သင်သည် ဝိညာဉ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့သော အသေးစိတ် အချက်များကို နားလည်ထားသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူ၏အတွင်းတွင် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ စာတန်သည် လူ့အတွင်း တွင် မည်ကဲ့သို့ အလုပ်လုပ်ပါသနည်း။ ဤအမှု၏ ထင်ရှားပြသခြင်းများမှာ အဘယ်နည်း။ တစ်စုံတစ်ရာ သင့် အပေါ် ဖြစ်ပွားလာပါက ယင်းအရာသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာခြင်းလော၊ သင်သည် ထို အရာကို နာခံသင့်သလော၊ ငြင်းပယ်သင့်သလော။ လူတို့၏ အမှန် လက်တွေ့ကျင့်ဆောာင်မှုသည် လူသား၏ အလိုဆန္ဒကို သာ ထွက်ပေါ်စေပြီး ယင်းအရာသည် သန့်ရှင်းသော ဝိညာဥ်တော်ထံမှ လာသည်ဟု လူများမှ အမြဲပင် ယုံကြည် ကြသည်။ တစ်ချို့မှာ နတ်ဆိုးဝိညာဉ်များမှ လာသော်လည်း၊ လူများက ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်မှ အစပြုသည်ဟု ယခုတိုင် ထင်တတ်ကြ၏၊ တစ်ခါတစ်ရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အတွင်း တွင် လမ်းညွှန်မှုပေးသည့်တိုင် လူတို့မှာ ၎င်းလမ်းညွှန်ချက်က စာတန်ထံမှ လာခြင်းဟု ကြောက်တတ်ကြ၍ နာခံရန် မ၀ံ့ရဲကြပေ။ အမှန်တွင်တော့ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်နေ၏။ ဤသို့ဖြင့် ကွဲခြားခြင်းမရှိလျှင် ထိုကဲ့သို့သော အတွေ့အကြုံများ သင့်ထံ၌ အမှန် ဖြစ်ပျက်လာသော အခါ တွေ့ကြုံခံစားနိုင်ရန် နည်းလမ်းမရှိတော့ပေ၊ ကွဲခြားခြင်း မရှိလျှင် အသက်ရရန်လည်း နည်းလမ်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အမှုကို ပြုသနည်း။ နတ်ဆိုးဝိညာဉ်များက မည်ကဲ့သို့ အလုပ်လုပ် ကြသနည်း။ လူဆန္ဒမှ မည်သည့်အရာ လာတတ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုနှင့် ဉာဏ် အလင်းဖွင့်ပြခြင်းမှ မည်သည့်အရာ ထွက်ပေါ်လာသနည်း။ အကယ်၍ သင်သည် လူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပြသော အမှု၏ စည်းမျဥ်းများကို နားလည်လျှင် သင်၏ နေ့စဥ် အသက်တာထဲနှင့် သင်၏ အမှန် တကယ် အတွေ့အကြုံများ အတောအတွင်း သင်၏ အသိပညာနှင့် ကွဲခြားမှုကို သင်သည် ကြီးထွားအောင် လုပ်ဆောင် နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိရှိလာကာ၊ စာတန်ကို နားလည် နိုင်လာလိမ့်မည်၊ သင်၏ လိုက်ခြင်း သို့မဟုတ် နာခံမှု၌ သင်သည် စိတ်ရှုပ်ထွေးမှု လိမ့်မည်မဟုတ်၊ သင်သည် အတွေးများ ရှင်းလင်းသောသူ ဖြစ်လာပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို နာခံသောသူလည်း ဖြစ်လာပေမည်။
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ရှေးဦးလမ်းညွှန်ခြင်းနှင့် အပြုသဘော ဉာဏ်အလင်း ဖွင့်ပြခြင်း ပုံစံဖြစ်သည်။ ယင်းသည် လူတို့ကို အပြုခံရသောဖက်သို့ ရောက်စေရန် ခွင့်မပြုပေ။ လူတို့ကို စိတ်သက်သာရာ ရစေကာ ယုံကြည်မှုနှင့် ခိုင်မာသော ရည်ရွယ်ချက်ကို ပေးလျက် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံလင်စေရန် ပြုခြင်းကို မီအောင်လိုက်ရန် သူတို့အား တတ်နိုင်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်သော အခါ၊ လူတို့သည် တက်တက်ကြွကြွဖြင့် ၀င်ရောက်လာနိုင်သည်၊ အတင်းအကျပ် ပြုခံရခြင်း သို့မဟုတ် လှုပ်ရှားမှု မရှိခြင်း မဟုတ်ပဲ၊ အစပြု လုပ်ဆောင်လာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်သောအခါ လူတို့သည် ၀မ်းမြောက်၍ လိုလိုလားလား ရှိလာကြသည်။ သူတို့သည် နာခံရန် လိုလားလာ၍ ကိုယ့်ကိုယ်ကို လည်း ၀မ်းမြောက်စွာ နှိမ့်ချတတ်လာ၏။ သူတို့သည် အတွင်း၌ နာကျင်၍ ကြေကွဲလွယ်သော်လည်း အတူတကွ လုပ်ဆောင်ရန် ခိုင်မာသော ရည်ရွယ်ချက်ကိုထားပြီး၊ ဝမ်းမြောက်စွာပင် ဝေဒနာကို ခံတတ်လာသည်၊ သူတို့သည် နာခံလာနိုင်၍၊ သူတို့သည် လူ့အလိုအားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ လူ့အတွေးအခေါ် အားဖြင့် စွန်းထင်းခံရခြင်း မရှိ၊ အမှန်ပင် လူ့ဆန္ဒများနှင့် လှုံဆော်တိုက်တွန်းမှုများ၏ စွန်းထင်းခံရခြင်းလည်း မရှိပေ။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တွေ့ကြုံရသောအခါ အထူးသဖြင့် သူတို့အတွင်း၌ သန့်ရှင်းမှု ရှိလာကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ရသော သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ သူတို့၏ ညီအစ်ကို မောင်နှမများ၏ ချစ်ခြင်းမေတ္တာနှင့် ရှင်သန်ကြ၏၊ ဘုရားသခင် ကျေနပ် အားရသော အရာများ၌ ကျေနပ်ကြ၏။ ဘုရားသခင် ရွံရှာသော အရာများကိုလည်း ရွံရှာ၏။ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ ထိတွေ့ခြင်းကို ခံရသောလူတို့သည် ပုံမှန် လူ့သဘောသဘာဝကို ရှိကြ၏။ ပြီးလျှင် သူတို့သည် လူ့သဘောသဘာဝကို ပိုင်ဆိုင်ကြပြီးနောက် သမ္မာတရားကိုလည်း တသမတ်တည်း မီအောင် လိုက် ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အတွင်း၊ အလုပ်လုပ်သောအခါ သူတို့၏ အခြေအနေများသည် သာ၍၊ သာ၍ ကောင်းလာကြပြီးလျှင် သူတို့၏ လူ့သဘောသဘာ၀သည် ပို၍၊ သာ၍ ပုံမှန်ဖြစ်လာကြ၏။ သို့သော် သူတို့၏ အတူတကွ လုပ်ဆောင်မှုအချို့သည် မိုက်မဲကောင်း မိုက်မဲနိုင်သော်လည်း သူတို့၏ စိတ်အား ထက်သန်မှု သည် မှန်လျက်ရှိနေကြ၏။ သူတို့၏ ၀င်ရောက်မှုသည် အပြုသဘောဆောင်၏။ သူတို့သည် ကြား၀င် နှောင့်ယှက် ခြင်း မပြုကြပေ။ သူတစ်ပါးအပေါ် မကောင်းကြံမှုလည်း သူတို့တစ်တွေ၌ ကင်းရှင်းပေ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ပုံမှန်ဖြစ်၍ စစ်မှန်သည်။ ပုံမှန် လူသားဘ၀၏ စည်းမျဥ်းများအတိုင်းပင် သန့်ရှင်းသော ဝိညာဥ်တော်သည် လူ့အတွင်း၌ အလုပ်လုပ်သည်။ သူသည် လူတို့အထဲတွင် ဉာဏ်အလင်းပေးလျက် လမ်းပြ လျက်ရှိသည်မှာ ပုံမှန်လူသားများ၏ အမှန်လိုက်ခြင်းနှင့် အညီဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ အထဲတွင် အလုပ်လုပ်သောအခါ သူသည် ပုံမှန်လူသားတို့၏ လိုအပ်ချက်နှင့်အညီ လမ်းညွှန်ခြင်းနှင့် ဉာဏ်အလင်း ပေးခြင်းတို့ကို ပြု၏။ သူသည် သူတို့၏ လိုအပ်ချက်များကို အခြေခံ၍ ထောက်ပံ့ပေး၏။ သူသည် သူတို့အား သူတို့၏ လိုအပ်ချက်နှင့် ချို့တဲ့မှုများအပေါ် အပြုသဘောဖြင့် ဉာဏ်အလင်းပေးလျက် လမ်းပြ၏။ သန့်ရှင်းသော ဝိညာဉ်တော်မှ အမှုပြုသောအခါ၊ ဤအမှုသည် ပုံမှန်လူသားဘ၀၏ စည်းမျဥ်းများနှင့် ညီညွတ်သော အရာပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို လူသားတို့သည် လက်တွေ့ အသက်တာထဲ၌သာ သိမြင်နိုင် ကြပါသည်။ သူတို့၏ နေ့စဥ်ဘ၀ထဲတွင် အကယ်၍ လူတို့သည် အပြုဆောင်သော အခြေအနေနှင့် မူမှန်သော ဝိညာဉ်ရေးရာ အသက်တာရှိနေလျှင် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပိုင်ဆိုင်ကြ သည်ဖြစ်၏။ ထိုအခြေအနေတွင် သူတို့သည် ယုံကြည်ခြင်း ရှိသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးကြသည့်အခါ၊ ဝိညာဉ်တော်က လှုံဆော်ခံရသည့်အတိုင်း ဆုတောင်းကြသောအခါ၊ တစ်စုံတစ်ရာ ဖြစ်ပျက်လာသောအခါ သူတို့သည် မလှုပ်မယှက် မနေကြတော့၊ ယင်းအရာ သူတို့၌ ဖြစ်ပျက်နေသည်နှင့် သူတို့သည် ဘုရားသခင်မှ သူတို့ကို သင်ယူစေလိုသော သင်ခန်းစာများကို မြင်တွေ့လာနိုင်ကြ၏။ သူတို့သည် မလှုပ်မယှက် နေသောသူများ၊ သို့မဟုတ် အားနည်းသောသူများမဟုတ်၊ သူတို့၌ စစ်မှန်သော ခက်ခဲမှုများ ရှိကြသော်လည်း ဘုရားသခင်၏ စီစဥ်ပေးမှု အားလုံးကို လိုက်နာရန် ဆန္ဒရှိကြပါသည်။
သန့်ရှင်းသော ဝိညာဥ်တော်၏ အမှုအားဖြင့် မည်သည့် အကျိုးသက်ရောက်မှုများ ရရှိနိုင်ပါသနည်း။ သင်၏ အတွင်းတွင် ကွဲခြားခြင်း မရှိ၍ မိုက်မဲသောသူ ဖြစ်နိုင်ပါသည်။ သို့သော် သင့်အတွင်းတွင် ယုံကြည်မှု ရှိလာရန်၊ ဘုရားသခင်ကို သင်က လုံလောက်အောင် မချစ်နိုင်ဆိုသည့် ခံစားချက် သင်၌ အစဥ်အမြဲရှိရန်၊ သင်၌ ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိရန်၊ အရှေ့၌ရှိသော အခက်အခဲများသည် မည်မျှပင် ကြီးမားစေကာမူ ပူးပေါင်း ဆောင်ရွက်မှု ရှိရန် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဖို့ ရှိနေပါသည်။ အကြောင်းကိစ္စတို့သည် ဘုရားသခင်မှ သို့မဟုတ် စာတန်ထံမှ လာသလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသော အရာများသည် သင်၌ ဖြစ်ပျက်လာလိမ့်မည်။ သို့သော် သင်သည် စောင့်ဆိုင်းနိုင်ပါလိမ့်မည်။ သင်သည် မလှုပ်မယှက် ရှိနေခြင်း သို့မဟုတ် တာ၀န်ပျက်ကွက်ခြင်း ဖြစ်လိမ့်မည်မဟုတ်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန် လုပ်ဆောင်မှု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အထဲတွင် အလုပ်လုပ်နေသောအခါ လူတို့သည် ခက်ခဲမှုများကို ကြုံတွေ့နေကြရသဖြင့် တစ်ခါတစ်ရံ သူတို့ ငိုကြွေးကြရပြီး၊ တစ်ခါတစ်ရံ သူတို့ မကျော်လွှားနိုင်သော ကိစ္စရပ် များနှင့်လည်း ကြုံတွေ့ရတတ်သည်။ သို့သော် ဤအရာအားလုံးမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အဆင့်တစ်ဆင့်ပင် ဖြစ်၏။ သူတို့သည် ထိုကိစ္စများကို မအောင်မြင်သော်လည်း၊ အားနည်းခြင်း၊ ငြီးတွားခြင်းများ ရှိနေသော်ငြားလည်း ယင်းနောက်တွင် သူတို့သည် အကြွင်းမဲ့သော ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ကြဆဲ ရှိနေကြ၏။ သူတို့၏ မလှုပ်မယှက် ဖြစ်ခြင်းသည် သူတို့ရနေသည့် ပုံမှန်အတွေ့အကြုံများကို မဟန့်တားနိုင်ပေ။ အခြားသူများ မည်သို့ပင်ပြောပြော၊ မည်သို့ပင် တိုက်ခိုက်ခိုက် သူတို့သည် ဘုရားသခင်ကို ချစ်နိုင်ဆဲရှိကြ၏။ ဆုတောင်းနေစဥ်အတွင်းတွင် သူတို့၏စိတ်ထဲတွင် ဘုရားသခင်၌ အကြွေးများစွာ တင်နေသကဲ့သို့ အမြဲပင် ခံစားကြရ၏။ နောက်ပြီး ဘုရားသခင် ကျေနပ်စေရန် သူတို့သည် သစ္စာဓိဋ္ဌာန်ချကာ ယင်းအရာများကို ထပ်မံ ကြုံရချိန်တွင် ဇာတိပကတိကို ငြင်းပယ်ကြတော့၏။ ထိုအင်အားသည် သူတို့အတွင်း၌ ရှိနေသော သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖေါ်ပြနေပါသည်။ ယင်းသည်ကား သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံမှန် လှုပ်ဆောင်မှု အခြေအနေပင် ဖြစ်၏။
စာတန်၏ထံမှ မည်သည့်အမှုများ ရောက်လာသနည်း။ စာတန်ထံမှလာသော အမှုထဲ၌ လူတို့၏အမြင် တို့၌ သဲသဲကွဲကွဲ မရှိခြင်းနှင့်၊ စိတ္တဇဆန်ခြင်းတို့ကို ဖြစ်စေကာ ပုံမှန် လူ့သဘောသဘာ၀ မရှိပဲ ဖြစ်ကြရ၏။ သူတို့၏ အပြုအမူနောက်ကွယ်ရှိ စေ့ဆော်မှုမှာ မှားယွင်း၏။ သူတို့ထံတွင် ဘုရားသခင်ကို ချစ်လိုသောစိတ် ရှိနေသော်လည်း သူတို့စိတ်ထဲတွင် စွပ်စွဲပြစ်တင်လိုမှုက အမြဲရှိနေ၏။ ထိုပြစ်တင်တတ်မှုနှင့် ရှိနေသော အတွေး တို့သည် သူတို့အား အစဥ်ကြား၀င်၍ အနှောင့်အယှက် ပေးလေ့ရှိပြီး သူတို့၏ ဘ၀တိုးတက်မှုကို အဓမ္မ ချုပ်ချယ် နေရုံမျှမက ဘုရားသခင်ရှေ့၌ ပုံမှန်အခြေအနေမျိုး ရောက်ရှိရန် ပိတ်ပင်ခံနေကြရ၏။ ယင်းကိုပြောရလျှင်၊ လူတို့၏အထဲတွင် စာတန်၏အမှုက ရှိနေသည်နှင့်ချက်ချင်း ဘုရားသခင်၏ရှေ့တွင် သူတို့၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်း မရှိနိုင်တော့ပဲ ကိုယ့်ကိုယ်ကို မည်သို့ ပြုရမည်ကိုလည်းမသိ၊ လူအစုအ၀ေးမှလည်း အ၀ေးသို့ ထွက်ပြေးချင်တတ်၏။ အခြားသူများ ဆုတောင်းစဥ် သူတို့၏ မျက်စေ့များကို ပိတ်ထားရန် မတတ်နိုင်ပဲ ရှိကြ၏။ နတ်ဆိုးဝိညာဉ်များ၏ အမှုသည် လူနှင့် ဘုရားသခင်ကြား၌ ရှိနေသော ပုံမှန်ဆက်ဆံမှုကို အကြီးအကျယ် ထိခိုက် ပျက်စီးစေ၏။ သူတို့၏ ရှိနှင့်ပြီးသော ရူပါရုံများနှင့် လျှောက်လှမ်းခဲ့သော ဘ၀လမ်းကြောင်းကိုလည်း စိတ်ပျက် စေလေ၏။ သူတို့၏ စိတ်နှလုံးများတွင် သူတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ နီးနိုင်ခြင်းမရှိ။ အကြောင်း ကိစ္စတို့သည် အစဥ် သူတို့အပေါ် နှောင့်ယှက်မှုနှင့် သံခြေကျင်းခတ်သလို ဖြစ်နေစေ၏။ သူတို့၏ နှလုံးသားများ သည်လည်း ငြိမ်သက်အေးချမ်းမှုကို ရှာမတွေ့နိုင်ပဲ သူတို့၏ ဘုရားသခင်ကို ချစ်နိုင်မှုမှာ အင်အားမရှိတော့ပဲ ကျန်ခဲ့ရကာ သူတို့၏ စိတ်ဝိညာဉ်တို့လည်း နစ်မွမ်းလျက် ရှိကြ၏။ ယင်းတို့သည် စာတန် အမှုများ၏ အသွင် အပြင်များ ဖြစ်ကြ၏။ စာတန်၏အမှုက ဆက်လက်တင်ပြမည့်အတိုင်း ထင်ရှား၏။ သင့်ကို တည်ငြိမ်မှု ကင်းစေ ခြင်းနှင့် သက်သေအဖြစ် ရပ်တည်ရန် မတတ်နိုင်ခြင်း၊ ဘုရားသခင်၏ရှေ့တွင် သင်သည် မှားယွင်းသောသူနှင့် ဘုရားသခင်အပေါ် သစ္စာမရှိသောသူ ဖြစ်လာစေခြင်းတို့ ဖြစ်သည်။ စာတန်၏ ကြား၀င် နှောင့်ယှက်မှု၌ ဘုရားသခင်ကို ချစ်ခြင်းနှင့် သစ္စာရှိခြင်းတို့သည် သင့်အတွင်း၌ ပျောက်ဆုံးရ၏။ ဘုရားသခင်နှင့် ရှိနေသော ပုံမှန်ဆက်ဆံရေးကို ဖယ်ရှားပစ်၏။ သင့်၏တိုးတက်မှု သို့မဟုတ် သမ္မာတရား နောက်သို့လည်း မီအောင် မလိုက်နိုင်တော့ပဲ သင်သည် ဆုတ်ယုတ်လာကာ မလှုပ်မယှက် ဖြစ်လာ၏။ သင်သည် ကိုယ့်ကိုယ်ကို အလိုလိုက် ၍ အပြစ်တရား ပြန့်ပွားစေရန် အထိန်းအကွပ်ကြိုးများကို ဖြည်လိုက်၏။ အပြစ်ကို မုန်းခြင်းလည်းမရှိ၊ ထို့အပြင် စာတန်၏ ကြား၀င် နှောင့်ယှက်မှုသည် သင့်ကို မရိုးမသား ဖြစ်စေ၏။ ယင်းသည် သင့်အတွင်း၌ ဘုရားသခင်၏ လက်ပါရှိမှုကို ပျောက်ကွယ်စေ၏။ ပြီးလျှင် သင့်အား ဘုရားသခင်ကို စောဒကတက်စေပြီး ဆန့်ကျင်မှုကို ပြုစေကာ၊ ဘုရားသခင်အပေါ် မေးခွန်းထုတ်ရန် ဦးတည်သွားစေသည်၊ သင်၌ ဘုရားသခင်ကို စွန့်ပစ်မည့် အန္တရာယ်ပင် ရှိ၏။ ယင်းတို့သည်ကား စာတန်၏ အမှုတို့ပင် ဖြစ်သတည်း။
သင့်နေ့စဥ်ဘ၀တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာသောအခါတွင် မည်သည်က သန့်ရှင်းသော ဝိညာဉ်တော် ၏ အမှု၊ မည်သည်က စာတန်၏ အမှုအဖြစ် ရောက်လာကြောင်းကို သင်သည် မည်ကဲ့သို့ ခွဲခြား၍ သိမှတ်မည် နည်း။ လူတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်နေစဥ်၊ ဇာတိပကတိထဲရှိ သူတို့၏ ဝိညာဉ်ရေးရာ အသက်တာ များသည် ပုံမှန်ဖြစ်နေပြီး၊ သူတို့၏ ကျိုးကြောင်း ဆင်ခြင်တုံတရား သည်လည်း ပုံမှန်၊ အစီစဥ်တကျဖြစ်နေသည်။ ယေဘုယျပြောရလျှင် ထိုအချိန်တွင် သူတို့အတွင်း၌ တွေ့ကြုံခံစားနေရသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့လျက်ရှိခြင်း ဖြစ်လာကြောင်းကို (ဘုရားသခင်၏ နှုတ်ကပတ်များကို သင်စားသောက်စဥ်တွင် ထိုးထွင်း သိမြင်သော ဉာဏ်ရှိခြင်း သို့မဟုတ် တိမ်သော အသိပညာကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် သင်၌ကိစ္စရပ်များ ဖြစ်လာ သောအခါ သစ္စာရှိခြင်း၊ သို့မဟုတ် ကိစ္စရပ်များ ဖြစ်လာသောအခါ ဘုရားသခင်ကို ချစ်ရန် ခွန်အားရှိခြင်း—ဤအရာ အားလုံးသည် သန့်ရှင်းသော ဝိညာဥ်တော်ထံမှ ဖြစ်သည်) တွေ့ကြုံလျက် သူတို့ဘာသာသိလာ၍ ပြော လာနိုင်ပါသည်။ လူအတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းမှာ အထူးသဖြင့် ပုံမှန်ပင်ဖြစ်၏။ လူသည် ယင်းကို ခံစားနိုင်မှုမရှိပဲ လူကိုယ်တိုင်အားဖြင့် ဖြစ်လာသည်ဟုထင်ရ၏၊ သို့သော် အမှန်မှာ ယင်းကပင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းပင် ဖြစ်ချေ၏။ နေ့စဥ်ဘ၀တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတိုင်းအပေါ်တွင် အမှုအကြီးကော၊ အသေးပါ လုပ်ဆောင်လျက် ရှိနေချေ၏။ အမှုတော်၏ အတိုင်းအတာ၊ အနိမ့်အမြင့်သာ ကွာခြားသွားခြင်း ဖြစ်သည်။ တစ်ချို့လူတွေသည် အစွမ်းအစကောင်းတွေ ရှိကြ၏။ သူတို့သည် အကြောင်းကိစ္စများကို လျှင်မြန်စွာ နားလည်တတ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း သည် ထိုသူတို့အထဲ အထူးသဖြင့် ကြီးစွာ အလုပ်လုပ်၏။ တစ်ချို့လူတို့မှာ အစွမ်းအစအားနည်းကြ၏။ ထိုကြောင့် အကြောင်းကိစ္စများကို နားလည်ရန် သာ၍ ကြာတတ်ကြ၏။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့၏ အတွင်းတွင်လည်း ထိတွေ့သဖြင့် သူတို့သည် ဘုရားသခင်အပေါ် သစ္စာရှိမှု၌ အောင်မြင်မှုကို ရနိုင်ကြပေ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏နောက်သို့ လိုက်လျှောက်သူတိုင်းတို့ အပေါ်တွင် အလုပ်လုပ် လျက်ရှိ၏။ နေ့စဥ် အသက်တာ အချိန်များတွင် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း များ မပြုကြလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ထူးခြားမှုရှိသော ကိစ္စများကို မပြုကြလျှင်၊ ဘုရားသခင် ၏ အမှုကိုလည်း ၀င်ရောက်၍ မနှောင့်ယှက်ကြလျှင်၊ သူတို့တစ်ယောက်စီအတွင်း၌ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် ပမာဏ အနည်းနှင့်အများ၊ ရှိနေ၍ သူတို့ကို တို့ထိလျက်၊ ဉာဏ်အလင်းပေးလျက်၊ ယုံကြည်ခြင်းနှင့် ခွန်အားကိုပေးလျက် ရှိနေပါသည်။ ပြီးလျှင် သူတို့အား စတင်လုပ်ကိုင်စေရန် လုပ်ဆောင်ခွင့် ပေး၏။ သူတို့၌ ဇာတိပကတိ၏ ပျော်ပါးမှုများကို တပ်မက်ခြင်း သို့မဟုတ် ပျင်းရိခြင်းမရှိပဲ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဆန္ဒရှိကြကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ကြ၏။ ဤအမှုအရာများ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထံမှ ရောက်ရှိလာကြ၏။
လူတို့၏ အခြေအနေသည် ပုံမှန်မဟုတ်သည့်အခါ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကို ခံကြရပြီတည်း၊ သူတို့အတွင်း၌ စိတ်တိုညည်းတွားခြင်းနှင့် သူတို့၏ စေ့ဆော်မှုများက မှားယွင်းလာသည်၊ ပျင်းရိ လာသည်၊ ဇာတိပကတိကို သူတို့ အလိုလိုက်လာကြသည်၊ ပြီးလျှင် သူတို့၏ နှလုံးသားများက သမ္မာတရားကို ပုန်ကန်လာကြ၏။ ထိုအရာများ အားလုံးသည် စာတန်ထံမှ လာကြ၏။ လူတို့၏ အခြေအနေမှာ ပုံမှန် မဟုတ်သော အခါတွင်၊ သူတို့၏ အတွင်း၌ အ၀ိဇ္ဇာအမှောင်ဖုံးလျက် သူတို့၏ ပုံမှန်ဆင်ခြင်တုံတရားတို့ ပျောက်ဆုံးသွားသည့် အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်မှုကိုခံကြရပြီး၊ သူတို့အတွင်း၌ ဘုရားသခင်ကို ဖမ်းဆုပ်နိုင်မှု မရှိတော့ ချေ။ ယင်းသည်ကား သူတို့အတွင်း၌ စာတန် အလုပ်လုပ်သောအခါတွင် ဖြစ်သတည်း။ အကယ်၍ လူတို့သည် အစဥ်သဖြင့် ဘုရားသခင်ကို ချစ်ပြီး အတွင်း၌ ခွန်အားရှိကြလျှင်၊ ယေဘုဘျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် ထံမှလာသော အကြောင်းကိစ္စများသည် သူတို့၌ ဖြစ်နေသောအခါ သူတို့တွေ့ကြုံနေရသော အရာများမှာ ဘုရားသခင်၏ စီစဥ်ပေးမှု အကျိုးရလဒ်တို့ပင် ဖြစ်ပေ၏။ ယင်းကိုပြောရလျှင် သင်၏ အခြေအနေများသည် ပုံမှန်ဖြစ်နေသောအခါ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကြီးမြတ်သော အမှုထဲတွင် ရှိနေသောအခါတွင် သင့်ကို စာတန်က ယိမ်းယိုင်အောင် ပြုလုပ်ရန်မှာ မဖြစ်နိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော အခြေခံ အုတ်မြစ်ပေါ်မှ အရာရာတိုင်း ရောက်လာသည်ဟု ပြောနိုင်ပါသည်။ သင်၌ မမှန်သောအတွေးများ ရှိနိုင်သော် လည်း သင်သည် ယင်းတို့ကို စွန့်ပစ်နိုင်ပါသည်၊ ယင်းတို့နောက်ကိုမလိုက်ပဲ နေနိုင်ပါသည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမှလာသည်။ မည်သည့်အခြေအနေတွင် စာတန်သည် ၀င်ရောက်၍ နှောင့်ယှက် နိုင်သနည်း။ သင်၏ အခြေအနေသည် ပုံမှန်မဟုတ်သောအခါ၊ ဘုရားသခင်၏ ထိတွေ့မှု မရရှိသောအခါနှင့် ဘုရားသခင်၏ အလုပ် သင့်၌ မရှိသောအခါတွင် သင့်အတွင်း၌ ခြောက်သွေ့၍ အသီးမသီးသောအခါ၊ ဘုရားသခင် ထံ ဆုတောင်းသော်လည်း လက်ဆုပ်လက်ကိုင် ဘာမှမရသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သော အခါတွင်လည်း ဉာဏ်အလင်းရခြင်း သို့မဟုတ် အလင်းပေးခံရခြင်းများ မရှိသော အချိန်အခါ မျိုးတို့တွင် သင့်အတွင်း၌ စာတန်သည် ၀င်ရောက်၍ အလုပ်လုပ်ရန် လွယ်ကူပေ၏။ တစ်နည်းဆိုရသော် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပယ်ခြင်းခံရပြီး ဘုရားသခင်ကိုလည်း မဆုပ်ကိုင်နိုင်တော့သော အခါတွင် စာတန်၏ အပြစ်သွေးဆောင်ခြင်းမှ ကိစ္စများမြောင်တို့သည် သင်၌ ဖြစ်ပျက်လာပေမည်။ စာတန်သည် သန့်ရှင်းသော ဝိညာဉ်တော်က အမှုဆောင်နေသည်နှင့် တစ်ချိန်တည်းတွင် အလုပ်လုပ်နေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူ၏အတွင်းကို တို့ထိနေသည်နှင့် တစ်ချိန်တည်းတွင် ၀င်ရောက်နှောင့်ယှက်သည်။ သို့သော် ထိုအချိန်တို့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုက ဦးဆောင်နေသည့် အနေအထားဖြစ်ပါ၏။ ပြီးနောက် မိမိတို့၏ အခြေအနေများ ပုံမှန်ဖြစ်နေသော သူတို့မှာ အောင်နိုင်မှုရနိုင်ပါသည်။ ယင်းသည်ကား သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုက စာတန်၏အမှုကို အောင်နိုင်မှုပြုခြင်းပင်တည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုပြု နေသည့်အခါ စာတန်က အမှု အနည်းငယ်သာ ပြုနိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အမှုပြုနေစဥ် လူတို့ အတွင်း၌ မနာခံတတ်သော စိတ်သဘောထားများ ရှိနေကြဆဲဖြစ်၏။ ယင်းတို့သည် သူတို့၌ မူလကတည်းက ရှိနေခြင်းဖြစ်ပြီး သူတို့၌ ရှိနေဆဲဖြစ်၏။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် လူတို့သည် သူတို့ အတွက် မရှိမဖြစ် အရေးပါသော အရာများနှင့် သူတို့၏ ဘုရားသခင်ကို ပုန်ကန်တတ်သော စိတ်သဘာထားကို လွယ်ကူစွာ သိရှိလာနိုင်ပါသည်။ ထိုအရာမှ လွတ်မြောက်ရန်မူ မိမိကိုယ်တိုင် ဖြည်းဖြည်းချင်း လုပ်ယူမှ ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အထူးသဖြင့် ပုံမှန်ဖြစ်၏။ သူက လူတို့အတွင်း၌ အမှုပြုနေသည့်တိုင် သူတို့သည် ဒုက္ခများ ရှိနေကြဆဲပင်။ သူတို့သည် ငိုနေရဆဲ၊ ဒုက္ခခံနေရဆဲ၊ အားနည်းနေကြဆဲပင် ဖြစ်၏။ သူတို့၌ မရှင်းလင်းသောအရာ များစွာရှိနေကြဆဲပင်။ ထိုအခြေအနေ ဖြစ်နေသည့်တိုင် သူတို့သည် နောက်ပြန် လဲကျမှုမရှိရန် ရန်တန့်နိုင်ကြပေသည်။ ဘုရားသခင်ကို ချစ်နိုင်ကြ ပေသည်။ သူတို့အတွင်းတွင် ဆင်းရဲ ဒုက္ခဖြင့် ငိုကြွေးနေရသော်လည်း သူတို့သည် ဘုရားသခင်အား ချီးမွမ်းနိုင်ကြဆဲပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဥ်တော်၏ အမှုကား အထူးသဖြင့် ပုံမှန်ပင်ဖြစ်၏။ သဘာ၀လွန်မှုမျိုး စိုးစဥ်းမျှပင် မရှိပါချေ။ လူအများ ယုံကြည်သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်စတင်လုပ်သည်နှင့် လူတို့၏အခြေအနေသည် ပြောင်းလဲမှု ဖြစ်ပွားကာ သူတို့၏ အခြေခံအရာများ အဖယ်ခံရမည် ဟူ၍ဖြစ်၏။ ထိုယုံကြည်မှုသည် ယုတ္တိအမှား ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူ၏အထဲတွင် အလုပ်လုပ်သောအခါ လူကို ဖိစီးနေသော အရာများသည် ဆက်လက် ရှိနေမည် ဖြစ်ပြီး လူ၏ ဝိညာဥ်အသက်တာသည် တူညီစွာရှိနေဦးမည်။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းရခြင်းနှင့် အလင်းပေးခြင်းများ ရရှိနေလေပြီ။ သူ၏အခြေအနေသည် သာ၍ ကြိုတင် ထိန်းချုပ် နိုင်လာပြီး၊ သူ့အတွင်းရှိ အခြေအနေတို့မှာမူ ပုံမှန်ပင်ဖြစ်၍ သူသည် လျှင်မြန်စွာဖြင့် ပြောင်းလဲနေ၏။ လူတို့၏ စစ်မှန်သော အတွေ့အကြုံများထဲတွင် အခြေခံအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် စာတန်၏ အမှုများ ကို ခံစားကြရ၏။ သူတို့သည် ထိုအခြေအနေများကို ထိန်းမထားနိုင်ခဲ့လျှင်၊ ကွဲခြားခြင်းမရှိခဲ့ ပါလျှင် သူတို့အတွက် စစ်မှန်သော အတွေ့အကြုံများ မဖြစ်နိုင်တော့ပေ။ သူတို့၏ စိတ်သဘာထားမှာ ဘာမှ ပြောင်းလဲမှု ရှိလာမည် မဟုတ်ဟု ပြောရပေမည်။ ဤသို့ဖြင့် ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း၏ သော့ချက်မှာ ယင်းအရာများကို ဖောက်ထွင်း၍ မြင်နိုင်ခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် ၎င်းသည် သူတို့အတွက် တွေ့ကြုံခံစားရရန် သာ၍ လွယ်ကူစေလိမ့်မည်။
သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် လွှမ်းမိုးမှုရှိသောတိုးတက်မှုပင်ဖြစ်၏။ ထိုအတောအတွင်း စာတန်၏အလုပ်မှာ ယခင်ဘ၀သို့ပြန်ရောက်စေခြင်းနှင့် အပြုခံရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဘုရားသခင်ကို မနာခံခြင်း၊ ဘုရားသခင်ကိုဆန့်ကျင်ခြင်း၊ ဘုရားသခင်အပေါ် ယုံကြည်မှုပျက်ပြားခြင်းနှင့် သီချင်းမဆိုချင်၊ မထချင်၊ မကချင်တို့အထိ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှ ရောက်လာသောအရာ တို့မှာမူကား သင့်ကို အတင်းအကျပ် စေခိုင်းလိမ့်မည်မဟုတ်ပဲ အထူးသဖြင့် သဘာ၀အတိုင်းသာဖြစ်ပေ၏။ အကယ်၍သင်သည် လိုက်လျှောက်မည်ဆိုလျှင် သမ္မာတရားကို ရနိုင်ပါလိမ့်မည်။ အကယ်၍ မလိုက်လျှောက် နိုင်လျှင် ပြစ်တင်ရှုတ်ချမှုကို ခံရပေလိမ့်မည်။ အကယ်၍ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ဆိုပါက နှောက်ယှက်ခံရခြင်း (သို့) အတင်းအဓမ္မ အပြုခံရခြင်းတို့ ဖြစ်လာလိမ့်မည်မဟုတ်။ သင်သည် လွတ်ငြိမ်းမှု၊ လွတ်မြောက်မှုကို တည်ဆောက်နိုင်လိမ့်မည်။ သင့်အပြုအမူကို ကျင့်သုံးရန် လမ်းတစ်လမ်း ရှိလိမ့်မည်။ နောက်ပြီး တစ်စုံတရာသောအတားအဆီးများကို သင်သည်ပမာဏပြုလိမ့်မည်မဟုတ်။ ပြီးနောက် ဘုရားသခင်၏ အလိုတော်အတိုင်း ပြုမူနိုင်ပေလိမ့်မည်။ စာတန်၏အလုပ်တွင် သင့်ကို အနှောက်အယှက်ပေးမည့် အရာများစွာ ပါသည်။ ယင်းတို့က သင့်ကို ဆုမတောင်းချင်အောင် လုပ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှု စားသောက်ခြင်း မပြုနိုင်ရန် အလွန်ပျင်းရိစေလိမ့်မည်။ အသင်းတော်နှင့် ရှင်သန်သောဘ၀ကို မလိုလားစေတော့ပဲ သင့်ဝိညာဉ်ရေးရာအသက်တာကိုလည်း မသိကျိုးကျွန်ပြုလာစေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် သင့်နေ့စဥ်ဘ၀ကို ၀င်ရောက်နှောက်ယှက်မှုမရှိပေ။ ယုံကြည်မှုဝိညာဉ်သို့ ၀င်ရောက်ခြင်း ကိုလည်း ဟန့်တားနှောက်ယှက်မှုမရှိ။ အကြောင်းကိစ္စများစွာ သင့်၌ ဖြစ်ပျက်လာသောအခါ တစ်ချိန်တည်းတွင် သင်သည် ၎င်းတို့၏ ကွဲပြားမှုကို သိမှတ်နိုင်မှု မရှိတော့ချေ။ သို့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် သင်သည် အနည်းငယ် လိုက်နာစောင့်ထိန်းလာသည်၊ အနည်းငယ် ထင်ရှားလာပြီ၊ တုန့်ပြန်မှုတစ်ချို့ သင့်အတွင်း၌ ရှိလာသည်။ ယင်းသို့ ထင်ရှားလာသောအရာများကြောင့် သင့်အတွင်း၌ရှိသော အတွေးများသည် ဘုရားသခင်မှ လာသလော၊ စာတန်ထံမှလာသလော ဆိုသည်ကို သင်သည် ပြောနိုင်ပေပြီ။ သင့်ကို အချို့သောအရာများက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုပြုရန် ရှင်းလင်းစွာ ပြုကြ၏။ သို့မဟုတ်ဘုရားသခင်၏ နှုတ်ကပတ်တော် နှလုံးသွင်းခြင်းမှတစ်ဆင့် လက်တွေ့ကျင့်သုံးခြင်းကို ဟန့်တားတတ်၏။ ထိုအရာများအားလုံးသည် စာတန်ထံမှ လာ၏။ အချို့သောအရာတို့ကိုအလွယ်တကူမမြင်နိုင်သဖြင့် ထိုအချိန်တွင် ယင်းတို့က ဘာဆိုတာကို သင် မပြောနိုင်။ ပြီးနောက် သူတို့၏ ထင်ရှားပြမှုကို သင်မြင်ရသောအခါတွင် ဘယ်အရာသည် စာတန်ထံမှလာသည်၊ ဘယ်အရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြစ်သည်ကို သင်ပြောနိုင်ပေလိမ့်မည်။ ယင်းအရာများ ကို ရှင်းလင်းစွာခွဲခြားရာတွင် သင့်အတွေ့အကြုံအားဖြင့် လမ်းချော်ခြင်း အလွယ်တကူ မရှိနိုင်။ တစ်ခါတရံ သင့်အခြေအနေ မကောင်းသောအခါ အပြုခံရသော အခြေအနေကို ဖယ်ရှားပစ်ရန် အမှန်ပင်တွေးမိပေမည်။ ယင်းသည် သင့်အခြေအနေက အခွင့်မသာဖြစ်နေသောအခါ အချို့သောအတွေးတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံတော်မှ လာနိုင်ကြောင်း ပြနေသည်။သင်သည် ပေအဖြစ်ခံနေရချိန်တွင် သင့်အတွေးအားလုံးကို စာတန်က ပို့လိုက်ခြင်းမဟုတ်၊ အကယ်၍ ၎င်းသာမှန်လျှင် ထိုသို့ဖြစ်ပြီးနောက် ဘယ်အချိန်တွင်မှ အပြုသဘော အနေအထားသို့ သင်ရောက်နိုင်တော့မည်နည်း။ ပေအဖြစ်ခံရသော ကာလတစ်ခုတော့ ရှိနေမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ပြည့်စုံသောနေအထားကိုပြုရန် အခွင့်လမ်းတစ်ခုကိုပေးနေပါသည်။ ကိုယ်တော် သည် သင့်ကို တို့ထိကာ ပေအဖြစ်ခံနေရသော အနေအထားမှ သင့်ကိုဆွဲထုတ်လျက်ရှိနေသည်။
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်က ဘာဖြစ်သည်ဆိုတာကိုသိလျက် စာတန်၏အမှုက ဘာဖြစ်သည်ကို သင့်ကိုယ်ပိုင် အတွေ့အကြုံချိန်က၊ အခြေအနေများနှင့် နှိုင်းယှဥ်ကြည့်နိုင်ပါသည်။ ထိုနည်းဖြင့် သင့်အတွေ့အကြုံများထဲ၌ အမှန်တရားများနှင့်ဆိုင်သော ဥပဒေသများများစွာ ရှိလာနိုင်ပါသည်။ ယင်းအရာများ ကို သဘောပေါက်လျက် သင်၏ အခြေအနေမှန်ကို ထိန်းကြောင်းနိုင်ပါလိမ့်မည်။ သင့်၌ဖြစ်ပျက်နေသော အရာများနှင့် လူများကို သင်သည် တန်ဖိုးဖြတ်နိုင်လိမ့်မည်၊[က] ပြီးလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ရရှိရန် ကြိုးစားရာတွင် များစွာအားစိုက်ထုတ်ရလိမ့်မည်မဟုတ်ပေ။ ယင်းသည် သင့်လှုပ်ရှားမှုများ အတွက် ထောက်ပံ့သည်မှာ မှန်၏။ သင်သည်ရှာဖွေရန်၊ လက်တွေ့ပြုရန် ဆန္ဒရှိနေသည်အကြောင်းမှာလည်း မှန်၏။ ဘာသာစကားသည် ဤအရာကဲ့သို့ ဖြစ်၏။ ဘာသာစကားသည် သူ့စည်းမျဥ်းနှင့်သူရှိ၏။ သင်၏ အတွေ့အကြုံများထဲ၌ စည်းမျဥ်းတို့သည် ပါ၀င်နေကြ၏။ စည်းမျဥ်းမပါသော အတွေ့အကြုံများသည် စာတန်၏ နှောက်ယှက်မှုတို့နှင့် ပြည့်နေလိမ့်မည်။ ထို့ပြင် မိုက်မဲမှုနှင့်ပြည့်နေသော အသိနယ်ပယ်သာ ရှိပေလိမ့်မည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မည်သို့အလုပ်လုပ်သည်ကို မသိပါက မည်သို့၀င်ရောက်ရမည် ကိုလည်း နားလည်လိမ့်မည်မဟုတ်ပေ။ သင်သည် စာတန်မည်သို့ အလုပ်လုပ်နေသည်ကို သင်က နားမလည်ခဲ့ ပါလျှင် သင့်ခြေလှမ်းများကို မည်သို့သတိပြုရမည်ကို သင် သိရှိမည်မဟုတ်။ ထို့ကြောင့် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့ အလုပ်လုပ်သည်ကိုလည်းကောင်း၊ စာတန်က မည်သို့ အလုပ်လုပ်သည်ကိုလည်းကောင်း သိနားလည်သင့်ပေ၏။ ယင်းတို့သည် လူတို့၏အတွေ့အကြုံများအတွက် မငြင်းနိုင်အောင် လိုအပ်သော အစိတ်အပိုင်းပင် ဖြစ်၏။
သင်သည် ဘုရားသခင်မှလွဲ၍ ဘာကိုမှမယုံသောသူဖြစ်စေကာမူ သင့်၌ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိပါ၏လော။ တစ်ချို့လူတွေကဆိုသည်မှာ သူတို့သည်ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသည်မှာ ကိစ္စအလုံးစုံ ပင်ဖြစ်၏။ သူတို့သည် အခြားသူများနှင့် ဆက်ဆံရေးမရှိ၊ မပတ်သက်။ သို့သော် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဆိုသည်မှာ ဘာကို ဖေါ်ပြထားသနည်း။ ထိုလူတို့သည် မှန်သောအသိနယ်ပယ် အနည်းဆုံးရှိနေကြသည် မဟုတ် လော။ ဘုရားသခင်ကိုချစ်ရန် သင်၏ အဓိဋ္ဌာန်ပမာဏကို ယင်းက ဘာ့ကြောင့်ဆိုခဲ့သနည်း၊ ဖြစ်နိုင်သည်မှာ သင်သည် အသွေးအသားကို စစ်မှန်စွာဖြင့်ငြင်းပယ်ခဲ့ခြင်းဖြစ်မည်။ နောက်တစ်ခုမှာ သင်သည် သင့်ညီအစ်ကို မောင်နှမများကို ဘက်လိုက်ခြင်း၌ ရှိနေ၏။ အကယ်၍ သင်ဖြစ်လျှင် ထိုဘက်လိုက်/ လွှမ်းမိုးမှုများကို ဘေးဖယ် ပစ်နိုင်ပါသည်။ ယင်းကိုပြောရလျှင် သင့်ညီအစ်ကိုမောင်နှမတို့နှင့် ဆက်ဆံရေးပုံမှန်ဖြစ်နေစဥ်အခါ ဘုရားသခင် ရှေ့တွင် သင့်အခြေအနေများသည်လည်း ပုံမှန်ပင်ဖြစ်သည်။ သင့်ညီအစ်ကိုမောင်နှမအထဲမှ တစ်ဦးဦးက အားနည်းသောအခါ သင်သည် သူတို့ကို မုန်းခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ နောက်ပြောင်ခြင်း၊ ပယ်ချခြင်းတို့ကို ပြုလိမ့်မည်မဟုတ်ပေ။ သင်သည် သူတို့အား အစေခံနိုင်မည်ဆိုလျှင် သူတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ ပြီးတော့ သင်ပြောနိုင်သည်မှာ "ကျွန်တော်သည်အမြဲခံနေရကာ အားနည်း၏။ ကျွန်တော်သည် အမှန်တွင် စု၀ေးမှု၌ ပါ၀င်လိုခြင်းမရှိပါ။ သို့သော် ကျွန်တော့်တွင် တစ်စုံတရာဖြစ်နေသည်မှာ ဘုရားသခင်သည် ကျွန်တော့် အတွင်းတွင် အလင်းပေးပြီး သွန်သင်တော်မူခဲ့၏။ ကျွန်တော်သည် အတွင်းကို အပြစ်တင်ခဲ့၏။ ကျွန်တော် အလွန်စိတ်အနှောက်အယှက်ဖြစ်ခဲ့၏။ ပြီးနောက် ကျွန်တော်သည် ဘုရားသခင်ရှေ့တွင် ကြေကွဲမှုကို အစဥ်ခံစား နေရ၏။ ပြီးနောက် ကျွန်တော်သည် အသင်းတော်ဘ၀သို့ ကိုယ့်ကိုယ်ကို ဆက်ကပ်ခဲ့၏။ ကျွန်တော်၏ ညီအစ်ကိုမောင်နှမတို့နှင့် သာ၍စေ့စပ်လေလေ သာ၍ကျွန်ုပ်ခံစားရသည်မှာ ဘုရားသခင်မပါပဲ ကျွန်တော် မလုပ်နိုင်။ ကျွန်တော်သည် သူတို့နှင့်ရှိနေစဥ် အထီးကျန်မှုကို မခံစားရ။ ကျွန်တော်သည် အခန်းတစ်ခုကို ပိတ်ထားခဲ့စဥ်က အထီးကျန်မှုနှင့် မိတ်ဆွေမဲ့မှုတို့ကို ခံစားခဲ့ရ၏။ ကျွန်တော် ခံစားခဲ့ရသည်မှာ ကျွန်တော့်ဘ၀ သည် ဗလာဖြစ်နေ၏။ ကျွန်တော့်အတွေးများက သေခြင်းသို့ ဦးတည်နေခဲ့၏။ ယခုတွင် ကျွန်တော့် ညီအစ်ကို မောင်နှမတို့နှင့်ရှိခဲ့ရာမှာ စာတန်သည် သူ့အလုပ်ကို ပြုရန် မ၀ံ့ဖြစ်ခဲ့၏။ ကျွန်တော်လည်း အထီးကျန်မှုကို မခံစားခဲ့ရ။ ကျွန်တော့် ညီအစ်ကိုမောင်နှမများ၏ ချစ်ခြင်းသည် ဘုရားသခင်အတွက် မည်မျှအားကောင်းသည်ကို မြင်ရသောအခါ ကျွန်တော်သည် အသက်၀င်လာခဲ့၏။ ကျွန်တော်သည် ကျွန်တော့် ညီအစ်ကိုမောင်နှမတို့နှင့် အတူရှိကာ ကျွန်တော်၏ ပေကဲ့သို့ အပြုခံရသော အခြေအနေသည် သဘာ၀အတိုင်း ပျောက်ကွယ်သွားခဲ့၏။" ဤအရာကို ကြားသိကြပါ။ အိမ်၌ ဆုတောင်းခြင်းသည် အသုံးမ၀င်ဟု သူတို့ခံစားရ၏။ သူတို့၏ ညီအစ်ကို မောင်နှမတို့ကြားတွင် မေတ္တာမရှိသေးဟု သူတို့ ခံစားရဆဲဖြစ်၏။ သူတို့၏ဘ၀သည် နတ္ထိဖြစ်၏။ သူတို့မှာ အားကိုးစရာတစ်ယောက်မှမရှိ။ ယင်းအတွက် ဆုတောင်းရုံနှင့် မလုံလောက်ပေ။ အကယ်၍ သင်သည် သူတို့နှင့် ထိုနည်းဖြင့်ပေါင်းစည်းမည်ဆိုလျှင် သူတို့သည် လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို ရလာကြလိမ့်မည်။ အကယ်၍ သင်သည် သူတို့ကို မထောက်ပံ့နိုင်ကြောင်း စိတ်ထဲတွင် ခံစားရလျှင် သူတို့ထံ အလည်သွားနိုင်ပါသည်။ ထိုသို့ပြုခြင်းသည် အသင်းတော်၏ ခေါင်းဆောင်မှသာ ပြုရသည်မဟုတ်ပေ။ ယင်းအလုပ်သည် ညီအစ်ကို မောင်နှမတိုင်း ပြုကြရမည့် ၀တ္တရားပင်ဖြစ်ပါ၏။ အကယ်၍ ညီအစ်ကို (သို့) မောင်နှမ တစ်ဦးဦးသည် အခြအနေ မကောင်းပဲဖြစ်နေသည်ကို သင်မြင်ခဲ့လျှင် သင်သည် သူတို့ထံ အလည်သွားသင့်ပါသည်။ ယင်းသည်ကား သင်တို့ အယောက်စီတိုင်း၏ တာ၀န်၀တ္တရားပင်တည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ
(က) မူရင်းစာသားတွင် "သင့်၌ဖြစ်ပျက်နေသော" ကို ထုတ်ပယ်ထားပါသည်။
အကြံပြုစာများဖတ်ရှုလေ့လာရန်: ဘာသာရေး စာအုပ်များ
No comments:
Post a Comment