菜單

မူလစာမျက်နှာ သတင်းအချက်အလက် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ လွတ်လပ်မှန်ကန်တဲ့လူ့အခွင့်အရေး ကယ်တင်ရှင်ပြန်ကြွလာပြီ ဧဝံဂေလိတရားတော် ကောင်းကင်နိုင်ငံတော်သီချင်း အမှန်တရားကို ဖေါ်ထုတ်ခြင်း နိုင်ငံတော် ချီးမွမ်းခြင်း တေးဂီတ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ကြားခြင်းများ
Showing posts with label သက်သေခံချက်. Show all posts
Showing posts with label သက်သေခံချက်. Show all posts

5/23/2019

Myanmar Worship Song (ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်) Myanmar Lyrics


Myanmar Music Song (ဘုရားအတွက် သင့်စိတ်နှလုံးကို ဖွင့်လျှင်) Myanmar Lyrics


ကိုယ်တော့်စိတ်ကိုမသိ၊

ကိုယ်တော့် စိတ်သဘောထား ကို နားမလည်ရင်

စိတ်နှလုံးတံခါးကို မဖွင့်နိုင်ပါ

ကိုယ်တော့်ကိုသိရင် ကိုယ်တော့်စိတ်ကိုနားလည်

ယုံကြည်ခြင်းဖြင့် ကြည်နူးနိုင်ပြီ

ကိုယ်တော့်နှလုံးသားမှာ မွေ့လျော်

နေ့စဉ်နေ့တိုင်းမွေ့လျော်

တစ်နေ့တစ်ခြား တွေးပျော်ရင်

စိတ်နှလုံးကို ဖွင့်လာလိမ့်မည်

4/17/2019

ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိရေးအတွက် ဖြစ်သည်

ကယ်တင်ခြင်း, ခရစ်တော်၏ ပြောကြားချက်များ, သက်သေခံချက်, အသက်,

ဘုရားသခင်၏ စကားတော် | ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိရေးအတွက် ဖြစ်သည်

လူတွေ၏ ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်းဆိုသည်မှာ သင့်တို့၌ရှိသော အရည်အသွေး များအား တိုးတက်စေရန် သင်တို့လက်ခံဖို့ တောင်းဆိုခြင်းပင် ဖြစ်၏။ သင်တို့အား ပြောသော စကားများကို ရှင်းလင်းစွာ သင်တို့ခံယူခြင်းသည် သင်တို့ဆီသို့ အခြေခံကျဆုံး တောင်းဆိုမှု ဖြစ်သည်။ ငါပြောသည့် စကားများကို နားမလည်ဘဲ ငါ့နောက်သို့ လိုက်သည်ဆိုခြင်းမှာ ယောင်ချာချာယုံကြည်ခြင်း မဟုတ်သလော။ သင်တို့၏ ကိုယ်စွမ်းကိုယ်စသည် အလွန်နိမ့်ကျသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပြောထားသောအရာ ဘာဆိုသည်ကို နားလည်မှု အနည်းငယ်မျှ သင်တို့၌မရှိ၊ လက်ခံနိုင်ရန် စွမ်းအားများ သင်တို့၌ မရှိသောကြောင့်ဖြစ်၏။ ထိုသို့ ဖြစ်သောကြောင့် လိုချင်တောင့်တသော ရလဒ်များ ရရှိရန်ဆိုသည်မှာ အလွန်ခဲယဉ်းလှ၏။ သင့်တို့ကို စကားများစွာ တိုက်ရိုက် ပြော၍မရ။ မူလအကျိုး သက်ရောက်မှုမရှိနိုင်။ ထို့ကြောင့်၊ ငါ၏ အလုပ်ကို နောက်ထပ် ဖြည့်လုပ်စရာရှိ၏။ “လူတွေ၏ ကိုယ်စွမ်းကိုယ်စ မြှင့်တင်ခြင်း” ဆိုသည့်အလုပ်ကို သင်တို့တွင် စတင်လုပ်ဆောင်ရန် လိုအပ်သည့် အကြောင်းမှာ သင်တို့ လက်ခံနိုင်ခြင်း၏ အရည်အချင်းများ၊ မြင်နိုင်သော အရည်အချင်းများနှင့် သင်တို့၏ အသက်တာ အဆင့်တန်းများသည် အလွန်အမင်း ဆင်းရဲသောကြောင့် ဖြစ်သည်။ ဤအရာသည် လိုအပ်သော လမ်းညွန်မှု ဖြစ်၏၊ အခြားနည်းလမ်းမရှိ။ ရလဒ်များ၏ တစ်စိတ် တစ်ပိုင်း ဖြစ်မြောက်ဖို့ရန် ယင်းနည်းလမ်းသာ ဖြစ်ရမည်။ သို့မဟုတ်လျှင်၊ ငါပြောသမျှသော စကားများသည် အချည်းနှီး ဖြစ်လျက်၊ အပြစ်သားများအဖြစ် သင်တို့သည် သမိုင်းတွင် သွားလိမ့်မည် မဟုတ်လော။ သင်တို့သည် ကိုယ်စွမ်းကိုယ်စ ယိုယွင်းလာမည် မဟုတ်လော။ သင်တို့အပေါ်တွင် ပြုနေပြီးဖြစ်သော ဤအလုပ်သည် အဘယ်အလုပ် ဖြစ်သနည်း။ သင်တို့ လိုအပ်နေသော အရာမှာ အဘယ်နည်း။ သင်တို့ မသိသလော။ သင်တို့၏ ပင်ကိုယ် ကိုယ်စွမ်းကိုယ်စကို သင်တို့ သိသင့်သည်။ ထိုအကျင့်သည် ငါတောင်းဆို သည်အတိုင်း လုံးဝမဖြစ်နိုင်။ ၎င်းက အလုပ်ကို နှောင့်နှေးစေသည် မဟုတ်လော။ လက်ရှိ သင်တို့၏ ကိုယ်စွမ်း ကိုယ်စနှင့် အကျင့်စာရိတ္တအရ၊ ငါ၏သက်သေ ဖြစ်ထိုက်သောသူ သင်တို့တွင် တစ်ယောက်မျှ မရှိ။ ငါ့အနာဂါတ် အလုပ်၏ ကြီးလေးသော ဝတ္တရားကို လုပ်ဆောင်နိုင်သူ သင်တို့တွင် တစ်ယောက်မျှ မရှိ။ ယင်းအကြောင်းကြောင့် သင်တို့သည် အလွန်ရှက်ကြောက်ခြင်း မရှိသလော။ ဤအတိုင်းသာ ဆက်ဖြစ် နေလျှင် ငါ၏ လိုအင်ဆန္ဒများ အားလုံးကို အဘယ်နည်းနှင့် ကျေနပ်စေနိုင်မည်နည်း။ သင်သည် ကိုယ့်အသက်တာကို ကြွယ်ဝပြီး လုပ်ရကျိုးရှိအောင် ပြုသင့်သည်။ အချိန်ကို အလဟဿ မကုန်စေနှင့်။ ထိုသို့ အချိန်ကုန်စေခြင်းသည် တန်ဖိုးမရှိပါ။ သင်က အဘယ်အရာများနှင့် တန်ဆာဆင်သင့်ကြောင်းကို သိသင့် ပေ၏။ မိမိကိုယ်ကို ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူကဲ့သို့ မထင်မှတ်ပါနှင့်။ ထိုသို့ နီးပါးလည်း မဖြစ်စေနှင့်။ လူသားသဘော သဘာဝအကြောင်း အခြေခံလေးတောင် သင်မသိလျှင် အဘယ်ပြောစရာ ရှိသနည်း။ ဤအရာအားလုံးက အဓိပ္ပါယ်ကင်းမဲ့ခြင်းသို့ ဖြစ်သွားသည် မဟုတ်လော။ လူ့ကိုယ်စွမ်းကိုယ်စအပေါ် ငါတောင်းဆိုသည့် အရာနှင့် ပတ်သက်လျှင် သင်တို့ထဲတွင် အရည်အချင်း အလျှင်းပြည့်ဝသူ တစ်ယောက် တစ်လေမျှပင် မရှိကြချေ။ အသုံးတည့်မည့် လူတစ်ဦး ရှာတွေ့ရန် ဆိုသည်မှာ အလွန်ခက်ခဲပါသည်။ သင်တို့က ငါ့အတွက် သာ၍ကြီးမားသော အလုပ်ကို လုပ်ဆောင်နိုင်သော လူများဖြစ်သည်ဟု သင်တို့ယုံကြည်လျက်၊ ငါ့ထံမှ သာ၍ကြီးမားသော တာဝန်ပေးအပ်ခြင်း တစ်ခုကို လုပ်ဆောင်နိုင်သည်ဟု သင်တို့ ယုံကြည်ကြ၏။ အကယ်စင်စစ်၊ သင်တို့ရှေ့က သင်ခန်းစာများကို မည်ကဲ့သို့ ခံယူရသည်ကိုပင် သင်တို့မသိကြ။ ထို့ကြောင့် သာ၍ နက်နဲသော သမ္မာတရားများဆီသို့ ဝင်ရောက်ရန် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သင်တို့ ဝင်ရောက်ခြင်းသည် နည်းစနစ်ကျကျ ဖြစ်ရမည်။ ပေါက်တတ်ကရ မလုပ်နှင့်။ ယင်းသည် ကောင်းသောအရာ ဖြစ်လိမ့်မည် မဟုတ်။ ရေတိမ်ရာ အစပ်မှသာ ဝင်ရောက်ပါ၊ နားလည်မှုနှင့် ရှင်းလင်းမှု သင်တို့ရသည့်တိုင် ဤစကားများကို တစ်ကြောင်းပြီး တစ်ကြောင်းဖတ်ရှုပါ။ ညီအစ်ကို၊ မောင်နှမ အယောက်စီတိုင်းသည် အနည်းဆုံး စာဖတ်တတ်သင့်ပါသည်။ အလျင်စလို ကြည့်ရုံမျှ မဖြစ်စေနှင့်။ ဟန်ဆောင် လုပ်ပြခြင်းလည်း မပြုနှင့်။ သာမန်အားဖြင့်၊ ရည်ညွှန်းစာအုပ်များကိုလည်း (သဒ္ဒါ/နှုတ်မှုစာအုပ်များ ကဲ့သို့သော) သင်ဖတ်ရှု နိုင်သည်။ သင့်စိတ်အား အလွန်အကျွံ လှုံ့ဆော်ပေးသည့် စာအုပ်များကို (အချစ်ဝတ္ထုများ၊ အပြာစာအုပ်၊ မဂ္ဂဇင်းများ၊ သို့မဟုတ် ကြီးမြတ်သော လူများ၏ အတ္ထုပတ္တိများ) ဖတ်စရာမလိုပါ။ ထိုအရာက အကောင်းထက် အဆိုးသာ ဖြစ်စေ၏။ သင်ဝင်ရောက်ရမည့်အရာ၊ နားလည်ရမည့် အရာဟူသမျှကို သင်က ပိုင်နိုင်ရမည်။ ကိုယ်စွမ်းကိုယ်စ တိုးတက်ကောင်းမွန် စေခြင်း၏ ရည်ရွယ်ချက်သည် လူတွေမှ မိမိတို့၏ အနှစ်သာရ၊ ဖြစ်ခြင်း၊ ဂုဏ်ဒြပ် သို့မဟုတ် တန်ဖိုးကို နားလည်လာစေခြင်းပင် ဖြစ်၏။ အသင်းတော်များ အဓိကထား ဝင်ရောက်သင့်သည့် အရာက အဘယ်နည်း။ ယနေ့လူတွေက မိမိတို့၏ ကိုယ်စွမ်းကိုယ်စ မြင့်မားစေခြင်း မဟုတ်လော။ ပညာတတ် ဖြစ်လာရေးအတွက် ဆွဲကိုင်ရမည့် အရာဖြစ်သည်။ လက်လွှတ်၍ မရပါ။ လူတွေ၏ ကိုယ်ကျင့်တရားကို အဘယ်ကြောင့် တိုးမြှင့်စေရမည့်အကြောင်း၊ မည်ကဲ့သို့ တိုးမြှင့်မည့် အကြောင်းနှင့် ဘယ်လိုကဏ္ဍဖြင့် ဝင်ရောက်ရမည်ကို သင်တို့နားလည်ရမည့် ကဏ္ဍတစ်ခုဖြစ်သည်။ သာမန်လူသား သဘောသဘာဝဆိုသော အဓိပ္ပါယ်ကို သင်တို့နားလည်ရမည်။ ဘာကြောင့် ၎င်းအလုပ်ကို လုပ်ရမည့်အကြောင်း၊ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းကို သင်တို့ နားလည်ရမည်။ ပညာတတ်တစ်ဦး ဖြစ်လာရေး၌ အဘယ်မည်သော ကဏ္ဍကို သင်ယူရမည်နည်း။ ဘယ်လို စတင်ရမည်နည်း။ ပညာတတ် ဖြစ်လာခြင်း၏ ရည်ရွယ်ချက်က အဘယ်ဖြစ်သည်ကို သင်တို့အားလုံး သိသင့်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နားလည်ခြင်း မဟုတ်လော၊ သမ္မာတရားသို့ ဝင်ရောက်ခြင်း မဟုတ်လော။ ယခု အသင်းတော်များ၌ နေရာတကာ ပြည့်နှက်နေသည့် အရာက အဘယ်အခြေအနေ ဖြစ်သနည်း။ လူတစ်ဦးအား ပညာတတ် ဖြစ်လာရန် သင်တို့ ပြောဆိုလျှင် ဘုရားသခင်၏ စကားတော်များ၌ မွေ့လျော်ခြင်းအကြောင်းကို သူတို့က မေ့လျော့သည်။ သင်တို့က သာမန်လူသား သဘောသဘာဝ အကြောင်းကို ပြောဆိုလျှင်၊ သူတို့က ကိုယ့်အိမ်အား ရှင်းလင်းမည့်အရေး၊ ကြမ်းပြင်အား တံမြက်လှည်းခြင်း သို့မဟုတ် ချက်ပြုတ်ခြင်း၊ မီးဖိုဆောင် သန့်ရှင်းရေး လုပ်ခြင်းနှင့် ချက်ပြုတ်ရေး အသုံးအဆောင်များ ဝယ်ခြင်း အကြောင်းများကိုသာ အာရုံစိုက်ကြသည်။ ယင်းကိစ္စများကိုသာ အရေးတကြီးထားပြီး၊ အသင်းတော် အသက်တာကို သာမန်အားဖြင့် မည်ကဲ့သို့ ဦးဆောင်ရမည်ကို သူတို့မသိကြ။ သို့မဟုတ်လျှင် အဘိဓာန်ထဲမှ စကားလုံး အသစ်တွေကို သင်ယူကြကာ၊ တစ်နေကုန် ဘာမျှမလုပ်ဘဲ နေကြ၏။ သင်က လက်ရှိ အခြေအနေ ထဲသို့ ကျန်နေခဲ့လျှင် လမ်းလွဲသွားပြီ။ ထို့ကြောင့် ဝိညာဉ်ရေး အသက်တာထဲ ဝင်ရောက်ရန် သင့်အား အဘယ့်ကြောင့် တောင်းဆိုရသနည်း။ သင် သင်ယူသမျှက သင့်ကိုတောင်းဆိုသော အရာကို မဖြည့်ဆည်း နိုင်သည့် အရာများဖြစ်သည်။ အသက်တာ ဝင်ရောက်ခြင်းသည် အရေးကြီးဆုံးသော အရာဖြစ်နေမြဲပါ။ ဤအလုပ် လုပ်ရခြင်းက လူတွေ ကြုံတွေ့နေသော ခက်ခဲမှုများအား ဖြေရှင်းပေးရန်ဖြစ်၏။ ကိုယ်ကျင့်တရား တိုးတက် ကောင်းမွန်စေခြင်းက သင့်အား လူ့သဘာဝနှင့် လူ၏အနှစ်သာရကို သိစေသည်။ ယင်းကို သိခြင်း၏ ရည်ရွယ်ချက်သည် လူတွေ ဝိညာဉ်ရေး အသက်တာ ကြီးထွား၍ မိမိတို့ စိတ်နေသဘောထား ပြောင်းလဲစေရန် ဖြစ်သည်။ မည်ကဲ့သို့ ဝတ်ဆင်ပြီး ကြည့်ကောင်းမည်ကို သင်သိကောင်း သိနိုင်သည်၊ သင်၌ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုတို့ ရှိကောင်းရှိနိုင်သည်၊ သို့သော် နောက်ဆုံး သွား၍လုပ်ဆာင်ရန် အချိန်ကျလာသည့် အခါတွင်မူ၊ သင်မလုပ်ဆောင်နိုင်ချေ။ ထို့ကြောင့် သင်သည် ကိုယ်ကျင့်တရားကို မြှင့်တင်သည့်အခါ လုပ်ဆောင်ရမည့် အရာကို သိသင့်ပါသည်။ သင့်အား ပြောင်းလဲစေခြင်းသည် ပန်းတိုင်ဖြစ်၏။ ကိုယ်စွမ်း ကိုယ်စ မြှင့်တင်ခြင်းသည် နောက်ဆက်တွဲ ဖြစ်သည်။ သင့်ကိုယ်စွမ်းကိုယ်စ တိုးတက်မှု မရှိလျှင် ဘာမျှ ထူးခြားလာမည် မဟုတ်သကဲ့သို့၊ သင့်စိတ်နေသဘောထား မပြောင်းလဲနိုင်ပါက ပို၍ ဆိုးဝါးစေလိမ့်မည်။ အခြားတစ်ခု မရှိပဲ တစ်ခုတည်းနှင့် လုံလောက်လိမ့်မည် မဟုတ်ပါ။ ထူးကဲလှသော သက်သေခံချက်နှင့်အတူ မွေးဖွားခဲ့ပြီး ဆိုသည့်အရာက သင်သည် သာမန်လူသား သဘောသဘာဝ ရှိခြင်းကို ဆိုလိုသည်မဟုတ်။ သင့်အား တောင်းဆိုသောအရာမှာ ရိုးစင်းသော အရာမဟုတ်ပါ။

4/04/2019

ဘုရားသခင်၏ စကားတော် | သိမ်းပိုက်ခြင်း အမှုတော်၏ ဒုတိယခြေလှမ်း အသီးသီးပုံ

ခရစ်တော်၏ ပြောကြားချက်များ, သက်သေခံချက်, အသက်,

အစေခံသူများ အလုပ်၏ ခြေလှမ်းသည် သိမ်းပိုက်ခြင်းအလုပ်၏ ပထမခြေလှမ်းဖြစ်သည်၊ ဤသည်မှာ လက်ရှိတွင် သိမ်းပိုက်ခြင်းအလုပ်၏ ဒုတိယခြေလှမ်း ဖြစ်သည်။ သိမ်းပိုက်ခြင်း အလုပ်တွင် အဘယ်ကြောင့် ပြီးပြည့်စုံလင်ခြင်းကို ဆွေးနွေးရသနည်း။ ယင်းမှာ အနာဂတ်အတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဖြစ်သည်၊ ဤအရာသည် လက်ရှိတွင် သိမ်းပိုက်ခြင်း အလုပ်၏ နောက်ဆုံးသော ခြေလှမ်း ဖြစ်ပြီး၊ ယင်းနောက်တွင် လူတို့သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြုံတွေ့ရမည်ဖြစ်ကာ၊ ထိုအချိန်တွင် လူတို့အား ပြီးပြည့်စုံလင်စေခြင်းသည် တရားဝင် စတင်လိမ့်မည်။ ယခုတွင် အဓိကကျသော အရာမှာ သိမ်းပိုက်ခြင်း ဖြစ်သည်၊ သို့သော်လည်း ဤအရာသည် လူတို့၏ နားလည်မှုနှင့် နာခံမှုကို ပြီးပြည့်စုံလင် စေသည့် ပြီးပြည့်စုံလင်ခြင်း၏ ပထမခြေလှမ်းလည်းဖြစ်ပြီး၊ ယင်းတို့မှာ သိမ်းပိုက်ခြင်း၏ အလုပ်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်လျက်ရှိနေခြင်း ဖြစ်နေပေသေးသည်။ အကယ်၍ သင်သည် ပြီးပြည့် စုံလင်လိုပါက၊ သင်သည် အနာဂတ်ရှိ ကြီးစွာသော ဒုက္ခဆင်းရဲ၏ အလယ်တွင် ခိုင်ခံ့စွာ ရပ်တည်နိုင်ရမည် ဖြစ်ပြီး၊ သင်၏ ခွန်အား အလုံးစုံကို အလုပ်၏ နောက်ခြေလှမ်းအား တိုးချဲ့ခြင်းထဲသို့ ထည့်ဝင်သင့်သည်။ ဤသည်မှာ ပြီးပြည့် စုံလင်ခံရခြင်း ဖြစ်ပြီး ယင်းမှာ လူတို့သည် ဘုရားသခင်၏ အကြွင်းမဲ့ ရယူခြင်းကို ခံရသောအချိန်လည်း ဖြစ်သည်။ ယခုဆွေးနွေးနေသည့် အကြောင်းအရာမှာ သိမ်းပိုက်ခံရခြင်းဖြစ်ပြီး၊ ယင်းမှာ ပြီးပြည့်စုံလင်အောင် ပြုခံရခြင်းလည်း ဖြစ်သည်၊ သို့သော်လည်း ယခု လုပ်ဆောင်ပြီးစီးသော အရာသည် အနာဂတ်တွင် ပြီးပြည့်စုံလင်အောင် ပြုခံရခြင်းအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ပြီးပြည့်စုံလင်အောင် ပြုခံရခြင်း အလို့ငှာ၊ လူတို့သည် ဒုက္ခအခက်အခဲကို ကိုယ်တွေ့ ကြုံရမည် ဖြစ်ပြီး၊ သူတို့သည် ယင်းဒုက္ခအခက်အခဲကို ပြီးပြည့် စုံလင်အောင် ပြုခံရခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် ကိုယ်တွေ့ ကြုံရပေမည်။ အကယ်၍ လူတို့သည် ဤလက်ရှိ အခြေခံအုတ်မြစ် မရှိပါလျှင်မူ၊ အကယ်၍ သူတို့သည် စေ့စေ့စပ်စပ် သိမ်းပိုက်ခြင်း မခံရသေးလျှင်မူ၊ သူတို့အတွက် အလုပ်၏နောက်တစ်ဆင့်တွင် ခိုင်မြဲစွာရပ်တည်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သိမ်းပိုက်ခြင်းကိုသာလျှင် ခံရခြင်းသည် နောက်ဆုံးပန်းတိုင်ကို စွမ်းဆောင်ရရှိခြင်း မဟုတ်ပါ၊ ယင်းမှာ စာတန်၏ ရှေ့မှောက်တွင် ဘုရားသခင်အတွက် သက်သေခံခြင်းသာ ဖြစ်သည်။ ပြီးပြည့် စုံလင်အောင် ပြုခံရခြင်းသာလျှင် နောက်ဆုံး ပန်းတိုင်ဖြစ်ပြီး အကယ်၍ သင်သည် ပြီးပြည့်စုံလင်အောင် ပြုခြင်း မခံရသေးပါက၊ သင်သည် တန်ဖိုးမရှိသော သူအဖြစ် ရေတွက်ခြင်း ခံရပေလိမ့်မည်။ အနာဂတ်တွင် ဒုက္ခအခက်အခဲကို တွေ့ကြုံရသောအခါ၊ ထို့နောက်တွင်သာ လူတို့၏ ဝိညာဥ်အသက်တာ အမှန်သည် မြင်ရလာမည် ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် အတွက်ထားရှိသော သင့်ချစ်ခြင်း၏ စင်ကြယ်ခြင်း အစစ်သည် မြင်တွေ့ခြင်း ခံရမည်။ ယခုတွင် လူအားလုံးတို့သည် “ဘုရားသခင်သည် အဘယ်အရာကို ပြုတော်မူသည်ဖြစ်စေ ကျွန်ုပ်တို့သည် နာခံမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ တန်ခိုးကြီးမှုကို ထင်ရှားပေါ်လွင်စေရန် ကျွန်ုပ်တို့သည် အဖြည့်ခံများဖြစ်ရန် လိုလိုလားလား ရှိကြပါသည်။ ကိုယ်တော်သည် သူ၏ ကျေးဇူးတော်အား ကျွန်ုပ်တို့အပေါ်သို့ အပ်နှင်းသည်ဖြစ်စေ၊ မအပ်နှင်းသည်ဖြစ်စေ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကျိန်ဆိုသည်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်တို့ကို တရားစီရင်သည် ဖြစ်စေ၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကျေးဇူးတင်ပါမည်”ဟု ပြောကြသည်။ ယခုတွင် သင်ဤအရာကို ပြောနေခြင်းမှာ နားလည်မှု အနည်းငယ်မျှလောက်သာ ဖြစ်သည်၊ သို့သော်လည်း ယင်းကို လက်တွေ့ အသုံးချ၍ရ၊ မရဆိုသည်မှာကား သင်၏ နားလည်ခြင်းသည် ဧကန်အမှန်ပင် လက်တွေ့ကျ၊ မကျဆိုခြင်း အပေါ် မူတည်သည်။ လူတို့သည် ဤအရာများကို ယခုတွင် သိမြင်ပြီး နားလည်ခဲ့ကြခြင်းမှာ သိမ်းပိုက်ခြင်း အလုပ်၏ အောင်မြင်ဖြစ်ထွန်းမှု ဖြစ်သည်၊ သင်သည် ပြီးပြည့်စုံလင်အောင်ပြုခြင်း ခံရနိုင်၊ မခံရနိုင် ဆိုသည်မှာကား သင့်အပေါ်သို့ ဒုက္ခအခက်အခဲ ကျရောက်လာသောအခါတွင် အများအားဖြင့် မြင်တွေ့ ရလိမ့်မည်။ သင်၏ နှလုံးသားထဲတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းရှိ၊ မရှိဆိုသည်ကို ထိုအချိန်၌ မြင်တွေ့ရလိမ့်မည်ဖြစ်ပြီး အကယ်၍ သင့်တွင် သူ့အတွက် စင်ကြယ်သော ချစ်ခြင်း အမှန်တကယ် ရှိပါက သင်သည် “ကျွန်ုပ်တို့မှာ အဖြည့်ခံများသာ ဖြစ်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်တော်ထဲ၌ရှိသော ဖန်ဆင်းခံ သတ္တဝါများသာ ဖြစ်ပါသည်”ဟု ပြောလိမ့်မည်။ ပြီးလျှင် သင်သည် တစ်ပါးသော တိုင်းနိုင်ငံများသို့ သတင်းကောင်းကို ဖြန့်ဝေသောအခါ “ကျွန်ုပ်သည် အစေခံသူမျှသာဖြစ်ပြီး ဘုရားသခင်မှ အလွန်များစွာ ပြောကြားတော်မူသော ကျွန်ုပ်တို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားများကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မြင်ခဲ့ရခြင်း ဖြစ်ပါ၏။ အကယ်၍ ဘုရားသခင်သည် ထိုအရာများကို မပြောကြားခဲ့ပါက ကျွန်ုပ်တို့သည် ကိုယ်တော်ကို မြင်တွေ့နိုင်ခဲ့လိမ့်မည် မဟုတ်၊ ကိုယ်တော့် ဉာဏ်ပညာကို မြည်းစမ်းနိုင်ခဲ့မည် မဟုတ်ဘဲ ထိုကဲ့သို့သော ကြီးမားလှသည့် ကယ်တင်ခြင်း၊ ထိုကဲ့သို့သော ကြီးမားလှသည့် ကောင်းချီးကိုလည်း ရယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ခဲ့ပါ”ဟု သင်ပြောပေလိမ့်မည်။ အကယ်၍ သင်သည် ထိုအမြင်ကို စွဲကိုင်ထားပါလျှင် သင်သည် အဆင်ပြေနေခြင်း ဖြစ်သည်။ ယခု၌ သင်သည် များစွာသောအမှုအရာများကို လက်တန်းပင်ပြောနေခဲ့ပြီး “ကျွန်ုပ်တို့သည် အဖြည့်ခံများနှင့် အစေခံ သူများ ဖြစ်ကြပါ၏၊ ကျွန်ုပ်တို့သည် သိမ်းပိုက်ခံရခြင်းနှင့် ဘုရားသခင်အတွက် ခမ်းနားကြီးကျယ်သော သက်သေခံချက်များ ဖြစ်ခြင်းငှာ လိုလားနေကြပါ၏…”စသည့် ဆောင်ပုဒ်များကို အစဥ်အမြဲ ကြွေးကြော် ကြသည်။ သင်သည် ထိုအရာကို ဤနည်းအတိုင်း ကြွေးကြော်လိုက်ပြီး ပြီးဆုံးသွား၍ မရနိုင်ပါ၊ ယင်းမှာ သင်သည် ဝိညာဥ်အသက်တာနှင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ သင်၌ စစ်မှန်သော နားလည်ခြင်း ရှိရမည်ဖြစ်ပြီး၊ သင်၏ နားလည်ခြင်းသည် အစမ်းသပ်ခံနိုင်ရပါမည်။

3/06/2019

ဘုရားသခင်၏ စကားတော် | သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဘုရားသခင်, သက်သေခံချက်, သမ္မာတရား, ခရစ်တော်၏ ပြောကြားချက်များ,

စာတန်အားဖြင့် အလွန်နက်ရှိုင်းစွာ ပျက်ဆီးခဲ့သော လူသားမျိူးနွယ်သည် ဘုရားတစ်ပါး ရှိသည်ကို မသိပဲ ဘုရားကို ကိုးကွယ်ခြင်းအား ရပ်ဆိုင်းခဲ့သည်။ ကနဦးအစ၊ အာဒံနှင့် ဧဝတို့ ဖန်ဆင်းခံရချိန်တွင် ယေဟောဝါ၏ ဘုန်းအသရေနှင့် ယေဟောဝါ၏ သက်သေတို့သည် အမြဲတည်နေခဲ့၏။ သို့သော် ဖျက်ဆီးခြင်းခံရပြီးနောက် အယောက်တိုင်းက ဘုရားကို ဆန့်ကျင်ပုန်ကန်ပြီး သူ့ကို ကြည်ညိုလုံးလုံးလျားလျား ရပ်တန့်ခဲ့ခြင်းကြောင့် လူသားသည် ဘုန်းအသရေနှင့် သက်သေကို ဆုံးရှုံးခဲ့လေသည်။ ယနေ့ သိမ်းပိုက်ခြင်းအလုပ်မှာ သက်သေအားလုံးနှင့် ဘုန်းအသရေအားလုံးကို ပြန်လည်ရယူရန် ဖြစ်ပြီး လူအားလုံး ဘုရားကို ကိုးကွယ်စေဖို့ဖြစ်သည်။ ထိုသို့အားဖြင့် ဖန်ဆင်းခံများကြားတွင် သက်သေရှိလိမ့်မည်။ ဤအရာမှာ ဤလုပ်ငန်းအဆင့်တွင် ပြီးမြောက်ရန် လိုအပ်သည့်အရာ ဖြစ်သည်။ လူသားတို့သည် မည်သို့ အတိအကျ သိမ်းပိုက်ခံရဖို့ဖြစ်သနည်း။ လူသားကို အပြည့်အဝလက်ခံယုံကြည်စေဖို့ ဤစကားလုံးများ၏ လုပ်ဆောင်ချက်ကို အသုံးပြုခြင်းဖြင့် ထိုအရာပြီးမြောက်မည်ဖြစ်သည်။ သူ့အားလုံးဝချိုးနှိမ်ရန်အလို့ငှာ ထုတ်ဖော်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း နှင့် မငဲ့ညာပဲ ကျိန်ဆိုခြင်းတို့ကို အသုံးပြုခြင်းလိမ့်မည်။ လူ၏ ပုန်ကန်ခြင်းကို ဖွင့်ပြခြင်းနှင့် သူ၏ အတိုက်အခံလုပ်ခြင်းကို တရားစီရင်ခြင်းအားဖြင့် သူသည် ဘရားသခင်၏ ဖြောင့်မတ်သော သဘောသဘာဝကို မီးမှောင်းထိုးပြဖို့ အသုံးပြုလိမ့်မည်။ ထိုသို့အားဖြင့်လူသားမျိုးနွယ်၏ မတရားသောအမှုနှင့် အညစ်အကြေးများကို သိရှိနိုင်မည်ဖြစ်သည်။ အဓိကအားဖြင့် ဤစကားလုံးများကို အသုံးပြုခြင်းဖြင့် လူကိုသိမ်းပိုက်ပြီး သူ့ကို အပြည့်အဝ လက်ခံယုံကြည်စေ မည်။ စကားလုံးများသည် လူသားမျိုးနွယ်ကို အဆုံးစွန်သိမ်းပိုက်ရန်အတွက် လမ်းစဉ်များဖြစ်ပြီး သိမ်းပိုက်ခြင်းကို လက်ခံသောသူအားလုံးက စကားလုံးများ၏ ဒဏ်ခတ်မှုနှင့် တရားစီရင်မှုတို့ကို လက်ခံရမည်ဖြစ်သည်။ လက်ရှိဟောပြောခြင်းလုပ်ငန်းစဉ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ လူတို့သည် မည်သို့အတိအကျ ပူးပေါင်းလုပ်ဆောင်သင့်သနည်း။ ဤစကားလုံးများကို ထိရောက်စွာ စားသောက်ခြင်းနှင့် ၎င်းတို့ကို နားလည်သဘောပေါက်ခြင်းတို့အားဖြင့် ဖြစ်သည်။ လူတို့သည် သူတို့ကိုယ်သူတို့ သိမ်းပိုက်ရန်မဖြစ်နိုင်ပါ။ သင်တို့သည် ဤစကားလုံးများကို စားသောက်ခြင်းအားဖြင့် သင်တို့၏ ပျက်ဆီးခြင်းနှင့် ဆိုးညစ်မှု၊ သင်တို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကို သိရှိလာကာ ဘုရားရှေ့မှောက်တွင် လဲကျကြမည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက် လက်တွေ့လုပ်ဆောင်နိုင်ကာ ထပ်တိုး၍ ရူပါရုံရှိလျှင်၊ သင့်အနေဖြင့် ဤစကားလုံးများကို လုံးဝနာခံနိုင်ပြီး သင်၏ ကိုယ်ပိုင် မည်သည့်ရွေးချယ်မှုကိုမျှ မကျင့်သုံးလျှင် သင်သည် သိမ်းပိုက်ခြင်း ခံရမည်။ ပြီးလျှင် သင့်ကို သိမ်းပိုက်ခဲ့ပြီးသောအရာမှာ ဤစကားလုံးများ ဖြစ်လိမ့်မည်။ လူသားမျိူးနွယ်က သက်သေကို အဘယ်ကြောင့် ဆုံးရှုံးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဘုရား၌ ယုံကြည်ချက်မရှိ သို့မဟုတ် စိတ်နှလုံး၌ ဘုရားကို နောက်ထပ် လုံးဝ မဆုပ် ကိုင်တော့ခြင်းကြောင့်ဖြစ်သည်။ လူသားတို့ကို သိမ်းပိုက်ခြင်းဆိုသည်မှာ လူသားတို့ကို ဤယုံကြည်ချက် ပြန်လည်ထားရှိစေခြင်းဖြစ်သည်။ လူတို့သည် အလွန်များပြားလှသော မျှော်လင့်ချက်များ ထားသိုရင်း သူတို့အနာဂတ်အတွက် အလွန်များပြားစွာ လိုချင်ကြရင်း အလွန်များလှသော လွန်ကဲသည့်တောင်းဆိုချက်များ ရှိရင်းဖြင့် လောကဘက်သို့ ယိမ်းလေ့ရှိကြသည်။ သူတို့သည် သူတို့၏ဇာတိပကတိအတွက် အမြဲစဉ်းစားကာ စီစဉ်နေကြပြီး ဘုရားသခင်၌ ယုံကြည်မှုနည်းလမ်းအား ရှာဖွေခြင်း၌ လုံးဝ စိတ်မဝင်စားကြ။ သူတို့စိတ်နှလုံးများသည် စာတန်၏ ဖမ်းဆီးခြင်းကို ခံကြရပြီးဖြစ်သည်။ ဘုရားအဘို့ သူတို့၏ ကြည်ညိုခြင်းကို သူတို့ ဆုံးရှုံးခဲ့ကြပြီ ဖြစ်ပြီး သူတို့စိတ်နှလုံးများကို စာတန်အား ပေးအပ်ထားကြသည်။ သို့သော် လူကို ဘုရားသခင်ကဖန်ဆင်းထားခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် လူက သက်သေကို ဆုံးရှုံးခဲ့ပြီဆိုသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို သူဆုံးရှုံးခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်အဘို့ လူ၏ ကြည်ညိုခြင်းနှင့်ဆိုင်သော ဘုန်းအသရေကို ပြန်လည် သိမ်းယူဖို့ဖြစ်သည်။ ဤသို႔ဆို၍ ရသည္- ဘဝကို မလိုက် လျှောက် သောသူများစွာရှိသည်။ လိုက်လျှောက် သူအချို့ ရှိမည်ဆိုလျှင်ပင် အရေအတွက်က တစ်ဦးတည်း၏ လက်ချောင်းများဖြင့် ရေတွက်နိုင်လောက်သည်။ လူတို့သည် သူတို့၏အနာဂတ်အကြောင်းကိုသာ အများဆုံး စိုးရိမ်ပူပန်ကြပြီး ဘဝကို မည်သို့မျှ အာရုံစိုက်တတ်ကြသည်မဟုတ်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ကာ အတိုက်အခံလုပ်ကြပြီး သူ၏နောက်ကျောတွင် သူ့ကို စီရင်ကြကာ သမ္မာတရားကို လက်တွေ့ မကျင့်ဆောင်ကြပါ။ ယခုတွင် ငါသည် ဤလူတို့ကို လစ်လျူရှုပြီး ပုန်ကန်ခြင်း၏ သားများဖြစ်သည့် ဤအတန်းအစားကို ကိုင်တွယ်ခြင်းမှ ငါရှောင်ကြဉ်သည်။ အနာဂတ်၌ သင်သည် ငိုကြွေရင်းနဲ့ အံကြိတ် ရင်း မှောင်မိုက်၌ အသက်ရှင်ရလိမ့်မည်။ ထိုအထဲ၌ အသက်ရှင်ချိန်တွင် အလင်း၏ အဖိုးတန်မှုကို သင်တို့မခံစားရကြ၊ သို့သော် အမှောင်ည၌ သင်တို့ရှင်သန်ရသည်နှင့် တပြိုင်နက် ၎င်း၏ အဖိုးတန်မှုကို သိမြင်ရကြမည်ဖြစ်သည်။ ထို့နောက် သင်တို့ ဝမ်းနည်းကြလိမ့်မည်။ သင်သည် ယခုအဆင်ပြေနေသော်လည်း သင်ဝမ်းနည်းရမည့် နေ့ရက်ရောက်လာလိမ့်မည်။ ထိုနေ့ရက်ရောက်လာပြီး မှောင်မိုက်သက်ဆင်းကာ အလင်းနောက်ထပ်မရှိတော့သည့်အချိန် သင်၏နောင်တ သိပ်နောက်ကျလိမ့်မည်။ ထိုသို့ဖြစ်ရသည့် အကြောင်းမှာ ယခုသင့်အချိန်ကို မြတ်နိုးတန်ဖိုးထားဖို့ ပျက်ကွက်သည့် ပစ္စုပ္ပန်အမှုကို သင်နားမလည်သေးပဲ ရှိခြင်းကြောင့်ဖြစ်သည်။ စင်္ကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော အလုပ် စတင်သည်နှင့် တပြိုင်နက်၊ ဆိုလိုသည်မှာ ယနေ့ ငါမိန့်ဆိုနေသောအရာအားလုံး အမှန်ဖြစ်လာသောအခါ လူများစွာတို့သည် မိမိတို့၏ဦးခေါင်းများကို ကိုင်ကာ ခါးသီးစွာ ငိုကြွေးကြလိမ့်မည်။ ယင်းမှာ ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းတို့ဖြင့် မှောင်မိုက်ထဲသို့ လဲကျခြင်း မဟုတ်ပါလား။ အသုံးပြုရန် မသင့်လျော်သော ပုန်ကန်ခြင်း၏ သားအားလုံး သည်သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မည်သို့မျှ မရရှိပဲ မည်သည့်အရာကိုမျှ အဓိပ္ပါယ်ရှိအောင် မလုပ်နိုင်ပဲရှိနေရင်း မှောင်မိုက်ထဲသို့ ကျစဉ်တွင်၊ ဘဝကို အမှန်ပင်လိုက်လျှောက် ပြီး စုံလင်ခြင်းခံရသောသူတို့အားလုံးသည် အသုံးဝင်ကြလိမ့်မည်။ သို့အတွက်ကြောင့် သူတို့သည် မြည်တမ်းကာ ငိုကြွေးဖို့ ပြစ်ဒဏ်ပေးခြင်းထဲသို့ ကျရောက်ကြလိမ့်မည်။ သင်သည် အလုပ်၏ ဤအဆင့်၌ အဆင်သင့်ဖြစ်ပြီး သင့်အသက်တာ ရင့်ကျက်ပြီဆိုလျှင် အသုံးပြုခံရရန် သင့်လျော်သောသူ ဖြစ်ပေသည်။ အကယ်၍ သင်သည် အဆင်သင့်မရှိလျှင် အလုပ်၏နောက်တစ်ဆင့်အတွက် သင့်ကိုပြင်ဆင်ထားလျှင်ပင် သင်သည် သင့်လျော်မည်မဟုတ်ပါ။ ထိုအခြေအနေတွင် သင်ကိုယ်သင် ပြင်ဆင်ချင်လျှင်ပင် အခွင့်အလမ်း ကုန်လွန်သွားပါလိမ့်မည်။ ဘုရားက ထွက်ခွာသွားပြီး ဖြစ်လိမ့်မည်၊ ယခု သင့်ရှေ့၌ ရှိသော အခွင့်အလမ်းမျိုးကို သင်အဘယ်မှာ သွားပြီး ရှာဖွေမည်နည်း၊ သို့ဖြစ်လျှင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးသော စွမ်းဆောင်မှုကို သင်အဘယ်မှာ သွားပြီး လက်ခံရရှိမည်နည်း။ ထိုအခြေအနေတွင် ကိုယ်တိုင်ကိုယ်ကျ စကားပြောနေသူမှာ ဘုရားဖြစ်လိမ့်မည်မဟုတ်၊ သို့မဟုတ် သူ့အသံကို ပေးမည်မဟုတ်ပါ။ သင်သည် ယနေ့ ပြောလျက်ရှိသည့်အရာကိုသာ ဖတ်ရှုနိုင်ပါလိမ့်မည်။ သင်မည်သို့ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါမည်နည်း။ နောက်ဘဝက ယနေ့ဘဝနှင့် မည်သို့ တူညီနိုင်ပါလိမ့်မည်နည်း။ ထိုအခြေအနေတွင် သင်သည် ငိုကြွေးခြင်းနှင့် အံကြိတ် ခြင်းဖြင့် သေခြင်းတရားကို ခံစားနေရမည် မဟုတ်ပါလား။ ကောင်းကြီးမင်္ဂလာကို သင်တို့အား ယခု ပေးအပ်လျက်ရှိသော်လည်း မည်သို့ပျော်မွေ့ရမည်ကို သင်မသိ၊ ကောင်းကြီးထဲ သင်ရှင်သန်နေသော်လည်း သင်က ထိုအရာကို နားလည်သဘောပေါက်ခြင်းမရှိပါ။ ဤအရာက သင်သည် ဝေဒနာခံစားရကိန်း ကြုံသည်ကို သက်သေထူသည်။ လက်ရှိတွင် လူအချို့က အတိုက်အခံလုပ်ကြပြီး၊ အချို့က ပုန်ကန်ကြကာ၊ အချို့က တစ်ခု မဟုတ် တစ်ခု လုပ်ကြသည်။ ငါသည် သင့်ကို ယတိပြတ် လစ်လျူရှုသည်၊ သင်တို့၏ထိုအမှုကိစ္စများကို ငါ သတိမထားမိဘူးဟု မထင်နှင့်။ သင်တို့၏ အနှစ်သာရကို ငါသည် နားမလည်သလော။ အဘယ်ကြောင့် ငါ့ကို ဆန့်ကျင်မြဲ ဆန့်ကျင်ကြသနည်း။ သင့်အဘို့အလို့ငှာ အသက်နှင့် ကောင်းကြီး မင်္ဂလာနောက်သို့ လိုက်လျှောက်ရန် ဘုရားသခင်ကို သင်မယုံကြည်သလော။ သင်ယုံကြည်ခြင်းရှိသည်မှာ သင့်အဘို့လိုငှာ မဟုတ်လော။ ယခုအချိန်မှာ ငါသည် ငါ့စကားများဖြင့် သိမ်းပိုက်ခြင်းအလုပ်ကို လုပ်ဆောင်နေသည်။ ဤသိမ်းပိုက်ခြင်းအလုပ် အဆုံးသတ်သည်နှင့် သင်၏အဆုံးသတ်လည်း သိသာလိမ့်မည်။ ငါ ပို၍ ရှင်းရှင်းလင်းလုပ်ဖို့ လိုအပ်ပါသလား။

1/13/2019

Myanmar Christian Movie (လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်ခြင်း) A Christian's Testimony of Faith


Myanmar Christian Movie  (လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်ခြင်း) A Christian's Testimony of Faith

The crosstalk Escaping the Cage tells the story of how Christian Xiaolan was persecuted and locked in her home for a month by her Communist Party official father, where she was unable to take part in church life, and her experience of escaping her home and running away. A once-happy family was split apart, a daughter left her mother, and her father held a deep grudge against her. Who was the chief architect? And who gave Xiaolan faith and strength, and led her to escape her cage and walk the correct path in life?

မြင်ကွင်းများ တရုတ်နိုင်ငံတွင် နောက်ဆုံးသောကာလ၌ ခရစ်တော်ပေါ်လာခြင်းနှင့် ခရစ်တော်၏အမှုတော် နောက်ခံအကြောင်း နိဒါန်းအကျဉ်းချုပ်

11/09/2018

ခရစ်ယာန်ဓမ္မသီချင်း (ဘုရားသခင် လူသားကို ကယ်တင်ရန် ရည်ရွယ်)


I

လူသားတို့ နတ်ဆိုး နင်းခြေခြင်းခံရ၊ တက်နင်းခြင်းခံရ
သူတို့သည် ဖန်ဆင်းစက အာဒံနှင့်ဧဝမဟုတ်ကြတော့ပါ
သူတို့သည် ဘုရားကိုဆန့်ကျင်သော အယူအဆ၊ အသိ၊
စိတ်ကူးအတွေးစသည်တို့နှင့် ပြည့်နှက်ပြီး
ဖောက်ပြန်သောစိတ်သဘောထားအပြည့်ရှိကြ၏
သို့သော် ဘုရားအမြင်မှာ
လူသည် သူဖန်ဆင်းထားသောအရာသာ ဖြစ်၏
သို့သော် ဘုရားအမြင်မှာ
လူသည် သူဖန်ဆင်းထားသောအရာသာ ဖြစ်၏

11/03/2018

Myanmar Christian Song (ဘုရားအတွက် သက်သေခံရန် လူတို့တာဝန်) The Great Mission of Christians


နှုတ်ကပတ်တော် ဓမ္မသီချင်း
ဘုရားအတွက် သက်သေခံရန် လူတို့တာဝန်
ဘုရား သင့်ကို အသက်ပေးအပ်၊
ဒါ သင်တို့ သူ့ဆီက ရသော လက်ဆောင်ဖြစ်သည်
ဒါ့ကြောင့် ဘုရားအတွက် သက်သေခံရန် သင်တို့တာဝန်ဖြစ်သည်
ဘုရားသခင်သည် အစ္စရေးလူမျိုးတို့၌ မရှိခဲ့သော သူ့ဘုန်းတော်၊
သူ့အသက်ကို သင်တို့အား ပေးအပ်၏
ဒါ့ကြောင့် သင်တို့အသက်နှင့်
ပျိုရွယ်ချိန်ကို သူ့အဖို့ ပေးရမည်
သင်တို့သည် ဘုရား၏ဘုန်းတော်ကို
ရရှိသောကြောင့် ဘုရား၏သက်သေခံရမည် စီမံထားသည်
ဒါဟာ ဘုရားသခင် သင်တို့အားပေးအပ်ခဲ့သော
ကောင်းကြီးမင်္ဂလာဖြစ်သည်
ဒါ့ကြောင့် ဘုရားဘုန်းတော်ကို သက်သေခံရန် သင်တို့တာဝန်ပေ

10/28/2018

ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ

ဘုရားသခင်၏ နှုတ်ကပတ်တော်, သမ္မာတရား, အသက်, သက်သေခံချက်, ဘုရားသခင်ကို သိခြင်း



I
ဘုရား သူ့ရဲ့အကောင်းဆုံးအရာကို ပေး
အကောင်းဆုံးအရာများ သူလေ ပေးအပ်
မိမိဒုက္ခဝေဒနာကို ဘယ်တော့မှ ဖွင့်မပြော
တိတ်ဆိတ်စွာ သူလေ စောင်မျှော်ကာ သည်းခံလို့
အေးစက် ထုံကျင် ပျော့ညံ့သည့်လက္ခဏာမရှိ
ဘုရားရဲ့သဘောသဘာဝနှင့် သူ့ရဲ့မေတ္တာ အစဉ်ကိုယ်ကျိုးမငဲ့
ဘုရား သူ၏အကောင်းဆုံးအရာကို ပေး
အကောင်းဆုံးအရာများ သူလေ ပေးအပ်
လူသားအားလုံးအတွက် ဒုက္ခဝေဒနာခံ၊
ငြိမ်ဝပ်စွာ သည်းခံလျက် သူခံစား
ငြိမ်ဝပ်စွာ သူ ပေးအပ်၊ အကောင်းဆုံး သူပေး
သူ၏ဒုက္ခဝေဒနာကို ဘယ်တော့မှ မဖွင့်ပြော မဖော်ပြ
တိတ်ဆိတ်စွာ သူလေ စောင့်မျှော်ကာ သည်းခံလို့နေ
ဒါဟာ ဘုရားရဲ့သဘောသဘာဝနဲ့စိတ်သဘောထား၊
သူဘယ်သူဖြစ်ကြောင်းနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းရှင်ဖြစ်ကြောင်း သူဖော်ပြ
ဘုရား သူ့ရဲ့အကောင်းဆုံးအရာကို ပေး
အကောင်းဆုံးအရာများ သူလေ ပေးအပ်
အကောင်းဆုံးအရာများ သူလေ ပေးအပ်

10/21/2018

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်

အသက်, သမ္မာတရား, သက်သေခံချက်, ဖန်ဆင်းသူ, ယေရှု

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် လူ့ခန္ဓာကိုယ်နှင့် အသွေးအသားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့် လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန် လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန် လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသောအဖ၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏ အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့် အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့် စကားလုံးမျှ သူ၏ နှုတ်တော်ထဲမှ ပြောထွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့် အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ ဘုရားသခင်၏ ကိုယ်ပိုင် စီမံခန့်ခွဲမှု အဖို့အလို့ငှာ လူသားတို့ကို ကယ်တင်ရန်ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိခံယူသည့်အချိန် တစ်လျှောက်လုံး၌ အလုပ်အားလုံး၏ အဓိက အချက်အချာမှာ ခရစ်တော်၏အလုပ် ဖြစ်သည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့် အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် အသွေးအသား ဇာတိခန္ဓာ ဖြစ်လာသည့်နောက် သူ၏ ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ ဇာတိခန္ဓာဖြင့် ကြွလာခဲ့သည့်အတွက် သူလုပ်သင့် လုပ်ထိုက်သော အလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော် လုပ်ငန်းကိုလည်း ဖော်ဆောင်သည်။

10/15/2018

ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်

သက်သေခံချက်, ဘုရားသခင်၏ နှုတ်ကပတ်တော်, သမ္မာတရား, အသက်, အသင်းတော်

လူသား၏ အလုပ်မည်မျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်၍ မည်မျှသည် လူသား၏ အတွေ့အကြုံဖြစ်သနည်း။ ယခုတွင်ပင် သင်သည် ဤမေးခွန်းများကို နားမလည်သေးဟု ပြောနိုင်သည်။ အကြောင်းရင်းမှာ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်သော နိယာမများကို နားမလည် သောကြောင့်သာဖြစ်သည်။ ငါပြောသော လူသား၏အလုပ် ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိသောသူ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုခြင်း ခံရသောသူတို့၏ အလုပ်ကို ရည်ညွှန်းခြင်းသာဖြစ်သည်။ လူသားတို့၏ အလိုဆန္ဒမှ အခြေခံလာသောအလုပ်ကို ငါဆိုလိုခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော် အလုပ်၏ နယ်ပယ်အတွင်း၌ရှိသော တမန်တော်များ၊ လုပ်သားများ သို့မဟုတ် သာမန်ညီအစ်ကို မောင်နှမများ၏ အလုပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနေရာတွင် လူသား၏ အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကို မရည်ညွှန်းဘဲ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နယ်ပယ်နှင့် အလုပ်နိယာမများကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤနိယာမများသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့ဖြစ်နေလင့်ကစား ထိုအရာများသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ နိယာမများနှင့် နယ်ပယ်တို့နှင့် တူညီမှုမရှိပေ။ လူသား၏ အလုပ်တွင် လူသား၏ အနှစ်သာရနှင့် နိယာမများရှိပြီး၊ ဘုရားသခင်၏ အလုပ်တွင် ဘုရားသခင်၏ အနှစ်သာရနှင့် နိယာမများ ရှိသည်။

10/13/2018

အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ကောင်းကင်နိုင်ငံတော်, သမ္မာတရား, အသက်, သက်သေခံချက်, တရားစီရင်သောနေ့များ
လူအများစုသည် ၎င်းတို့၏ အနာဂတ် ပန်းတိုင်အတွက်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့် ပြုပြင်ဆုံးမခြင်းကိုမျှ မခံယူကြသော ထိုသူတို့အတွက်မူ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းကင်ဘုံသို့ ဝင်ရောက်ရန်အတွက်၊ ဆုလာဘ်များ ရရှိနိုင်ရန် အတွက်သာ ဖြစ်သည်။ ယင်းမှာ ပြီးပြည့်စုံလင်စေခြင်း ခံရရန်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အတွက်လည်း မဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူအများစုသည် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းရန် အလို့ငှာ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို ပြည့်စုံစေရန် အလို့ငှာ ဘုရားသခင်အား ယုံကြည်ကြခြင်း မဟုတ်ပေ။ လူများသည် အဓိပ္ပာယ် ပြည့်ဝသော အသက်တာကို နေထိုင် နိုင်ရန် ဘုရားသခင်အား ယုံကြည်ကြသည်မှာ ကြုံတောင့် ကြုံခဲပင် ဖြစ်ပြီး၊ လူသည် အသက်ရှင်သည့်အတွက် သူသည် ဘုရားသခင်အား ချစ်သင့်သည်၊ အကြောင်းမှာ ယင်းသို့ ပြုခြင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သောကြောင့် ဖြစ်ပြီး၊ ယင်းသည် လူ၏ ပင်ကိုယ် လုပ်ငန်းဆောင်တာပင် ဖြစ်သည်ဟူ၍ ယုံကြည်သော သူများလည်း မရှိပါ။ ဤသို့ကြောင့်၊ ကွဲပြားခြားနားသော လူများသည် အသီးသီး မိမိတို့၏ ပန်းတိုင်များကို မီအောင်လိုက်ကြ သော်လည်း၊ ၎င်းတို့ လိုက်ခြင်း၏ ရည်မှန်းချက်နှင့် ယင်းနောက်ကွယ်မှ လှုံ့ဆော်မှုမှာမူ အားလုံးအတူတူပင် ဖြစ်ကြသည်၊ ပြီးလျှင်၊ ထပ်ရှိသေးသည့် အရာမှာ၊ ၎င်းတို့ အများစုအတွက်မူ ၎င်းတို့ ဝတ်ပြုကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်များမှာလည်း ထပ်တူပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ချီများ အတွင်း၊ များစွာသော ယုံကြည်သူတို့သည် သေဆုံးခဲ့ကြပြီး ဖြစ်သည်၊ များစွာတို့ သည်လည်း သေဆုံးခဲ့လျက် တဖန်ပြန်လည် မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ရှာသောသူ တစ်ယောက် နှစ်ယောက်သာမဟုတ်၊ တစ်ထောင် နှစ်ထောင်ပင်လျှင် မဟုတ်ပေ၊ သို့သော် ဤလူအများစု၏ လိုက်ခြင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်အလားအလာများ၊ သို့မဟုတ် အနာဂတ်အတွက် ၎င်းတို့၏ ဘုန်းကျက်သရေ ရှိသော မျှော်လင့်ချက်များ အတွက်သာ ဖြစ်သည်။ ခရစ်တော်အား ဆည်းကပ်သော ထိုသူများမှာ အလွန်ပင် ရှားပါးသည်။ ဘုရားဝတ်၌ မွေ့လျော်သော ယုံကြည်သူ များစွာသည်ပင် ၎င်းတို့၏ ကိုယ်ပိုင် ကွန်များတွင် ကျော့မိလျက် သေဆုံးခဲ့ကြပြီး၊ ထို့အပြင် အောင်မြင်မှုကို ရရှိခဲ့သော လူအရေအတွက်မှာ အလွန်ပင် သေးနုပ် လှသည်။ ယနေ့ကာလထိတိုင် လူများ ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းများ၊ သို့မဟုတ် ၎င်းတို့ အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို မသိရှိကြသေးပေ။ ခရစ်တော်အား ဖွေရှာခြင်းကို စိတ်စွဲလမ်းကြသော ထိုသူများသည် ၎င်းတို့၏ ရုတ်ခြည်း ထိုးထွင်းဉာဏ်၏ အခိုက်အတန့်ကို မရရှိကြသေးပေ၊ ၎င်းတို့သည် ဤနက်နဲ မှုများ ၏ အခြေသို့ မရောက်ရှိခဲ့ကြပေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် လုံးဝ မသိကြသောကြောင့်ပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်ခြင်းတွင် အပတ်တကုတ် ကြိုးထုတ်မှုများ ပြုကြသော်ငြားလည်း၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် ယခင်က ၎င်းတို့၏ အရင်ကျသောသူများမှ လျှောက်ခဲ့သော ရှုံးနိမ့်မှု လမ်းကြောင်းပင် ဖြစ်ပြီး၊ အောင်မြင်မှု လမ်းကြောင်း မဟုတ်ပေ။ ဤသို့ဖြင့်၊ ၎င်းတို့သည် မည်မျှပင် ဖွေရှာသည် ဖြစ်စေ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်းသည် အမှောင်ထုဆီသို့ ဦးတည်သည့် လမ်းကြောင်း ပင် မဟုတ်ပေလော။ ၎င်းတို့ ရရှိသည့် အရာမှာ ခါးသက်သော အသီးပင် မဟုတ်လော။ အတိတ် အချိန်များတွင် အောင်မြင်ခဲ့ကြသော ထိုသူများကို လိုက်တုကြသော လူများသည် အဆုံးတွင် ပေါကြွယ်မည်လော သို့မဟုတ် ဘေးဒုက္ခတွေ့မည်လော ဆိုသည်အား ခန့်မှန်းရန်မှာ ခက်ခဲပါသည်။ ထိုသို့ဆိုလျှင် ရှုံးနိမ့်ခဲ့သော သူများ၏ ခြေရာများနောက် လိုက်လျှောက်ရင်း ဖွေရှာကြသော သူများအတွက်မူ အောင်မြင်ကိန်းမှာ မည်မျှ ဆိုးရွားနေလိမ့်မည်နည်း။ ၎င်းတို့သည် သာ၍ ကြီးမားသည့် ရှုံးနိမ့်မှု အလားအလာပေါ်တွင် ရပ်နေခြင်းပင် မဟုတ်လော။ ၎င်းတို့ လျှောက်သော လမ်းကြောင်းတွင် မည်သည့် တန်ဖိုးရှိသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အချိန်ကို ဖြုန်းနေခြင်းပင် မဟုတ်တုံလော။ လူများသည် ၎င်းတို့၏ လိုက်ခြင်းတွင် အောင်မြင်မည် သို့မဟုတ် ရှုံးနိမ့်မည် စသည်မရွေး၊ အတိုချုပ်ဆိုရလျှင်၊ ယင်းတွင် ၎င်းတို့ ထိုသို့ပြုခြင်း၏ အကြောင်းရင်းတစ်ခု ရှိပြီး၊ ၎င်းတို့၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် ၎င်းတို့ နှစ်သက်သလို ဖွေရှာမှုအားဖြင့် အဆုံးအဖြတ်ပေး သည် ဆိုသည်မှာ မမှန်ကန်ပါ။

9/26/2018

ဘုရားအတွက် သက်သေခံရန် လူတို့တာဝန်

ယေရှု, ဆုတောင်း, ဘုရားသခင်, သက်သေခံချက်, အသက်



           I
ဘုရား သင့်ကို အသက်ပေးအပ်၊
ဒါ သင်တို့ သူ့ဆီက ရသော လက်ဆောင်ဖြစ်သည်
ဒါ့ကြောင့် ဘုရားအတွက် သက်သေခံရန် သင်တို့တာဝန်ဖြစ်သည်
ဘုရားသခင်သည် အစ္စရေးလူမျိုးတို့၌ မရှိခဲ့သော သူ့ဘုန်းတော်၊
သူ့အသက်ကို သင်တို့အား ပေးအပ်၏
ဒါ့ကြောင့် သင်တို့အသက်နှင့်
ပျိုရွယ်ချိန်ကို သူ့အဖို့ ပေးရမည်
သင်တို့သည် ဘုရား၏ဘုန်းတော်ကို
ရရှိသောကြောင့် ဘုရား၏သက်သေခံရမည် စီမံထားသည်
ဒါဟာ ဘုရားသခင် သင်တို့အားပေးအပ်ခဲ့သော
ကောင်းကြီးမင်္ဂလာဖြစ်သည်
ဒါ့ကြောင့် ဘုရားဘုန်းတော်ကို သက်သေခံရန် သင်တို့တာဝန်ပေ
II
ကောင်းချီးရဖို့သာ သင်တို့ ဘုရားကို ယုံကြည်လျှင်
သူ့အမှုတော်သည် အဓိပ္ပာယ်မရှိဘဲ
သင်တို့သည် တာဝန် ကျေမည်မဟုတ်ပါ
ဘုရားသခင်သည် အစ္စရေးလူမျိုးတို့၌ မရှိခဲ့သော သူ့ဘုန်းတော်၊
သူ့အသက်ကို သင်တို့အား ပေးအပ်၏
ဒါ့ကြောင့် သင်တို့အသက်နှင့်ပျိုရွယ်ချိန်ကို သူ့အဖို့ ပေးရမည်
သင်တို့သည် ဘုရား၏ဘုန်းတော်ကို ရရှိခဲ့သောကြောင့်
ဘုရား၏သက်သေခံရမည် စီမံထားသည်
ဒါဟာ ဘုရားသခင် သင်တို့အား ပေးအပ်ခဲ့သော
ကောင်းကြီးမင်္ဂလာဖြစ်သည်
ဒါ့ကြောင့် ဘုရားဘုန်းတော်ကို သက်သေခံရန် သင်တို့တာဝန်ပေ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

များပြားသောအကြံပြုချက်များ

ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်



9/11/2018

ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

အသက်, သမ္မာတရား, သက်သေခံချက်, ယုံကြည်ခြင်း, ဝိညာဉ်တော်
ဘုရားသခင် အမှု၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ရန် လူသားသည် မည်သည့် ဂုဏ်သတ္တိများ စွမ်းဆောင်ရရှိ ရမည်နည်း၊ လူသားအတွက် ထားရှိသော ဘုရားသခင်၏ အလိုတော်သည် ဘုရားသခင်၏ နောက်သို့ လိုက်သောသူတိုင်း စွမ်းဆောင်ရရှိသင့်သော အရာပင် ဖြစ်သည်။ ယခုတွင် လူသားအားလုံးတို့မှာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်သော အသိပညာပိုင်း၌ ချို့တဲ့နေကြ၏။ ဘုရားသခင်သည် လောကကြီးကို ဖန်ဆင်းချိန်မှစ၍ လူသားမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လူသား၌ မည်ကဲ့သို့ ပါ၀င်ဖွဲ့စည်းသည်နှင့် ဘုရားသခင်၏ အလိုတော်နှင့် အမှုအားလုံးတို့ကို အတိအကျ နားလည်ခြင်း၊ သို့မဟုတ် သဘောပေါက်ခြင်း မရှိချေ။ ထိုအားနည်းချက်သည် ဘာသာရေး လောက တစ်လျှောက်လုံးတွင် မြင်ခဲ့ရရုံမျှသာမက ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရသည်။ သင်သည် ဘုရားသခင်ကို အမှန်မြင်ရချိန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာကို နားလည်ရသော နေ့ရက် ရောက်လာချိန်တွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးကို သင်တွေ့ရသောအချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သိနားလည်သော အချိန်၊ သင်သည် သူ၏ကြွယ်၀မှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူသား၌ရှိသော သူ၏အမှု အားလုံးတို့ကို တွေ့ရသောအခါတို့တွင် သင်သည် ဘုရားသခင်၌ အောင်မြင်သော ယုံကြည်ခြင်းကို ရရှိပြီး ဖြစ်နေလိမ့်မည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံ၍ ကြီးစွာသော ကြွယ်ဝခြင်း ဖြစ်သည်ဟု ဆိုရာတွင် အလုံးစုံ လွှမ်းခြုံခြင်းဆိုသည်မှာ အဘယ်နည်း။ ကြွယ်ဝခြင်း ဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ အကယ်၍ သင်နားမလည်လျှင် ဘုရားသခင်၏ ယုံကြည်သူ တစ်ယောက်အဖြစ် သင့်ကို မှတ်ယူ၍မရ။ ဘာသာရေး လောကတွင်ရှိနေပြီး ဘုရားသခင်အား မယုံကြည်သူများကို မာရ်နတ်နှင့် အမျိုးတူသည့် ဒုစရိုက်ပြုသူများဟု အဘယ်ကြောင့် ငါပြောသနည်း။ သူတို့သည် ဒုစရိုက်ပြုသူများ ဖြစ်ကြောင်း ငါဆိုရခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြ သို့မဟုတ်ပါက ဘုရားသခင်၏ ဉာဏ်ပညာကိုလည်း မသိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ့အမှုကို သူတို့အား မည်သည့် အခါမျှ မဖွင့်ပြ၊ သူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မသိမမြင်သည့် မျက်စိကန်းသောလူများ ဖြစ်ကြ၏။ သူတို့မှာ ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရသောသူများ ဖြစ်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုပြုခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုတို့ကို လုံးဝမခံရသောသူများ ဖြစ်ကြ၏။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် ကင်းသောသူတို့သည် ဒုစရိုက်ကို ပြုသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ တစ်ဖက် ဆန့်ကျင်၍ ထတတ်ကြ၏။ ငါပြောနေသော ဘုရားသခင်ကို ဆန့်ကျင်နေသည့် ထိုသူတို့မှာ ဘုရားသခင်ကို မသိကျွမ်းသောသူများ ဖြစ်ကြကာ၊ ဘုရားသခင်ကို အနှစ်သာရမဲ့သော စကားလုံးများဖြင့် အသိအမှတ် ပြုသော်လည်း ဘုရားသခင်ကို မသိ၊ သူတို့သည် ဘုရားသခင်၏ နောက်သို့ လိုက်သည်ဟု ဆိုသော်လည်း သူ့ကို မနာခံကြ၊ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ မွေ့လျော်နေသည့်တိုင် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြချေ။ လူသား၌ရှိသော ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို နားမလည်ဘဲနှင့် လူသားသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် တစ်ထပ်တည်း မကျနိုင်သကဲ့သို့ ဘုရားသခင်အတွက်လည်း သက်သေမခံ ပေးနိုင်ကြပေ။ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းမှာ တစ်ဖက်တွင် ယိုယွင်းပျက်စီးနေသော စိတ်သဘောထားမှ ထွက်ပေါ်လာပြီး အခြားဖက်တွင် ဘုရားသခင်ကို လစ်လျူရှုခြင်း၊ ဘုရားသခင်အမှု၏ စည်းမျဉ်းတို့နှင့် လူသားအတွက် ထားသည့် သူ၏အလိုကို နားမလည်ခြင်းတို့မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သော လူ့သမိုင်းထဲတွင် ယင်းရှုထောင့်နှစ်ခု ပေါင်းစပ်နေ၏။ ယုံကြည်ခြင်း၌ နုနယ်သောသူတို့ ဘုရားသခင်ကို ဆန့်ကျင်ဘက် ပြုကြခြင်းမှာ သူတို့ဗီဇသဘာဝထဲတွင် ထိုစိတ်သဘောထားများ ကိန်းအောင်းနေ၍ ဖြစ်ပြီး၊ ယုံကြည်ခြင်း၌ နှစ်ပေါင်းများစွာ ကြာလာသောသူတို့ ဘုရားသခင်ကို ဆန့်ကျင်ဘက် ပြုကြခြင်းမှာမူ ထိုသူတို့၏ ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို လျစ်လျူရှုခြင်း၏ ရလဒ်ပင် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ ကာလ၌မူ လူတစ်ယောက် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု၏၊ မပြု၏ ဆိုသည်ကို ထိုသူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်အာဏာများကို ထိန်းသိမ်းခြင်းရှိ၊ မရှိ အားဖြင့် တိုင်းထွာသည်။ ဥပမာ ပညတ်တရားခေတ်တွင် တစ်စုံတစ်ယောက်သော သူသည် ယေဟောဝါ၏ ပညတ်ချက်များကို မထိန်းသိမ်းလျှင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းပင် ဖြစ်၏။ တစ်ဦးတစ်ယောက်သည် ယေဟောဝါ၏ ပူဇော်သက္ကာကို ခိုးယူခြင်းနှင့် ယေဟောဝါက မျက်နှာသာ ပေးထားသောသူကို ဆန့်ကျင်ရပ်တည်လျှင် ဘုရားသခင်ကို ဆန့်ကျင်ရာရောက်ပြီး ကျောက်ခဲဖြင့်ပစ်၍ အဆုံးစီရင်ခြင်း ခံရမည့်သူဖြစ်၏။ မိမိ၏ မိဘကို မရိုမသေပြုသောသူနှင့် သူတစ်ပါးကို ရိုက်နှက်၊ သို့မဟုတ် ကျိန်ဆဲသောသူတို့သည် ဘုရားသခင်၏ ပညတ်ချက်များကို မစောင့်ထိန်းရာ ရောက်ပေ၏။ ထို့ပြင် ယေဟောဝါ၏ ပညတ်ချက်များကို မစောင့်ထိန်းသော လူတိုင်းသည် သူ့တစ်ဖက် ဆန့်ကျင်ရပ်တည်သော သူများဖြစ်ကြသည်။ ကျေးဇူးတော်ခေတ်ထဲတွင် ယခုကဲ့သို့ မဟုတ်တော့ဘဲ ယေရှုတစ်ဖက် ဆန့်ကျင် ရပ်တည်သူသည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သူ ဖြစ်လာသည်။ ယေရှုမြွက်ကြားခဲ့သော နှုတ်ကပတ်တော်များကို မနာခံသော မည်သူမဆို ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သောသူ မည်၏။ ဤခေတ်တွင် "ဘုရားသခင်အား ဆန့်ကျင်ခြင်း" ၏သတ်မှတ်ဆုံးဖြတ်ချက်ကို သာ၍ ရှင်းလင်းစွာ၊ အဓိပ္ပာယ်ဖွင့်လာကြပြီး၊ ပို၍လက်တွေ့ကျလာခဲ့ပါသည်။ ဘုရားသခင် လူ့ဇာတိမခံယူခင်အချိန်က လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းပြု၊ မပြုဆိုသည်ကို တိုင်းထွာရာတွင် ကောင်းကင်ဘုံရှိ မမြင်ရသော ဘုရားသခင်ကို လူသားက မျှော်ကြည့်ခြင်း၊ ဝတ်ပြုခြင်း ရှိ၊ မရှိ အပေါ်တွင် အခြေခံခဲ့သည်။ ထိုအချိန်က "ဘုရားသခင်အား ဆန့်ကျင်ခြင်း" ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ထိုအချိန်မှ လူများ ဘုရားသခင်ကို မမြင်ရခြင်းနှင့် ဘုရားသခင်၏ ပုံရိပ်ကို မသိကျွမ်းခြင်း သို့မဟုတ် သူမည်ကဲ့သို့ အမှုပြုသည်၊ မည်ကဲ့သို့ နှုတ်မြွက်သည်ကို မသိရှိကြခြင်းကြောင့် လက်တွေ့သိပ်မကျခဲ့ပေ။ လူတွင် ဘုရားသခင်နှင့် ပတ်သက်၍ သဘောထားခံယူချက်များ မရှိခဲ့ဘဲ မရေရာမှုများအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြ၏၊ အကြောင်းမှာ သူသည် လူသားတို့ထံ မပေါ်လာခဲ့သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သူတို့၏ စိတ်ကူး စိတ်သန်းများဖြင့် မည်သို့ပင် ယုံကြည်စေကာမူ ဘုရားသခင်သည် လူသားတို့ကို မစီရင်ခဲ့၊ သို့မဟုတ် လူသားများထံမှလည်း သိပ်များများစားစား မတောင်းဆိုခဲ့ပါ၊ အကြောင်းမှာ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်တွေ့နိုင်ခဲ့သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့အကြား အမှုပြုရန် ကြွလာသောအခါ လူအားလုံးသည် ဘုရားသခင်ကို မြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်ကို ကြားကြရကာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပြုမူလုပ်ဆောင်ချက်များကိုလည်း မြင်ကြရ၏။ ထိုအချိန်တွင် လူသား၏ အယူအဆအားလုံးတို့သည် အမြှုပ်ကဲ့သို့ပင် အရည်ပျော် ပျောက်ကွယ်သွားကြ၏။ ဘုရားသခင် လူ့ဇာတိထဲ၌ ပေါ်လာသည်ကိုမြင်၍ စိတ်နှလုံးသားထဲ၌ နာခံမှုရှိသူဟူသမျှသည် အပြစ်စီရင်ခြင်း ခံရလိမ့်မည် မဟုတ်ဘဲ သူ့တစ်ဖက် ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ရပ်တည်သော သူတို့သည်ကား ဘုရားသခင်၏ အတိုက်အခံအဖြစ် သတ်မှတ်ခြင်း ခံကြရပေမည်။ ထိုသူတို့သည် အန္တိခရစ်များဖြစ်ကြပြီး ဘုရားသခင်တစ်ဖက် စိတ်ဆန္ဒပြင်းစွာ ထကြွသော ရန်သူများပင်ဖြစ်၏။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ရှိသော်လည်း ဝမ်းမြောက်စွာ နာခံတတ်သော သူတို့မှာမူ စီရင်ခြင်းကို ခံကြရလိမ့် မည်မဟုတ်။ ဘုရားသခင်သည် လူသားကို စီရင်ရာတွင် လူသား၏ ရည်ရွယ်ချက်များနှင့် လူသား၏ အပြုအမူများ အပေါ်သာ အခြေခံ၍ စီရင်ခြင်းဖြစ်ပြီး၊ လူသား၏ အတွေးများနှင့် အကြံအစည်များကြောင့် မည်သည့်အခါမျှ မစီရင်ပေ။ အကယ်၍သာ စီရင်ခြင်းကို ထိုအပေါ်တွင်သာ အခြေခံမည်ဆိုလျှင် မည်သူမျှ ဘုရားသခင်၏ ဒေါသလက်မှ လွတ်နိုင်ဖွယ်မမြင်။ မိမိစိတ်ဆန္ဒဖြင့် လူဇာတိခံယူသည့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်သော သူတို့သည် သူတို့၏ မနာခံမှုများအတွက် အပြစ်ဒဏ်ပေးမှုကို ခံကြရမည်ဖြစ်သည်။ သူတို့၏ ဘုရားသခင်ကို ဆန့်ကျင်လိုသော ဆန္ဒမှာ ဘုရားသခင်နှင့်ပတ်သက်သော သူတို့၏အယူအဆတို့မှ ပေါက်ဖွားလာပြီး ဘုရားသခင်၏ အမှု၌ သူတို့၏ နှောက်ယှက်မှုကို ဖြစ်ပေါ်စေသည်။ ထိုသူတို့သည် သိလျက်နှင့်ပင် ဘုရားသခင်၏အမှုကို ဖျက်ဆီး၊ ဟန့်တားတတ်ကြ၏။ သူတို့၌ ဘုရားသခင်နှင့်ဆိုင်သော အယူအဆများ ရှိရုံမျှသာ မကဘဲ ဘုရားသခင်၏ အမှုကို အနှောင့်အယှက် ပေးသည့်အရာများကို ပြုတတ်ကြသေး၏၊ ဤအကြောင်းကြောင့်ပင် လူတို့၏ ထိုအပြုအမူသည် စီရင်ခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်သက်သက်နှောင့်ယှက်ခြင်းတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုသော သူတို့မူကား အပြစ်သားအဖြစ် စီရင်ခြင်း ခံကြရလိမ့်မည် မဟုတ်၊ သူတို့သည် စိတ်ဆန္ဒအလျောက် နာခံလာနိုင်ပြီး၊ ဝင်စွက်ဖက်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို မဖြစ်ပေါ်စေကြသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် စီရင်ခြင်းကို မခံကြရပါ။ သို့သော်ငြားလည်း လူသားသည် ဘုရားသခင်၏ အမှုပြုခြင်းနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိလာသည့်တိုင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ရှိနေဆဲဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုပြုခြင်းများကို မသိကျွမ်းနိုင်ဘဲ ရှိနေမည်ဆိုလျှင် လည်းကောင်း၊ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိသော်ငြားလည်း ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများကို ဆက်လက်ကိုင်စွဲထားပြီး ဘုရားသခင်ကို မသိကျွမ်းလာနိုင်သေးလျှင် လည်းကောင်း၊ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးထဲရှိ အယူအဆများဖြင့် မည်သည့် ပြဿနာမျှ မဖြစ်ပွားစေသော်ငြားလည်း၊ ထိုကဲ့သို့သော အယူအဆမျိုး မဖော်ပြသော်ငြားလည်း၊ ဤကဲ့သို့သော သူများသည် ဘုရားသခင်၏ အမှုအတွက် မည်သို့မျှ အသုံးမဝင်။ သူတို့သည် ဧဝံဂေလိကို ဟောပြောရန် သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံရန် မတတ်စွမ်းနိုင်ကြ၊ ထိုသူတို့သည် အသိဉာဏ် နည်းသူများ ဖြစ်ကြပြီး ဘာမျှ အသုံးမကျသူများ ဖြစ်ကြ၏။ အကြောင်းမှာ သူတို့သည် ဘုရားသခင်ကို မသိကျွမ်းကြဘဲ ဘုရားသခင်နှင့်ဆိုင်သော သူတို့၏ အယူအဆများကို မစွန့်လွှတ်နိုင်ပဲ ရှိကြ၍ သူတို့သည် စီရင်ခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏၊ ယုံကြည်ခြင်း၌ နုနယ်သောသူတို့အဖို့ ဘုရားသခင်နှင့် ဆိုင်သော အယူအဆများ ရှိခြင်း၊ သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှ မသိခြင်းသည် ထူးဆန်းသည့်အရာ မဟုတ်ချေ။ သို့သော် နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီး ဘုရားသခင်၏ အမှုပြုခြင်းနှင့် ပတ်သက်၍ များစွာ တွေ့ကြုံခဲ့ရဖူးသော်လည်း ထိုကဲ့သို့သော အယူအဆများ စွဲကိုင်ထားခြင်းမှာမူ ပုံမှန် အခြေအနေ မဟုတ်ပါ၊ ဘုရားသခင်နှင့် သိကျွမ်းခြင်းလည်း မရှိပါက ပိုဆိုးပေ၏။ ယင်းကဲ့သို့ ပုံမမှန်မှု ဖြစ်ခြင်းအတွက် အကျိုးရလဒ်ကား ထိုကဲ့သို့သော လူများသည် စီရင်ခြင်းကို ခံကြရပေမည်။ ထိုကဲ့သို့ ပုံမမှန်သော လူတို့သည် ဘာမျှ အသုံးမကျသူများဖြစ်၏၊ သူတို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော လူများဖြစ်ကြပြီး ဘုရားသခင်၏ ကျေးဇူးတော်၌ အချည်းနှီး ပျော်မွေ့သောသူများသာ ဖြစ်၏။ ယင်းကဲ့သို့သော လူသားများ အားလုံးသည် အဆုံးတွင် ဖယ်ရှားခံကြရပေမည်။

9/04/2018

ဘုရားသခင်ကိုသိသောသူများသာလျှင်ဘုရားသခင်အတွက်သက်သေကိုခံနိုင်ကြသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်, သမ္မာတရား, အသက်, သက်သေခံချက်, အသင်းတော်

  ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး ယနေ့၊ လူ့ဇာတိခံယူတော်မူခဲ့သော ဘုရားသခင်မှ ကိုယ်တိုင် သူ၏အမှုတော်ကို လုပ်ဆောင်နေသည့် ကာလအတွင်းသည်၊ ဘုရားသခင်ကို အထူးသဖြင့်သိရန် ကောင်းသောအချိန် ဖြစ်ပါသည်။ ဘုရားသခင်အား စိတ်ကျေနပ်စေခြင်းကို ဘုရားသခင့် အလိုတော်အား နားလည်မှုအပေါ် အခြေခံ၍ရရှိပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ရန်အတွက် ဘုရားသခင်ကိုသိရန်လိုအပ်ပါသည်။ ဘုရားသခင်နှင့် ပတ်သက်သော ဤအသိတရားသည် ယုံကြည်သူတစ်ဦးအနေဖြင့် ရှိသင့်သောရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်အပေါ်တွင်ရှိသောယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ အကယ်၍လူသားသည် ဤအသိဉာဏ် မရှိပါက၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းသည် မရေမရာဖြစ်ကာ၊ ထိုယုံကြည်မှုသည် အနစ်သာရမဲ့သော အယူအဆပေါ်တွင် တည်ရှိနေပါလိမ့်မည်။ ဤသို့သောသူများ၏ဆုံးဖြတ်ချက်မှာ ဘုရားသခင်နောက် လိုက်လျှောက်ရန်ဖြစ်သော်လည်း၊ သူတို့သည် တစ်စုံတစ်ရာကိုမျှ ရကြမည်မဟုတ်ပေ။ ဘာတစ်စုံတစ်ခုကိုမျှ မရရှိသော ဤရေစီးကြောင်းထဲတွင် ရှိသောသူအားလုံးတို့သည် သုတ်သင်ရှင်းလင်းခြင်း ခံရမည့် သူများဖြစ်သည်၊ ထိုသူတို့မှာ ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။ ဘုရားသခင့်လုပ်ငန်း၏ မည်သည့်အဆင့်ကို သင်တွေ့ကြုံရသည်ဖြစ်စေ သင်နှင့်အတူ ကြီးမြတ်သော ရူပါရံတစ်ခု လိုက်ပါနေသင့်ပါသည်။ ထိုသို့သောရူပါရုံမရှိပါက လုပ်ငန်းစဉ်သစ်၏ အဆင့်တစ်ခုစီကို လက်ခံရန် သင့်အတွက်ခက်ခဲပါလိမ့်မည်။ အကြောင်းမှာ လူသားသည် ဘုရားသခင်၏ အသစ်သော လုပ်ငန်းကို စိတ်ကူးနိုင်စွမ်းမရှိကြပေ။ ယင်းသည်လူသားတို့ အတွေးအမြင်ထက် ကျော်လွန်နေပါသည်။ ထို့ကြောင့် လူသားကို စောင့်ရှောက်ရန်နှင့် ရူပါရုံများနှင့်ပတ်သက်၍ နှီးနှောမည့် သိုးထိန်းတစ်ဦးမရှိလျှင် လူသားတို့သည် ဤအမှုတော်အသစ်ကို လက်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ အကယ်၍လူသားသည် ဤ ရူပါရုံများကို လက်မခံနိုင်ပါက ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ လူသားသည် ဘုရားသခင်၏အမှုတော်အသစ်ကိုကို မနာခံနိုင်ပါက ဘုရားသခင်၏ အလိုတော်ကိုနားလည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိဉာဏ်သည် အလဟဿသာ ဖြစ်မည်။ လူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမပြုမီတွင် ထို နှုတ်ကပတ်တော်များကို သိသင့်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အလိုတော်ကို နားလည်ရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိကျစွာလုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏စိတ်နှလုံးနှင့်အညီဖြစ် ပါလိမ့်မည်။ ဤအချက်ကိုသမ္မာတရားကို ရှာဖွေသောသူတိုင်းပိုင်ဆိုင်သင့်ပြီး၊ ဘုရားသခင်ကို သိရန်ကြိုးစားသော လူတိုင်းမှ တွေ့ကြုံသင့်သည့်လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် များကိုသိခြင်းဖြစ်စဉ် သည် ဘုရားသခင်ကိုသိသည့် ဖြစ်စဉ်ဖြစ်ပြီး၊ ဘုရားသခင်၏အမှုတော်ကို သိသည့်ဖြစ်စဉ်လည်းဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိခြင်းသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင်၏ သာမန်လူ့ဘဝကိုသာ ရည်ညွန်းခြင်းမဟုတ်ဘဲ၊ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ လုပ်ငန်းစဉ်များကို သိခြင်းတို့လည်း ပါဝင်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှတဆင့် ဘုရားသခင်၏အလိုတော်များကို လူတို့ နားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုတော်မှတဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်မည်သူဖြစ်သည်ကို သူတို့သိလာကြသည်။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် ဘုရားသခင်ကို သိခြင်းအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို စတင်ယုံကြည်ခြင်းမှ ဘုရားသခင်ကို အလေးနက်ဆုံးယုံကြည်သည့်အဆင့်ထိ တိုးတက်လာသည့်ဖြစ်စဉ်သည် ဘုရားသခင်ကို သိမြင်သည့်ဖြစ်စဉ်နှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားရသည့်ဖြစ်စဉ်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကိုယုံကြည်ရန်အတွက်သာ ယုံကြည်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို သိမြင်ရန်အတွက် ဘုရားသခင်ကိုယုံကြည်ခြင်းမဟုတ်ပါက သင့်ယုံကြည်ခြင်းတွင် စစ်မှန်မှုမရှိဘဲ စင်ကြယ်လာနိုင်မည် မဟုတ်ပေ၊ ဤအချက်ကို သံသယဖြစ်စရာမလိုပေ။ ဘုရားသခင်ကို သိမြင်တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင် အကယ်၍ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်းသိမြင်လာပါက သူ၏စိတ်သဘောထားသည် တဖြည်းဖြည်းပြောင်းလဲလာကာ သူ၏ယုံကြည်မှုသည် သာ၍ စစ်မှန်လာပါလိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်ကိုယုံကြည်ခြင်းအမှုတွင် လူသားသည် အောင်မြင်သွားပါက သူသည် ဘုရားသခင်ကို အပြည့်အဝရရှိသွားပါလိမ့်မည်။ ဘုရားသခင်သည် ဒုတိယအကြိမ်လူ့ဇာတိခံယူရန် ဤမျှ ကြီးမားစွာကြိုးပမ်းခဲ့ပြီး၊ သူ၏အမှုတော်ကို ကိုယ်တိုင်လုပ်ဆောင်နေခြင်းမှာ လူသားသည် သူ့ကိုသိရှိ လာစေရန်နှင့် သူ့အားတွေ့မြင်လာ စေရန် ဖြစ်ပါသည်။ ဘုရားသခင်ကို သိရှိခြင်း[က]သည် ဘုရားသခင့် အမှုတော်၏အဆုံးတွင် ရရှိရမည့် နောက်ဆုံးသော ရလဒ်ဖြစ်ပါသည်။ ယင်းသည် ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်တို့ထံမှ လိုအပ်သည့် နောက်ဆုံး လိုအပ်ချက်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏နောက်ဆုံး သက်သေခံချက်အတွက် ဤသို့ပြုလုပ်ခြင်း ဖြစ်ကာ၊ ထိုနည်းအားဖြင့် လူသားတို့သည် နောက်ဆုံး၌ သူ့ထံသို့ လုံးဝပြန်လှည့်လာနိုင်စေရန်ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိခြင်းအားဖြင့်သာ ဘုရားသခင်ကိုချစ်နိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ရန်အတွက် သူသည် ဘုရားသခင်ကိုသိသင့်ပါသည်။ သူသည်မည်သို့ရှာဖွေသည် သို့မဟုတ် မည်သည့်အရာကိုရရှိရန်ရှာဖွေသည်ဖြစ်စေ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိဉာဏ်ကို ရရှိထားသင့်ပါသည်။ ဤနည်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင်ကိုသိခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကိုစစ်မှန်စွာယုံကြည်နိုင်မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုသိခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်ကို လေးစားကြည်ညို၍နာခံနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမသိသော သူတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မှ စစ်မှန်စွာနာခံ၍ ကြည်ညိုနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းတွင် ဘုရားသခင်၏စိတ်သဘောထားကိုသိခြင်း၊ ဘုရားသခင်၏ အလိုတော်ကိုသိခြင်းနှင့် ဘုရားသခင်မည်သူမည်ဝါဖြစ်သည်ကို သိခြင်းတို့ပါဝင်ပါသည်။ သို့သော်လည်း ဘုရားသခင်ကိုသိခြင်း၏ မည်သည့်ရှုထောင့်ဖြစ်စေကာမူ ထိုရှုထောင့်တစ်ခုစီအတွက် လူတို့အနေဖြင့် အဖိုးအခပေးရန်နှင့် နာခံရန်စိတ်ဆန္ဒကိုလိုအပ်ကာ ထိုသို့မပြုလုပ်ပါက မည်သူမျှ အဆုံးထိလိုက်လျှောက်နိုင် လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏အမှုတော်သည် လူသားတို့၏ စိတ်ကူးကြံဆမှုနှင့် သဟဇာတဖြစ်လွန်းပြီး၊ ဘုရားသခင်၏ သဘောထားနှင့် ဘုရားသခင်မည်သူမည်ဝါဖြစ်မှုတို့ကို လူသားအနေဖြင့်သိရန်အလွန်ခက်ခဲကာ၊ ဘုရားသခင်မြွက်ဆို လုပ်ဆောင်သောအရာအားလုံးသည် လူသားအလွန်နားမလည်နိုင်စွမ်းလှသောအရာ ဖြစ်နေပါသည်။ အကယ်၍ လူသားသည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ရန်ဆန္ဒရှိသော်လည်း၊ ဘုရားသခင်ကို နာခံရန်စိတ်ဆန္ဒမရှိပါက လူသားသည် မည်သည့်အရာကိုမျှ ရရှိနိုင်မည်မဟုတ်ပေ။ ကမ္ဘာကြီးကို ဖန်ဆင်းချိန်မှယနေ့အထိ ဘုရားသခင်သည် လူတို့နားမလည်နိုင်သော၊ လူတို့လက်ခံရန် ခက်ခဲသော အမှုများစွာကိုလုပ်ဆောင်ခဲ့ကာ၊ လူတို့၏စိတ်ကူးစိတ်သန်းများဖြင့်လက်ခံရန် ခက်ခဲသောအရာများစွာကို မြွက်ဆိုခဲ့သည်။ သို့ရာတွင် လူတို့၌ ဤအခက်အခဲများစွာရှိခြင်းကြောင့် ဘုရားသခင်သည် သူ၏အမှုတော်ကို တစ်ခါမျှရပ်တန့်ခဲ့ခြင်းမရှိပေ။ သူသည် ဆက်လက်၍အမှုတော်ကိုလုပ်ဆောင်ခြင်းနှင့် စကားမြွက်ဆိုခြင်းတို့ကို ပြုလုပ်နေသည်။ မြောက်မြားလှစွာသော “ရဲမက်များ”သည်လမ်းဘေးသို့ လဲကျခဲ့ကြသော်လည်း၊ သူသည် သူ၏အမှုကိုလုပ်မြဲလုပ်ကာ၊ သူ၏အမှုတော်သစ်ကို နာခံရန်ဆန္ဒရှိသူ အုပ်စုတစ်စုပြီးတစ်စုကို ဆက်လက်ရွေးချယ်နေဆဲဖြစ်သည်။ သူသည် ကျရှုံးသွားသော “သူရဲကောင်းများ” ကိုမသနားပေ။ ထိုသို့ပြုလုပ်မည့်အစား သူ၏အသစ်သောအမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်ခံသော သူများကိုတန်ဖိုးထားလေသည်။ သို့ရာတွင်သူသည် ဤနည်းအားဖြင့် သူ၏အမှုကို မည်သည့်အဆုံးအထိလုပ်ဆောင်သနည်း။ တဆင့်ပြီးတဆင့်လား။ အဘယ်ကြောင့် သူသည် အမြဲတမ်း လူတို့ကို ဖယ်ရှားသုတ်သင်လိုက်၊ ရွေးချယ်လိုက်လုပ်နေသနည်း။ အဘယ်ကြောင့်သူသည် ထိုသို့သော နည်းလမ်းကိုအမြဲတမ်းအသုံးပြုသနည်း။ သူ့အမှုတော်၏ရည်ရွယ်ချက်မှာ လူသားတို့အနေဖြင့် သူ့ကိုသိရှိစေရန်နှင့် ဤနည်းအားဖြင့်လူတို့ကို သူရရှိ လာစေရန်ဖြစ်သည်။ သူ့အမှုတော် ၏အခြေခံသဘောတရားမှာ ယနေ့သူလုပ်ဆောင်သောအမှုကို နာခံပေးနိုင်သော သူများအပေါ်တွင် လုပ်ဆောင်ပေးရန်ဖြစ်ပြီး၊ ယခင်က လုပ်ဆောင်ခဲ့သော သူ့အမှုကို နာခံနိုင်သော်လည်း ယနေ့သူ၏အမှုတော်များကို လက်မခံနိုင်သော သူများအတွက် လုပ်ဆောင်ရန်မဟုတ်ပေ။ ဤကား မြောက်မြားစွာ သောသူများကို သူသုတ်သင်ရှင်းလင်း ခဲ့သည့် အကြောင်းရင်း အစစ်အမှန်ဖြစ်သည်။

ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

နာခံခြင်း, သမ္မာတရား, အသက်, သက်သေခံချက်, ဘုရားသခင်ကို ချစ်ခြင်း

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ သင်တို့သည် ပေးဆပ်မှု ပြုရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြှင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေတာဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုကို နားလည်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုက အဘယ်နည်းဆိုသည်ကို သိဖို့ ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်၊ သူ၏အလိုကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့လိုအပ်သည်။ ဥပမာ သူ၏အလိုကို မည်ကဲ့သို့ သတိထားရမည်၊ ဘုရားသခင်၏အလိုတော်သည် အဘယ်အရာနည်း ဆိုသည်ကို သင်နားလည်သင့်သည့်အချိန်၌ အခက်အခဲများကို သင်တောင့်ခံဖို့ လိုအပ်သော ပြဿနာတစ်ခု ဖြစ်သည်။ သင်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရ မနေရပေ။ ပထမဆုံး သင့်ကိုယ်သင် တစ်ဖက်မှာ ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို ပြီးပြည့်စုံစေရပါမည်။ ဤကဲ့သို့အတွေးမျိုးနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စ၌ သင့်ဆီကို ထူးခြားသော ထိုးထွင်းသိမြင်ခြင်းအလင်းကို သယ်ဆောင် လာပါလိမ့်မည်။ ပြီးလျှင် သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ သင့်ကိုယ်သင် ဘေးတစ်ဖက်မှာထားပြီး ဇာတိပကတိကို အရာအားလုံး၏ အနိမ့်ကျဆုံးအနေနှင့် သတ်မှတ်ပါ။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ပိုပြီး အခွင့်အရေး ယူလေလေ ဖြစ်သည်။ ဤတစ်ကြိမ် ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ပိုပြီး တောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီးဖြစ်လျှင် သင်က ဇာတိပကတိကို ပိုပြီး ချစ်ခင်လာလိမ့်မည်။ ဇာတိပကတိသည် အလိုရမ္မက် သိပ်ကြီးသည်။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ၊ သင်ကျေနပ်သလော၊ တကယ် ကျေနပ်စေသလောဆိုသည်ကို အမြဲတမ်းမေးသည်။ လူတွေ၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆတွေထဲ၌ နှစ်မြုပ်ပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ သူ့ကိုယ်သူ မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ သူ၏ဆန္ဒက ပိုပြီး ကြီးလာလေလေ၊ ဇာတိပကတိသည် ပိုပြီး ဆိုးဝါးလာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်က ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏ အားနည်းချက်ကို မည်သူကမျှ စာနာမည်မဟုတ်ဆိုသည်ကို သင်အမြဲတမ်း ခံစားရမည်။ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး သင်က ပြောလိမ့်မည်၊ "ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်သနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း။" ဇာတိပကတိ၌ အလွန် နှစ်မြုပ်နေပြီး စွဲလန်း နှစ်သက်နေသောအခါ ကိုယ့်ကိုယ်ကိုယ် လက်လွတ် ဆုံးရှုံးစေကြသည်။ သင်က ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ပြီး အလွန် ကောင်းမွန်သည်ဆိုသည်ကို သင်မြင်ရမည်ဖြစ်ပြီး သင်၏ ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏ မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ဆိုခြင်းကို မြင်မည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ အပြစ်ပေးသည့်အချိန်၊ သင့်ကို စိတ်ဆိုးစေသော ပတ်ဝန်းကျင်တို့ကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင် အမြဲတမ်း ခံစားရမှာဖြစ်သည်။ ထို့ကြောင့် မည်သည့်နာကျင်မှုမျှ မရှိသလိုဖြစ်ပြီး ဘုရားသခင်သည် ချစ်ခင်မြတ်နိုးဖွယ် ကောင်းသည်ဟု သင်ခံစားရမှာပါ။ သင်က ဇာတိပကတိ၏ အားနည်းချက်ထဲ၌ စွဲလမ်းနေပြီး ဘုရားသခင်က သိပ်လွန်သွားသည်လို့ပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်။ အမြဲတမ်း စိတ်ဖိစီးနေမည်။ ဘုရား၏ လုပ်ဆောင်မှု အားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုဟူသည့်ပုံစံ ပေါ်နေမည်ဖြစ်သည်။ ထို့ကြောင့် သင်က တရားမမျှတမှုကြီးကို ခံစားနေရသကဲ့သို့ ဒုက္ခ အကြီးအကျယ်ရောက်ပြီး အထီးကျန်ဆန်နေပြီးလျှင် သင်သည် ဤအချိန်မှာ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ အခြေအနေက ဆိုးလာပြီး ဘုရားသခင်၏ လုပ်ဆောင်မှုကို သင်က ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို ဆန့်ကျင်လာသည့်အထိ၊ လုံးဝ မနာခံတော့သည်အထိ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်ကို စွဲလမ်းလေလေ ဘုရားသခင်က လွန်သည်လို့ ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ပြီး စွဲလမ်းခြင်း မရှိရ။ "ငါ့ယောကျာ်း (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏ နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ကြိုးစားရမည်။" သင်၌ ဤခံယူချက်ရှိဖို့ လိုသည်။ ဤကဲ့သို့ ခံယူချက်မျိုးကို သင် အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် အမှန်တရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါမှာ သိပ်အားထုတ်စရာ မလိုဘဲ ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံး ရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နှစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် လက်လွတ်ဆုံးရှုံးရပါမည်။ ဘုရားသခင်၏ရှေ့မှာ သင်က အသက်ကို ရရှိမည်လား၊ သင်၏ နောက်ဆုံးအဆုံးသတ်မှုက အဘယ်အရာဖြစ်သည်ဆိုသည်မှာ ဇာတိပကတိအပေါ် သင်၏ တွန်းလှန်မှုကို သင်မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်သနည်းဆိုသည့် အပေါ်မှာ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့သည်။ ရွေးနှုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့သည်။ သို့သော်လည်း သင်သည် သူ့ကို ကျေနပ်မှုပေးဖို့ ဆန္ဒမရှိဘူးဆိုလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ ဆန္ဒမရှိဘူးဆိုလျှင်၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သော သင်၏ နှလုံးသားနှင့် သင်၏ ကိုယ်ပိုင် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ ဆန္ဒမရှိဘူးဆိုလျှင်၊ နောက်ဆုံးမှာ သင့်ကိုယ်သင်ပျက်စီးပြီး ကြီးမားသည့် နာကျင်မှုကို ခံစားရပါမည်။ သင်သည် ဇာတိပကတိကို အမြဲတမ်းစွဲကပ်နေလျှင် စာတန်သည် သင့်ကို ဖြည်းဖြည်းချင်း အတွင်းကနေ ဝါးမြိုပြီး သင်သည် အတွင်း၌ လုံးဝ အမှောင်ကျရောက်သည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ သို့မဟုတ် ဝိညာဉ်တော်ကို ထိတွေ့ခွင့်မရဘဲ ထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေထိုင်လျှင် စာတန်၏ အကျဉ်းသားအဖြစ် ခေါ်ဆောင်ခြင်းခံရမည်ဖြစ်ပြီး သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် သင်က ဘုရားသခင်ကို ချစ်ဖို့ ဆန္ဒရှိသည်ဆိုလျှင် နာကျင်မှုအတွက် ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲတွေကို ခံနိုင်ရမည်ဖြစ်သည်။ စာတွေပိုပြီးဖတ်ရင်း အလုပ်တွေပိုပြီးရှုပ်ရင်း ပြင်ပစိတ်အားထက်သန်မှုများ၊ အခက်အခဲများဖြစ်ဖို့ မလိုပေ။ သင့်အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်။ တပ်မက်မှုကြီးသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ သင်၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများ၊ လှုံ့ဆော်မှုများဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်။

8/29/2018

ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်

သမ္မာတရား, အသက်, အသင်းတော်, သက်သေခံချက်, ယုံကြည်ခြင်း,

သန့်ရှင်းသော ဝိညာဉ်တော်၏အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပြီး အဆင့်တစ်ခုစီတိုင်းနှင့်အတူ သာ၍အဆင့်မြင့်လာလေ့ရှိသည်။ မနက်ဖြန်နေ့၌ ဖော်ပြမည့် ဖွင့်ပြမှုသည် ယနေ့ဖော်ပြသော ဖွင့်ပြမှုထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ပို၍အဆင့်မြင့်လာလေသည်။ ဘုရားသခင်သည် ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် လူသားကို စုံလင်အောင်ပြုသည်။ အကယ်၍ လူသားက အမီမလိုက်နိုင်လျှင် အချိန်မရွေး နောက်ချန်ထားခြင်း ခံရနိုင်သည်။ လူသား၌ နာခံတတ်သော နှလုံးသားမရှိလျှင် အဆုံးတိုင်အောင် လိုက်နိုင်မည် မဟုတ်။ အတိတ်ခေတ်သည် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ခေတ်သည် ခေတ်သစ်ဖြစ်၏။ ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူသားကို စုံလင်အောင်ပြုမည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် အမှုသစ်ကို သာ၍သာ၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ လူသားအနေဖြင့် နှလုံးသားထဲ၌ နာခံခြင်း မရှိလျှင် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်မည်ဖြစ်သည်။ ဘုရားသခင်သည် မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမျှ မလိုက်နာသကဲ့သို့၊ သူလုပ်ဆောင်သည့် အမှု၏ အဆင့်တိုင်းကိုလည်း မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ စင်စစ်အားဖြင့် သူလုပ်သော အမှုသည် အမြဲအသစ်ဖြစ်နေလေ့ရှိပြီး၊ အမြဲအဆင့်မြင့်နေလေ့ရှိသည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူလုပ်သောအမှုသည် ပို၍ပို၍လက်တွေ့ကျလာပြီး၊ လူသား၏ လိုအပ်ချက်များနှင့်လည်း ပို၍ပို၍ ကိုက်ညီလာလေ့ရှိသည်။ ထိုသို့သောအမှုမျိုးကို ကိုယ်တိုင်ကြုံတွေ့ခံစားပြီးမှသာ လူသားသည် သူ၏စိတ်သဘောထား၌ နောက်ဆုံးအသွင်သဏ္ဌာန်ပြောင်းလဲမှုကို ရရှိနိုင်သည်။ အသက်တာနှင့်ပတ်သက်သော လူသား၏အသိသည် ပိုပိုအဆင့်မြင့်လာသကဲ့သို့၊ ဘုရားသခင်၏ အမှုသည်လည်း ထိုနည်းတူစွာပင် ပိုပို၍ အဆင့်မြင့်လာသည်။ ထိုနည်းလမ်းအားဖြင့်သာ လူသားကို စုံလင်အောင် ပြုလုပ်နိုင်ပြီး၊ ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သောသူ ဖြစ်လာနိုင်သည်။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အလုပ်လုပ်သည်မှာ တစ်ဖက်၌ လူသား၏အယူအဆများကို တန်ပြန်ရန်နှင့် ပြောင်းပြန်လှန်ရန်အတွက်ဖြစ်ပြီး၊ တစ်ဖက်၌မူ လူသားကို ပို၍အဆင့်မြင့်သော၊ ပို၍စစ်မှန်သော အခြေအနေသို့ရောက်အောင်၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ အဆင့်အမြင့်ဆုံးဘုံသို့ ဦးဆောင်သွားရန်အတွက်ဖြစ်သည်။ ထိုသို့အားဖြင့် အဆုံး၌ ဘုရားသခင်၏ အလိုတော်မှာ ပြည့်စုံနိုင်ရန်ဖြစ်သည်။ တမင်ဆန့်ကျင်လေ့ရှိပြီး မနာခံတတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် အလျင်အမြန် တစ်ဟုန်ထိုး တိုးတက်နေသည့် ဘုရားသခင့်အမှု၏ ဤအဆင့်၌ နောက်ကျကျန်နေခဲ့ကြလိမ့်မည်။ လိုလိုလားလား နာခံသူများနှင့် မိမိကိုယ်ကို ဝမ်းမြောက်စွာ နှိမ့်ချမှုရှိသည့်သူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။ ဤသို့သောအမှုမျိုး၌ သင်တို့အားလုံးသည် မည်သို့နာခံသင့်ပုံနှင့် မိမိတို့၏အယူအဆများကို မည်သို့ဘေးဖယ်ထားသင့်ပုံတို့ကို သင်ယူသင့်သည်။ သင်သည် ခြေလှမ်းတိုင်းကို သတိထားပြီး လှမ်းသင့်သည်။ အကယ်၍ သတိမထားလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပစ်ပစ်ခါခါ ငြင်းပယ်ခြင်းကို ခံရသူ၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်သူ ဧကန်အမှန် ဖြစ်လာလိမ့်မည်။ အမှု၏ ဤအဆင့်ကို မကြုံတွေ့ရသေးမီတွင် လူသား၏ စည်းမျဉ်းများနှင့် ဥပဒေသဟောင်းများသည် မရေတွက်နိုင်လောက်အောင် အလွန်များလှသောကြောင့် သူသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားကာ ရလဒ်အနေနှင့် သူသည် စိတ်ကြီးဝင်သွားပြီး သူ့ကိုယ်သူ မေ့သွားလေ့ရှိသည်။ ထိုအခြင်းအရာများ အားလုံးသည် ဘုရားသခင်၏အမှုအသစ်ကို လူလက်မခံအောင် တားဆီးသည့် အရာများဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်အား လူသားက သိကျွမ်းလာခြင်းအရေးတွင် ရန်ဘက်များ ဖြစ်လာကြသည်။ လူတစ်ယောက်သည် သူ့နှလုံးသားထဲ၌ နာခံခြင်းလည်းမရှိ၊ သမ္မာတရားကို တောင့်တသည့်စိတ်လည်းမရှိလျှင် သူသည် ဘေးအန္တရာယ်နှင့် တွေ့ကြုံလိမ့်မည်။ သင်သည် ရိုးရှင်းသည့် အမှုနှင့် ရိုးရှင်းသည့် စကားလုံးများကိုသာ နာခံပြီး ပိုနက်နဲသည့် လေးနက်မှုတစ်ခုကိုမျှ လက်မခံနိုင်ပါက၊ သင်သည် နည်းလမ်းဟောင်းများကိုသာ စွဲကိုင်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို အမီမလိုက်နိုင်သောသူ ဖြစ်သည်။ ဘုရားသခင်လုပ်သော အမှုသည် အချိန်ကာလကိုလိုက်၍ ကွဲပြား၏။ အကယ်၍ သင်သည် ကာလအဆင့်တစ်ခု၌ အလွန်နာခံသော်လည်း နောက်ကာလအဆင့်တစ်ခု၌မူ နာခံမှုအလွန်နည်းလျှင်၊ သို့မဟုတ် နာခံခြင်း လုံးဝမရှိလျှင် ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည် ဖြစ်သည်။ ဘုရားသခင် ဤအဆင့်သို့ တက်သောအခါ၌ သင်မီအောင်လိုက်လျှင် နောက်အဆင့်တစ်ဆင့်သို့ သူတက်သောအခါတွင်လည်း သင်သည် ဆက်ပြီးမီအောင်လိုက်ရမည်။ သို့မှသာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို နာခံသောသူ ဖြစ်မည်။ သင်သည် ဘုရားသခင်ကို ယုံသောကြောင့်၊ သင်သည် တစ်သမတ်တည်း နာခံရမည်။ စိတ်ပါလျှင် နာခံလိုက်၊ စိတ်မပါလျှင် မနာခံဘဲနေလိုက် မလုပ်ရ။ ထိုသို့သော နာခံမှုသည် ဘုရားသခင်၏ သဘောကျမှုကို ရမည်မဟုတ်။ သင်သည် ငါမိတ်သဟာယပြုသော အမှုသစ်ကို မီအောင်မလိုက်နိုင်ဘဲ ယခင်က ဆိုရိုးစကားများကို ဆက်လက်စွဲကိုင်နေလျှင် သင့်အသက်တာ၌ တိုးတက်မှု မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ သူ၏နှုတ်ကပတ်တော်များအားဖြင့် သင့်ကို ထောက်ပံ့ပေးဖို့ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များကို သင်နာခံပြီး လက်ခံသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် ဧကန်အမှန် အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါပြောသည့်နည်းအတိုင်း တသွေမတိမ်း အလုပ်လုပ်သည်။ ငါပြောထားသည့်အတိုင်း လုပ်ဆောင်ပါ။ ထိုအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်းအလုပ်လုပ်လိမ့်မည်။ သင်တို့ မြင်နိုင်ဖို့အတွက် အလင်းသစ်ကို ငါပေးပြီး ပစ္စုပ္ပန်အချိန်၌ရှိသော အလင်းထဲသို့ သင်တို့ကို ငါခေါ်ဆောင်နေသည်။ ထိုအလင်းထဲသို့ သင်ဝင်လာသောအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ ချက်ချင်း အလုပ်လုပ် လိမ့်မည်။ “ငါကတော့ သင်ပြောတဲ့အတိုင်း လုပ်မှာ မဟုတ်ဘူး” ဟု ပြောပြီး၊ ဆိုဆုံးမရ ခက်ကောင်း ခက်နိုင်သည့် သူအချို့ရှိသည်။ ထိုသို့ဖြစ်လျှင် ငါက သင့်ကို သင် ယခု လမ်းဆုံးသို့ ရောက်နေပြီ၊ သင်သည် သွေ့ခြောက်နေသည်၊ သင့်မှာ အသက်မရှိတော့ ဟု ပြောလိုသည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို ကြုံတွေ့ခံစားရသောအခါ၌ ပစ္စုပ္ပန်ကာလ၌ ရှိသောအလင်းကို မီအောင်လိုက်ဖို့သည် အရေးအကြီးဆုံးဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည် မဟုတ်၊ အသင်းတော်၌ သာ၍ပင် အလုပ်လုပ်သည်။ သူသည် မည်သူ့ အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်ခံစားရပြီးသောအခါ၌ သူသည် အခြားလူ တစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်း လုပ်နိုင်သည်။ မြန်မြန်လိုက်ပါ၊ ပစ္စုပ္ပန်ကာလ၌ ရှိသော အလင်းနောက်သို့ သာ၍ နီးနီးကပ်ကပ် သင်လိုက်လေလေ၊ သင်၏ အသက်တာ ပိုပြီး ကြီးထွားနိုင်လေလေ ဖြစ်သည်။ သူ့မှာ မည်သည့် ဟန်အမူအရာ၊ အကျင့်အကြံမျိုး ရှိသည်ဖြစ်စေ၊ သူ့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေသမျှ ကာလပတ်လုံး သူ့နောက်သို့ လိုက်လျှောက်ကြောင်း သေချာပါစေ။ သင့်အတွေ့အကြုံအပေါ်၌ အခြေခံပြီး သူ့အတွေ့အကြုံကို သုံးသပ်ပါ။ ထိုအခါ သင်သည် သာ၍ အဆင့်မြင့်သော အရာများကိုပင် ရရှိလိမ့်မည်။ ထိုသို့ လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျှင်မြန်စွာ တိုးတက်လာ လိမ့်မည်။ ဤသည်မှာ ပြီးပြည့်စုံသောသူ ဖြစ်ရန်အတွက် လူက လျှောက်လှမ်းရမည့်လမ်းဖြစ်ပြီး ထိုလမ်းမှတစ်ဆင့် အသက်တာ ကြီးထွားမည်ဖြစ်သည်။ ပြီးပြည့်စုံသောသူ ဖြစ်စေသည်ကို ခံရဖို့အတွက် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည်ကို သင်နာခံဖို့ လိုသည်။ သင့်ကို ပြီးပြည့်စုံသောသူ ဖြစ်စေရန်အတွက် ဘုရားသခင်သည် ဘယ်လိုလူအားဖြင့် အလုပ်လုပ်မည်ကို သင်မသိနိုင်၊ ဘယ်လိုလူ၊ ဘယ်လို အဖြစ်အပျက် (သို့မဟုတ်) ဘယ်လိုအရာအားဖြင့် သူက သင့်ကို ပိုင်ဆိုင်ခွင့်ပေးမည်၊ ထိုးထွင်းနားလည်မှုပေးမည်ကို သင် မသိနိုင်။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင် ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုလုပ်ပေးသည်ကို ခံရဖို့ မျှော်လင့်ချက် သင့်မှာ ကောင်းကောင်းရှိသည်။ သို့သော် သင်သည် လမ်းမှန်ပေါ်၌ မလျှောက်လှမ်းနိုင်လျှင် သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင် မရှိသော အနာဂတ်ဖြစ်သည်။ လမ်းမှန်ပေါ်သို့ ရောက်လျှင် သင်သည် အရာရာ၌ ဖွင့်ပြမှုကို လက်ခံရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာကို ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ အသိအပေါ်၌ အခြေခံပြီး ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် လုပ်ဆောင်လျှင် သင်၏ အတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ ထိုအတွေ့အကြုံကြောင့် သင်သည် အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ အလွတ်ရွတ်ကာ အခြားသူများကို ကူညီထောက်ပံ့သော လူများသည် မည်သည့် အတွေ့အကြုံမျှ မရှိသူများဖြစ်သည်။ သင်၏ကိုယ်ပိုင် အတွေ့အကြုံနှင့် ဗဟုသုတ အကြောင်းကို စမပြောနိုင်သေးခင်တွင် အခြားသူတို့၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့ လုပ်ဆောင်နည်းကို သင်တွေ့ရှိဖို့ သင်ယူရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သင့်အသက်တာအတွက် သာ၍ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်စေလိမ့်မည်။ ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို နာခံပြီး သင်သည် ထိုသို့ ကြုံတွေ့ ခံစားသင့်သည်။ သင်၏ အသက်တာ ကြီးထွားနိုင်စေဖို့အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ အလိုကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို လေ့လာသင့်သည်။ ထိုသို့သော အလေ့အထမျိုးသည် အလျှင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်ခွင့်ပေးသည့် အလေ့အထမျိုး ဖြစ်သည်။