Showing posts with label ဖန်ဆင်းသူ. Show all posts
Showing posts with label ဖန်ဆင်းသူ. Show all posts
12/17/2019
ပုံပြင်နံပါတ် မျိုးစေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေအလင်းရောင်၊ တေးဆိုငှက်များနှင့် လူသား
ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး အမြစ်လောင်းလေးများသည်လည်း မြေကြီးအောက်ဖက်ထဲကို တဖြည်းဖြည်း တိုးဝင်ကြီးထွားလာကြသည်။ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီများအလီလီ ပြောင်းလာသည်နှင့်အမျှ အညှောက်လေးသည် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး ကြီးထွားလာသည်။ နွေရာသီရောက်သော် ဤအညှောက်လေးသည် အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ကမ္ဘာမြေကြီးသည် ရေလက်ဆောင်များကို ယူလာပေးသည်။ ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရဘဲ နွေရာသီ၏ အပူဒဏ်မှ လွတ်မြောက် ရှင်သန်ခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ့၏နွေးထွေးသည့်ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး တစ်ယောက်နှင့် တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားခဲ့ကြသည်။ ကမ္ဘာမြေကြီး၏ အနွေးဓာတ်ကြောင့်သာ အညှောက်လေးသည် ဆောင်းရာသီ၏ ပြင်းထန်သည့် လေနှင့် နှင်းဒဏ်ကို ဖြတ်သန်းရင်း ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရပြန်သည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ရဲရင့်လာပြီး ပျော်ရွှင်ခဲ့ရသည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက်သည့် ပြုစုစောင့်ရှောက်မှုကြောင့် ဝင့်ဝင့်ကြွားကြွား ကြီးထွားဖွံ့ဖြိုးလာရသည်၊ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရသည်။ မိုးစက် မိုးပေါက်လေးများ ကျသည့်အသံနှင့်အတူ သူသည် တေးဆိုသည်၊ လေနှင့်အတူ ယိမ်းနွဲ့ကခုန်သည်။ ထို့ကြောင့် အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မှီခိုနေကြရသည်။
12/16/2019
ပုံပြင်နံပါတ် ကြီးမားသည့် တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး
တသွင်သွင်စီးဆင်းနေသည့် စမ်းချာင်းလေးတစ်ခု ရှိခဲ့ပါသည်၊ စမ်းချောင်းလေးသည် နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ ရေစီးကြောင်းကို ကာဆီးထားသည့် အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်း သေးငယ်သည့်လေသံနှင့် “ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်က ကျွန်တော် သွားမည့်လမ်းတွင် ရပ်နေပြီး ကျွန်တော် ရှေ့ဆက်သွားမယ့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု မေးလိုက်သည်။ ဤတွင် တောင်ကြီးက “သင် မည်သို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်တော် နားခိုရာအိမ် ရှာနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ဆက်လုပ်၊ ငါ့ပေါ်ကနေ စီးဆင်းသွား” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်းလေးသည် အားနည်းလွန်းပြီး၊ သေးငယ်လွန်း၍ ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကို ကျော်ပြီး စီးဆင်းဖို့ မဖြစ်နိုင်ပါ၊ ထို့ကြောင့် တောင်ခြေတွင် ဆက်ပြီးစီးဆင်းနေရုံက လွဲပြီး သူ့တွင် ရွေးချယ်စရာမရှိပါ။
10/24/2019
ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည်
10/15/2019
ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏
ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် နံနက်နှင့် ညဦးပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့ရာတွင် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံးအတွက် အလင်းကို စတင်ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို အမှောင်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင် စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်နှင့် သြဇာအာဏာသည် ဘေးချင်းယှဉ်လျှက် တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာအားလုံးကြားတွင် စတင်ထင်ရှားလာပြီး သူ့နှုတ်ကပတ်တော်၏ အကျိုးရလဒ်အနေနှင့် သူ၏ တန်ခိုးသည် အရာအားလုံးကြားတွင် ပျံ့နှံ့သည်။ ထိုနေ့မှစပြီး အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် စတင် လှုပ်ရှားလာကြသည်။ “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်ကို ဘုရားသခင်မိန့်လိုက်သည့်အခါတွင် အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အစီအစဉ်ကိုမျှ စတင်ခြင်း မရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေနှင့် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့အထိ သူ၏ တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုဆဲဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မည်သည့်အခါမျှ ပျောက်ကွယ်မသွားပေ။ ထိုအလင်း၏ တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေခဲ့ပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ထိုအလင်းသည် ဖန်ဆင်းရှင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာတို့ကို အကြိမ်ကြိမ် အတည်ပြုသည်။ ထိုအရာသည် မသိမြင်နိုင်သည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားမှု မဟုတ်ပါဘဲ လူသားက မြင်တွေ့နိုင်သည့် စစ်မှန်သည့် အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံး ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့် အရာအားလုံးကို ဖန်ဆင်းခြင်း၏ ပထမလုပ်ဆောင်ချက်တွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာပြီးနောက် မရှေးမနှောင်းတွင် ဘုရားသခင်သည် အလင်းနှင့် အမှောင်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် အရာအားလုံးသည် ပြောင်းလဲခဲ့ပြီး ပြည့်စုံခဲ့သည်။ ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး အမှောင်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာတွင် ပထမဆုံးညဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်ခဲ့ပြီး ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာအားလုံးကို ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ပြီး အရာအားလုံးကို ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည်။ သူဖန်ဆင်းခဲ့သည့် ဤကမ္ဘာတွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့သည့် ပထမအကြိမ် ဖြစ်ခဲ့သည်။
4/12/2019
ဘုရားသခင်ကို ချီးမွမ်းခြင်း | အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း
Ⅰ
Myanmar Christian Song 2019 (အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း)
Ⅰ
ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာ
သင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်
ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူ
သင့်ဘဝခရီး စတင်လာ
သင့်နောက်ကြောင်း ရှေ့ခရီး ဘယ်လိုပင်တည်ရှိပါလေစေ
ဘယ်သူမှလည်း ထက်ကောင်းကင်ဘုံမှာ
နေရဖို့ စီစဉ်မှုမှ မလွတ်ကင်းနိုင်
ဘယ်သူမှလည်း မိမိကံကို ချုပ်ထိန်း၍ မရ
အရာခပ်သိမ်းကို အုပ်စိုးသောအရှင်သာ ထိုအရာများ တတ်စွမ်းနိုင်
10/29/2018
ဘုရားသခင်၏ ပြောဆိုသံ-ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏
ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။ သို့မှသာ ငါ၏ ရည်ရွယ်ချက် ဖြစ်သော လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဟူသည့် အရာကို ငါအကောင်အထည်ဖော်နိုင်မည်။ ထိုနည်းတူ ငါ၏ နေအိမ်သို့ ပြန်လာနိုင်ရန် ငါကိုယ်တိုင် ကယ်တင်ရန် ဆန္ဒရှိသော အုပ်စုကို ငါခေါ်ပြီးနောက် နောက်ဆုံးသောကာလ၌ ထိုသူအားလုံးတို့အား ငါ၏အမှုကို လက်ခံရန် ငါခွင့်ပြုမည်။ ထိုအချိန်၌ လူအသီးသီးတို့အား အမျိုးအစားအလိုက် ငါခွဲထုတ်မည်။ ထို့နောက် ၎င်းတို့၏ အကျင့်များအပေါ် မူတည်၍ တစ်ဦးချင်းစီကို ဆုချီးမြှင့်မည်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်မည်။ ဤအရာများမှာ ငါ၏ အမှုထဲ၌ ပါဝင်သည့် အဆင့်များ ဖြစ်သည်။
10/21/2018
ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်
လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏ အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့် အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့် စကားလုံးမျှ သူ၏ နှုတ်တော်ထဲမှ ပြောထွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့် အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ ဘုရားသခင်၏ ကိုယ်ပိုင် စီမံခန့်ခွဲမှု အဖို့အလို့ငှာ လူသားတို့ကို ကယ်တင်ရန်ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံး၌ အလုပ်အားလုံး၏ အဓိက အချက်အချာမှာ ခရစ်တော်၏အလုပ် ဖြစ်သည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့် အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် အသွေးအသား ဇာတိခန္ဓာ ဖြစ်လာသည့်နောက် သူ၏ ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ ဇာတိခန္ဓာဖြင့် ကြွလာခဲ့သည့်အတွက် သူလုပ်သင့် လုပ်ထိုက်သော အလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော် လုပ်ငန်းကိုလည်း ဖော်ဆောင်သည်။
Subscribe to:
Posts (Atom)