菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label စကြဝဠာ. Show all posts
Showing posts with label စကြဝဠာ. Show all posts

12/24/2019

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

စကြဝဠာ, ဘုရားသခင်၏ နှုတ်ကပတ်တော်, ဘုရားသခင်, အသက်, ဖန်ဆင်းသူ,

ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏” ယေဟောဝါ ဘုရားသခင်က အာဗြဟံကို အကြိမ်ပေါင်းများစွာ သူ၏ သားသမီးများက ပွားများလာအောင် ကောင်းချီးချပေးခဲ့သည်။ မည်သည့်အတိုင်းအတာအထိ ပွားများစေခဲ့သနည်း။ ကျမ်းပိုဒ်တွင်ပြောထားသည့် အတိုင်းအတာအထိဖြစ်သည်။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” တစ်နည်းအားဖြင့် ဘုရားသခင်သည် အာဗြဟံ၏ သားသမီးများကို မိုးကောင်းကင်က ကြယ်များကဲ့သို့ပေါများပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ များပြားအောင် ချပေးသနားရန် ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုပြီး စကားပြောသည်။ ဤနိမိတ်ပုံမှတစ်ဆင့် ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် ထောင်ပေါင်းများစွာတင်မကဘဲ လူမျိုးစုများ အများကြီးဖြစ်သည့်အထိ လုံလောက်အောင် မရေမတွက်နိုင်သည့် ပမာဏကို ချပေးသနားသည်ဆိုခြင်းကို မြင်ရန် မခက်ခဲပေ။ ဘုရားသခင်သည် အာဗြဟံက လူမျိုးစုအများအပြား၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်ဖြစ်သည်။ ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ သူ့အပေါ်တွင် မူတည်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဆိုသကဲ့သို့ များရန်မဆိုနှင့် နည်းနည်းပါးပါးရှိမရှိပင်လျှင် လူသားအပေါ်တွင် မူတည်ခြင်း မရှိပေ။ သူတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်ဆိုသည်ကို မည်သူက မလိုချင်ဘဲနေမည်နည်း။ အကြောင်းအပေါင်းမသင့်၍ အကြောင်းကိစ္စများက သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်ပါစေ၊ တတ်စွမ်းပါစေ၊ သူ့အပေါ်တွင် မမူတည်ပေ။ ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည့်အရာ၏ အပြင်ဘက်တွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှပင် ခွင့်ပြုသည်ဖြစ်စေ ထိုပမာဏမှာ သင်ရရှိမည့်အရာသာဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင် သင်သည် မည်သည့်အခါမျှ အများကြီးရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အများကြီးပေးရင် သင်မည်မျှရှိသည် ဆိုသည့်အပေါ်တွင် မကျေမနပ်ဖြစ်နေလည်း အလကားပင်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက ဘုရားသခင်အပေါ်မူတည်သည်။ လူသားပေါ် မမူတည်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးသည်။ မည်သူမျှ မလွတ်ကင်းပေ။

12/17/2019

ပုံပြင်နံပါတ် မျိုးစေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေအလင်းရောင်၊ တေးဆိုငှက်များနှင့် လူသား

စကြဝဠာ, အနန္တတန်ခိုးနှင့် ပြည့်စုံသော, အသက်, ဆုတောင်း, သမ္မာတရား,

ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး အမြစ်လောင်းလေးများသည်လည်း မြေကြီးအောက်ဖက်ထဲကို တဖြည်းဖြည်း တိုးဝင်ကြီးထွားလာကြသည်။ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီများအလီလီ ပြောင်းလာသည်နှင့်အမျှ အညှောက်လေးသည် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ကြီးထွားလာသည်။ နွေရာသီရောက်သော် ဤအညှောက်လေးသည် အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ကမ္ဘာမြေကြီးသည် ရေလက်ဆောင်များကို ယူလာပေးသည်။ ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရဘဲ နွေရာသီ၏ အပူဒဏ်မှ လွတ်မြောက် ရှင်သန်ခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ့၏နွေးထွေးသည့်ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး တစ်ယောက်နှင့် တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့ကြသည်။ ကမ္ဘာမြေကြီး၏ အနွေးဓာတ်ကြောင့်သာ အညှောက်လေးသည် ဆောင်းရာသီ၏ ပြင်းထန်သည့် လေနှင့် နှင်းဒဏ်ကို ဖြတ်သန်းရင်း ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရပြန်သည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ရဲရင့်လာပြီး ပျော်ရွှင်ခဲ့ရသည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက်သည့် ပြုစုစောင့်ရှောက်မှုကြောင့် ဝင့်ဝင့်ကြွားကြွား ကြီးထွားဖွံ့ဖြိုးလာရသည်၊ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရသည်။ မိုးစက် မိုးပေါက်လေးများ ကျသည့်အသံနှင့်အတူ သူသည် တေးဆိုသည်၊ လေနှင့်အတူ ယိမ်းနွဲ့ကခုန်သည်။ ထို့ကြောင့် အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုနေကြရသည်။

12/16/2019

ပုံပြင်နံပါတ် ကြီးမားသည့် တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး

ဘုရားသခင်၏ နှုတ်ကပတ်တော်, သမ္မာတရား, အသက်, စကြဝဠာ, ဖန်ဆင်းသူ,

တသွင်သွင်စီးဆင်းနေသည့် စမ်းချာင်းလေးတစ်ခု ရှိခဲ့ပါသည်၊ စမ်းချောင်းလေးသည် နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ ရေစီးကြောင်းကို ကာဆီးထားသည့် အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်း သေးငယ်သည့်လေသံနှင့် “ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်က ကျွန်တော် သွားမည့်လမ်းတွင် ရပ်နေပြီး ကျွန်တော် ရှေ့ဆက်သွားမယ့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု မေးလိုက်သည်။ ဤတွင် တောင်ကြီးက “သင် မည်သို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်တော် နားခိုရာအိမ် ရှာနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ဆက်လုပ်၊ ငါ့ပေါ်ကနေ စီးဆင်းသွား” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်းလေးသည် အားနည်းလွန်းပြီး၊ သေးငယ်လွန်း၍ ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကို ကျော်ပြီး စီးဆင်းဖို့ မဖြစ်နိုင်ပါ၊ ထို့ကြောင့် တောင်ခြေတွင် ဆက်ပြီးစီးဆင်းနေရုံက လွဲပြီး သူ့တွင် ရွေးချယ်စရာမရှိပါ။

10/29/2019

ဘုရားသခင်၏ စကားတော် (ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်) တတိယပိုင်း

 

အနန္တတန်ခိုးရှင် ဘုရားသခင်ပြောသည်- “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပါတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှုစည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေခဲ့သည်။ ခပ်သိမ်းသောအရာများနည်းတူ လူတို့သည် ဘုရားသခင်လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။”

များပြားသောအကြံပြုချက်များ

Myanmar music videoနားခိုရာအိမ် ဘယ်မှာလဲ

10/27/2019

【Live】Best Myanmar Gospel Song ခရစ်ယာန်တို့၏ ထောင်စုနှစ်ဆုတောင်းချက်သည် နောက်ဆုံးတော့ စစ်မှန်လာကြပြီ။

My understanding: With a great roar sounding, falls from the sky “The Kingdom Descends Upon the World”, astonishes people’s heart, trembles every earth. In the sound of the kingdom’s salute, all people are aroused from their slumbers by God. With the melody of music, brothers and sisters offer up the most beautiful songs, smiles and dances to God, using them to celebrate God’s kingdom descends. At this exciting moment, I wanna share the great joy with all of you, the kingdom has descended. Praise song, a large Christian chorus performance "Kingdom Anthem: The Kingdom Descends Upon the World"


အလွန်စိတ်လှုပ်ရှားစရာကောင်းသော နိုင်ငံတော် သီချင်းသည် လူတို့ကြား ဘုရားသခင် ကြွရောက်ခြင်းကို စကြဝဠာတစ်ခွင်လုံးဆီ ကြေငြာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော် တည်လေပြီ။လူအားလုံး ရွှင်မြူးကြသည်။ အရာခပ်သိမ်း ဝမ်းမြောက်ကြသည်။ကောင်းကင်တစ်ခုလုံးက အရာရာတိုင်းသည် ပျော်ရွှင်မြူးထူးသံဖြင့် ပြည့်နှက်လေသည်။ အဘယ်မျှ ညို့ယူဖမ်းစားသော ဝင့်ကြွားခြင်း မြင်ကွင်းများ ဖြစ်လိုက်ပါသနည်း။

10/24/2019

ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည်

ဘုရားသခင်, အသက်, ဖန်ဆင်းသူ, စကြဝဠာ, ဝိညာဉ်တော်

ကျမ်းစာက ဤသို့ပြောသည်။ “တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲ၌ သတ္တဝါများ၊ လေပေါ်တွင် ငှက်များကို ဖန်ဆင်းခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခဲ့သည်။ ဤနည်းလမ်းနှင့် ကမ္ဘာ၊ မိုးကောင်းကင်နှင့် ရေတို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းတို့နှင့် ပြည့်စုံနေခဲ့သည်။

10/15/2019

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ဘုရားသခင်, သမ္မာကျမ်းစာ, ဖန်ဆင်းသူ, ဧဝံဂေလိတရားတော်, စကြဝဠာ,

ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင် ပထမဆုံး လုပ်ဆောင်ချက်နှင့် နံနက်နှင့် ညဦးပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့ရာတွင် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံးအတွက် အလင်းကို စတင်ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို အမှောင်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင် စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်နှင့် သြဇာအာဏာသည် ဘေးချင်းယှဉ်လျှက် တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာအားလုံးကြားတွင် စတင်ထင်ရှားလာပြီး သူ့နှုတ်ကပတ်တော်၏ အကျိုးရလဒ်အနေနှင့် သူ၏ တန်ခိုးသည် အရာအားလုံးကြားတွင် ပျံ့နှံ့သည်။ ထိုနေ့မှစပြီး အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် စတင် လှုပ်ရှားလာကြသည်။ “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်ကို ဘုရားသခင်မိန့်လိုက်သည့်အခါတွင် အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အစီအစဉ်ကိုမျှ စတင်ခြင်း မရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေနှင့် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့အထိ သူ၏ တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုဆဲဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မည်သည့်အခါမျှ ပျောက်ကွယ်မသွားပေ။ ထိုအလင်း၏ တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေခဲ့ပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ထိုအလင်းသည် ဖန်ဆင်းရှင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာတို့ကို အကြိမ်ကြိမ် အတည်ပြုသည်။ ထိုအရာသည် မသိမြင်နိုင်သည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားမှု မဟုတ်ပါဘဲ လူသားက မြင်တွေ့နိုင်သည့် စစ်မှန်သည့် အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံး ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့် အရာအားလုံးကို ဖန်ဆင်းခြင်း၏ ပထမလုပ်ဆောင်ချက်တွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာပြီးနောက် မရှေးမနှောင်းတွင် ဘုရားသခင်သည် အလင်းနှင့် အမှောင်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် အရာအားလုံးသည် ပြောင်းလဲခဲ့ပြီး ပြည့်စုံခဲ့သည်။ ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး အမှောင်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာတွင် ပထမဆုံးညဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်ခဲ့ပြီး ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာအားလုံးကို ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ပြီး အရာအားလုံးကို ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည်။ သူဖန်ဆင်းခဲ့သည့် ဤကမ္ဘာတွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့သည့် ပထမအကြိမ် ဖြစ်ခဲ့သည်။

4/29/2019

ဧဝံဂေလိ ဂီတ | ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား


Myanmar Gospel Song 2019 (ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား) နှုတ်ကပတ်တော် ဓမ္မသီချင်း

ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊
ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိ
ဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊
အခွင့်တန်ခိုးနဲ့ မလွတ်ကင်းနိုင်ပါ
ဘယ်သူဖြစ်ဖြစ်၊ လူသားတိုင်း ဘုရားကို နာခံရမည်
ဘုရား၏အုပ်စိုးခြင်း၊ အခွင့်အာဏာနဲ့ပညတ်ချက်ကို လိုက်နာရမည်
အသက်နဲ့သမ္မာတရားကို ရှာဖွေဖို့၊
ထာဝရအသက်ရဖို့ အားကိုးနိုင်မည့် ဘုရားကိုရှာဖို့
သင် စိတ်ထက်သန် ရင် ထက်သန်မယ်
သင် ထာဝရအသက်ရလိုရင် မူလအရင်းအမြစ်၊ ဘုရားရှိရာ ရှာဖွေပါ
ဘုရားဟာ မပြောင်းလဲသော အသက်တာပါ၊ သူ၌သာ အသက်လမ်းရှိ
ဘုရားဟာ အသက်လမ်းမို့ ထာဝရအသက်သို့ သွားရာ လမ်းဖြစ်တယ်

4/27/2019

ဧဝံဂေလိ ဂီတ | ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

ကယ်တင်ရှင်သည်, စကြဝဠာ, နှုတ်ကပတ်ဓမ္မတေးများ, ဘုရားသခင်,

I
စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော်ဆောင်ရွက်နေ
အရှေ့ဘက်က မိုးခြိမ်းသံများ မရပ်
ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေ
သူတို့အားလုံးကို မျက်မှောက်သို့ ပို့ဆောင်ပေးတာ
ဘုရားရဲ့ အသံတော်
အားလုံးကို အောင်နိုင်စေမှာ သခင်ဘုရားရဲ့ အသံတော်ပါ
ထိုအသံစီးကြောင်းမှာ ကျရောက်ပြီး၊ ဘုရားကိုနာခံကြသည်
ဟိုးရှေးဆိုတဲ့ ချိန်ကတည်းက
ဘုန်းတော်ကို မြေကြီးမှပြန်လည် ရုပ်သိမ်းပြီး
အရှေ့အရပ်မှ ဘုရားသခင် တစ်ဖန်ပြန်ထုတ်သည်
ဘုရားရဲ့ဘုန်းတန်းခိုးအား မမြင်လိုတဲ့သူ ဘယ်သူရှိမလဲ
သူပြန်လာခြင်းကို တက်ကြွစွာမစောင့်သူ ရှိအုံးမလား
ဘုရား တစ်ဖန်ပေါ်ထွန်းဖို့ ဆန္ဒမပြင်းပြတဲ့သူ ရှိအုံးမလား
ဘုရားသခင် ရဲ့ ချစ်စရာကောင်းမှုကို သတိမရတဲ့သူရှိမလား
အလင်းဆီကို မလာမယ့်သူရှိပါ့ မလား
ခါနာန်ပြည်ရဲ့ကြွယ်ဝမှုကို မမြင်သူရှိမလား
ကယ်တင်ရှင်ဟာ ပြန်ကြွလာဖို့ မတောင့်တဲ့သူ ရှိပါ့မလား
အနန္တတန်ခိုးရှင်ကို မလေးစားတဲ့သူရှိမလား
ဘုရားရဲ့ အသံများ မြေတစ်ပြင်လုံး ပျံ့နှံ့ရမည်
သူ့မှာ ရွေးကောက်ထားသောလူမျိုးတို့အား ပြောစရာစကားများပိုရှိ
တောင်နဲ့မြစ်ချောင်းတို့ တုန်ခါစေသော ပြင်းထန်တဲ့ မိုးခြိမ်းသံမျိုးလို
စကြဝဠာတစ်ခုလုံးက လူတွေကို သူတရားဟော
ထို့ကြောင့် ဘုရား နှုတ်ကပတ်တော်သည် လူ့အသက်ဖြစ်လာသည်
နှုတ်ကပတ်တော်ကို အားလုံး လွန်စွာဘဲမြတ်နိုး
အရှေ့မှ အနောက်ဆီကို တည့်တည့် လျှပ်စီးတွေပြက်သည်
နှုတ်ကပတ်တော်သည် လူသားတွေအတွက် စွန့်ခွာဖို့ခက်ခဲ
ဘုရား နှုတ်ကပတ် က နက်နဲပေမယ့်လည်း ဝမ်းမြောက်ခြင်းဖြစ်
လူသားအားလုံး မွေးကင်းစကလေးတွေလို ဝမ်းမြောက်ပြီး
ဘုရားသခင် ကြွလာခြင်းအား ဝမ်းမြောက်စွာ ဂုဏ်ပြု
ရှေ့တော်၌ ဘုရားအသံသည် ဆွဲဆောင်သည် လူတို့အား
ထိုအချိန်မှစ ဘုရားသခင်ဟာ လူတွေကြားမှာ တရားဝင် ဝင်ရောက်
ဒီအချက်ကြောင့် လူသားအားလုံး ဘုရားကို ကိုးကွယ်လာကြသည်
ဘုရား ပေးသော ဘုန်းတော်နဲ့ သူ့ရဲ့ နှုတ်ကပတ်တော်ကြောင့်
အားလုံး ဘုရားရှေ့တော်၌လာ၍
လူတွေမြင်ပါပြီ အရှေ့အရပ်ကလျှပ်စီး