ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံ
ကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ ဆွေမျိုးများနောက် လိုက်ခဲ့သည်။ ဤဘရာဇီးလ်နိုင်ငံတွင် ဒေသနာ အချို့နားထောင်ဖို့ ကျွန်တော့်ကို ဘုရားကျောင်းသို့ ခေါ်ဆောင်ခဲ့သည့် ခရစ်ယာန် သူငယ်ချင်း တစ်ယောက်နှင့် သိကျွမ်းခဲ့သည်၊ သုံးခေါက် လည်ပတ်ပြီးသည့်နောက် ကျွန်တော် မည်သည့်အရာကိုမျှ မခံစားရ သေးပါ။ ထို့နောက်ပိုင်းတွင် ကျွန်တော် အမှန်တကယ် အလုပ်ရှုပ် ခဲ့သောကြောင့် ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘုရားကျောင်းသို့ နောက်တစ်ကြိမ် ခေါ်ဆောင်သည့်အချိန် ၂၀၁၅ ခုနှစ် ဇွန်လထဲက ရက်တစ်ရက်အထိ ဘုရားကျောင်းကို တစ်ဖန် ပြန်မသွားခဲ့ပါ။ ထိုအချိန်က ညီအစ်ကိုမောင်နှမများ ဝေမျှသည့်အရာမှ တစ်ဆင့် သခင်ယေရှုကို ရွေးနှုတ်ကယ်တင်သူတစ်ပါးအနေဖြင့် နားလည်သဘောပေါက်မှု တစ်ချို့ကို နောက်ဆုံးတွင် ကျွန်တော် ရရှိခဲ့သည်။ အထူးသဖြင့် ကမ္ဘာဦးကျမ်းကို ကျွန်တော် ပထမဆုံး ဖတ်ရသည့်အချိန်တွင်၊ လူကို ဘုရားသခင်က အမှန်တကယ် ဖန်ဆင်း တော်မူခဲ့ကြောင်း၊ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ ကြောင်းတို့ကို ကျွန်တော် နားလည်သဘောပေါက်ခဲ့ပြီး၊ ဖန်ဆင်းရှင် သည် အမှန်တကယ် အံ့သြဖွယ်ကောင်းသည်ဟု ကျွန်တော် ခံစားခဲ့ ရသည်။ ကျွန်တော် ကျောင်းတက်စဉ်က ဖတ်စာအုပ်များအားလုံးက လူသည် လူဝံ၊ မျောက် အစရှိသော အဆင့်မြင့်ဆုံးသည့် နို့တိုက် သတ္တဝါများမှ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာကြောင်းနှင့် ကမ္ဘာ ပေါ်ရှိ အရာအားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာကြောင်း တို့ကို ကျွန်တော့်အား သင်ကြားပေးခဲ့သည်- အမှန်မှာမူ ကျွန်တော် သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုပြီးနောက်မှသာလျှင် ကျွန်တော် အပြည့်အဝ နိုးထခဲ့ပြီး၊ ထိုအချိန်မှစကာ သခင်ယေရှုကို ကျွန်တော် စတင်ယုံကြည် ခဲ့သည်။