菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

12/15/2018

ပုံမှန်ဝိညာဉ်အသက်တာနှင့် ပတ်သက်၍

ဘုရားသခင်, အသင်းတော်, ဆုတောင်, ခရစ်တော်၏ ပြောကြားချက်များ,

ယုံကြည်သူတစ်ဦးသည် ပုံမှန်ဝိညာဉ်အသက်တာ ရှိရမည်- ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တွေ့ကြုံရခြင်း၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အမှန်တရားသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ မျက်မှောက်တွင် ဆုတောင်းခြင်းများ အားလုံး၊ ဘုရားသခင်နှင့်နီးကပ်လာခြင်း၊ တေးသီချင်းသီဆိုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အလေးအနက် တွေးတောဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်အောင် ကြိုးစားခြင်းတို့ဖြင့် သင်တို့၏ အလေ့အကျင့်သည် ပုံမှန်ဝိညာဉ်အသက်တာ စံချိန်စံညွှန်းများကို ပြည့်မီနိုင်ပါသလား။ သင်တို့ထဲတွင် မည်သူမျှ ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းမှု မရှိကြပါ။ ပုံမှန် ဝိညာဉ်အသက်တာကို ဆုတောင်းပထ္ထနာ၊ ဓမ္မတေး၊ အသင်းတော်အသက်တာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ခြင်းနှင့် ထိုသို့သော အခြားအလေ့အထများသာဟု ကန့်သတ်မထားဘဲ၊ ယင်းသည် သစ်လွင်ပြီး ဖျတ်လတ်တက်ကြွနေသော ဝိညာဉ်အသက်တာတွင် နေထိုင်ရန် ဆိုလိုသည်။ ယင်းသည် နည်းလမ်းနှင့် မပတ်သက်ပါ။ သို့သော်လည်း ရလဒ်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိနိုင်ရန် တစ်ဦးတစ်ယောက်သည် ဆုတောင်းရမည်၊ ဓမ္မတေးသီချင်း သီဆိုရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်ရမည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်အောင်ကြိုးစားရမည်ဟု လူအများစုတို့က ထင်ကြသည်။ ရလဒ်တစုံတရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သို့မဟုတ် မှန်ကန်သည့် နားလည်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုပုဂ္ဂိုလ်တို့သည် အပြင်အပ လှုပ်ရှားမှုများမှတဆင့် သွားရန်သာ အာရုံစိုက်ကြပြီး ရလဒ်ကို အာရုံမစိုက်ကြချေ၊- ယင်းပုဂ္ဂိုလ်တို့မှာ ဘာသာရေး ဓလေ့ထုံးစံများအတွင်း နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်းတွင် နေထိုင်သူများ မဟုတ်ကြဘဲ၊ သူတို့သည် ဘုရားသခင်နိုင်ငံတော်သားများ ဖြစ်ရန် ပို၍ပင် လိုသေးသည်။ ဤသို့သော လူပုဂ္ဂိုလ်မျိုး၏ဆုတောင်းပထ္ထနာများ၊ ဓမ္မတေးများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သုံးဆောင်မှုတို့အားလုံးသည် စည်းမျဉ်းစည်းကမ်းများဖြင့် ချည်နှောင်ထားခြင်းခံရသည်၊ ထိုအရာများကို သူတို့ မလုပ်မနေရ လုပ်ကြရသည်၊ သူတို့သည် လမ်းကြောင်းများကို ထိန်းသိမ်းပြီး လုပ်ဆောင်ကြရသည်၊ ၎င်းတို့သည် စိတ်အားထက်သန်စွာ လုပ်ဆောင်ခြင်းမဟုတ် သို့မဟုတ် စိတ်နှလုံးအတွင်းမှ လုပ်ဆောင်ခြင်း မဟုတ်ကြချေ။ ယင်းလူပုဂ္ဂိုလ်တို့ မည်မျှပင် ဆုတောင်းသည်ဖြစ်စေ၊ ဓမ္မတေးသီဆိုသည်ဖြစ်စေ မည်သည့်ရလဒ်မျှ ထွက်ပေါ်လာမည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် သူတို့ လုပ်ဆောင်သမျှသည် ဘာသာရေး စည်းမျဉ်းစည်းကမ်းများနှင့် ဓလေ့ထုံးစံများသာဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်း မဟုတ်သောကြောင့်ဖြစ်သည်။ နည်းလမ်းအပေါ်သာ အာရုံစိုက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းရမည့် စည်းကမ်းကဲ့သို့ ဆောင်ယူပါက၊ ယင်းကဲ့သို့သော ပုဂ္ဂိုလ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်းမဟုတ်ဘဲ၊ သွေးသားအာရုံကို ဖြည့်ဆည်းခြင်းဖြစ်ပြီး၊ လုပ်ဆောင်သမျှအရာတို့သည် သူတပါးကို ပြသရန်သာ ဖြစ်ပေသည်။ ထိုကဲ့သို့သော ဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းစည်းကမ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပါ။ ဘုရားသခင်သည် စည်းကမ်းများကို ထိန်းသိမ်းခြင်းမရှိ၊ မည်သည့် ဥပဒေများများကိုမျှ လိုက်နာခြင်းလည်း မရှိ၊ သူသည် နေ့စဉ် အသစ်သောအရာများကို လုပ်ဆောင်ပြီး လက်တွေ့ကျသော အလုပ်များကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း စောင့်ကြည့်ခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အရာရာအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အခြား ထိုကဲ့သို့သော အလေ့အထများအတွင်း ကန့်သတ်ခံထားရသော Three-Self Church (သုံးမျိုး-ကိုယ်ပိုင် အသင်းတော်)မှ လူများကဲ့သို့ပင်၊ ထိုလူများ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့ မည်မျှလေ့ကျင့်သည်ဖြစ်စေ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းကို ရရှိမည်မဟုတ်ပေ။ အကယ်၍ လူတို့သည် စည်းကမ်းများအတွင်းတွင်နေပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့ကျင့်သုံးမှုထဲသို့ တဖြည်းဖြည်းရောက်ရှိသွားပါက သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နိုင်မည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် လူတို့၏စိတ်နှလုံးများတွင် စည်းမျဉ်းစည်းကမ်းများက နေရာယူထားကြသည်၊ လူ့စိတ်ကူးစိတ်သန်းများကို လက်ခံထားကြသည်။ သို့ဖြစ်ရာ ဘုရားသခင် အလုပ်လုပ်ရန် လမ်းမရှိပေ။ လူများသည် ဥပဒေ၏ ထိန်းချုပ်မှုအောက်တွင်သာ အစဉ်အမြဲ နေထိုင်လျက်ရှိနေမည်၊ ယင်းသို့သော လူပုဂ္ဂိုလ်မျိုးသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်ချေ။


ပုံမှန်ဝိညာဉ်အသက်တာသည် ဘုရားသခင် ရှေ့မှောက်တွင် နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိပြီး ဆုတောင်းခြင်းအားဖြင့် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုံးဆောင်လျှင်၊ ယခု မျက်မှောက်တွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်လိုသည်ကို ပိုမိုရှင်းလင်းပြီး မှန်ကန်စေလျက်၊ သူသည် ကျင့်သုံးမှု လမ်းကြောင်းသစ်ကို ရှေးရိုးမစွဲဘဲ ရရှိနိုင်ခြင်းဖြင့် သူ၏ ကျင့်သုံးသမျှအလုံးစုံတို့သည် အသက်တာတွင် တိုးတက်မှုရရှိစေမည့် ရည်ရွယ်ချက်အတွက် ဖြစ်ပေမည်။ ဥပမာအားဖြင့်- တစ်စုံတစ်ဦး၏ ဆုတောင်းခြင်းသည် လှပသော စကားလုံးအချို့ကို ပြောဆိုသည့် ရည်ရွယ်ချက်အတွက် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်တွင် သူ၏ အကြွေးကို အော်ဟစ်ကြေငြာရန် မဟုတ်ပေ၊ တကယ်တမ်းတွင် သူ၏ ဝိညာဉ်အလေ့အထကို လေ့ကျင့်ရန်ဖြစ်သည်၊ ဘုရားသခင်ရှေ့မှောက်တွင် သူ၏ စိတ်နှလုံးကို ငြိမ်သက်စေရန်ဖြစ်သည်၊ အရာရာ၌ လမ်းပြမှုကို ရှာဖွေခြင်းအား လေ့ကျင့်ရန်ဖြစ်သည်၊ မိမိ၏ စိတ်နှလုံးကို နေ့စဉ် အသစ်သောအလင်းဆီသို့ ဆွဲယူသွားသော စိတ်နှလုံးကို ပြဋ္ဌာန်းရန်ဖြစ်သည်၊ မလှုပ်မယှက် စောင့်စားခြင်း သို့မဟုတ် ပျင်းရိခြင်း မဖြစ်ရဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန် ဖြစ်ပေသည်။ မျက်မှောက်တွင် လူအများစုတို့သည် နည်းလမ်းများကိုသာ အာရုံစိုက်ကြပြီး အသက်တာ တိုးတက်မှု ရရှိစေသည့် အမှန်တရားကို ရှာဖွေသည့်နောက်သို့လိုက်ရန် ကြိုးစားမနေကြပေ။ ယင်းသည် လူများ၏ လွဲမှားရာနေရာပင် ဖြစ်သည်။ အချို့သောလူများသည် အသစ်သောအလင်းကို ရရှိနိုင်ကြသည့်တိုင်၊ သူတို့၏ နည်းလမ်းများကို ပြောင်းလဲခြင်း မပြုကြ၊ အတိတ်က ဘာသာရေး အယူအဆများကို ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရရှိစေရန် ထည့်သွင်းကြသည်၊ သူတို့ ရယူသည်မှာလည်း ဘာသာရေးအယူအဆများပါရှိသည့် အယူဝါဒများသာ ဖြစ်နေပြီးသူတို့သည် ယနေ့ သန့်စင်သည့် အလင်းတော်ကို ယူဆောင်နေခြင်း မရှိကြပေ။ သို့ဖြစ်ရာ သူတို့၏ အလေ့အကျင့်များသည် သန့်စင်ခြင်းမရှိ- သူတို့သည် လုပ်နေကျအလုပ်ကို အမည်သစ်နှင့် လုပ်နေခြင်းသာဖြစ်ရာ၊ သူတို့၏ အလေ့အကျင့်များ မည်မျှ ကောင်းမွန်သည်ဖြစ်စေ ယင်းတို့မှာ မရိုးသားဖြစ်နေမြဲပင်။ ဘုရားသခင်သည် လူတို့ကို နေ့စဉ် အသစ်သော အရာများကို လုပ်ဆောင်ရန် လမ်းညွှန်သည်၊ လူတို့ကို နေ့စဉ် အမြင်သစ်များနှင့် နားလည်မှု အသစ်များ ရရှိစေလိုပြီး၊ ပုံစံဟောင်း သို့မဟုတ် အမြဲတစ်ပုံစံတည်း မဖြစ်စေလိုပေ။ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ နည်းလမ်းများ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ သင်သည် စိတ်ခံစားမှုများနေပြီး အပြင်အပတွင်သာ အလုပ်ရှုပ်နေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ငြိမ်သက်သော စိတ်နှလုံးဖြင့် ခံစားရန် ကိုယ်တော်၏ ရှေ့မှောက်သို့ လာရောက်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုတော်အသစ်များကို ရရှိသည့်အခါ၊ သင်သည် အသစ်သော လုပ်ငန်းစဉ်ကို မဖော်ဆောင်ပါက၊ သင်သည် အသစ်သောလမ်းကို မကျင့်သုံးပါက၊ အသစ်သော နားလည်မှုကို မရှာဖွေဘဲ၊ ယင်းအစား အတိတ်က ဟောင်းသော အရာများကိုသာ ဆုပ်ကိုင်ထားပါက၊ သင်ကျင့်သုံးသော နည်းလမ်းကို ပြောင်းလဲခြင်းမပြုဘဲ အလင်းသစ်ကို အကန့်အသတ်ဖြင့်သာ ရရှိပါက၊ ထိုကဲ့သို့သော လူသည် ဤလမ်းကြောင်းအတွင်းတွင် ပုံမှန်ရှိနေသော်လည်း၊ အမှန်တကယ်အားဖြင့် ထိုသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပြင်ပတွင် ရှိနေလိမ့်မည်။

သင်သည် ပုံမှန်ဝိညာဉ်အသက်တာဖြင့်သာ နေထိုင်လိုပါက၊ သင်သည် အသစ်သောအလင်းကို နေ့စဉ်ရရှိရန် လိုအပ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မှန်ကန်စွာ နားလည်ရန် ရှာဖွေပြီး၊ အမှန်တရားကို ရှင်းလင်းပြတ်သားစွာ ရရှိရမည်။ အရာရာတိုင်းကို ကျင့်ကြံရန်အတွက် လမ်းကြောင်း တစ်ခုရှိရန် လိုအပ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ခြင်းအားဖြင့် သင်သည် မေးခွန်းအသစ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး သင်ကိုယ်တိုင်၏ အားနည်းချက်များကို သင်ရှာဖွေတွေ့ရှိလိမ့်မည်။ ဤသို့ဖြင့် ဆာငတ်သော ရှာဖွေလိုသော စိတ်နှလုံးကို ပြန်လည် ယူဆောင်လာပြီး၊ သင့်တစ်ကိုယ်လုံးကို စတင်သက်ဝင်လှုပ်ရှားစေကာ၊ သင်သည် အချိန်မရွေး ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာ နေနိုင်ပြီး၊ အနောက်တွင် ကျကျန်ခဲ့မည်ကို နက်နဲစွာပင် ကြောက်ရွံ့နေပါလိမ့်မည်။ လူတစ်ဦးတစ်ယောက်က ဤဆာငတ်သည့် စိတ်နှလုံး၊ ဤရှာဖွေသည့် စိတ်နှလုံးရှိပြီး၊ စဉ်ဆက်မပြတ် ဝင်ရောက်လိုသည့် ဆန္ဒရှိပါက၊ ထိုမှတစ်ဆင့် သူတို့သည် ဝိညာဉ်အသက်တာတစ်ခုအတွက် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆောင်ရွက်ခြင်းကို လက်ခံသောသူများ၊ တိုးတက်မှုကို ပြုလုပ်လိုသည့်ဆန္ဒ ရှိသောသူများ၊ ဘုရားသခင်၏ ပြည့်စုံစေခြင်းကို ရှာဖွေလိုသည့်ဆန္ဒ ရှိသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုနက်နဲစွာ နားလည်လိုသည့်ဆန္ဒ ရှိသောသူများ၊ ထို့နောက် သဘာဝလွန်များကို မရှာဖွေဘဲ လက်တွေ့ကျသည့် အဖိုးအခကို ပေးသောသူများ၊ ဘုရားသခင်၏ အလိုတော်ကို လက်တွေ့ကျသည့် တွေးတောဆင်ခြင်မှု ပြသသောသူများ၊ လက်တွေ့ကျစွာ ဝင်ရောက်လာကာ သူတို့၏ အတွေ့အကြုံများကို ပိုမိုမှန်ကန်စေပြီး ပိုမိုလက်တွေ့ကျစေသောသူများ၊ စကားလုံးများမရှိသည့် အယူဝါဒကို မရှာဖွေသောသူများနှင့် သဘာဝလွန်ခံစားမှုကိုလည်း မရှာဖွေဘဲ ကြီးမြတ်သည့် မည်သည့်လူသားကိုမျှ မကိုးကွယ်သော သူများအားလုံးတို့ - ဤသို့သောသူသည် ပုံမှန်ဝိညာဉ်အသက်တာသို့ ဝင်ရောက်လာပြီး၊ သူတို့ပြုသမျှ အလုံးစုံတို့သည် ဘဝအသက်တာတွင် ပိုမိုတိုးတက်မှုများကို ရရှိစေသည့် ရည်ရွယ်ချက်ဖြစ်သည်၊ သူတို့၏ ဝိညာဉ်ကို သစ်လွင်စေပြီး ရပ်တန့်မှုမရှိစေပါ၊ ထို့ပြင် သေချာခြင်းဆီသို့ အမြဲတန်း ဝင်ရောက်နိုင်ပေလိမ့်မည်။ ဥပမာအားဖြင့်၊ အစာမစားမီ ဆုတောင်းခြင်းက၊ မလုပ်မနေရ လုပ်ကြခြင်းမဟုတ်ပါ၊ ယင်းအစား ဘုရားသခင် ရှေ့မှောက်တွင် သူတို့၏စိတ်နှလုံးကို ငြိမ်သက်ခြင်းရှိစေသည်၊ သူတို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို ကျေးဇူးတင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ရန် ဆန္ဒရှိကြသည်၊ သူတို့၏အချိန်ကို ဘုရားသခင်၏ လက်တော်ထဲသို့ ထည့်သွင်းလိုပြီး၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကာ ဘုရားသခင်အတွက် ပွားများလိုကြသည်။ သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရရှိနိုင်ပါက၊ သူတို့သည် မစားသုံးဘဲ ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေကြမည်။ ယင်းကား စည်းမျဉ်းစည်းကမ်းများကို လိုက်နာနေခြင်းမဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်ကြံနေခြင်းဖြစ်သည်။ လူအချို့တို့သည် အစာမစားမီ ဆုတောင်းရာတွင်၊ သိစိတ်ကပင် ဟန်ဆောင်သရုပ်ပြနေပြီး၊ ဘာသာတရား အလွန်ကိုင်းရှိုင်းပုံ ပြနေသော်လည်း၊ သူတို့၏စိတ်ထဲတွင် “ဘာလို့ ဒီနည်းလမ်းကို ငါကျင့်ကြံဖို့ လိုအပ်နေလဲ၊ ဆုမတောင်းဘဲ အရာများက အဆင်မပြေသွားဘူးလား။ ဆုတောင်းပြီးတော့လည်း အခြေအနေက အတူတူဖြစ်နေတုန်းဘဲ၊ ဒါဆို ဘာလို့ စိတ်အနှောင့်အယှက်ခံလဲ။" ဟုတွေးတောနေသည်။ ထိုသို့သော လူမျိုးက စည်းမျဉ်းစည်းကမ်းများ၏ ချည်နှောင်ခြင်းကို ခံထားရသည်၊ သူတို့၏စကားလုံးများက ဘုရားသခင်အား ကျေနပ်မှုပေးရန် ဆန္ဒရှိသော်လည်း၊ သူတို့၏စိတ်နှလုံးက ဘုရားသခင်ရှေ့မှောက် မရောက်ရှိပါ။ သူတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်ခြင်းကို ကျင့်သုံးရန် ဤသို့ ဆုတောင်းခြင်းမဟုတ်ပါ၊ သို့သော်လည်း ဤသို့လုပ်ဆောင်ခြင်းသည် အခြားလူများကို အရူးလုပ်ရန်နှင့် အခြားသူများ မြင်စေရန်အတွက်သာ ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးက သူတော်ကောင်းယောင်ဆောင်သူသက်သက်တစ်ဦးသာ ဖြစ်သည်၊ ဘာသာရေးဆိုင်ရာ သင်းအုပ်ဆရာတစ်ဦးက အခြားသူများကိုသာ ဝင်ရောက်စေနိုင်သော်လည်း သူကိုယ်တိုင်က မဝင်ရောက်နိုင်သကဲ့သို့ဖြစ်သည်၊ ဤကဲ့သို့ လူမျိုးမှာ ဘာသာရေးဆိုင်ရာ အမှုတော်ဆောင် လုံးလုံးလျားလျား ဖြစ်လေသည်။ နေ့စဉ်နေ့တိုင်း ဘုရားသခင်က အသစ်သောအရာများကို ပြောသည်၊ အသစ်သောအရာများကို လုပ်ဆောင်သည်၊ သို့သော် သင်သည် စည်းမျဉ်းစည်းကမ်းများ၏ ချည်နှောင်ခြင်းကိုသာ ခံနေရသည်၊ ဘုရားသခင်ကို အရူးလုပ်ဖို့ ကြိုးစားသည်၊ ဘုရားသခင်နှင့် ဟန်ပြသာ ဆက်သွယ်သည်၊ ဤသို့ဆိုလျှင် သင်သည် ဘုရားသခင်ကို လွန်ဆန်နေသူတစ်ဦး မဟုတ်ပါလား။ စည်းမျဉ်းစည်းကမ်းများ၏ ချည်နှောင်ခြင်းကိုခံနေရပြီး ဘုရားသခင်ကို လွန်ဆန်နေပါက သင်သည် ကောင်းကြီးမင်္ဂလာများကို ရရှိနိုင်ပါသလား။ သင်သည် ဘုရားသခင်၏ အပြစ်ပေးဆုံးမခြင်းကို ခံရမည် မဟုတ်ဘူးလား။


ဘုရားသခင်၏ အမှုတော်များသည် လျင်မြန်စွာ တိုးတက်နေသည်၊ ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေး လိုက်စားသူများနှင့် အသင်းတော် ဝတ်ပြုစည်းဝေးပွဲကို အဝေးမှ လေ့လာနေသည့် နာမည်ကြီးပုဂ္ဂိုလ်များကို ပါဝင်စေပြီး အထူးသဖြင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် နှစ်သက်သော သင်တို့အထဲမှ ထိုကျွမ်းကျင်သူများကို အရပ်လေးမျက်နှာသို့ ပျံ့နှံ့စေသည်။ ဘုရားသခင်၏ လုပ်ငန်းဆောင်တာများက စောင့်ဆိုင်းခြင်းမရှိပါ၊ ၎င်းသည် မည်သည့်အရာအပေါ်ကိုမျှ မှီခိုအားထားခြင်းမရှိသည့်အပြင် အချိန်ဆွဲခြင်းလည်း မရှိပါ။ ၎င်းသည် မည်သူကိုမျှ ဆွဲထားခြင်း သို့မဟုတ် အတင်းဆွဲခေါ်ခြင်း မရှိပါ။ သင်နှစ်ပေါင်း မည်မျှပင် လိုက်လျှောက်ခဲ့ပါစေ၊ သင့်အနေဖြင့် မထိန်းသိမ်းထားနိုင်ပါက သင်သည် စွန့်ပစ်ခြင်းခံရမည်။ သင်သည် မည်မျှ အရည်အသွေးပြည့်ဝသည့် ဝါရင့်အမှုဆောင်ပင်ဖြစ်ပါစေ စည်းမျဉ်းစည်းကမ်းများကို ဆုပ်ကိုင်ထားပါက သင်သည် ဖယ်ရှားခြင်းခံရမည်။ ထိုသို့သော လူမျိုးကို ကိုယ်ပိုင်အသိဉာဏ်အချို့ရှိရန်၊ မိမိဘာသာ နောက်တန်းတွင်နေရာယူရန်၊ ဟောင်းနွမ်းသည့်အရာကို မကိုင်စွဲထားရန် ကျွန်ုပ်အကြံပေးသည်။ သင်၏လုပ်ဆောင်မှု နည်းဥပဒေသများအရ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်ကြံစေခြင်းသည် - သူများ၏ စိတ်နှလုံးများကို စည်းရုံးရန် ကြိုးစားခြင်းပင် မဟုတ်ပါလား။ သင်၏ကျင့်ကြံမှုသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြစ်ပြီး လူများအား အသင်းတော် ဝတ်ပြုစည်းဝေးပွဲသို့ သွားရန် သွန်သင်ခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲပင် လူများအား သင့်ဆန္ဒများအတိုင်း လုပ်ဆောင်စေသည်၊ သို့ဖြစ်ရာ ယင်းသည် ဂိုဏ်းဂဏများကို ဖြစ်ပေါ်စေခြင်း မဟုတ်ပါလား။ ယင်းသည် အသင်းတော်ကို အုပ်စုကွဲစေခြင်း မဟုတ်ပါလား။ သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ အလိုတော်ကို အလေးပေးသည်ဟု မည်သို့သော သတ္တိနှင့် ပြောနိုင်ပါသလဲ။ ယင်းသည် အခြားသူများကို ပြည့်စုံစေသည်ဟု ပြောရန် မည်သည်က သင့်ကို အခွင့်ပေးသနည်း။ ဤသို့သော နည်းလမ်းဖြင့် သင်ဆက်လက်ဦးဆောင်နေပါက၊ လူများအား ဘာသာရေး ဓလေ့ထုံးစံများဆီသို့ ဦးဆောင်နေခြင်း မဟုတ်ပါလား။ လူတစ်ဦးတစ်ယောက်သည် ပုံမှန် ဝိညာဉ်အသက်တာရှိလျှင်၊ သူတို့၏ စိတ်ဝိညာဉ်ထဲတွင် လွတ်လပ်မှုရှိပြီး လွတ်ငြိမ်းခြင်းများကို နေ့စဉ်ရရှိလျှင်၊ ဘုရားသခင်ကို ကျေနပ်စေနိုင်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လွတ်လပ်စွာ ကျင့်ကြံနိုင်မည်။ သူတို့ဆုတောင်းနေသည့် အချိန်၌ပင် သူတို့သည် လုပ်ရိုးလုပ်စဉ်အတိုင်း သွားနေခြင်း သို့မဟုတ် အစီအစဉ်တစ်ခုကို လိုက်လျှောက်နေခြင်းသာ မဟုတ်ဘဲ၊ သူတို့သည် အသစ်သောအလင်းရောင်ကို နေ့စဉ်နေ့တိုင်း ထိန်းသိမ်းထားနိုင်သည်။ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သူတို့၏စိတ်နှလုံး ငြိမ်သက်ခြင်းရရန် ကျင့်ကြံသည့်အချိန်တွင်၊ သူတို့၏စိတ်နှလုံးကို ဘုရားသခင်ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေပြီး၊ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို မနှောင့်ယှက်နိုင်ပါ၊ မည်သည့်လူ၊ မည်သည့်ဖြစ်ရပ် သို့မဟုတ် မည်သည့်အရာကမျှ သူတို့၏ ပုံမန်ဝိညာဉ်အသက်တာကို မထိန်းချုပ်နိုင်ပါ။ ဤကဲ့သို့သော ကျင့်ကြံမှုသည် ရလဒ်တစ်ခုကို ရရှိစေရန် ရည်ရွယ်ပြီး၊ လူများလိုက်နာစေရန် စည်းမျဉ်းစည်းကမ်းအချို့ကို ပေးခြင်းသက်သက် မဟုတ်ပါ။ ဤကဲ့သို့သောကျင့်ကြံမှုမှာ စည်းမျဉ်းစည်းကမ်းများ၏ လိုက်နာခြင်းမဟုတ်ဘဲ၊ လူများ၏ ဘဝအသက်တာ တိုးတက်မှုကို မြင့်မားစေသည်။ သင်သည် စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းထားသူတစ်ဦးသာ ဖြစ်ပါက၊ သင့်အသက်တာသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အခြားသူများက သင်ပြုသည့်အတိုင်း၊ ဤနည်းလမ်းကို ကျင့်သုံးကောင်း ကျင့်သုံးနိုင်မည်၊ အဆုံးမှာတော့၊ အခြားသူများသည် သန့်ရှင်းသောဝိညာဉ်တော် လုပ်ငန်း၏ ခြေလှမ်းကို ထိန်းသိမ်းထားနိုင်သည့် အချိန်တွင်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော် စီးဆင်းသည့်နေရာမှ ပယ်ရှားခြင်းကို ခံရမည်။ ဤသို့ဆိုလျှင် သင်သည် သင့်ကိုယ်သင် အရူးလုပ်နေခြင်း မဟုတ်ဘူးလား။ ဤစကားလုံးများ၏ ရည်ရွယ်ချက်သည် လူများ၏ စိတ်နှလုံးများကို ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိစေရန် ခွင်ပြုပြီး ဘုရားသခင်ဖက်သို့ လှည့်သွားနိုင်ရန်၊ ဘုရားသခင်၏ အမှုတော်ကို လူများဆီသို့ အတားအဆီးမရှိ ယူဆောင်သွားခြင်းကို ခွင့်ပြုရန်နှင့် ယင်းအတွက် ရလဒ်များကို ရရှိအောင်မြင်နိုင်ရန် ဖြစ်သည်။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အကြံပြုစာများဖတ်ရှုလေ့လာရန်:ဧဝံဂေလိ စာအုပ်

No comments:

Post a Comment