菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label ထာဝရအသက်. Show all posts
Showing posts with label ထာဝရအသက်. Show all posts

2/14/2020

အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


ကယ်တင်ခြင်း, အနန္တတန်ခိုးရှင် ဘုရားသခင်, ခရစ်တော်, ထာဝရအသက်,



အခန်း တစ် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် တစ်ပါးတည်းသော ဘုရားသခင် ဖြစ်သည်ကို သင်သိရမည်


၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အုပ်စိုးသော စစ်မှန်သောဘုရားသခင်တစ်ဆူဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာပြောင်းလဲလေ၏။ လူသားမျိုးနွယ် တစ်ခါမျှမကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက်နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှနားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့်ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။ လူသားတို့ သဘောမပေါက်သောအရာကို သဘောပေါက်နိုင်သည့်အတွက် သူသည်သာလွန်၏။ လူသားမျိုးနွယ်၏ ပစ်ပယ်ခြင်းကို ခံရသောသူဖြစ်သော်လည်း လူသားမျိုးနွယ်ကို ကယ်တင်သည့်အတွက် သူသည်ကြီးမြတ်၏။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်း၏အဓိပ္ပာယ်ကို သိပြီး၊ ထိုမျှမက သူဖန်ဆင်းခဲ့သောလူသားမျိုးနွယ်၏ဘဝကို အုပ်ထိန်းရန်အတွက် မည်သည့်စည်းမျဉ်းများမှာ သင့်လျော်ကြောင်းကို သူသိ၏။ သူသည် လူသားဖြစ်တည်ခြင်း၏ အုတ်မြစ်ဖြစ်ပြီး လူသားမျိုးနွယ်ကို ရှင်ပြန်ထမြောက်စေသော ရွေးနုတ်ကယ်တင်ရှင်ဖြစ်၏။ သူသည် ရွှင်လန်းသောစိတ်နှလုံးများကို ဝမ်းနည်းခြင်းဖြင့် ဝန်ပိစေ၍ ဝမ်းနည်းခြင်းနှင့်ပြည့်သောစိတ်နှလုံးများကို ရွှင်လန်းခြင်းဖြင်း ချီမလေ၏၊ ယင်းတို့အားလုံးမှာ သူ၏အလုပ်နှင့် သူ၏အစီအစဉ်အဖို့အလို့ငှာ ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း” မှ

1/27/2020

ဘုရားသခင်၌သာ အသက်လမ်းရှိ

ဘုရားသခင်, ထာဝရအသက်, အသက်, သမ္မာတရား, ယေရှု


 Myanmar Worship Song | ဘုရားသခင်၌သာ အသက်လမ်းရှိ


အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး
လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး
အသက်မှာ ဘုရားဆီကသာ လာသည်မို့
ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ
ဘုရားသခင်၌သာ အသက်လမ်းရှိ
ဘုရားသခင်သာ အသက်၏မူလအစ
အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ်
ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ချိန်မှ လူသားတို့ကို အသက်ပေးသော
ဘဝအားအင် အပါအဝင် အမှုတော်များစွာ ဘုရားသခင် ပြုခဲ့
လူသားများ အသက်ရဖို့ ကြီးမားသော အဖိုးအခ သူပေးခဲ့
ဘုရားရှင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်ပေမို့
ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း
အခွင့်ရသော လမ်းပင်ဖြစ်သည်
ဘုရားသည် လူတို့ရှင်ပြန်ထမြောက်ခြင်း အခွင့်ရသော လမ်းပင်ဖြစ်
ဘုရားသခင် လူသား၏နှလုံးသားနဲ့ဘယ်တော့အခါမှ မဝေးကွာ
လူသားတို့ကြားမှာ သူအမြဲတမ်းရှိနေသည်
သူဟာ လူသားတို့ ရှင်သန်ရန် တွန်းအား
လူသားတို့ဖြစ်တည်မှုအုတ်မြစ်နှင့်
ရှင်သန်ရန် လုံခြုံသော အာမခံချက်
လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ
လူသားတို့ကို တစ်ဖန်မွေးဖွားစေသူ
လူသားတို့ကို အမျိုးမျိုး ကြံ့ခိုင်စွာ ရှင်သန်စေ
ဘုရားသခင်၌သာ အသက်၏အခြေအမြစ် ရှိ
ဘုရားသခင်၌သာ အသက်လမ်းရှိ
ဘုရားသခင်၌သာ အသက်၏အရင်းအမြစ်
အစဉ်စီးဆင်းနေသော အသက်စမ်းရေ ဇာစ်မြစ်
ဘုရား၏တန်ခိုးနဲ့ အစဉ်တည်မြဲသော သူ၏ဘဝခွန်အားကြောင့်
ခေတ်တွေဆက်ဆက် လူသားတို့ အသက်ရှင်ခဲ့သည်
ဘုရား၏အသက်စွမ်းအားသည် လူကို အစဉ်မပြတ်ပံ့ပိုး
သာမန်လူသားများ မပေးဆပ်ဖူးသော
အဖိုးအခကို သူသည်ပေးဆပ်ခဲ့သည်

4/29/2019

ဧဝံဂေလိ ဂီတ | ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား


Myanmar Gospel Song 2019 (ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား) နှုတ်ကပတ်တော် ဓမ္မသီချင်း

ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊
ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိ
ဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊
အခွင့်တန်ခိုးနဲ့ မလွတ်ကင်းနိုင်ပါ
ဘယ်သူဖြစ်ဖြစ်၊ လူသားတိုင်း ဘုရားကို နာခံရမည်
ဘုရား၏အုပ်စိုးခြင်း၊ အခွင့်အာဏာနဲ့ပညတ်ချက်ကို လိုက်နာရမည်
အသက်နဲ့သမ္မာတရားကို ရှာဖွေဖို့၊
ထာဝရအသက်ရဖို့ အားကိုးနိုင်မည့် ဘုရားကိုရှာဖို့
သင် စိတ်ထက်သန် ရင် ထက်သန်မယ်
သင် ထာဝရအသက်ရလိုရင် မူလအရင်းအမြစ်၊ ဘုရားရှိရာ ရှာဖွေပါ
ဘုရားဟာ မပြောင်းလဲသော အသက်တာပါ၊ သူ၌သာ အသက်လမ်းရှိ
ဘုရားဟာ အသက်လမ်းမို့ ထာဝရအသက်သို့ သွားရာ လမ်းဖြစ်တယ်

4/24/2019

ခရစ်ယာန်ဘာသာ ရုပ်ရှင် | နားခိုရာအိမ် ဘယ်မှာလဲ

ကြည့်ပြီးနောက် ခံစားချက်

Wenya, the child in this movie, got her parents divorced since she was small, and they had their own families. She lived with her father, but her stepmother didn't want her. Because her mother’s work was very busy, she could only be placed in different families. A child's heart of waiting to be home was broken again and again... Painting the home she yearned for a long time, she couldn't help but asked, "Where is my home?" I feel sad for this child, but I'm also happy because she finally found her real home...

Friends, I heard that this movie has won many prizes. It's worth watching: Where Is My Home.

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family


ဝမ်းရာ အသက် (၂) နှစ်ခန့်အရွယ်မှာ မိဘတွေက ကွာရှင်းခဲ့ကြပြီးနောက် သူမရဲ့ အဖေနှင့် မိထွေးဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ပါတယ်။ သူမရဲ့ မိထွေးက သူမအပေါ် သည်းမခံခဲ့တာကြောင့် အဖေဖြစ်သူနဲ့ အမြဲ စကားများလေ့ရှိပါတယ်။ အဖေဖြစ်သူမှာ ရွေးချယ်စရာသိပ်မရှိခဲ့ဘူး။ ဝမ်းရာကို သူမရဲ့ အမေအိမ်ကို ပို့ခဲ့ပေမယ့်လည်း အမေက စီးပွားရေးနှင့်အလုပ်ရှုပ်နေပြီး ဝမ်းရာကို ဂရုစိုက်ဖို့အချိန်မပေးနိုင်ခဲ့ပါ။ ဒါကြောင့် မကြာခဏဆိုသလို သူမရဲ့ ဆွေမျိုး၊ သူငယ်ချင်းတွေ အိမ်ကို မကြာခဏ သွားပို့လေ့ရှိပါတယ်။ တခြားသူရဲ့ အိမ်မှာမွေးစားခံ ဘဝနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ဝမ်းရာလေးတစ်ယောက် အထီးကျန်၊ မျှော်လင့်ချက်မဲ့လာခဲ့ကာ နွေးထွေးသော ခိုနားရာအိမ်လေး တစ်လုံးကို တောင့်တလာခဲ့ပါတယ်။ အဖေဖြစ်သူနှင့် မိထွေးဖြစ်သူတို့ ကွာရှင်ပြီးနောက် အဖေဘေးမှာ ပြန်လည်နေထိုင်ခဲ့ပြီး ကောင်းကောင်းဆိုးဆိုး နားခိုရာအိမ်တစ်လုံး ရလာခဲ့ပါတယ်။

ဝမ်းရာအရွယ်ရောက်လာတဲ့အခါ အလွန်သတိရှိပြီး အနွံတာခံသလို စာကိုလည်းကြိုးစားခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်အတွက် များစွာကြိုးစား ပြင်ဆင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုရောက်လာခဲ့တယ်။ အမေဖြစ်သူ ဦးနှောက်သွေးယိုမှုဖြစ်ခဲ့ပြီး အကြောသေကာ ရောဂါကြောင့် အိပ်ရာမှမထနိုင် ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပထွေးဖြစ်သူမှာလည်း သူမအမေဖြစ်သူကို ပစ်ထားခဲ့ပြီး အမေဖြစ်သူရဲ့ ပိုင်ဆိုင်သမျှအားလုံးကို အပိုင်စီးသွားခဲ့တယ်။ အဲ့ဒီနောက် သူမရဲ့ အဖေကလည်း အသည်းကင်ဆာနဲ့ ဆေးရုံတက်ခဲ့ရတယ်.... ဝမ်းရာအနေနဲ့ အိမ်ထောင်စုတစ်ခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကိုထမ်းနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို အကူအညီတောင်းခံခဲ့ပေမယ့်လည်း လက်လျှော့ခဲ့ရပါတယ်။

ဝမ်းရာမှာ အားကိုးစရာမရှိဘဲ ဒုက္ခရောက်ခဲ့ရပြီး ဘုရားကျောင်းက ညီအစ်မနှစ်ဦးက ဝမ်းရာနဲ့ သူမရဲ့ အမေဖြစ်သူနဲ့ အမဖြစ်သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သက်သေခံခဲ့တယ်။ သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှတဆင့် လူသားတို့ ဘဝတွေရဲ့ နာကျင်မှု အရင်းအမြစ်ကို သိရှိနားလည်ခဲ့ကြပြီး၊ ဘုရားသခင်ရဲ့ ရှေ့တော်မှောက် လာရောက်မှသာ ဘုရားသခင်ကွယ်ကာမှုနဲ့ ပျော်ရွှင်တဲ့ဘဝကို ရရှိမယ်လို့ နားလည်သဘောပေါက် ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်သိမ့်မှုကြောင့်ပဲ အမေဖြစ်သူနဲ့ သမီးတို့ဟာ သူတို့ရဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုတို့ကနေ ရုန်းထွက်လာခဲ့ကြတယ်။ ဝမ်းရာဟာ ဘုရားသခင်ရဲ့ ကရုဏာနဲ့ ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ ခံစားခဲ့ရပြီး၊ အိမ်လေးတစ်လုံးရဲ့ နွေးထွေးမှုကို ခံစားခဲ့ရသလို မှန်ကန်တဲ့ ခိုနားရာအိမ်လေးသို့ ဝင်ရောက်လာခဲ့တယ်....

အသိပညာမျာ: နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

4/13/2019

ခရစ်တော်၏ဖော်ပြချက်များ (ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)


ခရစ်တော်၏ဖော်ပြချက်များ (ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)


အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ဤသည်မှာလည်း လူသားသည် လူသားတို့ကို ဘုရားသခင်ကယ်တင်ခြင်း၏ အရေးပါပုံနှင့် ဘုရားသခင်စီမံခန့်ခွဲမှုအမှုတော်၏ အရေးပါပုံတို့ကို နားမလည်ခြင်း၊ ဘုရားသခင်သည် လူသားတို့ကို အဆုံးတွင် မည်သို့ဖြစ်စေချင်သည်ကို နားမလည်ခြင်းတို့ကြောင့်ဖြစ်သည်။ လူသားတို့သည် အာဒံနှင့် ဧဝတို့နှင့် အမျိုးတော်ကာ စာတန်၏ ဖျက်ဆီးမှု မခံရသူများလား။ မဟုတ်ပါ။ ဘုရားသခင်၏စီမံခန့်ခွဲမှုသည် ဘုရားသခင်ကို ကိုးကွယ်ကာ ကျိုးနွံနာခံသည့်လူတစ်စု ရရှိရန်အတွက်ဖြစ်သည်။ ဤလူသားတို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသော်လည်း စာတန်ကို ၎င်း၏ဖခင်ဟု မမြင်တော့ပါ။ စာတန်၏ အကျည်းတန်သည့် မျက်နှာကိုသိကာ ၎င်းကိုငြင်းပယ်ပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို နာခံရန် ဘုရားသခင်၏ ရှေ့တော်သို့ လာရောက်သည်။ မည်သည်က အကျည်းတန်ကြောင်း၊ ၎င်းသည် သန့်ရှင်းသည့် အရာနှင့် မည်သို့ကွာကြောင်းကို သူသိပြီး ဘုရားသခင်၏ ကြီးမြတ်မှုနှင့် စာတန်၏ဆိုးသွမ်းမှုတို့ကို သူသိသည်။ ဤသို့သော လူသားတို့သည် စာတန်အတွက် အလုပ်မလုပ်တော့ပါ၊ သို့မဟုတ် စာတန်ကို မကိုးကွယ်တော့ပါ၊ သို့တည်းမဟုတ် စာတန်ကို အမြတ်တနိုး တန်ဖိုးမထားတော့ပါ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်က အမှန်တကယ် ရရှိလိုက်သည့် လူတစ်စုဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လူသားများကို စီမံခန့်ခွဲမှု၏ အရေးပါသည့်အချက်ဖြစ်သည်။"

များပြားသောအကြံပြုချက်များ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

4/09/2019

ချီးမွမ်းခြင်း ဓမ္မသီချင်း | ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ


New Myanmar Christian Song (ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ)


လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်
သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေ
ဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်
ဘုရားသည် သူ့ကိုကိုးကွယ်တဲ့သူတွေကို ကမ္ဘာပေါ်မှာ ထားမယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
သူ့ကိုကိုးကွယ်တဲ့ တိုင်းပြည်ကိုလည်း ကမ္ဘာမှာ တည်ဆောက်မယ်
ကမ္ဘာပေါ်မှာ ထာဝရအောင်နိုင်ခြင်းကို ရရှိမယ်
သူ့ကိုဆန့်ကျင်သူများ ထာဝရပျက်စီးမယ်
ဒါ လူတို့ကို ဖန်ဆင်းချိန်တုန်းက
မူလ ရည်ရွယ်ချက်အတိုင်း ပြန်ဖြစ်စေမယ်
အားလုံးကို ဖန်ဆင်းချိန်တုန်းက ရည်ရွယ်ချက် အတိုင်း ပြန်ဖြစ်စေမယ်
ကမ္ဘာပေါ်မှာ သူ့အာဏာကို ပြန်ရရှိမယ်
အရာအားလုံးပေါ်၊ ရန်သူအားလုံးထဲမှာ ဘုရားအာဏာ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ
ဒါဟာဘုရားရဲ့ အကြွင်းမဲ့အောင်နိုင်မှုရဲ့ သင်္ကေတပါ

4/01/2019

ဧဝံဂေလိ ဂီတ (လူသား ပေါ်ထွန်းလာခဲ့ပြီ)

Myanmar Gospel Song (လူသား ပေါ်ထွန်းလာခဲ့ပြီ) | The Savior Jesus Has Returned to the World


ကမ္ဘာမြေကြီး၏ အရှေ့အရပ်မှ
(အရှေ့အရပ် … အရှေ့အရပ် …) ၊
လင်းရောင်ခြည်တစ်ခု ထွက်ပေါ်ပြီ
(လင်းရောင်ခြည် … လင်းရောင်ခြည် …) ၊
အနောက်အရပ်ဘက် တစ်လျှောက်လုံး ထွန်းလင်းလျက်နေ။
မြေကြီးပေါ် လူသား ဆင်းကြွခဲ့လေပြီ။


ကယ်တင်ရှင် တဖန်ကြွခဲ့ပြီ၊
သူသည် အနန္တတန်ခိုးရှင် ဘုရာသခင်ပေတည်း။
သမ္မာတရားကို ဖော်ပြလျက် ခေတ်သစ်တစ်ခုကို သူ အစပျိုးခဲ့ပြီ။
လူသား ပေါ်လာခဲ့ပြီ။ (ထိုအရာ မှန်သလော)
ဘုရားသခင် ကြွလာခဲ့ပြီ။ (အို)
လူသားမျိုးနွယ်ထံ သူ ထာဝရအသက်လမ်း ဆောင်ကျဉ်းလာသည်
(ထာဝရအသက်လမ်း)။
ကောင်းကင်သစ်၊ မြေကြီးသစ်၊ ခေတ်ကာလသစ်၊
လူ့သဘာဝသစ်၊ လမ်းခရီးသစ်၊ အသက်သစ် ဆောင်လာပြီ။
ယေရုရှလင်မြို့သစ် ကမ္ဘာမြေပေါ် ဆင်းသက်ပြီ။

3/31/2019

ဘုရားသခင်၏ဖော်ပြချက်များ (ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်)


အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "ပုံစံ၊ တည်ဆောက်ပုံ ကွာဟနေစေကာမူ ဖန်ဆင်းမှု အားလုံးအတွက် အသက်တာ အရင်းအမြစ်သည် ဘုရားသခင်ထံမှ လာပါသည်။ သင်သည် မည်သည့် သက်ရှိအမျိုးအစား ဖြစ်နေစေကာမူ ဘုရားသခင် ချမှတ်ထားသည့် အသက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်မည် မဟုတ်ပေ။ မည်သည့် အခြေအနေတွင်မဆို လူသားကို နားလည်စေလိုသည့် အချက်မှာ လူသားများသည် ဘုရားသခင်ထံမှ ကရုဏာ၊ အကာအကွယ်နှင့် အကူအညီမရှိပါက မည်မျှပင် အားကြီးနေ၊ ရုန်းကန်ကြိုးစားနေစေကာမူ ရသင့်ရထိုက်သလောက် ရနိုင်မည်မဟုတ် ဆိုခြင်းပင် ဖြစ်သည်။ ဘုရားသခင်မှ ဘဝ အသက်တာကို ထောက်ပံ့ပေးမှု မရှိပါက လူတို့သည် ဘဝတွင် အသက်ရှင်ခြင်း အနှစ်သာရနှင့် ဘဝ၏ ရည်ရွယ်ချက်တို့ကို ဆုံးရှုံးရမည်ဖြစ်သည်။"

ဆက်လက်ကြည့်ရှုရန် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

3/09/2019

ဇာတ်လမ်းတို (၄) ဘုရားသခင်ဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဟာ သခင့်အပေါ်ယုံကြည်ခြင်းနှင့် ညီမျှလေသလား


ဘာသာရေးလောကရှိ လူအများစုတို့က သမ္မာကျမ်းစာသည် ခရစ်ယာန်ဘာသာ၏ နိယာမပြဌာန်းချက်ဖြစ်သည်ဟု လည်းကောင်း၊ သခင့်ကို ယုံကြည်သူသည် သမ္မာကျမ်းစာကို ဖတ်တွယ်၍ သခင့်အပေါ် ၎င်း၏ယုံကြည်မှုသည် သမ္မာကျမ်းစာကို လုံးဝဥဿုံ မှီငြမ်းရမည်ဟုလည်းကောင်း၊ သမ္မာကျမ်းစာမှ သွေဖည်သွားလျှင် ယုံကြည်သူဟူ၍ ခေါ်ဆိုမရနိုင်ဟုလည်းကောင်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သခင့်ကိုယုံကြည်ခြင်း နှင့် သမ္မာကျမ်းစာကို ယုံကြည်ခြင်းတို့သည် တူညီလေမည်လား။ သမ္မာကျမ်းစာနှင့် သခင်တို့ကြားဆက်နွယ်မှုသည် တိတိကျကျမည်သို့ဖြစ်သနည်း။ သခင်ယေရှုသည် ဖာရိရှဲတို့အား ၎င်းစကားတို့ဖြင့် တစ်ခါဆုံးမဖူးလေသည် "ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။" (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ - ၄၀) သမ္မာကျမ်းစာသည် ဘုရားသခင်၏ သက်သေခံမျှသာဖြစ်သော်လည်း ယင်းထဲတွင် ထာဝရအသက် မပါဝင်ပေ။ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်သည်။ လမ်းခရီးဖြစ်သည်။ အသက်ဖြစ်သည်။ ယင်းကိစ္စတွင် သမ္မာကျမ်းစာကို ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီစွာ မည်သို့ကြည့်ကြမည်နည်း။

သမ္မာကျမ်းစာ၏ နက်နဲမှုများအကြောင်းကို ပို၍ လေ့လာပါ

Myanmar Gospel Movie (ကျွန်တော့်သခင် ဘယ်သူလဲ) | Clarifying the Connection Between the Bible and God

3/08/2019

ခရစ်ယာန်သီချင်း | နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ

Myanmar Christian Song 2019 (နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်နဲ့ ပုံသဏ္ဍာန်ကို မည်သို့ သိရမလဲ)


ဘုရားရဲ့လူ့ဇာတိခံယူခြင်းဟာ

ဘုရားရဲ့သဘောသဘာဝနဲ့ဖွင့်ပြချက်ကို ကိုယ်စားပြုဖော်ပြ

သူ လူ့အဖြစ်ခံယူချိန် သူ မည်သူဆိုတာ ဖွင့်ပြရန်၊

လူဆီသို့ သမ္မာတရားဆောင်ယူရန်၊

အသက်ပေး၍လမ်းပြရန်

သူ့ကို ပေးအပ်သော အမှုတော်ကို ဆောင်ရွက်

ဘုရားရဲ့သဘောသဘာဝ မပါသော လူမှန်သမျှ

လူ့ဇာတိခံဘုရား ဧကန်မဟုတ်

3/04/2019

(၃) သမ္မာကျမ်းစာကို ကျော်လွန်သွားပါေ ကာင်းကင်နိုင်ငံတော်ရဲ့ စားပွဲကို သခင်နှင့်အတူတက်ရောက်ပါ

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာရှိတယ်၊ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းဟာ ပြီးပြည့်စုံပြီ၊ ဘုရားသခင်ကိုယုံကြည်ခြင်းဟာ သမ္မာကျမ်းစာပေါ်မှာပဲအခြေခံရမယ်၊ ပြီးတော့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းသာ သမ္မာကျမ်းစာပေါ် အခြေခံမယ်ဆိုရင်၊ ကျွန်ုပ်တို့ဟာ သေချာပေါက် ကောင်းကင်နိုင်ငံတော်ကို ချီဆောင်သွားခြင်းခံရမယ်။ ဒီဘာသာရေးအတွေးအခေါ်တွေဟာ မမြင်ရတဲ့ကြိုးတွေလို သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကို မရှာဖွေအောင်နဲ့ ဘုရားသခင်ရဲ့လက်ရှိအမှုတော်တွေကို မနာခံနိုင်အောင် ကျွန်ုပ်တို့ရဲ့အတွေးတွေကို တင်းတင်းကြပ်ကြပ်ချည်နှောင်ထား၊ ချုပ်နှောင်ထားကြတယ်။ ဒီလိုသာဆိုရင် ဘယ်လိုလုပ်ပြီး သမ္မာကျမ်းစာနဲ့ ဘုရားသခင်၊ ပြီးတော့ သမ္မာကျမ်းစာနဲ့ ဘုရားသခင်ရဲ့အမှုတော်ကြားက ဆက်သွယ်မှုကို ကျွန်ုပ်တို့ဘယ်လိုနားလည်နိုင်ကြမလဲ။ သခင်ယေရှုက၊ "ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည်အသက်ကိုရအောင် ငါ့ထံသို့လာခြင်းငှါ အလိုမရှိကြ" (ယော ၅:၃၉-၄၀)။ လို့ပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က၊ "နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က ခွင့်ပြုမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။" လို့ပြောထားပါတယ်။ (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒါဟာ သမ္မာကျမ်းစာကို စွန့်ခွာမှသာလျှင် ဘုရားသခင်ရှေ့တော်ကိုလာပြီး ကိုယ်တော့်ကယ်တင်ခြင်းကိုလက်ခံဖို့နဲ့ ကောင်းကင်နိုင်ငံတော်ရဲ့စားပွဲကို သူနဲ့အတူတက်ရောက်ဖို့ဖြစ်တယ်။


အကြံပြုစာမျာ: တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

3/02/2019

ဘုရားသခင်ကို ချီးမွမ်းခြင်း (ခရစ်တော်ရဲ့အမှုတော်နဲ့ဖော်ပြချက်သည် သူ့ပင်ကိုသဘာဝကို အတည်ပြု)

Myanmar Gospel song (ခရစ်တော်ရဲ့အမှုတော်နဲ့ဖော်ပြချက်သည် သူ့ပင်ကိုသဘာဝကို အတည်ပြု)

I
ခရစ်တော်ရဲ့ ပင်ကိုသဘာဝကို
သူ့အမှုတော်နှင့် ဖွင့်ပြချက်များက အတည်ပြု
နှလုံးသားစစ်နဲ့ ယုံကြည်သူကို သူ စုံလင်စေ
ကောင်းကင်ဘုံ ဘုရားသခင်ကို သူ ကိုးကွယ်၊
အဖရဲ့အလိုတော်ကို ရှာဖွေ
၎င်းအချက်အားလုံး သူ့သဘာဝ၏ အတည်ပြုချက်များပင်
သူ့ပင်ကို သဘာဝ၏ ဖွင့်ပြချက်များပင်
သူ၏ဖွင့်ပြချက်များသည် တုပထားခြင်းမဟုတ်ပါ
နှစ်ပေါင်းများစွာ လူတို့၏ သင်ယူလေ့လာခြင်းမှမဟုတ်
သူ့ကိုယ်သူ လေ့လာရရှိသည်မဟုတ််ပါ၊ မွေးရာပါပင်ကို ဖြစ်တာ

2/21/2019

ဧဝံဂေလိ ဂီတ | ကောင်းသောအနာဂတ်အတွက် လူသားများ ဘုရားကို ကိုးကွယ်ရမည်


Myanmar Gospel Song (ကောင်းသောအနာဂတ်အတွက် လူသားများ ဘုရားကို ကိုးကွယ်ရမည်) 

I
ဒီကမ္ဘာကြီးနှင့်လူတွေကို ဘုရား ရှင် ဖန်ဆင်းခဲ့
သူဟာ ရှေးဟောင်းဂရိယဉ်ကျေးမှုတို့ကို စီမံခဲ့ သော သူ
သက်ရှိ များ အားလုံးနှင့် အရာခပ်သိမ်းကို ဘုရား ရှင် ဖန်ဆင်းခဲ့
ခေတ်အဆက်ဆက်ရှိ လူ့အဖွဲ့အစည်းအားလုံးကို စီမံခဲ့သူ
ဘုရား ရှင် သာ လူတို့အား နှစ်သိမ့်ပေးသူ
နေ့ညမပြတ် သူတို့အား စောင့်ရှောက် သူ
လူသားများ မြင်သမျှ ဖြစ်ထွန်းမှု တိုးတက်မှုအလုံးစုံသည်
ဘုရား၏ အခွင့်အာဏာတော် ကြောင့် ဖြစ်လာသည်
ကုန်လွန်ပြီးသော ဖြစ်လတ္တံ့သော အရာများ အားလုံးသည်
ဘုရား၏ စီမံမှုအောက်တွင်ရှိ

2/15/2019

ဧဝံဂေလိ ဂီတ(သမ္မာတရားသည် ဘ၀ရဲ့အမြင့်ဆုံး ဆောင်ပုဒ်)


Myanmar Gospel Song 2019(သမ္မာတရားသည် ဘ၀ရဲ့အမြင့်ဆုံး ဆောင်ပုဒ်)


သမ္မာတရားသည် ဘ၀ရဲ့အစစ်မှန်ဆုံး ဆောင်ပုဒ်
လူသားအားလုံး ရဲ့ ကြား မှာ အမြင့်ဆုံးပါ
ဘ၀ရဲ့ဆောင်ပုဒ်လို့ ခေါ်ရသည်မှာ
ဒီသမ္မာတရားသည် သူပြုခဲ့သောအမှုဖြစ်ပြီး
လူဆီကသူတောင်းတဲ့အရာဖြစ်လို့ပါ
အတိုချုံးထား သော စကားပုံမဟုတ်
ပုဂ္ဂိုလ်ထူးတစ်ယောက်ရဲ့ လက်စွဲစကားလည်း မဟုတ်ပါ၊
ကမ်ဘာနဲ့ ကောင်းကင်ဘုံရဲ့ အရှင်သခင်ထံမှ
လူသားတို့အတွက် အဆိုအမိန့်ပါ။

1/26/2019

ဓမ္မသီချင်း | ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ထာဝရအသက်, နှုတ်ကပတ်ဓမ္မတေးများ, ဘုရားသခင်, အသက်,




ဓမ္မသီချင်း | ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏


I
ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူ
ဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိ
ဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူ
ဘုရားရဲ့ကောင်းချီး မျှဝေခံစားစေ
ထိုသူတို့ထာဝရအသက်ရှင်
ဘုရားအားအမှန်ချစ်သောသူတွေသာ
အဖိုးထိုက်ဆုံးအဓိပ္ပာယ်နဲ့ အသက်ရှင်
ထိုသူတို့သာဘုရား၌ အစစ်အမှန် ယုံကြည်သောသူများဖြစ်၍
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားအမှုတော်အတွက် ဆောင်ရွက်သူတို့်
ရန်ဘက်မရှိ သွားလာနိုင်ကြပြီ
ဘုရားရဲ့လူမျိုးတကာတို့ အားလုံးကိုအုပ်စိုး လောကစိုးစံ
ဘုရားကိုချစ်သောသူ ဘုရားကကောင်းချီးပေး
ထိုသူတို့သည် ဘုရားအလင်း၌ အသက်ရှင်လိမ့်မည်
အဖိုးထိုက်ဆုံးအဓိပ္ပါယ်ရှိဆုံး တို့အသက်ရှင်
ဘုရားကိုချစ်သောသူ မင်္ဂလာရှိသောသူ
ထိုသူတို့ကမ္ဘာအရပ်ရပ်မှ လာကြစုရုံးကြပြီး
ဘာသာစကား အသားရောင်များကွဲလည်း
ဘဝခံယူချက်တူ
ဘုရားကိုချစ်ခြင်းထပ်တူ တူညီသောဘုရားသက်သေ
ဘုရားကိုချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားသခင်ကိုချစ်သူတို့
မြေကြီးစွန်းတိုင်အောင်လွတ်လပ်စွာ အရောက်သွားပြီး
ဘုရားအားချစ်သောသူသည် မင်္ဂလာရှိ၏
ဘုရားသခင်ရဲ့သက်သေအား စကြာဝဠာ အဆုံးထိတိုင် ဝေငှမယ်
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ
ဘုရားအားချစ်သောသူ မင်္ဂလာရှိသောသူ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ 

အသိပညာမျာ: ဆုတောင်းခြင်းအကျင့်နှင့် ပတ်သက်၍

1/18/2019

(အိပ်မက်မှ နိုးထလာခြင်း) ရုပ်ရှင်ဇာတ်လမ်းတိုမျာ - နောက်ဆုံးသောကာလမှာ ခရစ်တော်ကို လက်ခံပြီး ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရခွင့် ရယူပါ



(အိပ်မက်မှ နိုးထလာခြင်း) ရုပ်ရှင်ဇာတ်လမ်းတိုမျာ - နောက်ဆုံးသောကာလမှာ ခရစ်တော်ကို လက်ခံပြီး ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရခွင့် ရယူပါ

တို့တွေဟာ သခင်ယေရှုကိုပဲ ယုံကြည်ပြီး ကိုယ်တော့်လမ်းစဉ်ကို လက်ကိုင်ပြုထားကြပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်ကို လက်မခံဘူးဆိုရင် ဘယ်လိုလုပ် စင်ကြယ်ခြင်းရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ဆီဝင်ခွင့်ရမှာလဲ၊ ဘုရားသခင်ရဲ့ခြေရာနောက် လိုက်လျှောက်ပြီး ကောင်းကင်နိုင်ငံတော်မှာ ကောင်းချီးမင်္ဂလာတွေ ခံစားရတဲ့ ဉာဏ်ပညာနဲ့ပြည့်စုံတဲ့အပျိုကညာလို ဖြစ်ချင်လား၊ ဒါဆို ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။


သတင်းအချက်အလက်များ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

1/15/2019

ဇာတ်လမ်းတို (၂) သန့်ရှင်းမှုမရှိတဲ့ ဘယ်လူသားမှ ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီ ဝင်ခွင့်ရမှာမဟုတ်ဘူး



ဇာတ်လမ်းတို (၂) သန့်ရှင်းမှုမရှိတဲ့ ဘယ်လူသားမှ ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီ ဝင်ခွင့်ရမှာမဟုတ်ဘူး


သခင်ယေရှုကိုယုံကြည်တဲ့ တို့တွေရဲ့ အပြစ်တွေဟာ ခွင့်လွှတ်ခံရပြီးတဲ့အခါ (ခွင့်လွှတ်ခံလိုက်ရတာနဲ့ပဲ) တို့တွေဟာ ဖြူစင်ခြင်း ရပြီလား၊ တို့တွေဟာ ဖြူစင်ခြင်းအတွက် မကြိုးစားဘဲ ကိုယ်တော့်အတွက် ပေးဆပ်နေတာ၊ ကိုယ်တော့်အတွက် အားသွန်ခွန်စိုက် အမှုတော်ဆောင်နေတာနဲ့ပဲ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရလိမ့်မလား။ ဒါ့အတွက် အဖြေတွေကို ဒီရုပ်ရှင်က ပေးပါလိမ့်မယ်။

သတင်းအချက်အလက်များ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

1/07/2019

ဇာတ်လမ်းတို (၃) ခရစ်တော်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြား ခြားနားမှု


ဘုရားသခင်ဟာ လူတွေကို ကယ်တင်ဖို့ လူ့ဇာတိခံယူပါတယ်။ အပြင်ပန်းအရတော့ လူ့ဇာတိခံဘုရားသခင်ဟာ သာမန်လူတစ်ယောက်လိုပဲ ထင်ရပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံဘုရားသခင်ရဲ့သာမန်လူ့သဘာဝနဲ့ အကျင့်ပျက်လူသားတွေရဲ့လူ့သဘာ၀ကြား အဓိကခြားနားမှုကို သင် သိပါသလား။ အနန္တတန်ခိုးရှင် ပြောသည် “ဘုရား၏ ဝိညာဉ်တော်က ဝတ်ဆင်သော ဇာတိသည် ဘုရား၏ ဇာတိပကတိဖြစ်သည်။ ဘုရား၏ ဝိညာဉ်သည် အကြီးမြတ်ဆုံးဖြစ်သည်။ တန်ခိုး အလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ထိုနည်းတူစွာ သူ၏သွေးသားသည်လည်း အကြီးမြတ်ဆုံး ဖြစ်သည်။ တန်ခိုးအလွန်ကြီးသည်။ သန့်ရှင်းမြင့်မြတ်သည်။ ဖြောင့်မတ်သည်။ ... လူနှင့်ခရစ်တော်သည် တစ်နေရာတည်းတွင် ရှိနေကြသည်မှန်သော်လည်း၊ လူသာလျှင် စာတန်၏ လွှမ်းမိုးခြင်း၊ အသုံးပြုခြင်းနှင့် ထောင်ချောက် ဆင်ဖမ်းခြင်းကို ခံရသည်။ ဆန့်ကျင်ဖက်အားဖြင့်၊ ခရစ်တော်မှာမူ စာတန်၏ စာရိတ္တဖျက်ဆီးခြင်းမှ ထာဝရ ကင်းလွတ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန်သည် အမြင့်ဆုံးသောဘုရား စံမြန်းရာသို့ရောက်အောင် ဆန်တက် နိုင်စွမ်း မရှိသည့်အပြင် ဘုရားအပါးသို့ ချဉ်းကပ်နိုင်စွမ်းလည်း ဘယ်တော့မှရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

မြင်ကွင်းများ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

1/02/2019

2018 Myanmar Gospel Movie Clip (ကာင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရမယ့် တစ်ခုတည်းသောလမ်း)


လူတချို့က ယုံကြည်ကြတာရှိတယ်။ ဘုရားသခင်ဟာ ကောင်းကင်၊ မြေကြီးနဲ့ အရာအားလုံးကို တစ်ခွန်းတည်းသောစကားနဲ့ ဖန်ဆင်းခဲ့သလို၊ သေလွန်သူတွေကိုလည်း ပြန်ပြီးရှင်သန်စေနိုင်စွမ်း ရှိတာကြောင့်၊ နောက်ဆုံးသောကာလမှာ သခင် ပြန်ပြီးကြွရောက်တဲ့အခါ လူတွေရဲ့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေလိမ့်မယ်။ လူတွေကိုလည်း သန့်ရှင်းခြင်းဖြစ်စေလိမ့်မယ်။ သခင့်ကိုဖူးခွင့်ရအောင် ကောင်းကင်ဆီ ပို့ဆောင်ပေးလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ကောင်းကင်နိုင်ငံတော်ဆီ ပို့ဆောင်ခံရမယ်ဆိုတာ တကယ်ပဲလား။ နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်မယ့်အမှုတွေက လူတွေအားလုံး စိတ်ကူးထားသလောက် ရိုးရှင်းသလား။ ဘုရားသခင်ကတော့ အခုလိုမိန့်ဆိုပါတယ်။ ဘုရားသခင်ပြောသည်မှာ""ထိုအရာအား သင်သတိပြုမိရန် လိုအပ်ပြီး ရုပ်ဝတ္ထုများအား သာ၍ အလေးမထားသင့်ပါပေ။ ဘုရားသခင်၏ အမှုသည် အခြားသော သာမန်အလုပ်များနှင့် တူညီမှုမရှိပါ။ ယင်း၏ အံ့သြဖွယ်ရာ ထူးခြားမှုသည် လူသား၏ စိတ်နေသဘောထားအားဖြင့် ဖြစ်ပွားလာနိုင်သော အရာမဟုတ်ပေ။ ထို့အပြင် ထိုအရာ ပညာနှင့်ပြည့်စုံခြင်းသည် အထက်ပါနည်းလမ်းများအားဖြင့် မရရှိနိုင်ပါ။ ထိုအရာ အားလုံးအား ဘုရားသခင် မဖန်ဆင်းခဲ့သလို ဖျက်ဆီးခြင်းလည်း မပြုပါ။ ယင်းအစား ဘုရားသခင်သည် စာတန်ကြောင့် ညစ်ညူးလျက် ရှိနေသော သူ၏ဖန်ဆင်းခြင်းအားလုံးအား ဘုရားသခင် ပြောင်းလဲစေလျက်ရှိပြီး သန့်ရှင်းစေရန် ဆောင်ရွက် နေခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အမှုအား ဘုရားသခင် အစပြုမည်ဖြစ်ကာ ယင်းသည် ဘုရားသခင် ဆောင်ရွက်သော အမှု၏ ရည်ရွယ်ချက် ပေါင်းချုပ်ဖြစ်သည်။ ဤနှုတ်ကပတ်များမှတစ်ဆင့် ဘုရားသခင်၏ အမှုသည် အလွန်ရိုးရှင်းသည်ဟု သင် ယုံကြည်ပါသလား။"" နှုတျကပတျတောျသညျ လူ့ဇာတိ၌ ပေါျလာ၏ ဘုရားသခင်ရဲ့အမှုတော်တွေနဲ့ ဘုရားသခင်ရဲ့ဉာဏ်ပညာကို ဘယ်သူမှ နားလည်သဘောမပေါက်နိုင်ပါဘူး။ ယုံကြည်သူတွေဟာ နောက်ဆုံးသောကာလမှာ ဘယ်လိုချီဆောင်ခြင်းခံရမယ်ဆိုတာတွေ၊ လူတွေကို သန့်ရှင်းစေဖို့ တရားစီရင်ခြင်းအမှုကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေ စတဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်ပဲ ဖွင့်ဟပြနိုင်မှာပါ။ သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရနိုင်မယ့် တစ်ခုတည်းသောလမ်းက ဘာလဲဆိုတာကို ဒီဗီဒီယိုအတိုလေးက မိတ်ဆက်ပေးပါလိမ့်မယ်။

ဆက်သွယ်မှုများ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်


12/13/2018

Myanmar Gospel Song (အရာအားလုံး ဘုရား၏လက်ထဲမှာ) Praise the Authority and Great Power of God


I
တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်
ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။
ဘယ်သူမှ ပြောင်းလဲလို့မရပါ။
ပြောခဲ့တဲ့စကားဖြစ်ဖြစ် နောင်ပြောမဲ့စကားဖြစ်ဖြစ်
လူတွေ မြင်တွေ ့နိုင်ရန် ပြောသမျှ ဖြစ်လာလိမ့်မည်
ဒါဟာ ဘုရားရဲ့နုတ်ကပတ်တော်နဲ့
အမှုတော်လုပ်ဆောင်ချက်ရဲ့ သဘောတရားပါ…
စကြဝဠာ မှာရှိသမျှ အားလုံး ဘုရားသခင် သတ်မှတ်ပိုင်းခြားထား
ဘုရားသခင် လက်ထဲမှာ မရှိတဲ့အရာ ဘာများရှိလိမ့်မလဲ
ဘုရားပြောသမျှ ဖြစ်လာမှာပဲ
သခင့် အလိုတော်ကို ဘယ်သူ များ ပြောင်းနိုင်မလဲ … ဟိုး…
ဒါဆိုရင် ဤကမ္ဘာကိုပြုထားသော ဘုရားရဲ့ပဋိဉာဉ် ကြောင့်လား
ကိုယ်တော်စီစဉ်ရာပြုသမျှတိုင်း ဘယ်သူမှဟန့်တားမရနိုင်
ဘုရားသခင်ဟာ အမြဲအလုပ်လုပ်နေ သည်
အရာရာအားလုံး ဘုရားသခင့်လက်ထဲမှာရှိ သည်…