菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ

12/16/2019

ပုံပြင်နံပါတ် ကြီးမားသည့် တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး

ဘုရားသခင်၏ နှုတ်ကပတ်တော်, သမ္မာတရား, အသက်, စကြဝဠာ, ဖန်ဆင်းသူ,

တသွင်သွင်စီးဆင်းနေသည့် စမ်းချာင်းလေးတစ်ခု ရှိခဲ့ပါသည်၊ စမ်းချောင်းလေးသည် နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ ရေစီးကြောင်းကို ကာဆီးထားသည့် အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်း သေးငယ်သည့်လေသံနှင့် “ကျေးဇူးပြုပြီး ကျွန်တော့်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်က ကျွန်တော် သွားမည့်လမ်းတွင် ရပ်နေပြီး ကျွန်တော် ရှေ့ဆက်သွားမယ့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု မေးလိုက်သည်။ ဤတွင် တောင်ကြီးက “သင် မည်သို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်တော် နားခိုရာအိမ် ရှာနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ဆက်လုပ်၊ ငါ့ပေါ်ကနေ စီးဆင်းသွား” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်းလေးသည် အားနည်းလွန်းပြီး၊ သေးငယ်လွန်း၍ ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကို ကျော်ပြီး စီးဆင်းဖို့ မဖြစ်နိုင်ပါ၊ ထို့ကြောင့် တောင်ခြေတွင် ဆက်ပြီးစီးဆင်းနေရုံက လွဲပြီး သူ့တွင် ရွေးချယ်စရာမရှိပါ။

လေကြမ်းကြီးသည် သဲများ၊ ဖုန်များကို သယ်ဆောင်ရင်း တောင်ကြီးရှိရာသို့ တိုက်ခတ်လာသည်။ လေက တောင်ကြီးကို “ငါ့ကို သွားခွင့်ပေး” ဟု အော်ပြောသည်။ တောင်ကြီးက “သင် မည်သို့သွားမည်နည်း” ဟု မေး သည်။ လေက “တောင်ကြီးရဲ့ ဒီဘက်ကို ငါ သွားချင်သည်” ဟု ပြန်အော်ပြောလိုက်သည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏ အလယ် မှ ဖြတ်သွားနိုင်လျှင် သင်သွားရမည်။” ဟု ပြောလိုက်သည်။ လေကြမ်းကြီးသည် ဤနည်းနှင့် တစ်မျိုး၊ ဟိုနည်းနှင့် တစ်ဖုံ ပြင်းပြင်းထန်ထန် တိုက်ခတ်ကြည့်သည်၊ လေသည် မည်မျှလောက် သည်းကြီးမည်းကြီး တိုက်ခတ်ကြည့်သော်လည်း တောင်၏ အလယ်ကို ဖောက်မထွက်နိုင်ခဲ့ပါ။ လေသည် ပင်ပန်းလာပြီး အနားယူဖို့ ရပ်တန့်ခဲ့ရသည်။ တောင်ကြီး၏ ၄င်းဘက်အခြမ်းတွင် လူများကို စိတ်ကျေနပ်စေမယ့် ညင်သာပျော့ပျောင်းသည့် လေသာ တိုက်ခတ်သည်။ ၄င်းသည် တောင်ကြီးက လူများကို ပေးသည့် နှုတ်ခွန်းဆက်သခြင်းဖြစ်သည်။

ပင်လယ်ကမ်းစပ်တွင် သမုဒ္ဒရာလှိုင်းသည် သောင်ပြင် ကျောက်တန်းကို ညင်ညင်သာသာ ပုတ်ခတ်တတ်သည်။ ရုတ်တရတ် ဧရာမလှိုင်းလုံးကြီး ရောက်ရှိလာပြီး တောင်ကြီးဆီ တဟုန်တိုး ပြေးတက်လာသည်။ “ဖယ်စမ်း” ဧရာမလှိုင်းလုံးကြီးက အော်ပြောသည်။ တောင်ကြီးက “သင် မည်သည့် ဖက်ကိုသွားလို သနည်း” ဟု မေးသည်။ လှိုင်းလုံးကြီးကတော့ မရပ်ဘဲ တောင်ကြီးကို “ငါ့၏ နယ်ပယ်ကို ချဲ့ထွင်နေသည်၊ ငါ့လက်များကို အနည်းငယ်လောက် ဖြန့်ကျက်ထားလိုသည်” ဟု ပြန်ဖြေရင်း ဆက်လက် ပြေးတက်နေသည်။ တောင်ကြီးက ပြောသည် “ကောင်းပြီ၊ ငါ့ ထိပ်ဆုံးကို ကျော်သွားနိုင်လျှင် ငါလမ်းဖယ်ပေးမည်။” လှိုင်းလုံးကြီးက နောက်အနည်းငယ်ဆုတ်လိုက်ပြီး တောင်ထိပ်ဆီ ပြေးတက်ဖို့ နောက်တစ်ကြိမ် ကြိုးစားပြန်သည်။ သို့သော်လည်း မည်မျှပင် ကြိုးစားကြိုးစား၊ တောင်ကြီးကို မကျော်လွှားနိုင်ပါ။ သူ့ မူလနေရာဆီ တဖြည်းဖြည်း ပြန်ဆုတ်သွားရုံ ကလွဲပြီး သူ့ တွင် ရွေးစရာမရှိပါ။

ရာစုနှစ်များကြာသည့်တိုင် စမ်းချောင်းလေးသည် တောင်ခြေ တစ်ဝိုက်တွင် ညင်သာစွာ စီးဆင်းနေသည်။ တောင်ကြီး၏ လမ်းပြမှုနောက် လိုက်ရင်း စမ်းချောင်းလေးသည် သူ့အိမ်ကို ပြန်နိုင်ခဲ့သည်၊ မြစ်နှင့် ပူးပေါင်းပြီး ပင်လယ်ထဲကို စီးဝင်ခဲ့သည်။ တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းသည် ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ပါ။ စမ်းချောင်းလေးနှင့် တောင်ကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် သည်းခံချုပ်ထိန်းခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကြသည်။

ရာစုနှစ်များကြာသည့်တိုင် တောင်ကြီးကို အော်ဟစ် တောင်းဆိုတတ်သည့် လေကြမ်းကြီး၏ အကျင့်များကတော့ ပြောင်းလဲ မသွားပါ။ လေသည် သဲမှုန်များကို ဝေ့ဝဲသယ်ဆောင် တိုက်ခတ်လာပြီး ယခင် ကကဲ့သို့ တောင်ကြီးဆီ “ရောက်လာခဲ့” ပြန်သည်။ သူသည် တောင်ကြီးကို ခြိမ်းခြောက်သော်လည်း တောင်၏အလယ်ကို ဘယ်သောအခါမှ ဖောက်မထွက်ခဲ့ပါ။ လေကြမ်းကြီးနှင့် တောင်ကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် သည်းခံချုပ်ထိန်းကြပြီး တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကြသည်။

ရာစုနှစ်များ ကြာသည့်တိုင် ဧရာမ လှိုင်းလုံးကြီးကလည်း ငြိမ်မနေပါ၊ သူ့၏ ချဲ့ထွင်မှုသည် ရပ်တန့်မသွားပါ။ အသံကုန်ဟစ်ပြီး တောင်ကြီးဆီ ထပ်တလဲလဲ ပြေးပြေးရိုက်သော်လည်း တောင်ကြီး သည် တစ်လက်မလောက်ပင် ရွေ့မသွားပါ။ တောင်ကြီးက ပင်လယ်ကို အပေါ်မှ စောင့်ကြည့်နေသည်၊ ဤလိုနှင့် ပင်လယ်ထဲက သတ္တဝါများသည် အချင်းချင်း မျိုးပွားကြပြီး အဆမတန် များပြားလာကြသည်။ ဧရာမ လှိုင်းလုံးကြီးနှင့် တောင်ကြီးတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်၊ သူတို့သည် တစ်ယောက်ကို တစ်ယောက် သည်းခံချုပ်ထိန်းကြနောက် တစ်ယောက်ကို တစ်ယောက် အမှီသဟဲပြုကြသည်။


ပုံပြင်ကတော့ ဒါပါပဲ။ ဦးစွာ ဤပုံပြင်နှင့် ပတ်သက်ပြီး သင်တို့ ငါ့ကို မည်သည့်အရာများမပြောပြနိုင်သနည်း၊ အဓိက အကြောင်းအရာက မည်သည့်အရာနည်း။ ပထမအနေနှင့် တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီးပါသည်။ စမ်းချောင်းလေးနှင့် တောင်ကြီးပါသည့် ပထမပိုင်းတွင် အဘယ်သို့ဖြစ်ခဲ့သနည်း။ ကြီးမားသည့် တောင်ကြီးနှင့် သေးငယ်သည့် စမ်းချောင်းလေးအကြောင်း ငါတို့ အဘယ်ကြောင့် ပြောကြသနည်း။ (အဘယ်ကြောင့်ဆိုသော် တောင်က စမ်းချောင်းကို အကာအကွယ်ပေးသည့်အတွက်ကြောင့် စမ်းချောင်းသည် ဘယ်သောအခါမှ လမ်းမပျောက်တော့ပါ။ သူတို့သည် တစ်ယောက်ကို တစ်ယောက် အားထားကြသည်။) တောင်က စမ်းချောင်းလေးကို ကာကွယ်ပေးသလော၊ ပိတ်ပင်သည်လော။ (ကာကွယ်ပေးပါသည်။) ပိတ်ပင်ခြင်း မဖြစ်နိုင်သလော။ တောင်ကြီးနှင့် စမ်းချောင်းလေးသည် အတူတူ ယှဉ်တွဲနေကြသည်။ တောင်ကြီးက စမ်းချောင်းလေးကို ကာကွယ်ပေးသလို ကန့်သတ် ပိတ်ပင် သည်ဟုလည်း ပြော နိုင်သည်။ စမ်းချောင်းလေးကို တောင်က ကာကွယ်ပေးသည့်အတွက် စမ်းချောင်းလေးသည် မြစ်ထဲကို စီးဝင်သွားသည်၊ ဤကဲ့သို့ကာကွယ်ပေးခြင်းသည် စမ်းချောင်းလေး နေရာတိုင်း စီးဆင်းသွားပြီး လူသားများအတွက် ရေကြီးမှုများ၊ ရာသီဥတုဖောက်ပြန်မှုများ ဖြစ်မလာအောင် တားဆီးရာလည်း ရောက်သည်။ ၄င်းသည် ဤအပိုင်း၏ အဓိကအချက် မဟုတ်လော။ တောင်ကြီး၏ စမ်းချောင်းလေးကို အကာအကွယ်ပေးမှုနှင့် လူသားများ၏ အသက်အိုးအိမ်များကို လုံခြုံအောင် ကာကွယ် စောင့်ရှောက်ပေးမှုဖြစ်သည်။ တောင်ခြေတွင် စမ်းချောင်းလေးသည် မြစ်နှင့်ပူးပေါင်းသွားပြီးနောက် ပင်လယ်ထဲသို့ စီးဝင်သွားသည်၊ ၄င်းသည် စမ်းချောင်းလေး လုပ်ရမည့်အလုပ် မဟုတ်လော။ (ဟုတ်ပါသည်။) စမ်းချောင်းလေးသည် မြစ်ထဲသို့၊ ထို့နောက် ပင်လယ်ထဲသို့ စီးဆင်းသွားခဲ့သည့်အချိန်တွင်၊ သူ မည်သူ့ကို အားထားသနည်း။ တောင်ကြီးကို အားထားသည် မဟုတ်လော။ သူသည် တောင်ကြီး၏ ကာကွယ်စောင့်ရှောက်မှုနှင့် အတားအဆီးသဖွယ် ဖြစ်သည့် တောင်ကြီးကို အားထားသည်၊ အဓိကအချက်က ၄င်းပင်ဖြစ်သည်မဟုတ်လော။ ဤဥပမာတွင် ရေအတွက် တောင်များ၏ အရေးပါမှုကို သင်တို့ တွေ့ရသည်မဟုတ်လော။ ဘုရားသခင်က တောင်များကို အနိမ့်အမြင့်အလိုက် ဖန်ဆင်းရာတွင် ရည်ရွယ်ချက် ရှိသလော။ (ရှိပါသည်။) ၄င်းကလည်း ပုံပြင်၏ အစိတ်အပိုင်းလေး တစ်ခုဖြစ်သည်၊ စမ်းချောင်းလေးနှင့် တောင်ကြီးကို ကြည့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်၏ ဖန်ဆင်းမှုဖြစ်သည့် ဤအရာနှစ်ခု၏ တန်ဖိုးနှင့် အရေးပါမှုကို တွေ့နိုင်သည်။ ဤအရာနှစ်ခုကို အုပ်ချုပ်သည့် သူ့၏ အုပ်ချုပ်ပုံမှ သူ့၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်ကို ငါတို့ တွေ့နိုင် သည်။ ဟုတ် သည်မဟုတ်လော။

ပုံပြင်ဒုတိယပိုင်းက မည်သည်အကြောင်းနည်း။ (လေကြမ်းကြီးနှင့် တောင်ကြီး အကြောင်းပါ။) လေဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော။ (ဟုတ်ပါသည်။) ဟုတ်ချင်မှလည်း ဟုတ်မည်၊ တစ်ခါတစ်ရံ လေသည် အလွန် ပြင်းထန်မည်ဆိုလျှင် အန္တရာယ် ရှိနိုင်သည်။ ခပ်ပြင်းပြင်း တိုက်နေသည့်လေထဲတွင် သင်သည် အပြင်ထွက် နေရ သည်ဆိုလျှင် သင်မည်သို့ခံစားရသနည်း။ လေမည်မျှလောက် ပြင်းသနည်းဆိုသည့် အပေါ်တွင်လည်း မူတည်သည် မဟုတ်လော။ လေပြေညင်းလေးဆိုလျှင်၊ သို့မဟုတ် အဆင့် ၃ မှ ၄ လောက်ရှိသည့် လေဆိုလျှင် ခံနိုင်ဦးမည်၊ အများဆုံးအနေနှင့် လူတစ်ယောက် မျက်လုံးဖွင့်ဖို့ အခက်တွေ့လိမ့်မည်။ သို့သော်လည်း လေဆင်နှာမောင်း ဖြစ်လာနိုင်သည့်နှုန်းနှင့် လေသည် ခပ်ကြမ်းကြမ်း တိုက်ခတ်မည်ဆိုလျှင် ၄င်းလေကို သင်မည်သို့ ထိန်းချုပ်နိုင်မည်နည်း။ ဤလိုလေမျိုးကို သင် ခံနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လူသားများက လေကို အမြဲတမ်း ကောင်းသည့်အရာ သို့မဟုတ် ၎င်းသည် အမြဲတမ်း ဆိုးသည့်အရာဟု ပြောမည်ဆိုလျှင် မမှန်ကန်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် လေတိုက်နှုန်း မည်မျှ ပြင်းထန်သနည်းဆိုသည့် အပေါ် မူတည်နေခြင်း ဖြစ်သည်။ ဤနေရာတွင် တောင်ကြီး၏ အသုံးဝင်မှုက အဘယ် အရာနည်း။ တောင်သည် လေကို စစ်ပေးသည့် အရာတစ်မျိုးနှင့် တူ သည် မဟုတ်လော။ တောင်က လေကြမ်းကြီးကို ထိန်းချုပ်ပြီး မည်သို့ဖြစ်သွားအောင် လျော့ချလိုက်သနည်း။ (လေပြေညင်းလေးဖြစ်သည်။) လူအများစုသည် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် လေကို ထိတွေ့ခံစားနိုင် သည်၊သူတို့ခံစားမိသည်က လေကြမ်းလော၊ လေပြေလေညင်းလော။ (လေပြေညင်းဖြစ်သည်။) ၄င်းသည် ဘုရားသခင်၏ တောင်များ ဖန်ဆင်းမှု နောက်ကွယ်က ရည်ရွယ်ချက်များထဲက တစ်ခုဖြစ်သည် မဟုတ်လော။ ၄င်းသည် သူ့၏ ရည်ရွယ်ချက် မဟုတ်လော။ သဲမှုန်များ အပြည့်နှင့် လေခပ်ပြင်းပြင်း တိုက်ခတ်သည့် ပတ်ဝန်းကျင်မျိုးတွင် လေကို စစ်နိုင်သည့်၊ တားဆီးနိုင်သည့် အရာမရှိဘဲ လူသားများ နေရမည်ဆိုလျှင် မည်သည့်အရာနှင့်တူသနည်း။ ကုန်းပေါ်တွင် လူများ မနေနိုင်လောက်အောင် သဲများ၊ ကျောက်ခဲများပါသည့် လေမျိုးတိုက်နိုင်သလော။ လွင့်စင်လာသည့် ကျောက်ခဲများက လူများ၏ နဖူးကို လာမှန်နိုင်သည်၊ သို့မဟုတ် မျက်လုံးများထဲ သဲများ ဝင်ပြီး မည်သည်ကိုမှ မြင်ရတော့မည် မဟုတ်ပါ။ လူတို့သည် လေထုထဲကို စုပ်ယူခြင်း ခံရနိုင်သည်၊ သို့မဟုတ် လေက အလွန်ပြင်းသည့်အတွက် သူတို့ ရပ်နိုင်မည် မဟုတ်ပါ။ အိုးအိမ်များလည်း ပျက်စီးကုန်ပြီး ဘေးန္တရာယ်ပေါင်းစုံ ကျရောက်လာနိုင်သည်။ ဤသို့လျှင် လေကြမ်းကြီးသည်တန်ဖိုးရှိသလော။ ထိုလေသည် မကောင်းပါဟု ငါပြောခဲ့ စဉ်က သူ့တွင် တန်ဖိုးမရှိပါဟု လူတို့ ထင်ကောင်း ထင်သွားလိမ့်မည်၊ သို့သော်လည်း တန်ဖိုးမရှိပါဆိုသည်မှာ မှန်သလော။ လေညင်းလေးအဖြစ် ပြောင်းသွားသည့်အချိန် တွင် တန်ဖိုးမရှိသလော။ ရာသီဥတု ပူအိုက် စိုစွတ်သည့်အချိန်တွင် လူတို့သည် မည်သည်ကို အလိုအပ်ဆုံးဖြစ်သနည်း။ သူတို့၏ စိတ်များကို ကြည်လင်လန်းဆန်းစေဖို့၊ စိတ်တည်ငြိမ်စေဖို့နှင့် စိတ်အခြေအနေ တိုးတက်စေဖို့ လေနုအေးလေး သူတို့အပေါ် ညင်သာစွာ တိုက်ခတ်ဖို့ လိုအပ်သည်။ ဥပမာပြောရလျှင် အခန်းတစ်ခန်းထဲတွင် သင်တို့အားလုံးသည် လူအများကြီးနှင့် ထိုင်နေကြပြီး၊ လေထုကလည်း မွန်းကျပ်သည်ဆိုလျှင် သင်တို့ မည်သည်ကို အလိုအပ်ဆုံးဖြစ်သနည်း။ (လေနုအေးလေး လိုအပ်ပါသည်။) လေထုသည် နောက်ကျိနေမည်၊ ဖုန်မှုန့်များနှင့် ပြည့်နေမည်ဆိုလျှင် လူတစ်ယောက်၏ စဉ်းစားတွေးခေါ်နိုင်မှုကို လျော့နည်းစေသည်၊ သွေးစီးဆင်းမှုကို လျော့ကျစေသည်၊ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ဘဲ ခေါင်းရှုပ်သည်များ ဖြစ်လာနိုင်သည်။ သို့သော်လည်း လေထုသည် ရွေ့လျားသွားလာနိုင်ပြီး လေဝင်လေထွက် ပိုကောင်းလာမည် ဆိုလျှင် လူသားများအနေနှင့် ပိုပြီး နေလို့ကောင်းလာလိမ့်မည်။ စမ်းချောင်းလေးနှင့် လေကြမ်းကြီးသည် ဘေးန္တရာယ် ဖြစ်စေနိုင်သော်လည်း ထိုနေရာတွင် တောင်ကြီးရှိနေသရွေ့ ဖြစ်လာမယ့် ဘေးအန္တရာယ်များကို လူသားများအတွက် အကျိုးရှိစေမယ့် အရာများအဖြစ် တောင်ကြီးက ပြောင်းပေးလိမ့်မည်၊ ဟုတ်သည်မဟုတ်လော။


ပုံပြင် တတိယအပိုင်းက မည်သည့်အကြောင်းနည်း။ (တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး အကြောင်းပါ။) တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး။ ဤနေရာတွင် ရှုခင်းသည် ပင်လယ်ကမ်းစပ်က တောင်ကြီးတစ်ခု၊ ဤရှုခင်းထဲတွင် တောင်၊ သမုဒ္ဒရာ ရေစီးကြောင်း၊ ထို့နောက် ဧရာမ လှိုင်းလုံးကြီးကို ငါတို့ တွေ့ရမည်။ ဤဥပမာထဲတွင် ရေလှိုင်းအတွက် တောင်ကြီးသည် မည်သည့်နေရာက ပါဝင်သနည်း။ (အကာအကွယ်ပေးသူ တစ်ယောက်ဖြစ်ပြီး အဟန့်အတား တစ်ခုလည်း ဖြစ်ပါသည်။) အကာအကွယ်ပေးသူလည်း ဖြစ်သည်၊ အဟန့်အတားပြုသူလည်း ဖြစ်သည်။ အကာအကွယ် ပေးရခြင်း၏ ရည်ရွယ်ချက်က ပင်လယ်ကို ပျောက်ကွယ် မသွားအောင်၊ သို့မှသာ ပင်လယ်ထဲက သတ္တဝါများ မျိုးပွား အသက်ရှင်နိုင်မည်။ အဟန့်အတားအနေနှင့် တောင်ကြီးက လူသားများ၏ အိုးအိမ်များကို အန္တရာယ်ပြုနိုင်သည့်၊ ဖျက်ဆီးနိုင်သည့် ရေကြီးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်မှ ပင်လယ်ရေ၊ ရေ၏ ကိုယ်ထည်ကို ထိန်းထားသည်။ ထို့ကြောင့် တောင်ကြီးသည် အဟန့်အတားလည်း ဖြစ်သလို အကာအကွယ်လည်း ဖြစ်သည်ဟု ငါတို့ ပြောနိုင် သည်။

တောင်ကြီးနှင့် စမ်းချောင်း၊ တောင်ကြီးနှင့် လေကြမ်းကြီး၊ တောင်ကြီးနှင့် ဧရာမ လှိုင်းလုံးကြီး၊ သူတို့ကြားက အပြန်အလှန် အားထားမှုနှင့် တစ်ယောက်နှင့် တစ်ယောက် အဟန့်အတားပြုပုံများ၏ အရေးပါမှုကို ဤအရာက ဖော်ပြနေသည်၊ ဤအကြောင်းကို ငါ ပြောခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသည့် သက်ရှိအရာများ၏ ရှင်သန်မှုကို အုပ်ချုပ်သည့် စည်းမျဉ်းတစ်ခုနှင့် နည်းဥပဒေသတစ်ခု ရှိသည်။ ပုံပြင်ထဲက အဖြစ်အပျက်များကို ကြည့်ပြီး ဘုရားသခင် မည်သည် ကိုပြုခဲ့သနည်းဆိုသည်ကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်က စကြဝဠာကြီးကို ဖန်ဆင်းခဲ့ပြီး၊ ထိုနောက်ပိုင်း အဖြစ်အပျက်များကို လျစ်လျူရှုခဲ့သလော။ ကိုယ်တော်က သူတို့ကို စည်းမျဉ်းများ ချပေးခဲ့ပြီး၊ သူတို့၏ လုပ်ငန်းဆောင်ရွက်ပုံ နည်းများကို ပုံစံချခဲ့ပြီးနောက် သူတို့ကို လျစ်လျူရှုခဲ့သလော။ ဖြစ်ပျက်ခဲ့သည်က ဤကဲ့သို့လော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကိုပြောသနည်း။ ရေ၊ လေနှင့် ရေလှိုင်းများကို ဘုရားသခင်က ထိန်းချုပ်ထားသည်။ သူတို့ကို ဘုရားသခင်က အထိန်းအကွပ်မဲ့ ဖျက်ဆီးခွင့်မပြုပါ၊ လူသားများ၏ အသက်အိုးအိမ် များကိုလည်း ထိခိုက်ခွင့်၊ သို့မဟုတ် ဖျက်ဆီးခွင့် မပေးပါ၊ ထို့ကြောင့်သာ လူသားများသည် ဤကုန်းမြေလေးပေါ်တွင် ဆက်လက် ရှင်သန် မျိုးပွားနိုင်ကြခြင်း ဖြစ်သည်။ ၄င်းသည် ဘုရားသခင် စကြဝဠာကြီးကို ဖန်ဆင်းစဉ်က ဖြစ်တည်မှု စည်းမျဉ်းများကို သူကိုယ်တိုင် အစီအစဉ် ဆွဲထားပြီးသားဟု ဆိုလိုခြင်းဖြစ်သည်။ ဤအရာများကို ဘုရားသခင် ဖန်ဆင်းခဲ့စဉ်က လူသားမျိုးနွယ်အတွက် အကျိုးဖြစ်၊ မဖြစ် သေချာအောင် လုပ်ဆောင်သည်၊ ထို့နောက် သူကိုယ်တိုင် ဤအရာများကို ထိန်းချုပ်သည့်အတွက် လူသားမျိုးနွယ်ကို ဒုက္ခရောက်စေခြင်း သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေခြင်းမျိုး မရှိပါ။ ဤအရာများကို ဘုရားသခင်ကိုယ်တိုင် မစီမံ မခန့်ခွဲခဲ့ဆိုလျှင် နေရာတိုင်းတွင် ရေများ စီးကုန်မည် မဟုတ်လော။ နေရာတိုင်းတွင် လေမုန်တိုင်းများ ထန်ကုန်မည် မဟုတ်လော။ ဤအရာများသည် စည်းမျဉ်းများကို လိုက်နာသလော။ ဤအရာများကို ဘုရားသခင်ကသာ မစီမံခဲ့ဆိုလျှင်၊ သူတို့ကို မည်သည့်စည်းမျဉ်းများနှင့်မှ ထိန်းချုပ်နိုင်မည် မဟုတ်ပါ၊ ထို့ကြောင့် နေရာတိုင်းလိုလိုတွင် လေထန်မည်၊ ရေကြီးရေလျှံမှုများ ဖြစ်မည်။ အကယ်၍ ဧရာမ ရေလှိုင်းကြီးသာ တောင်ကြီးကို ကျော်သွားခဲ့မည်ဆိုလျှင် ထိုနေရာက ပင်လယ်လေးသည် မပျောက်မပျက် တည်ရှိနေနိုင် ဦးမည်လော။ ပင်လယ်က ဆက်ပြီး တည်ရှိနေနိုင်မည် မဟုတ်ပါ။ တောင်ကြီးကလည်း ရေလှိုင်းလောက် မမြင့်လျှင်လည်း ပင်လယ်က တည်ရှိနေနိုင်မည် မဟုတ်ပါ၊ ထို့နောက် တောင်ကြီးကလည်း သူ့၏တန်ဖိုးနှင့် အရေးပါမှုကို ဆုံးရှုံးလိုက်ရလိမ့်မည်။

ဤပုံပြင်နှစ်ပုဒ်တွင် ဘုရားသခင်၏ ဉာဏ်ပညာကို သင်တို့ မြင်သလော။ ဘုရားသခင်က စကြဝဠာကြီးကို ဖန်ဆင်းခဲ့ပြီး သူသည်သာ ၎င်း၏ အရှင်သခင် ဖြစ်သည်၊သူသည်သာ တာဝန်ရှိသူ ဖြစ်ပြီး လုပ်ဆောင်ချက်တိုင်း၊ စကားလုံးတိုင်းကို စောင့်ကြည့်ရင်း စကြဝဠာကြီးကို ထောက်ပံ့နေသည်။ သူက လူသားများ၏ ဘဝ အချိုးအကွေ့တိုင်းကို ကြီးကြပ်ပေးနေသည်။ ထို့ကြောင့် ဘုရားသခင်က စကြဝဠာကြီးကို ဖန်ဆင်းခဲ့ပြီး သက်ရှိအရာ တစ်ခုစီတိုင်း၏ အရေးပါမှုနှင့် တန်ဖိုးကိုသာမက ထိုအရာတစ်ခုစီတိုင်း၏ လုပ်ဆောင်ပုံ၊ ပင်ကိုယ်သဘာဝနှင့် အသက်ရှင်သန်မှုအတွက် စည်းမျဉ်းများကိုလည်း သူက ဂဃနဏသိသည်။ ဘုရားသခင်က စကြဝဠာကြီးကို ဖန်ဆင်းခဲ့သည်၊ စကြဝဠာကြီးကို ထိန်းချုပ်ထားသည့် ဤစည်းမျဉ်းများကို ကိုယ်တော်က သုတေသနပြုကြည့်ရသေးသည်ဟု သင်တို့ ထင်သလော။ ဘုရားသခင်က သုတေသနလုပ်ဖို့နှင့် နားလည်ဖို့အတွက် လူသားများ၏ အသိပညာ သို့မဟုတ် သိပ္ပံပညာကို လေ့လာဖို့ လိုသလော။ (မထင်ပါ။) ဘုရားသခင်ကဲ့သို့ အရာအားလုံးကို နားလည်နိုင်သည့် ကျယ်ပြန့်သည့် လေ့လာဆည်းပူးမှုရှိသူ၊ လုံလောက်သည့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားသူမျိုး လူသားမျိုးနွယ်ထဲတွင် တစ်ယောက်လောက်များ ရှိသလော။ မရှိဘူး မဟုတ်လော။ အရာအားလုံး မည်သည့်မည်ပုံ ရှင်သန်ကြီးထွားကြသည်ကို အမှန်တကယ် နားလည်သည့် အာကာသဗေဒ ပညာရှင်များ သို့မဟုတ် သိပ္ပံပညာရှင်များ ရှိသလော။ အရာရာတိုင်း တည်ရှိနေမှု၏ တန်ဖိုးကိုရော သူတို့ အမှန်တကယ် နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ ထို့နောက် ဤအသိပညာကို လူသားမျိုးနွယ်သည် အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် ၄င်းကို လေ့လာဖို့ သူတို့ အဘယ်မျှလောက် ကြိုးစားသည်ဖြစ်စေ၊ ဘုရားသခင် အရာအားလုံးကို ဖန်းဆင်းမှု၏ ရည်ရွယ်ချက်နှင့် လျှို့ဝှက်နက်နဲသည့် သဘောတရားကို သူတို့ ဘယ်သောအခါမှ ဉာဏ်မှီမည် မဟုတ်ပါ၊ ဟုတ်သည်မဟုတ်လော။…

ငါတို့ ခုနက နားထောင်ခဲ့ရသည့် ကြီးမားသည့် တောင်ကြီးနှင့် သေးငယ်သည့် စမ်းချောင်းလေးပုံပြင်ကို နောက်တစ်ခေါက် ကြည့်လိုက်ကြပါစို့။ တောင်ကြီး၏ အသုံးဝင်ပုံက အဘယ်သို့နည်း။ တောင်ပေါ်တွင် သက်ရှိသတ္တဝါများ မှီတင်း နေထိုင်ကြသည့်အတွက် တောင်ကြီး၏ တည်ရှိမှုသည် တန်ဖိုးရှိပြီးသားဖြစ်သည်။ တချိန်တည်းတွင် တောင်ကြီးက စမ်းချောင်းလေးကို သူစီးဆင်းချင်သည့် နေရာများဆီ စီးဆင်းမသွားအောင်၊ လူသားများဆီ ဘေးန္တရာယ်များ သယ်မသွားအောင် တားဆီးပိတ်ပင်သည်။ ဟုတ်သလော။ တောင်ကြီးရှိနေခြင်း၏ ကောင်းကျိုးကြောင့် တောင်ပေါ် တွင် ရှိသည့် သစ်ပင်များနှင့် မြက်ပင်များနှင့် တခြားအပင်ငယ်များ အားလုံးနှင့် တိရစ္ဆာန်များကဲ့သို့ သက်ရှိ သတ္တဝါများကို ရှင်သန် ကြီးထွားစေသည်၊ စမ်းချောင်းလေးကို သူစီးဆင်းရမယ့် အရပ်ဆီ လမ်းပြသည်၊ တောင်ကြီးက စမ်းချောင်းထဲက ရေများကို စုဆောင်းပြီး သူတို့ကို သဘာဝကျကျ ပင်ခြေတဝိုက်တွင် စီးဆင်းဖို့ လမ်းပြပေးသည်၊ တောင်ခြေမှ မြစ်ထဲသို့၊ နောက်ဆုံး တွင် ပင်လယ်ထဲသို့ စီးဝင်စေသည်။ ဤနေရာတွင် ချမှတ်ထားသည့် စည်းမျဉ်းများသည် သဘာဝတရားက ဖန်တီးထားခြင်း မဟုတ်ပါ၊ သို့သော်လည်း ဤစည်းမျဉ်းများကို အထူးသဖြင့် ဖန်းဆင်းချိန်တွင် ဘုရားသခင်က တခါတည်း စီစဉ်ထားခဲ့ ခြင်း ဖြစ်သည်။ တောင်ကြီးနှင့် လေကြမ်းကြီးဆိုလျှင်လည်း တောင်က လေကို လိုအပ်သည်။ တောင်ပေါ်တွင် နေထိုင်သည့် သက်ရှိသတ္တဝါများကို ကြင်နာစွာထိတွေ့ဖို့ တောင်က လေကို လိုအပ်သလို၊ တချိန်တည်းတွင် လေက မွှေနှောင့် ဖျက်ဆီးသည်မျိုး မဖြစ်စေဖို့ တိုက်ခတ်သည့် ပြင်းနှုန်းပေါ်မူတည်ပြီး တောင်က လေကို ကန့်သတ် တားဆီးသည်။ တောင်ကြီး၏ တာဝန်ကို ဤစည်းမျဉ်းနှင့် ထိန်းထားသည်၊ ထို့ကြောင့် တောင်၏ တာဝန်နှင့် သက်ဆိုင်သည့် ဤစည်းမျဉ်းသည် သူ့ ရုပ်လုံးပေါ်လာသလော။ (မဟုတ်ပါ။) ဤစည်းမျဉ်းကို ဘုရားသခင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ တောင်ကြီးတွင် သူ့ကိုယ်ပိုင်တာဝန်ရှိသလို လေကြမ်းကြီး တွင်လည်း သူ့ကိုယ်ပိုင်တာဝန် ရှိသည်။ အခု အလှည့်ကျသည်က တောင်ကြီးနှင့် ဧရာမ လှိုင်းလုံးကြီးအကြောင်း၊ ၄င်းနေရာတွင် တောင်ကြီးသာ မရှိလျှင် ရေသည် စီးဆင်းဖို့ ဦးတည်ရာကို သူ့ဘာသာ ရှာတွေ့နိုင်မည်လော။ (ရှာမတွေ့နိုင်ပါ။) ရေကလည်း လွှမ်းမိုးပြီး မွှေနှောင့် ဖျက်ဆီးနိုင်သည်။ တောင်မှာလည်း တောင်အနေနှင့် ကိုယ်ပိုင်တန်ဖိုး ရှိသည်၊ ထို့နောက် ပင်လယ်ကလည်း ပင်လယ်အနေနှင့် သူ့ကိုယ်ပိုင်တန်ဖိုး ရှိသည်။ ဤလိုနှင့် သူတို့ တစ်ယောက်ကို တစ်ယောက် အတူတကွ ပုံမှန်တည်ရှိနေနိုင်သည့်၊ မနှောင့်ယှက်နိုင်သည့် အခြေအနေများအောက်တွင် သူတို့သည် တစ်ယောက်ကို တစ်ယောက် ကန့်သတ်ပိတ်ပင်ကြ သည်၊ တောင်ကြီးက ပင်လယ်ကို ကန့်သတ် ပိတ်ပင်သည့်အတွက် ရေမကြီးတော့ပါ၊ ထို့ကြောင့် လူသားများ၏ အိုးအိမ်များကို ကာကွယ်ပေးသည်၊ ထို့ပြင် ၄င်းသည် ပင်လယ်ထဲ တွင် နေထိုင်ကြသည့် သက်ရှိသတ္တဝါများကို ပင်လယ်က ပြုစုစောင့်ရှောက် ရာလည်း ရောက် သည်။ ဤရှုမျှော်ခင်းက သူ့ဘာသာ ရုပ်လုံးပေါ်လာသည်လော။ (မဟုတ်ပါ။) ၄င်းကိုလည်း ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ဤပုံရိပ်များမှ ငါတို့ မြင်ရသည်က ဘုရားသခင် စကြဝဠာကြီးကို ဖန်းဆင်းသည့်အချိန်တွင် တောင်က မည်သည့်နေရာတွင် ရှိမည်၊ စမ်းချောင်းက မည်သည့်နေရာတွင် စီးဆင်းမည်၊ လေကြမ်းကြီးက မည်သည့်အရပ်မှ စပြီး တိုက်ခတ်မည် ထို့နောက် မည်သည့်အရပ်ကို သွားမည်၊ ဧရာမ လှိုင်းလုံးကြီးများ မည်မျှလောက်ထိ မြင့်မည် ဆိုသည်များကို သူက ရှေးမဆွက ခွဲခန့်မှတ်သားပြီးသားဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်သည် ဤအရာများအားလုံးထဲတွင် အကျုံးဝင်နောက် သူတို့သည် သူ့၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ အရာတိုင်းတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ပါရှိ သည်ဆိုသည်ကို သင်တို့ အခုမြင်ပြီလော။ (ကျွန်တော်တို့ မြင်ပါပြီ။)


နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

Myanmar Worship Song |  “ကောင်းကင်နိုင်ငံတော်သီချင်း- ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”

No comments:

Post a Comment