပြုသော လူများက ရေးသားထားသော စကားလုံးများနှင့် ဖွဲ့စည်းထားသည်။ ထိုစကားလုံးများကို ဘုရားသခင် ကိုယ်နှိုက်ကသာလျှင် ရှင်းပြနိုင်သည်၊ ထိုစကားလုံးများ၏ အဓိပ္ပာယ်များကို သန့်ရှင်းသော ဝိညာဉ်တော်ကသာလျှင် သိစေနိုင်ပြီး ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်မှ သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်တော်မူနိုင်သည်။ သင်သည် ဘုရားသခင် မဟုတ် သကဲ့သို့ ကျွန်ုပ်သည်လည်း မဟုတ်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သူကဆန္ဒရှိသလို ရှင်းပြဝံ့သနည်း။ ထိုစကားလုံးများကို သင်ရှင်းပြရဲပါသလား။ ဤနေရာတွင် ပရောဖက်များဖြစ်သော ယေရမိ၊ ယောဟန်နှင့် ဧလိယ တို့ရှိလျှင်ပင် သူတို့သည် သိုးသငယ် မဟုတ်သဖြင့် သူတို့သည်လည်း ဝံ့ရဲကြမည်မဟုတ်။ သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်နိုင်ပြီး စာစောင်ကို ဖွင့်နိုင်သည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အခြားသူမည်သူမျှ ရှင်းမပြနိုင်ပေ။ ကျွန်ုပ်သည် ဘုရားသခင်၏ နာမတော်ကို မလုယူရဲသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း သာ၍လျှင် ရှင်းပြမရဲပေ။ ကျွန်ုပ်သည် ဘုရားသခင်အား နာခံသူ တစ်ဦးသာ ဖြစ်နိုင်သည်။ သင်က ဘုရားသခင်လား။ ဘုရားသခင် ဖန်ဆင်းတော်မူသော မည်သည့်အရာမျှ စာစောင်ကို မဖွင့်ရဲ သကဲ့သို့ ထိုစကားလုံးများကိုလည်း ရှင်းမပြရဲရာ ကျွန်ုပ်သည်လည်း ရှင်းမပြရဲပါ။ သင်သည်လည်း ရှင်းပြရန် မကြိုးစားသင့်ပါ။ ကျွန်ုပ်တို့ မည်သူမျ ရှင်းပြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အကြောင်း ပြောကြပါစို့၊ ဤသည်မှာ လူသား လုပ်နိုင်သော အလုပ် ဖြစ်သည်။ ကျွန်ုပ်သည် ယေဟောဝါနှင့် ယေရှု၏ အလုပ်ကို အနည်းငယ်သာ သိသည်။ သို့ရာတွင် ကျွန်ုပ်သည် ယင်းအလုပ်တွင် ပုဂ္ဂလိက အတွေ့အကြုံမရှိသဖြင့် ကျွန်ုပ်သည် ယင်းကို အနည်းငယ်မျှသာ ပြောနိုင်သည်။ ထိုအချိန်က ဟေရှာယ သို့မဟုတ် ယေရှု ပြောခဲ့သော စကားလုံးများ၏ အဓိပ္ပာယ်ကို ကျွန်ုပ်သည် ရှင်းလင်းချက် လုပ်မည်မဟုတ်ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာကို မလေ့လာဘဲ ဘုရားသခင်၏ မျက်မှောက် အလုပ်နောက်ကို လိုက်သည်။ သင်သည် အမှန်တကယ်အားဖြင့် သမ္မာကျမ်းစာကို စာစောင်ငယ်အဖြစ် မှတ်ယူသော်လည်း ယင်းကို သိုးသငယ်ကသာ ဖွင့်နိုင်မည်ဆိုသည်မှာ မမှန်သလော။ သိုးသငယ်မှ လွဲလျှင် မည်သူက လုပ်နိုင်သေးသနည်း။ သင်သည် သိုးသငယ်မဟုတ်ပါ၊ ကျွန်ုပ်သည်လည်း ဘုရားသခင် ကိုယ်တော်ကိုယ်တိုင်အဖြစ် ပြောဆိုရန် ပို၍ပင် မဝံ့ရဲသောကြောင့် သမ္မာကျမ်းစာကို သုံးသပ်ခြင်း သို့မဟုတ် လေ့လာဆန်းစစ်ခြင်း မလုပ်ကြပါစို့။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်ထားသည့် လက်ရှိအလုပ်ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ထား ပြီးသော အလုပ်ကို ဆွေးနွေးသည်က ပို၍ကောင်းသည်။ ဘုရားသခင် အလုပ်၏ အခြေခံဥပဒေသနှင့် အခြင်း အရာများကို ကြည့်ရှုကြပါစို့၊ ထို့နောက် ယင်းတို့ကို စစ်ဆေးခြင်းဖြင့် ယနေ့ ကျွန်ုပ်တို့ လျှောက်လှမ်းသော လမ်းသည် မှန်ကန််ခြင်း ရှိ၊ မရှိကို ကြည့်ကြပါစို့။ ဤအရာကို စံချိန်စံညွှန်းအဖြစ် ထားပြီး ချိန်ညှိကြစို့" ဟု ပြောဆိုနိုင်သည်။ အကယ်၍ သင်တို့သည် ဧဝံဂေလိတရားကို ဟောပြောကြပါလျှင်၊ အထူးသဖြင့် ဘာသာရေး အသိုင်းအဝိုင်းတွင် ရှိသူတို့ထံ ဟောပြောပါလျှင် သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်ဖြစ်ပြီး ယင်း၏ အတွင်းကျသော ဇာတ်လမ်း၏ နက်နဲချက်များကို ကျွမ်းကျင်ပိုင်နိုင် နေရမည်။ သို့မဟုတ်ပါက သင်တို့သည် ဧဝံဂေလိ တရားကို ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ သင်သည် ပိုမိုကျယ်ပြန့်သော ရုပ်ပုံလွှာကို အတွင်း ကျကျ ရရှိခဲ့သည့် အခါတွင် သမ္မာကျမ်းစာ၏ အသက်မရှိသော စကားလုံးများကို လေ့လာဆန်းစစ်ခြင်း မပြုပါနှင့်၊ ဘုရားသခင်၏ အလုပ်နှင့် အသက်၏ သမ္မာတရားကိုသာ ပြောကြားပါ၊ ထိုသို့ဆိုလျှင် သင်သည် မှန်ကန်သော စိတ်နှလုံးနှင့် ရှာဖွေသူတို့ကို ရရှိလိမ့်မည်။

သင်တို့သည် ယေဟောဝါ၏ အလုပ်၊ သူချထားပေးသော ပညတ်တော်များနှင့် လူသား၏ အသက်တာကို သူဦးဆောင်သော နိယာမများ၊ ပညတ်တော်ခေတ်တွင် သူလုပ်ဆောင်သော လုပ်ဆောင်မှု အကြောင်းအရာများ၊ ပညတ်တော်များကို သူချပေးခြင်း၏ ရည်ရွယ်ချက်၊ ကျေးဇူးတော်ခေတ်တွင် သူ့လုပ်ဆောင်မှု၏ ထင်ရှားချက်နှင့် နောက်ဆုံးသော အဆင့်တွင် သူလုပ်ဆောင်သည့် အလုပ်တို့ကို နားလည်ရမည်။ ပထမအဆင့်သည် ပညတ်တော် ခေတ်၏ အလုပ်ဖြစ်သည်၊ ဒုတိယ အဆင့်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး တတိယ အဆင့်သည် နောက်ဆုံးသော ကာလ၏ အလုပ်ဖြစ်သည်။ သင်တို့သည် ဘုရားသခင် အလုပ်၏ ယင်းအဆင့်များကို နားလည် ကြရမည်။ အစမှအဆုံးအထိ စုစုပေါင်း အဆင့် သုံးဆင့်ရှိသည်။ အဆင့်တစ်ခုချင်းရှိ အလုပ်များ၏ အခြင်းအရာ မှာ အဘယ်နည်း။ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အလုပ်များကို အကောင်အထည်ဖော်ရာတွင် အဆင့်မည်မျှ ရှိသနည်း။ အဆင့်တစ်ခုချင်းကို မည်သို့ အကောင်အထည် ဖော်သနည်းနှင့် တစ်ခုချင်းစီကို ထိုနည်းလမ်းဖြင့် အဘယ်ကြောင့် အကောင်အထည်ဖော်သနည်း။ ယင်းတို့ အားလုံးမှာ အလွန်အရေးကြီးသော မေးခွန်းများ ဖြစ်သည်။ ခေတ်တစ်ခုချင်း၏ အလုပ်သည် ကိုယ်စားပြုသော အရာဖြစ်သည်။ ယေဟောဝါက မည်သည့် အလုပ်ကို လုပ်ခဲ့သနည်း။ သူသည် အဘယ်ကြောင့် ထိုသို့လုပ်ခဲ့သနည်း။ သူ့ကို အဘယ်ကြောင့် ယေဟောဝါဟု ခေါ်သနည်း။ ယေရှုက ကျေးဇူးတော်ခေတ်တွင် အဘယ်အလုပ်များကို လုပ်ဆောင်ခဲ့ပြီး အဘယ် ကြောင့် ယင်းသို့ လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင် စိတ်သဘောထား၏ မည်သည့် ရှုထောင့်များသည် အလုပ်၏ အဆင့်တစ်ခုချင်းနှင့် ခေတ်တစ်ခေတ်ချင်းကို မည်သို့ ကိုယ်စားပြုသနည်း။ သူ့စိတ်သဘောထား၏ မည်သည့် ရှုထောင့်က ပညတ်တော်ခေတ်တွင် ပေါ်ထွက်လာခဲ့သနည်း။ ကျေးဇူးတော် ခေတ်တွင်ကော။ ပြီးလျှင် နောက်ဆုံး ကာလတွင်ကော။ ယင်းအရေးပါသော မေးခွန်းများကို သင်တို့နားလည်ရမည်။ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံသည် နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်လျှောက်တွင် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယင်းတို့ကို ပညတ်တော်ခေတ်တွင်သာ၊ ကျေးဇူးတော်ခေတ်တွင်သာ သို့မဟုတ် ထို့ထက်ပို၍ နည်းပါးကာ နောက်ဆုံးသော ခေတ်၏ ဤကာလအပိုင်းအခြားတွင်သာ ဖော်ထုတ်ခဲ့သည် မဟုတ်ပေ။ နောက်ဆုံးကာလတွင် လုပ်ဆောင်သော အလုပ်သည် တရားစီရင်ခြင်း၊ အမျက်ဒေါသနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလတွင် လုပ်ဆောင်သော အလုပ်ကို ပညတ်တော်ခေတ် သို့မဟုတ် ကျေးဇူးတော်ခေတ်တို့၏ အလုပ်နှင့် အစားထိုးခြင်း မပြုနိုင်ပေ။ သို့ရာတွင် အဆင့်သုံးဆင့်သည် တစ်ခုတည်းအဖြစ် အပြန်အလှန် ဆက်စပ် နေပြီး ဘုရားသခင်တစ်ပါးတည်းက လုပ်ဆောင်သည့် အလုံးစုံသော အလုပ်ဖြစ်သည်။ သဘာဝအားဖြင့်သာ ယင်းအလုပ်အား လုပ်ဆောင်မှုများကို သီးခြားခေတ်များဖြင့် ပိုင်းခြားထားခြင်း ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် လုပ်ဆောင်သော အလုပ်သည် အလုံးစုံကို ပြီးဆုံးခြင်းသို့ ဆောင်ယူသည်၊ ပညတ်တော်ခေတ်တွင် လုပ်သောအလုပ်သည် အစပျိုးခြင်း ဖြစ်ပြီး ကျေးဇူးတော်ခေတ်တွင် လုပ်သော အလုပ်သည် ရွေးနှုတ်ခြင်း ဖြစ်သည်။ ဤနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးရှိ အလုပ်၏ ရူပါရုံများအတွက်မှာမူ မည်သူ တစ်ဦးတစ်ယောက်မျှ ထိုးထွင်းသိမြင်နိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်းတို့ မရှိနိုင်ပေ။ ယင်းရူပါရုံများသည် အစဉ်အမြဲ လျှို့ဝှက်နက်နဲခြင်းများအဖြစ် ဆက်လက်တည်ရှိနေသည်။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ် တော်၏ အလုပ်သည်သာလျှင် နိုင်ငံတော်ခေတ်တွင် ဆောင်ကြဥ်းရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ယင်းသည် ခေတ်အားလုံးကို ကိုယ်စားမပြုပေ။ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလထက် မကျော်လွန် သကဲ့သို့ နိုင်ငံတော်ခေတ်ကိုလည်း မကျော်လွန်ပေ။ ယင်းသည် ကျေးဇူးတော်ခေတ် သို့မဟုတ် ပညတ်တော် ခေတ်ကို ကိုယ်စားမပြုပေ။ နောက်ဆုံးသော ကာလသည် နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ရှိ အလုပ် အလုံးစုံကို သင်တို့အား ဖော်ပြသည့် အချိန်ကာလသာ ဖြစ်သည်။ ယင်းမှာ နက်နဲမှုကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ယင်းသို့သော နက်နဲခြင်းကို မည်သည့် လူတစ်ဦးတစ်ယောက်ကမျှ မဖော်ထုတ်နိုင်။ လူတစ်ဦး တစ်ယောက်သည် မည်မျှပင် သမ္မာကျမ်းစာကို နားလည်သည်ဆိုစေကာမူ လူသားသည် သမ္မာကျမ်းစာ၏ အခြင်းအရာကို နားမလည်သောကြောင့် ယင်းသည် စကားလုံးများထက်မပိုပေ၊။ လူက သမ္မာကျမ်းစာကို ဖတ်သည့်အခါ သမ္မာတရား အချို့ကို သူရနိုင်သည်၊ စကားလုံး အချို့ကို ရှင်းပြနိုင်မည် သို့မဟုတ် ကျော်ကြားသော အဆိုများနှင့် ကိုးကားချက်များကို လေ့လာဆန်းစစ်နိုင်မည်။ သို့သော်လည်း လူအားလုံး မြင်သည်မှာ အသက် မရှိသော စကားလုံးများသာ ဖြစ်ပြီး ယေဟောဝါနှင့် ယေရှုတို့ အလုပ်၏ ရှုခင်းများ မဟုတ်သည့်အတွက် ယင်းစကားလုံးများတွင် ပါဝင်သော အဓိပ္ပာယ်များကိုမူ သူသည် မည်သည့်အခါမျှ ထုတ်နှုတ်နိုင်မည် မဟုတ်ဘဲ လူသားသည် ယင်းအလုပ်၏ နက်နဲခြင်းကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲခြင်းသည် အကြီးမားဆုံး နက်နဲခြင်း ဖြစ်ပြီး လူသားတို့အတွက် အကြီးမားဆုံး ဖုံးကွယ်ထားမှု ဖြစ်ကာ လူသားတို့ မည်သို့မျှ မဖော်ထုတ်နိုင်ပေ။ ဘုရားသခင်၏ အလိုကို သူကိုယ်တိုင်က ရှင်းပြပြီး လူသားအား ဖွင့်ပေးခြင်း မပြုပါက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက် နားလည်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းတို့သည် လူသားအတွက် အစဉ်အမြဲ ပဟေဠိဖြစ်နေပြီး ချိတ်ပိတ်ထားသော နက်နဲရာများအဖြစ် အစဉ်အမြဲ ရှိနေမည်ဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းမှ သူတို့ကို စိတ်မပူကြလင့်၊ သင်တို့သည် ယနေ့တွင် ပြောဆိုခြင်းမခံရလျှင် သင်တို့သည် နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤနှစ်ပေါင်း ခြောက်ထောင် အလုပ်သည် ပရောဖက်များ ဟောကြားချက်အားလုံးထက် ပိုမို၍ နက်နဲရှုပ်ထွေးသည်။ ယင်းသည် ဖန်ဆင်းသည့် အချိန်မှစ၍ အနက်နဲဆုံးဖြစ်ပြီး ယခင်က ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်ဆုံးခေတ်တွင်မှသာ ဖော်ထုတ်မည် ဖြစ်သောကြောင့် ဤနက်နဲခြင်းကို မည်သည့် ယခင်က ပရောဖက်မှ နားမလည်နိုင်သေးပေ။ သင်တို့သည် ဤနက်နဲခြင်းကို နားလည်ပြီး အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့လျှင် ယင်းဘာသာရေး ပုဂ္ဂိုလ်များသည် ဤနက်နဲခြင်း၏ သိမ်းပိုက် အောင်မြင်ခြင်းကို ခံကြရလိမ့်မည်။ ဤအရာသည်သာလျှင် အကြီးကျယ်ဆုံး ရူပါရုံ ဖြစ်ပြီး လူသားတို့ နားအလည်ချင်ဆုံး အရာဖြစ်သော်လည်း သူ့အတွက် မရှင်းလင်းဆုံး အရာလည်း ဖြစ်သည်။ သင်တို့သည် ကျေးဇူးတော်ခေတ်တွင် ရှိသောအခါ သင်တို့သည် ယေရှု သို့မဟုတ် ယေဟောဝါ လုပ်ဆောင်သော အလုပ်တို့ကို သင်တို့ သိခဲ့ကြသည် မဟုတ်ပေ။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်တော်များကို ချမှတ်သည်၊ သူက အဘယ်ကြောင့် လူများကို ပညတ်တော်များကို စောင့်ထိန်းရန် ပြောကြားသည်၊ သို့မဟုတ် ဗိမာန်တော်ကို အဘယ်ကြောင့် ဆောက်လုပ်ခဲ့ရသည်တို့နှင့် ပတ်သက်၍ မည်သည်ကိုမျှ လူအများ နားမလည် ခဲ့ဘဲ ဣသရေလ လူမျိုးတို့ကို အဲဂုတ္တုပြည်မှ တောထဲသို့ ခေါ်သွားပြီး ခါနာန်ပြည်သို့ အဘယ်ကြောင့် ခေါ်ဆောင် သွားခဲ့သည်ကို လူများနားလည်ရန် ပိုမိုခက်ခဲသည်။ ဤနေ့သို့ မရောက်မီအထိ ယင်းကိစ္စများကို ဖော်ထုတ်ခြင်း မခံရပေ။

နောက်ဆုံးသော ကာလရှိ အလုပ်သည် အဆင့် သုံးဆင့်အနက်မှ နောက်ဆုံး အဆင့်ဖြစ်သည်။ ယင်းသည် နောက်ထပ် ခေတ်သစ်၏ အလုပ်ဖြစ်ပြီး စီမံခန့်ခွဲမှု အလုပ်တစ်ခုလုံးကို ကိုယ်စားမပြုပေ။ နှစ်ပေါင်း ခြောက် ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အလုပ်အဆင့် သုံးဆင့် ခွဲခြားထားသည်။ မည်သည့် တစ်ခုတည်းသော အဆင့်သည် ခေတ်သုံးခေတ်၏ အလုပ်ကို ကိုယ်စားမပြုနိုင်ဘဲ တစ်စုံလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စား ပြုနိုင်သည်။ ယေဟောဝါ ဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား အားလုံးကို ကိုယ်စားမပြုနိုင်။ ပညတ်တော်ခေတ်တွင် သူသည် အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်မှာ ဘုရားသခင်သည် ပညတ် တော် အောက်၌သာ ဘုရားသခင်ဖြစ်နိုင်သည် ဟူ၍ သက်သေမပြပါ။ ယေဟောဝါသည် လူသားတို့အတွက် ပညတ်တော်များကို ပြဌာန်းပြီး ပညတ်တော်များကို ပေးအပ်ကာ လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်စေခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ဘုရားသခင်မှာ လူသားကို ပညတ်တော်အား စောင့်ရှောက်ရန်သာ တောင်း ဆိုသော ဘုရားသခင်၊ ဗိမ္မာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင် ဖြစ်သည်ဟု သက်သေပြမနေပါ။ ယင်းသို့ ပြော၍ မရပါ။ ပညတ်တော်အောက်မှ အလုပ်သည် ခေတ်တစ်ခေတ် ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အလုပ်လုပ်လျှင် လူသည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပြီး ယခုလို ပြောလိမ့်မည်၊ "ဘုရားသခင်သည် ဗိမာန်တော်ထဲမှ ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်ကို အစေခံရန် ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ်ကဲ့သို့ ဝတ်ရုံဝတ်ပြီး ဗိမာန်တော်အတွင်းသို့ ဝင်ကြရမည်။" ကျေးဇူးတော်ခေတ်ရှိ အလုပ်ကို မည်သည့်အခါကမျှ မလုပ်ခဲ့ပါက ပညတ်တော်ခေတ်သည် ယခုတိုင်အောင် ဆက်လက် ရှိနေခဲ့မည်ဖြစ်ပြီး ဘုရားသခင်သည် သနားတတ်ပြီး ချစ်ခင်တတ်သည်ကို လူသည် သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင်ရှိ အလုပ်သည် မပြီးမြောက်ခဲ့ဘဲ ကျေးဇူးတော်ခေတ်၏ အလုပ်ကိုသာ ပြီးမြောက်ခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် လူသားကိုသာ ရွေးနှုတ်ကာ လူသား၏ အပြစ်များကို ခွင့်လွှတ် ပေးနိုင်သော ဘုရားသခင်အဖြစ် လူအားလုံးက သိလိမ့်မည်။ သူသည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ သူသည် မိမိကိုယ်ကို စွန့်လွှတ်ပြီး လူသားအတွက် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံနိုင်သည်ဟုသာ သူတို့ သိကြလိမ့်မည်။ လူသည် ယင်းကိုသာသိပြီး အခြား မည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည် မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ်ချင်းစီသည် ဘုရားသခင် စိတ်သဘောထား၏ အစိတ်အပိုင်း တစ်ခုကို ကိုယ်စား ပြုသည်။ ပညတ်တော် ခေတ်သည် အချိုု့သော ရှုထောင့်များ၊ ကျေးဇူးတော်ခေတ်သည် အချိုု့သော ရှုထောင့်များ နှင့် ထို့နောက် ယခုခေတ်တွင် အချိုု့သော ရှုထောင့်များကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ စိတ်သဘောထားကို အဆင့်သုံးဆင့်စလုံး စုပေါင်းခြင်းအားဖြင့် သာလျှင် အပြည့်အဝ ဖော်ထုတ်နိုင်မည်။ လူသည် ခေတ်သုံးခေတ် စလုံးကို သိရှိသည့်အခါ မှသာ လူသည် ယင်းကို အပြည့်အဝ ရရှိနိုင်သည်။ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကို ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။ သင်သည် ဤအလုပ်အဆင့် သုံးဆင့်ကို သိရှိသည့် အခါတွင်မှသာ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို တစ်လုံးတစ်ဝတည်းအဖြစ် မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူ၏ အလုပ်ကို ပြီးဆုံးအောင် လုပ်ခြင်းသည် သူသည် ပညတ်တော်အောက်ရှိ ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြ၊ ရွေးနှုတ်ခြင်းအမှုကို ပြီးဆုံးခြင်းသည် ဘုရားသခင်က လူသားကို အစဉ်ထာဝရ ရွေးနှုတ်မည်ဟု ပြသခြင်း မဟုတ်ပေ။ ယင်းတို့အားလုံးမှာ လူ၏ရေးဆွဲထားသော သုံးသပ်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသို့ ရောက်ခဲ့သော်လည်း ဘုရားသခင်သည် လက်ဝါးကပ်တိုင် နှင့်သာ သက်ဆိုင်သည်ဟု သင်မပြောနိုင်ဘဲ လက်ဝါးကပ်တိုင်တစ်ခုတည်းသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စား ပြုသည်ဟု မဆိုနိုင်ပါ။ သင်ထိုသို့ ပြုခဲ့ပါက သင်သည် ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အလုပ်ကိုသာ အဓိက လုပ်ဆောင်သော်လည်း ဘုရားသခင်သည် လူသားအပေါ် သနားခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု သင်မပြောနိုင်ဘဲ သူယူဆောင်လာ သမျှသည် ပြစ်တင်ဆုံမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟုလည်း မပြောနိုင်ပါ။ နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏ အလုပ်နှင့် လူတို့ နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော် ပြသမည်ဖြစ်သည်။ ယင်းသည် ခရီးဆုံး ပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်နှင့် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ဆုံး သောကာလ၏ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်း ဖြစ်သည်။ လူတို့ နားမလည်သော နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ယင်းအတွင်းသို့ ထိုးထွင်းသိမြင်မှုကို ရစေပြီး သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထိုနောက်တွင်မှသာ လူသည် သူတို့၏ အမျိုးအစားများ အလိုက် ခွဲခြားခံရနိုင်မည်။ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသည့် အခါမှသာလျှင် သူ၏ စီမံခန့်ခွဲမှုသည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ရာ ဘုရားသခင်၏ စိတ်သဘောထားနှင့် ယင်း တစ်ခုလုံးကို လူသည် နားလည်လာ နိုင်လိမ့်မည်။ ယခုတွင် သင်တို့သည် နောက်ဆုံး ကာလရှိ ဘုရားသခင်၏ အလုပ်ကို အတွေ့အကြုံရခဲ့ပြီ၊ ဘုရားသခင်၏ စိတ်သဘောထားက အဘယ်နည်း။ သင်သည် ဘုရားသခင်မှာ စကားလုံးများကိုသာ ပြောသော ဘုရားသခင်ဖြစ်သည်ဟု ပြောရဲသေးပါသလား။ သင်သည် ယင်းသုံးသပ်ချက်ကို လုပ်ဝံ့မည်မဟုတ်ပေ။ အချို့သူများက ဘုရားသခင်သည် နက်နဲရာ တို့ကို ဖွင့်လှစ်သော ဘုရားဖြစ်သည်၊ ဘုရားသခင်သည် သိုးသငယ်ဖြစ်ပြီး တံဆိပ် ခုနှစ်ချက်ကို ချိုးဖျက်သူ ဖြစ်သည်ဟု ပြောကြသည်။ မည်သူမျှ ထိုကဲ့သို့ နိဂုံး မချုပ်ဝံ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံသော ဇာတိပကတိ ဖြစ်သည်ဟု ပြောသည့် အချို့သော သူများလည်း ရှိသည်။ ယင်းသည် မမှန်သေးပါ။ အချို့က လူ့ဇာတိခံယူသော ဘုရားသခင်သည် စကားလုံးများ သာပြောပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများကို မလုပ်ဆောင်ဟု ပြောသည်။ ထို့ထက်ပင် ပိုနည်းကာ မပြောဝံ့သည်မှာ ယေရှုသည် လူ့ဇာတိခံယူပြီး နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများအတွက် အလုပ်လုပ်သောကြောင့် သင်သည် ဘုရားသခင်ကို ပေါ့ပေါ့တန်တန် အဓိပ္ပာယ် ဖွင့်ဆိုရန် မဝံ့ရဲပေ။ နှစ်ပေါင်း ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တစ်လျှောက်လုံးတွင် လုပ်ဆောင်ခဲ့သော အလုပ်အလုံးစုံသည် ယခုမှ သာလျှင် အဆုံးသတ်ခြင်းသို့ ရောက်လာသည်။ ဤအလုပ်များအားလုံးကို လူအားဖွင့်ပြပြီး လူများအကြားတွင် လုပ်ဆောင် ပြီးသည့် အချိန်မှသာလျှင် သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း အလုံးစုံတို့ကို သိလာလိမ့်မည်။ ဤအဆင့်၏ အလုပ်များအားလုံး ပြီးဆုံးသည့်အခါ လူများ နားလည်ခဲ့ခြင်း မရှိသော နက်နဲရာ အချက်များအားလုံးကို ဖွင့်ပြပြီးဖြစ်လိမ့်မည်၊ ယခင်က နားမလည်နိုင်ခဲ့သော သမ္မာတရား အားလုံးကိုလည်း ရှင်းလင်းစေလိမ့်မည်၊ ထို့နောက် လူသားမျိုးနွယ်အား အနာဂတ် လမ်းကြောင်းနှင့် ခရီးဆုံး ပန်းတိုင်ကို ပြောပြပြီး ဖြစ်လိမ့်မည်။ ယင်းမှာ ဤအဆင့်တွင် လုပ်ဆောင်ရမည့် အလုပ်အားလုံး ဖြစ်သည်။ ယနေ့တွင် လူသားလျှောက်လှမ်းသော လမ်းကြောင်းသည် လက်ဝါးကပ်တိုင် လမ်းကြောင်းဖြစ်ပြီး ယင်းသည် ခံစားရသော လမ်းကြောင်း ဖြစ်သော်လည်း ယနေ့အချိန်တွင် လူသားကျင့်သုံးမှု၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်မွေ့ခြင်း တို့သည် ပညတ်တော်အောက်နင့် ကျေးဇူးတော်ခေတ်တွင်ရှိသော လူသားနှင့် ကြီးစွာ ကွာခြားသည်။ ယနေ့တွင် လူသားအပေါ် တောင်းဆိုမှုသည် အတိတ်ကာလကနှင့် မတူသကဲ့သို့ ပညတ်တော်ခေတ်တွင် ရှိသော လူသားအပေါ် တောင်းဆိုမှုနှင့်လည်း ပို၍ပင် မတူညီပေ။ ဣသရေလ၌ အလုပ်ပြီးဆုံးသည့်အခါ ပညတ်တော် အောက်တွင်ရှိသော လူသားအပေါ် အဘယ်အရာ တောင်းဆိုခဲ့ပါသလဲ။ သူတို့ကို ဥပုသ်နေ့များကို ထိန်းသိမ်းရန်နှင့် ယေဟောဝါ၏ ပညတ်တော်များကို လိုက်နာရန်အပြင် အခြား မည်သည်ကိုမျှ မတောင်းဆိုခဲ့ပေ။ မည်သူမျှ ဥပုသ်နေ့တွင် အလုပ်လုပ်ခြင်း သို့မဟုတ် ယေဟောဝါ၏ ပညတ်တော်များကို ဖောက်ဖျက်ခြင်း မလုပ်ကြပေ။ သို့ရာတွင် ယခုအခါ ထိုသို့ မဟုတ်တော့ပေ။ ဥပုသ်နေ့များတွင် လူသည် အလုပ်လုပ်သည်၊ စုဝေးပြီး ပုံမှန်အတိုင်း ဆုတောင်းသည်၊ မည်သည့် ကန့်သတ်မှုမှ မထားပေ။ ကျေးဇူးတော်ခေတ်တွင် လူများသည် ဗတ္တိဇံခံရသည်၊ ထိုမျှသာမက သူတို့ကို အစာရှောင်ရန်၊ မုန့်ချိုးဖဲ့ရန်၊ စပျစ်ရည် သောက်ရန်၊ သူတို့၏ ဦးခေါင်းများကို ဖုံးအုပ်ရန်နှင့် အခြားသူများ၏ ခြေကို ဆေးကြောပေးရန် တောင်းဆိုခံခဲ့ရသည်။ ယခုအခါတွင် ယင်းစည်းမျဉ်းများကို ပယ်ဖျက်ပြီး လူသားအတွက် သာ၍ ကြီးမားသော တောင်းဆိုမှုများ ပြုပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် ဆက်လက်၍ နက်ရှိုင်းလာပြီး လူသား၏ ဝင်ရောက်မှုသည် ပိုမိုမြင့်မားလာခဲ့သောကြောင့် ဖြစ်သည်။ အတိတ်ကာလက ယေရှုသည် သူ၏ လက်ကို လူသား အပေါ်တင်၍ ဆုတောင်းခဲ့သော်လည်း ယခုအခါ အရာရာကို ပြောထားပြီး ဖြစ်ရာ လက်များတင်ခြင်းသည် မည်သည့်အတွက် အသုံးကျတော့မည်နည်း။ စကားလုံး များအားဖြင့်သာ ရလဒ်ကို ရရှိနိုင်သည်။ အတိတ်ကာလက သူသည် လူသားအပေါ်တွင် လက်တင်ခဲ့သော အခါက လူသားကို ကောင်းချီးပေးရန်နှင့် ကုသရန် ဖြစ်သည်။ ယင်းမှာ ထိုအချိန်က သန့်ရှင်းသော ဝိညာဉ်တော် အလုပ် လုပ်ခဲ့သည့် ပုံစံဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ထိုသို့ မဟုတ်တော့ချေ။ ယခုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ရလဒ်များ ထွက်ပေါ်စေရန် သူ၏အလုပ်တွင် စကားလုံးများကို အသုံးပြုသည်။ သူသည် သူ၏ နှုတ်ကပတ်တော်များကို သင်တို့အတွက် ရှင်းလင်းစေပြီ၊ သင်တို့သည် ယင်းတို့ကို လက်တွေ့ကျင့်သုံးရန်သာ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် သူ၏ အလိုဖြစ်ပြီး သူလုပ်ဆောင်မည့် အလုပ်များကို ပြသသည်။ သူ၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သင်သည် သူ၏ အလိုကို နားလည်နိုင်ပြီး သူက သင့်ကို မည်သည်အား ရစေလိုသည်ကို သိနားလည်နိုင်သည်။ လက်တင်ရန် မလိုအပ်တော့ဘဲ သူ၏ နှုတ်ကပတ်တော်များကို သင်သည် တိုက်ရိုက် ကျင့်သုံးရန်သာ ဖြစ်သည်။ အချို့က ပြောနိုင်သည်၊ "ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ပါ။ ကိုယ်တော်၏ လက်တော်ကို ကျွန်ုပ်အပေါ်သို့ တင်ခြင်းအားဖြင့် ကျွန်ုပ်သည် ကိုယ်တော်၏ ကောင်းချီးနှင့် အတူရှိခြင်းကို ရရှိမည်။" ယင်းတို့အားလုံးမှာ ယခင်ကသုံးစွဲခဲ့သည့် ခေတ်မမှီတော့သော အလေ့အထများဖြစ်ပြီး ခေတ်ပြောင်းလာခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တားမြစ်ထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခေတ်ကို လိုက်၍ အလုပ်လုပ်သည်။ အလိုအရ သို့မဟုတ် ချမှတ်ထားသော စည်းမျဉ်းများအရသာ မဟုတ်ပေ။ ခေတ်ပြောင်းခဲ့ပြီဖြစ်ရာ ခေတ်သစ်သည် ယင်း၏ အလုပ်သစ်ကို ယူဆောင်လာရမည်။ ယင်းမှာ အလုပ်၏ အဆင့်တိုင်းအတွက် မှန်ကန်ပြီးဖြစ်ရာ သူ၏ အလုပ်သည် မည်သည့်အခါမျှ ထပ်ကျော့လုပ်မည် မဟုတ်ချေ။ ကျေးဇူးတော်ခေတ်တွင် ယေရှုသည် အလုပ်အများစုကို ဥပမာ- နာမကျန်းသူများကို ကုသခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ လူအတွက် ဆုတောင်းပေးရန်နှင့် လူကို ကောင်းချီးပေးရန် သူ၏ လက်ကိုတင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယင်းကို ဆက်လုပ်ရန် အတွက်မူ လက်ရှိ မျက်မှောက်နေ့ရက်များတွင် မည်သည့် ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းနိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုအချိန်က ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် ထိုအလုပ်ကို ထိုသို့သော နည်းလမ်းဖြင့် လုပ်ခဲ့ပြီး လူတို့အား ပျော်မွေ့ခံစားခြင်းအတွက် ကျေးဇူးတော်ကို လုံလောက်စွာ ပြခဲ့သည်။ လူသည် မည်သည့် အဖိုးအခကိုမျှ ပေးရန်မလိုခဲ့ဘဲ သူ့တွင် ယုံကြည်ခြင်း ရှိနေသမျှ ကျေးဇူးတော်ကို ရရှိနိုင်သည်။ အားလုံးသည် နူးညံ့ကြင်နာစွာ ဆက်ဆံခံကြရသည်။ ယခုအခါ ခေတ်ပြောင်းသွားပြီဖြစ်ပြီး ဘုရားသခင်၏ အလုပ်သည် ရှေ့သို့ ပိုမို တိုးရတော့မည်၊ သူ၏ ပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှ တဆင့် လူ၏ တော်လှန်ပုန်ကန်မှုနှင့် လူအတွင်းရှိ မသန့်ရှင်းသော အရာများသည် ဖယ်ရှားခံရလိမ့်မည်။ ယင်းသည် ရွေးနှုတ်ခြင်း၏ အဆင့်ဖြစ်ရာ ဘုရားသခင်သည် ယင်းသို့သော အလုပ်များကို လုပ်ရသည်၊ လူကို ပျော်မွေ့ခံစားရန် လုံလောက်သော ကျေးဇူးတော်ကို ပြသထားခြင်းဖြင့် လူသည် အပြစ်မှ ရွေးနှုတ်ခံရကာ ကျေးဇူးတော်မှတစ်ဆင့် သူတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံရသည်။ ဤလက်ရှိအဆင့်တွင် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စကားလုံးများ၏ ပြင်းစွာရိုက်နှက်ခြင်း သာမက စကားလုံးများ၏ ပဲ့ပြင် ဆုံးမခြင်းနှင့် ဖွင့်ပြခြင်း အားဖြင့်လူသားအတွင်းရှိ မဖြောင့်မတ်မှုများကို ဖော်ထုတ်ခြင်းဖြင့် နောက်ပိုင်းတွင် သူတို့ကို ကယ်တင်ခြင်းရစေရန် လုပ်ဆောင်သည်။ ယင်းသည် ရွေးနှုတ်ခြင်းထက် ပိုမိုနက်နဲသော အလုပ် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသည် လုံလောက်သော ကျေးဇူးတော်ကို ခံစားခဲ့ပြီး ယင်းကျေးဇူးတော်ကို တွေ့ကြုံပြီးလည်း ဖြစ်ရာ လူသားက ယင်းတွင် ပျော်မွေ့ခံစားရန် မရှိတော့ပေ။ ယင်းကဲ့သို့သော အလုပ်သည် ယခုအခါ ခေတ်မမီတော့ဘဲ ဆက်လုပ်စရာလည်း မလိုအပ်တော့ပေ။ ယခုအခါ လူသည် စကားလုံးများအားဖြင့် တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရသည်။ လူကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ လုပ်ပြီးနောက်တွင် သူ၏ စိတ်သဘောထားသည် ထိုအခါ ပြောင်းလဲ သွားလိမ့်မည်။ ယင်းမှာ ငါပြောထားသော နှုတ်ကပတ်တော်များကြောင့် မဟုတ်ပါလား။ အလုပ်အဆင့်တိုင်းသည် လူသားမျိုးနွယ် အလုံးစုံ၏ တိုးတက်မှုနှင့် ယင်း၏ ခေတ်နှင့် အညီ လုပ်ဆောင်သည်။ အလုပ်အားလုံးသည် သူ၏ အရေးပါမှုရှိသည်၊ ယင်းတို့ကို လူသား မျိုးနွယ်အတွက် အနာဂတ်တွင် ကောင်းမွန်သော ခရီးဆုံး ပန်းတိုင်ရှိစေရန် နောက်ဆုံး ကယ်တင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆုံးတွင် လူကို အမျိုးအစားအလိုက် ခွဲခြားရန်အတွက် ဖြစ်သည်။

နောက်ဆုံးသောကာလ အလုပ်မှာ စကားလုံးများပြောရန် ဖြစ်သည်။ စကားလုံးများမှ တစ်ဆင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤစကားလုံးများအား လက်ခံခြင်းဖြင့် ဤလူများတွင် ယခု၌ သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်တွင် ထိုနိမိတ်လက္ခဏာများနှင့် အံ့သြ ဖွယ်ရာများကို လက်ခံသော သူများထက် ပိုမိုကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် နတ်ဆိုး များသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူမှအဝေးသို့ ထွက်သွားကြသည် ဖြစ်သော်လည်း၊ လူအတွင်းရှိ ယိုယွင်းပျက်စီးသော စိတ်သဘောထားမှာ ဆက်လက် ရှိရစ်နေသောကြောင့် ဖြစ်သည်။ လူသည် သူ၏ ဖျားနာမှုမှ သက်သာ ပျောက်ကင်းပြီး သူ၏ အပြစ်များမှ ခွင့်လွှတ်ခြင်း ခံရသော်လည်း လူအတွင်းတွင် ရှိနေသည့် ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားများကို ဖယ်ရှားရန် အတွက် လုပ်ဆောင်မှုမှာ သူ့တွင် မလုပ်ဆောင်ရသေးဘဲ ရှိသည်။ လူသည် သူ၏ ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များအတွက် ခွင့်လွှတ်ခြင်း ခံရရုံသာ ရှိသော်လည်း လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို ဖယ်ရှားခြင်း မရှိသောကြောင့် သူ့အထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြင့် လူ၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း ယင်းမှာ လူသည် သူ့အတွင်းတွင် အပြစ်မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ လူ၏ အပြစ်များသည် အပြစ်ဖြေရာယဇ်မှ တစ်ဆင့် ခွင့်လွှတ်ခြင်း ခံရနိုင်သော်လည်း လူသည် သူ့အနေဖြင့် အပြစ်မရှိတော့ရန်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို အပြည့်အဝ ဖယ်ရှားပြီး ပြောင်းလဲပစ်ရန် ကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအလုပ်ကြောင့် လူ၏ အပြစ်များကို ခွင့်လွှတ်ခဲ့သော်လည်း လူသည် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အဟောင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။ သို့ဖြစ်ရာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို လုံးဝ စွန့်ပစ်ရန်နှင့် နောက်မည်သည့်အခါမှ ပြန်လည် မပေါ်ပေါက်စေရန် အတွက် ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားမှ လုံးဝ ကယ်တင်ခြင်း ခံရခြင်းခံရမည် ဖြစ်သည်၊ ထိုသို့အားဖြင့် လူ၏ စိတ်သဘောထားကို ပြောင်းလဲရန် အခွင့်ပြုရမည်။ ယင်းအတွက် လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်း၊ အသက်၏ လမ်းခရီးနှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လမ်းခရီးတို့ကို နားလည်ရန် လိုအပ်သည်။ လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲစေရန်နှင့် သူသည် အလင်း၏ တောက်ပမှုအောက်တွင် နေထိုင်နိုင်ရန်အတွက် လူသည် ယင်းလမ်းကြောင်းနှင့်အညီ လုပ်ဆောင်ရန်လည်း လိုအပ်ပြီး သူသည် ဘုရားသခင်၏ အလိုနှင့်အညီ အလုံးစုံသော အရာတို့ကို လုပ်ဆောင်နိုင်ရန်၊ ယိုယွင်း ပျက်စီးသော စာတန် စိတ်သဘောထားကို ဖယ်ရှားပစ်ရန်နှင့် စာတန်၏ မှောင်မိုက်သော လွှမ်းမိုးမှုမှ ချိုးဖောက် လွန်မြောက်ခြင်းတို့အားဖြင့် အပြစ်မှ အပြည့်အဝ လွတ်မြောက်လာမည်ဖြစ်သည်။ ထိုအခါမှသာလျှင် လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိမည်။ ယေရှုသည် သူ၏ အလုပ်ကို လုပ်ခဲ့သည့်အခါ လူ၏ သူ့အပေါ် သိနားလည်မှုသည် ဝေ၀ါးပြီး မရှင်းမလင်း ဖြစ်နေခဲ့သည်။ လူသားမှာ သူသည် ဒါဝိဒ်၏ သားတော်ဖြစ်ပြီး သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်နှင့် လူသား၏ အပြစ်များကို ရွေးနှုတ်ခဲ့သော သဘောကောင်းသည့် အရှင်သခင် ဖြစ်သည်ဟု အစဉ်အမြဲ ယုံကြည်ခဲ့သည်။ အချို့သည် ယုံကြည်ခြင်းအပေါ် အခြေခံလျက် သူ့ဝတ်ရုံ၏ ပန်းပွားကို ထိတွေ့ရုံဖြင့် ရောဂါဝေဒနာ ပျောက်ကင်းသည်၊ မျက်စိမမြင်သူ မြင်နိုင်ပြီး သေဆုံးသူပင် အသက်ပြန်ရှင်နိုင် သည်။ သို့ရာတွင် လူသည် သူ့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ယိုယွင်းပျက်စီးနေသည့် စာတန် စိတ်သဘောထားကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသကဲ့သို့ လူသားသည် ယင်းကို မည်သို့ ဖယ်ထုတ်ရမည်ကို မသိခဲ့ပေ။ လူသည် ကျေးဇူးတော် အများအပြားကို ရရှိခဲ့သည်၊ ဥပမာ - ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုများ၊ တစ်ဦး၏ ယုံကြည်ခြင်းအပေါ် မိသားစု တစ်ခုလုံး ကောင်းချီးမင်္ဂလာရရှိပြီး နာမကျန်းမှုများကို ပျောက်ကင်းစေသည် စသဖြင့် ဖြစ်သည်။ ကျန်သည့် အရာများမှာ လူ၏ ကောင်းမှုများဖြစ်ပြီး သူတို့၏ ဘုရား တရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ လူသည် ယင်းကို အခြေခံပြီး ရှင်သန်ပါက သူ့ကို ကောင်းသော ယုံကြည်သူအဖြစ် သတ်မှတ်ကြသည်။ ယင်းသို့သော ယုံကြည်သူများသာလျှင် သေဆုံးပြီးနောက် တွင် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည်။ ဆိုလိုသည်မှာ သူတို့ ကယ်တင်ခြင်းခံရသည်။ သို့ရာတွင် သူတို့ ဘဝတစ်သက်တာတွင် သူတို့သည် အသက်၏ လမ်းခရီးကို နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူတို့သည် အပြစ်များ ကိုသာ ကျူးလွန်ခဲ့ပြီးနောက်တွင် စိတ်သဘောထား ပြောင်းစေရန် မည်သည့် လမ်းကြောင်းမှ မရှိပဲ အပြစ် ဝန်ခံခြင်းကို အစဥ်တစိုက် စက်ဝန်းကဲ့သို့ ပြုလုပ်နေကြသည်။ ယင်းသည် ကျေးဇူးတော်ခေတ်တွင်ရှိသော လူ၏ အခြေအနေဖြစ်သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီလား။ မရပါ။ ထို့ကြောင့် ထိုအဆင့် ပြီးဆုံးပြီးပါက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်များ ကျန်ရှိနေသေးသည်။ ဤအဆင့်သည် လူကို စကားလုံးမှတစ်ဆင့် သန့်ရှင်းအောင် လုပ်ခြင်းဖြင့် လူကို လိုက်နာစေရန် လမ်းကြောင်းကို ပေးသည်။ အကယ်၍ နတ်ဆိုးများကို ဆက်လက် နှင်ထုတ်နေဆဲဖြစ်ပါက ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ် သို့မဟုတ် အဓိပ္ပာယ် ရှိမည် မဟုတ်။ အကြောင်းမှာ လူ၏ အပြစ်နှင့်ပြည့်သော သဘာဝသည် ဖယ်ရှားခံရခြင်း မရှိပဲ လူသည် အပြစ်များ ခွင့်လွှတ်ခြင်းတွင်သာ ရပ်တန့်နေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ အပြစ်ဖြေရာယဇ်မှ တစ်ဆင့် လူသည် သူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ အကြောင်းမှာ လက်ဝါးကပ်တိုင်တွင် အသေခံသော အလုပ်သည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ပြီး ဘုရားသခင်သည် စာတန်ကို အနိုင်ရခဲ့သည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် လူ၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် သူတို့အတွင်းတွင် ဆက်လက်ရှိနေပြီး လူသည် အပြစ်ကျရောက်နိုင်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်သေးသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရသေး ပေ။ သို့ဖြစ်ရာ ဤအဆင့်၏ အလုပ်တွင် ဘုရားသခင်သည် စကားလုံးကို အသုံးပြု၍ လူသား၏ ယိုယွင်း ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ပြီး လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ ကျင့်သုံးစေရန် တောင်းဆိုခြင်း ဖြစ်သည်။ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိပြီး ၃ရလဒ်များလည်း ပိုမိုသည်။ အကြောင်းမှာ ယခုတွင် လူ၏ အသက်တာကို တိုက်ရိုက် ပံ့ပိုးသည့်အရာနှင့် လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ဖြစ်လာစေရန် လုပ်နိုင်စွမ်းရှိသောအရာမှာ စကားလုံး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် သာ၍ နှံ့နှံ့ စပ်စပ်ရှိသော အလုပ်အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသော ကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီး ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေသည်။

ဘုရားသခင်၏ လူကို ကယ်တင်ခြင်းမှာ ဝိညာဉ်တော်မှ တစ်ဆင့် သို့မဟုတ် ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သည့် နည်းလမ်းမဟုတ်ပေ၊ အကြောင်းမှာ သူ၏ ဝိညာဉ်တော်ကို လူသားသည် ထိတွေ့ နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိဘဲ လူသားသည် ချည်းကပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူက လူသားကို ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ ကယ်တင်ခြင်းကို ရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်က ဖန်ဆင်းခံထားရသော လူသားတစ်၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင် ခဲ့ပါက သူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူ တစ်ဦးတစ်ယောက်မျှ ယေဟောဝါ၏ တိမ်တိုက် အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဥ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခြင်း၏ လူသားတစ်ဦး ဖြစ်လာခြင်း အားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော် များကို သူဖြစ်လာမည်ဖြစ်သော ဇာတိပကတိအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင် သူ့နောက် လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏ နှုတ်ကပတ်တော်ကို ကိုယ်တိုင် ကြားနိုင်မည်၊ သူ၏ နှုတ်ကပတ်တော်ကို မြင်နိင်မည်၊ သူ၏ နှုတ်ကပတ်တော်ကို လက်ခံနိုင်မည်ဖြစ်ပြီး ယင်းသို့မှ တစ်ဆင့် အပြည့်အဝ ကယ်တင်ခြင်းကို ရရှနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက ဇာတိပကတိဖြစ်သော မည်သည့် လူသားမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် လူသား တစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ် လုပ်ပါက လူသည် ပြင်းစွာရိုက်နှက်ခံရလိမ့်မည် သို့မဟုတ် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူသည် ဘုရားသခင်နှင့် ပေါင်းစပ်၍ မရသောကြောင့် ဖြစ်သည်။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် ယေရှု၏ ဇာတိပကတိမှ တစ်ဆင့် လူသားကို အပြစ်မှ ရွေးနှုတ်ရန် ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သော်လည်း ယိုယွင်းပျက်စီးနေသော စာတန် စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိ ယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကို လုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်းခံရသူတို့သည် သူတို့၏ အပြစ်များမှ လွတ်ပြီး အလုံးစုံ သန့်ရှင်းစေရန် ဖြစ်ကာ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက် ကာ ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လည် ရောက်ရှိရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် အလုံးစုံ သန့်ရှင်းစင်ကြယ်စေနိုင်သည်။ ဘုရားသခင်သည် ပညာတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက် ကျေးဇူးတော်ခေတ် တွင် ကယ်တင်ခြင်း လုပ်ငန်းကို စတင်ခဲ့သည်။ ယင်းသည် နောက်ဆုံးသော ကာလမတိုင်ခင်ထိ မဟုတ်ပဲ ဘုရားသခင်သည် လူသား၏ ပုန်ကန်မှုအတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေသည့်အခါ ဘုရားသခင်သည် သူ၏ ကယ်တင်ခြင်း လုပ်ငန်းကို အဆုံးသတ်ပြီး အနားယူခြင်းသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ် အဆင့် သုံးခုတွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူများကြားတွင် ကိုယ်တိုင် သူ၏ အလုပ်ကို ထမ်းဆောင်ခဲ့သည်။ ယင်းမှာ အလုပ် အဆင့်သုံးဆင့်တွင် တစ်ဆင့် တွင်သာလျှင် လူသားကို သူတို့ အသက်တာများ၌ လမ်းပြရန် ဖြစ်ပြီး ကျန်နှစ်ဆင့်၏ အလုပ်မှာ ကယ်တင်ခြင်း၏ အလုပ် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူနှင့် အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ခံစားမှုကို တွေ့ကြုံနိုင်ကာ ပုံမှန် ဇာတိပကတိထဲတွင် အသက်ရှင်နိုင်မည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် သူဖန်ဆင်းသော လူတို့ကို သူတို့လိုအပ်သည့် လက်တွေ့ကျသော နှုတ်ကပတ် တော်ကို ပေးနိုင်သည်။ လူသည် လူ့ဇာတိကို ယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိပြီး သူတို့၏ ကောင်းကင်ဘုံသို့ ဆုတောင်းခြင်းများအားဖြင့် တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ လူသည် ဇာတိ ပကတိဖြစ်သည့် အတွက် လူသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို မမြင်နိုင်ပဲ သူ့ကို ချည်းကပ်ရန်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ လူ၏ တွဲဖက်နိုင်မှု အလုံးစုံမှာ ဘုရားသခင်၏ ခံယူသော ဇာတိပကတိကိုသာဖြစ်သည်။ သူ့အားဖြင့် သာလျှင် လူသည် နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် လူ၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူကို အလုံးစုံ သန့်စင်စေရန် လုံလောက်သည်။ သို့ဖြစ်ရာ ဒုတိယ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်၏ ဇာတိပကတိတွင် ရှိသော အလုပ်အားလုံးကို အဆုံးသတ်စေရန် ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံ စေလိမ့်မည်။ ထို့နောက်တွင်မူ ဘုရားသခင်၏ ဇာတိပကတိထဲရှိ လုပ်ဆောင်မှုသည် အလုံးစုံ အဆုံးသတ်ခြင်းသို့ ရောက်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနောက်တွင် သူသည် သူ၏ အလုပ်အတွက် လူ့ဇာတိကို ထပ်မံခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏ စီမံခန့်ခွဲမှု တစ်ရပ်လုံးသည် အဆုံးသတ်ခြင်းသို့ ရောက်လာသည့် အတွက်ကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် သူ၏ လူ့ဇာတိခံယူခြင်းသည် သူ၏ရွေးချယ်ခံရသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရလိမ့်မည်။ သူသည် ကယ်တင်ခြင်း လုပ်ငန်းကို ဆက်လက် လုပ်ဆောင် တော့မည် မဟုတ်သကဲ့သို့ သူသည် မည်သည့် အလုပ်ကို လုပ်ဆောင်ရန်အတွက်မျှ ဇာတိပကတိကို ပြန်လာ လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ လုပ်ဆောင်ခြင်းထက် ပိုမို အစွမ်းထက်လိမ့်မည်ဖြစ်ပြီး နှုတ်ကပတ်တော်၏ အခွင့်အာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ကျော်လွန်သွားလိမ့်မည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးတွင်ရှိသော ယိုယွင်းပျက်စီးသည့် စိတ်သဘောထားအားလုံးကို ဖော်ထုတ်သည်။ သင်သည် သင်ကိုယ်တိုင်အားဖြင့် ထိုအရာများကို သိနားလည်နိုင်မည်မဟုတ်။ ယင်းတို့ကို နှုတ်ကပတ်တော်မှတစ်ဆင့် သင့်ကို ဖွင့်ဟလာသည့်အခါ သင်သည် အလိုအလျောက် သိနားလည်ခြင်းကို ရလိမ့်မည်။ ထိုအရာများကို သင်သည် ငြင်းပယ်နိုင်မည်မဟုတ်။ သင်သည် လုံးဝဥဿုံ လက်ခံလိမ့်မည်။ ဤကား နှုတ်ကပတ်တော်၏ အခွင့်အာဏာမဟုတ်ပါလား။ ယင်းသည် လက်ရှိ နှုတ်ကပတ်တော်၏ အလုပ်ကြောင့် ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏ အပြစ်များမှ အပြည့်အဝ ကယ်တင်ခြင်းကို အနာရောဂါများကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့ဖြင့် မခံရနိုင်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အကောင်အထည် ဖော်ခြင်းအားဖြင့်လည်း အပြည့်အဝ စုံလင်ခြင်းသို့ မရောက်နိုင်ပေ။ အနာရောဂါများ ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့သည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သော်လည်း လူသား၏ အသွေးအသားသည် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံနေရဆဲဖြစ်ပြီး လူအတွင်းတွင် စာတန်၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများ ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် သန့်ရှင်းခြင်း မခံရသေးမီတွင် အပြစ်နှင့် ညစ်ညူးမှုတို့၏ ပိုင်ဆိုင်ခြင်းကို ခံရဆဲဖြစ်သည်။ လူသားသည် နှုတ်ကပတ်တော်အားဖြင့် သန့်စင်ခြင်း ခံရသည့်အခါမှသာလျှင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို ခံရပြီး သန့်ရှင်းစင်ကြယ်လာသည်။ လူသားအတွင်းမှ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် သူသည် ရွေးနှုတ်ခြင်းခံရသည့်အခါ၊ ဆိုလိုသည်မှာ သူသည် စာတန်လက်ထဲမှ ပြန်လည်လုယူခြင်းခံရပြီး ဘုရားသခင်ထံသို့ တဖန်ပြန်လာခြင်းမျှသာဖြစ်သည်။ သို့ရာတွင် သူသည် ဘုရားသခင်အားဖြင့် သန့်ရှင်းစင်ကြယ်စေခြင်းနှင့် ပြောင်းလဲစေခြင်းက မရရှိသေးသဖြင့် သူသည် ယိုယွင်း ပျက်စီးနေဆဲ ဖြစ်သည်။ လူအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ဆက်လက် တည်ရှိ နေသည်၊ လူသည် ရွေးနှုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လည် ရောက်ရှိလာခြင်းသာ ဖြစ်ပြီး လူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိဉာဏ်မရှိပဲ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နေဆဲ ဖြစ်သည်။ လူသည် ရွေးနှုတ်ခြင်း မခံမီ စာတန်၏ အဆိပ် အများအပြားသည် သူအတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်။ စာတန်၏ ယိုယွင်းပျက်စီးခြင်း နှစ်ထောင်ချီပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်အား ခုခံဆန့်ကျင်သော သဘာဝ ရှိလာခဲ့ပြီး ဖြစ်လာသည်။ သို့ဖြစ်ရာ လူသားကို ရွေးနှုတ်သောအခါ ယင်းသည် ရွေးနှုတ်ခြင်းထက် ဘာမှ မပိုဘဲ လူကို အဖိုးအခကြီးစွာ ပေးဝယ်ရသော်လည်း သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့်သည့် သဘာဝသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ လူသည် ညစ်ညမ်းလွန်းသည်ဖြစ်ရာ ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်း ရှိရန် လိုအပ်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အလုပ်မှတစ်ဆင့် လူသားသည် သူ့အတွင်းတွင်ရှိသော ညစ်ညူးပြီး ပျက်စီးသော အရာများကို အပြည့်အဝ သိလာလိမ့်မည်ဖြစ်ပြီး သူသည် အလုံးစုံ ပြောင်းလဲလာကာ သန့်စင်ခြင်းသို့ ရောက်နိုင်လိမ့်မည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာက်သို့ ပြန်လည်ရောက်ရှိရန် ထိုက်တန်နိုင်ပေသည်။ ယနေ့မျက်မှောက်တွင် ပြီးစီးသော အလုပ်အားလုံးတို့ကြောင့် လူသားသည် သန့်ရှင်းပြီး ပြောင်းလဲမှုကို ရရှိနိုင်သည်၊ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သာမက စစ်ဆေးခြင်းတို့ကြောင့် လူသားသည် သူ၏ ပျက်စီးယိုယွင်းခြင်းကို ဖယ်ထုတ်နိုင်ပြီး သန့်ရှင်းခြင်းကို ရလိမ့်မည်။ ဤအဆင့်ရှိ အလုပ်ကို ကယ်တင်ခြင်းအလုပ်ဟု ထင်မည့်အစား သန့်ရှင်းစင်ကြယ်ခြင်း အလုပ်ဟု ပြောခြင်းက ပိုမိုသင့်တော်သည်။ အမှန်တကယ်အားဖြင့် ဤအဆင့်သည် သိမ်းပိုက်အောင်မြင်ခြင်း သာမက ကယ်တင်ခြင်း၏ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့် ဘုရားသခင်၏ ရယူခြင်းကို ခံရသည်။ နှုတ်ကပတ်တော်ကို အသုံးပြုလျက် စစ်ဆေးပဲ့ပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် မသန့်ရှင်း ခြင်း အားလုံး၊ အယူအဆများ၊ ဆန္ဒများနှင့် လူ၏ စိတ်နှလုံးအတွင်းရှိ တစ်ဦးချင်း မျှော်လင့်ချက်များသည် လုံးဝ ဖော်ထုတ်ခံရသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။ ဥပမာအားဖြင့် လူများသည် သူတို့သည် မောဘမှ ဆင်းသက်သူများဖြစ်ကြောင်း သိသည့်အခါ သူတို့သည် စောဒကတက်သည့် စကားလုံးများ ကို ပြောကြားကြသည်၊ အသက်ကို ရှာဖွေခြင်း မရှိတော့ပဲ အကြွင်းမဲ့ပင် တုံဏှိဘာဝေ ဖြစ်လာကြသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် အပြည့်အဝ ဆက်ကပ်အပ်နှံနိုင်စွမ်း မရှိဆဲ ဖြစ်နေသည်ကို ပြသမနေဘူးလား။ ယင်းမှာ ယိုယွင်းပျက်စီးသော စာတန် စိတ်သဘောထား အတိအကျပင် မဟုတ်ပါလား။ သင်သည် ပြစ်တင်ဆုံးမခြင်းကို မခံရသည့်အခါ သင်၏ လက်များသည် အခြားသူများထက် သာ၍ မြင့်အောင် မြှင့်ထားသည်၊ ယေရှုထက်ပင် မြင့်သေးသည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့် အော်သည်။ "ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အနီးဆုံးသူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ဆက်ကပ်အပ်နှံမည့်အစား အသေခံလိုပါသည်။ ဟောင်းနွမ်းနေသော စာတန်ကို တော်လှန်ကြ၊ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို သြဇာအာဏာမှ လုံးဝ ကျဆင်းအောင် လုပ်ကြစို့။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်"။ သင်၏ အော်ဟစ်မှုသည် အခြားသူများထက်ပိုမို ကျယ် လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမသည့် အချိန်ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားသည် ထုတ်ဖော်ခြင်းခံရသည်။ ထို့နောက် သူတို့၏ အော်ဟစ်မှုလည်း အဆုံးသတ်သွားခဲ့ပြီး သူတို့တွင် စိတ်ပိုင်းဖြတ်မှုလည်း မရှိတော့ပေ။ ယင်းမှာ လူ၏ ယိုယွင်းပျက်စီးမှု ဖြစ်သည်။ ယင်းသည် အပြစ်ထက်ပို၍ နက်ရှိုင်းသည်၊ စာတန်က စိုက်ထူထားခြင်းဖြစ်ပြီး လူအတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။ လူအတွက် သူ၏ အပြစ်များကို သတိပြုမိရန်မှာ မလွယ်ကူလှချေ။ လူသည် သူ့ကိုယ်တိုင်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော သဘာဝကို သတိမပြုနိုင်ပေ။ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအားဖြင့်သာ ယင်းသက်ရောက်မှုများ ရရှိနိုင်သည်။ သို့ဖြင့်သာလျှင် လူသည် ထိုအမှတ်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ လူသည် အတိတ်က ယင်းကို အော်ဟစ်ခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် လူသည် သူ၏ မူလ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း မရှိ သောကြောင့် ဖြစ်သည်။ ယင်းတို့မှာ လူ့အတွင်း၌ရှိသော မသန့်ရှင်းခြင်းများ ဖြစ်သည်။ ကာလရှည်ကြာသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တစ်လျှောက်လုံးတွင် လူသည် တင်းမာမှုရှိသော ပတ်ဝန်းကျင်တွင် နေထိုင် ခဲ့သည်။ ယင်းတို့အားလုံး နှုတ်ကပတ်တော်မှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်လော။ အစေခံသူများ၏ [က]စစ်ဆေးမှု မတိုင်မီတွင် သင်သည်လည်း အလွန်ကျယ်သော အသံဖြင့် မအော်ဟစ်ခဲ့ဘူးလား။ "နိုင်ငံတော်သို့ ဝင်ရောက် ကြလော့။ ဤနာမတော်ကို လက်ခံသူအားလုံးတို့သည် နိုင်ငံတော်သို့ ဝင်ရောက်ကြလိမ့်မည်။ အားလုံးသည် ဘုရားသခင်တွင် ပါဝင်ကြလိမ့်မည်။" အစေခံသူများ၏ စစ်ဆေးမှု ရောက်သောအခါ သင်သည် မအော်ဟစ်တော့။ ပထမတွင် အားလုံးသည် "ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သည့်နေရာ၌ပင် ထားထား၊ ကျွန်ုပ်သည် ကိုယ်တော် ပို့ဆောင်ရာသို့ ဆက်ကပ်ပါမည်" ဟု ဟစ်အော်ခဲ့ကြသည်။ "မည်သူသည် ငါ၏ ပေါလု ဖြစ်မည်နည်း" ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ လူက "ကျွန်ုပ် ဖြစ်လိုသည်"ဟု ပြောသည်။ ထို့နောက် သူသည် "သို့လျှင် ယောဘ၏ ယုံကြည်ခြင်းကား မည်သည်နည်း"ဟူသော နှုတ်ကပတ်တော်များကို တွေ့သည်။ ထို့ကြောင့် သူက "ကျွန်ုပ်သည် ယောဘ၏ ယုံကြည်ခြင်းကို ယူဆောင်လိုသည်။ ဘုရားသခင် ကျွန်ုပ်ကို စမ်းသပ်တော်မူပါ" ဟုပြောသည်။ အစေခံသူများ၏ စစ်ဆေးမှုလာသည့်အခါ သူသည် ချက်ချင်း လဲပြိုသွားပြီး နောက်တစ်ကြိမ် ပြန်ရပ်နိုင်ခြင်း မရှိသည့်နီးပါး ဖြစ်သည်။ ထို့နောက်တွင် လူ၏ စိတ်နှလုံးတွင်ရှိသော မသန့်ရှင်းမှု များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ ယင်းကို နှုတ်ကပတ်တော် မှတစ်ဆင့် ရရှိခဲ့သည် မဟုတ်လော။ ထို့ကြောင့် မျက်မှောက်တွင် သင်တို့ တွေ့ကြုံခဲ့ရသော အရာများမှာ နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်ပြီး ယင်းတို့သည် ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများ လုပ်ဆောင်မှုမှ တစ်ဆင့် ရရှိသော အရာများထက် ကြီးမားသည်။ ဘုရားသခင်၏ ဘုန်းနှင့် သင်တွေ့မြင်ရသော ဘုရားသခင် ကိုယ်တိုင်၏ အခွင့်အာဏာတို့သည် လက်ဝါးကပ်တိုင်တွင် အသေခံခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုး များကို နှင်ထုတ်ခြင်းတို့မှ တစ်ဆင့် မြင်တွေ့ရသည်သာ မဟုတ်ဘဲ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းမှ တစ်ဆင့်လည်း ပိုမိုရှိပေသည်။ ယင်းသည် နိမိတ်လက္ခဏာများ ပြသခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးတို့သာမက နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို ကိုယ်စားပြုပြီး သူ၏ အနန္တ တန်ခိုးတို့ကို ကိုယ်စားပြုကြောင်း သင့်ကို ပြသနေသည်။

ယခုမျက်မှောက်တွင် လူရရှိသော အရာဖြစ်သည့် လူ၏ ယနေ့ ဝိညာဥ်အသက်တာ၊ သူတို့၏ အသိဉာဏ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှု၊ နာခံမှု သာမက သူတို့၏ မြင်တွေ့မှု စသည်တို့သည် နှုတ်ကပတ်တော်အားဖြင့် တရား စီရင်ခြင်းမှတစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်သည်။ သင့်အနေဖြင့် သစ္စာရှိမှုကို ရနိုင်ခြင်း နှင့် ယနေ့ထက်တိုင် ရပ်တည် ကျန်ရှိခြင်းတို့သည် နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ ယခုအခါ လူသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်သည် အမှန်တကယ် အလွန်ထူးခြားသည်ကို မြင်သည်။ လူသား မရရှိနိုင်သောအရာ အများ အပြား ရှိသည်။ ယင်းတို့မှာ နက်နဲရာ အချက်များနှင့် အံ့သြဖွယ်ရာများ ဖြစ်သည်။ သို့ဖြစ်ရာ များစွာတို့သည် ဆက်ကပ်အပ်နှံ ခဲ့ကြပြီးဖြစ်သည်။ အချို့သော သူများသည် သူတို့ မွေးဖွားခြင်းများ၏ နေ့ရက်များကတည်းက မည်သည့်လူထံမှ ဆက်ကပ်အပ်နှံခြင်း မရှိခဲ့ဖူးသော်လည်း၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ မြင်သည့် အချိန်တွင်မူ သူတို့ထိုသို့ ပြုမူသည်ကို သတိမမူမိပဲ သူတို့သည် အပြည့်အဝ ဆက်ကပ်ကြသည်။ သူတို့သည် ယင်းကို လေ့လာဆန်းစစ်ရန် သော်လည်းကောင်း သို့မဟုတ် တစ်စုံတစ်ရာ ပြောရန် သော်လည်း ကောင်း မစွန့်စားကြပေ။ လူသားသည် နှုတ်ကပတ်တော်အောက်သို့ ကျရောက်လျက်ရှိပြီး နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအောက်တွင် ဝမ်းလျားမှောက်လျက်သား ရှိနေပါသည်။ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက် စကားပြောဆိုခဲ့မည် ဆိုလျှင် သူတို့ အလုံးစုံသည် အသံကို နာခံအပ်နှံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်မပါရှိပဲ လဲကျကြလိမ့်မည်။ ဒမာသက် မြို့သို့ ခရီးသွားခဲ့စဉ်က ရှင်ပေါလုသည် အလင်းရောင်ထဲတွင် မြေကြီးပေါ် လဲကျသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤလမ်းကြောင်းအတိုင်း အလုပ်ဆက်လုပ်မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ ကိုယ်တိုင် ယိုယွင်းပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ပဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏ နှုတ်ကပတ် တော်များကို အားလုံး၏ နားများ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်ခြင်းဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြ မည်။ ယင်းသည် သူ၏ နှုတ်ကပတ်တော်အားဖြင့် ရရှိသော ရလဒ်ဖြစ်ပြီး လူသားကို ဆက်ကပ်ရန် ဝိညာဉ်တော်က ခြိမ်းခြောက်ခြင်းကြောင့် ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှ တစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာ အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏ စိတ်သဘောထား ဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ကာ လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်လိမ့်မည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ သူသည် နှုတ်ကပတ်တော် အားဖြင့် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များ ရရှိစေသည့် နည်းလမ်းအားဖြင့် တရားစီရင်ခြင်းကို ပြောကြားပြီး လုပ်ဆောင်သည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာ၊ နှုတ်ကပတ်တော်၏ အလုပ်အားဖြင့် ရရှိသော ရလဒ်များနှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူခြင်းတို့ကို သိအောင် လုပ်ဆောင်ခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူသားအပေါ် တရားစီရင်ခြင်းမှတစ်ဆင့် သူသည် သူ၏ အခွင့်အာဏာကို ပြသခဲ့ သည်။ သူ၏ ဇာတိပကတိသည် သာမန်ဖြစ်သော ပုံမှန် လူ့သဘောသဘောဝ၏ ပြင်ပသဏ္ဌာန် ဖြစ်သော်လည်း၊ ယင်းမှာ သူသည် အခွင့်အာဏာနှင့် ပြည့်ဝကြောင်း လူသားကို ပြသည့်၊ သူကိုယ်တိုင်သည် ဘုရားသခင် ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တိုင်၏ ဖော်ပြချက်များ ဖြစ်သည် ဆိုခြင်းတို့ကို ပြသည့် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ ယင်းသည် လူအားလုံးအား သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း၊ လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းနှင့် သူ့ကို မည်သူမျှ မတိုက်ခိုက်နိုင်ကြောင်းကို ပြသသည်။ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရား စီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်ပဲ မည်သည့် အမှောင်အမိုက် အင်အားစုမျှ သူ၏ အခွင့်အာဏာကို မကျော်လွန်နိုင်။ သူသည် လူ့ဇာတိကိုခံယူသော နှုတ်ကပတ်တော် ဖြစ်သောကြောင့်၊ သူ၏အခွင့်အာဏာကြောင့်နှင့် နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝဥဿုံ ဆက်ကပ်ရသည်။ သူ ခံယူသော ဇာတိပကတိအားဖြင့် ယူဆောင်လာသော နှုတ်ကပတ်တော်သည် သူပိုင်ဆိုင်သော အခွင့်အာဏာ ဖြစ်သည်။ သူသည် လူ့ဇာတိကိုခံယူခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဇာတိပကတိသည်လည်း အခွင့် အာဏာကို ပိုင်ဆိုင်နိုင်သည်ဖြစ်ပြီး သူသည် လက်တွေ့ကျသော နည်းလမ်းအားဖြင့် လူသားအကြားတွင် အလုပ်များကို အကောင်အထည် ဖော်နိုင်စွမ်းရှိသည်။ ယင်းသည် လူအတွက် မြင်နိုင် ထိတွေ့နိုင်သည်။ ထိုသို့သော အလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်သော မည်သည့် အလုပ်ထက်မဆို ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ယင်းသည် ဘုရားသခင်ခံယူသော ဇာတိပကတိသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိပကတိ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမှ ဆုပ်ကိုင်ထားခြင်းမရှိပဲ လူက ချည်းကပ်နိုင် သောကြောင့်ဖြစ်သည်။ သူ၏ အချင်းအရာသည် အခွင့်အာဏာကို သယ်ဆောင်သော်လည်း သူ၏ အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ၏ အခွင့်အာဏာ တည်ရှိမှုကို မစမ်းသပ်နိုင်ပေ။ ယင်းသည် သူ၏ အမှန်တကယ် အလုပ်အတွက် ပိုကောင်းသော အခြေအနေကို ဖြစ်စေသည်။ ပြီးလျှင် ယင်းအလုပ်အားလုံးတို့သည် ရလဒ်များ ရရှိနိုင်သည်။ မည်သူကမျှ သူသည် အခွင့်အာဏာကို ဆုပ်ကိုင်ထားသည်ကို နားမလည်၊ သို့မဟုတ် သူကို တိုက်ခိုက်၍ မရနိုင်သည်ကို မမြင်နိုင်၊ သို့မဟုတ် သူ၏ အမျက်ဒေါသကို မမြင်နိုင်သော်လည်း သူ၏ ဖုံးကွယ်ထားသော အခွင့်အာဏာနှင့် အမျက် ဒေါသနှင့် လူအများရှေ့တွင် ဟောပြောချက်များမှ တစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ့အသံ၏ လေသံအနိမ့်အမြင့်၊ ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ အလုံးစုံမှ တစ်ဆင့် လူသည် လုံးဝဥဿုံ လက်သင့်ခံသည်။ ဤနည်း အားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆက်ကပ်ခြင်းအားဖြင့်၊ ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သည့် လူသားအား ကယ်တင်ခြင်းကို ရရှိသည်။ သူ့လူ့ဇာတိ ခံယူခြင်း၏ အခြား အရေးပါသော အချက်လည်း ရှိသေးသည်။ သာ၍ လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့ နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှု ရှိစေရန်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာကို သူတို့ မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သား များကို အပြည့်အဝ ကယ်တင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လူသည် ဇာတိ ပကတိ ဖန်ဆင်းခံဖြစ်ပြီး လူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး သဘာဝ အားဖြင့် ခြားနားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ ဇာတိပကတိနှင့် သဟဇာတဖြစ်မှု မရှိပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့် ဆက်ဆံရေးကိုမှ တည်ဆောက်၍ မရနိုင်ပေ။ ထို့ထက်သာမက လူသည် ဝိညာဉ် တစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ သတ္တဝါ များထဲမှ တစ်ခု ဖြစ်လာပြီး သူ၏ မူရင်း အလုပ်ကို လုပ်ရသည်။ ဘုရားသခင်သည် အမြင့်ဆုံး နေရာကို တက်ရောက်နိုင်သကဲ့သို့ သူကိုယ်တိုင် နှိမ့်ချခြင်းဖြင့် လူအကြားတွင် အလုပ်လုပ်ပြီး နေထိုင်၍ ဖန်ဆင်းခံ လူသား လည်း ဖြစ်လာနိုင်သည်၊ သို့သော်လည်း လူသည် အမြင့်ဆုံး နေရာသို့ မတက်နိုင်၊ ဝိညာဉ် မဖြစ်နိုင်ဘဲ သူသည် အနိမ့်ဆုံး နေရာသို့လည်း ဆင်းသက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ အလုပ်ကို ထမ်း ဆောင်နိုင်ရန် လူ့ဇာတိကို ခံယူရသည်။ ပထမ လူ့ဇာတိ ခံယူခြင်းကဲ့သို့ပင် ဘုရားသခင်၏ ဇာတိပကတိသာလျှင် သူ၏ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူကို ရွေးနှုတ်နိုင်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သည် လူအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် လူ့ဇာတိကိုသာ တိုက်ရိုက် ခံယူနိုင်ပြီး၊ လူသည် ဘုရားသခင်က သူတို့ အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ခံယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်မလာနိုင်ပေ။ သို့ဖြစ်ရာ လူသည် ကျဆုံးပြီးဖြစ်ပြီး ကောင်းကင်ဘုံသို့ တက်မလာနိုင်သည့်အတွက် အပြစ်ဖြေရာယဇ်ကို ရယူရန် မဖြစ်နိုင်ဘဲ လူသားအား ဤကယ်တင်ခြင်းကို ရယူရန် အတွက် ကောင်းကင်ဘုံသို့ တက်လာရန် ခွင့်ပြုမည့်အစား ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးအကြား အပြန်အလှန် သွားလာရသည်။ သို့ဖြစ်ရာ ယေရှုသည် လူများ အကြားသို့ လာကာ လူတို့ ရိုးရှင်းစွာပင် မရရှိနိုင်သော အလုပ်ကို သူကိုယ်တိုင် လုပ်ရန် မရှိမဖြစ် လိုအပ်လာသည်။ ဘုရားသခင်က လူ့ဇာတိခံယူသည့်အခါတိုင်း ထိုသို့လုပ်ရန် မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်နိုင်ခဲ့မည် ဆိုပါက သူသည် လူ့ဇာတိခံယူခြင်း၏ ဂုဏ်သိက္ခာမဲ့ခြင်းများကို ကြံ့ကြံ့ခံရန် လိုအပ်ခဲ့မည်မဟုတ်ပေ။

အလုပ်၏ ဤနောက်ဆုံး အဆင့်တွင် ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် ရယူသည်။ နှုတ်ကပတ် တော်အားဖြင့် လူသည် နက်နဲရာအချက် အများအပြားနှင့် အတိတ်ကာလ မျိုးဆက်များတစ်လျှောက် ဘုရားသခင် ၏ အလုပ်တို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ် အလင်းပေးခြင်းကို ခံရသည်၊ နှုတ်ကပတ်တော်အားဖြင့် လူသည် ယခင် မျိုးဆက်များတွင် မည်သည့်အခါမျှ မဖော်ထုတ်ရသေးသော နက်နဲရာအချက်များကို သာမက အတိတ်အချိန်များမှ ပရောဖက်များနှင့် တမန်တော်များ ၏ အလုပ်နှင့် သူတို့ အလုပ်လုပ်ခဲ့သော နိယာမများတို့ကို နားလည်လာသည်၊ နှုတ်ကပတ်တော်မှ တစ်ဆင့် လူသည် ဘုရားသခင် ကိုယ်တိုင်၏ စိတ်သဘောထားကို သာမက လူ၏ ပုန်ကန်မှုနှင့် ခုခံခြင်းတို့ကိုလည်း နားလည်လာပြီး သူတို့ ကိုယ်တိုင်၏ အချင်းအရာများကိုလည်း သိနားလည်လာသည်။ ယင်းအလုပ်အဆင့်များနှင့် ပြောကြားခဲ့သော နှုတ်ကပတ်တော်များ အားလုံးမှတစ်ဆင့် လူသည် ဝိညာဉ်တော်၏ အလုပ်၊ လူ့ဇာတိကို ခံယူသော ဘုရားသခင်၏ အလုပ်နှင့် ထို့ထက်မက သူ၏ စိတ်သဘောထား တစ်ခုလုံးကို သိလာသည်။ နှစ်ပေါင်း ခြောက်ထောင်ကျော်ကြာ ဘုရားသခင်၏ စီမံခန့်ခွဲမှုများအပေါ် သင်၏ သိနားလည်မှုသည် နှုတ်ကပတ်တော်မှ တစ်ဆင့် ရရှိသည်။ သင်၏ ယခင်က အယူအဆများအပေါ် သင်၏ သိနားလည်မှုနှင့် ယင်းတို့ကို ဘေးဖယ်ထားရန် အောင်မြင်မှုသည်လည်း နှုတ်ကပတ်တော်မှ တစ်ဆင့် ရသည်မဟုတ်ပါလား။ ယခင်အဆင့်တွင် ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာ အမှုများကို လုပ်ခဲ့သော်လည်း ယခုအဆင့်တွင် ယင်းကဲ့သို့ မဟုတ်တော့ပေ။ သူသည် အဘယ်ကြောင့် ထိုသို့ မလုပ်တော့သည်ကို သင်၏ နားလည်မှုသည်လည်း နှုတ်ကပတ်တော်မှသာလျှင် ရရှိသည် မဟုတ်ပါလား။ ထို့ကြောင့် ဤအဆင့်တွင် ပြောကြားသော နှုတ်ကပတ်တော်တို့သည် အတိတ် မျိုးဆက် များမှ တမန်တော်များနှင့် ပရောဖက်များ လုပ်သော အလုပ်ကို ကျော်လွန်သွားသည်။ ပရောဖက်များ၏ ပရောဖက်ပြုချက်များသည်ပင်လျှင် ယင်းသို့သော ရလဒ်များကို မရရှိနိုင်ခဲ့ပေ။ ပရောဖက်များသည် အနာဂတ် တွင် မည်သည့်အရာများ ဖြစ်မည်ဆိုသည့် ပရောဖက်ပြုချက်များကိုသာ ပြောခဲ့သော်လည်း ထိုအချိန်တွင် ဘုရားသခင်က မည်သည့်အရာ လုပ်ခဲ့မည်ကို မပြောခဲ့ပေ။ သူတို့သည် လူကို သူတို့အသက်တာတွင် ဦးဆောင်ရန်၊ လူအပေါ် သမ္မာတရားများပေးရန် သို့မဟုတ် လူအား နက်နဲရာများကို ဖော်ထုတ်ရန်နှင့် ထိုမျှပင်မဟုတ်ပဲ သူတို့သည် အသက်ကို ပေးရန် မပြောခဲ့ပေ။ ဤအဆင့်တွင် ပြောကြားခဲ့သော စကားလုံးများမှ ပရောဖက် ပြုချက်နှင့် သမ္မာတရားများ ဖြစ်သော်လည်း သူတို့အနေဖြင့် လူအပေါ်တွင် အသက်ကို ပေးရန် အစေခခံခဲ့ ကြသည်။ ယနေ့မျက်မှောက် စကားလုံးများမှာမူ ပရောဖက်များ၏ ပရောဖက်များ၏ ပရောဖက်ပြုချက်များနှင့် မတူပေ။ ဤအလုပ်အဆင့်သည် ပရောဖက်ပြုချက်များအတွက် မဟုတ်ဘဲ လူ၏ အသက်တာအတွက် ဖြစ်သည်၊ လူ၏ အသက်တာ စိတ်သဘောထား ပြောင်းလဲရန် ဖြစ်သည်။ ပထမအဆင့်မှာ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ရန်အတွက် လူအား လမ်းခင်းပေးသော ယေဟောဝါ၏ အလုပ်ဖြစ်သည်။ ယင်းမှာ အစအဦး အလုပ်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အလုပ်၏ အရင်းအမြစ်ကို ရှာဖွေရန် ဖြစ်သည်။ ထိုအချိန်တွင် ယေဟောဝါက ဣသရေလ လူမျိုးတို့ကို ဥပုသ်နေ့ကို စောင့်စေသည်၊ သူတို့၏ မိဘများကို နာခံပြီး အခြားသူများ နှင့် ငြိမ်းချမ်းစွာ နေစေရန် သင်ပေးသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က လူတို့သည် လူကို မည်သို့ ဖွဲ့စည်းထားသည် ဆိုသည်ကို လည်းကောင်း ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရမည် ဆိုသည်ကိုလည်းကောင်း နားမလည်ခကြပါ။ သူ့အနေဖြင့် အလုပ်၏ ပထမဆင့်တွင် လူများကို သူတို့အသက်တာများတွင် ဦးဆောင်ရန် လိုအပ်ခဲ့သည်။ ယေဟောဝါက သူတို့ကို ပြောကြားသည်တို့မှာ လူသားမျိုးနွယ်တို့အတွက် ယခင်က မသိရှိခဲ့သေးသလို သူတို့၏ ပိုင်ဆိုင်မှုတွင်လည်း မရှိခဲ့သေးပေ။ ထိုအချိန်တွင် ပရောဖက် အများအပြားသည် ပရောဖက်ပြုချက်များ ပြောကြားရန် လေ့ကျင့်သင်ကြား ကြီးပြင်းလာခဲ့ကြသည်။ ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အားလုံး ရှိခဲ့ကြသည်။ ယင်းသည် ရိုးရှင်းစွာပင် အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပထမဆင့်တွင် ဘုရားသခင်သည် လူ့ဇာတိမခံယူသောကြောင့် သူသည် လူမျိုးနွယ်စုနှင့် နိုင်ငံအားလုံးကို ပရောဖက်များမှ တစ်ဆင့် စကားပြော ခဲ့သည်။ ထိုအချိန်က ယေရှုသည် သူ၏ အလုပ်ကို လုပ်သောအခါ သူသည် ယနေ့ကာလလောက် စကားမပြော ခဲ့ချေ။ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏ ဤအလုပ်သည် ယခင်ခေတ်များနှင့် မျိုးဆက်များတွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဘူးသေးပေ။ ဟေရှာယ၊ ဒံယေလနှင့် ယောဟန်တို့သည် ပရောဖက်ပြုချက်များ အများအပြားကို လုပ်ခဲ့သော်လည်း ယင်းပရောဖက်ပြုချက်များသည် ယခုအခါ ပြောဆိုသော နှုတ်ကပတ်တော် များနှင့် လုံးဝ ခြားနားသည်။ သူတို့ ပြောကြားခဲ့သည်များမှာ ပရောဖက်ပြုချက်များသာ ဖြစ်သော်လည်း ယနေ့ နှုတ်ကပတ်တော်များမှာ ထိုသို့မဟုတ်ပေ။ ငါသည် ငါ၏ ယခု ပြောကြားချက်အားလုံးကို ပရောဖက်ပြုချက်များ အဖြစ် ပြောင်းလဲလိုက်ပါက သင်တို့ နားလည်နိုင်ပါမည်လား။ အကယ်၍ ငါပြောသော အရာသည် ငါမရှိတော့သည့်နောက် ကိစ္စရပ်များဖြစ်လျှင် သင်မည်သို့ နားလည်နိုင်မည်နည်း။ နှုတ်ကပတ် တော်၏ အလုပ်သည် ယေရှုအချိန်နှင့် ပညတ်တော်ကာလတို့တွင် မည်သည့်အခါမျှ မလုပ်ခဲ့ပေ။ အချို့လူများ ကတော့ "ယေဟောဝါက ကိုယ်တော်၏ အလုပ်လုပ်ချိန်တွင် စကားလုံးများကို မပြောဘူးလား၊ အနာရောဂါတို့ကို ပျောက်ကင်းစေခြင်း၊ နတ်များကို နှင်ထုတ်ခြင်းနှင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာအမှုများကို လုပ်သည့် အပြင် ယေရှုသည် ထိုအချိန်က နှုတ်ကပတ်တော်များကို မပြောဘူးလား" ဟု ပြောနိုင်ပေသည်။ နှုတ်ကပတ်တော် များကို မည်သို့ ပြောဆိုသည်ဆိုရာတွင် ခြားနားချက်များ ရှိသည်။ ယေဟောဝါ ပြောကြားခဲ့သော နှုတ်ကပတ် တော်များ၏ အချင်းအရာမှာ အဘယ်နည်း။ သူသည် လူသားတို့၏ အသက်တာများကို ကမ္ဘာမြေကြီးပေါ်တွင် ဦးဆောင်ခဲ့ရုံသာ ဖြစ်သည်။ အသက်တာရှိ ဝိညာဉ်ကိစ္စရပ်များ မပါဝင်ခဲ့ပေ။ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သည် နေရာအလုံးစုံသို့ ကြွေးကြော်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုသနည်း။ "ညွှန်ကြားသည်" ဆိုသည့်စကားလုံးသည် တိကျပြတ်သားစွာနှင့် တိုက်ရိုက်အမိန့်ပေးခြင်းကို ဆိုလိုပါသည်။ သူသည် လူကို အသက်မပေးခဲ့ပေ။ သူသည် လူကို လက်ဖြင့် ယူဆောင်ခဲ့ပြီး သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်ကိုသာ သင်ကြားပေးခဲ့သည်။ ယင်းတွင် ပုံပြင်များ မပါဝင်ခဲ့။ ယေဟောဝါ၏ ဣသရေလတွင် လုပ်ခဲ့သော အလုပ်သည် လူသားကို မည်သို့ကိုင်တွယ်မည် သို့မဟုတ် ပဲ့ပြင်ဆုံးမမည် သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပေးမည်တို့ မဟုတ်ပေ။ ယင်းမှာ ဦးဆောင်ရန် ဖြစ်သည်။ ယေဟောဝါက မောရှေကို သူ၏ လူမျိုးများကို တောထဲတွင် မန္နမုန့်ကို စုဆောင်းရန် ပြောသည်။ မနက်မိုးမလင်းမီ နံနက်တိုင်းတွင် သူတို့သည် မန္နမုန့်များကို စုကြသည်။ ထိုနေ့ စားသောက်ရန် လောက်ငှရုံသာဖြစ်သည်။ မန္နမုန့်များကို နောက်တစ်ရက်တိုင်အောင် သိမ်းဆည်းထား၍ မရနိုင်ပေ။ ယင်းတို့သည် ပုပ်သိုး ပျက်စီးကုန်ပေမည်။ သူသည် လူကို မသင်ပေးသကဲ့သို့ သူတို့၏ သဘာဝများကိုလည်း ထုတ်ဖော်ခြင်းမရှိပဲ သူသည် သူတို့၏ အယူအဆများနှင့် စဉ်းစားချက်များကို မဖော်ထုတ်ခဲ့ပေ။ သူသည် လူကို ပြုပြင်ခဲ့ခြင်း မဟုတ်ပဲ သူတို့၏ အသက်တာများကို ဦးဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုအချိန်က လူသည် ကလေးကဲ့သို့ ဖြစ်သည်၊ လူသည် ဘာကိုမျှ နားမလည်ဘဲ အခြေခံ ရုပ်ဝတ္ထုဆိုင်ရာ လှုပ်ရှားမှုများကိုသာ လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် လူတို့ကို ဦးဆောင်ရန် ဥပဒေများကိုသာ ပြဌာန်းခဲ့သည်။

သင်သည် မှန်ကန်သော စိတ်နှလုံးဖြင့် ရှာဖွေသူတို့ အားလုံး ယနေ့တွင် လုပ်သော အလုပ်၏ အသိပညာများကို ရရှိစေနိုင်ရန်နှင့် သေသေချာချာ လက်ခံနိုင်စေရန်အတွက် ဧဝံဂေလိတရားကို ပြန့်နှံ့စေရန်အလို့ငှာ၊ သင်သည် အတွင်းကျသည့် ဇာတ်လမ်း၊ အချင်းအရာနှင့် အဆင့်တစ်ခုချင်းအလိုက် လုပ်ဆောင်ခဲ့သော အလုပ်များကို ရှင်းရှင်းလင်းလင်း နားလည်ရမည်။ သင်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းအားဖြင့် သူတို့သည် ယေဟောဝါ၏ အလုပ်နှင့် ယေရှု၏ အလုပ်၊ ထို့ထက်ပို၍ ယနေ့ ဘုရားသခင်၏ အလုပ်အလုံးစုံ သာမက အလုပ်အဆင့် သုံးဆင့်အကြား ဆက်နွယ်မှုနှင့် ကွာခြားချက်များကို နားလည်လာခြင်းဖြင့် သူတို့ နားထောင်ပြီးသည့်အခါတွင် အဆင့်သုံးဆင့်တွင် မည်သည့်အဆင့်ကမျှ အခြားအဆင့်ကို နှောင့်ယှက်မှု မရှိ သည်ကို သူတို့မြင်လိမ့်မည်။ အမှန်တကယ်အားဖြင့် အလုံးစုံတို့ကို တူညီသော ဝိညာဉ်တော်က လုပ်ခဲ့ခြင်း ဖြစ်သည်။ မတူညီသည့် ခေတ်များတွင် မတူညီသည့် လုပ်ငန်းအကြောင်းအရာကို လုပ်ဆောင်ပြီး၊ မတူညီသည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနေကြသော်လည်း၊ သူတို့လုပ်ကိုင်သော အခြေခံ ဥပဒေသမှာ တစ်ခုတည်းဖြစ်ပြီး အတူတူဖြစ်သည်။ ယင်းတို့သည် လူအားလုံး နားလည်သင့်သည့် အကြီးမားဆုံးသော ရူပါရုံများ ဖြစ်သည်။



နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စုများ-



က။ မူရင်းစာတွင် "၏ စမ်းဆေးမှု" ဟူသော စကားရပ်မပါရှိပါ။

အကြံပြုစာမျာ: ဘာသာရေး စာအုပ်များ

No comments:

Post a Comment