菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label နောက်ဆုံးသောကာလ. Show all posts
Showing posts with label နောက်ဆုံးသောကာလ. Show all posts

8/02/2019

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်သည်၊ ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုခဲ့သည့်အတိုင်း ဖြူသောပလ္လင်ကြီး၏ တရားစီရင်မှုဖြစ်သည်။

ယေရှု, သမ္မာတရား, အသက်, နောက်ဆုံးသောကာလ, ဘုရားသခင်၏ နှုတ်ကပတ်တော်,

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄: ၁၇)

တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။” (ဗျာဒိတ်ကျမ်း ၂၀: ၁၁-၁၅)

7/25/2019

လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ယေရှု, အသင်းတော်, ဘုရားသခင်, နောက်ဆုံးသောကာလ,သမ္မာတရား,

လူသားသည် ယနေ့အမှုနှင့်အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာနားလည်၏။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ဝင်ရောက်မည့် ခရီးပန်းတိုင်ကို နားမလည်ပါ။ သတ္တဝါတစ်ဦးအနေဖြင့် လူသားသည် သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်သင့်သည်၊ ဘုရားသခင်လုပ်သမျှနောက်သို့ လူသားလိုက်ရမည်ဖြစ်သည်၊ သင်တို့သည် ငါပြောသည့်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ရမည်။ သင်သည် သင်ကိုယ်တိုင်အတွက် အမှုအရာများကို ကိုင်တွယ်စီမံရန် နည်းလမ်းလုံးဝမရှိသည့်အပြင် သင့်ကိုယ်သင်အပေါ် ထိန်းချုပ်နိုင်ခြင်းလည်း မရှိပေ။ အရာခပ်သိမ်းကို ဘုရားသခင်၏ကရုဏာထံ အပ်နှံရမည်ဖြစ်လျက်၊ အရာခပ်သိမ်းသည် သူ့လက်များအတွင်း၌ ဆုပ်ကိုင်ခြင်းကို ခံရ၏။ ဘုရားသခင်၏အမှုသည် လူသားကို အချိန်မကျမီ ရလဒ်တစ်ခု၊ အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်တစ်ခုပေး၍ ဘုရားသခင်သည် ဤသည်ကို အသုံးပြုလျက် လူသားကိုသွေးဆောင်ကာ သူ့နောက်သို့ လိုက်စေပါက၊ သူသည် လူသားနှင့် အပေးအယူတစ်ရပ် လုပ်ပါက၊ ဤသည်မှာ သိမ်းပိုက်ခြင်းလည်းမဟုတ် လူသား၏ဘဝအပေါ် အမှုဆောင်ရန်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ချုပ်ကိုင်၍ လူသား၏နှလုံးသားကို ရယူရန် ၎င်းရလဒ်ကို အသုံးပြုမည်ဆိုပါက ထိုသို့ပြုခြင်းဖြင့် သူသည် လူသားကို စုံလင်နေစေခြင်းလည်းမဟုတ်၊ လူသားကို ရရှိနိုင်မည်လည်းမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ခရီးပန်းတိုင်ကို သူ့ကိုချုပ်ကိုင်ရန် အသုံးပြုနေခြင်းဖြစ်လိမ့်မည်။ လူသားသည် အနာဂတ်ရလဒ်၊ နောက်ဆုံး ခရီးပန်းတိုင်နှင့် မျှော်လင့်ရန်ကောင်းသောအရာတစ်ခုခု ရှိမရှိတို့ထက် ပို၍ဂရုပြုသည့်အရာ မရှိပေ။ သိမ်းပိုက်သည့်အမှု ဆောင်ရွက်နေစဉ် လူသားကို လှပသည့်မျှော်လင့်ချက်တစ်ရပ် ပေးခဲ့၍ လူသားကို သိမ်းပိုက်ခြင်းမပြုမီ သူ့ကို လိုက်လျှောက်ရမည့် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ပေးခဲ့လျှင်၊ လူသားအပေါ်သိမ်းပိုက်ခြင်းသည် ၎င်း၏သက်ရောက်မှုကို မရသည်သာမက သိမ်းပိုက်ခြင်းအမှု၏ သက်ရောက်မှုမှာလည်း လွှမ်းမိုးခံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသား၏ကံကြမ္မာနှင့် အလားအလာများကို ယူပစ်လိုက်ကာ၊ လူသား၏ ပုန်ကန်သော စိတ်သဘောထားကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် သိမ်းပိုက်ခြင်းအမှုသည် ၎င်း၏သက်ရောက်မှုကို ရရှိသည်။ လူသားနှင့် သဘောတူညီချက်တစ်ရပ် လုပ်ဆောင်ခြင်းဖြင့်၊ ဆိုလိုသည်မှာ လူသားကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ပေးခြင်းဖြင့် ရရှိသည်မဟုတ်ပေ။ သို့သော် လူသား၏ “လွတ်လပ်မှု” ကို လုံးဝဖယ်ရှား၍ သူ၏အလားအလာများကို ပပျောက်စေခြင်းမှတစ်ဆင့် သူ၏သစ္စာစောင့်သိမှုကို ဖော်ထုတ်ခြင်းဖြင့် ရရှိသည်။ ဤသည်မှာ သိမ်းပိုက်ခြင်းအမှု၏ အနှစ်သာရဖြစ်သည်။ အစအဦး၌ လူသားကို လှပသောမျှော်လင့်ချက်ပေးခဲ့၍ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုတို့ကို ထို့နောက်တွင်မှ ပြုလုပ်ပါက၊ လူသားသည် ၎င်းတွင်မျှော်လင့်ချက်များ ရှိသည်ဟူသောအခြေခံဖြင့် ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံမည်ဖြစ်ပြီး၊ အဆုံးတွင် ဖန်ဆင်းထားသော သက်ရှိသတ္တဝါအားလုံး၏ ဖန်ဆင်းရှင်အပေါ် အကန့်အသတ်မရှိသော နာခံမှုနှင့် ကိုးကွယ်မှုတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်ပေ။ မျက်ကန်းတောတိုး၊ အသိဉာဏ်မဲ့သည့် နာခံမှုသာလျှင် ရှိမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် အသိဉာဏ်ကင်းမဲ့သည့် တောင်းဆိုမှုများ ပြုလုပ်မည်ဖြစ်သောကြောင့် လူသား၏နှလုံးသားကို အပြည့်အဝသိမ်းပိုက်ရန်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့သော သိမ်းပိုက်ခြင်းအမှုသည် လူသားကို ရရှိနိုင်စွမ်းရှိမည် မဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်အပေါ် သက်သေခံနိုင်စွမ်းလည်း ရှိမည်မဟုတ်ပေ။ ထိုကဲ့သို့သော သက်ရှိသတ္တဝါတို့သည် သူတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိဘဲ ဘုရားသခင်နှင့် သဘောတူညီချက်များ ရယူရန်သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခြင်းမဟုတ်ဘဲ သနားခြင်းကရုဏာနှင့် ကောင်းချီးမင်္ဂလာတို့သာဖြစ်လိမ့်မည်။ လူသားအတွက် အကြီးမားဆုံးသော ပြဿနာမှာ သူသည် သူ၏ကံကြမ္မာနှင့် အလားအလာများမှလွဲ၍ မည်သည့်အရာကိုမျှ တွေးတောစဉ်းစားမှု မရှိခြင်းနှင့် ၎င်းတို့ကို မြတ်နိုးကိုးကွယ်ခြင်းတို့ ဖြစ်သည်။ လူသားသည် သူ၏ကံကြမ္မာနှင့် အလားအလာအတွက် ဘုရားသခင်နောက်လိုက်၏။ ဘုရားသခင်ကိုချစ်၍ သူ့ကိုကိုးကွယ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် လူသားကိုသိမ်းပိုက်ရာတွင် လူသား၏အတ္တဆန်မှု၊ လောဘနှင့် ဘုရားသခင်ကို သူကိုးကွယ်ရာတွင် အဟန့်အတားအဖြစ်ဆုံး အရာအားလုံးကို ဖယ်ရှားရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် လူသားကိုသိမ်းပိုက်ခြင်း၏ သက်ရောက်မှုများကို ရလိမ့်မည်။ ရလဒ်အနေဖြင့်၊ လူသားအပေါ် အစောဆုံးသိမ်းပိုက်မှုတွင် လူသား၏ ထိန်းမနိုင်သိမ်းမရ ရည်မှန်းချက်များနှင့် အဆိုးရွားဆုံးသော အားနည်းချက်တို့ကို ဦးစွာကင်းစင်အောင်ပြုလုပ်ရန် လိုအပ်၍ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပြသပြီး၊ လူ့ဘဝအကြောင်း သူ၏အသိကို ပြောင်းလဲရန်၊ ဘုရားသခင်အပေါ် သူ၏အမြင်နှင့် သူ့ဖြစ်တည်မှု၏ အဓိပ္ပာယ်တို့ကို ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် သန့်စင်သွား၏။ ဆိုလိုသည်မှာ၊ လူသား၏နှလုံးသားသည် သိမ်းပိုက်ခံရ၏။ သို့ရာတွင် သက်ရှိသတ္တဝါအားလုံးအပေါ် သူ၏သဘောထားတွင် ဘုရားသခင်သည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်သည်မဟုတ်ဘဲ၊ သူ၏ဘုန်းတော်အတွက်နှင့် ရှေးဦးဆုံး လူသား၏နဂိုမူလပုံစံကို ပြန်လည်ရယူရန်အတွက် သိမ်းပိုက်ခြင်းဖြစ်၏။ သူသည် သိမ်းပိုက်ခြင်းသက်သက်အတွက်သာ သိမ်းပိုက်ပါက၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါပုံမှာ ပျောက်ဆုံးသွားပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် လူသားကိုသိမ်းပိုက်ပြီးနောက် ဘုရားသခင်သည် လူသားကို စွန့်လွှတ်၍ လူသား၏သေခြင်း၊ ရှင်ခြင်းကို လုံးဝဂရုမစိုက်ပါက၊ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်လိမ့်မည် မဟုတ်ပေ၊ လူသားကို သိမ်းပိုက်ခြင်းသည်လည်း သူ၏ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားကို သူသိမ်းပိုက်ပြီးနောက်ပိုင်းတွင် သူ့ကိုရယူခြင်းနှင့် အဆုံးတွင် အံ့ဩဖွယ်ရာ ခရီးပန်းတိုင်၌ လူသားရောက်ရှိခြင်းသည်သာလျှင် ကယ်တင်ခြင်းအမှုအားလုံး၏ အချက်အချာတွင်ရှိကာ၊ ဤသည်သာလျှင် လူသားကိုကယ်တင်ခြင်း၏ ရည်မှန်းချက်ကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် လှပသည့်ခရီးပန်းတိုင်သို့ လူသားရောက်ရှိခြင်းနှင့် နားနေခြင်းသို့ သူ၏ဝင်ရောက်ခြင်းသည်သာလျှင် သက်ရှိသတ္တဝါအားလုံး ပိုင်ဆိုင်သင့်သည့် အလားအလာများဖြစ်ပြီး ဖန်ဆင်းရှင်မှ ဆောင်ရွက်သင့်သည့် အမှုဖြစ်၏။ အကယ်၍ လူသားက ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ၊ ထို့အပြင် လူသားသည် မိမိ၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ လူသားကို သူကယ်တင်သဖြင့် လူသားကို လုံးလုံးလျားလျား သူကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်ပေးလိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် ဆောင်ရွက်သည့်အမှုဖြစ်သည်။ လူသားကို သူ၏အလားအလာများမှ ကင်းစင်စေခြင်းအားဖြင့် သိမ်းပိုက်ခြင်းအမှုကို ဖြစ်မြောက်စေသော်လည်း အဆုံးတွင် လူသားကို ၎င်းအတွက် ဘုရားသခင်ကပြင်ဆင်ထားသည့် သင့်တော်သောခရီးပန်းတိုင်အတွင်းသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ အတိအကျအားဖြင့် ဘုရားသခင်သည် လူသားအပေါ် အမှုဆောင်သည့်အတွက် လူသားတွင် ခရီးပန်းတိုင်ရှိ၍ ၎င်း၏ကံကြမ္မာသည် စိတ်ချရမည်အကြောင်းဖြစ်၏။ ဤနေရာတွင် ရည်ညွှန်းသည့် သင့်တော်သောခရီးပန်းတိုင်သည် အတိတ်ကသန့်စင်လိုက်သော လူသား၏ မျှော်လင့်ချက်များနှင့် အလားအလာများ မဟုတ်ပါ။ ၎င်းတို့နှစ်ခုမှာ ကွဲပြားခြားနားကြ၏။ လူသားမျှော်လင့်၍ လိုက်စားသည့် အရာများသည် ဇာတိပကတိ၏ လွန်ကဲသော အလိုဆန္ဒများကိုလိုက်စားမှုအပေါ် တမ်းတခြင်းများဖြစ်ကာ လူသားနှင့်ထိုက်တန်သော ခရီးပန်းတိုင်မဟုတ်ပေ။ ထိုအတောအတွင်း လူသားအတွက် ဘုရားသခင်က ပြင်ဆင်ထားသည့်အရာများမှာ လူသားကို သန့်စင်စေပြီးနောက် လူသားနှင့်ထိုက်တန်သည့် ကောင်းချီးမင်္ဂလာများနှင့် ကတိများဖြစ်၏။ ၎င်းတို့မှာ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် လူသားအတွက် ပြင်ဆင်ထားခဲ့သည့်အရာများဖြစ်၍ လူသား၏ ရွေးချယ်ချက်၊ စိတ်ကူးစိတ်သန်းများ၊ စိတ်ကူးယဉ်မှုများ သို့မဟုတ် ဇာတိပကတိတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ဤခရီးပန်းတိုင်မှာ သီးခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ရပ်လုံး နားခိုရာအရပ်ဖြစ်၏။ ထို့ကြောင့် ဤခရီးပန်းတိုင်သည် လူသားမျိုးနွယ်အတွက် အသင့်တော်ဆုံး ခရီးပန်းတိုင်ဖြစ်၏။

4/09/2019

ဘုရားသခင်၏ နှုတ်ကပတ်တော် (အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်) အပိုင်း နှစ်


ဘုရားသခင်၏ နှုတ်ကပတ်တော် (အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်) အပိုင်း နှစ်

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- "နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုနေသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ဖို့အတွက် သို့မဟုတ် လူသားလက်ခံအောင် လုပ်ဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ တန်ခိုးကို မထင်ရှားစေနိုင်ပါ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ဘုရားသခင်ပြနေလျှင် ဘုရားသခင်၏ လက်တွေ့ အရှိသဘောကို ပြဖို့ခက်မည်ဖြစ်ပြီး ထိုသို့ခက်သောကြောင့် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို စုံလင်အောင် မလုပ်ပေးပါ။ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန်အတွက် ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ နှုတ်ကပတ်တော်ကို အသုံးပြုပြီးနောက် လူသားက ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်အောင်၊ ဘုရားသခင်ကို သိသောအသိ ပြည့်စုံအောင် လုပ်ပေးသည်။ ဘုရားသခင်လုပ်သည့် အလုပ်နှင့် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်သည် ထိုသို့ လုပ်ဆောင်ဖို့ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးပြုသည့် နည်းလမ်းကို မသုံးပါ၊ လူသားကို စုံလင်အောင် ပြုလုပ်ပေးဖို့အတွက် သူပြောသည့် နှုတ်ကပတ်တော်များနှင့် အလုပ်လုပ်နည်း မျိုးစုံကို အသုံးပြုသည်။ စစ်ဆေးသည့် အလုပ်ဖြစ်စေ၊ ဆုံးမသည့် အလုပ်ဖြစ်စေ၊ ပြုပြင်သည့် အလုပ်ဖြစ်စေ၊ နှုတ်ကပတ်တော်များပြောသည့် အလုပ်ဖြစ်စေ၊ ဘုရားသခင်သည် ရှုထောင့်အမျိုးမျိုးမှ ပြောဆိုပြီး လူသားကို စုံလင်အောင်၊ ဘုရားသခင်၏ အလုပ်၊ ဉာဏ်ပညာနှင့် အထူးတလည် ကောင်းမြတ်မှုကို သိသောအသိ လူသား၌ ပိုများလာအောင် ပြုလုပ်ပေးသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ပြီး လူသားကို ပြည့်စုံစေသောအခါ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့အတွက် အရည်အချင်း ပြည့်မီနေလိမ့်မည်။ … နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်သည် လူသားကို အပြစ်ပေးသည့်အချိန်၊ ခေတ်ပြောင်းလဲသည့် အချိန်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်ကို ပုံမှန်လုပ်ဆောင်နေသော အချိန်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပါ။"

အကြံပြုစာများဖတ်ရှုလေ့လာရန်: နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

11/04/2018

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

အသက်, သမ္မာတရား, နောက်ဆုံးသောကာလ, ခရစ်တော်, အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်

အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူသားအကြားတွင် အစဉ်နေထိုင်၏။ သူသည် လူသားအသက်ရှင်မှု၏ တွန်းအား၊ လူသားဖြစ်တည်နေမှု၏ အခြေခံနှင့် လူသား မွေးဖွားပြီးနောက် တည်ရှိနေရေးအတွက် ကြွယ်ဝသောသိုက်ဖြစ်၏။ သူသည် လူသားကို ပြန်လည်မွေးဖွားစေ၍ လူသားကို ၎င်း၏အခန်းကဏ္ဍတိုင်းတွင် ဇွဲလုံ့လဖြင့် အသက်ရှင်နိုင်စေ၏။ သူ့တန်ခိုး၏ ကျေးဇူးကြောင့်နှင့် သူ၏ငြိမ်းသတ်၍မရသော အသက်အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်ခဲ့ကာ ထိုသို့နေထိုင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ အသက်တန်ခိုးသည် လူသားတည်ရှိရေးအတွက် အဓိကပံ့ပိုးမှုဖြစ်၍ လူသားတည်ရှိရေးအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ခဲ့ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင်က ပေးဆပ်ခဲ့၏။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏။ သူ၏တန်ခိုးသည် ထူးကဲ၍ ဖန်ဆင်းထားသည့် မည်သည့်သတ္တဝါ၊ သို့မဟုတ် မည်သည့်ရန်သူအင်အားကမျှ သူ၏အသက်အင်အားကို အလွယ်တကူ လွှမ်းမိုးနိုင်ခြင်း မရှိပါ။ အချိန်၊ သို့မဟုတ် နေရာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသောပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပါပေ။ အရာခပ်သိမ်း မတည်သော်လည်း ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အရာခပ်သိမ်း တည်ရှိနေရေး၏ အရင်းအမြစ်ဖြစ်၍ ၎င်းတို့တည်ရှိနေရေး၏ ရေသောက်မြစ် ဖြစ်သောကြောင့်ဖြစ်၏။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ဘုရားသခင်ကြောင့် ကောင်းကင်တည်ရှိခြင်းဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိနေခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ တက်ကြွမှုရှိသော မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ထို့အပြင် ကြံ့ခိုင်သော မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာပိုင်နက်မှ ခွဲထွက်သွားနိုင်ခြင်း မရှိပါ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နာခံရမည်။ လူတိုင်း ဘုရားသခင်၏ ပညတ်တော်အောက်တွင် အသက်ရှင်နေထိုင်ရမည်ဖြစ်၍ မည်သူမျှ သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပါ။

10/29/2018

ဘုရားသခင်၏ ပြောဆိုသံ-ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏

ယေရှု, ယုံကြည်ခြင်း, ဖန်ဆင်းသူ, နောက်ဆုံးသောကာလ, အသက်,

  ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။ သို့မှသာ ငါ၏ ရည်ရွယ်ချက် ဖြစ်သော လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဟူသည့် အရာကို ငါအကောင်အထည်ဖော်နိုင်မည်။ ထိုနည်းတူ ငါ၏ နေအိမ်သို့ ပြန်လာနိုင်ရန် ငါကိုယ်တိုင် ကယ်တင်ရန် ဆန္ဒရှိသော အုပ်စုကို ငါခေါ်ပြီးနောက် နောက်ဆုံးသောကာလ၌ ထိုသူအားလုံးတို့အား ငါ၏အမှုကို လက်ခံရန် ငါခွင့်ပြုမည်။ ထိုအချိန်၌ လူအသီးသီးတို့အား အမျိုးအစားအလိုက် ငါခွဲထုတ်မည်။ ထို့နောက် ၎င်းတို့၏ အကျင့်များအပေါ် မူတည်၍ တစ်ဦးချင်းစီကို ဆုချီးမြှင့်မည်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်မည်။ ဤအရာများမှာ ငါ၏ အမှုထဲ၌ ပါဝင်သည့် အဆင့်များ ဖြစ်သည်။

10/11/2018

ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ အရှင်သခင် ဖြစ်၏

ဆုံးမ, နောက်ဆုံးသောကာလ, သမ္မာတရား, အသက်, သက်သေခံချက်

  လွန်ခဲ့သော ခေတ်ကာလနှစ်ခုအတွင်းတွင် ဣသရေလနိုင်ငံ၌ လုပ်ငန်းအဆင့်တစ်ခု ဖြစ်ခဲ့ပြီး အခြားအဆင့်တစ်ခုသည် ယုဒပြည်၌ ဖြစ်ခဲ့သည်။ ယေဘုယျအားဖြင့် ဤအလုပ်၏ မည်သည့်အဆင့်မျှ ဣသရေလနိုင်ငံကို မချန်ထားခဲ့ပါ။ ဤအရာတို့သည် ရှေးဦးစွာ ရွေးကောက်ခြင်းကို ခံရသောလူများအကြားတွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအဆင့်များ ဖြစ်ကြသည်။ ထိုကြောင့် ဣသရေလအမျိုးသားများ၏ အမြင်မှာ ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသာ ဖြစ်သည်။ ယုဒပြည်တွင် ယေရှု၏ လုပ်ဆောင်ချက်ကြောင့်လည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအမှုကို ပြီးမြောက်ခြင်းကြောင့်လည်းကောင်း၊ ယုဒအမျိုးသားများ၏အမြင်မှာ- ယေရှုသည် ယုဒလူမျိုးတို့၏ ကယ်တင်ရှင်တစ်ပါးဖြစ်သည်။ ယေရှုသည် ယုဒအမျိုးသားတို့၏ ရှင်ဘုရင်သာ ဖြစ်သည်၊ အခြား မည်သည့်လူများအတွက်မျှ မဟုတ်ပေ။ ယေရှုသည် ဗြိတိန်လူမျိုးကို ကယ်တင်သော အရှင်သခင် မဟုတ်သလို၊ အမေရိကန်လူမျိုးကို ကယ်တင်သော အရှင်သခင်လည်း မဟုတ်ဘဲ၊ ဣသရေလအမျိုးသားများကို ကယ်တင်သော အရှင်သခင်ဖြစ်ပြီး ဣသရေလနိုင်ငံတွင် သူကယ်တင်သောသူမှာ ယုဒအမျိုးသားများ ဖြစ်သည်။ အမှန်စင်စစ် ဘုရားသခင်သည် အရာခပ်သိမ်း၏ အရှင်သခင် ဖြစ်ပါသည်။ ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ မဟုတ်ပါ။ ထို့အတူ ဘုရားသခင်သည် ယုဒအမျိုးသားများ၏ ဘုရားသာ မဟုတ်ပါ။ ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်ပါသည်။ ဘုရားသခင်၏ ယခင်က လုပ်ငန်းအဆင့်နှစ်ဆင့်သည် ဣသရေလနိုင်ငံ၌ ဖြစ်ပွားခဲ့ပါသည်။ ဤနည်းလမ်းအားဖြင့် အချို့သော အယူအဆများသည် လူများကို ပုံစံသွင်းခဲ့ပါသည်။ လူအများ စဉ်းစားသည်မှာ ယေဟောဝါသည် ဣသရေလနိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ယေရှုကိုယ်တော်တိုင် သူ၏အလုပ်ကို ယုဒပြည်တွင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် သူသည် လူဇာတိအဖြစ်ကိုခံယူ၍ ယုဒပြည်၌ လုပ်ဆောင်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤအလုပ်သည် ဣသရေလနိုင်ငံကို မကျော်လွန်ခဲ့ပါ။ ယေရှုသည် အဲဂုတ္တုအမျိုးသားများနှင့်လည်း အလုပ်မလုပ်ခဲ့ပါ။ အိန္ဒိယအမျိုးသားများနှင့်လည်း အလုပ်မလုပ်ခဲ့ပါ။ သူသည် ဣသရေလအမျိုးသားများနှင့်သာ အလုပ်လုပ်ခဲ့ပါသည်။ ထိုကြောင့် လူများသည် အမျိုးမျိုးသော အယူအဆများကို ပုံသွင်းကြသည်။ ထို့အပြင် သူတို့သည် ဘုရားသခင်၏ အလုပ်ကို အတိုင်းအတာတစ်ခုဖြင့် ဘောင်ခတ်လိုက်ကြသည်။ သူတို့ကဆိုသည်မှာ ဘုရားသခင် အလုပ်လုပ်သောအခါ ဣသရေလနိုင်ငံနှင့် ရွေးကောက်ခြင်းကိုခံရသော လူများတွင် လုပ်ဆောင်သည်။ ဘုရားသခင်သည် ဣသရေလအမျိုးသားများကို ကယ်တင်သည်၊ ဘုရားသခင်ထံတွင် သူ၏အလုပ်အတွက် အခြားသော လက်ခံရရှိသူ မရှိသည့်အပြင် အလုပ်လုပ်ဆောင်ရန် အခြားနယ်ပယ်ဒေသလည်း မရှိပါ၊ အထူးသဖြင့် သူတို့သည် လူ့ဇာတိအဖြစ်ကို ခံယူထားသည့် ဘုရားသခင်၏ “ဆုံးမပဲ့ပြင်ခြင်း” ကို ဣသရေလနယ်ပယ်မှတစ်ပါး အခြားသို့ ကျော်လွန်ရန် ဘုရားသခင်အား ခွင့်မပြုကြပေ။ ဤအရာအားလုံးသည် လူများ၏ အယူအဆများသာ မဟုတ်ပါလား။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပါသည်။ သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်း ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို ဣသရေလနိုင်ငံ၌သာ မည်သို့ ကန့်သတ်ထားနိုင်မည်နည်း။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအရာအားလုံးသည် ဘုရားသခင်အဘို့အလိုငှာ မဟုတ်လျှင် မည်သည့်ရည်ရွယ်ချက် ဖြစ်မည်နည်း။ ဘုရားသခင်သည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်ခဲ့ပါသည်။ ယင်းအစီအစဉ်သည် ဣသရေလနိုင်ငံ၌သာ မဟုတ်ပါ။ စကြဝဠာတစ်ခုလုံးရှိ လူသားတိုင်းအတွက် ဖြစ်ပါသည်။ တရုတ်၊ အမေရိကန်၊ အင်္ဂလန် သို့မဟုတ် ရုရှား မည်သည့်နိုင်ငံမှာပင် နေပါစေ၊ လူသားတိုင်းသည် အာဒံမှ ဆင်းသက်သောအမျိုးအနွယ် ဖြစ်ပါသည်။ ဘုရားသခင်သည် ထိုသူအပေါင်းတို့ကို ဖန်ဆင်းခဲ့ပါသည်။ မည်သူမျှ ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ မကင်းလွတ်နိုင်ပါ။ လူတစ်ဦးတစ်ယောက်မျှ “အာဒံ၏အမျိုးအနွယ်” ဟူသည့် အမည်သညာမှ မလွှဲရှောင်နိုင်ပါ။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်ကြပြီး အာဒံ၏ အမျိုးအနွယ်များဖြစ်ကြသည်။ ထို့အတူ ထိုသူအပေါင်းတို့သည် ဖောက်ပြန်ပျက်စီးသော အာဒံနှင့်ဧဝ၏ သားမြေးစဉ်ဆက်များ ဖြစ်ကြသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းတွင် ဣသရေလအမျိုးသာ မဟုတ်ပါ။ လူသားအပေါင်းတို့ ပါဝင်ပါသည်။ သို့သော် ဖန်ဆင်းခြင်းထဲတွင် အချို့သောသူတို့သည် ကျိန်ခြင်းကိုခံရပြီး အချို့သောသူများမှာ ကောင်းကြီးမင်္ဂလာကို ခံစားရကြသည်။ ဣသရေလအမျိုးသားများနှင့် ပတ်သက်၍ မက်မောဖွယ်ကောင်းသော အကြောင်းအရာ မြောက်မြားစွာ ရှိပါသည်။ ရှေးဦးစွာ ဘုရားသခင်သည် ထိုသူတို့နှင့်အတူ အလုပ်လုပ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကျရှုံးမှုအနည်းဆုံးသောလူများ ဖြစ်ခဲ့ကြသည်။ တရုတ်လူမျိုးများအနေဖြင့် သူတို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သေးနုပ်နေပြီး ထိုသူတို့နှင့် လိုက်ဖက်ရန် မျှော်လင့်ချက်ပင် မထားနိုင်ပါ။ ထိုကြောင့် ရှေးဦးစွာ ဘုရားသခင်သည် ဣသရေလအမျိုးသားများတွင် အလုပ်လုပ်ခဲ့ပါသည်။ ဒုတိယအဆင့်မှာ ဘုရားသခင်သည် သူ၏အလုပ်ကို ယုဒပြည်တွင် လုပ်ဆောင်ခဲ့ပါသည်။ ဤအကျိုးဆက်ကြောင့် လူများတို့သည် များလှစွာသော အယူအဆများနှင့် များလှစွာသော စည်းမျဉ်းဥပဒေများကို ဖွဲ့စည်းကြသည်။ တကယ်တမ်းတွင် ဘုရားသခင်သည် လူသားများ၏ အယူအဆများနှင့်အညီ လုပ်ဆောင်ခဲ့လျှင် ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်ခဲ့မည်။ ဤစိတ်နေစိတ်ထားဖြင့် ဘုရားသခင်သည် တစ်ပါးအမျိုးသားများဆီသို့ သူ၏အလုပ်ကို ပြန့်ပွားစေနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသတ္တဝါအပေါင်းတို့၏ဘုရား ဖြစ်မည့်အစား ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ပေမည်။ ပရောဖက်များက ယေဟောဝါ၏အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်လိမ့်မည်ဟု ဟောပြောခဲ့ကြပါသည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ပြန့်နှံ့လိမ့်မည်။ အဘယ်ကြောင့် ထိုသူတို့သည် ဤအကြောင်းအရာကို ပြောကြပါသလား။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသာ ဖြစ်ခဲ့မည်ဆိုလျှင် ဘုရားသခင်သည် ဣသရေလနိုင်ငံ၌သာ အလုပ်လုပ်ခဲ့မည်။ ထို့အပြင် ဘုရားသခင်သည် ဤအလုပ်ကို ပြန့်ပွားစေမည် မဟုတ်ပါ။ ပရောဖက်များအားဖြင့် ဤသို့ ဟောပြောစေခဲ့မှာလည်း မဟုတ်ပါ။ သို့သော် ဘုရားသခင်သည် ဤအကြောင်းအရာကို ဟောပြောစေခဲ့သည့်အတွက် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအပြင် တိုင်းနိုင်ငံတိုင်းနှင့် နေရာတိုင်းတွင် သူ၏အလုပ်ကို ပြန့်ပွားစေရန်အတွက် လိုအပ်လာပါသည်။ ဘုရားသခင်သည် ဤအရာကို ဖော်ပြခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့မည်ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အစီအစဉ်ဖြစ်ပါသည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသတ္တဝါအပေါင်းတို့၏ အရှင်သခင်ဖြစ်ပါသည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံမှာပင်ဖြစ်စေ၊ ယုဒပြည်မှာပင်ဖြစ်စေ၊ သူ၏အလုပ်ကို စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးတွင် လုပ်ဆောင်ပါသည်။ ယနေ့တွင် တစ်ပါးအမျိုးသားတိုင်းနိုင်ငံတစ်ခုဖြစ်သည့် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဘုရားသခင် လုပ်ဆောင်နေသည့်အလုပ်မှာ လူသားအားလုံးနှင့်ဆိုင်သည့် အလုပ်ပင် ဖြစ်နေပါသေးသည်။ ဣသရေလနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘုရားသခင်၏အလုပ် စတင်ခဲ့သော ဌာနချုပ် ဖြစ်နိုင်သလို တရုတ်ပြည်သည်လည်း တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအကြား ဘုရားသခင်၏အလုပ်အတွက် ဌာနချုပ်တစ်ခု ဖြစ်လာနိုင်ပါသည်။ “ယေဟောဝါ၏နာမတော်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ကြီးမြတ်မည်”ဟု ဟောပြောထားခြင်းကို ယခုမျက်မှောက်တွင် ဘုရားသခင်သည် မပြည့်စုံစေဘူးလား။ တစ်ပါးအမျိုးသားတိုင်းနိုင်ငံများတွင် ဘုရားသခင် ပထမဦးဆုံး စတင်လုပ်ဆောင်သောနေရာမှာ အဆင်းနီသောနဂါးကြီး၏နိုင်ငံ၌ ဖြစ်ပါသည်။ ဘုရားသခင်သည် ဤနယ်မြေတွင် လုပ်ဆောင်ရန်၊ ကျိန်ခြင်းခံရသော ဤလူမျိုးများအကြားတွင် လုပ်ဆောင်ရန်နှင့် အထူးသဖြင့် လူသားများ၏ အယူအဆများနှင့် ဆန့်ကျင်ပြီး လုပ်ဆောင်ရန် လူ့ဇာတိအဖြစ်ကို ခံယူပါသည်။ ဤလူများသည် အနိမ့်ဆုံးနှင့် ထိုက်တန်မှု မရှိသောသူများ ဖြစ်ပါသည်။ ရှေးကနဦးတွင် ဤလူအားလုံးသည် ယေဟောဝါ၏ စွန့်ပစ်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ လူများသည် အခြားသူများ၏ စွန့်ပစ်ခြင်းကို ခံနိုင်သည်။ သို့သော် အကယ်၍ ထိုသူတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရလျှင် ဤသူများမှာ ဖြစ်တည်မှု မရှိကြသည့်အပြင် ထိုက်တန်မှု အနိမ့်ဆုံးသောသူများ ဖြစ်ပါလိမ့်မည်။ ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရန်သူစာတန်၏ သိမ်းပိုက်ခြင်းကိုခံရခြင်း သို့မဟုတ် အခြားသောသူ၏ ပစ်ပယ်ခြင်းကိုခံရခြင်း နှစ်မျိုးလုံးသည် နာကျင်ဖွယ်သောအရာများ ဖြစ်ပါသည်။ သို့သော် ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသသည် ဖန်ဆင်းရှင်၏ ပစ်ပယ်ခြင်းကိုခံရလျှင် သူ သို့မဟုတ် သူမ၏ ဖြစ်တည်မှုသည် အကြွင်းမဲ့ နိမ့်ကျမှုတွင် ရှိနေကြောင်းကို ဖော်ပြသည်။ မောဘအမျိုးသားမှ ဆင်းသက်သော အမျိုးအနွယ်များသည် ကျိန်ခြင်းကိုခံရပြီး ထိုသူတို့သည် ဆင်းရဲနုံချာသော တိုင်းပြည်တွင် မွေးဖွားခဲ့ကြသည်။ ယုံမှားစရာ မရှိသည်မှာ မောဘ၏ အမျိုးအနွယ်များသည် အမှောင်လောက၏ အုပ်စိုးခြင်းခံရသော အနိမ့်ကျဆုံးသောလူများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်လေပြီးသော အချိန်ကာလတွင် ဤအမျိုးအနွယ်များသည် အနိမ့်ကျဆုံးသော ဖြစ်တည်မှုကို ပိုင်ဆိုင်ခဲ့ကြသည်။ ဤအမျိုးအနွယ်များတွင် ပြီးမြောက်ခဲ့သောအလုပ်မှာ လူသား၏အယူအဆများကို အချေဖျက်နိုင်ဆုံး ဖြစ်ခဲ့သည်။ ထို့အတူ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးတွင် အကျိုးကျေးဇူးအများဆုံးသော အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်အဘို့ ဤအမျိုးအနွယ်တွင် လုပ်ဆောင်ခြင်းသည် လူသားများ၏ အယူအဆများကို ချေဖျက်ရန် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာနှင့် ခေတ်တစ်ခုကို ထူထောင်သည်။ ဘုရားသခင်သည် လူသားများ၏ အယူအဆများကို ဤအရာနှင့် ချေဖျက်လေသည်။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်တစ်ခုလုံး၏ လုပ်ဆောင်ချက်ကို ဤအရာနှင့် အဆုံးသတ်ပါသည်။ ဘုရားသခင်၏ ကနဦးအမှုတော်ကို ယုဒပြည်နှင့် ဣသရေလနိုင်ငံအတွင်းတွင် လုပ်ဆောင်ခဲ့ပါသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများတွင် ခေတ်သစ်ထူထောင်ခြင်းကို လုံး၀ မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်၏ အမှုတော် နောက်ဆုံးအဆင့်မှာ တစ်ပါးအမျိုးသားများတွင်သာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အတိုင်းထက်အလွန်ပင် ထိုအမှုကို ကျိန်ခြင်းခံရသော အမျိုးသားများတွင်လည်း လုပ်ဆောင်ခဲ့ပါသည်။ ဤအချက်တစ်ချက်သည် ခိုင်လုံသော သက်သေတစ်ခုဖြစ်ပြီး စာတန်၏ တတ်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထိုကြောင့် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရှိ လူသတ္တဝါအပေါင်းတို့၏ ဘုရားရှင် “ဖြစ်လာ”ပြီး အရာခပ်သိမ်း၏ အရှင်သခင်လည်းဖြစ်သည်။ သက်ရှိများအားလုံးအတွက် ကိုးကွယ်ရာလည်း ဖြစ်ပါသည်။

ဘုရားသခင်သည် မည်သို့သော အမှုတော်သစ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း နားမလည်သေးသောသူအချို့ ယခုမျက်မှောက်တွင် ရှိပါသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများတွင် အသစ်သော စတင်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အခြားသော ခေတ်ကာလကို စတင်ခဲ့ပြီး အခြားသော လုပ်ဆောင်ချက်ကို စတင်ခဲ့ပါသည်။ ဘုရားသခင်သည် မောဘ၏ အမျိုးအနွယ်များကြားတွင် လုပ်ဆောင်နေပါသည်။ ဤအရာသည် ဘုရားသခင်၏ အသစ်ဆုံးသောအလုပ် မဟုတ်ပါလား။ ကာလတစ်လျှောက်လုံး မည်သူတစ်စုံတစ်ယောက်မျှ ဤအလုပ်ကို မတွေ့ကြုံခဲ့ဖူးပါ၊ မကြားခဲ့ဖူးပါ၊ အနည်းငယ်သာ တန်ဖိုးထားခံရပါသည်။ ဘုရားသခင်၏ဉာဏ်ပညာ၊ ဘုရားသခင်၏အံ့သြဖွယ်ရာ၊ ဘုရားသခင်၏နက်နဲဖွယ်ရာ၊ ဘုရားသခင်၏ကြီးမြတ်မှု၊ ဘုရားသခင်၏သန့်ရှင်းမှုတို့ ထင်ရှားစွာ ပေါ်ထွန်းလာရန်မှာ နောက်ဆုံးသောကာလ အမှုတော်၏ ဤအဆင့်တွင် တည်မှီနေပါသည်။ ဤအမှုတော်သစ်သည် လူသား၏ အယူအဆများကို ချေဖျက်မည် မဟုတ်ပါလား။ ဤအတိုင်း တွေးခေါ်သောသူများ ရှိနေသေးသည်- “ဘုရားသခင်သည် မောဘအမျိုးကို ကျိန်ဆဲခဲ့ပြီး မောဘ၏ အမျိုးအနွယ်များကို စွန့်ပစ်မည်ဟု ပြောခဲ့ပြီ၊ ယခုအချိန်တွင် ဘုရားသခင်သည် ထိုသူတို့ကို ဘယ်လို ကယ်တင်မှာလဲ။” ထိုသူတို့သည် ကျိန်ခြင်းခံရသော တစ်ပါးအမျိုးသားများဖြစ်ပြီး ဣသရေလအမျိုးအနွယ်မှ နှင်ထုတ်ခံရသောအမျိုးလည်း ဖြစ်သည်။ ဣသရေလအမျိုးသားများသည် ထိုသူတို့ကို “အမျိုးမစစ်သောခွေးအမျိုး” ဟု ခေါ်ဆိုခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် ထိုသူတို့သည် အမျိုးမစစ်သောခွေးအမျိုးသာမက ပို၍ဆိုးရွားသည်မှာ ဖျက်ဆီးခြင်း၏သားများဟု ထင်မှတ်ကြသည်။ တနည်းအားဖြင့် ထိုသူတို့သည် ဘုရားသခင်၏ ရွေးကောက်ခြင်းကိုခံရသော အမျိုးအနွယ်များ မဟုတ်ပါ။ စင်စစ် ထိုသူတို့သည် ဣသရေလနိုင်ငံအတွင်း မွေးဖွားခဲ့ကြသော်လည်း ထိုသူတို့သည် ဣသရေလမျိုးနွယ်အဝင် မဖြစ်ကြပါ။ ထို့အတူ ထိုသူတို့သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများသို့ နှင်ထုတ်ခြင်းကို ခံရသည်။ ထိုသူတို့သည် အနိမ့်ကျဆုံးသော အမျိုးအနွယ်များဖြစ်ကြသည်။ လူသားမျိုးနွယ်တွင် ထိုသူတို့သည် အနိမ့်ကျဆုံးသောသူများ ဖြစ်ခြင်းမှာ အသေအချာ ဖြစ်သောကြောင့် ဘုရားသခင်သည် ထိုသူတို့အကြားတွင် ခေတ်သစ်တစ်ခုကို ထူထောင်သည့် အလုပ်ကို လုပ်ဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကျဆုံးသော လူသားမျိုးနွယ်ကို ကိုယ်စားပြုသောသူများ ဖြစ်ပါသည်။ ဘုရားသခင်သည် ရွေးချယ်မှု သို့မဟုတ် ရည်ရွယ်ချက်မရှိဘဲ မလုပ်ဆောင်ပါ။ ယနေ့တွင် ဘုရားသခင်သည် ထိုအမျိုးသားများတွင် လုပ်ဆောင်သောအလုပ်ကို သက်ရှိသောသူအပေါင်းတို့တွင်လည်း လုပ်ဆောင်ပါသည်။ နောဧနှင့် သူ၏အမျိုးအနွယ်တို့သည် ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် အသွေးနှင့်အသားရှိသော မည်သူမဆို ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုတော်သည် ဖန်ဆင်းပြီးနောက် ကျိန်ခြင်းကို ခံရခြင်း၊ မခံရခြင်းတို့နှင့် မသက်ဆိုင်ဘဲ သက်ရှိသတ္တဝါအပေါင်းအတွက် ဦးတည်လုပ်ဆောင်ပါသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် ကျိန်ခြင်းကို မခံရသော ရွေးကောက်ခြင်း ခံရသူများအတွက်မဟုတ်၊ သက်ရှိသတ္တဝါအပေါင်းအတွက် ရည်ရွယ်ပါသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို သူဖန်ဆင်းထားသော သက်ရှိလူသားတွင် လုပ်ဆောင်လိုသောကြောင့် ဘုရားသခင်သည် ၎င်းကို အောင်အောင်မြင်မြင်ပြီးမြောက်ရန် သေချာစွာ အမှုပြုပါလိမ့်မည်။ ဘုရားသခင်သည် သူ၏အလုပ်အတွက် အကျိုးပြုသောသူများတွင် အမှုပြုပါလိမ့်မည်။ ထိုကြောင့် ဘုရားသခင်သည် လူအများကြား၌လုပ်ဆောင်ရာတွင် အစဉ်အလာအားလုံးကို ချေဖျက်လိုက်သည်။ ဘုရားသခင်အဘို့ “ကျိန်ခြင်းခံရခြင်း”၊ “ပြစ်တင်ခံရခြင်း”၊ “ကောင်းကြီးခံစားရခြင်း” ဆိုသောစကားလုံးများသည် အဓိပ္ပာယ်မဲ့ပါသည်။ ယုဒအမျိုးသားများသည် အင်မတန်ကောင်းပါသည်။ ရွေးကောက်ခြင်းကိုခံရသော ဣသရေလအမျိုးအနွယ်တို့လည်း သိပ်မဆိုးလှပါ။ ထိုသူတို့သည် စွမ်းရည်ကောင်းများရှိပြီး စာနာတတ်သောလူသားများ ဖြစ်ကြပါသည်။ ယေဟောဝါသည် သူ၏အလုပ်ကို ထိုသူတို့တွင် ပထမဦးဆုံး စတင်ခဲ့ပြီး သူ၏ အစောပိုင်းအလုပ်ကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ယနေ့တွင် ဘုရားသခင်သည် သူ၏အလုပ်ကို အောင်မြင်ပြီးမြောက်ရန် ထိုသူတို့ကို အပ်နှင်းခံရသူများအဖြစ် အသုံးပြုမည်ဆိုပါက အဓိပ္ပာယ်မရှိပါ။ ထိုသူတို့သည် ဖန်ဆင်းခြင်း၏ တစ်စိတ်တဒေသတစ်ခု ဖြစ်ပြီး ကောင်းမွန်သောအမြင်များ များစွာရှိသော်လည်း၊ ထိုသူတို့ထဲတွင် ဤအလုပ်အဆင့်ကို လုပ်ဆောင်ရန်မှာမူ အဓိပ္ပာယ်မဲ့လိမ့်မည်။ ဘုရားသခင်သည် မည်သူတစ်စုံတစ်ယောက်ကိုမျှ ရိတ်သိမ်းနိုင်မည် မဟုတ်ပါ။ သက်ရှိသောသူအပေါင်းတို့ကိုလည်း ယုံကြည်စေရန် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ ယင်းသည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံသားများထံသို့ မိမိ၏အလုပ်ကို လွှဲပြောင်းရခြင်း ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ ဤနေရာ၌ရှိသော အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်မှာ ဘုရားသခင်၏ ခေတ်တစ်ခုကို စတင်ခြင်း၊ စည်းမျဉ်းဘောင်များနှင့် လူသားအားလုံး၏ အယူအဆများကို ချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ်တစ်ခုလုံး၏ အလုပ်ကို အဆုံးသတ်ခြင်းတို့တွင် တည်ရှိနေပါသည်။ အကယ်၍ ဘုရားသခင်၏ ယခုမျက်မှောက်အလုပ်ကို ဣသရေလအမျိုးသားထဲတွင် လုပ်ဆောင်ခဲ့လျှင် ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးသတ်ချိန်၌ လူတိုင်းက ဘုရားသခင်သည် ဣသရေလအမျိုးသားများ၏ ဘုရားသခင်သာ ဖြစ်သည်၊ ဘုရားသခင်၏ ရွေးကောက်ခြင်းကိုခံရသော အမျိုးသားများမှာလည်း ဣသရေလအမျိုးသားများသာ ဖြစ်သည်၊ ဘုရားသခင်ထံမှလာသော ကောင်းကြီးမင်္ဂလာနှင့် ကတိတော်ကို ဣသရေလအမျိုးသားများသာလျှင် အမွေဆက်ခံရရှိရန် ထိုက်တန်သည်ဟု ယူဆပေလိမ့်မည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံဖြစ်သော အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် လူ့ဇာတိအဖြစ်ကို ခံယူပါသည်။ သူသည် လူသတ္တဝါအပေါင်းတို့၏ ဘုရားသခင်အနေဖြင့် ဘုရားသခင်၏ အလုပ်ကို ပြီးမြောက်စေခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအလုပ်တစ်ခုလုံးကို ပြီးမြောက်ခဲ့ပါသည်။ ဘုရားသခင်သည် သူ့အလုပ်၏ အရေးကြီးသောအပိုင်းကို အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် အဆုံးသတ်ပါလိမ့်မည်။ ဤလုပ်ငန်းအဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်ပြီး- အထူးသဖြင့် သက်ရှိသတ္တဝါအပေါင်းတို့အား ဖန်ဆင်းရှင်ဘုရားကို ဝတ်ပြုကိုးကွယ်စေရန် ဖြစ်ပါသည်။ ထိုကြောင့် ဤလုပ်ငန်းအဆင့်တိုင်းသည် အလွန် အဓိပ္ပာယ်ရှိပါသည်။ ဘုရားသခင်သည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး မရှိဘဲလျက် တစ်စုံတစ်ရာကို လုံး၀ လုပ်ဆောင်မည် မဟုတ်ပါ။ အခြားတစ်ဖက်၌ ဤလုပ်ငန်းအဆင့်တွင် ခေတ်တစ်ခု စတင်ခြင်းနှင့် လွန်ခဲ့သောခေတ်နှစ်ခုကို အဆုံးသတ်ခြင်းတို့ ပါဝင်သည်။ အခြားတစ်ဖက်၌လည်း လူသားအားလုံး၏ အယူအဆများ၊ ယုံကြည်မှုနှင့် အသိပညာ နည်းလမ်းဟောင်းများကို ချေဖျက်ခြင်းတို့ ပါဝင်သည်။ လွန်ခဲ့သောခေတ်နှစ်ခု အတွင်းတွင် အလုပ်ကို မတူကွဲပြားသော လူသားများ၏ အယူအဆများနှင့်အညီ လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ဤအဆင့်တွင် လူသားများ၏ အယူအဆကို လုံးဝဖယ်ရှားသည်။ ထိုကြောင့် လူသားမျိုးနွယ်ကို အကြွင်းမဲ့အောင်နိုင်မည်။ မောဘအမျိုးမှ ဆင်းသက်သော အမျိုးအနွယ်များကို သိမ်းပိုက်အောင်နိုင်ခြင်းနှင့် မောဘအမျိုးသားများထဲတွင် လုပ်ဆောင်သော အလုပ်ကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရှိ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ပါလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်တွင် အနက်ရှိုင်းဆုံးသော အရေးပါမှု ဖြစ်ပြီး ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်တွင် တန်ဖိုးအရှိဆုံးလက္ခဏာတစ်ခု ဖြစ်ပါသည်။ အကယ်၍ သင်အနေနှင့် သင်၏ ကိုယ်ပိုင်ဖြစ်တည်မှုသည် နိမ့်ကျသည်၊ သင်သည် မထိုက်တန်သောသူ ဖြစ်သည်ဟု ယခုအချိန်တွင် သိရှိသော်ငြားလည်း သင်သည် ဝမ်းမြောက်ဖွယ်ရာ အကောင်းဆုံးသောအရာကို မြင်တွေ့ခဲ့ရသည်ဟု ခံစားနေပါလိမ့်မည် သင်သည် ကြီးမားသော ကောင်းကြီးမင်္ဂလာကို အမွေခံရပြီးပြီ၊ ကြီးမားသောကတိတော်ကိုလည်း ရရှိပြီးပြီ၊ဘုရားသခင်၏ ဤကြီးမားသောလုပ်ချက်ကို ပြီးမြောက်နိုင်ပြီး ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်ကို သင်မြင်တွေ့နိုင်သည်၊ ဘုရားသခင်၏ အမွေခံ စိတ်နေသဘာဝကို သိနိုင်သည်၊ ထို့အတူ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နိုင်သည်။ ဘုရားသခင်၏ ကနဦးလုပ်ငန်းအဆင့်နှစ်ခုကို ဣသရေလနိုင်ငံတွင် လုပ်ဆောင်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ဤလုပ်ငန်းအဆင့်ကို ဣသရေလအမျိုးသားများတွင် ဆက်လက်လုပ်ဆောင်ခဲ့လျှင် သက်ရှိသတ္တဝါအပေါင်းတို့သည် ဣသရေလအမျိုးသားများသာလျှင် ဘုရားသခင် ရွေးကောက်ထားသော အမျိုးများဖြစ်သည်ဟု ယုံကြည်ကြမည်သာမက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးသည်လည်း အလိုရှိသောရလဒ်ကို ရရှိမည်မဟုတ်ပါ။ ဣသရေလနိုင်ငံတွင် ဘုရားသခင်၏ အလုပ်အဆင့်နှစ်ခုကို လုပ်ဆောင်ခဲ့သည့်ကာလအတွင်း မည်သည့်အလုပ်အသစ်ကိုမျှ မလုပ်ဆောင်ခဲ့ပါ။ ထို့အတူ တစ်ပါးအမျိုးသားများတွင် ဘုရားသခင်၏ ခေတ်သစ်အလုပ် မရှိခဲ့ဖူးပါ။ ဤခေတ်သစ်အလုပ်၏အဆင့်ကို ပထမဦးဆုံး တစ်ပါးအမျိုးသားများတွင် လုပ်ဆောင်ပါသည်။ ထို့အပြင် ၎င်းကို မောဘ၏ အမျိုးအနွယ်များထဲတွင် ဦးစွာ လုပ်ဆောင်ပါသည်။ ဤအရာသည် အလုံးစုံသော ခေတ်ကာလတစ်ခုလုံးကို စတင်စေပါသည်။ ဘုရားသခင်သည် လူသားများတွင် ရှိခဲ့သောအယူအဆများကို ချေဖျက်ခဲ့ပြီး ဆက်လက်တည်ရှိနေရန် ၎င်းကို ခွင့်မပြုတော့ပါ။ ဘုရားသခင်၏ သိမ်းပိုက်ခြင်းအလုပ်တွင် ထိုဟောင်းနွမ်းသော၊ ရှေးကျသော လူသားများ၏ အသိပညာနှင့် လူသားများ၏ အယူအဆများကို ဘုရားသခင်က ချေဖျက်ခဲ့သည်။ ဘုရားသခင်သည် လူသားများအား နားလည်စေသည်မှာ ဘုရားသခင်၌ မည်သည့် စည်းမျဉ်းဥပဒေမှ မရှိပါ။ ဘုရားသခင်နှင့်ပတ်သက်၍ ဘာတစ်ခုမှ မဟောင်းနွမ်းပါ။ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်မှာ အကြွင်းမဲ့ ချုပ်ချယ်မှုကင်းသည်၊ လုံးဝအခမဲ့ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းမှာ မှန်ကန်ပါသည်။ ဖန်ဆင်းခြင်းထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အလုပ်တိုင်းကို သင်အပြည့်အ၀ ဝန်ခံအပ်နှံရမည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး ဘုရားသခင်သည် လူသားများ၏ ရွေးချယ်မှုနှင့် အယူအဆများအတိုင်း အလုပ်မလုပ်ပါ။ ဘုရားသခင်သည် သူ၏အလိုတော်၊ ညဏ်ပညာနှင့်အညီ လုပ်ဆောင်ပါသည်။ ဘုရားသခင်သည် မိမိ၏အလုပ်အတွက် အကျိုးကျေးဇူးရှိသော အရာများကို လုပ်ဆောင်ပါသည်။ အကယ်၍ တစ်စုံတစ်ခုသည် ဘုရားသခင်၏ အလုပ်အတွက် အကျိုးကျေးဇူးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းမြတ်စေကာမူ ဘုရားသခင် လုပ်ဆောင်မည် မဟုတ်ပါ။ ဘုရားသခင်သည် မိမိအလုပ်၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်အရ မိမိအလုပ်အတွက် အပ်နှင်းရမည့်သူနှင့် နေရာကို ရွေးချယ်ပြီး လုပ်ဆောင်ပါသည်။ ဘုရားသခင်သည် စည်းမျဉ်းဥပဒေဟောင်းများနှင့် ပုံစံဟောင်းများတို့ကို မစောင့်ထိန်းပါ။ ထိုအစား အလုပ်၏ အရေးပါမှုနှင့်အညီ ဘုရားသခင်သည် မိမိ၏အလုပ်ကို စီစဉ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ထိုအလုပ်၏ စစ်မှန်သော အသီးအပွင့်နှင့် မျှော်လင့်ထားသော ရည်မှန်းချက်ကို ရိတ်သိမ်းလိုပါသည်။ အကယ်၍ ယခုအချိန်တွင် သင်သည် ထိုအရာများကို နားမလည်လျှင် ဤအလုပ်၏ အသီးအပွင့်သည် သင်အပေါ်၌ သက်ရောက်မည် မဟုတ်ပါ။


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

Myanmar Christian Music (အရာခပ္သိမ္းအေပၚ အခ်ဳပ္အျခာအာဏာ စြဲကိုင္ထားသူ) Power of God [Documentary]


ဆုံးမ, ဆုတောင်း, သမ္မာတရား, သက်သေခံချက်, နောက်ဆုံးသောကာလ

8/31/2018

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

ယုံကြည်ခြင်း, အသက်, သမ္မာတရား, နောက်ဆုံးသောကာလ, ဘုရားသခင်၏ နှုတ်ကပတ်တော်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအလုပ် လုပ်သည့် နည်းလမ်းများကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံးအတွက် အလုပ်လုပ်ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အလုပ်လုပ်ရာတွင် အသုံးပြုသည့် နိယာမဖြစ်သည်။ လူ့ဇာတိ၌ ပေါ်လာသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချီးမွမ်းအံ့သြဖွယ် ကောင်းသောအရာကို အမှန်တကယ် မြင်နိုင်စွမ်းရှိစေလျက် ရှုထောင့်အမျိုးမျိုးမှ စကားပြောရန်အလို့ငှာ လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ရန်၊ စုံလင်စေရန်၊ သုတ်သင်ဖယ်ရှားရန်အတွက် သူချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပိုမိုကောင်းမွန်စွာ ထမြောက်အောင်မြင်စေရန်အလို့ငှာ ထိုသို့သောအလုပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် လူသည် ဘုရားသခင်၏အလုပ်၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူ၏ အနှစ်သာရနှင့် လူသည် မည်သည့်အရာထဲ ဝင်ရောက်သင့်သည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင်လုပ်ရန် ဆန္ဒရှိသော အလုပ်အားလုံးကို ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် အထမြောက်စေခဲ့သည်။ နှုတ်ကပတ်တော်အားဖြင့် လူကို ထုတ်ဖော်ခဲ့သည်၊ သုတ်သင်ဖယ်ရှားခဲ့သည်၊ စမ်းသပ်ခဲ့သည်။ လူသည် နှုတ်ကပတ်တော်ကို မြင်ခဲ့ပြီးဖြစ်သည်၊ ကြားခဲ့ပြီးဖြစ်သည်၊ နှုတ်ကပတ်တော် တည်ရှိကြောင်း သိလာခဲ့သည်။ ရလဒ်အနေနှင့် လူက ဘုရားသခင် တည်ရှိကြောင်းကို ယုံသည်၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ယုံသည်၊ ဘုရားသခင်၏ နှလုံးသားထဲရှိ လူအပေါ်ထားသောမေတ္တာနှင့် လူကို ကယ်တင်လိုသည့် ဆန္ဒကိုလည်း ယုံသည်။ "နှုတ်ကပတ်တော်"ဟူသည့် စကားလုံးသည် ရိုးရိုး သာမန်စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် လူဇာတိကိုခံယူပြီး စကြဝဠာ တစ်ခုလုံးကို လှုပ်ခါစေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူ၏နှလုံးသား၊ လူ၏ အယူအဆ၊ စိတ်သဘောထား အဟောင်းနှင့် တစ်လောကလုံး၏ အသွင်ဟောင်းကို အသွင်သဏ္ဌာန်ပြောင်းလဲစေသည်။ ခေတ်အဆက်ဆက်၌ ယနေ့၏ ဘုရားသခင်သာလျှင် ထိုသို့ အလုပ်လုပ်ပြီး သူသာလျှင် လူကို စကားပြော၍ ကယ်တင်သည်။ ထိုအချိန်မှစ၍ လူသည် နှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်၏ ထိန်းကျောင်းမှုနှင့် ပံ့ပိုးကူညီမှုတို့ကို ခံယူပြီးအသက်ရှင်သည်။ သူတို့သည် နှုတ်ကပတ်တော်၏ ကမ္ဘာ၌ အသက်ရှင်ကြသည်၊ ဘုရားသခင် နှုတ်ကပတ်တော်၏ ကျိန်ခြင်းများ၊ ကောင်းချီးမင်္ဂလာများ အတွင်း၌ အသက်ရှင်ကြသည်။ ထိုအပြင် နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ကြသည်။ ဤနှုတ်ကပတ်တော်များနှင့် အလုပ်သည် လူ၏ ကယ်တင်ခြင်းအကျိုးအတွက်၊ ဘုရားသခင်၏အလို ထမြောက်အောင်မြင်စေဖို့အတွက်၊ ဖန်ဆင်းခြင်းအဟောင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲဖို့အတွက် ဖြစ်သည်။ ဘုရားသခင်သည် လောကကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သည်၊ စကြဝဠာအနှံ့တွင် လူတို့ကို နှုတ်ကပတ်တော်ဖြင့် ဦးဆောင်ခဲ့ပြီး နှုတ်ကပတ်တော်နှင့်ပင် လူတို့ကို သိမ်းပိုက်၍ ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် အိုဟောင်းသော လောကတစ်ခုလုံးကို အဆုံးသတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် လုံးလုံးလျားလျား ပြီးမြောက်မည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ့အလုပ်ကို လုပ်ရန်နှင့် သူ့အလုပ်မှ အကျိုးကျေးဇူးများကိုရရှိရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်။ သူသည် အံ့ဖွယ်အရာများကို လုပ်ဆောင်ခြင်းမရှိသကဲ့သို့ နိမိတ်လက္ခဏာများကိုလည်း ပြသခြင်းမရှိပါ။ သူ့အလုပ်ကို နှုတ်ကပတ်တော်အားဖြင့်သာ လုပ်သည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အာဟာရကို ရရှိပြီး ထောက်ပံ့ကူညီမှုကို ရရှိသည်။ နှုတ်ကပတ်တော်ကြောင့် လူသည် အသိပညာနှင့် စစ်မှန်သောအတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌ လူသည် တစ်မူထူးခြားသော ကောင်းချီးမင်္ဂလာများကို အမှန်တကယ် ရရှိခဲ့သည်။ လူသည် ဇာတိပကတိ၏ ဒုက္ခကို မခံရဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အလျှံအပယ် ထောက်ပံ့ကူညီမှု၌ အကယ်ပင် မွေ့လျော်နေသည်။ သူတို့သည် ဆက်ရှာဖို့ သို့မဟုတ် ခရီးဆက်သွားဖို့ မလိုတော့၊ သက်တောင့်သက်သာဖြင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ကြသည်၊ ဘုရားသခင် ကိုယ်တိုင် စကားပြောသည်ကို ကြားကြသည်၊ ဘုရားသခင်၏ ထောက်ပံ့ကူညီမှုကို လက်ခံရရှိကြသည်၊ ဘုရားသခင်က သူ့အလုပ်ကို ကိုယ်တိုင်လုပ်သည်ကို မြင်ကြသည်။ လွန်ခဲ့သော ခေတ်ကာလများတွင် လူသည် ထိုသို့သော အရာများ၌ မမွေ့လျော်နိုင်ပေ၊ ထိုအရာများသည် သူတို့ တစ်ခါမျှ မရဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်သည်။

8/23/2018

ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်

  
ဘုရားသခင်၏ နိုင်ငံတော်, သန့်ရှင်းသော ဝိညာဉ်တော် ဘုရား, နောက်ဆုံးသောကာလ, အသက်,  ဘုရားသခင်

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းတန်ခိုးသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည့် လူသားများအတွင်း ငါ၏ဆန္ဒသည် သရုပ်ပေါ်နေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည်ပေးနေကာ ၎င်းတို့သည် ငါခိုင်းရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက် ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ငါဇာတိမြေသို့ ပြန်သည့်အခါ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာတစ်ခုလုံးကို ကြည့်လျက်ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့[က]သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ခေါက်တုံ့ခေါက်ပြန် လျင်မြန်စွာ ဆောင်ရွက်နေသည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို ပို၍ ခေါ်လာနိုင်ကာ ငါဖယ်ရှားရမည့် လူများကို ပို၍ဖယ်ရှားရန်အလို့ငှာ ငါသည် အမှုသစ်ယူလာခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းစေပြီးနောက် ၎င်းတို့အများအပြား လေတိုက်သည့် အထဲ တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် တလင်းပြင် ဖြစ်ပြီး ငါတောင့်တရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားမှာ ငါအမှုထမ်းနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း ငါသည် ၎င်းတို့ကို အလျင်စလို မောင်းနှင်ထုတ်ရန် မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ၎င်းနောက်မှ ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘော သဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန်ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ၎င်းအခြေအနေများကို ရင်ဆိုင်လျက်ငါသည် ဤအမှု၏အဆင့်ကို ထမ်းဆောင်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့် သည်။ နတ်ဆိုးများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိ။ ဤအခွင့်အရေးကို အရယူလျက်ငါသည် ထိုစဉ်းလဲသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် စဉ်းလဲသူတို့ကို ဤသို့ပြု၏။ သို့သော်လည်း ငါ့ဝန်ထမ်းရန်နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် စကားများကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်ကိုယ့်ကိုယ် စီရင်နိုင်ခြင်းအလို့ငှာ၊ ငါသည် ကိုယ်ကိုလှည့်၍ ဘုန်းတန်ခိုးကြီးသော မျက်နှာကို တပါးအမျိုးသားတို့၏ နိုင်ငံများအားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသားအားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက် ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။